Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 29 October 2012

သိနိုင်ပါရဲ့လားကြားနိုင်ပါရဲ့လားးးးးးးးနော်


တိတ်တိတ်လေးပါပဲ
စကားတွေ နားထောင်မိနေတယ်
တိုးတိုးလေးပါပဲ
စကားတွေပြောမိနေတယ်
တချို့စကားလုံးတွေက
လူအများကြီး ယုံကြည်စရာမလိုသလို
လူအများကြီး သိလိုက်စရာလည်းမလိုအပ်ပါဘူး
တချို့အပြုအမှူတွေက
တကူးတက ပြုလုပ်ဖို့မလိုသလို
တပင်တပန်း အာရုံစိုတ်နေဖို့လည်းမလိုပါဘူး
စိတ်ချင်းသာဆက်သွယ်ခဲ့ရင်
တယောက်အပြုအမူကို တယောက်နားလည်နိုင်သလို
တယောက်စကားတွေလည်း တယောက်ကြားနိုင်မှာပါ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့