Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 31 October 2012

မိုးတွေသည်းရင် ငိုချင်တယ်


နွေနှောင်းပြီပြန်လာခဲ့တော့လေ
ရှေ့ပြေးမုတ်သုံလေညင်းရယ်
မိုးကိုမနှေး အမြန်သယ်ဆောင်လာ
ရွာပါတော့လား မိုးရယ်
ဒီနှလုံးသား အချစ်မီးတောက်လောင်နေ
အမုန်းအချစ်တွေရဲ့ အကြောင်းကို
အသိဆုံး မင်းမှ အခြားမရှိနိုင်ပါပြီ
သံယောဇဉ်ရင်ထဲ လက်ကျန်ရှိသေးတယ်
ရွှေမိုးဝသန် မိုးတွေသည်းရင် ရင်ခုန်လာ
ပြန်မလာရင်လည်း ဒီနေရာမှာ
ထာဝရစောင့်နေမယ်
ချစ်သလောက်ကို တို့ခံစားရမှာ
သိထားလျှက်နဲ့ ဆက်ချစ်နေပါ့မယ်
ရွာသောမိုးနဲ့ အတိတ်ပုံပြင်
သစ္စာရှိခဲ့သော ရွှေမိုးဝသန်သာ
အသိဆုံးအချစ်သက်သေ
မိုးသည်းရင်း ပျော်သလောက်လွမ်းနေမယ်
တခါတုန်းက တို့ချစ်သူတွေ
မိုးတွေသည်းတဲ့ ဒီလမ်းပေါ်မှာ
ပျော်မြူးခဲ့ဘူးတယ်
မိုးသည်းနေ့များ မမေ့နိုင်ပါပြီ
ပြန်မရောက်တာပြန်လို့မရတာ
ဘယ်အတွက်ကြောင့်ရယ်မသိလည်း
မိုးတွေသည်းရင် ငိုချင်တယ်
မင်းပြန်လာမဲ့
လမ်းမှာမျှော်နေမယ်
တစ်ယောက်ထဲတည်း လမ်းပေါ်မှာ
မိုးသည်းတဲ့နေ့ပေါင်းများစွာ
အမုန်းလွမ်းရသလောက်ချစ်နေမယ်..
အမုန်းရဲ့ ရင်ဖွင့်ကဗျာလေးပါရှင်....

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့