Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 31 October 2012

အငြင်းပွားခဲ့သော ခရီးသွားလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်ရွေးချယ်ပွဲ ဒီမိုကရေစီနည်းကျ ထပ်ကျင်းပမည်

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) ၏ ၂ဝ၁၃-၂ဝ၁၄ သက်တမ်းအတွက် အလုပ်အမှုဆောင် ရွေးချယ်ပွဲကို ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၇ ရက်နေ့က ပြုလုပ်ခဲ့သော နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေးတွင် အလုပ်အမှုဆောင်အဖွဲ့ကို ရွေးချယ်ရာ၌ ဒီမိုကရေစီနည်းလမ်း မကျ ခဲ့သောကြောင့် ရွေးချယ်ပွဲပျက်ပြယ်ခဲ့ကြောင်း၊ ယခုအခါ ဟိုတယ်/ ခရီးဝန်ကြီး၏ လမ်းညွှန်မှုနှင့်ရွေးချယ်ပွဲ ဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းကာဆောင်ရွက် သွားမည်ဖြစ် ကြောင်း ဖြစ်မြောက်ရေး ကော်မတီဝင်ဖြစ်သည့် Ruby Land  ခရီးသွားလုပ်ငန်းမှ ဦးအေးကျော်ကပြောသည်။
ရွေးချယ်ပွဲတွင် ဥက္ကဋ္ဌ၊ ဒု- ဥက္ကဋ္ဌ(၁) (၂)၊ အထွေထွေအတွင်း ရေးမှူး၊ တွဲဖက်အထွေထွေအတွင်း ရေးမှူး (၁) (၂)၊ ဘဏ္ဍာရေးမှူးနှင့် အလုပ်အမှုဆောင် (၂၂)နေရာ ရွေး ချယ်သွားမည်ဖြစ်ပြီး အသင်းသား အားလုံး လွတ်လပ်စွာလာရောက် မဲပေးစေလိုကြောင်း၊ ယင်းကဲ့သို့ တက်ရောက်မဲပေးခြင်းဖြင့် နောင်တစ်ချိန် ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ အငြင်းပွားဖွယ်ရာများကို ရှောင် ရှားနိုင်ကြောင်း UMTAမှ အသင်းဝင်များသို့ ယခုလ ၂၂ ရက်က ပေးပို့သော အကြောင်းကြားစာတွင် ဖော်ပြထားသည်။
”နိုင်ငံတော်ရဲ့ ရွေးကောက် ပွဲတွေမှာ အတွေ့အကြုံရှိတဲ့ အ ငြိမ်းစားအရာရှိကြီးတွေက ကြီး ကြပ်ဆောင်ရွက်ပေးသွားမယ်”ဟု ဦးအေးကျော်က ပြောသည်။
ရွေးကောက်ပွဲတွင် အဝေး ရောက်(ခရီးသွား)နေမည့် အသင်း ဝင်များအတွက် ကိုယ်စားလှယ် လွှဲစာဖြင့် ကိုယ်စားလှယ်စေလွှတ် မဲပေးနိုင်ကြောင်း၊ ၄င်းအပြင် ကြို တင်ဆန္ဒမဲပေးနိုင်ပြီး မဲပေးသည့် ကုမ္ပဏီများကို ရွေးကောက်ပွဲတက် ရောက်သူဟု သတ်မှတ်မည်ဖြစ် ကြောင်း UMTA က ထုတ်ပြန်ထားသည်။
ယခုလအတွင်း ပြုလုပ်ခဲ့သည့် အလုပ်အမှုဆောင်အဖွဲ့သစ် ရွေး ချယ်ပွဲတွင် အသင်းဝင် ၄ဝ၆ ဦးရှိ သည့်အနက် ဆန္ဒမဲပေးသူ ၈၃ ဦး ဖြင့်သာ ရွေးချယ်ခဲ့ခြင်းကြောင့် စည်းမျဉ်းနှင့်မညီဟု သုံးသပ်မှုများရှိခဲ့ပြီး အသင်းဝင်များအတွင်း သဘောထားကွဲလွဲမှုများ ပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့် ရွေးကောက် ပွဲဖြစ်မြောက်ရေးကော်မတီကို ခရီး သွားနယ်ပယ်အတွင်းမှ လုပ်သက်ရင့် လုပ်ငန်းရှင်ငါးဦးဖြင့်ဖွဲ့စည်းခဲ့ ပြီးရွေးကောက်ပွဲကိစ္စအဝဝကို ၄င်းတို့က စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့