Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 11 March 2013

နိုင်ငံတော်သမ္မတ ကို တရားစွဲဆိုမှု ဆားလင်းကြီးတရားရုံး က ပလပ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာ အတွင်းရှိ လယ်ယာမြေများ သိမ်းယူမှု သပိတ်စခန်းများကို အကြမ်းဖက်ဖြိုခွင်းမှုများနှင့် နှင့်ပတ်သတ် ၍ မုံရွာခရိုင် ဆား လင်းကြီးမြို့နယ် တရားရုံး တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို တရားစွဲဆိုထား ရာ ယင်းအမှု ကို အဆိုပါ တရားရုံးက
မတ်လ ၁၀ ရက်နေ့တွင် ပလပ် လိုက်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေး ပို့ သည်၊

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို လယ်ယာမြေများ သိမ်းယူထားမှု ၊ဆန္ဒပြသပိတ်စခန်း များကို အကြမ်းဖက် ဖြိုခွင်းမှု တို့ကြောင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း  ဒေသခံ များဖြစ်သောဒေါ်ဌေးဌေးဝင်း၊ ဒေါ်ရီရီဝင်းတို့၊ဦးဇော်နိုင်တို့က မတ် ၄ရက်နေ့က တရားစွဲ ဆိုခဲ့ခြင်းဖြစ်သည်။

The Voice Weekly


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့