Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 29 October 2012

အလွမ်း

မတူညီတဲ့အခြေအနေလေးနှစ်ခုကို
မျက်စိစုံမှိတ် နားကိုပိတ်ပြီး
ပတ်ဝန်းကျင် အသိုင်းအဝိုင်းက
ပြောကြပါစေ လစ်လျူရှု့ပြီး
ချစ်ခဲ့ပါသော်လည်း ရရှိခဲ့ပါတယ်
နာကျင်နေတဲ့ နှလုံးဒဏ်ရာလေးပါ။

တူနှစ်ကိုယ် ပိုင်ဆိုင်ခဲ့တဲ့
ဘဝအခြေအနေလေးနှစ်ခုကို
နီးစပ်ရန်အတွက် အလွမ်းပင်လယ်ကိုကူး
အဝေးတနေရာမှာကြိုးစားပါလည်း
အားငယ်နေသူကို အားပေးဖေါ်မရတာ
ဘာရယ်ကြောင့်များလည်းကွယ်...............

အကယ်၍သာ တနေ့တချိန်
ပျော်ရွှင်ချမ်းမြေ့ ဘဝလေးတခု
ပိုင်ဆိုင်ခဲ့သော် သူ၏ရင်သာအေးမြပါစေ............
အကယ်၍သာ တနေ့တချိန်
မအောင်မြင်တဲ့ဘဝ အလွမ်းတွေသာ
များပြားခဲ့လျှင် လွမ်းသူ့ရင်သာ
ကျွမ်းလောင်ပပါစေ...............

အဝေးတနေရာလေးမှ
တိတ်တိတ်ကြေကွဲ သူ့ကိုသာပဲ
တမ်းတ၍ပဲ လွမ်းနေပါ့မယ်ချစ်သောသူ။။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့