Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 29 October 2012

ထူးဆန်းထွေလာ မျက်လှည့်ကမ္ဘာ

“ထိပ်တန်းမျက်လှည့် လျှို့ဝှက်နည်းပညာများဖြင့်”
အောင်ရဲမြင့် (မျက်လှည့်) သံတွဲမြို့
ရေခဲတုံးမှ မီးထတောက်ခြင်း
သူငယ်ချင်းများ ............... သူငယ်ချင်းတို့ရေခဲတုံးက နေမီးထတောက်တယ်ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်မှ မဟုတ်ဘူးလို့ ထင် ကြမှာပါ ။ ဒါပေမယ့်လည်း မျက်လှည့် နဲ့ ပြုလုပ်ရင်ဖြစ်နိုင်ပါတယ်။ ယုံပါသလား ။ မယုံရင်လည်း အောက်က နည်းပညာလေး ကိုကြည့်ပြီးတော့ ........ ပြုလုပ်ကြည့်ကြပါ။ တစ်ကယ်ပဲ ရေခုံးကနေမီးထတောက်ပါလိမ့်မယ်။
ပြသတဲ့ပုံစကတော့ - မျက်လှည့် ဆရာက ရေခဲတုံးတစ်တုံးကို ယူလာပြီး ....... ဒီရေခဲတုံး က အလွန်ပဲ အေးပါတယ်။ ဒါပေမယ့် လည်း ဒီရေခဲတုံးကနေ မီးတောက်အောင်လုပ်လို့ရပါတယ် ဆိုပြီး ........... ထိုရေခဲတုံးကို ဆေးလိပ်နဲ့ (မီးမရှိတဲ့ဆေးလိပ်နဲ့) တို့ပါတယ်။ ထိုသို့တို့လိုက်တာနှင့်တစ်ပြိုင်နက် ရေခဲတုံးကနေမီးတောက်ပြီး ဆေးလိပ်မီးစွဲသွားတဲ့ပြကွက်ပဲဖြစ်ပါတယ်။
လိုအပ်သောပစ္စည်းများ - စီးကရက် တစ်လိပ်၊ ရေခဲတုံး တစ်တုံး၊ ဆိုဒီယမ် (sodium solid ) အနည်းငယ်။
ပြသနည်းကတော့ - ပြသမည့် စီးကရက်၏ထိပ်ပိုင်းတွင် ဆိုဒီယမ်အနည်းငယ်ကို ကြိုတင်ပြီး ကော်ဖြင့်ကပ်ထားရမည်။ ရေခဲတုံး နှင့်တွေ့ထိသည့်အခါ ဆိုဒီယမ်သည် ဓာတ်ပြုပြီး မီးတောက်များဖြစ်ပေါ်လာလိမ့် မည်။ ထိုအခါ ဆေးလိပ်မီးစွဲသွားလိမ့်မည်။
မှတ်ချက်။ ။ ဆိုဒီယမ်ကို ဆေးလိပ်တွင် ကပ်သည့်အခါ ... အများကြီးမကပ်ရန်လိုသည်။ ဆိုဒီယမ်ကို သိမ်းဆည်း သည့်အခါ ပါရာဖီး(သို့) အုန်းဆီဖြင့် ထိန်းသိမ်းထားရန်လိုအပ်သည်။ သို့မဟုတ်ပါက ဆိုဒီယမ်သည် အအေးနဲ့ တွေ့ထိပါက မီးတောက်နိုင်သည်။
အစဉ်အမြဲ မျက်လှည့်နည်းပညာများတိုးပွားရန်ကြိုးစားလျှက် ----------


“ ထိပ်တန်းမျက်လှည့်လျှို့ဝှက်နည်းပညာများဖြင့်”
အောင်ရဲမြင့်(မျက်လှည့်)
မေတ္တာတေးသံ
“ဖယောင်းတိုင်မှအလိုအလျှောက်မီးထတောက်ခြင်း”
သူငယ်ချင်းတို့ ဒီတစ်ခါနောက်တစ်ခုအနေနဲ့ ဖယောင်းတိုင်ကနေကြည့်နေရင်းနဲ့ မီးထတောက်တဲ့နည်းပညာလေး တစ်ခုကိုလည်း တင်ပြပေးသွားဦးပါမယ်။
ပြသတဲ့ပုံစံကတော့ - မျက်လှည့်ဆရာက ကြည့်မဲ့သူကို ဖယောင်းတိုင်တစ်တိုင်တောင်းပါတယ်။ ဒါပြီးတော့အဲဒီဖယောင်းတိုင်ကို ယူပြီးတော့ စိတ်စွမ်းအားနဲ့.. မီးညှိပြမယ်ဆိုပြီး ... ဖယောင်းတိုင်ကို မျက်လုံးနဲ့ စိုက်ကြည့်နေပါတယ်။ ဒီလိုစိုက်ကြည့်နေပြီး မကြာခင်မှာပဲ ဖယောင်းတိုင်ကနေမီးထတောက်တဲ့ပြကွက်လေးပဲ
ဖြစ်ပါတယ်။
လိုအပ်သောပစ္စည်းများ - ဖော့(စ်)စဖော့ရပ် (မီးစုန်းခဲ) အနည်းငယ်၊ ဖယောင်းတိုင်တစ်တိုင် (၀ါဆိုဖယောင်းတိုင်မဟုတ်ပါ)၊ ရိုးရိုးဖယောင်းတိုင်သာဖြစ်ပါသည်-
ပြသနည်းကတော့ - မျက်လှည့်ဆရာက (ပြသမည့်သူက) . . . . . ကြည့်မဲ့သူအား ဖယောင်းတိုင်တစ်တိုင်ကိုတောင်း လိုက်ပါ။ ........ ထိုဖယောင်းတိုင်ရလျှင် မျက်လှည့်ဆရာ(ပြသမည့်သူ) သည်အသင့်ယူဆောင်လာသော ဖော့စ်စဖော့ ရပ်မီးစုန်းအခဲကို ထိုဖယောင်းတိုင်၏ ထိပ်တွင် ...... ဖော့စ်စဖော့ရပ်မီးစုန်းခဲ အနည်းငယ်ကို တင်ပြီး ညှိ့သောပုံစံနှင့်
စိတ်စွမ်းအား ထုတ်နေသောပုံစံနှင့် စိုက်ကြည့်နေလိုက်ပါ။ ထိုအခါ ဖယောင်းတိုင်သည် မကြာမီးထတောက်ပြီးမီးစွဲ သွားပါလိမ့်မည်။
မှတ်ချက်။ ။ ဖယောင်းတိုင်အပေါ် မီးစုန်းခဲကိုတင်သည့်အခါ ..ကြည့်မည့်သူမသိအောင် အနည်းဆုံး (ကြည့်မည့်သူနှင့်) အကွာနိုင်ဆုံးသောအကွာအဝေးတွင်နေပါ။ ဖော့စ်စဖော့ရပ်မီးစုန်းခဲကို အချို့သော နာရီပြင်သည့်ဆိုင်များတွင် ရှိနိုင်ပါသည်။စိုက်ပျိုးရေးဆေးပစ္စည်းရောင်းသည့်ဆိုင်များတွင်လည်းတွေ့နိုင်ပါသည်။
သတိပြုရန် - - - - ဖယောင်းတိုင်အား စိုက်ကြည့်နေချိန်တွင် ဖော့စ်စဖော့ရပ်ခဲကို .. မကျသွားအောင် သတိထားပါ။

- - - - - အစဉ်အမြဲ ကြိုးစားလျှက် - - - - -



“ထိပ်တန်းမျက်လှည့်လျှို့ဝှက်နည်းပညာများဖြင့်”
အောင်ရဲမြင့် (မျက်လှည့်) သံတွဲမြို့ ။
မေတ္တာတေးသံ
စိတ်ဖြင့်ရေးသော ရည်းစားစာ
(Chemical Magic No.1)

အားလုံးသော သူငယ်ချင်းများ ............. သူငယ်ချင်းတို့ စာတစ်စောင်ကို စိတ်ဖြင့် ရေးဖူးပါသလား?
မရေးဖူးရင် ရေးကြည့်ကြနော် ............. ဒါပေမယ့် ပြုလုပ်နည်းကို မပြောခင်....... ဘယ်လိုပြတယ်ဆိုတာ အရင် တင်ပြသွားပါဦးမယ်။ ပြတဲ့ပုံစံကတော့.. မျက်လှည့်ဆရာက ပရိသတ်တစ်ဦးအား .... စက္ကူတစ်ရွက်ကိုပေးပြီး .......... အဲဒီစက္ကူမှာ ဘာတွေရှိလဲ စစ် ဆေးခိုင်းပါတယ်။ ထို့နောက် စက္ကူတွင် ဘာမှ မရှိကြောင်း သက်သေပြအပြီးတွင် ............ မျက်လှည့်ဆရာက ....... အဲဒါက စိတ်နဲ့ရေးထားတာလေ........ ဘယ်မြင်ရမလဲ...... ဒါပေမယ့်လည်းစိတ်နဲ့ရေးထားတာကို မြင်ရတဲ့နည်းလမ်းရှိတယ်................
ကဲ........ အသေချာကြည့်ထားနော်ဆိုပြီး.......... ဖယောင်းတိုင်တစ်တိုင်ကို ယူလာပါတယ်.။ ဒါကတော့ .......Magic နဲ့ စိတ်နဲ့ ရေးထားတာတွေကို မြင်ရအောင်အထူးပြုလုပ်ထားတဲ့ ဖယောင်းတိုင် ဆိုပြီးတော့ ......... အဲဒီဘာမှ မရှိတဲ့ စာရွက်ကို မီးရောင်ရှေ့မှာ ထားလိုက်တာနဲ့ စောစောက ဘာမှ မရှိတဲ့ စာရွက်ကနေ ......... စာတွေ(စာတန်များ) (သို့)ရည်းစားစာများ ပေါ်လာအောင်ပြသခြင်းဖြစ်သည်။.
လိုအပ်တဲ့ပစ္စည်းများကတော့ - ဆာလဖျူရစ်၊ အက်စစ်ပျော့ ( သံပုရာရည်/ ဘက်ထရီအက်ဆစ်)၊ စာရွက်အလွတ်အဖြူ တစ်ရွက်၊ မင်စုပ်ဖောင်တိန်။
ပြသနည်းကတော့ - စက္ကအဖြူ ( စာရွက်အလွတ်) ပေါ်တွင် အက်စစ် စုပ်ယူထားသော မင်စုပ်ဖေါင်တိန်ဖြင့် မိမိရေးလိုသော စာများကို ကြိုတင်ရေးပြီး ..... ထိုစာရွက်အား နေလှန်းထားရမည်။ ထိုစာရွက်ခြောက်သွားသောအခါ ပြသရန်အသင့်ရှိသော စက္ကူဖြူတစ်ရွက်အဖြစ် မြင်တွေ့ရမည်။ အထက်ပါအတိုင်းပြသသည့်အခါ ... မည်သည့်ဖယောင်းတိုင်မဆို ဖယောင်းတိုင် တစ်တိုင်အနားသို့သွားပြီး ကြည့်လျှင် ......... ထိုရေးထားသော စာများ (တစ်နည်းအားဖြင့် ရည်းစားစာများ ) စာရွက်အဖြူပေါ် တွင် ရှင်းလင်းစွာ ပေါ်လာလိမ့်မည်။
မှတ်ချက်။ ။ အထက်ပါပြကွက်အား စနစ်တကျ ပြုလုပ်ပြီး .... အထပ်ထပ်လေ့ကျင့်ပြီးမှ ပြသပါ။ ကြိုတင်လေ့ ကျင့် ခြင်းသည် သင့် အတွက်( ပြသမည့်သူအတွက်) အကောင်းဆုံးကြိုတင်ကာကွယ်ခြင်းဖြစ်သည်။
အားလုံးပဲ .... စိတ်ဖြင့် ရည်းစားစာရေးပြီး ပျော်ရွှင် အံ့သြနိုင်ကြပါစေ။









-

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့