Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 6 March 2013

New York convention သို့ အဖွဲ့ ဝင်အဖြစ်ဝင်ရောက်ရေး ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးချက် အပြည့်အစုံ

1958 new York convention နင့်ပတ်သတ်လို့ ရှေ့ က ကိုယ်စား လှယ်ကြီးများ တော်တော် များများ ဆွေးနွေးပြီး သွားကြပါပြီ။ ဘာလို့  ကို ကျွှန်မတို့နိုင်ငံ အနေနဲ့အဖွဲ့ ဝင် အဖြစ် နေသင့်တယ် ဆိုတာကို စုံစုံလင်လင် ပြောပြီးကြပါပြီ။ ကျွှန်မအနေနဲ့ တစ်ခုပဲ ဖြည့် စွက်ချင်တာက ကျွှန်မတို့ ဒီလိုအခွင့်အရေးတွေရတဲ့ အခါကြလို့ရှိရင် အခွင့်အရေးတွေကို ထိထိရောက်ရောက်သုံးနိုင်မှသာလျှင် ကျွှန်မတို့ နိုင်ငံအတွက် အပြည့် အ၀ အကျိုးရှိမှာပါ။ ဥပမာဆိုလို့ရှိရင် နိုင်ငံခြားရင်းနီးမြှပ်နံမူဥပဒေ ၊ new York convention လိုဝင်မယ်ဆိုလို့ ရှိရင် ဒီလိုဝင်ခြင်းရဲ့ အကျိုးသက်ရောက်မူ ကျွှန်မတို့ နိုင်ငံက ခံစားရမှာ ဖြစ်ပါတယ်။ပြည့် ပြည့်၀၀ ခံစားရနိုင်ဖို့ ဆိုတာ ကျွှန်မတို့ ပြည်တွင်းအခင်းအကျင်းကလည်း ပြည့်စုံဖို့ လိုအပ်ပါတယ်။ဥပမာဆိုလို့ ရှိရင် သမာဓိခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို လက်မခံတာရှိခဲ့ လို့ ရှိရင် ဆက်ပြီးတော့ ပြည်တွင်းမှာ လုပ်ရမယ့် အလုပ်တွေလည်း ရှိပါတယ်။ကျွှန်မတို့ ပြည်တွင်းရဲ့ တရားစီရင်မူယန္တရား ၊ တရားစီရင်မူအခင်းအကျင်းဟာ အဆင့် အတန်းမီဖို့ လိုပါတယ်။ကျွှန်မတို့ ပြည်တွင်းမှာ ဒီလိုခုံရုံးတွေက ဘယ်လိုလုပ်တယ်။ဘယ်လို နည်းလမ်းနဲ့ ဆုံးဖြတ်တယ် ဆိုတာကို ကျေကျေလည်လည် နားလည်ဖို့ လိုပါတယ်။ကျွှန်မတို့ ရဲ့တရားစီရင်ရေးမဏ္ဍိုင်ပိုပြီးတော့ ခိုင်မာဖို့ ဆိုရင် တရားဥပဒေပညာရှင်များက ဒီလိုခုံရုံးတွေနဲ့ ပတ်သတ်လို့ အများကြီးပညာတွေ ဖြည့် စွက်ဖို့ လိုမယ်လို့ ကျွှန်မထင်မိပါတယ်။ကျွှန်မတို့ ရဲ့ လွှတ်တော်ကိုယ်စားလှယ်များကလည်း ဒီကိစ္စတွေကို ကျေကျေလည်လည် နားလည်ဖို့ လိုတယ်လို့ ထင်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် လွှတ်တော်များရဲ့ အရည်အသွေးမြှင့်တင်ရေးလုပ်ငန်းတွေအဖြစ် ဒီနေ့ ပဲစပြီးတော့ ခုံရုံးတွေရဲ့ အလုပ်နဲ့ ပတ်သတ်လို့ ဆွေးနွေးပွဲတွေစမှာဖြစ်ပါတယ်။ဒီဆွေးနွေးပွဲတွေက (၃၊၄)ရက်လောက်ကြာပါမယ်။အဲဒီမှာ ပြောသွားမယ့် ပုဂ္ဂိုလ်တွေကလည်း နိုင်ငံတကာအဆင့် နဲ့ ခုံရုံးတွေအကြောင်း သေသေချာချာကျေကျေလည်လည်နားလည်တဲ့ ပညာရှင်တွေ ဖြစ်ပါတယ်။ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်များအပြင် လွှတ်တော်ဝန်ထမ်းများဟာ တတ်တတ်ကြွကြွပါဝင်ပြီးတော့ ဒီဆွေးနွေးပွဲတွေရဲ့ အကျိုး အမြတ်ကိုရယူဖို့ မျှော်လင့့်ပါတယ်။

စီးပွားရေးအောင်မြင်ဖို့ ဆိုတာ ယုံကြည်မူပေါ်မှာ မူတည်ပါတယ်။ဘယ်လိုပဲဥပဒေတွေ ပြဌာန်း ၊ ဘယ်လိုစာချုပ်တွေပဲ လက်မှတ်ထိုး နောက်ဆုံးရင်းနီးမြှပ်နံမူစဉ်းစားတဲ့ သူတွေက ကျွှန်မတို့ နိုင်ငံတွင်းက အခင်းအကျင်းပေါ်မှာ ယုံကြည်မူရှိမှသာ ကျွှန်မတို့ မျှော်မှန်းတဲ့ ရင်းနီးမြှပ်နံမူမျိုး ရမှာပါ။အဲဒါကြောင့် ဒီလိုရင်းနီးမြှပ်နံမူမျိုးရဖို့ ဆိုတာက ကျွှန်မတို့ ဘက်က ပြင်သင့်တဲ့ ကိစ္စတွေကို ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ကျွှန်မတို့ နိုင်ငံတွင်းအင်အားတွေ အတွင်းအရည်အချင်းတွေ မြှင့်တင်နိုင်မှ နိုင်ငံခြားကရောက်လာတဲ့ အခွင့်အရေးတွေက နိုင်ငံသူ၊သားတွေ အပြည်အ၀အကျိုးပြုနိုင်မှာဆိုတာကိုပဲ ခပ်တိုတိုပြောရင်းနိဂုံးချုပ်ပါတယ်။

National League for Democracy


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့