Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 29 October 2012

ရင်ထဲကကဗျာ...များ


အချစ်...........
အချစ်ကို မသိခင်တုန်းကပေါ့ အချစ်ကိုမသိပဲ
ချစ်ခဲ့ဖူးတယ် ပြီးတော့ ပျော်လိုက်သေးတယ်
အချစ်က ပူလောင်တယ်တဲ့..
အချစ်တဲ့........
သိလာရတယ် ရန်ခုန်တယ်ကြည်နှူးတယ်
ခံစားချက်တွေအများကြီး
ဆက်ရန်တွေလည်းရှိနေဦးမယ် အချစ်ကို သိမှ
အချစ်ဆိုတာ ချစ်တတ်လာတယ်..
တကယ်တော့ အချစ်ဆိုတာ မပူပါဘူးးးး
နွေးနွေးလေးနဲ့အေးမြနေတာ ပါ။။။။။။။။။။


သိပ်ချစ်နေမိတဲ့အခါ ကိုယ်ချစ်တဲ့သူ
ဘာတွေပဲ လုပ်လုပ်စိတ်ထဲကအလိုလို
ခွင့်လွတ်နားလည်နေမိတယ် ချစ်တယ်
ဆိုတဲ့စကားလေး တစ်ခွန်း နဲ့
အရာရာဟာ ပြီးပြည့်စုံခဲ့ပါတယ်။


နင့်မမြင်နိုင်ပေမယ့် နင့် မြင်နိုင်မယ့်နေရာတိုင်းမှာ
ငါ့ရှိတယ် နင့် ကိုပြောမပြနိုင်တဲ့
ငါမက်တဲ့အိမ်မက်တိုင်းမှာနင်အမြဲပါတယ်
နင့်မကြားနိုင်တဲ့ ငါဆိုတဲ့ သီချင်းတိုင်းနင့်ကိုရည်ရွယ်တယ်
နင်မဖတ်ချင်တဲ့ ငါရေးတဲ့ကဗျာ နင်ကိုခံစားတယ်
နင်မဖတ်တတ်တဲ့ ငါမျက်နှာပေါ်ကအပြုံးတွေ
နင့်ကြောင့်သေဆုံးကုန်တယ် ဒါပေမယ့် နင့်မလို့ချင်တဲ့
ငါ့နှလုံးသားပွင့်တဲ့ပန်း နင်ခူးမယ့်အချိန်ထိ
ရာသီတိုင်းပွင့်နေမယ်.........


အဖြူေ၇ာင်ဆန္ဒတဆုံ..
အထင်မလွဲပါနဲ့ ရင်ထဲခဏ
မြင်ကြည့်လေ စာနာတတ်မယ် ဆိုရင်
ခံစားဖူးတဲ့ မင်းသိမှာပါ
အတုအယောင် တွေအတွက်
မလိုအပ်ပေမယ့်လဲစစ်မှန်တဲ့ ချစ်ခြင်းတွေမှာတော့
သ၀န်တိုခြင်းဆိုတာ အရှိမဖြစ်တဲ့
သင်္ကေတတစ်ခုပါ နှလုံးသားရဲ့ စေညွှန်ရာ
ဖြူစင်စွာ မြတ်နိုးမိခဲ့ပြီမို့ အချစ်ဦး
မဖြစ်ရလဲနေပါစေ အလွမ်းတွေ မဝေချင်တာမို
နောက်ဆုံးအချစ်နဲ့ အချစ်ဆုံးတော့ ဖြစ်ခွင့်ပေးပါ ချစ်သူရယ်........


ချစ်လို့
မင်းအနားမှာမရှိပေမဲ့ ရှိသလိုခံစားပြီး
နေနေ့ရထဲဘ၀ မှာ အလွမ်းတွေသာ
အဖော်ဖြစ်နေခဲ့ရတာပါ
မင်းအနားကိုေ၇ာက်အောင်လာချင်ပေမဲ့
မလာနိုင်သေးတာလဲအရမ်း
သတိရတဲ့ဆိုတဲ့စကားလုံးကိုဘဲ
အသံမထွက်ပဲရေရွတ်မိတာလဲ
အချိန်တိုင်းပါဘဲ ဝေနေရတော့လဲ
တစ်ယောက်နဲ့တစ်ယောက်ယုံကြည်စွာနဲ့
နားလည်ပေးနိုင်ရင်အမြဲတမ်းနီးမယ်လို့
ယုံကြည်နားလည်ရင်း နီးရက်ကိုစောင့်နေလျှက်...........


နင့်ကိုချစ်နေတဲ့ ငါ့ရင်ထဲကအချစ်တွေက
ဟိုးး နှလုံးသားရဲ့ အနက်ရှိုင်းတစ်နေရာကနေ
အမြစ်တွယ်ပြီးကြီးထွားလာခဲ့တာ
ငါ့သေဆုံးသွားတဲ့အချိန်ထိ အဲဒီအချစ်သစ်ပင်ကြီး က
ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ်တည်ရှိနေဦးမှာပါ
နောက် တခေတ်ရဲ့ လူ ငယ်တွေ ငါ့ရဲ့ သင်္ချိုင်းကို
ပြန်လည်တူးဖော်မိတဲ့အချိန်ထိ ဒီရင်ထဲက
မင်းကိုချစ်တဲ့အချစ်တွေ တည်ရှိနေဥိးမှာပါ....ချစ်သူ...

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့