Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 31 October 2012

တမ်းတခြင်း


  1.  တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တဲ့
လေပြေလေညှင်းရဲ့ ရိုက်ခက်သံကြောင့်
သန်ခေါင်ယံ အိပ်မက်တွေ
ငါဆုံးရှုံးလိုက်ရပြီ
နှမျောတသသနဲ့
ငါလွမ်းရတဲ့ အိပ်မက်
တစ်ဝက်က မင်းအကြောင်း
တစ်ဝက်က အချစ်အကြောင်း
ညပေါင်းများစွာမက်ခဲ့ပြီးမှ
ဒီတစ်ညတော့ ငါကံဆိုးသွားပြီ
အိပ်မက်ထဲက မင်းအနမ်းတွေ
ငါတမ်းတနေဆဲ ပါပဲလေ
လေတိုက်လို့ သစ်ရွက်တို့လှုပ်ခက်သံ
ရွက်ဝါတွေ ကြွေကြလို့မြေခသံ
အားလုံးဟာ ဆူညံနေသလိုပဲ
 ငါအိပ်မပျော် တော့ဘူး ကောင်မလေးရယ်
နွေးထွေးတဲ့ ငါ့ရင်ခွင်ထဲကိုလဲ
 မင်းမရောက်လာတော့ ဘူး
နှုတ်မဆက်ရင်တောင်
လက်ကလေးတော့ ပြလိုက်ပါ
 နောက်ဘ၀တွေမှာ ပြန်ဆုံနိုင်အောင်ပေါ့

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့