Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 30 October 2012

ကျောက်နီမော် အခြေအနေ တင်းမာ

၃၀၊အောက်တိုဘာ။ ၂၀၁၂၊

ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ကျေးရွာတွင် ယနေ့မနက် အစောပိုင်းတွင် ၄င်းကျေးရွာရှိ ဘင်္ဂလီ မူဆလင်များက ရွာကို မီးရှို့ရန် စီစဉ်နေကြောင်း သတင်းရရှိသဖြင့် ယင်းကျေးရွာရှိ လူနည်းစု ရခိုင်များအား ကူညီပေးနိုင်ရန် ပတ်ဝန်းကျင် ကျေးရွာများမှ လူများရောက်ရှိလာ၍ တင်းမာမှုဖြစ်နေစဉ် ကျောက်နီမော် ရဲစခန်းမှ ဒုရဲအုပ် ကျော်လွင်မှ သေနပ်ဖြင့် ပစ်ခတ်သဖြင့် ရေမျက်ဝ ရွာသား၊ ဦးဟန်ရွှေ၊ (၅၅နှစ်) သည် နေရာတွင် သေဆုံးပြီး သပြေချောင်းရွာမှ မောင်သန်းတင် (၄၀နှစ်) သည် ပေါင်တွင်ဒဏ်ရာ ရရှိသွားသည်ဟု ကျောက်နီမော် ရွာသားတဦးမှ Coral Arakan အားပြောကြားသည်။

ဒဏ်ရာ ရရှိသွားသည့် မောင်သန်းတင် အား ရမ်းဗြဲမြို့ ဆေးရုံသို့ ပို့ဆောင် လိုက်ရသည်ဟု သိရသည်။
သေနပ်ပစ်ခံရ၍ သေဆုံးသွားသည့် ဦးဟန်ရွှေ အလောင်းကို လူအုပ်ရှေ့ တွင်ထားပြီးဘင်္ဂလီမူဆလင်များအား ကျောက်နီမော်ကျေးရွာမှ ထွက်ခွာသွားရန် လူထုက တောင်းဆိုနေသည်ဟု သိရှိရသည်။
ကျောက်နီမော်တွင် ဘင်္ဂလီမူဆလင် ခြောက်ထောင်ကျော် ခန့်ရှိပြီး ရခိုင်လူဦးရေမှာ တစ်ထောင်ကျော်သာရှိသည်ဟသိရသည်။

လွန်ခဲ့သောမေလကကျောက်နီမော်ကျေးရွာမှ ဘင်္ဂလီလူငယ် သုံးဦးသည်သပြေချောင်းရွာသူ မသီတာထွေးအား လူသတ်၊ မုဒိန်းကျင့်၊ ပစ္စည်းလုယက်မှုဖြစ်ပွားခဲသည်။

Coral Arakan News (သတင်း) မင်းခရီ ရေးသည်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့