Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 28 June 2012

ပန်ဆင်သူသို့

မသင့်လို့လေ
ပွင့်နေတဲ့ပန်း
ခူးမနမ်းဘဲ
လမ်းလွဲရှောင်ထွက်
နေရစ်ခဲ့ပါ။
နှစ်သက်ခုံမင်
ပန်လိုချင်သူ
ကြင်မယ့်သူလက်
အပ်နှင်းဆက်မယ်
သက်ဆုံးပျော်ရွှင်
ပန်းပွင့်ငယ်။
ပန်းရဲ့အကြိုက်
လိုက်ဖက်လဲညီ
ပွင့်ကောင်းသီကုံး
ချစ်တိုင်းပြုံးအောင်
စည်းနှောင်ခိုင်မြဲ
ရွှေလက်တွဲကို
ဆင့်ကဲထပ်လောင်း
ဆုတွေတောင်းလို့
ပေါင်းကူးသူတို့ပျော်ပါစေ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့