Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 30 October 2012

လိုင်စင်ဘောင်ကျော်ပြီး ဖော်ပြသည့် ဂျာနယ်များကို အရေးမယူတော့ဟုဆို

ပညာရေး၊ စီးပွားရေးနဲ့ ကျန်းမာရေး စတဲ့ ထုတ်ဝေခွင့် လိုင်စင် စည်းကမ်း သတ်မှတ်ချက် ဘောင်ထက်ကျော်ပြီး ရေးသား ဖော်ပြနေကြတဲ့ ဂျာနယ် မဂ္ဂဇင်းတွေကို အရင်စာပေစိစစ်ရေး လက်ထက်တုန်းကလို ခေါ်ယူသတိပေး
တာ၊ အရေးယူတာမျိုး လုပ်တော့မှာ မဟုတ်ဘူးလို့ ပြန်ကြားရေး ၀န်ကြီးဌာန မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင်က ဒီဗွီဘီ ကို ပြောပါတယ်။

စာပေစိစစ်ဌာန မဖျက်သိမ်းခင် အချိန်ကထိ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ စာပေနဲ့အနုပညာ စတဲ့ သီးသန့်ထုတ်ဝေခွင့် လိုင်စင်နဲ့ ထုတ်ဝေတဲ့ ဂျာနယ်မဂ္ဂဇင်းတွေဟာ လိုင်စင်ပါ အမျိုးအစား အကြောင်းအရာကိုသာ ဖော်ပြရမှာဖြစ်ပြီး အခြားနိုင်ငံရေး အပါအ၀င် သတင်းစုံဖော်ပြမှုတွေကို တားမြစ်ထားပါတယ်။

ကန့်သတ်တားမြစ်ချက်ကို ဖောက်ဖျက်ရင် ခေါ်ယူ သတိပေးတာ ယာယီ ထုတ်ဝေခွင့် ပိတ်ပင်တာမျိုးအထိ အရေးယူအပြစ်ပေးလေ့ ရှိပါတယ်။

အခုနောက်ပိုင်း သီးသန့်ထုတ်ဝေခွင့် လိုင်စင်နဲ့ ထုတ်ဝေတဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေဟာ အကြောင်းအရာမျိုးစုံ “သတင်းစုံ” ပုံစံ ဖော်ပြလာကြပြီး ပြန်ကြားရေးဝန်ကြီးဌာနကလည်း တားမြစ်တာ မရှိတော့ဘူးလို့ သိရပါတယ်။

ဒါပေမယ့် ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေ အသက်ဝင်နေဆဲ ဖြစ်တဲ့အတွက် ထုတ်ဝေသူတွေဟာ ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာဖို့ လိုတယ်လို့ သူထင်မြင်ကြောင်း ဦးမျိုးမြင့်မောင်က ပြောပါတယ်။

By (ဒီဗွီဘီ)


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့