Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 31 October 2012

ဖားကန့် ၌ ငြိမ်းချမ်းပါစေ မီးပုံးလွှတ်တင်ခဲ့သော်လည်းလူ(၂)ဦးသေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဖြစ်ပွားခဲ့သည့်  တိုက်ပွဲများ ကြောင့် နန့်မော်ရွာ ၌ အောက်တိုဘာ လ(၃၀)ရက် နေ့နေ့လည်ပိုင်းက   နန့်မော်ရွာ၌ ခရီးသည် တင်ကား ကားသေနတ် မှန်၍ ခရီးသည် (၂)ဦး သေဆုံး၍ (၃)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဖားကန့်ဒေသခံ များထံက သိရှိရသည်။

အောက်တိုဘာလ (၃၀)ရက်နေ့တွင် ဖားကန့်မှ တာမခံသို့ သွားသော ခရီးသည်တင် ကားသည် နန့်မော်ရွာ တွင် သေနတ်ထိ မှန်ခဲ့ပြီှး တာမခံနယ်ေ ညာင်ပင်ကုန်းရွာမှ ကိုကျော်ကျော် အသက်(၂၂)နှစ်နှင့် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ပေါက်သဖရွာမှ မဆွေဆွေအောင် အသက် (၂၆)နှစ်တို့နေရာတွင် သေဆုံးပြီးကားဆရာ ကိုမျိုးထွန်းအောင်၊ မမြင့်မြင့်ခိုင်၊ ကိုစိုင်းခမ်းအောင် တို့ ဒဏ်ရာအသီးသီးရခဲ့ကြောင်း သိရှိရသည်။

 “အစိုးရတပ်နဲ့KIAတို့တိုက်ပွဲက ကျည်ဆံလာမှန်တာလို့ ပြောတယ်၊နန့်မော်ရွာနားမှာ ဖြစ်တာပါ နှစ်ယောက် ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်၊သုံးယောက်ဒဏ်ရာရတယ်”ဟု ဖားကန့်NLDပါတီမှ ကိုစိန်ထွန်းက ပြောသည်။

အောက်တိုဘာ(၃၀)ရက် သီတင်းကျွတ်လပြည့်နေ့တွင် ဖားကန့်မြို့နယ်အမှိုက်ခုံရွာ၊မဏိဇေရုံဘုန်းကြီး ကျောင်းနှင့် စရှော်ခကျေးရွာတို့တွင်”ငြိမ်းချမ်းပါစေ ကချင်မြေ” ၊ ”ငြိမ်းချမ်းပါစေ ရတနာမြေ” နှင့်”ငြိမ်းချမ်းပါစေ ကမ္ဘာမြေ”ဟူ မီးပုံး(၃)လုံး လွှတ်တင်လိုက်ကြောင်း ဒေသခံများထံက သိရှိရသည်။

 “ကချင်ပြည်နယ်မှာ စစ်ပွဲတွေရပ်ဖို့အတွက် ဆုတောင်းပြီးသုံးနေရာခွဲပြီး မီးပုံးသုံးလုံးလွှတ်တင်လိုက်တယ်”ဟု ဖားကန့်ဒေသခံ ကိုကျော်မြိုင်ကပြောသည်။

ကချင်ပြည်နယ်တွင် (၁)နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့သော ကေအိုင်ကေနှင့် မြန်မာစစ်တပ်ကြား စစ်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်မှာ ၂၀၁၁ခုနစ်ဇွန်လ(၉)ရက်ကတည်းကဖြစ်ပြီး ယခုအခါ တစ်နှစ်နှင့် လေးလကြာမြင့်လာပြီဖြစ်သည်။

အောက်တိုဘာလ(၃၀)ရက်နေ့ကလည်း တရုတ်နိုင်ငံရွှေလီမြို့၌အစိုးရဘက်မှပြည်ထောင်စုအဆင့် ငြိမ်းချမ်ရေး အကျိုးတော်ဆောင်များနှင့် KIA(ဗဟို)ဘက်မှ အရာရှိများ ပထမဆုံးအကြိမ်ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ငြိမ်းချမ်း(မြစ်မခ)
by Myit Makha Mediagroup



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့