Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 30 October 2012

ပေးဆပ်ချစ်သူ

ချစ်သူ
မင်းက မြစ်လေး တစ်စင်းဆို
ကိုယ်က ပင်လယ်ကြီးတစ်ခုပေါ့
ကိုယ့်ရင်ထဲကို ၀င်ရောက်စီးဆင်းလိုက်ပါ
မင်းအတွက်နွေးထွေးသွားစေရမယ်....
ချစ်သူ မင်းက တိမ်တိုက်လေးဆို
ကိုယ်က ကောင်းကင်ကြီးတစ်ခုပေါ့
ကိုယ့်ရင်ဘတ်ကြီးက မင်းပြေးလွှားဆော့ဖို့
နေရာလေးတစ်ခုပေါ့.....
ချစ်သူ မင်းက လမင်းကြီးဆို
ငါက ကြယ်လေးတွေအဖြစ်နဲ့ပေါ့
မင်းအပါးမှာ ခစားပါရစေ
မင်းရဲ့ အလှတွေ ပိုတောက်ပအောင်လို့ပေါ့..
ချစ်သူ
ဒီလိုမျိုး မင်းအတွက် ကို ကိုယ်အမြဲပေးဆပ်ချင်
ပေမယ့် မင်းကသာ သွားဆို မင်းစေရာ
မင်းသဘောအတိုင်း စောဒက မတက်ပဲ ထွက်သွားပေးမှာ
ကိုယ့်ရဲ့ ပေးဆပ်ချစ်တွေပါကွာ..........

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့