ဆရာကြီး မင်းသိင်္ခ၏ စာအုပ်များ
- မင်းသိင်္ခ စနေမောင်မောင်ပါဝင်သည့်မဟူရာ
- မင်းသိင်္ခ - ပျော်ပါတယ်မောင်ပြည်သိမ်း
- မင်းသိင်္ခ - မြင်းကပါအကျဉ်းသား
- မင်းသိင်္ခ - ဘဝဝင်္ကပါ
- မင်းသိင်္ခ - မြေလျှောက်ဝိဇ္ဇာရွှေမြသာ-၁
- မင်းသိင်္ခ - မြေလျှောက်ဝိဇ္ဇာရွှေမြသာ-၂
- မင်းသိင်္ခ - မြေလျှောက်ဝိဇ္ဇာရွှေမြသာ-၃
- မင်းသိင်္ခ - ပုဏ္ဏားဘကွန်း-၁
- မင်းသိင်္ခ - ပုဏ္ဏားဘကွန်း-၂
- မင်းသိင်္ခ - မတတ်ပါ့
- မင်းသိင်္ခ - မြနန်းနွယ်
- မင်းသိင်္ခ - မြရည်ကံသာ
- မင်းသိင်္ခ - မြိုင်ဟေဝန်
- မင်းသိင်္ခ - မဃဝါဇိတ်
- မင်းသိင်္ခ - မိုးနဲ့မြေ
- မင်းသိင်္ခ - မိုးနှင့်အတူ
- မင်းသိင်္ခ - မနောမယ ကိုပီတာ
- မင်းသိင်္ခ - မနောမယ ထမင်းဝိုင်း
- မင်းသိင်္ခ - မနောမယ မြသက်လည်
- မင်းသိင်္ခ - မအောင်ရင်
- မင်းသိင်္ခ - မင်းနန်သူနှင့်ဂမ္ဘီရလောကဝတ္ထုတိုများ
- မင်းသိင်္ခ - ဖြစ်ချင်တာဖြစ် မောင်ဘချစ် ၁
- မင်းသိင်္ခ - ဖြစ်ချင်တာဖြစ် မောင်ဘချစ် ၂
- မင်းသိင်္ခ - ရာဇဝင်ထဲကလို မင်းသား
- မင်းသိင်္ခ - သူတော်စင်မလေးပုဏ္ဍရိက
- မင်းသိင်္ခ - ပေတလူ
- မင်းသိင်္ခ - ရေမျောကမ်းတင် အောင်ဘဒင်
- မင်းသိင်္ခ - မင်းဘာသိလို့ လဲ
- မင်းသိင်္ခ - ဘဝစာမျက်နှာအပိုင်းအစများ
- မင်းသိင်္ခ - ယတြာများ
- မင်းသိင်္ခ - တားရော့ဟောနည်း
- မင်းသိင်္ခ - တူသောဝတ္ထုတိုများ
- မင်းသိင်္ခ - ဝတ္ထုတိုပေါင်းချုပ် ၃
- မင်းသိင်္ခ - မင်းမေးတိုင်းငါကဖြေရမှာလား
- မင်းသိင်္ခ - မမကြီးနှင့် စာချုပ်တစ်စောင်(ဝတ္ထုတို)
- မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် တပွဲစား ဦးနှော (ဝတ္တုတိုများ)
- မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် ပျားဆွဲမုတ်ဆိတ်
- မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် ဘမျိုးဘိုးတူဘယ်သန်ဘမှန် ၁
- မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် ဘမျိုးဘိုးတူဘယ်သန်ဘမှန် ၂
- မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် မမင်းဖြူ မှန်မှန်ပြော
- မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် မြိုင်မဟာ မမြလေး
- မင်းသိင်္ခ - ဆားပုလင်းနှင်းမောင်နှင့် ပိတုန်းသုံးကောင်
- မင်းသိင်္ခ - ဆားပုလင်းနှင်းမောင်က စိန်ခေါ်ခြင်း
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Showing posts with label ၀တ္ထုတို. Show all posts

Monday, 14 January 2013
ဆရာကြီး မင်းသိင်္ခ၏ စာအုပ်များ
Wednesday, 7 November 2012
ရင်ခွင်ဦး........။
အခန်း ( တစ် )
နာရီကြည့်လိုက်တော့ ညဆယ့်တစ်နာရီခွဲနေပါပြီ... ဒီအချိန် အပျိုအရွယ် မိန်းခလေးတစ်ယောက် အိမ်ပြန်ချိန်ထက် နောက်ကျလွန်းနေပြီ ဖြစ်သော်လည်း ရွှေဝတီ တစ်ယောက်ပြန်မလာသေးပါ...။ စိတ်ပူလှစွာဖြင့် ခေါက်တုန့်ခေါက်ပြန် လျှောက်နေသော ခင်ပွန်းသည် ဦးမင်းဝေကို ဇနီးနွယ်နွယ်ခိုင်တစ်ယောက် စိတ်မသက်မသာ လှမ်းကြည့်ရင်း
"အကိုရယ် အိပ်ပါတော့လား ခိုင်စောင့်လိုက်ပါ့မယ် စိတ်မပူပါနဲ့ သူ့သူငယ်ချင်းမွေးနေ့သွားမယ် အိမ်ပြန်နောက်ကျပါ့မယ်လို့ ပြောထားသားပဲ... ခရီးထွက်ဖို့ မနက်အစောကြီးထရဦးမယ် မဟုတ်လား... သွားအိပ်လိုက်ပါတော့..."
" သမီးလေးကို စိတ်ပူနေလို့ ငါအိပ်လို့ မရဘူးကွာ... အင်း....မိန်းမရေ.. ငါတို့မှာလဲ တစ်ဦးတည်းသော သမီးလေးမို့ ငယ်ငယ်လေးထဲက အလိုလိုက်ခဲ့မိတာ မှားပြီ ထင်ပါတယ်ကွာ.... ပြောလို့လဲမရ ဆုံးမလို့လဲ မရတော့ဘူး... ညနက်သန်းခေါင် သူငယ်ချင်းတွေတရုန်းရုန်းနဲ့ တခါတလေ ဘီယာပါသောက်လာသေးတယ်... အိမ်ပြန်ချိန်ဆိုရင်လဲ ဆယ့်တစ်နာရီမထိုးမချင်းကို မပြန်ဘူးကွာ..ကိုယ့်ဘာသာ မိန်းကလေး ဖြစ်တယ်ဆိုတာကို သတိပြုမိရဲ့လားမသိဘူး.... မင်းဆုံးမဦးနော် မင်းသမီးကို... ငါမပြောချင်ဘူး..."
" အော်... အကိုကလဲ.. လိမ္မာတော့ ငါ့သမီး ငါ့သမီးနဲ မလိမ္မာတော့ ခိုင့်သမီးပေါ့ ဟုတ်လား တရားပါပေ့.... ဟော..ပြောရင်းဆိုရင်းနဲ့ ခြံထဲကားဝင်လာသံကြားတယ် လာပြီထင်ပါရဲ့..."
အော်ဟစ်ဆူညံစွာဖြင့် လာကြပါပြီ... သမီးကိုလိုက်ပို့ကြသော သူမ၏သူငယ်ချင်းများနှင့် တစ်ယောက်တစ်ပေါက် အပြန်လှန် ပြောဆိုနှုတ်ဆက်ရင်းဖြင့် သံဘာဂျာတံခါးကိုဆွဲဖွင့်ပြီး ခုန်ပေါက်ဝင်လာသော ရွှေဝတီ တစ်ယောက် ဧည့်ခန်းထဲတွင် မအိပ်ပဲစောင့်နေကြသော အဖေနှင့် အမေကိုတွေ့လိုက်ရသဖြင့် ရုတ်တရက် ကိုယ်ရှိန်သတ်လိုက်ပြီး
" ဟင့် ဖေနဲ့မေတို့ အခုထိမအိပ်ကြသေးဘူးလား... "
အိမ်ထဲဝင်လာသောသမီးဖြစ်သူ၏ မလုံမခြုံဖြင့် တိုနန့်လှသော အ၀တ်စားများသည် ဖခင်တစ်ယောက်အနေဖြင့် ကြည့်ရှုရန်မသင့်လှသည်မို့ ဦးမင်းဝေတစ်ယောက် မျက်နှာလွဲလိုက်ပြီး
" သမီး.. ဘယ်နှစ်နာရီရှိပြီလဲကွာ... အခုဖေဖေနဲ့ မေမေတို့ သမီးကိုစိတ်ပူလို့ မအိပ်ပဲစောင့်နေတာကွ... ဖေဖေဆို မနက်အစောကြီး အလုပ်ကိစ္စနဲ့ မန္တလေးသွားရဦးမှာ သမီးလည်းသိသားနဲ့ စောစောပြန်လာပါလား အခုသမီးကြောင့် ဖေဖေနဲ့ မေမေတို့လဲ အိပ်ရေးပျက်ခံပြီး စောင့်နေရတယ်။ ပြီးတော့လဲ ငါ့သမီးလေးတစ်ယောက် ဘာများဖြစ်နေလဲ ဆိုပြီးတော့လဲ စိတ်ပူနေရသေးတယ်... ဒီအချိန် အပျိုရွယ်မိန်းကလေး တစ်ယောက်အနေနဲ့လည်း အိမ်ပြန်ချိန် မဟုတ်တော့ဘူး သမီးလေးရဲ့ "
" ဟာ...ဖေကြီးကလဲ... သမီးသူငယ်ချင်း မွေးနေ့သွားမှာမို့ အိမ်ပြန်နဲနဲ နောက်ကျပါ့မယ်လို့ သမီးပြောခဲ့သားပဲဟာ ဖေကြီးက အလကားနေရင်း စိတ်ပူနေတယ်..."
" မဟုတ်သေးဘူး သမီး... ဖေဖေစိတ်ပူနေတာ အလကားစိတ်ပူနေတာမဟုတ်ဘူး.... မိဘဆိုတာ ကိုယ့်သမီးလေး ဘယ်အရွယ်ပဲရောက်ရောက် မျက်စိထဲမှာတော့ တကယ့် ကလေး လေးလိုပဲ မြင်နေတာပေါ့... အဲတာကြောင့် စိတ်ပူတာပေါ့သမီးလေးရ။ မိန်းကလေးဆိုတာ အချိန်နဲ့သွား အချိန်နဲ့ ပြန်ရတယ်... ပြီးတော့ သမီးလေးဝတ်ထားတဲ့ အ၀တ်စားတွေကလဲ တိုလွန်းလှတယ် သမီးလေးရယ်..."
ဖခင်ဖြစ်သူ၏ အပြစ်တင် စကားကြောင့် ရွှေဝတီတစ်ယောက် မျက်နှာမဲ့လိုက်ပြီး
" မေမေ သမီးကို ကြည့်ပါဦး မလှဘူးလားလို့ အဲတာကို ဖေကြီးက သမီးကို အပြစ်တင်နေတယ်... မေမေ... ဖေဖေ့ကို ကြည့်ပြောပါဦး... သမီးငိုလိုက်မှာနော်...."
" အေးပါသမီးလေးရယ်.. မေမေ့သမီး လှပါတယ်.. ကဲကဲ.. သမီးလေးသွားအိပ်တော့ သွားသွား..အကိုလည်း မနက်ဖန် ခရီးထွက်ရဦးမယ်ဆိုတော့ သွားအိပ်ကြပါစို့... သမီးလေးကို မဆူပါနဲ့တော့... သမီးလေး စိတ်ချမ်းသာသလိုသာ နေပါစေ...."
သမီးဖြစ်သူကလဲ အမေ့စကားဆုံးတာနဲ့ အမေ့ပါးကို ရွှတ်ခနဲနမ်းလိုက်ပြီး အဖေဖြစ်သူကို လျှာထုတ်ပြကာ လှစ်ခနဲ အိမ်ပေါ်ထပ်သို. ပြေးတက်သွားပါတော့တယ်
" ကောင်းပါ့ကွာ...ဒီသမီးနဲ့ ဒီအမေကတော့ဖြင့်...အဖေဆုံးမနေတာကို အမေကသမီးဖက်ကနေ အလိုလိုက်နေတယ်... အေး...ကြပ်ကြပ်အလိုလိုက်နော် တစ်နေ့ အခက်တွေ့မှ ကူပါကယ်ပါလို့ မလုပ်နဲ့..."
" သမီးလေးက လိမ္မာပါတယ် အကိုရယ် အဲလောက်မဆိုးပါဘူး..."
" မဟုတ်ဘူး မိန်းမရ ငါပြောတာက သူ့ဘ၀နောင်ရေးအတွက်ပြောနေတာကွ မိန်းကလေးဆိုတာ အိနြေ္ဒရရနေတတ်မှ အဖိုးတန်တာ..."
" အော်.. အဖိုးကြီးကလဲ...ခေက်နောက်ကျနေပြန်ပါပြီ.. အခုက အကိုတို့ ခိုင်တို့ခေတ်ကလိုမဟုတ်တော့ဘူး...သိရဲ့လားရှင့်... လာလာ သွားအိပ်မယ် "
လို့ပြောပြီး လက်ဆွဲပြီး ခေါ်သွားမှ ဦးမင်းဝေတစ်ယောက် စိတ်ပျက်လက်ပျက်ခေါင်းခါလျက် ချစ်ဇနီးခိုင် ဆွဲခေါ်ရာသို့ လိုက်သွားပါတော့သည်။
ဦးမင်းဝေနှင့် ဒေါ်နွယ်နွယ်ခိုင်တို့တွင် အိမ်ထောင်ကျပြီး ဆယ်နှစ်ကျော်မှ ဒီသမီးတစ်ယောက်တည်းသာ ထွန်းကားလာသဖြင့် ချစ်မ၀နိုင်ခဲ့ပေ။ တစ်ဦးတည်းသော သမီးလေး ဖြစ်သည်မို့လည်း အလိုလိုက်ခံထားရသဖြင့် အစွမ်းကုန် နွဲ့ဆိုး ဆိုးနေပါတော့သည်။ အခု တက္ကသိုလ် ဒုတိယနှစ် ရောက်နေပြီဖြစ်သော်လည်း ကလေးတစ်ယောက်လိုပင် နွဲ့ဆိုး ဆိုးနေတုန်း၊ အဖေနှင့် အမေကလည်း သမီးလေး အပျိုရွယ် ဖြစ်နေသော်လည်း ကလေးတစ်ယောက်လိုပင် မျက်စိထဲမှာ မြင်ယောင်နေပြီး သမီးလေး လိုသမျှ ဘာမဆိုအဆင်သင့် လိုက်လျောနေသဖြင့် ရွှေဝတီတစ်ယောက် ဆိုးချင်တိုင်းဆိုးနေပါတော့သည်။
ဦးမင်းဝေ၏ သူငယ်ချင်းများကလည်း ခင်ဗျားသမီးလေး နိုက်ကလပ်တစ်ခုတွင် ယောက်ျားလေးများနှင့် တွဲကနေသည်ကို မြင်လာခဲ့သည်ဟု ပြောသဖြင့် သမီးလေးကို ဆုံးမပြောဆိုသောအခါ မိခင်ဖြစ်သူက သမီးရှေ့မှကာဆီးဟန့်တားနေသောကြောင့် ဦးမင်းဝေမှာလည်း ဇနီးကိုချစ် သည့်စိတ်ဖြင့် အတိုက်ခံမပြောခဲ့တော့ပေ။
××××× ××××× ××××× ××××× ×××××
အခန်း ( နှစ် )
" ၀တီ နင် ဝေဦး ကို ဘာလို့ ရှောင်နေရတာလဲ.... "
နံဘေးမှာထိုင်နေသော သီတာလွင်၏အမေးကြောင့် အအေးငုံ့သောက်နေသော ရွှေဝတီတစ်ယောက် မော်ကြည့်လိုက်ပြီး
" အေးဟာ အခုငါ့စိတ်တွေကို ညို့ယူဖမ်းစား ထားနိုင်တဲ့သူတစ်ယောက်ကို တွေ့ထားတယ်ဟ... "
" ဟင့်... နင်ကတော့လုပ်ပြန်ပြီ ဝေဦးကဘာဖြစ်လို့လဲဟ နင့်အပေါ်သစ္စာမရှိလို့လား "
" မဟုတ်ပါဘူး ဝေဦး ကို ငါတွဲသာ တွဲတာ ငါ့ရင်ကို အခုပြောခဲ့တဲ့လူလောက် မခုန်စေဘူးဟာ.."
" ဟာ.. ဝေဦးသာ ဒီစကား ကြားရင်တော့ တော်တော်ခံစားရမှာ နင်ကလဲ ဘယ်လို ဖြစ်တာလဲဟ တွဲလာတာလည်း တစ်နှစ်လောက် ရှိပြီပဲဟာ "
" ကျွတ်... မိသီတာရယ် တစ်နှစ်လောက်တွဲလာတာနဲ့ တစ်သက်လုံး ချစ်သွားရမှာလားဟ... သွားစမ်းပါ... ခေါက်ထားလိုက်စမ်းပါ... ဒီအကြောင်းမပြောနဲတော့ အခုငါ့ရင်ကို လှုပ်ခတ်ရင်ခုန်စေတတ်တဲ့ သူလေးအကြောင်းကိုပဲ ငါတွေးနေချင်တယ်... "
မျက်နှာချင်းဆိုင်တွင် အအေးထိုင်သောက်နေသော ရီရီလွင်က
" ပြောပါဦး နင့်ရင်ကို ခုန်စေတဲ့ သူလေးက ဘယ်သူလဲ ဆိုတာ... "
" အေးပေါ့... ပြောပြမှာပေါ့.. အဲဒါကို ပြောပြချင်လွန်းလို့ နင်တို့ကို ငါဒီနေရာ ကိုခေါ်လာပြီး တကာခံတာပေါ့ဟ... "
" ဒါဆိုရင်လဲ နင်တကာခံရကျိုးနပ်အောင် ငါတို့စိတ်ညစ်ခံပြီး နားထောင်ပေးပါ့မယ် "
ရွှေဝတီသည် မျက်စောင်း တစ်ချက်ထိုးလိုက်ကာ အအေးတစ်ငုံကို စုပ်ယူသောက်လိုက်ပြီးနောက်
" ငါ့စိတ်ကို ညို့ယူဖမ်းစားတတ်တဲ့ သူဆိုတာက ငါ့ထက် အသက်ဆယ်နှစ်လောက်ကြီးတယ်ဟ... ဆံပင်ကတိုတိုလေး မျက်နှာလေးက ရှင်းသန့်နေတာပဲ ရီလိုက်ရင်လည်း သွားတက်လေးနဲ့ အသားက လတ်လတ် အရပ်မြင့်မြင့်နဲ့ တည်တည်တံ့တံ့ တစ်ဖက်သားအပေါ် နားလည်ကြင်နာတတ်တဲ့၊ သဘောကောင်းတဲ့၊ လူကြီးလူကောင်းပုံလဲ ဆန်တယ်ဟ "
"အဲဒီလူနာမည်က ဘယ်လိုခေါ်လဲ.."
" နာမည်က မိုးထက်မြင့် တဲ့နာမည်နဲ့ လူတော်တော်လိုက်တယ်ဟာ... ဒါပေမယ့် ငါနဲ့ စကားတောင် မပြောဖူးသေးဘူး... "
" ဗုဒ္ဓေါ... ဘုရားရေ.... စကားတောင် မပြောဘူးသေးပဲနဲ့ နင်ကလဲ အဖြစ်သည်းနေလိုက်တာ... အခုပဲ သူ့ကို ပရိုပို့စ် လုပ်ထားသလိုပဲ ဖြစ်နေလိုက်တာ "
သီတာ၏ အံ့သြဝေဖန်စကားမဆုံးခင် ရီလွင်ကပါ
" သီတာပြောတာ ဟုတ်ပါရဲ့ စကားလေးတစ်ခွန်းတောင် ပြောခဲ့ဖူးတဲ့ သူတစ်ယောက် မဟုတ်ပဲနဲ့ နင့်ရင်ကို ဒီလောက်ထိ ဖမ်းစားသွားတယ်ဆိုတာ ဟုတ်ပါ့မလားဟ "
" အာ... နင်တို့မမြင်ဖူးသေးလို့ပါနော်... မြင်ဖူးသွားရင် ငါပြောတာတွေလိုတောင် လိုနေသေးတာပဲလို့ ပြောလိမ့်ဦးမှာ ဟိုသီချင်းမကြားဖူးဘူးလား မြင်မြင်ချင်းပဲ ချစ်မိတယ် ဆိုတာလေ့.... အဲဒီ သီချင်းလေးက ငါသူ့အပေါ်မြင်မြင်ချင်း ဖြစ်လာတဲ့ အချစ်စိတ်ကို ရေးဖွဲ့ထားသလားတောင် ထင်ရတယ်ဟာ.... ငါသူ့အပေါ်ဘယ်လောက်ထိ ရင်ခုန်သလဲဆိုရင် သူသုံးထားတဲ့ ရေမွှေးယနံ့လေးကအစ ရင်ခုန်ပါသတဲ့ ရှင့်... "
" ဒါနဲ့နေစမ်းပါဦး သူကဘယ်ကလဲ... ဘယ်မှာနေတာလဲ.... "
" ငါ့အဖေသူငယ်ချင်းရဲ့သားဟ... တစ်နေ့က အဖေနဲ့ အမေသူတို့အိမ်သွားလည်ကြတာ ငါလည်း တစ်ယောက်တည်း အိမ်မှာကျန်နေခဲ့ရမှာပျင်းနေလို့ လိုက်သွားတာ သူနဲ့ဆုံတွေ့တော့တာပဲ...အမယ်သူကငါ့ကို အဖေကမိတ်ဆက်ပေးလို့ တစ်ချက်ပဲပြုံးပြပြီးတဲ့နောက် လုံးဝကိုမကြည့်တော့ဘူးဗျာ... ဂရုကိုမစိုက်တော့ပဲ အဖေမေတို့နဲ့ပဲ လုပ်ငန်း အကြောင်းတွေ ပြောနေတော့တာ... ငါ့မှာတော့ သူ့ကိုတိတ်တိတ်လေး ခိုးကြည့်ပြီး ရင်ခုန်နေလိုက်ရတာ.... "
" အော်.. ဝေဦးတော့ သွားပြီ.. အသည်းကွဲတော့မှာပဲ.. နင်မရူးစမ်းပါနဲ့ ၀တီရာ နင် ဝေဦးအပေါ် မရက်စက်သင့်ဘူးဟာ.."
" တော်စမ်းပါ သီတာ... ဒီအကြောင်းမပြောနဲ့တော့ ငါမကြားချင်ဘူး နင်ဆက်ပြောနေမယ်ဆိုရင် နင်နဲ့ငါလည်း သူငယ်ချင်း အဖြစ်က ပြတ်စဲသွားလိမ့်မယ် ငါသူနဲ့သာ နီးစပ်ခွင့်ရမယ်ဆိုရင် ဘာမဆိုရင်ဆိုင်ဖို့ အသင့်ပါ... အော်...ငါအရေးကြီးတာတစ်ခု ပြောဖို့မေ့နေတယ် ဒီနေ့ကစပြီး နင်တို့ ငါ့ကို နိုက်ကလပ်တက်ဖို့... မွေးနေ့ပါတီတက်ဖို့... ကုန်ကုန်ပြောမယ်ကွာ ဘယ်ပါတီပွဲမဆို ငါ့ကိုလာမခေါ်နဲတော့.. သူက အဲလို မိန်းကလေးမျိုးကို မကြိုက်ဘူးလို့ သိရတယ်ဟ... ဒါကြောင့် ငါဒီနေ့ကစပြီး သူမကြိုက်တာတွေ အကုန် ပြင်တော့မှာ"
" ဘုရားရေ... ကျားသားမိုးကြိုး... ငါဒီနေ့တော့ နင့်ဆီက စကားအထူးဆန်းတွေပဲ ကြားနေရတော့ပါလား..နင်ဝတီမှ ဟုတ်ရဲ့လားဟယ်.. ငါဖြင့်တစ်ကယ်ကို မယုံနိုင်တော့ဘူးဟာ..."
သီတာစကားဆုံးတာနဲ့ ရီလွင်ကလည်း
" ဟုတ်ပါရဲ့ အနောက်ရပ်ကနေထွက်မယ်ဆိုတဲ့ စကား ကြားလိုက်ရသလိုပဲ တော်တော်အံ့သြနေတယ်... အရင်ကဆို ပါတီတက်ဖို့ဆိုရင် ထိပ်ဆုံးကနေ တက်တက်ကြွကြွနဲ့ ဖြစ်နေတတ်တဲ့သူက အခုဒီစကား ပြောနေတယ်ဆိုတော့ တော်တော်တော့ ထူးဆန်းနေပြီဟာ.... "
ရွှေဝတီတစ်ယောက် ပြုံးလဲ့လဲ့ဖြင့်
" ဟုတ်တယ် နောက်ဆို နင်တို့ ဒီထက်ထူးဆန်းတာတွေ ကြုံရတွေ့ရဦးမယ် သိလား... "
××××× ××××× ××××× ××××× ×××××
အခန်း ( သုံး )
မိုးထက်မြင့်သည် မနေ့က အမှတ်မထင် ဆုံတွေ့ခဲ့ရသည့်၊ ရွှေဝတီ ဟု့ခေါ်သည့် မျက်ဝန်းနက်နက်နှင့် ကောင်မလေးအကြောင်းကို မစဉ်းစားမိပဲနှင့် မနက်အိပ်ယာမှ နိုးသည်နှင့် အတွေးထဲဝင်ရောက်လာခဲ့ပါတော့သည်။ ကျောလယ်လောက် ဖြန့်ချထားသောဆံပင်၊ ရဲဝံ့လှသည့်အကြည့်စူးစူးတို့ ကြည့်တတ်သော တောက်ပရွှန်းလဲ့လှသည့် မျက်ဝန်းနက်နက်လေး၊ မိမိကို မိတ်ဆက်ပေးစဉ်အခါက ပြုံးလိုက်စဉ်ထင်သွားသည့် ပါးချိုင့်ခွက်လေးနှင့် ၀တ်ပုံစားပုံ ခေတ်ဆန် ပွင့်လင်းလွန်းလှသည့် အမူရာဟန်ပန်လေးများ တစ်ခုချင်းစီ အာရုံထဲမှာ ထင်ဟပ် လာခဲ့ပါသည်။
ကျောင်းတက်နေစဉ်နှင့် ကျောင်းပြီးသွား၍ လုပ်ငန်းခွင်ဝင်သည်အထိ မိန်းကလေးများကို စိတ်ဝင်စားမှု့ မရှိပဲ ကင်းကင်းရှင်းရှင်းနေခဲ့သော မိုးထက်မြင့်တစ်ယောက် ဒီမိန်းကလေးနှင့် ကျမှမည်သို့ဖြစ်ပြီး စိတ်ဝင်စားနေမိကို မပြောတတ်ခဲ့ပေ။ ဖေဖေနှင့် မေမေတို့ ပြောစကားအရ နိုက်ကလပ်တက် ယောက်ျားလေးများနှင့် လက်ပွန်းတတီး နေတတ်သည်ဟု့ ကြားသိခဲ့ရသော်လည်း စိတ်ဝင်စားမှု့ကတော့ဖြင့် လျော့မသွားခဲ့ပါ။ ဖေဖေသူငယ်ချင်း ဦးမင်းဝေတို့နှင့် စကားပြောနေစဉ် မသိမသာလေး ခိုးကြည့်မိချိန်၊ သူမမျက်ဝန်း နက်နက်လေးများနှင့် ဆုံလိုက်ရတဲ့တစ်ခဏ၊ တစ်ခါမှမခံစားဖူးသည့် ခံစားမှု့ အသစ်တစ်ခု ရင်မှာဖြစ်တည်လာခဲ့ပါသည်။ သူမကို နောက်တစ်ခါ ပြန်လည်ဆုံတွေချင်သည့် စိတ်ကတားမရ ဆီးမရ ဖြစ်နေခဲ့ပါသည်။
မနေ့က သူမတို့လာစဉ် စက်ရုံမြေပုံတစ်ခု ကျန်နေခဲ့ပါသည်။ နောက်လမ်းကြုံမှ ၀င်ယူပါမည်ဟု့ ဦးမင်းဝေ တစ်ယောက် သူ့အိမ်ရောက်မှ သတိရ၍ဖုန်းဆက် ပြောခဲ့ပြီး ဖြစ်သော်လည်း၊ အကြောင်းရှာ၍ သွားပေးခဲ့မိပါသည်။ မိုးထက်မြင့် အဖေက သားကလည်း လမ်းကြုံဝင်ယူပါ့မယ်လို့ ကိုမင်းဝေ ပြောထားသားပဲ ဘာလို့ သွားပေချင်နေရတာလဲ၊ ဧကန္တ ငါ့သား မရိုးဘူး ထင်တယ်နော်ဟု စနောက်သည်ကို သူ့တစ်ယောက် ထူပူ ရှိန်းဖိန်း ခဲ့ရပါသေးသည်။ ရွှေဝတီတို့ အိမ်သို့ ရောက်သောအခါတွင်လည်း အအေးကမ်းပေးသော သူမလက်နှင့် မတော်တဆ ထိတွေမိသည့် အဖြစ်ကလေးကိုပင် ဆယ်ကျော်သက်တစ်ယောက်လို ရင်ခုန်လှုပ်ရှားခဲ့မိပါသေးသည်။
အိမ်ပြန်လမ်းတစ်လျှောက် ကားမောင်းလာရင်းဖြင့် သူမကိုအချိန်တိုတိုလေးအတွင်းမှာ ဘ၀လက်တွဲဖေါ်အဖြစ် ရင်ခုန်စွာချစ်မြတ်နိုးနေမိသည်မှာ သေချာနေပြီဖြစ်ကြောင်း တွေးတောမိသည်နှင့်အတူ၊ သူမတွင်ရော့ ဘ၀လက်တွဲဖေါ်အဖြစ် ရည်ရွယ်ထားသည့် ချစ်သူများ ရှိနေခဲ့ပြီလားဟု့ တွေးတောပူပန်စိတ်က တားဆီးမရဖြစ်လာမိပြန်သည်။ ကိုယ်တိုင်ဖွင်ဟပြောဖို့ကလည်း မ၀ံ့ရဲသည်မို့ အဖေမေတို့ကို ဖွင်ဟပြောပြီး တောင်းရမ်းလက်ထပ်ယူရန် အကြံဖြစ်ပေါ်လာသဖြင့်၊ အချိန်မဆိုင်းပဲ ညဖက်ထမင်းစားသောက်ပြီး အဖေနှင့် အမေတို့ နှင့်အတူ တီဗွီဇတ်လမ်းကြည့်နေရင်း ပြောသင့် မပြောသင့် ချီတုံချတုံ ဖြစ်နေတုန်း၊ သား၏အရိပ်ကဲကို အမြဲခတ်နေသည့် မေမေက သားလေး ဘာပြောစရာ ရှိလဲ ဟု့ မေးလိုက်သည်နှင့် အတော်ဖြစ်သွား သဖြင့်
"ဟုတ်ကဲ့မေမေ နဲ့ဖေဖေကို သားတစ်ခု ခွင့်တောင်းစရာလေး ရှိနေလို့ပါ"
ခွင့်မတောင်းစဖူး အထူးဆန်းဖြစ်နေသည့် ဖေဖေက ကြည့်လက်စ တီဗွီဇတ်လမ်းကို ပိတ်လိုက်ပြီး ပြုံးစစဖြင့်
" ဟင့်...သားက ခွင့်တောင်းစကားတွေနဲ့ ပလ္လင်ခံနေတယ်ဆိုတော့ အဟဲ ဖေဖေရိပ်မိတယ်နော်... သားဘာပြောမလဲဆိုတာ"
"ဟာ... ဖေဖေကလဲ သားကအစထဲက ပြောဖို့တော်တော်သတ္တိမွေးနေရတာ ဖေဖေအဲလိုနောက်လိုက်တော့ သားမပြောထွက်တော့ဘူး ဖေဖေရာ"
" ဟုတ်သားပဲ ဖေကြီးကလဲ..... ဖေကြီးနှောက်နေတာနဲ့ သားက မပြောထွက်တော့ဘူး.. ကဲ.. သားလေးကရော့ ဘာပြောမှာမို့ အဲလောက် ရှက်နေရတာလဲ... ဒီမိသားစုသုံးယောက်ပဲ ရှိနေတာကို ပွင့်ပွင့်လင်းလင်းပြောပေါ့ သားလေးရ..."
ထိုကခါ ဖေဖေကဆက်၍
" သေချာနေပါပြီကွာ မင်းသား မိန်းမတောင်းခိုင်းနေတာ အဲဒီစကားပဲ ပြောမလို့ မဟုတ်လား သားလေးရ...."
မေမေက အံ့သြဟန်ဖြင့်
" ဟင့်.. ဟုတ်လား သား ဖေဖေပြောတာဟုတ်လား "
" ဟုတ်တယ်မေမေ ဖေဖေပြောသလိုပဲ......"
ယခင်ကတော့ စပ်ပေးသလောက် ခေါင်းခါနေသော သားတော်မောင်တစ်ယောက်၊ အသက်ကလည်း သုံးဆယ်ကျော်လာပြီး ဖြစ်သဖြင့်၊ အချိန်ရှိသရွေ့ သားအိမ်ထောင်ရေးအတွက် စဉ်းစားရွေးချယ်ပေးနေသော ဒေါ်သန္တာတစ်ယောက် အခုမှ သူမဖြစ်စေချင်သည့် ဆန္ဒပြည့်ဝသောကြောင့် အံ့သြပြီးရင်း အံ့သြ ၀မ်းသာစွာဖြင့်
" ပြောစမ်းပါဦးသား လေးရ... သားမေတ္တာ မျှနေသူက ဘယ်သူများလဲ.."
" ဖေဖေ့ သူငယ်ချင်း ဦးမင်းဝေရဲ့ သမီးလေးပါ မေမေ..."
ထိုအခါ မေမေက
" အင်း.... မိဘမျိုးရိုးက ပြောစရာတော့ မရှိပါဘူးလေ့... ဒါပေမယ့် ဒီကလေးမလေးက နဲနဲတော့ ရှုပ်တယ်လို့ မေမေတို့ ကြားနေရတယ်သားလေးရဲ့... "
စဉ်းစားတွေးတောရင်း ငြိမ်သက်နေသော ဖေဖေက သက်ပြင်းတစ်ချက် ချလျက်
" အေးလေ့ သားသဘောကျရင်တော့ ဖေဖေတို့ ငြင်းစရာတော့ မရှိပါဘူး.... ဒါပေမယ့် တစ်ခုတော့ သားသိအောင် ဖေဖေပြောချင်တယ်...
" ဟုတ် ပြောပါဖေဖေ .. သားနားထောင်နေပါတယ်...."
" အိမ်ထောင်မှု့၊ ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး၊ ဤသုံးချက်မပိုင်ရင် နောင်ပြင်ရန် ခက်လတ္တံ ဆိုတဲ့ ရှေးစကားလည်း သားကြားဖူးမှာပါ...သားလည်းဘွဲရပြီး အောင်မြင်နေတဲ့လုပ်ငန်း ရှင်တစ်ယောက် ဖြစ်နေပြီပဲ သားကိုယ်လျှောက်မယ့်လမ်းကို ရွေးချယ်တတ်မှာပါ... ဖေဖေဆိုလိုချင်တာက သား ဒီကလေးမလေးကို တစ်ကယ်လက်ထပ်မယ်ဆိုရင် သူအရင်ကပြု့ခဲ့တဲ့ အပြု့မှုတွေ၊ လုပ်ခဲ့တဲ့အပြစ်တွေ တစ်ကယ်ခွင့်လွတ် နားလည်ပေးနိုင်ရဲ့လားဆိုတာကို... သေချာစဉ်းစားစေချင်တယ်။ ချစ်တာကိုတော့ ဖေဖေအပြစ်မပြောပါဘူး... အချစ်မှာ မျက်စိမရှိဘူးဆိုတဲ့ သဘောကိုလည်း ဖေဖေ နားလည်ပါတယ်... ဒါကြောင့်လည်း သားအမေကို ဖေဖေလက်ထပ်ခဲ့တာပေါ့လေ့.....
" အမယ် ရှင့်စကားက ဘာလဲ... ကျမကပဲ ရုပ်ဆိုးနေသလို ဖြစ်နေပြန်ပြီ.. ရှင်နော် သားရှေ့မှာမို့လို့ ဟွန်း... "
" နောက်တာပါ မိန်းမရာ ငါ့မိန်းမက လှပါတယ်......"
ထိုအခါတွင်မှ ပြုံးယောင်သန်းသွားသည့် အမေ့မျက်နာကို ကြည့်ရင်း၊ မိုးထက်မြင့်တယောက် အဖေနှင့် အမေတို့၏ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာရှိလှသည့် ချစ်မေတ္တာကို လေးစားအားကျကာ၊ ဖေဖေဆက်ပြောလာမည့် စကားကို အာရုံစိုက် နားထောင်နေမိပါသည်။
" ဖေဖေ ပြောချင်တာက သားလေးကို ဘာလို့အဲတာတွေ သေချာစဉ်းစားခိုင်းရသလဲ ဆိုရင်၊ နောင်ပြင်ရန်ခက်တဲ့ အထဲမှာပါတဲ့ အိမ်ထောင်မှု့ ပြု့တာကို အချိန်တိုတိုလေးနဲ့ မစဉ်းစား မဆုံးဖြတ်စေချင်ဘူး.... ကိုယ်ကလွယ်လွယ်ပြု့လိုက်ပြီးမှ နောင်အခါ ကိုယ်ခွင့်မလွတ်နိုင်တဲ့ အပြစ်တွေမြင်လာ၊ သိလာမယ်ဆိုရင် နှစ်ယောက်စလုံးစိတ်ညစ်ရ၊ စိတ်ဆင်းရဲရသလို ဖေဖေမေမေတို့လည်း စိတ်ညစ်ရမယ်သား...၊ နောက်ဆုံး ကုန်ကုန်ပြောရရင် စိတ်သဘောထားခြင်း မတိုက်ဆိုင်လို့ အိမ်ထောင်ရေး ပြိုကွဲ ပျက်စီးပါပြီတဲ့..... ယောက်ျားလေးဖက်က မတောင်းတာလှပေမယ့် မိန်းကလေးဖက်က ဘယ်တော့မှ ပြန်ပြင်လို့မရတဲ့ အမည်းစက်ပဲ သားလေးရ......။ အိမ်ထောင်ပျက်သွားတဲ့ မိန်းကလေးဆိုရင် ဘယ်သူကမှ တန်ဖိုးမထားတော့ဘူးသားရေ... ဖေဖေတို့မှာ သားယောက်ျားလေးတစ်ယောက်တည်း မွေးထားပေမယ့်၊ သမီး ရှင်ဖက်ကို ဖေဖေတို့ ကိုယ်ချင်းစာပါတယ်... အဲဒီတော့ သားလေး ဆန္ဒရှိရင် ဖေဖေတို့ စေစပ်ကြောင်းလမ်းပေးထားမယ်... လက်မထပ်ခင် အချိန်တွင်းမှာ သားက ဒီကလေးမလေးအကြောင်းကို သေချာလေ့လာကြည့်ပြီး... ခွင့်လွတ်နိုင်ပြီးဆိုတာ သေချာမှ လက်ထပ်ဖို့အရေး ဖေဖေတို့ ဆက်ဆွေးနွေး ကြတာပေါ့ ... အဲလောက်ဆို သားလည်း ကျေနပ်မယ်ထင်ပါတယ်... "
ဖေဖေပြောစကားကို ငြိမ်ပြီးနားထောင်နေသော မေမေကလည်း
" ဟုတ်တယ်သားလေးရေ.. သားဖေဖေ ပြောတာ မှန်တယ်... အရင်စေ့စပ်ထားရင် နောင်သဘောထားခြင်း မတိုက်ဆိုင်လို့ ဖျက်သိမ်းရင်လည်း၊ လက်ထပ်ထားတာနဲ့ စာရင်တော့ မဆိုးဘူးပေါ့၊ အဲဒီအချိန်တွင်းမှာ မေမေလည်း လေ့လာ အကဲ့ခတ်ပေးမယ်လေ့ နော်..သားလေး....."
ဖြစ်နိုင်မယ်ဆိုရင် တစ်ခါတည်းလက်ထပ်ပေးဖို့ ပူဆာလိုက်ချင်ပေမယ့် အရင်ကစပ်ပေးသမျှငြင်းဆန်လာခဲ့ပြီး အခုဒီမိန်းကလေးနဲကျမှ ဘယ်လိုဖြစ်သွားတာလဲဟု ထင်မှာစိုးသဖြင့် မိုးထက်မြင့်တစ်ယောက် မိမိဆန္ဒချိုးနိုမ်ကာ
" ဟုတ်ကဲ့ ဖေဖေနဲ့ မေမေ အဲလောက်ဆို သားလည်း စိတ်အေးရပါပြီ၊ ဖေဖေ တို့ ဆန္ဒအတိုင်း သား တစ်လတန်သည် နှစ်လတန်သည် စောင့်ပေးပါ့မယ်.... မရှက်တန်း ၀န်ခံရရင်တော့ သားကတော့ ဘယ်အရာကိုပဲ ဖြစ်ဖြစ် ခွင့်လွတ်နားလည်ပေးပြီး ချစ်နေမိပါပြီ....."
" အဟား.... ဖအေတူသားလေးပဲ သန္တာရေ......."
" ပြောပါရှင့် ပြောပါ... ဒီကဖြင့် ရှင့်ကိုမချစ်ပဲနဲ့ လက်ထပ်ခဲ့တာကိုး........."
" အဟားဟား .... နောက်တာပါ မိန်းမရေ.... မင်းချစ်တာ ငါသိပါတယ်ကွာ...."
အဖေနှင့် အမေတို့၏ ပျော်ရွှင် မှု့နှင့်အတူ မိုးထက်မြင့်၏ ရင်ထဲတွင်လည်း ကြည်နူးမှု့ပီတိ အပြည့်ဖြင့်.....။
××××× ××××× ××××× ××××× ×××××
အခန်း (လေး )
စေ့စပ်ကြောင်းလမ်းမှု့မှာ သတို့သမီးဖက်ကလည်း မငြင်းဆန်ပဲ လက်ခံခဲ့သဖြင့်အောင်မြင်ခဲ့ပါသည်။ မိုးထက်မြင့်၏ ဆန္ဒအတိုင်း မင်္ဂလာလက်ထပ်ပွဲကို လာမည့်လတွင်ပင် လုပ်ရန်ဆုံးဖြတ်ခဲ့ပါသည်။ အခုချိန်တွင် သူတို့လူငယ်ချင်းကလည်း အတော်ပင် ရင်းနှီးနေကြပြီ ဖြစ်ပါသည်။ လက်ထပ်ပွဲ ပြုလုပ်ရန် ရက်ကနီးနေပြီ ဖြစ်သည့်အတွက် ဆီဒိုးနားဟိုတယ်တွင် မင်္ဂလာခန်းမ ဌားရမ်းခြင်း၊ ဖိတ်စာရိုက်ရန် စီစဉ်ရခြင်း၊ လက်ထပ်လက်စွပ် ပန်းတိမ်အပ်ရခြင်း၊ သူတို့ မင်္ဂလာဆောင်ပြီးလျှင် အတူလွတ်လပ်စွာနေနိုင်ရန်အတွက် ဘောက်ထော်ဖက်တွင် အိမ်လေး တစ်လုံးကို သတိုးသားဖက်မှ ၀ယ်ပေးခြင်း၊ သတိုးသမီးဖက်မှလည်း အိမ်အတွက်လိုအပ်သော ပရိဘောဂ၊ လက်ဝတ်ရတနာများ စီစဉ်ပေးခြင်းဖြင့် မအားလပ် နိုင်ခဲ့ပေ။
သမီးရွှေဝတီနှင့် သားမိုးထက်မြင့်တို့မှာလည်း လာမည့်မင်္ဂလာပွဲအတွက် ရင်ခုန်ကြည်နူးမှု့ အပြည့်ဖြင့် ပီတိဝေဖြာနေခဲ့ ပါတော့သည်။ ထိုကဲ့သို့ အနာဂတ်အရေး ကြိုတင်တွေးပြီး ပျော်ရွှင်နေတုန်း စိတ်အနှောက်ယှက်ဖြစ်စရာတစ်ခု ရွှေဝတီ တွင် ကြုံလာခဲ့ရပေတော့သည်။ ထိုအဖြစ်ပျက်မှာ တခြားမဟုတ်ပေ သူနှင့် ချစ်ကြိုက်ခဲ့ဖူးသည့်ဝေဦးထံမှ ထိုနေ့ ညရှစ်နာရီ အရင်ဆုံနေကျ ကေတီဗွီ ဆိုင်သို့ အရောက်လာရန်နှင့် မလာဖြစ်ပါက သူမဘ၀ နောင်အနာဂတ်မှာ နောင်တရစရာတွေ ကြုံတွေ့နိုင်သည်မို့ ဖြစ်အောင်လာခဲ့ပါရန် ဖုန်းဆက်လာခဲ့ပါသည်။
××××× ××××× ××××× ××××× ×××××
အခန်း ( ငါး )
ညရှစ်နာရီထိုးရန် ဆယ်မီနှစ်လောက် လိုတာနှင့် ရွှေဝတီ တစ်ယောက် ဂျင်းပင်အရှည်နှင့် ဂျင်းဂျာကင်တစ်တည် ကောက်စွပ်လိုက်ပြီး မိမိတစ်ယောက်တည်း ဝေဦး ချိန်းသည့်ကေတီဗွီ ဆိုင်သို့ရောက်လာခဲ့ပါသည်။ အခန်းတွင်းဝင်လိုက်တာနဲ့ ဆူညံသော ဆောင်းဘောက်သံနဲ့အတူ အရက်နံ့ကမွှန်ထူနေပါတော့သည်။ ဝေဦးတစ်ယောက် အရက်မူးနေသည့် အာလေးလျှာလေး အသံဖြင့်
" အော်... အချစ်ဟောင်းကြီး... လာခဲ့သေးတယ်နော်.. ဟားဟား ဒီလိုဆိုတော့လဲ ကိုဦးကို ချစ်သေးတယ်ပေါ့လေ့...ဟုတ်လား..."
" ဒီမှာဝေဦး.....ငါလာတာ နင်နဲ့ ရှည်ရှည်ဝေးဝေးတွေ ဘာမှမပြောချင်ဘူး လိုရင်းကိုပဲ ပြောမယ် အခုဘာကိစ္စနဲ့ ငါ့ကိုဒီခေါ်ရတာလဲ..."
" သြော်...သြော်... လေသံတွေက တော်တော်ပြောင်းလဲနေပြီပဲ...အေးပေါ့လေ့.... တစ်ဦးတည်းသောသူဌေးသားရဲ့ တရားဝင်ဇနီးမယား ဖြစ်တော့မှာဆိုတော့ ဒီလိုလေသံပြောင်းလဲသွားတာ မဆန်းပါဘူး.... ရပါတယ် ငါကလဲ ဒီလို လေသံပြောင်းလဲသွားတာပဲ ကြိုက်တယ် မဟုတ်ရင် အရောင်းဝယ်လုပ်ရတာ အရင်တွယ်ခဲ့ဖူးတဲ့ သံယောဇဉ်တွေနဲ့ မျက်နှာတွေထောက်နေရဦးမယ်..."
ရွှေဝတီတစ်ယောက် အရောင်းဝယ်ဆိုသည့် စကားကြားလိုက်ရ၍ အံ့သြလှစွာဖြင့်
" ဟင့်.... အရောင်းဝယ်... နင်နဲ့ငါကြားမှာ ဘာအရောင်းဝယ်လုပ်ရမှာလဲ..... နင်နော်အရေမရ အဖတ်မရစကားတွေ မူးမူးနဲ့ ပြောမနေနဲ့ ဒီလိုဆို ငါပြန်တော့မယ်...."
" ဟဟ.... ဆန္ဒတွေမစောပါနဲ့ ဒေါ်ရွှေဝတီရယ်.... အရင်ကဆို ညဆယ့်တစ်နာရီလောက်ထိ ဒီအခန်းထဲမှာ နင်နဲ့ငါ ပျော်နေကြပဲလေ့ အခုတော့... ပြန်တော့မယ်တဲ့လား အစောကြီး ရှိပါသေးတယ်... ထိုင်ပါဦး အေးဆေးပေါ့...."
ရွှေဝတီတစ်ယောက် မရှည်သောစိတ်ကို ထိန်းချုပ်ပြီး ထိုင်နေကျ နှစ်ယောက်ထိုင် ဆိုဖါခုံရှည် လေးပေါ်မှာ အသာထိုင်လိုက်ကာ....
" ကဲ... လိုရင်းကို ပြောဖို့ ငါတောင်းပန်ပါတယ် ဝေဦးရာ...."
" အိုးကေ... ငါမပြောခင်နင့်ရှေ့ကစားပွဲပေါ်မှာ တင်ထားတဲ့ လက်ပတော့ထဲက ဗီဒီယိုဖွိုင်လေးကို အရင်ဖွင့်ကြည်.လိုက်ပါဦး..... ပြီးမှလိုရင်းကို ဆွေးနွေးကြတာပေါ့...."
မိမိရှေ့ကျောက်စားပွဲပုလေးပေါ်မှာ တင်ထားသည့် လက်တော့ပ်ကို ဖွင့်ကြည့်လိုက်သည့်အခါ စကရင်ပေါ်မှာ မြင်လိုက်ရတဲ့ မြင်ကွင်းက ရွှေဝတီတစ်ယောက် မယုံကြည်နိုင်လောက်အောင် အံ့သြခြင်း၊ ရှက်ရွံ့ခြင်း၊ ဒေါသထွက်ခြင်းတို့ တစ်ပြိုင်နက်တည်း စု့ပြုံခံစားလိုက်ရပြီး၊ ရှေ့မှာရပ်နေသော ဝေဦးမျက်နှာဆီသို. လက်ပတော့ဖြင့်
" ဟင့်... အယုတ်တမာကောင် နင့်မှာ နှမခြင်း ကိုယ်ခြင်းစာစိတ်မရှိဘူးလား ခွေးတိရိဆ္တန်ကောင်ရဲ့ "
ဟု့ပြောပြီး ပစ်ပေါက်လိုက်ကာ ရှိုက်ကြီးတငင် ငိုကြွေးပါတော့သည်။ မှားပြီအဖေနဲ့အမေရယ် သမီးမှားပါပြီ... ဖေဖေနဲ့မေမေ စကားကို နားမထောင်ပဲ တင်ရာစိုင်းခဲ့မိတဲ့ အဖြစ်၊ အခုသမီးကောင်းကောင်းကြီး ခံစားနေရပါပြီ အဖေရယ်... အဖေပြောခဲ့တဲ့ သမီးနောင်ရေး အခက်တွေ့မယ်ဆို... အခု သမီးဒုက္ခကောင်းကောင်းရောက်ပါပြီ... ကိုကိုသာ သိရင်တော့ သမီးဘ၀ မြောင်းထဲရောက်ပါပြီ... ဒီထက်ဆိုးတာက ကိုကိုမုန်းသွားမှာ အကြောက်ဆုံးပါ... နီးရဖို့ လက်တစ်ကမ်းလိုတဲ့ အချိန်ရောက်မှ သမီးမစဉ်းစား မဆင်ချင်မိတဲ့၊ အနောက်တိုင်းယဉ်ကျေးမှု့ကို အဟုတ်ထင်ပြီးတော့ အတု့ယူမှားခဲ့မိတဲ့ ဖြစ်တွေက သမီးတို့နှစ်ယောက်ကို ဝေးရအောင် ဖန်တီးလာတော့မယ် ဖေဖေရယ်... သမီးတို့ မြန်မာယောက်ျားလေးတွေဟာ သူတို့ကိုယ် သူတို့ တစ်ခြားမိန်းကလေးတွေနဲ့ ဘယ်လောက်ပဲ ရှုပ်ရှုပ် သူတို့ယူမယ့် မိန်းကလေးကို အပျိုစင်လေးပဲ ဖြစ်စေချင်ကြတာ သမီးသိလိုက်ရပါပြီ ဖေဖေရယ်...ဟု ရွှေဝတီတစ်ယောက်စိတ်ထဲတွင် သူမ၏ အဖေကိုတိုင်တည်ပြီး ငိုနေပါတော့သည်။
"ငိုပါ... အားရအောင်ငိုပါ... အခုနင်ခံစားခဲ့ရသလို ငါလဲနင်ရက်စက်ခဲ့တဲ့ အချိန်တုန်းက ခံစားခဲ့ရပြီးပြီ... ကဲ.. အခုနင်နဲ့ငါဆွေးနွေးကြရအောင် တစ်ကယ်လို့သာ ငါဟာ ဒီ ဗီဒီယိုဖွိုင်ကို အခုနင်ယူမယ့် နင့်ခင်ပွန်းလောင်းဆီ ပို့လိုက်မယ်ဆိုရင် နင်ဘယ်လိုဖြစ်သွားမလဲဆိုတာ သိတယ်နော်... အဲဒီတော့ နင်နဲ့ငါ အပေးယူတစ်ခုလုပ်ကြမယ်.... "
ဝေဦးစကားမဆုံးခင် ရွှေဝတီတစ်ယောက် တုန်လှုပ်ခြောက်ခြားလှစွာဖြင့်
" နင်...နင်..ဘာလိုလဲ.. ငါဘာလုပ်ပေးရမလဲ မြန်မြန်ပြော..."
" သိန်းတစ်ရာပေးပါ.... ငါအခုငွေအရမ်းလိုနေတယ်... အရင်မိန်းကလေးနှစ်ယောက်ဆီကလဲ ငါအခုလိုမျိုး ငွေညစ်ပြီးပြီ.. အခုနင့်အလှည့်ပေါ့....."
" ထွီ....ယုတ်မှာပက်စက်လိုက်တဲ့ အကြံပါလား...ယောက်ျားဖြစ်ပြီးတော့ နင်တော်တော်အောက်တန်းကျပါလား...ပိုင်းလုံးကောင်ရဲ့ ငါ့တစ်ယောက်ထဲကိုတောင် မဟုတ်ဘူး တစ်ခြားမိန်းကလေးတွေပါ နင်က ရှုပ်လိုက်သေးတယ် နင့်ကိုငါတော်တော်ရွံသွားပြီ သိလား.... နင်နဲ့ပတ်သက်ခဲ့ဖူးတဲ့ ငါ့ကိုယ်ငါတောင် တော်တော်ရွံသွားပြီ... ဇကောလောက်မှဇောက်မနက်တဲ့ အကြံသမား၊ အခွင့်ရေးသမား၊ လူယုတ်မာကောင်ရဲ့......"
" ပြောပါ... နင်အားရအောင်ပြောပါ... နင်ပြောတာတွေက ငါ့အဖို့ ပန်းနဲ့ ပေါက်တာလောက်ပဲ ခံစားရပါတယ်..အခုငါ အရမ်းလိုနေတာကငွေပဲဟ... နင်ပေးမလား မပေးဘူးလား ဒါပဲငါသိချင်တယ်..."
" နင့်လိုလူကိုငါလွယ်လွယ်နဲ့ မပေးနိုင်ဘူး ကတိတခုတောင်းရမယ်... ဒီသိန်းတစ်ရာနဲ့ နင်ရပ်မလား နောက်မတောင်းတော့ပါဘူးလို. နင်ကတိပေးနိုင်မလား..."
" အဟဲ...ဒါကတော့ဟာ... နင့်လိုသူဌေးသမီးတစ်ယောက်ကို လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ သူတစ်ယောက်အနေနဲ့ ဒီသိန်းတစ်ရာလောက်နဲ့တော့ မကျေနပ်နိုင်ဘူး... နောက် ငါလိုအပ်လာတဲ့အခါ ငါထပ်တောင်းသင့်ရင် တောင်းရမှာပေါ့..... ဒါမှမဟုတ်ရင် နင်ငါ့ကို လက်ထပ်လိုက်လေ့...."
" ဟားဟား လို့ရီလိုက်ချင်တော့တယ်...ဝေဦးရယ်.. နင့်လိုလူယုတ်မာတစ်ယောက်ကို လက်ထပ်မဲ့အစား ငါအသေခံလိုက်မယ် နားလည်လား... နင့်ပါးစပ်မို့ ဒီစကားပြောထွက်တယ်...."
" နင်တော်တော်ရက်စက်တယ် ၀တီရယ်... ငါတွေ့ဖူးသမျှ မိန်းကလေးတွေထဲမှာ နင့်တစ်ယောက် စွဲမက်စရာအကောင်းဆုံးပါပဲ... နင့်ကိုငါ တကယ် ချစ်တာပါ.. ငါနင့်ကို မခွဲနိုင်ပါဘူး...."
ပြောပြောဆိုဆိုဖြင့် ဝေဦးသည် ရွှေဝတီအနားသို့ တိုးကပ်လာပြီး ဖက်လိုက်ရာ ကျားနာမလေးအသွင်သို့ ကူးပြောင်းနေပြီ ဖြစ်သော ရွှေဝတီတစ်ယောက် အားကုန်ဆောင့်တွန်းလိုက်သဖြင့် အမူးလွန်နေပြီဖြစ်သည့် ဝေဦးတစ်ယောက် သူ့ကိုယ်သူ မထိန်းနိုင်တော့ပဲ နောက်ပြန်လှန်ကျသွားပြီး သူ့အနောက်တွင်ရှိသော ကျောက်စားပွဲစွန်းနှင့် နောက်စေ့ ခွပ်ခနဲမြည်အောင် ဆောင့်လိုက်ပါတော့သည်။
ရုတ်တရက်မို့ ရွှေဝတီတစ်ယောက် မျက်စိရှေ့မှာ မမျှော်လင့်ပဲ ဖြစ်သွားသော အဖြစ်ပျက်ကို အတန်ကြာကြောင်ငေးကြည်. နေမိပါတော့သည်။ နောက်စေ့ဆောင့်မိသော ဒဏ်ရာမှသွေးများ တစ်ဖြည်းဖြည်း အိုင်ထွန်းလာပြီ သွေးအိုင်ထဲမှာ မလှုပ်မယှက် ငြိမ်သက်သွားသော ဝေဦးကို ကြည့်ရင်း တုန်လှုပ်ခြောက်ခြားမှု့နှင့်အတူ စိုးရိမ်ထိတ်လန့်လာကာ အသံကုန် အော်လိုက်ပါတော့သည်။ ဆူညံစွာဖွင့်ထားသော ဆောင်ဘောက်အသံ နှင့် အသံလုံခန်းဖြစ်နေသည်မို့ အပြင်မှလူများ မကြားနိုင်သည်ကို သတိရကာ အခန်းတံခါး ဆွဲဖွင့်လိုက်ပြီး အပြင်မှ လူများကို ဟစ်အော် အကူညီတောင်းမိပါတော့သည်။
××××× ××××× ×××× ×××× ××××
အခန်း ( ခြောက် )
( ဇတ်သိမ်းပိုင်း )
ထိုနေ့သည် ရွှေဝတီကို အမိန့်ချမှတ်မည့် ရက်ဖြစ်သည်မို့၊ အသက်ငယ်ငယ်ချောချော ကောင်မလေးတစ်ယောက်၏ လူသတ်မှု့ကို စိတ်ဝင်တစား လာရောက်နားထောင်သူတွေဖြင့် တရားရုံးထဲတွင် ပြည့်လျှံနေပါတော့သည်။ တရားခံဝက်ခြံလေးထဲမှာတော့ ညိုးငယ်လှစွာဖြင့် ရပ်နေသည့် ချစ်သူရွှေဝတီကို ကြည့်ရင် မိုးထက်မြင့်၏ ရင်ထဲတွင် သနားဂရုဏာစိတ်များ တစိမ့်စိမ့်ယိုစီး နေမိပါတော့သည်။ အရင်ကဖြစ်ခဲ့သမျှ အရာအားလုံးကိုခွင့်လွှတ်နားလည်စွာဖြင့် သူမအပေါ် တစ်သက်တွင် တစ်ခါမှမဖြစ်ပေါ်ခဲ့ဖူးသည့်အချစ်များစွာဖြင့် ချစ်မြတ်နိုးမိခဲ့ပါသည်။
တရားသူကြီးမင်းသည် နောက်မှီမြင့်မြင့် ကုလားထိုင်ကြီးပေါ်တွင် ထိုင်ကာ သစ်သားတူလေးဖြင့် ထုလိုက်ရာ တီးတိုးပြောဆိုနေကြသည့် ပုရိတ်သတ်များသည် မီးကို ရေနှင့်ဖြန်းလိုက်သကဲ့သို့ တိတ်ဆိတ် ငြိမ်သက်သွားပါတော့သည်။ ၀က်ခြံလေးထဲတွင်ရှိနေသော တရာခံကို တစ်ချက်မျက်လွှာပင့်ကြည့်လိုက်ပြီး တရားလိုနှင့် တရားခံ ရှေ့နေများ၏ လျှောက်လှဲချက်များကို ခြုံငုံသုံးသပ်ပြောဆိုသွားကာ နောက်ဆုံး အမိန့်ချမှတ်ပါတော့သည်.......
" အမိန့် "
"တရာခံ ဒေါ်ရွှေဝတီသည် ယောက်ျားတစ်ဦး၏ အလိုမတူပဲ အနိုင်ထက်ပြု့မူ ခြင်းအပေါ် ခုခံကာကွယ်ခြင်း၊ ကြိုတင်ကြံစည်မှု့မရှိပဲ သေဆုံးသူအပေါ် သေစေရန်မရည်ရွယ်ပဲ မတော်တဆဖြစ်သွားခြင်း၊ ယခင်ပြစ်မှု.ကင်းရှင်းခြင်း အစရှိသည်တို့ကြောင့် အလုပ်နှင့် ထောင်ဒဏ် သုံးနှစ်ကျခံစေရမည်၊ ချုပ်ရက်များကို ထုတ်နှုတ်ခံစားခွင့် ရှိသည်"
အမိန့်ချမှတ်သံ အဆုံးတွင် ရွှေဝတီတစ်ယောက် မျက်ရည်ပေါက်ပေါက် ကျလာပါတော့သည်။ စီးကျလာသည့် မျက်ရည်များကို လက်ထိပ်ခတ်ထားသည့်လက်အစုံဖြင့် ပွတ်သပ်ပြစ်လိုက်ပါသည်။ ၀မ်းနည်းလှစွာ ငိုကြွေးနေသည့်မေမေ၊ သမီးလေး၏အဖြစ်ကို စိတ်ထိခိုက်လှစွာဖြင့် မေးကြောကြီးများ ထောင်နေအောင် အံကြိတ်ပြီး စိတ်တင်းနေရသော ဖေဖေ တို့အဖြစ်ကို မြင်ရသောအခါ စိတ်တို့က ထိန်းမရအောင်ဝမ်းနည်း ပူဆွေးမိပြန်သည်။ ကိုကိုရဲ့မေမေကလည်း
" သမီးလေး ဖြစ်ပြီး ခဲ့တာတွေကို တွေးပြီး စိတ်မကောင်းမဖြစ်ပါနဲနော်...သမီးလေး လွတ်မြှောက်လာတဲ့တနေ့ကျရင် သမီးလေးတို့မင်္ဂလာပွဲကို ပြန်လည်ကျင်းပပေးမယ်နော်.."
" ညီမလေး ၀တီ.....ညီမလေး အရင်က ဖြစ်ခဲ့တာတွေ ကိုကိုအားလုံးသိပြီးပါပြီ။ အားလုံးကိုခွင့်လွတ်နားလည်ပေးလို့လည်း ကိုကိုညီမလေးကို လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တာပေါ့....။ ဒါပေမယ့်..အခုတော့စိတ်မကောင်းဖြစ်ရမယ့်ဟာတွေ ဘာမှမတွေးနဲ့တော့နော် သုံးနှစ်ဆိုတဲ့အချိန်ဟာ ဘာမှမကြာပါဘူး။ ကိုကိုသစ္စာရှိရှိနဲညီမလေးကိုစောင့်နေမှာပါ... ညီမလေးထောင်ကလွတ်လာတာနဲ့ ညီမလေးရဲ့ဘ၀အနာဂတ် စိတ်ညစ်စရာတွေလုံးဝမရှိတော့ပဲနဲ့ ပျော်ရွှင်စရာတွေပဲ ကြုံတွေရတော့မှာပါ... ကိုကိုတစ်သက်လုံး ညီမလေးအပေါ် ခွင့်လွတ်နားလည် ကြင်နာစွာနဲ့ချစ်သွားဖို့ ကိုကိုရဲ့ ဟောဒီရင်ခွင်ဦးကနေစောင်ကြိုနေမယ်နော်....။
သဘောထားကြီးလွန်းလှတဲ့ ကိုကိုရဲ့ အချစ်ကို ရွှေဝတီ တကယ်ပင်လေးစားမိခဲ့ပါသည်။ ကိုကိုဒီအကြောင်းတွေ သိပြီးပြီဆိုတာကို ရွှေဝတီတစ်ယောက် အစကကြိုသိခဲ့ရင် ဒီလိုအဖြစ်ဆိုးထိရောက်ခဲ့မှာ မဟုတ်ဟု့ ရွှေဝတီတစ်ယောက် တွေးမိကာ ၀မ်းနည်းစွားဖြင့် ငိုကြွေးမိပါသည်။ ဒါပေမယ့်လည်း နောင်တွင်မိမိလိုအဖြစ်ဆိုးတွေကို တခြားမိန်းကလေးတွေ မကြုံတွေ့စေရန်အတွက် ဒီလူယုတ်မာ၏ ဘ၀နှင့် မိမိအချိန်သုံးနှစ်ကို လဲလိုက်ရသည့် အဖြစ်ကိုမူ ရွှေဝတီကျေနပ်မိပါသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် မိမိပြု့ခဲ့သည့်အဖြစ်တွေ အားလုံးခွင့်လွှတ်နားလည်ပေးပြီး မိမိအပေါ် ချစ်ခင်မြတ်နိုးလှစွာဖြင့် စောင့်ကြိုနေမည့်ကိုကိုရင်ခွင်ထဲမှာ အမြန်ဆုံးခိုလှုံခွင့် ရနိုင်ပါစေလို့ရွှေဝတီတစ်ယောက် ဆု့တောင်းရင်းဖြင့်........။

Friday, 19 October 2012
***ကျနော့်ရည်းစား သူများချစ်သူ***
ဟိုင်း ဟိုင်းတဲ့ ကျနော် အင်တာနက်လေးဖွင့်လိုက်တော့ ကျနော်ကလဲ ဟိုင်းပါ နုတ်ဆက်လိုက်ပါတယ်
သူက ခင်လို့ရလားတဲ့- ကျနော်က ရပါတယ် ယူကဘယ်ကလဲ မေးတော့ သူက ရန်ကုန်ကပါတဲ့၊ ဒီလိုနဲ့စကားတွေ
ပြောဖြစ်ကြတယ်၊ သူ့က ဟိုင်း နေအုံး အပြင်မှာ ဖုန်းနဲ့ပြောမယ်တဲ့ ကျနော်က အိမ်မှာဖုန်းရှိလားလို့မေးတော့
အိမ်မှာ ဟုတ်ဘူး အိမ်နဲ့နီးနီးလေးတဲ့ ဖုန်းဆိုင်က ကျနော် ချက်ခန်းကနေသူ့အိမ်ကိုသွားအိမ်လေးမှာလက်ဆောင်လေး
ပေးခဲ့ကြောင်းပြောပြတော့ သူက လက်ဆောင်လေးတွေအရမ်းသဘောကျတာပဲ တဲ့ နောက်လဲပို့ပေးအုံးနော် တဲ့
သိပ်မကြာလိုက်ဘူးလေ ဖုန်းလာတယ် ဖုန်းကိုင်လိုက်တော့ ကျနော့်အကြောင်းကိုမေးတယ် နာမည်ဘယ်လိုခေါ်လဲတဲ့
ကျနော် က နွေနှင်းမောင်ပါလို့ပြော သူက ဟယ် မိန်းမနာမည်ကြီးတဲ့လေး ကျနော်က ဟုတ်ဘူး ယောကျာ်းနာမည်ပါပေါ့
ဘယ်သူပေးထားလဲ မေးတော့ ကျနော်က ဖေဖေက တက္ကသိုလ်ဘုန်းနိုင်ရဲ့ဝတ္ထုတွေဖတ်တယ်လေ ဘယ်စာအုပ်လဲတော့
မသိတော့ဘူး အဲ့ဒီစာအုပ်ထဲမှာ ဇာတ်လိုက်နာမည်က နွေနှင်းမောင်တဲ့ အဲ့ဒီနာမည်ကြိုက်လို့ပေးထားတာလို့ပြောတော့
သူက အော် ထားပါတော့တဲ့၊ အလုပ်အကြောင်းရော အကုန်လု့းံပြောပြလိုက်တယ် သူ့ကိုလဲ မေးလိုက်တောသူက
နယ်ကပါတဲ့ ရန်ကုန်မှာ အလုပ်လုပ်နေတာတဲ့လေ မိဘအကြောင်းတွေ မောင်နှမဘယ်နှစ်ယောက်ရှိတယ်ဆိုတာက အစ
အကုန်ပြောပြတယ်၊ နာမည်က ....တဲ့၊
နောက်တစ်နေ့မှာဖုန်းဆက်ခဲ့တယ် ဘယ်သူလဲ ..လားလို့မေးတော့ ဟုတ်ဘူး ညီမပါတဲ့ ..ရဲ့ညီမတဲ့
ကျနော် လဲ နှစ်ယောက်မှန်းမသိဘူးလေ ဒီတော့ နည်းနည်းတွေဝေသွားတယ်၊ ဓာတ်ပုံပြပါလားလို့မေးတော့ ဆိုဒ်ထဲဘယ်သူ့
အိမ်မှာရှိတယ် နှစ်ယောက်တွဲ နောက်ကဟာတဲ့ အသားဖြူဖြူ ဆံပင်တိုတို နီနီ အရပ်က 5ပေ 4လက်မတဲ့၊ ကျနော် သွားကြည့်
လိုက်ပါတယ် ဟုတ်တယ် သူပြောတဲ့အတိုင်းပါပဲ နောက်တစ်နေ့မှာဖုန်းဆက်ခဲ့ပြန်တယ် ခုဘယ်သူလဲ မေးတော့ ..
လေတဲ့ မနေ့ကဖုန်းဆက်သေးလားလို့မေးတော့ ဆက်ပါဘူးတဲ့ ကျနော်က ဆက်တယ်နော် ...ဟုတ်ဘူးလားလို့မေးတော့
ဟုတ်ဘူး ....နေမှာတဲ့ သူက ညီမညီမလို့သုံးတယ်မလားတဲ့၊ ကျနော် က နင့်ညီမလားလို့မေးတော့ ညီမကော ရှိတယ်မလား
လို့မေးတော့ သူက ညီမရှိတယ်တဲ့ နယ်မှာနေတာ အင်တာနက်သုံးတတ်ဘူးလေတဲ့ မနေ့ကဟာက သူ...နေမှာတဲ့အဲ့ဒါ သူ့
သူငယ်ချင်း သူ့ကိုအကောင့်ဖွင့်ပေးတဲ့သူတဲ့ နာမည်က.....တဲ့ ဒါနဲ့သူတို့က နှစ်ယောက်ဆိုတာသိလိုက်ရတယ်၊
ဒီလိုနဲ့ နောက်တစ်ယောက်က ဘယ်တော့မှာ ဖုန်းမဆက်ခဲ့တော့ဘူး သူနဲ့နေ့တိုင်းလိုလိုဖုန်းပြောဖြစ်ကြခဲ့တယ်
နောက်ပိုင်းဖုန်းပြောရင်ကြာလာတတ်တာမို့ ကျနော် က ....ရေ နင့်အလုပ်က ည ၈ ၃၀မှာ ဆင်းတာဆိုတော့
နောက်ဆို ၁၁နာရီထိုးပြီးမှဖုန်းဆက်နော် ဒီဖုန်းလိုက်ရက် မအားဘူးကများနေတယ် လို့ပြောတော့ သူက အင်းပါ ဘာဖြစ်လို့လဲ
မေးတော့ ...နဲ့ဖုန်းပြောရင်ကြာတယ်လေ အဲံ့ဒီတော့ ဖုန်းက ည၁၁နာရီကနေ မနက် ၇နာရီအထိ တစ်မိနစ်မှာ ၂၅ ကျပ်လေ
ကျန်တဲ့အချိန်ဆို ၅၀ဆိုတော့ သက်သာတယ်လို့ပြောပြလိုက်တယ် ၊ သူကလဲ အင်းပါ ရပါတယ် ဖုန်းအားရင် မက်ဆေ့ပို့လိုက်
မယ်တဲ့ ၊ ကျနော် က အင်းဆိုပြီး စကားပြောပြီးဖုန်းချလိုက်တယ်၊
အစကတော့ ဘာရယ်မဟုတ် နောက်တော့ဇာတ်လမ်းက တဖြေးတဖြေးမျှောလာတော့ ရင်ထဲမှာ သံယောဇဉ်လေးတွေ
တွယ်ငြိလာတယ် သူကလဲ ပုမှန်လိုလို ဖုန်းဆက်တဲ့အခါလဲ ဆက်တယ် မက်ဆေ့ပို့တဲ့အခါလဲပို့နဲ့ သူစိတ်ညစ်တဲ့အခါ အလုပ်ထဲ
အဆင်မပြေတဲ့အခါ နေလည်ပိုင်းလဲ ဖုန်းဆက်ပြီးပြောပြတယ်၊ ဒီလိုနဲ့တစ်နေ့မှာတော့ သူ ပြာယာခတ်ပြီး နေ့လည်ပိုင်းလောက်
မှာဖုန်းဆက်ခဲ့တယ် တရှုပ်ရှုပ်နဲ့ဘာဖြစ်လို့လဲ မေးတော့ သူ့ သူငယ်ချင်း အိမ်ထောင်ကျသွားပြီး တဲ့ သူအတူရန်ကုန်မှာ အလုပ်လာ
တုန်းကအတူတူလာခဲ့တဲ့သူငယ်ချင်း သူ့ကိုတော့ ရည်းစားထာမယ်ပြောတော့ တစ်ပတ်လောက်မခေါ်ပဲ နေခဲ့တယ် သူက အိမ်ပြန်
သွားပြီးသိပ်မကြာဘူး အိမ်ထောင်ပြုသွားတယ်ဆိုတော့ စိတ်ထိခိုက်လို့ပါတဲ့၊ ကျနော်က သူဟာသူရသွားတာပဲ ကိုယ့်သူငယ်ချင်း
အိမ်ထောင်ကျသွားတာဆိုတော့ ၀မ်းသာရမှာပေါ့ပြောပြပါတယ် သူက တော်ပြီ ငါ့ဘက်ပြောပေးမယ်မှတ်လို့ဖုန်းဆက်မိတာမှားပါ
တယ်လို့ပြန်ပြောတယ် ဒါနဲ့ကျနော် မိန်းကလေးလားလို့မေးတော့ အင်းတဲ့ ကျနော်က အကောင်းပြောပေးတာပါ ကိုယ်လဲ တစ်နေ့
ျအိမ်ထောင်ကျအုံးမှာပဲလေ ..ဘက်ကနေ ကူပြောပေးရင်ဘယ်ကောင်းမလဲ လက်ရှိအချိန်လေးမှာ ..စိတ်သက်သာပေမဲ့ ...ကို
မကောင်းတဲ့စိတ်ကိုအားပေးသလိုဖြစ်သွားမယ်လေ ဒါကြောင့်သူတို့ကိုနားလည်ပေးပြီး ခွင့်လွှတ်လိုက်ပါလို့ပြောပြလိုက်တယ်
နောက်သိလိုက်ရတာက သူ့သူငယ်ချင်းကောင်မလေးရသွားတဲ့ကောင်းလေးက သူနဲ့ကျောင်းနေဘက် ငယ်ရည်းစား အိမ်ကသဘော
တူထားတဲ့သူတဲ့ သေရော.၊
ကျနော် နောက်မှအစ်မေးမှသိရတာပါ သူနဲ့စောစောကောင်းလေး အကြောင်းအကုန်လုံးပြောခဲ့တယ် ခုအဆက်သွယ်မရှိတော့
ဘူးတဲ့ ငါ့ကိုလဲမဆက်သွယ်နဲ့ ခုဆက်တဲ့ဖုန်းနံပါတ်လဲ မဟုတ်တော့ဘူး အလုပ်လဲပြောင်းတော့မှာ တစ်သက်လုံးအဆက်မလုပ်နဲ့လို့
ပြောလိုက်တယ်တဲ့ ကျနော်ယုံကြည်ခဲ့ပါတယ်၊ ကျနော်ရည်းစားရှိာလးမေးတော့ ခုနက အကြောင်းလေးပြောပြတယ်၊ သူစိတ်မကောင်း
ဖြစ်ပြီး ငိုခဲ့သေးတယ် ၊ အဲ့ အချိန်မှာ ကျနော် လဲ ငိုမိတယ် ကျနော် က သူတစ်ပါးရဲ့ပထမဆုံးဖြူစင်တဲ့အချစ်ခြင်း မေတ္တာကိုမရတာ
ရယ် သူ့အတွက်စိတ်မကောင်းဖြစ်တာရယ်ရောနှောပြီး ငိုလိုက်မိတယ်၊ ကျနော်မငိုနဲ့ငိုတာမကြိုက်ဘူး ပြောတော့ သူမငိုတော့ဘူးတဲံ့
ကိုယ့်အပေါ်ရက်စက်တဲံ့သူ အတွက်ဘာဖြစ်လို့ငိုနေအုံးမှာလဲ ဆိုပြီးတော့အငိုရပ်သွားတယ် ကျနော်က ချစ်သူအဖြစ်လက်ခံဖို့ စိတ်ကူး
ချိန်မှာ သူက သူ့ရဲ့ရည်းစားဟောင်းအတွက် ကိုယ့်ရှေ့မှာ လာငိုပြတာကိုလက်ခံဖို့မဖြစ်နိုင်လို့လဲပါတယ် ကျနော် စိတ်ပေါက်ပေါက်နဲ့
ပြောလိုက်မိတယ် ငါ့ရှေ့လာငိုမပြဖို့၊
နောက်တစ်နေ့ သူအလုပ်ထဲသွားနေတဲ့အချိန်မှာ သူ့အိမ်က သူ့မေမေဖုန်းဆက်တယ် တဲ့ သူမရှိတော့သူ့ငယ်ချင်းတွေက
ညညဆို၁၂နာရီတစ်ချက်လောက်မှအိပ်တာ ဖုန်းပြောပြောနေတာ လို့ပြောပြလိုက်ကြတယ် အဲ့ဒီညကျနော်လဲ ဖုန်းမဆက်ဖြစ်ဘူးလေ
အဲ့ဒီနောက်တစ်နေ့မှာ လိုင်းပေါ်ကိုချိန်းလိုက်တယ် သူလာပါတယ် လိုင်းမကောင်းလို့ စကားသိပ်မပြောလိုက်ရဘူး၊ သူက အဲ့ဒီနေ့မှာ
ဈေုးဝယ်ထွက်တယ် မယ်လမုဘု၇ားမှာဗေဒင်သွားမေးတယ်တဲ့ ခုညလဲ ဖုန်းမဆက်ဖြစ်ခဲ့ဘူး ကျနော့်ဆိမှာ မိုးတွေရွာပြီးလျပ်စီတွေ
လက်နေလို့၊
နောက်နေ့မှာ ဖုန်းဆက်တော့ သူက အရင်ပြောတယ် သူညအိပ်မက်တယ်တဲ့ကျနော့် ဖွားဖွားနဲ့ကြိးကြီးက သူနဲ့သဘောမတူ
ဘူး အဆက်အသွယ်မလုပ်နဲ့လို့ပြောပါတယ တဲ့ သူက အဲ့ဒီအချိန်မှာ အရင်က ကျနော် ပြောပြတဲ့နတ်သားလး နတ်သမီးလေးပုံပြင်
လေးကိုသတိရမိပါတယ်တဲ့ ပုံပြင်လေးတော့ မပြောတော့ပါဘူး၊ အဲ့ဒီည သူကျနော့်စိတ်ဓာတ်တွေကို သူသိထားတဲ့မေးခွန်းတွေနဲ့စမ်း
တတ်ပါတော့တယ် ကျနော့်အဖြေတွေက သူ့စိတ်ကြိုက်တွေချည်းဖြစ်နေတယ် သူက မေမေပြောတယ်တဲ့ ညညဆိုဘာလုပ်နေတာလဲ
ဖုန်းဆက်ဆက်နေတာဆို ကိုယ်မမြင်ဘူးတဲ့သူကို သဘောမတူဘူးလို့ပြောတယ်တဲ့ သီတင်းကျွတ်ရင် ပြန်လာခဲ့ ဟိုကောင်းနဲ့လက်ထပ်
ပေးမယ်လို့ပြောေ့ကြာင်းပြောပြတယ် သူ့မေမေက သှူုငယ်ရည်းစား အိမ်ထောင်ကျသွားတာ မသိသေးဘူးလို့တော့ပြောတယ်
သီတင်းကျွတ်ပြန်လာရင် အကြိုးအကြောင်းပြောပြီး တပို့တွဲလလောက်မှာလက်ထပ်ပေးမယ်လို့ပြောကြောင်း ကျနော့်ကို ပြောပြတယ်
ကျနော် ငယ်ရည်းစားက တကယ်ပဲ အိမ်ထောင်ကျသွားပြီးလား လို့မေးတော့ သူက ဖုန်းဆက်တာ အိမ်ထောင်ကျပြီးပြီ ပြန်ပြောတယ်
လို့ပြောတာပဲ ၊ သှူုရဲ့သံယောဇဉ်တွေ ကျန်ရှိနေသေးတာကို ကျနော် သတိထားမိပါတယ်၊ သူက ပြောတယ် သီတင်းကျွတ်အိမ်မပြန်တော့
ဘူးတဲ့ ရန်ကုန်မှာပဲ နေတော့မယ်လို့ပြောတယ် အရင်အချိန်တွေမှာ စကားပြောရင်း နယ်လွန်အောင် ပြောခဲ့မိကြတယ် မင်္ဂလာဆောင်
အထိပါခဲ့တယ် ၊
သူနေမကောင်း ရင်လဲ ကျနော်ဆီဖုန်းဆက်ပြီူး ပြောပြတယ်ဆေးခန်းသွားမယ်ဆိုရင်လဲ ခု ဆေးခန်းသွားမဲ့အကြောင်းပြောပြတယ်
ကျနော်နေမကောင်းဖြစ်တော့သူစိတ်မကောင်းဖြစ်ပြီး သူ အလုပ်ထဲကနေ တစ်ကြိမ် ၁၁နာ၇ီထိုးပြီးတစ်ကြိမ်ဖုန်းဆက်မေးတယ် ၁၁ထိုး
ပြီး ဖုန်းဆက်တော့ ကျနော်ကသက်သာလာပြီး ပြောတယ် သူက အိမ်ကကြိးကြီးတို့ဆေးခန်းလိုက်ပို့လားလို့မေးတယ် ကျနော်က လိုက်
ပို့တယ် သက်သာလာပြီး စိတ်မပူနဲ့ဆိုပြန်ပြောတယ် အဲ့ဒီအချိန်မှာ သူက ဘာကြားတာလဲ မသိကျနော်ကပဲ ပြောလိုက်မိလားမသိဘူး
အလေးအနက်မထားပါနဲ့ ပြောပြလိုက်မိတယ်တဲ့ သူစိတ်မကောင်းဖြစ်ပြီး ချက်ချင်းငိုပါတော့တယ် ကျနော်ကဘာဖြစ်ပြန်တာလဲလို့မေး
တော့ သူက စိုးရိမ်လို့မေးတာ ကိုအလေ့နက်မထားနဲ့ဆိုပြီးပြန်ပြောလို့ပါတဲ့ သူ့ကိုငယ်ရည်းစားက ပြစ်ထားတဲ့အဖြစ်မျိုးနောက်ထပ်
မကြုံချင်တော့သူ့မိုံ့ကျနော် ခုလိုပြန်ပြောတဲ့ အတွက်စိတ်ထိခိုက်လို့ငိုတာပါလို့ပြေပြတယ် အဲ့ဒီနောက်ပိုင်းမှာ သူဘက်စမ်းသပ်မှုတွေ
ဆက်တိုက်မပြတ်ပြုလုပ်ပါတော့တယ် ၊
တကယ်လို့ သူ့ငယ်ရည်းစားက အိမ်ထောင်မကျသေးဘူးဆိုရင် သူ့မေမေက သေချာတယ် လာမဲ့တပို့တွဲလမှာ သူ့ကိုအိမ်
ထောင်ချတော့မှာ ကျနော်က ဘာပဲ ဖြစ်ဖြစ် နောက်တစ်နှစ်လောက်တော့စောင့်ပေးပါလို့ တောင်းဆိုလိုက်တယ် ဆက်ပြီး ဘာလုပ်ရမယ်
ဆိုတာကျနော် ပြောမပြတတ်တော့ဘူးဗျာ အရာအားလုံးက သူ့အပေါ်မှာပဲ မူတည်လာပြီလို့ကျနော်ထင်တယ် ကျနော် ဘာဆက်လုပ်ရ
မလဲ ဘာဆက်လုပ်ရမလဲ?;;;;;;;;;;;;;;;လဲ?;;;;;;;;;;;;;;;လဲပေါင်းများစွာနဲ့ ကျနော့်ရည်းစားသူများချစ်သူဖြစ်နေခဲ့ပြီကော။
( အမှားပါရသီးခံပြီးဖတ်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်)
အားလုံးကိုလေးစားလျက်
Monday, 10 September 2012
မိုးသည်းနေ့
မိုးစက်လေးတွေ တဖွဲဖွဲကျရောက်နေတဲ့
အိမ်ရှေ့နားမှာတမင်အနားသပ်ဖောက်လုပ်ထားတဲ့မြောင်းလေးဆကိုကြည့်ရင်း
ရင်ထဲမှာ လွမ်းသလို ဆွေးသလိုနဲ့ မိုးကလည်း အရမ်းကြီးသည်းမည်းစွာရွာချတာလည်းမဟုတ် တအုံအုံနဲ့ရွာချနေတာ
ရာသီဥတုကိုက လွမ်းပါဆွေးပါ
ဖိတ်ခေါ်နေသလို တချက်တချက် ပိုပြီးရွာချလိုက်တဲ့မိုးကြောင့် ချမ်းစိမ့်တက်လာသေးတယ် ဒီလိုမိုးရွာနေပုံမျိုးနဲ့ဆို
ဘာအလုပ်မှမလုပ်ချင် အိပ်ယာထဲ
ကွေးပြီးနေနေချင်မိတယ်.....တွေးလို့ကောင်းနေတုန်း ခြံရှေ့မှာအရိပ်ဖြူလေးတစ်ခု
ကိုတွေ့လိုက်ရတယ်....ဘယ်သူများပါလိမ့် ပန်းဝယ်မဲ့သူများလား
မိုးဒီလောက်ရွာနေတာ ပန်းဝယ်မဲ့သူများဖြစ်နိုင်ပါ့မလား....စဉ်းစားရင်း
ခမောက်လေးကိုဆောင်းပြီးခြံထဲဆင်းလာခဲ့လိုက်တယ်...ခြံတ့ခါးကိုဆွဲဖွင့်လိုက်
တော့ ကောင်လေးတစ်ယောက် .................။
" ကျွန်တော်ခဏလောက်မိုးခိုလို့ရမလားမသိဘူး "........ကောင်လေးမေးသံအဆုံး နှင်းလေး
မော့ကြည့်လိုက်မိတယ်...ဖြူစင်တဲ့မျက်ဝန်းတွေကို
ဘောင်ခတ်ထားတဲ့ရှည်လျားထူထည်တဲ့မျက်တောင်တွေ နောက် သဘောကောင်းတာကိုသရုပ်ဖော်နေတဲ့
ပြုံးမြမြနှုတ်ခမ်းတစုံ ဖြောင့်စင်းနေတဲ့ဆံပင်
ရှည်တွေကမိုးရေထိထားလို့ရေစက်တို့တွဲခိုနေပြီး မိုးကာအကျီရဲ့ဦးထုပ်ကိုမလုံတလုံစောင်းထားတဲ့သူကိုကြည့်ရင်း
နှင်းလေး ခေါင်းငြိမ့်ပြလိုက်မိတယ်...
နှင်းလေးတို့အိမ်ရဲ့အမိုးအောက်ကိုရောက်တော့ သူကမိုးကာအကျီကိုချွတ်လိုက်တယ်...စိုနေတဲ့ဆံပင်တွေကိုသုတ်ဖို့
နှင်းလေး တပတ်တထည်
ယူပေးမိတယ်...သူကနှင်းလေးကို " ကျေးဇူး " တဲ့....
" အိမ်မှာဘယ်သူမှမရှိဘူးထင်တယ် "....တိတ်ဆိပ်နေတဲ့ အိမ်ထဲကိုဝေ့ကြည့်ပြီးသူကမေးတော့
" မေမေရှိပါတယ်...နေမကောင်းလို့အိပ်နေတယ် "....
" အော် ".........သူကဘာမှဆက်မပြောတော့ပဲပတ်ဝန်းကျင်ကိုလိုက်ကြည့်နေတယ်...
" နှင်းဆီပန်းတွေအများကြီးပဲ "....သူနှုတ်ဖျားကထူးဆန်းသလိုရေရွတ်ပြီးနှင်းလေးကိုလှမ်းကြည့်တယ်
" ဟုတ်တယ် "... " ကျွန်မ တို့က နှင်းဆီပန်းတွေ ရောင်းတာလေ....ဖောက်သည်လည်းပေးတယ်...မွေးနေ့ မင်္ဂလာဆောင်
အဲ့လိုတွေပေါ့ ပန်းအော်ဒါမှာရင်ပို့ပေးတယ်လေ...ဘာကြောင့်မှန်းမသိ နှင်းလေးရှည်လျားစွာရှင်းပြနေမိတယ် ".....
ပြီးတော့သူ့ကိုကော်ဖီတခွက် ဖျော်ပြီးပေးလိုက်တော့ သူက ကျေးဇူး တဲ့
" ဒီနေရာလေးက အေးချမ်းလိုက်တာနော်...ကျွန်တော်က အိမ်မှာနေရတာညီးငွေ့လို့
တစ်ယောက်တည်းထွက်လာခဲ့တာ....
ဒီနားလေးရောက်တော့ ကားကပျက်သွားတာနဲ့ လမ်းလျှောက်ထွက်လာကြည့်တာ...
ကားပေါ်မှာလည်းမနေချင်လို့လေ "....
တစ်နာရီကျော်လောက်ကြာတော့ သူ့ဖုန်းလေးမြည်သံကြားလိုက်ရတယ်....သူဖုန်းပြောပြီး
နှင်းလေးဖက်ကိုလှည့်ပြီး
" ကျွန်တော့်ကိုနှင်းဆီပန်းအဝါရောင် အပွင့်၂၀လောက်ရောင်းလို့ရမလား "....
" ရှင်.......ဟုတ်ကဲ့ရပါတယ်" ....
နှင်းလေးခေါင်းငြိမ့်ပြပြီး ကတ်ကျေးကိုယူပြီးခမောက်စောင်းပြီးထွက်လာတော့ သူလည်းဘေးကနေပါလာတယ်....
နှင်းဆီပန်းတွေ ခူးပြီးတော့နှင်းလေးက ဆူးတွေကိုဖယ်ပေးတော့
" ဆူးတွေကိုမဖယ်ပါနဲ့ နှင်းဆီပန်းဆိုတာ သူ့ကိုဝန်းရံထားတဲ့ဆူးတွေနဲ့မှတင့်တယ်တာ" ...
" ကျွန်တော်ဒီတိုင်းယူသွားလိုက်မယ်" .....
သူကပိုက်ဆံ ၅ထောင်တန်တရွက်လှမ်းပေးတယ်.....ပြီးတော့ပြောတယ်....ကျေးဇူး တဲ့
" ဟို အဲ့လောက်မကျဘူး ".. " ယူထားလိုက်ပါ ကျွန်တော့်ကို ကော်ဖီလည်းတိုက်တယ်လေ "......
" နောက်ကျွန်တော်လာလည်ခွင့်ရှိလား" ..........
နှင်းလေးသူ့ကိုမော့ကြည့်ပြီးခေါင်းငြိမ့်ပြလိုက်မိတယ်....
သူက" အိုကေ" လို့တိုးတိုးလေးရွတ်ပြီးနှင်းလေးကိုကျောခိုင်းပြီးထွက်သွားခဲ့တယ်....
သူ့ရဲ့ကျောပြင်ကိုကြည့်ရင်းနှင်းလေးတခုခုကိုဆုံးရူံးလိုက်ရသလို
သူ့နောက်ကိုပြေးလိုက်သွားချင်တဲ့စိတ်တွေဖြစ်နေမိတယ်...........
အဲ့တာ သူနဲ့ နှင်းလေးတို့ရဲ့ စတွေ့တွေ့ချင်းဇတ်လမ်းလေးပေါ့............
အဲ့ဒီတုန်းက မိုးတွေတအုံအုံ နဲ့မူန်မိုင်းမိုင်းလေး ဆွေးဆွေးလေးရွာနေတယ်...........။
နောက်ပိုင်းသူမကြာမကြာရောက်လာခဲ့တယ်.....နှင်းလေး မေမေနဲ့တောင် သူကခင်နေပြီ..တခါတလေ
နှင်းလေးနဲ့အတူပန်းတွေခူးကူတယ်
တခါတလေ မေမေနဲ့အတူ တခုခုကိုပြောပြီရီမောနေတက်တယ်....တခါတလေ မှာတော့
သူ့ကားကြီးမောင်းယူလာပြီးနှင်းလေးနဲ့မေမေ ကို ရွှေတိဂုံ
ဘုရားဖူးဖို့ခေါ်သွားတက်တယ်....တခါတခါမှာလည်း ထူးဆန်းတဲ့စကားများစွာကိုပြောလေ့ရှိသလို တခါတလေမှာ
နှင်းလေး နဲ့မေမေ ကိုဂီတာတီးပြီး
သီးချင်းဆိုပြတယ်.....အဲ့လိုနေ့တွေဆို သူကည၉နာရီလောက်မှပြန်လေ့ရှိတယ်.....ညရဲ့
မူန်ပြပြအလင်းရောင်အောက်မှာ နှင်းလေး သူမျက်နှာကို ခိုး
ကြည့်ရတာလောက်နှင်းလေးအတွက်မက်မောစရာဘာမှမရှိ.......သူတော့မသိဘူး နှင်းလေး
ရဲ့ရင်ထဲကနေသူ့ကိုချစ်မြတ်နိုးနေတယ်ဆိုတာ..........။
သူရဲ့နာမည် က အလင်း လို့ခေါ်တယ်တဲ့....နာမည်လေးနှစ်လုံးကလွဲလို့ကျန်တာဘာမှမပြောပြတဲ့သူကို
တခါတလေတော့ နှင်းလေး စိတ်တိုင်းမကျသလို
ခံစားရတယ်.......သူဂီတာတီးပြီး ဆိုပြတဲ့ သီးချင်းတွေကို မေမေ ကနားမလည်ပေးမဲ့
အားပေးတယ်....နှင်းလေးနဲ့မေမေက
" အရမ်းကောင်းတာပဲ...အဆိုတော်ကျနေတာပဲ " လို့ပြောတိုင်း သူကသွားချွန်ချွန်လေးတွေပေါ်အောင် ရီနေတက်တာ
တော်တော်နဲ့ မရပ်.....
သူပြန်တဲ့အချိန်တိုင်း နှင်းလေး ဆီကနှင်းဆီပန်းအဝါရောင်
အပွင့်၂၀လောက်ဝယ်သွားတက်တာသူ့အကျင့်ပဲ......................။
တပတ်တခါတော့အမြဲရောက်အောင်လာတက်တဲ့သူက နှင်းလေး
ကိုလည်းသံယောဇဉ်မျက်ဝန်းတွေနဲ့ကြည့်တက်တယ်...ပြီးတော့ နှင်းလေး
ရဲ့မေမေကိုလည်း သူက မေမေလို့ခေါ်တက်နေပြီ......နှင်းလေးတို့ရဲ့အိမ်မှာ အိမ်သားတစ်ယောက်လို့
ထမင်းလည်းစားတက်နေပြီ.......တခါတလေ
သူကနှင်းလေးကို ထူးဆန်းတဲ့မေးခွန်းလည်းမေးသေးတယ်..... "
နှင်းလေး...ကိုယ့်အကြောင်းတွေသိလား"....နှင်းလေးက " သိတယ်လေ အလင်းရဲ့
သိလို့ပဲခုစကားပြောနေတာပေါ့ " လို့ပြောရင် သူက ပြုံးပြီးနှင်းလေးကိုကြည့်နေတက်တယ်....ပြီးတော
့ "ညံလိုက်တဲ့ကောင်မလေးတဲ့ "...........
သူဘာကိုဆိုလိုမှန်းနှင်းလေးမသိပါဘူး............သူနဲ့နှင်းလေးက ချစ်သူတွေလည်းမဟုတ်ပါဘူး.....ဒါပေမဲ့
နှင်းလေးသူကိုအရမ်းချစ်တယ်...........
သူလည်းချစ်နေမယ်လို့နှင်းလေးယုံကြည်နေတယ်.........ယုံကြည်ချက်တွေရှင်သန်နေပါရစေ...............။
တပတ်တခါရောက်ရောက်လာတက်တဲ့သူက ခုဆိုနှင်းလေးတို့ဆီမရောက်တာ
၃ပတ်ရှိနေပြီ.....မေမေကတောင်သူ့ကိုလွမ်းလို့မေးနေပြီ
နှင်းလေးက ပိုဆိုးပေါ့.....မေမေကမှ လွမ်းလို့နှင်းလေးကိုမေးစရာရှိသေးတယ်...နှင်းလေးကသူ့ကိုလွမ်းတာ
ဘယ်သူကိုမေးရမလည်းနော်........။
သူနှစ်သက်တဲ့နှင်းဆီပန်းအဝါတွေကို ဆူးတွေမဖယ်ပဲ ဘုရားပန်းကပ်မိလို့ မေမေဆူနေတာလည်းအခါခါ ဒါပေမဲ့
သူ့ကိုလွမ်းနေတဲ့စိတ်နဲ့ သူမဖယ်စေချင်
တဲ့ဆူးတွေကို နှင်းလေး မဖယ်ပဲ ဘုရားကိုကပ်နေမိတာကိုး...မေမေဆူလည်းဆူပါစေတော့..........
သူ့လိုကိုယ်ပိုင်ကားမောင်းတဲ့သူဌေးသားက
နှင်းလေးတို့ဆီလာရတာပျင်းသွားပြီဖြစ်မှာပေါ့နော်......ငိုချင်တဲ့စိတ်ကိုဖြေသိမ့်နေရင်း ဘယ်သူ့ကိုအပြစ်ပြော
လို့ရမှာလည်းနော်...သူနဲ့နှင်းလေးက ချစ်သူတွေမှမဟုတ်ကြတာ...........သူမလာတာ ခုဆိုရင်
၂လကျော်လာပြီနော်.........
ယုံကြည်ချက်တွေမှေးမှိန်လာပြီလားချစ်သူရယ်.................................။
သီတင်းကျွတ် လပြည့်နေမို့ကောင်းကင်ကဝိုင်းစက်နေတဲ့လမင်းကြီးကိုမော့ကြည့်ရင်း
မျက်လုံးမှာမျက်ရည်တွေစိုစွတ်လာတယ်......
တိတ်တိတ်လေး ခိုးလွမ်းရတဲ့အလွမ်းက ရင်ကိုနွမ်းခြောက်စေတယ်..........အိမ်ကဘုရားမှာဆီမီးတိုင်တွေထွန်းပြီး
တိုးတိုးလေးဆုတောင်းမိတယ်........
" သူနေကောင်းပါစေ".........
" နောက်ဘဝဆက်တိုင်းတိတ်တိတ်လေးလွမ်းရတဲ့ဘဝကလွတ်မြောက်ပါရစေလို့".........
မေမေ ဘုရားရှိခိုးနေတုန်း နှင်းလေး
ခြံတံခါး တွေမှာတန်းစီပြီးဖယောင်းတိုင်တွေလိုက်ထွန်းနေတုန်း ခြေသံလေးကြားလိုက်ရတယ်.......ထိပ်ခနဲခုန်သွားတဲ့
ရင်ခုန်သံနဲ့အတူ ခေါင်းကိုလှည့်မ
ကြည့်ရဲ...နှင်းလေးရဲ့ အကြားအာရုံတွေချို့တဲ့လို့ကြားမိတဲ့အသံဆိုရင် နှင်းလေး ခံစားရမှာလေ....ဒါပေမဲ့သူခြေသံမှ
သူ့ခြေသံအစစ်ပါ ဘာတွေကိုပဲမေ့သွား
မေ့သွား သူ့ခြေသံကိုမေ့မသွားဘူးဆိုတာ နှင်းလေး ကိုယ့်ကိုကိုယ်သိနေတယ်လေ.............
" နှင်းလေး ".........
" ဟုတ်ပါတယ် "......... " သူမှသူအစစ် ".....
သူယူလာတဲ့မုန့်တွေနဲ့ မေမေ့ကိုထိုင်ကန်တော့တော့
နှင်းလေးပါအတူဝင်ကန်တော့မိတယ်...........မေမေကဆုတွေတသီကြီးပေးပါတယ်...
ပြီးတော့သူနဲ့နှင်းလေး ခြံထဲက
ကွတ်ပျစ်ပေါ်မှာထိုင်ပြီးစကားပြောဖြစ်ကြတယ်.....နှင်းဆီပန်းရနံတွေသင်းလို့ပေါ့......သူနေမကောင်းဘူးထင်ပါတယ်...
မျက်နှာလေးကချောင်ကျနေတယ်ပြီးတော့ဖြူဝင်းတဲ့သူ့အသားတွေ ခုတော့
ညိုးခြောက်နေသလိုပဲ.......သူကလမင်းကြီးကိုမော့ကြည့်နေတယ်....
နှင်းလေးကတော့ လရောင်အောက်ကသူ့မျက်နှာကို တိတ်တိတ်လေးငေးနေမိတယ်.......လရောင်ရယ် ပန်းရနံနဲ့
ချစ်သူမျက်နှာ တာဒီတသက်လုံးနှင်းလေး
ဘေးမှာရှိနေမယ်ဆိုရင် နှင်းလေးဘဝပြီးပြည့်စုံပြီ..........လရောင်ဖြာကျနေတဲ့ချစ်သူမျက်နှာက
အရာအားလုံးထက်ပိုပြီးလှပ နေတယ်လေ.........။
အဲ့ညကသူကောနှင်းလေးပါ ဘာမှမပြောဖြစ်ကြ....သူကပြန်ခန်နီးတော့ နှင်းလေး
ကိုပြောတယ်....ကိုယ်ခရီးထွက်ရမယ်....နည်းနည်းကြာချင်ကြာမယ်တဲ့
ခရီးကပြန်ရောက်ရင် နှင်းလေးဆီကိုလာခဲ့မယ်........နှင်းလေးစောင့်နေပါနော်တဲ့........
" ကိုယ့်ကို နှင်းဆီပန်းဝါဝါလေး ၃ပွင့်လောက်ရောင်းပေးပါလား " သူပြောတော့
နှင်းလေးကတ်ကျေးလေးကိုင်ပြီး ပန်းခင်းထဲ
ရောက်ခဲ့တယ်...သူကဘေးက နေပေါ့...နှင်းလေးပျော်လိုက်တာ ချစ်သူနဲ့တူတူလပြည့်ညမှာ
ပန်းခူးရတာလောက်ကြည်နူးစရာမရှိဘူးလို့နှင်းလေး
တွေးမိတယ်.....သူ့အတွက်အလှဆုံး ပန်းပွင့်လေးတွေခူးပြီးပေးတော့ သူကကွတ်ပျစ်မှာပြန်ထိုင်ပြီး ဘယ်အချိန်က
ယူခဲ့မှန်းမသိတဲ့ ဇာစပါးပါးလေးတွေ
ဖဲကြိုးလေးတွေ ထုပ်ပြီး ဘယ်တော့မှ
ဆူးမဖယ်တက်တဲ့နှင်းဆီတွေကိုဆူးတွေဖယ်နေတယ်...ပြီးတော့ပန်း၃ပွင့်ကိုထုပ်ပိုးပြင်ဆင်နေတယ်.....
လှလိုက်တာ .........ဒီကမ္ဘာပေါ်မှာ သူထုပ်တဲ့ပန်းစည်းလေးကအလှဆုံးပဲ....လှမှာပေါ့....ချစ်သူလက်နဲ့
လုပ်ထားတာကိုး...........သူကထုပ်ပြီးတော့
နှင်းလေးကို ပေးတယ်......ကိုယ်ခရီးကပြန်လာရင် နှင်းလေး ဆီကိုအရင်ဆုံးလာမယ်နော်...........။
သူနှင်းလေးဆီမလာတာ ၆လကျော်ပြီ......သူပေးခဲ့တဲ့ ပန်းစီးလေးလည်းခြောက်သွေ့နေပြီ....နှင်းလေးရဲ့
အခန်းထဲကယွန်းသေတ္တာလေး
ထဲမှာ ညိုးနွမ်းစွာ ခြောက်သွေ့နေပြီ ညတိုင်းညတိုင်း ပန်းခြောက်တွေကိုကြည့်ပြီး မျက်ရည်ကျရတာ ယွန်းသေတ္တာလေး
သက်သေပါ......သူမလာတာ
ဘယ်လောက်ကြာကြာနှင်းလေးနှလုံးသားကမေ့နိုင်စွမ်းလည်းမရှိသေးပါဘူး........မေ့ဖို့လည်းမကြိုးစားချင်ပါဘူး.......
နှင်းလေးရဲ့အချစ်က သူ့ကိုတွေ့ရ
တာမတွေ့ရတာနဲ့မှမဆိုင်
တာနှင်းလေးရဲ့ရင်ထဲမှာသူ့ပုံရိပ်တွေရှင်သန်နေသရွေ့နှင်းလေးသူကိုချစ်နေလို့ရသေးတယ်......နှင်းလေးရင်ထဲက
သူ့ပုံရိပ်တွေ
ကထာဝရရှင်သန်နေမှာဟုတ်လို့ သူ့ကိုနှင်းလေးအသက်နဲ့ဆက်ပြီးချစ်နေမယ်လေ..............။
အဲ့နေ့က နှင်းလေးတို့အိမ်ရှေ့မှာ သူစီးနေကြကားလာရပ်တယ်...နှင်းလေး
အသက်ရူရပ်မတက်ဝမ်းသာသွားခဲ့တာ ကိုယ်တိုင်ပဲသိတယ်...
ဒါပေမဲ့ ကားပေါ်က ဆင်းလာတာ သူမဟုတ်ပြန်ဘူး......
" မနှင်းလေးဆိုတာလားမသိဘူး "......
" ဟုတ်ကဲ့ "... " နှင်းလေးဆိုတာကျွန်မ ပါ "
" ကို လင်းရောင်ရှိန် က ခေါ်ခိုင်းလိုက်လို့ပါ "........
" ရှင်" ......... " ကိုလင်းရောင်ရှိန် ကိုကျွန်မ မသိဘူးရှင့် "......
" အော် ဟုတ်ကဲ့....သူကဒါလေးပေးခိုင်းလိုက်တယ်.....မနှင်းလေး
ဖတ်ကြည့်လိုက်ပါ..ကျွန်တော်စောင့်နေပါ့မယ်"..........
အဲ့လူက ကားပေါ်ကနေ လှပစွာထုပ်ပိုးထားတဲ့ နှင်းဆီပန်းအဝါရောင် ၃ပွင့် နဲ့ စာအိတ်လေးတစ်အိတ်ကို
ထုပ်ပေးတယ်..............
နှင်းလေးရောက်သွားတော့ ကုတင်ပေါ်မှာဖျော့ဖျော့လေး လှဲနေတဲ့
သူ့ကိုမြင်ရတယ်.....နှင်းလေးဘာကိုမှ စဉ်းစားမနေနိုင်....သူ့အနားကို
ပြေးသွားလိုက်မိတယ်......သူ့လက်ကို တင်းတင်းလေးဆုပ်ကိုင်လိုက်မိတယ်....သူက
မျက်လုံးတွေကိုအားယူပြီးဖွင့်ကြည့်တယ်...
" နှင်းလေး ကိုယ့်ကိုခွင့်လွှတ်ပါ".....တိုးတိုးလေးပြောတယ်...နှင်းလေးခေါင်းကိုညိမ့်ပြလိုက်တော့...
သူက " ကျေးဇူး " တဲ့ လေသံလေးနဲ့ပဲပြန်ပြောရှာတယ်..........
" ကိုယ် နှင်းလေး ဆီကိုလာနိုင်ဖို့အစွမ်းကုန်ကြိုးစားပါတယ် "...
" ဒါပေမဲ့ ဘယ်လိုမှမလာနိုင်လို့ပါ.....ပြီးတော့နှင်းလေးကိုမှာစရာရှိတယ် "....
" ဘဝကိုတစ်ယောက်တည်းမဖြတ်သန်းပါနဲ့......ကျွန်တော့်ကို မေ့ပြစ်ပါ.......
တခုခုကိုသတိရလာရင် ကျွန်တော်ညာခဲ့တာတွေကို သတိရပြီးနာကျည်းပေးပါ "........
" နှင်းလေးကိုပြောစရာရှိသေးပေမဲ့ ကျွန်တော်ပြောမထွက်တော့တာကိုခွင့်လွှတ်ပေးပါ ".......
ဟင့်အင်း.......နှင်းလေးကနားထောင်နေချင်သေးတယ်ဆိုရင်ကော
သူ့ဘဝရဲ့အဆုံးသတ်မှာ နှင်းလေးနဲ့သူတခုခုသတ်ဆိုင်ခဲ့တယ်ဆိုတဲ့ ခံစားချက်လေးကို
နှင်းလေးကမက်မောနေတယ်ဆိုရင်ကော.......
နှင်းလေးကို တခုခုကိုတော့ပိုင်ဆိုင်ခွင့်ပေးပါနော်..........သူဘာလုပ်လုပ်နှင်းလေးအမြဲတမ်း ခွင့်လွှတ်
နေချင်ခဲ့တယ်ဆိုတာ သူမသိဘူးလား.......
နှင်းလေး ဘဝအတွက်ဖြေသိမ့်ရာတခုခုကိုပေးမသွားဘူးဆိုရင် ရှင် သိပ်ရက်စက်ရာ
ကျမသွားဘူးလားအလင်းရယ်.........
သူ့လက်တွေကိုဆုပ်ကိုင်ရင်း နှင်းလေး သူမျက်လုံးတွေပြန်ဖွင့်လာဖို့ကိုမျှော်လင့်တကြီးစောင့်စားနေခဲ့တယ်......ဒါပေမဲ့
သူမျက်လုံးတွေက လုံးဝကို ပြန်
မဖွင့်လာတော့ပဲ......နှင်းလေးနဲ့အတူ လောကကြီးတခုလုံးကိုစွန့်ခွာသွားခဲ့တယ်..................။
သူ့ရဲ့နောက်ဆုံးခရီးအခမ်းအနားကတော့ အရမ်းကို
စည်ကားသိုက်မြိုက်နေခဲ့တယ်....တက်သစ်စအဆိုတော်တစ်ယောက်ဖြစ်ပေမဲ့ သူရဲ့
အသိုင်းအဝိုင်းကလူတွေအတော်များများ
တက်ရောက်ခဲ့ကြတယ်....သူရဲ့ပရိတ်သတ်လူငယ်တွေကောပေါ့.........အဆုပ်မှာမွေးရာပါ အပေါက်ပါတဲ့ သူရဲ့
ရောဂါက ကုသလို့မရတော့တာတဲ့.....လူတွေတဖွဖွပြောနေကြတဲ့အသံတွေကို နှင်းလေးနားက
ခံနိုင်စွမ်းမရှိပါ.....နှင်းဆီပန်းအဝါတွေကိုကြိုက်တဲ့ သူ့
အတွက် သူရဲ့နောက်ဆုံးခရီးမှာ အလှဆုံးနှင်းဆီပန်းတွေနဲ့
သူ့ခန္ဓာကိုယ်ကိုနှင်းလေးဖုံးလွှမ်းပေးခဲ့တယ်..........နှင်းဆီဆိုတာ သူ့ရဲ့ဆူးတွေနဲ့မှတင့်တယ်
တာလို့သူပြောခဲ့ဖူးပေမဲ့ ချစ်သူရဲ့ခန္ဓာကိုယ်ပေါ်မှာ ဘာဆူးမှတင်မနေစေချင်တဲ့စေတနာနဲ့ နှင်းလေးဆူးတွေကို
တခုချင်းဖယ်ထုပ်ပစ်ခဲ့တယ်.....သူသိရင်
ဘာပြောအုန်းမှာလည်း........သူခန္ဓာကိုယ်ကိုမီးမရို့ပဲ ဂူသွင်းပေးပါဆိုတဲ့ သူဆန္ဒကြောင့် အုတ်ဂူဖြူဖြူလေးကို
မိုးရေကြားမှာ ဆောက်လုပ်နေကြတယ်......
မိုးတွေသိပ်သည်းလို့ နောက်ဆုံးခရီးကိုလိုက်ပို့တဲ့သူတွေပြန်ကုန်ကြပေမဲ့ နှင်းလေးကတော့ထီးလေးစောင်းပြီး
ပြီးတဲ့အထိ သူ့မိသားစုဝင်တွေနဲ့အတူ
စောင့်နေခဲ့တယ်.....ချစ်သူကြိုက်တဲ့နှင်းဆီတွေ လက်ဆောင်ပေးခဲ့ချင်လို့ပါ.............
အဲ့ဒီနေ့က မိုးတွေသည်းသည်းမည်းမည်းရွာချနေတယ် ချစ်သူရယ်............။
တလတခါပုံမှန်ရောက်ဖြစ်တဲ့ ချစ်သူနားခိုရာနေရာလေးမှာ နှင်းဆီပန်းဝါဝါတွေကိုတင်ပေးလိုက်ပြီး
အုတ်ဂူရဲ့ဘေးပတ်လည်တွေကိုရှင်းလင်းလိုက်တယ်.......ပြီးတော့ ချစ်သူခြေရင်းနားမှာ ရပ်ပြီး
ချစ်သူကိုအလွမ်းပြေစကားနည်းနည်းပြောတယ်........ဒါကနှင်းလေး တလတခါ ပုံမှန်လုပ်နေကြပေါ့
ချစ်သူရေ...တခါက နာမည်ကြီးခဲ့တဲ့ တက်သစ်စအဆိုတော်လေးကိုလူတွေမေ့ပျောက်နေကြပြီလေ........ဒါပေမဲ့
မမေ့နိုင်သေးတဲ့သူတစ်ယောက်တော့
ချစ်သူနားမှာရှိနေတယ်ဆိုရင် ချစ်သူကျေနပ်နေမှာ......ဒါမှမဟုတ် ကျေးဇူး လို့တိုးတိုးလေးပြောနေမှာလား.............
ဘာပဲဖြစ်ဖြစ်ပေါ့ ချစ်သူရယ် မိုးတွေ သည်းတိုင်းလွမ်းနေမိတယ်...............။
Subscribe to:
Posts (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2014
(208)
-
▼
October
(117)
- သွေးလွန်တုတ်ကွေး တိုက်ဖျက်တဲ့ ခြင်တွေကို စေလွတ်ပြီ
- ISIS စစ်သွေးကြွ များအား သုတ်သင်မှုအတွက် တစ်ရက်အသုံး...
- ISIS အဖွဲ့က အသေခံဗုံးခွဲသမားများ နှင့် လူသားတံတိုင...
- အိန္ဒိယ ရထား သံလမ်း ဘေးတွင် ကိုယ်လက် အင်္ဂါ ပြတ်တောက်...
- (၅)လွှာတိုက်ခန်းဝရန်တာ အုတ်ခုံပေါ်တွင်ထိုင်နေသူ အမျု...
- ငွေမည်းဖြင့် အိမ်ခြံမြေ ၀ယ်ယူ ဈေးကစားသည့် အဖွဲ့အစ...
- ဆီရီးယားတွင် ISIS အဖွဲ့က ဆီးရီးယားစစ်ဘက် အကြီးအကဲ ...
- ငွေကြေး ရင်းနှီးမြှုပ်နှံသူများ ဒေါ်လာဘက်သို့ လှည့်လာ
- ခရီးသည်တင်ယာဉ် အရှိန်မထိန်းနိုင်ဘဲ ရေမြောင်းထဲ ထို...
- စစ်သွေးကြွတွေ နှိပ်စက်ခံရတဲ့ အမျိုးသမီးတွေဘ၀ (ရုပ်...
- တောင်ကိုရီးယား စစ်သား ၄ ဦး ထောင် နှစ်ရှည် ကျ
- အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သ...
- အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတ...
- အောက်တိုဘာလ (၃၀)ရက်နေ့ ထုတ် အားကစား မြင်ကွင်း ဂျာန...
- အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် Auto World Journal Vol...
- အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် မြန်မာတိုင်း(မ်) ဂျာနယ...
- နိုဝင်ဘာလ (၁)ရက်နေ့ ထုတ် Netguide Vol. (3) , Issue...
- အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းပြဿနာ (ရုပ်/သံ)
- ဘူကီနာဖာဆိုတွင် ဒေါသထွက်နေသည့် လူအုပ်ကြီးက ပါလီမန်...
- ဘာကီနာဖာဆို နိုင်ငံမှာ အစိုးရ ဖျက်သိမ်းကြောင...
- လွတ်တော်တွင် ကြက်ဆူပင်စီမံကိန်းဆိုင်ရာ မေးခွန်း လယ...
- မြန်မာ့ရုပ်သေးပွဲ ကမ္ဘာ့အလယ်တွင် ပေါ်လွင်ထင်ရှားတင့်တယ်
- စောင့်ဥပဒေအမြန်ဆုံးပြဋ္ဌာန်းနိုင်ရေး လူထုဆန္ဒထုတ်ဖော်...
- အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည...
- သန်းခေါင်ကျော်မှရတဲ့ ခွင့်ပြုမိန့်
- ပုဂံတွင် ကမ္ဘာလှည့်ခရီးသွား စုံတွဲများအတွက် ရိုးရာဓ...
- အစ္စလာမ်ဘာသာဝင်အမျိုးသားတစ်ဦးဗုဒ္ဓဘာသာသို့ကူးပြောင်...
- မော်ကျွန်းတွင် ဓာတ်ကြိုးပြတ်ကျ၍ လေးဦးသေဆုံး
- မိတ္ထီလာ အကျဉ်းထောင်တွင် မူးယစ်တရားခံအား ဧည့်တွေ့လာ...
- ၇ နှစ်သမီးလေးအား ငွေတစ်ထောင်ပေး ဈေးဝယ်ခိုင်းပြီး ...
- ခွင့်ပြုချက်မရဘဲညပိုင်းတွင်ဗလီခိုးပြင်နေတာသက်ဆိုင်...
- ရန်ကုန်ဆေးရုံကြီးတွင် အရေးပေါ်လူနာများကို ဓာတ်ခွဲခန...
- ဓါတ်ကြိုးပြုတ်ကျမှုကြောင့်ဆော့ကစားနေသည့်ကလေးငယ် (၂)...
- နာမည်ကြီးကာ့ဒ်တပ်ဖွဲ့ ဝင်အမျိုးသမီးကိုအိုင်အက်စ်တိ...
- ထောင် ၁၅နှစ် ကျလည်း ကျပါစေ ဟုဆိုကာ သားမယားပြုကျင့်သူ
- လစာနည်းပါးမှုနှင့် လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခ...
- နိုင်ငံ၏အချုပ်အခြာကို မထိပါးရန် အိန္ဒိယနှင့်ဗီယက်နမ...
- ပညာရေးရံပုံငွေ သိန်း ၆၀၀ နီးပါး အလွဲသုံးမှု ပညာရေးဝ...
- ငွေနှင့်ဘဏ်ကတ်များ ခိုးယူခံရကြောင်း ဘဏ်သို့လာရောက်...
- တောင်ကိုရီးယားဇတ်လမ်းတွဲများကြည့်မှု၊ ခြစားမှု တိြု့...
- လူရွှင်တော်မျက်နှာဖုံးစွပ် လက်နက်ကိုင်ဂိုဏ်း ပြင်သစ...
- ကုလလူ့အခွင့်အရေးအစီရင်ခံစာ နိုင်ငံတကာ တုံ့ပြန်ချက်...
- အမေရိကန်မှာ လုံခြုံရေး တိုးမြှင့်
- အာဖဂန် ၃ ဦးလက်ကို ဖြတ်ခဲ့သူ သြစီစစ်သား တရားစွဲခံရ...
- မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ လုပ်ခလစာနည်း
- လူကိုတိုက်မိပြီး ထွက်ပြေးသည့်ကား ရဲတပ်ဖွဲ့က နာရီပိ...
- စစ်တွေတွင် အမျိုးသမီးကြီး တစ်ဦးကို ရေတွင်းထဲ သေဆု...
- ကျပ်ငွေတန်ဖိုး ၂ နှစ်အတွင်း အနိမ့်ဆုံး ဈေးကို ရောက်
- ဒေါ်လာဈေးတွေ တက်ပြီး ကျပ်ဈေးတွေကျ
- တောင်ကြီးမြို့ တန်ဆောင်တိုင် လုံခြုံရေး တင်းကြပ်စွ...
- အင်းစိန်မြို့နယ်တွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပ...
- လေဆာ သွားတိုက်ဆေး Colgate ကုမ္ပဏီက ဝယ်ယူ
- အစ္စရေးတွင် ဇနီး ၂၁ ဦးနှင့်သမီးများအပေါ် လိင်ပိုင်း...
- Black List သတ်မှတ်ခံရသူ တရုတ်နိုင်ငံသား မန္တလေး အပြ...
- ပဟေဠိဆန်ဆန် ပျောက်ဆုံးနေသည့် ကင်ဂျုံအန် အကြောင်းကု...
- နာဆာ အာကာသဒုံးပျံယာဉ် ပျက်ကျ
- သမ္မတနဲ့ကာချုပ်အပါအ၀င် နိုင်ငံရေး ထိပ်သီး ဆွေးနွေးပ...
- မိမိကိုယ်ကိုယ် မီးရှို့မည်ဆိုသည့်သတင်း တိုက်ခိုက်မှု...
- ကော်သူလေးတပ်မတော်ဖွဲ့စည်းရန် ဆုံးဖြတ်
- သီရိလင်္ကာ မြေပြိုမှု လူ ရာချီ ပျောက်ဆုံးနေ
- ည ၁၀ နာရီနောက်ပိုင်း မီးထွန်း၊ သွားလာလျှင် ပစ်ခတ်ခ...
- ISIS ကိုတိုက်ဖို့ အိမ်နီးချင်း ကဒ်တွေအင်အားဖြည့်
- ကိုဘာနီမြို့တိုက်ပွဲများတွင် စစ်ကူပေးရန် ကာ့ဒ်တပ်ဖ...
- မြန်မာလူငယ်နှစ်ဦးကို မျိုးရိုးဗီဇ ထပ်မံစစ်ဆေးဖို့...
- ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ်ခေါင်းဆောင် သေဒဏ်
- အောက်တိုဘာလ (၂၆)ရက်နေ့ ထုတ် Digital Life နည်းပညာဂျ...
- အောက်တိုဘာလ (၃၀)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတ...
- အောက်တိုဘာလ (၃၀)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- အောက်တိုဘာလ (၃၀)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သ...
- ၀မ်ပေါင်ကုမ္ပဏီ မြန်မာပြည်က ထွက်ခွာသွားဖို့ လက်ပံတေ...
- မေဘရဏီသော်က အကောင်းဆုံး ယှဉ်ပြိုင်သွားမယ်လို့ ပြော...
- UNFC အဖွဲ့ဝင် အဖြစ်က ဆက်ရပ်ဆိုင်းထားမယ်လို့ ကေအန်ယ...
- အိမ်ခြံမြေ ဈေးကစားလျှင် အရေးယူမည်
- ပုဒ်မ ၄၃၆ ကိုမပြင်ဘဲ ကာလုံအခန်းကဏ္ဍတိုးမြှင့်ရန် တပ်...
- ဘက်ထရီဖြင့်ရှော့ခ်တိုက် ငါးဖမ်းနေစဉ် ဓာတ်လိုက်၍သေဆုံး
- မြန်မာလူငယ်နှစ်ဦးအမှု ပြန်သုံးသပ်ပေးဖို့ ထိုင်းရှေ...
- အောက်တိုဘာလ (၂၇)ရက်နေ့ ထုတ် Myanmar Times (English...
- အောက်တိုဘာလ (၂၇)ရက်နေ့ ထုတ် The Messenger Vol 5 No 22
- ဆီးရီးယားအစိုးရထိန်းချုပ်ရာ အိုင်းဒလစ်မြို့ကို သူပ...
- လူရွှင်တော်မျက်နှာဖုံးစွပ် လက်နက်ကိုင်ဂိုဏ်း ပြင်သစ...
- အရှေ့ယူကရိန်း ရွေးကောက်ပွဲကို အသိအမှတ်မပြု
- အောက်တိုဘာလ (၂၉)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတ...
- အောက်တိုဘာလ (၂၉)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- အောက်တိုဘာလ (၂၉)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သ...
- တစ်ချိန်က မန္တလေးမြို့ အရုဏ်ဦး
- ရှားပါး ပန်ဒါဝက်ဝံ အနီမျိုး မြန်မာနိုင်ငံမှာ တွေ့ရှိ
- မသေချင်ရင် ၀န်ခံလိုက်ဆိုလို့ ကြောက်လို့ဝန်ခံရပါတယ်...
- ဖမ်းဆီးခံ လူငယ် ၂ ဦး၏ မိဘများ ထိုင်းတရားရုံးချုပ်...
- အိန္ဒိယထောင်ပြေး လွတ်မြောက်လာမှုကြောင့် ထိုင်းနိုင်င...
- အကြမ်းဖက်အန္တရာယ် အခြေအနေ သတင်းထုတ်ပြန်မည်
- UNFC က ထွက်ဖို့ KNU ဆုံးဖြတ်
- မြန်မာနှစ်ဦးရဲ့ ဓာတ်မှန်မှာ သင်္ကာမကင်းစရာ မတွေ့
- လိပ်ကျွန်း ရိုက်နှက်စစ်ဆေးမှု ထိုင်းရဲတပ်ဖွဲ့ ရှင်း...
- သြစီမှာ ခိုလှုံသူတွေကို ပြန်မပို့ဖို့ တောင်းဆိုနေ
- ပြန်ပေးဆွဲခံ နိုင်ဂျီးရီးယားကျောင်းသူများ အတင်းအဓမ...
- မဲဆန္ဒရှင် စါရင်း မှတ်ပုံတင်လုပ်ငန်း စမယ်
- ဆွေးနွေးညှိနှိုင်းမှ ကချင်ပဋိပက္ခ ပြေလည်နိုင်
- အီဘိုလာဖြစ်တဲ့ နိုင်ငံကလူတွေကို သြစီ ဝင်ခွင့်မပေး
- အမျိုးသမီးတွေကို ဘိုကိုဟာရမ်က ရှေ့တန်း ပို့နေ
- ဆေးဝန်ထမ်းတွေကို မခွဲခြားဖို့ ဘန်ကီမွန်းပြော
- တောင်ဒဂုံက လယ်သမားဆန္ဒပြပွဲ (ရုပ်/သံ)
- ရွှေနှင့်ရတနာပစ္စည်းတန်ဖိုး ၃၈၆ သိန်းကျော်ခိုးယူသူမျ...
- လားရှိုးမြို့ တွင် ခရီးသည်တင်ယာဉ်တစ်စီး၏ ယာဉ်ဝန်ထမ...
- အောက်တိုဘာလ (၂၈)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သ...
- အောက်တိုဘာလ (၂၈)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- အောက်တိုဘာလ (၂၈)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတ...
- ငွေကြေးမလုံလောက်၍ စည်ပင်မှ စစ်တွေတွင်အမှိုက်များ ပံ...
- သမ္မတရဲ့ လွှတ်တော်ဖျက်သိမ်းခွင့် ဖွဲ့စည်းပုံပြင်ရေးေ...
- အမေရိကန် သံအမတ် ကချင် ခရီးစဉ်
- ဒေသခံ လူထုရဲ့ အသံနားထောင်ဖို့ အရေးကြီး
- စားထိုးမြေယာ ပြန်မပေးလျှင် တောင်သူများ အခက်ခဲကြုံမည်
- မြန်မာနိုင်ငံသားတဦး မလေးရှားတွင် အသတ်ခံရ
- ရန်ကုန်မြို့တွင် အမျိုးသမီး သီးသန့် ယာဉ်လိုင်း စတင...
- ခိုတောင်းကျွန်းလူသတ်မှု ဗြိတိန်ရဲ စုံစမ်းရေး စတင်
- ကမ္ဘာတိုင်အောင် ကျော်ကြားလာသည့် မြန်မာ့အလှ ရှင်မတော...
- မြန်မာ-အမေရိကန် ထိတွေ့ဆက်ဆံမှု အပြောင်းအလဲ
-
▼
October
(117)