Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 31 October 2012

ချစ်သူပြန်လာမဲ့လမ်း



ချစ်သူ………………
အလွမ်းဆိုတာကို
အတောင်တပ်ပြီး
ပျံသန်းခွင့်ရှိမယ်ဆိုရင်
ငါ့ရဲ့အလွမ်းတွေအတွက်
အတောင်ပေါင်း
ထောင်သောင်းမက
ရှိနေလိမ့်မယ်…။။။
နင်နဲ့ဝေးသွားကတည်းက
နင်ပေးခဲ့တဲ့ ဒဏ်ရာတွေကြောင့်
အက်ကွဲနေတဲ့နှလုံးသားတစ်စုံနဲ့
ငါတစ်ယောက်တည်း
ကြေကွဲနေရသူ့ပါ….။။။
နင့်အပေါ်ထားခဲ့တဲ့
ငါ့မေတ္တာတရားက
နင့်ရဲ့ခြေရင်းးးးးးးးးး
ဝပ်ဆင်းပေးခဲ့ရပေမဲ့
နင့်အတွက်ငါထားခဲ့တဲ့
သစ္စာတရားကတော့
ခုချိန်ထိ ထင်ကျန်နေတုန်းပါ….။။။
နင်သာပြန်လာခဲ့မယ်ဆိုရင်
နွေးထွေးတဲ့အပြုံးကလေးနဲ့
ဆီးကြိုနေဖို့
အဆင်သင့်ပါ….။။။
မျှော်လင့်ချက်များစွာနဲ့
နင်ပြန်လာမဲ့
မဟူရောင်လမ်းမကြီးထက်မှာ
ငါ့ဘ၀အတွက်
တန်ဖိုးရှိတဲ့ အချိန်တွေ
ကုန်ဆုံးသွားခဲ့တာ
ဘယ်လောက်တောင်ကြာနေပြီလဲ?????။။။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့