ရော့ ဒီမှာ ခင်ဗျားဝတ်ဖို့အတွက် ကြောင်သူတော်အ၀တ်
မှန်တာပြောပြန်ရင်း မျက်ထောင့်နီကြီးနဲ့ စိတ်ဆိုးပြဦးမယ်
ရှေ့ကကြောင်ကတော့ ခင်ဗျားနဲ့လိုက်ဖက်တာအမှန်ပါ
နောက်က သူတော် ဆိုတဲ့ စကားလုံးကတော့ ခင်ဗျားနဲ့ လားလားမှ မအပ်စပ်ဘူး
ခင်ဗျားက လူတကာကို သွားဖြီး
ယောကျာင်္းမာယာကိုသုံး စိတ်ကြမ်းတွေနဲ့
နုချင်ယောင်ဆောင်ပြီး
ငါမှန်တယ်လို့ ကြွေးကျော်ရဲ သူ ။
မှန်ဆိုတဲ့ စကားလုံးကို ပိတ်ဖုံးကားချ
မမှန်သော ဇတ်ကိုတွေး
မဟုတ်တဲ့ စာကိုရေး
မှားသော စကားကိုဆို
အတ္တကို မသိမသာလေးထုတ်သုံးပြီး
လူသိအောင် ၀တ္ထုတိုလေး ရေးတဲ့
စာရေးသူ(စာရေးဆရာ) တစ်ယောက်လို့ ပြောရလေမလား ။
ခင်ဗျားက မုသား ကိုသုံးဖို့ ၀န်မလေးသူ
ကျွန်တော်က အမှန်တရားကို ပျောက်သွားမှာ ကြောက်မိသူ
ခင်ဗျားက.တစ်ပါးသူအတွက် အကောက်ကြံဖို့တွေး
ဇတ်လမ်းဆင်ဖို့ ပြင်
ပြီးမှ စေတနာတစ်ခုလို့ ခေါင်းစဉ်တပ်
ကိုယ့်အမှားကိုတော့
နောက်ကွယ်မှာ ချောင်ထိုး
ကိုယ့်ကိုကိုယ် ဟုတ်လှပြီထင်
ခင်ဗျား အစား ပင်ပမ်းမိတယ် ။
သစ္စာတရားကို ကျွန်တော်က တန်ဖိုးထားမိသူ
ခင်ဗျားက သစ္စာတရားကို ပြောင်းလဲချင်တဲ့သူ
မေတ္တာဆိုတဲ့ ဆေးကို
ကလေးဆေးတိုက်သလိုတိုက်ရင်း
ခင်ဗျားလို လူမျိုးက ခါးလို့ဆိုပြီး
ထွေးထုတ်မယ့်သူ ။
အဖြူရောင် ပန်းလေးတွေကို
အမဲရောင် တွေဆိုး
အမှောင်ထုနဲ့ အုပ်
အိပ်မက်ဆိုးတွေ ပေး
ပျော်ရွင်မူကို ဖျက်စီးမှ
ခင်ဗျားအတွက် ပျော်စရာရှိမယ်လို့ ထင်တဲ့ သူ ။
မုဒိသာ မပွား
အမုန်းတွေ သာပွား
စိတ်မကြည်မှုနဲ့
မနာလိုစိတ်ကို ဖုံးဖိရင်းက
အကျပ်ထဲက အကျဉ်း
အကျဉ်းထဲက အကျပ်ဖြစ်နေရတာက
ခင်ဗျားပဲလေ ။
မင်းဘာကောင်လဲ ?
ဘာကောင်မှ မဟုတ်ဘူး
ခင်ဗျားထက်စာရင်
လူဆို တဲ့ အက္ခရာကို
အရသာထွက်အောင်
ကောင်းကောင်း ချက်ပြုတ်တက်တယ် ။
No comments:
Post a Comment