မိုးဖွဲဖွဲလေးမှာ ကလေးငယ်လေးတစ်ယောက် သူ့ဖခင်နားလေးကပ်ထိုင်ပြီး
ဒီလိုမိုးအေးအေးလေးမှာ ထမင်းပူပူလေးထဲ ဆီဆန်း ဆားဖြူးပြီး ပဲပြုတ်လေးနဲ့
နယ်စားလိုက်ရရင် သိပ်ကောင်းမှာပဲ လို့ ပြောလိုက်တော့ ဖခင်ဖြစ်သူက သူ့သားကို ထရိုက်ပြီး
ဒီမှာငါ့သား မင်းဆိုတဲ့ကောင်က ဘာမှလည်းအားမထုက်ရ ပိုက်ဆံလည်းမကုန်ရတဲ့ စိတ်ကူးယဉ်တာတောင်
ငမွဲစိတ်ကူးမျိုး၊ အဲဒီလိုစိတ်ကူးမျိုးနဲ့ ကြီးပွား တိုးတတ် အောင်မြင်ဖို့ ဘယ်တော့မှ မဖြစ်နိုင်ဘူးကွ
လူဆိုတာ ရိုးရိုးကျင့်ပြီး မြင့်မြင့်ကိုကြံရတာကွ အဲဒါမြဲမြဲမှတ်ထား လို့ ဆိုဆုံးမပါတယ်။
ကျနော်တို့တွေဟာ ဘာမှ မစတင်ရသေးခင်က ဖြစ်မှာမဟုတ်ပါဘူး ။
အဲလောက်ကြီးမှန်းလို့ မဖြစ်ပါဘူး ၊ ကိုယ်နဲ့တန်ရာတန်ရာပေါ့ လို့ တွေးထင်နေကြပါတယ်။
တကယ်တော့ လက်တွေ့ အကောင်အထည်တောင်မဖော်ဆောင်ရသေး တဲ့ လုပ်တစ်ခုကို
စိတ်ကူးယဉ်တာတောင် မဖြစ်နိုင်ဘူးလို့ ယဉ်နေလို့ ဘယ်ဖြစ်မှာလဲ။
ပြီးတော့ စိတ်ကူးယဉ်တာပဲဗျာ စိတ်ကူးရိုင်းတာမှမဟုတ်တာပဲ။
ဘာဖြစ်လဲဗျာ စိတ်ကူးယဉ်မယ်ဆိုရင်တော့ ပဲပြုတ်ဆီဆန်းနဲ့ ယဉ်မနေပါနဲ့
နတ်သုဒ္ဒါတို့ အကောင်းစား အစားအစာတွေနဲ့ပဲ စိတ်ကူးယဉ်သင့်ပါတယ်။
သူငယ်ချင်းတို့ကြားဖူးမယ်ထင်ပါတယ်။ ခေါင်းလောက်တင်မှ ရင်လောက်ရောက်
ရင်လောက်တင်မှ ဗိုက်လောက်ရောက် ၊ ခါးလောက်တင်မှ ဒူးလောက်ရောက်တယ်ဆိုတာကိုလေ။
အမြင့်ဆုံးစိတ်ကူးနဲ့ အမြင့်ဆုံးမှာ ပျံကြပါလို့တိုက်တွန်းလိုက်ပါတယ်။။။
(ကိုအောင်ထက်၏ပို့စ်အား ထောက်ခံသောအားဖြင့် ရေးသားတင်ပြလိုက်ခြင်းပါ)
No comments:
Post a Comment