သြစတြေးလျနိုင်ငံ မြောက်ပိုင်း ကွင်းစလန်း ပြည်နယ်မှာ သွေးလွန်တုတ်ကွေး
ရောဂါ ကာကွယ်နိုင်မယ့် ခြင်အကောင်ပေါင်း များစွာကို ကျန်းမာရေး
အာဏာပိုင်တွေက လွတ်ပေး လိုက်ပြီ ဖြစ်ပါတယ်။
အဲဒီခြင်တွေထဲမှာ Wolbachia ဆိုတဲ့ ဘက်တီရီးယားပိုးကို ထည့်ထားပြီး
အဲဒီ ဘက်တီးရီးယားပိုးဟာ သွေးလွန်တုတ်ကွေးကို တိုက်ဖျက်နိုင်တဲ့အတွက်
အဲဒီလို ခြင်တွေကို လူနေအိမ်တွေမှာ အများအပြား လွတ်ပေးလိုက်တာ
ဖြစ်ပါတယ်။
အဲဒီလို သွေးလွန်တုတ်ကွေးကို တိုက်ဖျက်နိုင်တဲ့ ခြင်တွေ
ပေါက်ပွားမှုများလာရင် သွေးလွန်တုတ်ကွေးရောဂါပါတဲ့ ခြင်အကောင်ရေ
တဖြေးဖြေး နည်းလာပြီး သွေးလွန်တုတ်ကွေးရောဂါ လုံးဝမရှိတော့တဲ့အထိ
ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။
ဒီလို စမ်းသပ်မှုတွေကြောင့် လာမယ့်နှစ်အနည်းငယ်အတွင်း သြစတြေးလျနိုင်ငံ
အပူပိုင်းဒေသဖြစ်တဲ့ နိုင်ငံရဲ့ မြောက်ပိုင်းမှာ သွေးလွန်တုတ်ကွေး
ရောဂါ ဖြစ်ပွားမှုနှုန်း ပိုနည်းလာမယ်လို့ မျှော်လင့်နေကြပြီး
မျှော်လင့်သလို ဖြစ်လာရင်တော့ အဲဒီ ခြင်ကောင်တွေကို သွေးလွန်တုတ်ကွေး
အဖြစ်များတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေကို ပို့ဆောင်ပေးမယ်လို့
သိရပါတယ်။
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Thursday, 30 October 2014
ISIS စစ်သွေးကြွ များအား သုတ်သင်မှုအတွက် တစ်ရက်အသုံးစရိတ် ဒေါ်လာ ၈ ဒသမ ၃ သန်းခန့် ကုန်ကျဟု ပင်တဂွန်စစ်ဌာနချုပ် ခန့်မှန်း
ဆီးရီးယားနှင့် အီရတ်နိုင်ငံရှိ ISIS စစ်သွေးကြွ များအား လေကြောင်းမှ
ထိုးစစ်ဆင် ချေမှုန်းသုတ်သင် ရာတွင် တစ်ရက် အသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၈
ဒသမ ၃ သန်းခန့် ကုန်ကျသည့် ခန့်မှန်းချက်အား ပင်တဂွန် စစ်ဌာနချုပ် က
ပြန်လည် သုံးသပ်မှု ပြုလုပ်ခဲ့ကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့ AFP
သတင်းတစ်ရပ် အရ သိရသည်။
အမေရိကန်နိုင်ငံ အနေဖြင့် သြဂုတ်လ ၈ ရက်နေ့တွင် စတင်ခဲ့သည့် အဆိုပါ လေကြောင်း တိုက်ခိုက်မှုအတွက် အမေရိကန်ဒေါ်လာ သန်း ၅၈ဝ ကုန်ကျခဲ့ကြောင်း ပင်တဂွန်၏ ပြောရေး ဆိုခွင့်ရှိသူ Bill Urban က ပြောကြားခဲ့သည်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် မူလက တစ်ရက် အသုံးစရိတ် အမေရိကန် ဒေါ်လာ ၇ သန်းကျော် အသုံးပြုရန် ပျမ်းမျှ သတ်မှတ် ခဲ့သည်။ သို့ရာတွင် ဇွန်လလယ်ပိုင်းမှ စတင်ခဲ့သည့် အီရတ် စစ်ဘက်အား အကြံပေးရေး နှင့် ဘဂ္ဂဒက်မြို့ရှိ အမေရိကန် သံရုံး လုံခြုံရေးအတွက် အမေရိကန် တပ်ဖွဲ့ဝင် ရာပေါင်းများစွာ တပ်ဖြန့် ချထားမှုများ ပါဝင်သည့် အဆိုပါ စစ်ဆင်ရေးဆိုင်ရာ အသုံးစရိတ်အား အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဌာနက ထည့်သွင်း တွက်ချက်မှု မပြုလုပ် ခဲ့ကြောင်း အလွတ်သဘော လေ့လာ ဆန်းစစ်သူ များက ပြောကြား ခဲ့သည်။
အသုံးစရိတ် ဆိုင်ရာ တာဝန်ရှိသူ အရာရှိဟောင်း များနှင့် အခြားသော ကျွမ်းကျင်သူ အချို့က လက်ရှိတွင် စစ်အသုံးစရိတ် သည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံထက် ကျော်လွန် ခဲ့သည်ဟု ခန့်မှန်းထားပြီး လာမည့် ၁ နှစ်အတွင်း ဒေါ်လာ ဘီလီယံပေါင်း များစွာ တိုးမြင့် လာနိုင်ကြောင်း ခန့်မှန်း ထားသည်။ အလားတူ အဆိုပါ စစ်ဆင်ရေး အသုံးစရိတ်သည် ၁ နှစ်လျှင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံမှ ၃ ဒသမ ၈ ဘီလီယံ အကြား ရှိလိမ့်မည် ဖြစ်ကြောင်း အမေရိကန် မဟာဗျူဟာ နှင့် အသုံးစရိတ် ဆိုင်ရာ အကဲဖြတ်ရေး ဌာနက စက်တင်ဘာလ ၂၉ ရက်နေ့တွင် အကဲဖြတ် ဆန်းစစ်မှု တစ်ရပ် ထုတ်ပြန် ခဲ့သည်။
သို့ရာတွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ တိုးချဲ့ဆောင်ရွက်မည် ဆိုပါက အသုံးစရိတ်သည် ၁ နှစ်လျှင် အမေရိကန် ဒေါ်လာ ၄ ဒသမ ၂ ဘီလီလယံ မှ ၆ ဒသမ ၈ ဘီလီယံ အကြား ကုန်ကျမည် ဖြစ်ကြောင်း အမေရိကန် မဟာဗျူဟာ နှင့် အသုံးစရိတ် ဆိုင်ရာ အကဲဖြတ်ရေး ဌာနမှ Tood Harrison က ပြောကြား ခဲ့သည်ဟု သိရှိရသည်။

ISIS အဖွဲ့က အသေခံဗုံးခွဲသမားများ နှင့် လူသားတံတိုင်းများ အဖြစ် ကလေးစစ်သားများကို အသုံးပြုလျက်ရှိ
ISIS စစ်သွေးကြွ အဖွဲ့သည် ၆ နှစ်သား အရွယ်မျှသာ ရှိသေးသည့် ကလေးသူငယ် များကို အသေခံ ဗုံးခွဲသမားများ အဖြစ် လေ့ကျင့်ပေးလျက် ရှိကြောင်းနှင့် ဒဏ်ရာရရှိသည့် ISIS စစ်သွေးကြွ များအတွက် သွေးလှူရှင်များ အဖြစ် ရှေ့တန်း စစ်မြေပြင်သို့ ခေါ်ဆောင်လျက် ရှိကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့ NEWSnow သတင်းတစ်ရပ် အရ သိရသည်။
ကလေးစစ်သားများ ပါဝင်သည့် အရေအတွက်အား အတိအကျ မဖော်ပြ နိုင်သော်လည်း ကလေးများအား စစ်သင်တန်း ပေးနေမှု အလျင်အမြန် တိုးပွားလာလျက် ရှိကြောင်း လူ့အခွင့်အရေး အဖွဲ့များနှင့် သတင်းထောက် များက ပြောကြားလျက် ရှိပါသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး နှင့် အီရတ်နိုင်ငံရှိ ကုလသမဂ္ဂ အထောက်အပံ့ ပေးရေးမစ်ရှင် ဆိုင်ရာ လူ့အခွင့်အရေး ရုံးတို့က ပူးတွဲ ရေးသားသည့် အစီရင်ခံစာ တစ်စောင်အရ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ အနေဖြင့် အသက် ၁၂ နှစ်၊ သို့မဟုတ် ၁၃ နှစ်အရွယ် မျှသာ ရှိသေးသည့် ကလေးသူငယ် များသည် အီရတ်နိုင်ငံ Mosul မြို့တွင် ISIS စစ်သွေးကြွ အဖွဲ့က စီစဉ်သည့် စစ်ရေး သင်တန်းများတွင် တက်ရောက်လျက် ရှိကြကြောင်း အတည်ပြု ထားသောအစီရင်ခံမှု များကို လက်ခံ ရရှိထားသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် Ivan Simonovic သည် အီရတ်နိုင်ငံ ဘဂ္ဂဒက်၊ Dohuk နှင့် Erbil မြို့များရှိ အိမ်ရာစွန့်ခွာ ထွက်ပြေးလျက် ရှိသော အီရတ် ပြည်သူများနှင့် တွေ့ဆုံ မေးမြန်းမှု ပြုလုပ်ခဲ့ရာ ISIS စစ်သွေးကြွ များ၏ တပ်သားသစ် စုဆောင်းမှု အစီအစဉ်သည် ကြီးမား ကျယ်ပြန့်၍ ကြောက်မက်ဖွယ်ရာ အောင်မြင်မှု ရရှိလျက် ရှိကြောင်း ပြောကြားခဲ့သည်။
ISIS စစ်သွေးကြွ အဖွဲ့အနေဖြင့် ကလေးစစ်သား များကို အသုံးပြုမှုသည် အရွယ်ရောက်ပြီး သူများလောက် သိသိသာသာ အသုံးဝင်မှု မရှိသောကြောင့် ၄င်းတို့အား အခြားနည်းလမ်း များဖြင့် အသုံးချမှု ပြုလုပ်လျက် ရှိကြောင်း၊ ကလေးစစ်သား များကို လူသားတံတိုင်း များအဖြစ် အသုံးပြုလျက် ရှိသည့်အပြင် ISIS စစ်သွေးကြွ အဖွဲ့ဝင်များ အတွက် သွေးသွင်းမှုများ ပြုလုပ် ပေးရန်လည်း အသုံးပြုလျက် ရှိကြောင်း ကနေဒါနိုင်ငံ အခြေစိုက် ကလေးစစ်သား အရေး လှုပ်ရှားမှု အဖွဲ့ဖြစ်သည့် Romeo Dallaire အဖွဲ့မှ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး ဖြစ်သူ Shelly Whitman ၏ ပြောကြားချက် အရ သိရှိရသည်။
အိန္ဒိယ ရထား သံလမ်း ဘေးတွင် ကိုယ်လက် အင်္ဂါ ပြတ်တောက် သေဆုံး နေသည့် ဗြိတိန် နိုင်ငံသား အလောင်းတွေ့ရှိ
အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒေ့ရှ်ပြည်နယ် ကမ်ပူမြို့နားက
ချန်ဒါရီဘူတာရဲ့ ရထား သံလမ်းဘေးမှာ ကိုယ်လက်အင်္ဂါတွေ ပြတ်တောက်ပုံ
ပျက်နေတဲ့ ဗြိတိန်နိုင်ငံသား တယောက်ရဲ့ အလောင်းကို အောက်တိုဘာ ၂၉ ရက်နေ့က
တွေ့ရပါတယ်။
အိန္ဒိယအစိုးရ မီးရထားရဲတွေရဲ့အဆိုအရ ဒီသေဆုံးမှုကို ခုချိန်ထိ မတော်တဆမှုအဖြစ် သတ်မှတ်ထား ပါတယ်။
ဒီအမျိုးသားဟာ မောင်းနှင်နေဆဲ ရထားပေါ်က ပြုတ်ကျသေဆုံးပုံ ရတယ်လို့ ချန်ဒရီ မီးရထားဘူတာရဲ့ စစ်ဆေးရေးမှူး မဟာဒေ့ဗ်က ပြောပါတယ်။ သူ့ရဲ့ နိုင်ငံကူး လက်မှတ်အရ သူ့ဇာတိနိုင်ငံကိုပဲ သိသေးတယ်။
သူနိုင်ငံကူး လက်မှတ်က အသက်အရ အသက် ၅၆ နှစ်ရှိပြီလို့ သူက ဆက်ပြောပါတယ်။ သေဆုံးမှုကို အိန္ဒိယရဲတွေက စုံစမ်းစစ်ဆေးနေဆဲပါ။

(၅)လွှာတိုက်ခန်းဝရန်တာ အုတ်ခုံပေါ်တွင်ထိုင်နေသူ အမျိုးသမီးငယ်တစ်ဦး ပြုတ်ကျသေဆုံး
၂၉.၁၀.၂၀၁၄ ရက်နေ့ ၁၉၄၀ အချိန်တွင် ပန်းဘဲတန်းမြို့မ ရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် အမျိုးသမီးတစ်ဦး (၅)လွှာတိုက်ခန်းမှ ပြုတ်ကျသေဆုံးပြီး
ရန်ကုန် ဆေးရုံကြီးသို့ ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ
သေဆုံးသူမှာ ရှမ်းပြည်နယ်၊ လားရှိုးမြို့နေ မတင့်တင့်စိုး၊ (၂၀)နှစ်ဖြစ်ပြီး
၎င်းတွင် ပါးစပ်သွေးထွက်၊ မေးစေ့ကွဲ ဒဏ်ရာများ ရရှိထားသည်ကိုတွေ့ရှိ ရပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် လွန်ခဲ့သော(၁)လခန့်မှစတင်၍ ပန်းဘဲတန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်းရှိ အမျိုးသမီး ဘော်ဒါဆောင်သို့ ရောက်ရှိနေထိုင်ခဲ့ကြောင်း၊ ၂၉.၁၀.၂၀၁၄ ရက်နေ့
၁၉၃၀ အချိန်တွင် ၎င်းနေထိုင်သော (၅)လွှာတိုက်ခန်း ၀ရန်တာ အုတ်ခုံတန်း ပေါ်တွင်ထိုင်နေရာမှ မြေပြင်ပေါ်သို့ပြုတ်ကျခဲ့ပြီး ဒဏ်ရာများရရှိကာ သတိလစ်နေသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ပန်းဘဲတန်းမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၃/၂၀၁၄) ဖြင့် ရေးဖွင့် ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

ငွေမည်းဖြင့် အိမ်ခြံမြေ ၀ယ်ယူ ဈေးကစားသည့် အဖွဲ့အစည်း ၊ ကုမ္ပဏီများကို အရေးယူမည်
ရန်ကုန် ၊ ၃၀-၁၀-၂၀၁၄
ငွေမည်းဖြင့် အိမ်ခြံမြေ ဝယ်ယူ၍ ဈေးကစားသည့် အဖွဲ့အစည်း သို့မဟုတ် ကုမ္ပဏီ များကို ဖော်ထုတ် တွေ့ရှိပါက ဒဏ်ကြေးငွေ ကျပ်သိန်း ၅ဝဝ နှင့် ထောင်ဒဏ် ခုနစ်နှစ်အထိ အရေးယူမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရန်ကုန်မြို့တော် အပါအဝင် မန္တလေး နှင့် နေပြည်တော် တို့၌ အိမ်ခြံမြေ ဈေးနှုန်းများ အဆမတန် မြင့်တက်နေပြီး အထူးသဖြင့် ရန်ကုန်မြို့၏ အိမ်ခြံမြေ ဈေးနှုန်းသည် ကမ္ဘာ့အဆင့်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့၊ ဂျပန်နိုင်ငံ တိုကျိုမြို့များ ပြီးပါက တတိယ ဈေးနှုန်း အမြင့်ဆုံး အနေအထားတွင် ရှိနေပြီး အချို့ နေရာများမှာ စင်ကာပူ ထက် ဈေးနှုန်းမြင့်မား နေသည့် နေရာမျိုးလည်း ရှိနေကြောင်း အိမ်ခြံမြေ ဈေးကွက် လေ့လာသူ များက ပြောသည်။
မြေကွက်များ ချထား ပေးရာတွင် အိမ်ရာ ဆောက်လုပ် နေထိုင်ခြင်း သို့မဟုတ် မိမိ သဘောဆန္ဒ အရ ပြန်လည် ရောင်းချမှုများ ရှိနေခြင်းသည် တရားဝင် ပိုင်ဆိုင်ခွင့် ရရှိထား သော သူများ၏ ပုဂ္ဂလိက သဘောဆန္ဒ ဖြစ်ခြင်းကြောင့် လွတ်လပ်စွာ ရောင်းချ နိုင်ခွင့်လည်း ရှိသဖြင့် မူလ မြေကွက် ချထား ပေးစဉ်က ကန့်သတ်ချက် များအား ဖောက်ဖျက်ခြင်း မရှိပါက အရေးယူ ဆောင်ရွက်ရန် မဖြစ် နိုင်ကြောင်း သိရသည်။ သာမန်အားဖြင့် အိမ်ခြံမြေ အရောင်းအဝယ် လုပ်ကိုင် နေကြသည့် နိုင်ငံသား များနှင့် ပတ်သက်သည့် အရေးယူမှု ဆိုင်ရာ ဥပဒေပြဋ္ဌာန်း ထားခြင်း မရှိသည့် အပြင် တည်ဆဲ ဥပဒေများ တွင်လည်း နိုင်ငံသား တစ်ဦး၏ အိမ်ခြံမြေ ပိုင်ဆိုင်ခွင့် အရေအတွက် ကို ကန့်သတ် ထားခြင်း မရှိကြောင်း ဥပဒေ ပညာရှင် တစ်ဦးက ပြောသည်။
တရားမဝင် သော နည်းလမ်းဖြင့် ရရှိသော ငွေကြေးကို အသုံးပြု၍ အိမ်ခြံမြေ ဝယ်ယူခြင်း၊ အိမ်ခြံမြေ ရောင်းဝယ် ရာတွင် ပေးဆောင် ရမည့် ဝင်ငွေခွန် များကို တိမ်းရှောင်ခြင်း၊ နိုင်ငံတော်၏ ဘောဂဗလ၊ ဘဏ္ဍာရေး ဆောင်ရွက်ချက် နှင့် စီမံချက် များကို ထိခိုက်စေရန် ရည်ရွယ် ပြုလုပ်ခြင်း တို့ကို ကျူးလွန်ပါက အဆိုပါ အိမ်ခြံမြေ ရောင်းဝယ်သူ အား တည်ဆဲ ဥပဒေများဖြင့် အရေးယူ နိုင်ကြောင်း သိရသည်။ ငွေကြေး ခဝါချမှု ဥပဒေပုဒ်မ ၄၃ အရ မည်သူမဆို ငွေကြေး ခဝါချမှုကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားလျှင် ထိုသူအား ထောင်ဒဏ် ၁ဝ နှစ်အထိ ဖြစ်စေ၊ ပြစ်မှု ကျူးလွန်သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း ဖြစ်ပါက ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ငွေကျပ်သိန်း ၅ဝဝ အထိ ငွေဒဏ်ချမှတ် နိုင်ကာ အကျိုး ခံစားခွင့် ရှိသူ ပိုင်ရှင်အား ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ် ရမည်ဟု ပါရှိကြောင်း သိရသည်။ (၄၄၃)

ဆီရီးယားတွင် ISIS အဖွဲ့က ဆီးရီးယားစစ်ဘက် အကြီးအကဲ ၇၀ ဦးကို ခေါင်းဖြတ် သတ်ဖြတ်ခဲ့
ဆီးရီးယားနိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များသည် ယင်း နိုင်ငံအတွင်းရှိ
အစိုးရစစ်ဘက် ခေါင်းဆောင် အနည်းဆုံး ၇ဝ ဦးကို ခေါင်းဖြတ် သတ်ဖြတ်
ခဲ့ကြောင်း သိရသည်။
ISIS စစ်သွေးကြွ အဖွဲ့ ၊ အယ်လ်ကိုင်ဒါ အဖွဲ့နှင့် ဆက်စပ်သည့် အယ်လ်နူဆာတပ်ဦး တို့သည် ဆီးရီးယားနိုင်ငံ အနောက် မြောက်ပိုင်း Idlib မြို့ရှိ စစ်ဘက်ဆိုင်ရာ စစ်ဆေးရေး ဂိတ်များ၊ ရဲဌာနချုပ်များ နှင့် အစိုးရရုံးများကို တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေစဉ် အတွင်းနှင့် အစိုးရစစ်ဘက် က Idlib မြို့ရှိ အစိုးရ အဆောက်အအုံ များကို စစ်သွေးကြွ များထံမှ ပြန်လည် မသိမ်းပိုက်နိုင်မီ ခေါင်းဖြတ်၍ သတ်ဖြတ်ခံရခြင်း ဖြစ်နိုင်ဖွယ် ရှိကြောင်း ဆီးရီးယား အစိုးရ က ယူဆထားသည်။
ကိုဘာနီမြို့ကို ထိန်းချုပ်နိုင်ရန် အတွက် အောက်တိုဘာ ၂၇ ရက်က ISIS စစ်သွေးကြွ အဖွဲ့များနှင့် ကာ့ဒ်မျိုးနွယ်စု တိုက်ခိုက်ရေး သမားအကြား ဖြစ်ပွားလျက် ရှိသော တိုက်ခိုက်မှုသည် လွန်ခဲ့သည့် နှစ်နှစ်ကျော် ကာလအတွင်း ဆီးရီးယား သူပုန်များက ဆီးရီးယား နိုင်ငံအတွင်းရှိ ကျေးရွာနှင့် မြို့များကို သိမ်းပိုက်ပြီး ကတည်းက အပြင်းထန်ဆုံး တိုက်ခိုက်မှု အဖြစ် ထွက်ပေါ် လာခဲ့သည်။
အယ်လ်နူဆာတပ်ဦး နှင့် အခြားအဖွဲ့ များသည် Idlib မြို့အား အမြောက်များဖြင့် ပစ်ခတ်ခဲ့ပြီး ယင်းမြို့ရှိ စစ်ဆေးရေး ဂိတ်များကို တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့မှ ပြောကြား ခဲ့ကြောင်း သိရှိရသည်။

ငွေကြေး ရင်းနှီးမြှုပ်နှံသူများ ဒေါ်လာဘက်သို့ လှည့်လာ
ရန်ကုန် ၊ ၃၀-၁၀-၂၀၁၄
ပြည်တွင်း၌ သာမက ပြည်ပဈေးကွက် များတွင်ပါ ရွှေဈေးနှုန်း များမှာ ကျဆင်းသွားပြီး အမေရိကန် ဒေါ်လာငွေ လဲလှယ်နှုန်းမှာ မြင့်တက် လာခဲ့ရာ မြန်မာနိုင်ငံ တွင်လည်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ခြောက်သိန်း ခြောက်သောင်းကျပ် ခန့်ထိ ကျဆင်းသွားပြီး အမေရိကန် ဒေါ်လာ ငွေလဲနှုန်းမှာမူ ယခုရက်ပိုင်း တွင် ပြင်ပ ဈေးကွက်၌ တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၁၂၀၀ နီးပါးအထိ မြင့်တက် လာခဲ့သည်။
ထိုသို့ ဒေါ်လာဈေး မြင့်တက် လာရခြင်းမှာ ကမ္ဘာ့ ရွှေဈေးကွက် တွင် ရွှေထုတ်လုပ်မှု ပမာဏ များပြားလာခြင်း၊ ရွှေဝယ်လိုအား ကျဆင်း သွားခြင်း တို့ကြောင့် ရွှေဈေးနှုန်း မှာလည်း ကျဆင်း သွားသဖြင့် အမေရိကန် ဒေါ်လာ ရောင်းဝယ်ရေး ဘက်သို့ ပြောင်းကာ ငွေကြေး ရင်းနှီးမြှုပ်နှံ မှုများ ပြုလုပ်လာကြ သည့်အတွက် ကြောင့် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ ရှိ ကုမ္ပဏီကြီး များနှင့် ဆက်စပ်လျက် ရှိသော ပြင်ပငွေလဲ ဈေးကွက်မှ ဒေါ်လာဝယ် - ရောင်း အကျိုးဆောင် တစ်ဦး ကလည်း ''နိုင်ငံတကာမှာ ရွှေဈေးတွေက ဆက်တိုက်ကျ နေတော့ အခု လောလောဆယ် ရွှေကို ရင်းနှီးမြှုပ်နှံမှု မလုပ်ကြ တော့ဘဲ ပိုပြီး တန်ဖိုးခိုင်မာတဲ့ အမေရိကန် ဒေါ်လာဘက် ကို လှည့်လာ တာကြောင့် ငွေလဲနှုန်းတွေ တက်လာခဲ့ တာပါ။ ကျွန်တော်တို့ အပြင် ဈေးကွက်မှာ တစ်ဒေါ်လာ ကို ရောင်းဈေး က ၁၂၀၀ ကျပ် လောက်အထိ ဖြစ်လာတယ် ၊ ဈေးတက် လာတော့ ပို့ကုန် သမားတွေ အရင်ကထက် ပိုပြီး အဆင်ပြေ လာတာပေါ့။ ဗဟိုဘဏ် ကလည်း ရည်ညွှန်း ငွေလဲနှုန်း တွေကို နေ့စဉ်ထုတ်ပြန် ပေးပါတယ် ... '' ဟု ပြောဆို သွားသည်။
ယနေ့ နေ့လည် ပိုင်းတွင် ရန်ကုန်မြို့ရှိ ငွေလဲ စင်တာများမှ အမေရိကန် ဒေါ်လာ ရောင်းဈေး တစ်ဒေါ်လာလျှင် ၁ဝ၁၆ ကျပ်အထိ ရှိပြီး ရွှေဈေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၆၀၅၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။

ခရီးသည်တင်ယာဉ် အရှိန်မထိန်းနိုင်ဘဲ ရေမြောင်းထဲ ထိုးကျ ခြောက်ဦး သေဆုံး
မကွေးတိုင်း ဒေသကြီး ဂန့်ဂေါမြို့နယ် တောင်ခင်ရန်း ရဲကင်း စခန်းမှူး ဒုတိယ
ရဲအုပ် သိန်းဇော်သည် ယမန်နေ့ နံနက် ၆ နာရီ ၄၈ မိနစ်က တာဝန်မှူး တာဝန်
ဆောင်ရွက်နေစဉ် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက်
စစ်ဆေးရာ မြောက်ခင်ရန်း ကျေးရွာနှင့် သင်တောကျေးရွာကြား ဂန့်ဂေါ-ကလေးသွား
ကားလမ်း မိုင်တိုင် အမှတ်(၃၅/ဝ)နှင့် (၃၅/၁)အကြား၌ မြောက်ခင်ရန်းကျေးရွာမှ
စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့သို့ ဈေးဝယ်ရန် ခရီးသည် ၁၂ ဦးခန့်
တင်ဆောင်ပြီး ယာဉ်မောင်း ပါသဲ ၂၇ နှစ် တီအိုကျေးရွာ ထန်တလန်မြို့နယ် နေသူ
မောင်းနှင်သော FOTON အဖြူရောင် ခြောက်ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ
လမ်း၏ဘယ်ဘက် ပေ ၄ဝ ခန့်ရှိ ရေမြောင်းထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့သည်။
ထိုသို့ ယာဉ်တိမ်းမှောက်မှုကြောင့် ပြင်ပဒဏ်ရာများ မတွေ့ရှိဘဲ သေဆုံးသူ သုံးဦး မှာ ဖိုးချက် ၃၈ နှစ်၊ မမိတိုး ၃၆ နှစ် မြိုင်မြို့နယ် ဆိပ်သား ကျေးရွာနေသူနှင့် ခင်ဇော်နိုင် သုံးနှစ် ရွာသစ်ကုန်း ကျေးရွာ ဆိပ်ဖြူမြို့နယ် နေသူ တို့ဖြစ်ကာ ပြင်ပ ဒဏ်ရာများ ရရှိ၍ သေဆုံးသူ သုံးဦးမှာ ဒေါ်ကြည်လင် ၆ဝ နှစ် တောင်ခင်ရန်း ကျေးရွာ ဂန့်ဂေါမြို့နယ် နေသူတွင် ဝဲဘက်နားထင် ဖူးယောင်ဒဏ်ရာ၊ အောင်သူလင်း ၂ဝ နှစ် တောင်ခင်ရန်းကျေးရွာ ဂန့်ဂေါမြို့နယ် နေသူတွင် ယာနားသွေးထွက် ဒဏ်ရာ၊ မခင်ဌေးကြည် ၄၁ နှစ် ရွာသစ်ကုန်း ကျေးရွာ ဆိပ်ဖြူမြို့နယ် နေသူတွင် ယာနားထင် ပေါက်ပြဲဒဏ်ရာ ရရှိကာ သေဆုံးခဲ့ပြီး ကျန်ခရီးသည် ခြောက်ဦးမှာ ဒဏ်ရာ အသီးသီး ရရှိခဲ့သည်။
ထို့ကြောင့် ယာဉ်မောင်း ပါသဲကို ဂန့်ဂေါ မြို့နယ် ကန်နယ်မြေ ရဲစခန်းက ယာဉ် (ပ)၁၅/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈/၃၃၇ အရ အရေးယူ ထားကြောင်း သိရသည်။

စစ်သွေးကြွတွေ နှိပ်စက်ခံရတဲ့ အမျိုးသမီးတွေဘ၀ (ရုပ်/သံ)
IS စစ်သွေးကြွတွေ ဖမ်းဆီးသွားခဲ့တဲ့ ရာနဲ့ချီတဲ့ အမျိုးသမီးတွေဟာ
အဓမ္မပြုကျင့်မှု၊ အတင်းအကျပ် ထိမ်းမြားလက်ထပ်မှု၊ လိင်ကျွန်အဖြစ်
အသုံးချခံခဲ့ရမှုတွေနဲ့ ကြုံခဲ့ရပါတယ်။ ဗွီအိုအေသတင်းထောက် Ayesha Tanzeem
တောင်ကိုရီးယား စစ်သား ၄ ဦး ထောင် နှစ်ရှည် ကျ
တောင်ကိုရီးယား နိုင်ငံမှာ လက်အောက် ငယ်သား စစ်သား တစ်ယောက်ကို လဲကျ
သေဆုံးတဲ့ အထိ ညှဉ်းပမ်း နှိပ်စက် ခဲ့တဲ့ တပ်ကြပ်ကြီး တစ်ယောက်ကို
စစ်ခုံရုံးက ထောင်ဒဏ် ၄၅ နှစ် ချမှတ် လိုက်ပါတယ်။
ဥပဒေ အရ မဖြစ်မနေ စစ်မှုထမ်းရသူ ၂၃ နှစ်အရွယ် တပ်ကြပ် တစ်ယောက် ဖြစ်တဲ့ Yoon Seung-joo ဆိုသူဟာ တစ်လကျော် ကြာအောင် နေ့စဉ် အရိုက် ခံခဲ့ရပြီး သေဆုံး သွားခဲ့တဲ့ အဖြစ်က တောင်ကိုရီးယား တစ်နိုင်ငံ လုံးကို တုန်လှုပ် သွားစေ ခဲ့ပါတယ်။
သူဟာ တစ်လကြာ အစာ မကျွေးဘဲ ထားခံရတဲ့ အပြင် အိပ်ခွင့် လည်း မရခဲ့ပါဘူး။
မတရား အနိုင်ကျင့်မှုမှာ ပါဝင် ပတ်သက် ခဲ့ကြတဲ့ တခြား တပ်ကြပ် ၃ ဦးကိုလည်း ထောင်ဒဏ် ၂၅ နှစ်ကနေ နှစ် ၃၀ အထိ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
ဒီအမှုကြောင့် စစ်တပ်ရဲ့ တင်းကျပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေက တဆင့် မတရား အနိုင်ကျင့်မှု အထိ ရောက်မသွားအောင် ဘယ်လို လုပ်မယ် ဆိုတာ အခြေအတင် ဆွေးနွေးစရာ ဖြစ်လာတယ်လို့ ဆိုးလ်မြို့က

![]() |
| တောင်ကိုရီးယားမှာ ဥပဒေအရ မဖြစ်မနေ စစ်မှုထမ်းကြရ |
အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းပြဿနာ (ရုပ်/သံ)
ကွန်ပြူတာ အဟောင်းတွေ၊ အဆင့်မြင့်လက်ကိုင်ဖုန်းတွေလို e-waste လို့ခေါ်တဲ့
အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းတွေ တောင်ကိုရီးယားနိုင်ငံမှာ တောင်ပုံရာပုံ
ဖြစ်လာနေတဲ့အတွက် ဖြေရှင်းဖို့ ကြိုးစားနေကြပါတယ်။ ဗွီအိုအေ သတင်းထောက်
Jason Strother ရဲ့
ဘူကီနာဖာဆိုတွင် ဒေါသထွက်နေသည့် လူအုပ်ကြီးက ပါလီမန်ကို မီးတင်ရှို့
ဘူကီနာဖာဆိုနိုင်ငံတွင် ဒေါသထွက်နေသည့် လူအုပ်ကြီးက ပါလီမန်ကို မီးတင်ရှို့လိုက်ကြောင်း သိရသည်။
လက်ရှိသမ္မတ Blaise Campaore သည် တိုင်းပြည်ကို အုပ်ချုပ်လျက်ရှိ သည်မှာ ၂၇ နှစ်ရှိနေပြီ ဖြစ်သည်။ ၎င်းအား လာမည့် သမ္မတ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခွင့် ပြုသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ရပ်ကို ပါလီမန်က အတည်ပြုခဲ့ သည့်အတွက် လူအများက စိတ်ဆိုး ဒေါသ ထွက်ကာ ပါလီမန်ကို မီးတင်ရှို့သည် အထိဖြစ်လာရကြောင်း ဘီဘီစီသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
ဆန္ဒပြသူများသည် သမ္မတနန်းတော်သို့လည်း ချီတက်သွားကြပြီး ပင်မလေယာဉ် ကွင်းကြီး တစ်ကွင်း ကိုလည်း ပိတ်ထား လိုက်ကြောင်း သိရသည်။
ဆန္ဒပြပွဲအတွင်း လူငါးဦး သေဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။ အစောပိုင်းကမူ ပါလီမန်သို့ ဆန္ဒပြသူများ ၀င်ရောက်စီးနင်းစဉ် စစ်တပ်က ကျည် အစစ်များဖြင့် ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။
သမ္မတ Blaise Campaore သည် ၁၉၈၇ ခုနှစ်အတွင်း အာဏာသိမ်းချိန်မှစတင် ၍ သမ္မတအဖြစ် တာဝန်ယူခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် မစ္စတာ Campaore မည်သည့်နေရာသို့ရောက်ရှိနေကြောင်း ရှင်းလင်းစွာ မသိရသေးပေ။

Subscribe to:
Posts (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2014
(208)
-
▼
October
(117)
- သွေးလွန်တုတ်ကွေး တိုက်ဖျက်တဲ့ ခြင်တွေကို စေလွတ်ပြီ
- ISIS စစ်သွေးကြွ များအား သုတ်သင်မှုအတွက် တစ်ရက်အသုံး...
- ISIS အဖွဲ့က အသေခံဗုံးခွဲသမားများ နှင့် လူသားတံတိုင...
- အိန္ဒိယ ရထား သံလမ်း ဘေးတွင် ကိုယ်လက် အင်္ဂါ ပြတ်တောက်...
- (၅)လွှာတိုက်ခန်းဝရန်တာ အုတ်ခုံပေါ်တွင်ထိုင်နေသူ အမျု...
- ငွေမည်းဖြင့် အိမ်ခြံမြေ ၀ယ်ယူ ဈေးကစားသည့် အဖွဲ့အစ...
- ဆီရီးယားတွင် ISIS အဖွဲ့က ဆီးရီးယားစစ်ဘက် အကြီးအကဲ ...
- ငွေကြေး ရင်းနှီးမြှုပ်နှံသူများ ဒေါ်လာဘက်သို့ လှည့်လာ
- ခရီးသည်တင်ယာဉ် အရှိန်မထိန်းနိုင်ဘဲ ရေမြောင်းထဲ ထို...
- စစ်သွေးကြွတွေ နှိပ်စက်ခံရတဲ့ အမျိုးသမီးတွေဘ၀ (ရုပ်...
- တောင်ကိုရီးယား စစ်သား ၄ ဦး ထောင် နှစ်ရှည် ကျ
- အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သ...
- အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတ...
- အောက်တိုဘာလ (၃၀)ရက်နေ့ ထုတ် အားကစား မြင်ကွင်း ဂျာန...
- အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် Auto World Journal Vol...
- အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် မြန်မာတိုင်း(မ်) ဂျာနယ...
- နိုဝင်ဘာလ (၁)ရက်နေ့ ထုတ် Netguide Vol. (3) , Issue...
- အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းပြဿနာ (ရုပ်/သံ)
- ဘူကီနာဖာဆိုတွင် ဒေါသထွက်နေသည့် လူအုပ်ကြီးက ပါလီမန်...
- ဘာကီနာဖာဆို နိုင်ငံမှာ အစိုးရ ဖျက်သိမ်းကြောင...
- လွတ်တော်တွင် ကြက်ဆူပင်စီမံကိန်းဆိုင်ရာ မေးခွန်း လယ...
- မြန်မာ့ရုပ်သေးပွဲ ကမ္ဘာ့အလယ်တွင် ပေါ်လွင်ထင်ရှားတင့်တယ်
- စောင့်ဥပဒေအမြန်ဆုံးပြဋ္ဌာန်းနိုင်ရေး လူထုဆန္ဒထုတ်ဖော်...
- အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည...
- သန်းခေါင်ကျော်မှရတဲ့ ခွင့်ပြုမိန့်
- ပုဂံတွင် ကမ္ဘာလှည့်ခရီးသွား စုံတွဲများအတွက် ရိုးရာဓ...
- အစ္စလာမ်ဘာသာဝင်အမျိုးသားတစ်ဦးဗုဒ္ဓဘာသာသို့ကူးပြောင်...
- မော်ကျွန်းတွင် ဓာတ်ကြိုးပြတ်ကျ၍ လေးဦးသေဆုံး
- မိတ္ထီလာ အကျဉ်းထောင်တွင် မူးယစ်တရားခံအား ဧည့်တွေ့လာ...
- ၇ နှစ်သမီးလေးအား ငွေတစ်ထောင်ပေး ဈေးဝယ်ခိုင်းပြီး ...
- ခွင့်ပြုချက်မရဘဲညပိုင်းတွင်ဗလီခိုးပြင်နေတာသက်ဆိုင်...
- ရန်ကုန်ဆေးရုံကြီးတွင် အရေးပေါ်လူနာများကို ဓာတ်ခွဲခန...
- ဓါတ်ကြိုးပြုတ်ကျမှုကြောင့်ဆော့ကစားနေသည့်ကလေးငယ် (၂)...
- နာမည်ကြီးကာ့ဒ်တပ်ဖွဲ့ ဝင်အမျိုးသမီးကိုအိုင်အက်စ်တိ...
- ထောင် ၁၅နှစ် ကျလည်း ကျပါစေ ဟုဆိုကာ သားမယားပြုကျင့်သူ
- လစာနည်းပါးမှုနှင့် လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခ...
- နိုင်ငံ၏အချုပ်အခြာကို မထိပါးရန် အိန္ဒိယနှင့်ဗီယက်နမ...
- ပညာရေးရံပုံငွေ သိန်း ၆၀၀ နီးပါး အလွဲသုံးမှု ပညာရေးဝ...
- ငွေနှင့်ဘဏ်ကတ်များ ခိုးယူခံရကြောင်း ဘဏ်သို့လာရောက်...
- တောင်ကိုရီးယားဇတ်လမ်းတွဲများကြည့်မှု၊ ခြစားမှု တိြု့...
- လူရွှင်တော်မျက်နှာဖုံးစွပ် လက်နက်ကိုင်ဂိုဏ်း ပြင်သစ...
- ကုလလူ့အခွင့်အရေးအစီရင်ခံစာ နိုင်ငံတကာ တုံ့ပြန်ချက်...
- အမေရိကန်မှာ လုံခြုံရေး တိုးမြှင့်
- အာဖဂန် ၃ ဦးလက်ကို ဖြတ်ခဲ့သူ သြစီစစ်သား တရားစွဲခံရ...
- မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ လုပ်ခလစာနည်း
- လူကိုတိုက်မိပြီး ထွက်ပြေးသည့်ကား ရဲတပ်ဖွဲ့က နာရီပိ...
- စစ်တွေတွင် အမျိုးသမီးကြီး တစ်ဦးကို ရေတွင်းထဲ သေဆု...
- ကျပ်ငွေတန်ဖိုး ၂ နှစ်အတွင်း အနိမ့်ဆုံး ဈေးကို ရောက်
- ဒေါ်လာဈေးတွေ တက်ပြီး ကျပ်ဈေးတွေကျ
- တောင်ကြီးမြို့ တန်ဆောင်တိုင် လုံခြုံရေး တင်းကြပ်စွ...
- အင်းစိန်မြို့နယ်တွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပ...
- လေဆာ သွားတိုက်ဆေး Colgate ကုမ္ပဏီက ဝယ်ယူ
- အစ္စရေးတွင် ဇနီး ၂၁ ဦးနှင့်သမီးများအပေါ် လိင်ပိုင်း...
- Black List သတ်မှတ်ခံရသူ တရုတ်နိုင်ငံသား မန္တလေး အပြ...
- ပဟေဠိဆန်ဆန် ပျောက်ဆုံးနေသည့် ကင်ဂျုံအန် အကြောင်းကု...
- နာဆာ အာကာသဒုံးပျံယာဉ် ပျက်ကျ
- သမ္မတနဲ့ကာချုပ်အပါအ၀င် နိုင်ငံရေး ထိပ်သီး ဆွေးနွေးပ...
- မိမိကိုယ်ကိုယ် မီးရှို့မည်ဆိုသည့်သတင်း တိုက်ခိုက်မှု...
- ကော်သူလေးတပ်မတော်ဖွဲ့စည်းရန် ဆုံးဖြတ်
- သီရိလင်္ကာ မြေပြိုမှု လူ ရာချီ ပျောက်ဆုံးနေ
- ည ၁၀ နာရီနောက်ပိုင်း မီးထွန်း၊ သွားလာလျှင် ပစ်ခတ်ခ...
- ISIS ကိုတိုက်ဖို့ အိမ်နီးချင်း ကဒ်တွေအင်အားဖြည့်
- ကိုဘာနီမြို့တိုက်ပွဲများတွင် စစ်ကူပေးရန် ကာ့ဒ်တပ်ဖ...
- မြန်မာလူငယ်နှစ်ဦးကို မျိုးရိုးဗီဇ ထပ်မံစစ်ဆေးဖို့...
- ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ်ခေါင်းဆောင် သေဒဏ်
- အောက်တိုဘာလ (၂၆)ရက်နေ့ ထုတ် Digital Life နည်းပညာဂျ...
- အောက်တိုဘာလ (၃၀)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတ...
- အောက်တိုဘာလ (၃၀)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- အောက်တိုဘာလ (၃၀)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သ...
- ၀မ်ပေါင်ကုမ္ပဏီ မြန်မာပြည်က ထွက်ခွာသွားဖို့ လက်ပံတေ...
- မေဘရဏီသော်က အကောင်းဆုံး ယှဉ်ပြိုင်သွားမယ်လို့ ပြော...
- UNFC အဖွဲ့ဝင် အဖြစ်က ဆက်ရပ်ဆိုင်းထားမယ်လို့ ကေအန်ယ...
- အိမ်ခြံမြေ ဈေးကစားလျှင် အရေးယူမည်
- ပုဒ်မ ၄၃၆ ကိုမပြင်ဘဲ ကာလုံအခန်းကဏ္ဍတိုးမြှင့်ရန် တပ်...
- ဘက်ထရီဖြင့်ရှော့ခ်တိုက် ငါးဖမ်းနေစဉ် ဓာတ်လိုက်၍သေဆုံး
- မြန်မာလူငယ်နှစ်ဦးအမှု ပြန်သုံးသပ်ပေးဖို့ ထိုင်းရှေ...
- အောက်တိုဘာလ (၂၇)ရက်နေ့ ထုတ် Myanmar Times (English...
- အောက်တိုဘာလ (၂၇)ရက်နေ့ ထုတ် The Messenger Vol 5 No 22
- ဆီးရီးယားအစိုးရထိန်းချုပ်ရာ အိုင်းဒလစ်မြို့ကို သူပ...
- လူရွှင်တော်မျက်နှာဖုံးစွပ် လက်နက်ကိုင်ဂိုဏ်း ပြင်သစ...
- အရှေ့ယူကရိန်း ရွေးကောက်ပွဲကို အသိအမှတ်မပြု
- အောက်တိုဘာလ (၂၉)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတ...
- အောက်တိုဘာလ (၂၉)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- အောက်တိုဘာလ (၂၉)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သ...
- တစ်ချိန်က မန္တလေးမြို့ အရုဏ်ဦး
- ရှားပါး ပန်ဒါဝက်ဝံ အနီမျိုး မြန်မာနိုင်ငံမှာ တွေ့ရှိ
- မသေချင်ရင် ၀န်ခံလိုက်ဆိုလို့ ကြောက်လို့ဝန်ခံရပါတယ်...
- ဖမ်းဆီးခံ လူငယ် ၂ ဦး၏ မိဘများ ထိုင်းတရားရုံးချုပ်...
- အိန္ဒိယထောင်ပြေး လွတ်မြောက်လာမှုကြောင့် ထိုင်းနိုင်င...
- အကြမ်းဖက်အန္တရာယ် အခြေအနေ သတင်းထုတ်ပြန်မည်
- UNFC က ထွက်ဖို့ KNU ဆုံးဖြတ်
- မြန်မာနှစ်ဦးရဲ့ ဓာတ်မှန်မှာ သင်္ကာမကင်းစရာ မတွေ့
- လိပ်ကျွန်း ရိုက်နှက်စစ်ဆေးမှု ထိုင်းရဲတပ်ဖွဲ့ ရှင်း...
- သြစီမှာ ခိုလှုံသူတွေကို ပြန်မပို့ဖို့ တောင်းဆိုနေ
- ပြန်ပေးဆွဲခံ နိုင်ဂျီးရီးယားကျောင်းသူများ အတင်းအဓမ...
- မဲဆန္ဒရှင် စါရင်း မှတ်ပုံတင်လုပ်ငန်း စမယ်
- ဆွေးနွေးညှိနှိုင်းမှ ကချင်ပဋိပက္ခ ပြေလည်နိုင်
- အီဘိုလာဖြစ်တဲ့ နိုင်ငံကလူတွေကို သြစီ ဝင်ခွင့်မပေး
- အမျိုးသမီးတွေကို ဘိုကိုဟာရမ်က ရှေ့တန်း ပို့နေ
- ဆေးဝန်ထမ်းတွေကို မခွဲခြားဖို့ ဘန်ကီမွန်းပြော
- တောင်ဒဂုံက လယ်သမားဆန္ဒပြပွဲ (ရုပ်/သံ)
- ရွှေနှင့်ရတနာပစ္စည်းတန်ဖိုး ၃၈၆ သိန်းကျော်ခိုးယူသူမျ...
- လားရှိုးမြို့ တွင် ခရီးသည်တင်ယာဉ်တစ်စီး၏ ယာဉ်ဝန်ထမ...
- အောက်တိုဘာလ (၂၈)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သ...
- အောက်တိုဘာလ (၂၈)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- အောက်တိုဘာလ (၂၈)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတ...
- ငွေကြေးမလုံလောက်၍ စည်ပင်မှ စစ်တွေတွင်အမှိုက်များ ပံ...
- သမ္မတရဲ့ လွှတ်တော်ဖျက်သိမ်းခွင့် ဖွဲ့စည်းပုံပြင်ရေးေ...
- အမေရိကန် သံအမတ် ကချင် ခရီးစဉ်
- ဒေသခံ လူထုရဲ့ အသံနားထောင်ဖို့ အရေးကြီး
- စားထိုးမြေယာ ပြန်မပေးလျှင် တောင်သူများ အခက်ခဲကြုံမည်
- မြန်မာနိုင်ငံသားတဦး မလေးရှားတွင် အသတ်ခံရ
- ရန်ကုန်မြို့တွင် အမျိုးသမီး သီးသန့် ယာဉ်လိုင်း စတင...
- ခိုတောင်းကျွန်းလူသတ်မှု ဗြိတိန်ရဲ စုံစမ်းရေး စတင်
- ကမ္ဘာတိုင်အောင် ကျော်ကြားလာသည့် မြန်မာ့အလှ ရှင်မတော...
- မြန်မာ-အမေရိကန် ထိတွေ့ဆက်ဆံမှု အပြောင်းအလဲ
-
▼
October
(117)