Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 31 October 2012

မလေးသွားမှောင်ခိုဘုတ် နစ်မြှုပ်၍ (၁၂၈)ဦးအနက် (၁၂၂)ဦးပျောက်ဆုံးနေ

ဘင်္ဂလာဒေ့ခ်ျ နိုင်ငံမှ မလေးရှားသို့ တရားမဝင် ဝင်ရောက် အလုပ်လုပ် ကိုင်ရန် သွားသော စက်လှေ တစ်စီး ဘင်္ဂလား ပင်လယ်ပြင်တွင် တနင်္ဂနွေနေ့က နစ်မြှုပ်သွားခဲ့ သဖြင့် (၁၂၈)ဦးအနက် (၁၂၂)ဦး ပျောက်ဆုံး နေကြောင်း သတင်းရရှိသည်။

ယင်းမလေးသွား မှောင်ခို စက်ဘုတ်မှာ ဘင်္ဂလာ ကော့စ်ဘဇားခရိုင် တာခ်နာမြို့နယ် ဆာဟ်ပေါ်ရီရ်ကျွန်းမှ တနင်္ဂနွေနေ့က စတင် ထွက်ခွာသွားခြင်း ဖြစ်ကြောင်းနှင့် ပင်လယ်ပြင်တွင် ကျောက်ဆောင်ကို တိုက်မိ၍ နစ်မြှုပ်သွားခြင်း ဖြစ်သည်ဟု အသက်ရှင်လာသူ(၆) ဦးတို့မှ အတည်ပြု ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ စက်လှေ နစ်မြှုပ်ရာတွင် ငါးဖမ်းစက်လှေများမှ ကယ်ဆယ်၍ အသက်ရှင်လာသူ(၆)ဦးမှာ တာခ်နာမြို့နယ်မှ အာဘူဘော်ကော်ရ်၊ နရုဟိုဆန်၊ မာဟ်ဘူဘ်၊ ဘုတ်မောင်းသူ စူနိုင်က္ကာနှင့် ကျန်နှစ်တို့ဖြစ်ကြောင်းဆိုသည်။

ဆာဟ်ပေါ်ရီရ်ကျွန်းမှ မလေးသို့ မှောင်ခိုသွားမည့်သူများနှင့် စက်လှေများကို မကြာခဏ ဖမ်းဆီးလေ့ရှိခဲ့ပြီး ယခုအခါ ဖမ်းဆီးရမိနေခြင်းမှာ အမျိုးသမီး၊ ကလေးသူငယ်နှင့် မိသားစုများပါ ပါဝင်နေကြောင်း သိရှိရသည်။

တာခ်နာမြို့နယ်အခြေစိုက် အမှတ်(၄၂)BGB မှ အရာရှိတစ်ဦးဖြစ်သူ ဇာဟိဒ်ဇာဟာန် က ယင်းဖြစ်ရပ်မှာ မှန်ကန်ကြောင်းနှင့် အသေးစိပ် အလောင်းများဆယ်ယူရရှိရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း Arakantimes သို့ ပြောသည်။

ယခုကဲ့သို့ မလေးရှားသို့ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်ရန် ဘင်္ဂလာမှာ ခိုးထွက်၍ သွားလာနေခြင်းမှာ နှစ်အတော်ကြာနေပြီဖြစ် ကြောင်း တာခ်နာမြို့နယ်မှ ငါးပွဲရုံပိုင်ရှင်များ၏ ပြောဆိုချက်များအရ သိရသည်။

Written by သဇင်ဥ
By Arakan Times


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့