Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 30 October 2012

ခုနှစ်ရက်သားသမီးများအတွက် ( ၂၉.၁၀.၁၂ ) မှ ( ၄.၁၁.၁၂) ထိ တပတ်စာဗေဒင်ဟောစာတမ်း


ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင် ဆွေဇင်ဝတီ


တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
နိုင်ငံခြားနှင့်ပတ်သက်သောလုပ်ငန်းများလုပ်ရခြင်း၊ လူမျိုးခြားများ၏ကူညီမှုရခြင်း၊ထီပေါက်တတ်ခြင်းများဖြစ်တတ်
သည်။ ပျော်ရွှင်ေ သာခရီး၊ လေယာဉ်ခရီးသွားရတတ်သည်။ အခန်းပြောင်းရခြင်း၊ အလုပ်နေရာပြောင်းရခြင်းဖြစ်တတ်
သည်။ အလုပ်ပြောင်းချင်စိတ်ဖြစ်နေတတ်သည်။ မပြောင်းပါနှင့်။ ပြောင်းကလက်ရှိအလုပ်ထက်နောက်အလုပ်ကပိုပြီး
စိတ်ညစ်စရာများကြုံတွေ့ရမည်။ စက်ပစ္စည်းများထွက်တတ်သည်။သူခိုးခိုးခံရတတ်ခြင်း၊ငွေပျောက်ခြင်းဖြစ်တတ်သည်။
သတိထားပါ။

ကျန်းမာရေး။ သွေးပေါင်ကျခြင်း အစားမှားခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စိတ်ချမ်းသာမှုများဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်ဖက်ထုတ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။   ( ၅ ၉ ၅ ၁)


တနင်္လာသားသမီးများ၏ကံကြမ္မာ
ပြန်ရန်စိတ်ကူးမရှိသေးဘဲ အမိနိုင်ငံမဖြစ်မနေပြန်ရတတ်ခြင်း၊ ငွေအတွက်သောကရောက်ရတတ်ခြင်း၊ ဆုံးဖြတ်ချက်ချ
ရန်တော်တော်ခက်ခဲစရာများဖြစ်နေခြင်းများဖြစ်နေတတ်သည်။ခင်မင်သောမိတ်ဆွေများနှင့်လည်းစကားများရတတ်
သည်။ အလုပ်တွင်လဲလုပ်သမျှလွဲချော်နေတတ်သည်။အစစအရာရာသတိထားပါ။ လူမျိုးခြားများ၏ကူညီမှုရခြင်း၊
ထီပါက်တတ်ခြင်းကိန်းရှိသည်။ ထီစနေနေ့၊ ဗုဒ္ဓဟူးနေ့များတွင်ထိုးပါ။

ကျန်းမာရေး။ ကား၊ ဆိုင်ကယ်တို့ကြောင့်ခြေထောက်ဒဏ်ရာရတတ်သည်။
အချစ်ရေး။ ချစ်သူနှင့်စကားပြောအဆင်မပြေဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်လက်ကောက်ဘုရားကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။  ( ၇ ၀ ၄ ၄)


အင်္ဂါသားသမီးများ၏ကံကြမ္မာ
အိုးသစ်အိမ်သစ်နေရာသစ်ပြောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရတတ်ခြင်း၊စက်ပစ္စည်းအဟောင်းများထွက်ပြီးအသစ်များဝင်
ခြင်းဖြစ်တတ် သည်။ ပျော်ရွှင်သောခရီးသွားရတတ်သည်။ ရွှေဝင်မည်။အိမ်ခန်းပြုပြင်ရခြင်းများဖြစ်တတ်သည်။
ငွေပျောက်တတ်သည်။ မိမိသုံးသောမီးသတိထားသုံးပါ။ မီးကြောင့်အမှုအခင်းပြဿနာဖြစ်တတ်သည်။ သားသမီး
ရတနာ ရတတ်သည်။ ကောင်း၏။ငွေများဝင်နေမည်။ ကုန်စရာလဲဆက်တိုက်ဖြစ်နေတတ်သည်။

ကျန်းမာရေး။ အစားမှားပြီးဗိုက်အောင့်တတ်သည်။
အချစ်ရေး။ သာယာဖြေင့်ဖြူးနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်လက်ဆောင်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၆ ၄ ၂ ၀ )


ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
လုပ်ငန်းသစ်လုပ်ရန်အကြောင်းပေါ်လာခြင်း၊ လုပ်လျှင်အောင်မြင်မှုမရသေးပါ။ စိတ်ပင်ပမ်းခြင်းဖြစ်ရတတ်သည်။
စက်ပစ္စည်းများဝင်ခြင်း၊ စိန်ပစ္စည်းဝင်ခြင်းဖြစ်တတ်သည်။မြေထွက်ခြင်း၊ ဖုန်းထွက်ခြင်းဖြစ်တတ်သည်။ ကားအ
ဟောင်းထွက်ခြင်း၊ ကားသစ်ဝင်ခြင်းဖြစ်တတ်သည်။ အလုပ်တွင်လက်အောက်ငယ်သားထွက်ခြင်းကြောင့်စိတ်
အနှောင့်အယှက်ဖြစ်တတ်သည်။ မိမိကြိုးစားသလောက်အရာမထင်ဖြစ်နေတတ်သည်။ မကြာခင်အဆင်ပြေပါလိမ့်
မည်။

ကျန်းမာရေး။ လေထိုးလေအောင့်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ မိမိရည်ရွယ်နေသူကတယောက်ချစ်သူဖြစ်သွားတာတယောက်ဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ရွှေရင်အေးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၁ ၆ ၂)


ကြာသပတေးသားသမီးများ၏ကံကြမ္မာ
ဆိုင်ကယ်ဝင်ခြင်း၊ ဆိုင်ခန်းအပြောင်းအရွှေ့လုပ်ရခြင်းဖြစ်တတ်သည်။ ကားဝင်ခြင်း၊ တိုက်ခန်းအပြေင်းအလဲလုပ်
ရခြင်း များဖြစ်တတ်သည်။ လူမျိုးခြားများ၏နှောင့်ယှက်ခြင်းခံနေရတတ်သည်။ခင်မင်သောမိတ်ဆွေများနှင့်ခွဲခွာရ
တတ်သည်။ လူလိမ်ခံရတတ်ခြင်း၊ လူလုခံရတတ်ခြင်းဖြစ်တတ်သည်။အလုပ်တွင်အနည်းငယ်အတိုက်အခံတွေ
့နေရတတ်သည်။ အစစအရာရာသည်းခံနိုင်သမျှသည်းခံပြီးနေပါ။ ၀င်ငွေကောင်းနေမည်။ အထက်လူကြီးမိမိဘက်
တွင်ရှိနေသည်။

ကျန်းမာရေး။ အဆုတ်နှင့်ပတ်သက်ပြီးဆေးရုံဆေးခန်းသွားရတတ်သည်။
အချစ်ရေး။ မိမိကိုလူမျိုးခြား၊ ဘာသာခြားများမှ အသဲအသန်ချစ်ရေးဆိုခြင်းဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဖာလူဒါကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၃ ၁ ၁ ၀ )


သောကြာသားသမီးများ၏ကံကြမ္မာ
ရွှေဝါလက်စွပ်ဝင်ခြင်း၊ ရွှေဖြူဟန်းချိန်းဝင်ခြင်းဆက်တိုက်ဖြစ်နေတတ်သည်။ စီးပွားရေးကောင်းနေသည်။မိမိမိတ်ဆွေ
များကို လည်းငွေကြေးအကူအညီပေးနေရတတ်သည်။ အလုပ်တွင်စိတ်ဖိစီးမှု များဖြစ်နေရတတ်သည်။ နိုင်ငံခြားနှင်
ပတ်သက်သော ကိစ္စများစောင့်နေရသောအချိန်ဖြစ်နေတတ်သည်။နိုင်ငံရပ်ခြားမှမိတ်ဆွေများနှင့်ဆက်သွယ်မှုများ
ရနေရတတ်သည်။ မိတ်ဆွေများကမိမိကိုထားပြီးခရီးဝေးသွားနေတတ်သည်။ အစစအရာရာအဆင်ပြေနေတတ်သည်။

ကျန်းမာရေး။ အကြောနာခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ စိတ်ချမ်းသာနေရမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဒိန်ချဉ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၉ ၇ ၃)


စနေသားသမီးများ၏ကံကြမ္မာ
စိန်ပစ္စည်းဝင်ခြင်း၊ စိန်ဆွဲသီးဝင်ခြင်း၊ စက်ပစ္စည်းများဝင်ခြင်း၊ အလှူလုပ်ရခြင်း၊ ကိုယ်ပိုင်ဆိုင်ခန်းရခြင်းများဖြစ် တတ်
သည်။ မိမိနှင့်တွဲဖက်စီးပွားလုပ်နေသောသူနှင့်သိပ်အဆင်မပြေဖြစ်နေတတ်သည်။ ရွှေ၊ နာရီထွက်ခြင်း၊ ပြုပြင်ရခြင်း
ဖြစ်တတ်သည်။ မြေနှင့်ပတ်သက်ပြီးစကားပြောရတတ်ခြင်း၊ ကြာသပတေးနံများကြောင့်စိတ်ညစ်စရာဖြစ်ခြင်းဖြစ်တတ်
သည်။ အရေးကြီးစာရွက်စာတမ်းပျောက်ခြင်း၊လက်အောက်ငယ်သားကြောင့်စိတ်တိုင်မကျဖြစ်ခြင်းဖြစ်နေတတ်သည်။
မိမိကံကြောင့်ဖြစ်သည်။ သည်းခံပါ။

ကျန်းမာရေး။ သွားနှင့်ပတ်သက်ပြီးသွားဆေးခန်းမကြာခဏသွားနေရတတ်သည်။
အချစ်ရေး။ မိမိချစ်သူကလေထဲတွင်အချစ်သစ်များနှင့်ကြူနေသောကြောင့်စိတ်ညစ်နေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နွားနို့ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၈ ၅ ၀)


*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ (ဆရာကြီးမင်းသိင်္ခ၏တပည့်)

ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ

ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး

ဖုန်း- 016 6903 513 ,018 2250 510

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့