Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Showing posts with label ♪♥♪Phone application များ♪♥♪. Show all posts
Showing posts with label ♪♥♪Phone application များ♪♥♪. Show all posts

Wednesday, 21 August 2013

သြဂုတ်လ ၂၂ ရက်နေ့အတွက် မိုးလေ၀သ ခန့်မှန်းချက်


မြစ်ရေကြီးခြင်း သတိပေးချက် အနေနဲ့ ယမန်နေ့ မြန်မာစံတော်ချိန် ၉ နာရီခွဲ အချိန် တိုင်းထွာချက် အရ ဧရာဝတီ မြစ်ရေဟာ ဟင်္သာတမြို့မှာ အဲ့ဒီမြို့ရဲ့
စိုးရိမ်ရေမှတ်အောက် ၃၈ စင်တီမီတာ ၁.၂ ပေခန့် မှာ ရောက်ရှိ နေပါတယ်။ အဆိုပါ မြစ်ရေဟာ နောက် ၂၄ နာရီအတွင်း အဲ့ဒီမြို့ရဲ့ စိုးရိမ်ရေမှတ်သို့ ရောက်ရှိ နိုင်ပါတယ်။ ယမန်နေ့ မြန်မာ စံတော်ချိန် ၉ နာရီခွဲ အချိန်တိုင်းထွာချက် အရ ဧရာဝတီမြစ်ရေဟာ ဇလွန်မြို့မှာ အဲ့ဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၆၁ စင်တီမီတာ ၂ ပေခန့်မှာ ရောက်ရှိနေ ပါတယ်။

အဆိုပါ မြစ်ရေဟာ နောက် ၂၄ နာရီအတွင်း အဲ့ဒီမြို့ရဲ့ စိုးရိမ် ရေမှတ်သို့ ရောက်ရှိ နိုင်ပါတယ်။ ယမန်နေ့ မြန်မာ စံတော်ချိန် ၉ နာရီခွဲအချိန် တိုင်းထွာချက် အရ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ အဲ့ဒီမြို့ရဲ့ စိုးရိမ် ရေမှတ်အောက် ၈၀ စင်တီမီတာ ၂.၆ ပေခန့်မှာ ရောက်ရှိနေ ပါတယ်။ အဆိုပါ မြစ်ရေဟာ နောက် ၂၄ နာရီအတွင်း အဲ့ဒီမြို့ရဲ့ စိုးရိမ် ရေမှတ်သို့ ရောက်ရှိ နိုင်ပါတယ်။ ယမန်နေ့ မြန်မာ စံတော်ချိန် ၆ နာရီခွဲ အချိန် တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေခဲ့တဲ့ လေဖိအားနည်း ရပ်ဝန်းဟာ အိန္ဒိယနိုင်ငံ၊ သြရိဿ မြောက်ပိုင်း ကမ်းခြေသို့ ဖြတ်ကျော် ၀င်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။

ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော် တို့မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန် ကောင်းနေ ပါတယ်။ ဒီကနေ့ ညနေ အထိ ခန့်မှန်းချက် ကတော့ စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနဲ့ ကယားပြည်နယ် တို့မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်းနဲ့ ချင်းပြည်နယ် တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်း ဒေသကြီးနဲ့ ပြည်နယ် တို့မှာ နေရာ အနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် တို့မှာ ဒေသအလိုက်နဲ့  ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ် တို့မှာ နေရာကွက်ပြီး မိုးကြီး နိုင်ပါတယ်။

မနက်ဖြန် အတွက် ခန့်မှန်းချက် ကတော့ မြန်မာနိုင်ငံ တောင်ပိုင်း ဒေသတွေမှာ မိုးဆက်လက် ပိုနေပါမယ်။ နေပြည်တော်နဲ့ အနီး တစ်ဝိုက်နဲ့ ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက် တို့အတွက် ဒီကနေ့ ညနေ အထိ ခန့်မှန်းချက် ကတော့ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်း ရွာပါမယ်။ မန္တလေးမြို့နဲ့ အနီးတစ်ဝိုက် အတွက် ဒီကနေ့ ညနေ အထိ ခန့်မှန်းချက် ကတော့ နေရာ ကွက်ကျား မိုးထစ်ချုန်း ရွာပါမယ်။

ပြည်သူ့ဆေးရုံများရှိ အရေးပေါ် လူနာများအား အခမဲ့ဆေးကု ပေးလျက်ရှိ


ကျန်းမာရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးရဲ့ ပြောကြားချက် အရ ကျန်းမာရေး ၀န်ကြီးဌာနပိုင် ပြည်သူ့ဆေးရုံများမှာ အခုအခါ အရေးပေါ် လူနာများကို
အခမဲ့ ဆေးကုသပေးခြင်း တို့ကို ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အရေးပေါ် ခွဲစိတ်ကုသခြင်းနဲ့ သားဖွား လူနာများ ကိုလည်း အခမဲ့ ဆေးကုသပေးခြင်း တို့ကို ဆောင်ရွက် ပေးလျက်ရှိပြီး အသက် ငါးနှစ်အောက် ကလေးငယ်များ ပြုစုစောင့်ရှောက်ခြင်း ကိုလည်း အခမဲ့ ဆောင်ရွက် ပေးလျက် ရှိတယ်လို့ သိရပါတယ်။
 
ဒီလို အခမဲ့ ကုသ စောင့်ရှောက်မှုတွေ ပြုလုပ်ပေး တာဟာ ပြည်သူများ အနေနဲ့ ဆေးကုသမှု အခွင့်အရေးများ ပိုမိုတိုးတက် ရရှိရေး အတွက် ဆောင်ရွက်မှုတွေထဲက တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာလည်း ကျန်းမာရေး ၀န်ကြီးဌာန အနေနဲ့ အမျိုးသား ကျန်းမာရေး မူဝါဒများ ချမှတ်ကာ စီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းမှ ဆေးပညာများ သွားရောက် သင်ယူပြီး ဒီလို သွားရောက် သင်ယူတဲံ နိုင်ငံများရှိ ဆေးတက္ကသိုလ်များမှ MBBS နဲ့ အလားတူ ဘွဲ့ရရှိခဲ့သူများကို မြန်မာနိုင်ငံ ဆေးကောင်စီမှာ မှတ်ပုံတင်ခွင့် ရရှိရေး အတွက်လည်း စီစဉ်ဆောင်ရွက် နေပြီ ဖြစ်တယ်လို့ သတင်းရရှိ ပါတယ်။

မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ မြန်မာနိုင်ငံ အတွက် ရေနံစိမ်းနှင့် သဘာဝ ဓာတ်ငွေ့အချို့ ပြန်လည်ပေးပို့ သွားမည်


မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ မြန်မာနိုင်ငံ အတွက် ရေနံစိမ်းနှင့် သဘာဝ ဓာတ်ငွေ့များ ပြန်လည် ပို့ဆောင် ပေးသွားမှာ
ဖြစ်တယ်လို့ အဆိုပါ စီမံကိန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ပေးပို့ရာ မှာလည်း မြန်မာနိုင်ငံ အတွက် တစ်နှစ်ကို ရေနံစိမ်း တန်ချိန် ၂ သန်းနှင့် သဘာဝ ဓာတ်ငွေ့ ကုဗမီတာ ၂ ဘီလီယံကို မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ ပြန်လည် ပို့ဆောင် ပေးမှာ ဖြစ်ပါတယ်။

မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း တည်ရှိမှု အတွက် ပိုက်လိုင်း ဖြတ်သန်းခ အနေနဲ့ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၁၃.၈၁ သန်း ရရှိမှာ ဖြစ်ပြီး နိုင်ငံတော်အခွန် အနေနဲ့ ပို့လွှတ်မယ့် ရေနံ တစ်တန်ကို အမေရိကန် ဒေါ်လာ တစ်ဒေါ်လာနှုန်း ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖက်စပ် ကုမ္ပဏီဖြစ်တဲ့ အရှေ့တောင် အာရှ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီ SEAGP နဲ့ အရှေ့တောင် အာရှ ရေနံ ကုမ္ပဏီ SEAOP ရဲ့ အစုရှယ်ယာဝင် ဖြစ်တဲ့ စွမ်းအင်ဝန်ကြီး ဌာန မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းဟာ အဆိုပါ စီမံကိန်းရဲ့ သယ်ပို့မှု လုပ်ငန်းမှ နှစ်စဉ် နှစ်တိုင်း လာမယ့် အနှစ် ၃၀ အထိ အကျိုးအမြတ် ရရှိမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


အာရှဖွံ့ဖြိုးရေးဘဏ် ADB မှ မြန်မာနိုင်ငံရှိ အရပ်ဘက် အဖွဲ့အစည်းများအား ဒေါ်လာ နှစ်သိန်းကျော် ထောက်ပံ့ သွားရန်ရှိ


ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ အခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ် ADB မှ မြန်မာနိုင်ငံရှိ အရပ်ဘက် အဖွဲ့အစည်းများ အတွက် ထောက်ပံ့ငွေ ဒေါ်လာ နှစ်သိန်းကျော်
ပေးအပ် သွားဖို့ ရှိတယ်လို့ အဆိုပါ ADB ဘဏ်ရဲ့ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။ အဆိုပါ အာရှဖွံ့ဖြိုးရေးဘဏ် ADB အနေနဲ့ အာရှပစိဖိတ် ဒေသတွင်း စီးပွားရေး တိုးတက်မှု၊ ပတ်ဝန်းကျင် ဆိုင်ရာ ရေရှည် ဖွံ့ဖြိုးမှုနဲ့ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုများ တစ်ဆင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာမှာ မြန်မာနိုင်ငံရဲ့ အရပ်ဘက် အဖွဲ့အစည်း များကလည်း ပါဝင်ကူညီ နိုင်ဖို့အတွက် အမေရိကန် ဒေါ်လာ နှစ်သိန်း နှစ်သောင်း ငါးထောင်ခန့် ထောက်ပံ့ သွားမှာ ဖြစ်ပါတယ်။
 
အခုလို ADB အနေနဲ့ ထောက်ပံ့ပေးမှု များဟာ အဓိက မိတ်ဖက် အဖွဲ့အစည်းများ သတ်မှတ်နိုင်ရန်၊ ADB မှ ပံ့ပိုးတဲ့ လုပ်ငန်းစဉ်များမှာ ပါဝင်နိုင်ရန်နဲ့ လိုအပ်တဲ့ ကျွမ်းကျင်မှု များရနိုင်စေဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖွံ့ဖြိုးရေး ဆိုင်ရာ အခက်အခဲများ ဖြေရှင်း နိုင်ဖို့ အတွက် နိုင်ငံတော် အစိုးရနဲ့ အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းကာ ဆွေးနွေး နိုင်စေဖို့ အတွက်လည်း ဖြစ်တယ်လို့ သိရပါတယ်။
 
အဆိုပါ အာရှ ဖွံ့ဖြိုးရေးဘဏ် ADB အနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေး ပြုပြင် ပြောင်းလဲ ဆောင်ရွက် မှုများမှာ နိုင်ငံတော်ရဲ့ လျှပ်စစ် ဥပဒေအား ပြင်ဆင် မွမ်းမံနိုင်ရန်၊ မူလတန်းလွန် ပညာရေးကို အကဲဖြတ်ဖို့နဲ့ ကမ္ဘာလှည့် ခရီးသည် အများအပြား ၀င်ရောက်လာမှုကို ကိုင်တွယ် ဖြေရှင်း နိုင်စေဖို့ အတွက် အမေရိကန် ဒေါ်လာ ၅.၄ သန်းကျော် ပံ့ပိုးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ယခုနှစ် ဇန်န၀ါရီလမှ စတင်ကာ ကျေးလက်နဲ့ မြို့ပြ တိုးတက်မှု ကွာဟချက် နည်းစေဖို့ ပို့ဆောင်ရေးနဲ့ စွမ်းအင် အပါအ၀င် ကဏ္ဍ အလိုက် အသေးစိတ် လေ့လာမှုများ ဆောင်ရွက်ကာ ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ခဲ့သလို ကျေးလက်နေ ပြည်သူများရဲ့ ဘ၀ တိုးတက်ရေး အတွက်လည်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
 
 
 
 
 
 

ရန်ကုန်မြို့တွင်း အစိမ်းရောင် နယ်မြေနှင့် အထပ်မြင့် အဆောက်အဦး ကင်းမဲ့နယ်မြေများ စတင် ဆောင်ရွက်နေပြီဖြစ်


ရန်ကုန်မြို့တွင်းရှိ နေရာ အချို့ကို အစိမ်းရောင် နယ်မြေ၊ စိတ်ငြိမ် နယ်မြေနဲ့ အထပ်မြင့် အဆောက်အဦး ကင်းမဲ့နယ်မြေများ အဖြစ် ဆောင်ရွက် သွားဖို့
စီစဉ် ဆောင်ရွက် လျက်ရှိရာ အခု  လက်ရှိမှာ အစိမ်းရောင် နယ်မြေနဲ့ အထပ်မြင့် အဆောက်အဦး ကင်းမဲ့ နယ်မြေများ ကတော့ စတင် ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို အစိမ်းရောင် နယ်မြေများ အဖြစ် ပြုလုပ် ဆောင်ရွက်နေပြီ ဖြစ်တဲ့နေရာတွေ ကတော့ ကန်တော်ကြီး ပတ်ဝန်းကျင် နေရာများ၊ အင်ယား ကန်ဘောင် ဘေးပတ်ဝန်းကျင် နေရာများပဲ ဖြစ်ပါတယ်။

အထပ်မြင့် အဆောက်အဦး ကင်းမဲ့နယ်မြေ အဖြစ် ကိုတော့ ရွှေတိဂုံဘုရား အနီး ပတ်ဝန်းကျင် နေရာတွေကို သတ်မှတ် ထားပြီး အဆိုပါ နေရာများမှာ အဆောက်အဦး တည်ဆောက် မယ်ဆိုပါက ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၁၉၀ ထက် မမြင့်အောင် တည်ဆောက် သွားရမှာ ဖြစ်တယ်လို့ သတ်မှတ် ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့တွင်းရှိ နေရာများမှာ အထပ်မြင့် အဆောက်အဦး ဆောက်လုပ်တာနဲ့ ပတ်သက်ပြီး အမြင့်ပေ ဘယ်လောက်ထိ ဆောက်လုပ် ရမယ် ဆိုတဲ့ သတ်မှတ်ချက် တွေကို သတ်မှတ် သွားဖို့ အတွက် ကိုလည်း အစီအစဉ်များ ရေးဆွဲနေတုန်း ဖြစ်တယ်လို့ သိရပါတယ်။

ဒါတင်မကဘဲ စိတ်ငြိမ်နေရာများ အဖြစ် ပြုလုပ် ဆောင်ရွက် သွားဖို့အတွက် ကိုလည်း ရွှေတောင်ကြား ရပ်ကွက် အင်းယားမြိုင် ရပ်ကွက်နဲ့ ရန်ကင်း မြို့နယ်မှ ငွေကြာယံ ရပ်ကွက် အစရှိတဲ့ နေရာတွေမှာ ပြုလုပ် သွားဖို့ အကြမ်းဖျင်း ဆွေးနွေး ထားပြီး စိတ်ငြိမ်ဇုန် ကိုတော့ သတ်မှတ်မှုတွေ မပြုလုပ်ရသေးဘူးလို့ သိရပါတယ်။ ဒီလို အစိမ်းရောင် နယ်မြေ၊ စိတ်ငြိမ် နယ်မြေနဲ့ အထပ်မြင့် အဆောက်အဦး ကင်းမဲ့နယ်မြေများ အဖြစ် ဆောင်ရွက်မှုများကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ အစိုးရဌာနများမှ တာဝန်ရှိသူများနဲ့ ပုဂ္ဂလိက ဗီသုကာ ပညာရှင်များက ဆွေးနွေးပြီး ပြုလုပ် ဆောင်ရွက်တာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


လယ်ယာမဲ့ အိမ်ထောင်စု စာရင်းများအား ကောက်ယူ သွားရန်ရှိ


နိုင်ငံတော်ရဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျော့ချရေး မဟာဗျူဟာ စီမံကိန်း အရ ကျေးလက်နေ ပြည်သူများရဲ့ လူမှုစီးပွားရေး
ဘ၀ တိုးတက်လာရေး အတွက် လယ်ယာမဲ့ အိမ်ထောင်စု စာရင်းများ ကောက်ခံကာ လယ်ယာမြေများ ဖြန့်ဝေ သွားဖို့ ရှိတယ်လို့ နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းရဲ့ ပြောပြချက် အရ သိရပါတယ်။
 
ယခုလက်ရှိ မှာတော့ လယ်ယာ လုပ်ကိုင်နေ သူများကို လယ်ယာ လုပ်ပိုင်ခွင့် မှတ်ပုံတင် လက်မှတ် Ownership Cetificate ကို ပေးအပ် လျက်ရှိပြီး အဆိုပါ Certificate ရရှိခဲ့ပါက  လယ်သမားတွေ အနေနဲ့ မိမိတို့ သက်ဆိုင်ရာ မြေနေရာကို ရောင်းချခွင့်၊ ပေါင်နှံခွင့် အစရှိသဖြင့် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ် ပြီးရင်တော့ နောက်တဆင့် အနေနဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနမှ Landless စာရင်းကို အိမ်ထောင်စု အလိုက် ကောက်ယူ သွားမှာ ဖြစ်ပါတယ်။ ဒီလို စာရင်း ကောက်ခံပြီး လယ်သမား တွေဟာ ယခင် မိမိတို့ ပိုင်ဆိုင်ခဲ့တဲ့ မြေနေရာများကို ပိုင်ဆိုင်ကြောင်း အထောက်အထား မှန်ကန်စွာ ဖြည့်နိုင်ပါက အဆိုပါ မြေနေရာများကို သက်ဆိုင်ရာ ၀န်ကြီး ဌာနများကို တင်ပြပြီး ဖြေရှင်းမှုများ ပြုလုပ်ပေး သွားမှာ ဖြစ်တယ်လို့ ၀န်ကြီးမှ ဆိုပါတယ်။
 
လက်ရှိ မှာလည်း လယ်သမားများ အတွက် လယ်ယာမြေ လုပ်ပိုင်ခွင့် မှတ်ပုံတင် လက်မှတ် ထုတ်ပေးမှုကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်မကုန်မီ အပြီး လုပ်ဆောင်ပေး သွားမှာ ဖြစ်ပါတယ်။ ယခင်က လယ်သမားများ အနေနဲ့ လယ်ယာမြေ လုပ်ကိုင်ခွင့် သာရရှိပြီး ယခုအခါ မှာတော့ သက်ဆိုင်ရာမှ လယ်ယာမြေ လုပ်ပိုင်ခွင့် မှတ်ပုံတင် လက်မှတ် လုပ်ပေးတဲ့ အတွက် လယ်သမားများ အနေနဲ့ မိမိတို့ရဲ့ လယ်ယာမြေနဲ့ ပတ်သက်ပြီး ပိုင်ဆိုင်မှုနဲ့ အကျိုးခံစားခွင့် များကို ရရှိမှာ ဖြစ်ပါတယ်။
 
ဒါ့အပြင် ယခုလက်ရှိ အစိုးရ အနေနဲ့ ကျန်ရှိနေတဲ့ သက်တမ်း အတွင်း ၂၀၁၅ မတိုင်ခင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး ကိစ္စရပ်များကို အကောင်အထည် ဖော်ရာမှာလည်း လာမယ့်လ ၃၀ အတွင်း ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးကို ၁၆ ရာခိုင်နှုန်းထိ ကျဆင်း နိုင်အောင် ဆောင်ရွက် သွားမှာ ဖြစ်ပြီး သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကဆိုင်ရာ အဖွဲ့အစည်းများ၊ NGO နဲ့ INGO အဖွဲ့အစည်းများ ပူးပေါင်းကာ လေ့လာမှုများ ပြုလုပ်ခြင်း၊ မူဝါဒရေးဆွဲ ချမှတ်ခြင်းနဲ့ လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ခြင်း တို့ကို လက်တွဲ လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 
 
 

ပြည်တွင်း သရက်သီးများကို ယမန်နှစ်ကထက် ပြည်ပသို့ ပိုမိုတင်ပို့ နိုင်ခဲ့


မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက် သစ်သီးဝလံ ထုတ်လုပ် ရောင်းချရေး အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ယခင်နှစ် များထက် ယခုနှစ်မှာ
ပြည်ပသို့ သရက်သီး တင်ပို့မှုဟာ ပိုမိုများပြား လာတယ်လို့ သိရပါတယ်။ ဒီလို တင်ပို့ရာ မှာတော့ တရုတ် နိုင်ငံကို အများဆုံး တင်ပို့ရပြီး စင်္ကာပူ၊ မလေးရှား၊ ဟောင်ကောင် တို့ကိုလည်း တင်ပို့နေတာ ဖြစ်တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံ ကိုတော့ တန်ချိန် ၄သောင်း ကျော်နဲ့ အများဆုံး တင်ပို့နေရပြီး စင်္ကာပူနိုင်ငံကို တန်ချိန် ၁၅၀ ကျော် တင်ပို့နေတာ ဖြစ်ပြီး မလေးရှားနဲ့ ဟောင်ကောင် ကိုတော့ တန်ချိန် ၂၀ တင်ပို့နေတာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ပြည်တွင်းမှ သခွားသီး၊ ဖရဲသီး၊ ကျွဲကောသီး တို့လည်း ပြည်ပနိုင်ငံများကို တင်ပို့လျက် ရှိတယ်လို့ သိရပါတယ်။ သရက်သီး တင်ပို့မှု မှာတော့ ဇူလိုင်ဆိုရင် တင်ပို့မှု အားလုံး ပြီးစီးသွားပြီး သြဂုတ်လ မှာတော့ သခွားမွှေး စတင် တင်ပို့နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုပြည်ပသို့ သစ်သီး တင်ပို့ တာဟာ နိုင်ငံတော် အတွက် တစ်ဖက် တစ်လမ်းမှ နိုင်ငံခြား ၀င်ငွေပိုမို ရရှိစေမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 
 

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးတွင် ကြက်ခြေနီ စခန်းသစ် တည်ဆောက် ရန်ရှိ


မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ဗဟိုမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးရှိ ၂၈၅ မိုင် ယာဉ်ရပ်နား စခန်းမှာ
ကြက်ခြေနီ စခန်း တည်ဆောက် သွားရန် ရှိတယ်လို့ သိရပါတယ်။ အခုလို ကြက်ခြေနီစခန်း တည်ဆောက်မှုကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်းမှာ အမြန် လမ်းမကြီးရှိ ၁၁၅ မိုင် ယာဉ်ရပ်နား စခန်းမှာ တည်ဆောက်ခဲ့ပြီး စင်္ကာပူနိုင်ငံ ကြက်ခြေနီ အသင်းမှ ကူညီထောက်ပံ့ ပေးခဲ့တယ်လို့ သိရပါတယ်။
 
လက်ရှိ အဆိုပါစခန်းမှာ လူနာတင် ယာဉ် ၁ စီး ထားရှိထားပြီး ၂၄ နာရီ ကူညီ ဆောင်ရွက် ပေးလျက် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်း ဒေသကြီး ကြက်ခြေနီ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ရန်ကုန်တိုင်း ဒေသကြီး အတွင်း မှာလည်း ၂၄ နာရီ ကူညီ ဆောင်ရွက် ပေးလျက်ရှိပြီး အုပ်ချုပ်မှု ယာဉ် ၁ စီး၊ လူနာတင်ယာဉ် ၄ စီးအပြင် တပ်ဖွဲ့ဝင် အင်အား ၃ သောင်း ကျော်တို့နဲ့ ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဆောင်ရွက်လျက် ရှိတယ်လို့ သိရှိရပါတယ်။
 
 
 

MAPCO မှ ဆိပ်ကမ်း တည်ဆောက်ရန် တင်ဒါခေါ်ယူမှုအား ပြည်ပ ကုမ္ပဏီများမှ လာရောက် လျှောက်ထားမှု များပြားလျက်ရှိ


မြန်မာနိုင်ငံ အများပိုင် ဆန်စပါး အသင်း MAPCO မှ သီလ၀ါ ဆိပ်ကမ်းမှာ ကိုယ်ပိုင် ဆိပ်ကမ်း တည်ဆောက်ဖို့ တင်ဒါ ခေါ်ယူရာမှာ ပြည်ပ ကုမ္ပဏီများမှ
လာရောက် လျှောက်ထားမှု များပြား နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ဆိပ်ကမ်း တည်ဆောက်ဖို့ တင်ဒါ လျှောက်ထားရာမှာ ပြည်ပနိုင်ငံများ ဖြစ်တဲ့ တရုတ်၊ စင်္ကာပူ၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့မှ အများဆုံး လာရောက် လျှောက်ထားတာ ဖြစ်ပါတယ်။
 
ဒါ့အပြင် ဒီလို လာရောက် လျှောက်ထားရာမှာ ကုမ္ပဏီ ၁၄ ခုရှိပြီး တရုတ်နိုင်ငံမှ ကုမ္ပဏီ အများဆုံး ပါဝင်တယ်လို့ သိရပါတယ်။ ဒီလို ဆိပ်ကမ်း တည်ဆောက်ရာမှာ MAPCO အနေနဲ့ ပြည်ပကို ဆန်များ တင်ပို့ရာမှာ ကိုယ်ပိုင် ဆိပ်ကမ်း မရှိတဲ့ အတွက် Asia World သီလ၀ါ အစရှိတဲ့ ဆိပ်ကမ်းတွေကို ယခု လက်ရှိမှာ ငှားရမ်း အသုံးပြုရတာ ဖြစ်ပါတယ်။ အဲ့ဒီလို ကိုယ်ပိုင် ဆိပ်ကမ်း မရှိတဲ့ အတွက် ဆန်တင်ပို့ရာမှာ ဖြစ်ပေါ်တဲ့ အခက်အခဲ တွေကို ပြေလည်စေဖို့ သီလ၀ါ ဆိပ်ကမ်းမှာ ကိုယ်ပိုင် ဆိပ်ကမ်း တစ်ခု တည်ဆောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
 
အဲ့ဒီလို တည်ဆောက်ရာမှာ လက်ရှိ ဆိပ်ကမ်းရဲ့ဘေးမှာ နှစ်ခုတွဲလျက်အဖြစ် တည်ဆောက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကိုယ်ပိုင် ဆိပ်ကမ်း မှာတော့ ပြည်ပကို ဆန်တင်ပို့နိုင်ဖို့ သာမကဘဲ တန်းမြှင့် ဆန်နဲ့ လယ်ယာ ထွက်ကုန် ပစ္စည်းများ ပါတင်ပို့နိုင်ဖို့ အတွက် ဂိုဒေါင်များ၊ ဆန်အခြောက်ခံ စက်များကိုပါ ထားရှိ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ပြည်ပ ကုမ္ပဏီ ၁၄ ခုမှ တင်ဒါ လျှောက်ထားမှု တွေကို ရွေးချယ် စိစစ်မှုများ ပြုလုပ်ဖို့ စတင် ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 

တစ်နိုင်ငံလုံး၌ အာရုံကြောအထူးကု ၁၅ ဦးသာရှိသည်ဟု ၀န်ကြီးဆို

 မြန်မာနိုင်ငံတစ်ဝန်းလုံးအတိုင်းအတာအနေဖြင့် ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန် ၁၅ ဦးသာ ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က သြဂုတ် ၂၁ ရက်က ကျင်းပသည့် အထက်လွှတ်တော်တွင် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်မှ အထက်လွှတ်တော် အမတ် ဦးကျော်ကျော်က စစ်တွေမြို့နယ် ဆေးရုံကြီးတွင် လိုအပ်နေသော အထူးကု ဆရာဝန်များကို ဆေးရုံအဆင့်အတန်းနှင့် လျော်ညီစွာ အစိုးရက ခန့်အပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းမှုကို ၀န်ကြီးကဖြေကြားစဉ် ထိုအချက်ကို ထည့်ပြောခဲ့ခြင်း ဖြစ်သည်။

“ဦးနှောက်နဲ့ အာရုံကြောအထူးကုက လက်ရှိတာဝန်ထမ်းဆောင်နေတာရယ်။ သင်တန်းသားတွေရယ်ပေါင်းလိုက်ရင် ၁၅ ယောက်ပဲရှိပါတယ်။ ရန်ကုန် ဆေး - ၁ မှာ၊ ဆေး - ၂ မှာ၊ နေပြည်တော်မှာ၊ မန္တလေးမှာ ခွဲဝေလိုက်တဲ့အခါ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးက ဆေးရုံတွေကိုပို့ဖို့အတွက် လုံလောက်သော အရေအတွက် မရှိသေးတာဖြစ်ပါတယ်” ဟု ၀န်ကြီး ဒေါက်တာဖေသက်ခင်က အဆိုပါအမတ်၏  အရေးဆိုမှုကို အစိုးရကမလိုက်လျောနိုင်သည့်အကြောင်း လွှတ်တော်တွင် ဖြေရှင်းချက်ပေးခဲ့သည်။

ထို့ပြင် အာရုံကြောအထူးကုဆရာဝန်ကဲ့သို့ အလားတူပင် အာရုံကြောခွဲစိတ် အထူးကုဆရာဝန်ဦးရေသည် လည်း နိုင်ငံတ၀န်းလုံး၌ ၁၂ ဦးသာရှိသည်ဟုလည်း ၀န်ကြီး၏ ဖြေကြားချက်တွင် ပါရှိသည်။

ရခိုင်ပြည်နယ်မှ အမတ်သည် ၎င်းင်း၏ မဲဆန္ဒနယ်မှဆေးရုံတွင် ဆီးနှင့်ကျောက်ကပ် ခွဲစိတ်အထူးကု၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်အထူးကု၊ အစာအိမ်နှင့်အူလမ်းကြောင်း အထူးကုများချထားပေးရန် လွှတ်တော်တွင် မေးခွန်းထုတ်အရေးဆိုခဲ့ခြင်းဖြစ်ရာ လွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုဝန်ကြီးကို ဖြေရှင်းရန် ဆက်လက်တောင်းဆိုခဲ့သည်။

သို့ရာတွင် အထူးကုဆရာဝန်တစ်ဦးဖြစ်လာရန်အတွက် ပညာသင်ချိန် ၁၂ နှစ်ကျော် အချိန်ယူရသဖြင့် အစိုးရက အထူးကုများ မွေးထုတ်ရန် ကြိုးပမ်းနေသော်လည်း လွယ်ကူစွာဖြစ်လာမည်မဟုတ်ကြောင်းလည်း ၀န်ကြီးက လွှတ်တော်တွင် ဖြေရှင်းခဲ့သည်။

သို့သော်လည်း ယခင်က အစိုးရကျင့်သုံးခဲ့သည့် မူဝါဒကိုပြောင်းလဲကာ ယခုအချိန်တွင် ဘာသာရပ်ဆိုင်ရာ အထူးကုအဖြစ် သီးသန့်ခွဲထုတ်ကာ သင်တန်းများပေးနေပြီဖြစ်ကြောင်း ၀န်ကြီးက ဆက်ပြောခဲ့သည်။

နေအိမ် တိုက်ခန်းအတွင်း အမျိုးသား တစ်ဦး သေနတ် ဒဏ်ရာဖြင့် သေဆုံး

 ရှမ်းပြည်နယ် အရှေ့ပိုင်း ရွှေတြိဂံဒေသရှိ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ) ရပ်ကွက် ဂိုးဒန်းချယ်ရီဟိုတယ် ဘေးလမ်းရှိ သုံးထပ်တိုက် နှစ်လွှာတွင် သြဂုတ်လ ၁၉ ရက်နေ့ ညပိုင်းက အသက် ၃၀ အရွယ် အမျိုးသား တစ်ဦး သေနတ် ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း တာချီလိတ် လူမှုကူညီရေး အသင်းမှ အသင်းဝင် အမျိုးသား တစ်ဦးက ပြောကြားသည်။

သေနတ် ဒဏ်ရာဖြင့် သေဆုံးသူ ဦးဆိုင်းရီတစ်သည် ကျပန်း လုပ်ကိုင်ကာ ကျိုင်းတုံဇာတိ ဖြစ်ပြီး ယင်းတိုက်ခန်းတွင် ငှားရမ်း နေထိုင်သူ ဖြစ်ကြောင်း၊ ညာဘက် နားထင်တွင် သေနတ်ဒဏ်ရာ ရရှိကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရပ်ကွက် တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အလောင်းကို သွားရောက် သယ်ယူသူက ၉ မမ ကျည်ခွံကို တွေ့ရှိခဲ့သည်ဟု The Voice သို့ ပြောကြားသော်လည်း မြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ကျည်ကို စစ်ဆေးနေဆဲ ဖြစ်သော ကြောင့် မည်သည့် ကျည် အမျိုးအစား ဖြစ်ကြောင်းကို အတည်ပြု ပြောကြားခြင်း မရှိပေ။

“အမေရိကမှာက အိမ်ထဲမှာ သေနတ်ပစ်မှုတွေ၊ ပစ်ခတ်မှုတွေဖြစ်တာ မထူးဆန်းပေမယ့် တာချီလိတ် မှာ အမေရိကန်ယဉ်ကျေးမှု ထွန်းကားနေ တယ်” ဟု တာချီလိတ်မြို့တွင် နေထိုင်သူ အသက် ၄၀ ကျော် အမျိုးသား တစ်ဦးက ပြောကြားသည်။

သေဆုံးသူ အမျိုးသားကို တာချီလိတ်မြို့ရှိ မဟာမြတ်မုနိ ဘုန်းကြီးကျောင်း တွင် ရွှေ့ပြောင်း ထားရှိပြီး သြဂုတ်လ ၂၂ ရက်နေ့တွင် သဂြုင်္ိဟ်မည် ဖြစ်ကြောင်း တာချီလိတ် လူမှုကူညီရေး အသင်းထံမှ သိရှိရသည်။

အဆိုပါ အမှုမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုမဟုတ်ဘဲ လူသတ်မှု ဖြစ်ကြောင်းနှင့် သေနတ်ဖြင့် ပစ်သူဟု ယူဆရသူကို ဖမ်းမိသည်ဟု သတင်းများ ထွက်ပေါ်သော်လည်း မြို့နယ် ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက စစ်ဆေးဆဲသာ ဖြစ်ကြောင်း ပြောကြားသည်။

တာချီလိတ်မြို့သည် အိမ်နီးချင်း ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် နီးစပ်သဖြင့် ပြစ်မှုကျူးလွန်သူများသည် အလွယ်တကူ တစ်ဖက်နိုင်ငံသို့ ဝင်ပြေးနိုင်သဖြင့် ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီး ရှာဖွေရန် အခက်အခဲများ ရှိကြောင်း ဆန်ဆိုင်း (ခ) ရပ်ကွက် တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောကြား သည်။

အဆိုပါ သေနတ်ပစ်ခံရ၍ လူသေဆုံးမှုကို (ပ) ၁၇၇/၁၃ ၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားပြီး သေနတ်ဖြင့် ပစ်ခတ်သူကို စုံစမ်းလျက် ရှိကြောင်း တာချီလိတ်မြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

တာချီလိတ် ပါလျှံနှင့် တောကော့ ရပ်ကွက်ကြား စိန်ပန်းနီနီ အအေးဆိုင်တွင် ဇွန်လ ၁၉ ရက်နေ့ ည ၇နာရီကျော်က အအေးဆိုင် ထိုင်နေသူ နှစ်ဦး သေနတ်ပစ်ခံရ၍ အသက် ၃၀ အရွယ် အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း၊ အလားတူ မေလ ၆ ရက်နေ့ ည ၇ နာရီကျော်တွင် အသက် ၃၂ နှစ်အရွယ် ဆံပင်ညှပ်ဆိုင် ပိုင်ရှင် ဆံပင်ညှပ်ပေးနေစဉ် ပစ်ခတ် ခံရပြီး သေဆုံးခဲ့ကြောင်း တာချီလိတ်မြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

သံတွဲ ရေကြီးမှုကြောင့် လူအသေအပျောက်ရှိ

ရခိုင်ပြည်နယ် မိုးများရေကြီးမှုကြောင့် မြစ်ကမ်းပါး ပြိုကျနေပုံ။ ရခိုင်ပြည်နယ် သံတွဲမြို့မှာ တောင်ကျရေကျခြင်း မိုးအဆက်မပြတ် ရွာသွန်းခြင်းတွေကြောင့် မြို့ပေါ်မှာ ရေကြီးမှုတွေဖြစ်ပြီး ရေနဲ့ အတူ မျောပါသွားပြီး လူအသေအပျောက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ ပြည်နယ်တချို့မှာ ဇူလိုင်လကုန်နဲ့ သြဂုတ်လအတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှု၊ မြစ်ရေကြီးမှု၊ တောင်ကျရေ ကျဆင်းမှုတွေကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း စတဲ့နေရာတွေမှာ ရေကြီးမှုတွေကို ကြုံနေကြရပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်မှာ ရေကြီးပြီး ဈေးများပိတ်ထားရသလို ကျောင်းတွေကိုလည်း ကျောင်းသားတွေ မသွားနိုင်ကြဘူးလို့ ဆိုပါတယ်။ သံတွဲမြို့ ရေကြီးမှုအတွင်း အသေအပျောက်တွေ ရှိနေတယ်လို့လည်း သံတွဲမြို့က သတင်းမှန် ဖော်ထုတ်ရေးအဖွဲ့ဝင် ဦးဝင်းနိုင် က ဆိုပါတယ်။

 “အသေအပျောက် ၃ ယောက်လောက်ရှိပါတယ်။ တချို့လည်း ဟိုအောက်ဘက်မှာ သွားတင်လို့ သွားယူနေကြတဲ့ လူတွေလည်းရှိပါတယ်။ အားလုံးတော့ မသိသေးပါဘူးခင်ဗျ။ ရေကြီးတယ်ဆိုတာကတော့ မိုးက တော်တော်လေး ရွာတယ်လေ။ မိုးတော်တော်ရွာတော့ ချောင်းဖျားမိုးပေါ့။ ချောင်းဖျားမိုး တော်တော်ရွာတယ်။ မိုးကလည်း ၃၊ ၄ ရက်လောက်ကို ရွာလိုက်တော့ ရေနဲ့ အင့်နေတာပေါ့။ အခုလောလောဆယ်ကို ၂ ပေ၊ ၃ ပေ လောက်တော့ ကျသွားပါပြီ။ ကျသွားပြီဆိုပေမဲ့လည်း ရေကတော့ ငြိမ်ပြီးတော့ အင့် နေတာပေါ့နော်။ ဈေးတို့၊ ကျောင်းတို့ ဆိုတာကတော့ ပိတ်တာမဟုတ်ပါဘူး။ ဈေးသည်လည်း မလာနိုင်ဘူး။ ကျောင်းသားလည်း မသွားနိုင်ဘူး။ အဲ့ဒီအနေအထားကြောင့်ပါ။ ကျနော်တို့ အမှတ်-၁ ရပ်ကွက်၊ ၂ ရပ်ကွက်ပေါ့ အဲ့ဒီနေရာတွေမှာတော့ မြုပ်နေပါတယ် အားလုံးကတော့။ လမ်းတွေအားလုံး မြုပ်နေတယ်။”

မြစ်ကမ်းပါးအနီးမှာ ဆောက်လုပ်ထားတဲ့ အိမ်တွေလည်း ပြိုနိုင်တဲ့ အခြေအနေ ရှိတာကြောင့် အိမ်ကို ဖျက်နေကြရတယ်လို့လည်း ဆိုပါတယ်။

“ရခိုင်ပြည်နယ်မှာဆိုရင် ကျနော်တို့ သံတွဲမြို့နဲ့ ၁၄ မိုင်ကွာတဲ့ ရွာမှာ ရသေ့အုပ်စု၊ ရွှေလေအုပ်စုဆိုတာရှိတယ်။ ရွှေလေအုပ်စုဆိုတာက အဲ့ဒီနေရာမှာတောင်မှ အခု အိမ်တွေ ၁၀ လုံးလောက်တော့ ဖျက်လိုက်ရတာပေါ့ဗျာ။ ဖျက်လိုက်ရတယ်ဆိုတာ ချောင်းရေက တအားကြီးတော့ ကားလမ်းတွေလည်း မြုပ်နေတယ်လေ။ ချောင်းရေက တအားကြီးတော့ အိမ်တွေက ကမ်းပါးပြိုတော့ ပါသွားမှာစိုးတော့ ပါသွားမယ့်အတူတူ ဖျက်နေကြတာပေါ့။ အခုတော့ ၁၀ လုံးလောက် ဖျက်နေပါတယ်လို့ ကျနော့်ဆီကို သတင်းပို့ပါတယ်ခင်ဗျ။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခရိုင်ဥက္ကဌလည်းဖြစ်တဲ့ ဦးဝင်းနိုင်ကတော့ ရေကြီးမှုကြောင့် စားသောက်ရေး ခက်ခဲနေတဲ့ သံတွဲမြို့က လူထုတွေထံကို စားစရာနဲ့ လိုအပ်တဲ့ ပစ္စည်းများကို သွားရောက်ပေးပို့မှုတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

“ကယ်ဆယ်ရေးကတော့ ရှိပါတယ်။ ဌာနဆိုင်ရာ အုပ်ချုပ်ရေးပိုင်းကရော၊ ကြက်ခြေနီတို့ ဘာတို့ကလည်း ကယ်ဆယ်ရေး ရှိပါတယ်။ ကျနော်တို့အဖွဲ့အနေနဲ့လည်း အခုလက်ရှိမှာ ကျနော်ကိုယ်တိုင်လည်း ရေမြုပ်တဲ့နေရာတွေဆီသွားပြီးတော့ ရိက္ခာခြောက်တွေ ဖြန့်ဝေပေးနေပါတယ်။”

ဒီရက်ပိုင်းအတွင်းမှာပဲ ပဲခူးတိုင်း ရွှေတောင်မြို့နယ်အတွင်းမှာ မြစ်ကမ်းပါးတွေ ပြိုဆင်းတာတွေလည်း ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လကုန်ပိုင်းကတော့ ကရင်ပြည်နယ်တွင်းက မြ၀တီမြို့နဲ့ ဘားအံမြို့တွေမှာ ရေကြီးမှုတွေ အကြီးအကျယ် ဖြစ်ခဲ့ပြီး မြ၀တီမြို့မှာလည်း လူအသေအပျောက်တွေ ရှိခဲ့ပါတယ်။

မြ၀တီက ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေသူ ဒေါ်ခင်ထားကတော့ အခုချိန်ထိ ရေဘေးဒုက္ခသည်တွေဟာ ဓမ္မာရုံတွေမှာ နေထိုင်နေရသူတွေ ရှိနေသေးသလို သေဆုံးသူတွေကို ရေကျသွားချိန်မှာ ထပ်မံတွေ့ရှိတဲ့အကြောင်းနဲ့ မြို့ခံ မဟုတ်တဲ့သူတွေ အများစုဟာ စာရင်းအတိအကျ မရှိတဲ့အတွက် သေဆုံးပျောက်ဆုံးမှုတွေ ဘယ်လောက် ရှိတယ်ဆိုတာကို ခန့်မှန်းဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။

“ကျန်နေပါသေးတယ်။ အိမ်ပျက်သွားတဲ့သူတွေက လုံးဝကို အိမ်ပြန်မဆောက်နိုင်ဘူးလေ။ တချို့တွေဆို ဓမ္မာရုံမှာ နေနေရတုန်းပဲ။ အတိဒုက္ခကို ရောက်နေကြပါတယ်။ ဒီမှာက သူ့မိသားစု၊ ကိုယ့်မိသားစု မရှိဘူး။ ပြန်ကျတွေရှိမယ်။ ပြန်ကျတွေများတယ်။ အထူးသဖြင့် ကမ်းနဖူး ရွှေ့ပြောင်းအလုပ်သမားတွေပေါ့နော်။ ကမ်းနဖူးမှာ စက်ရုံအလုပ်သမားတွေ အဲ့ဒါတွေကျတော့ သူတို့မှာ မိသားစုဆိုတာ မရှိဘူး။ အဲ့ဒါတွေ အများကြီးပဲ။ သေဆုံးစာရင်း အခုချိန်ထိ မသိသေးဘူး။ ဟိုတလောကတောင်မှ ကျမတို့သွားတော့ အလောင်း ၆ လောင်းထပ်တွေ့တယ်လေ။ ရေကြီးပြီး တော်တော်ကြာတော့မှနော်။ ရေကျပြီး ၁ ပတ်လောက်ကြာတော့မှ အလောင်း ၆ လောင်း ထပ်တွေ့ရတယ်။ အဲ့ဒီကုမ္ပဏီတွေကလည်း ဘာမှ တာဝန်မယူဘူး။ တာဝန်မယူတဲ့အခါကျတော့ သူတို့ကလည်း မြ၀တီရေကြီးတာ မကြုံဖူးကြဘူးလေ။ ဒါမျိုး မတွေ့ဖူးကြဘူး။ အဲ့တော့ ပြေးရလွှားရမယ်ဆိုတာလည်း မသိဘူးပေါ့။ ရာနဲ့ချီကတော့ ငတ်နေကြတာပေါ့။ အထူးသဖြင့် ဒုက္ခရောက်တာတော့ ရပ်ဝေးကသူတွေ တော်တော်ဒုက္ခရောက်တယ်။”

ကရင်ပြည်နယ်တွင်း ရေကြီးမှုကြောင့် သောင်းနဲ့ချီရှိတဲ့ လူထုတွေဟာ ရေဘေးဒဏ်ကို ခံစားခဲ့ရပါတယ်။ အစိုးရနဲ့ ဌာနဆိုင်ရာတွေကတော့ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပေမဲ့ ရေဘေးဒဏ်ခံပြည်သူတွေက အများအပြား ဖြစ်တာမို့  အစားအသောက်နဲ့ သောက်ရေတွေ အခက်အခဲတွေ ဖြစ်ခဲ့ရပါတယ်။ ရေကျသွားပေမဲ့လည်း ရေကြီးမှုရဲ့ နောက်ဆက်တွဲအဖြစ် အိမ်တွေ အလုံးလိုက် မျောပါသွားသူတွေ အိမ်တွေ ပျက်ဆီးသွားသူတွေကတော့ နေထိုင်စရာ အခက်အခဲတွေ ရှိနေဆဲပါ။

မြ၀တီမြို့မှာတော့ အဓိကကျတဲ့ လမ်းမကြီးတွေက လွဲရင် တခြား ချောင်ကျတဲ့နေရာတွေမှာ ရွှံနွံများ၊ အမှိုက်များနဲ့ မြို့ပျက်ကြီးတခုလို ဖြစ်နေပြီး အနံ့အသက် မကောင်းတာတွေ ရေမသန့်တာတွေကြောင့် ကျန်းမာရေးအရ စိုးရိမ်စရာတွေ ရှိနေတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ် လုံခြုံရေးတိုးမြှင့်

 အကြမ်းဖက်သမားတွေ ၀င်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းကြောင့် ရခိုင်ပြည်နယ်မှာ လုံခြုံရေး တင်းကျပ်ထားပြီး အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုးချထားတယ်လို့ ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရသူက ပြောပါတယ်။

ရှေးဟောင်းစေတီပုထိုး အဆောက်အဦးတွေရှိရာ မြောက်ဦးမြို့မှာတော့ စစ်တပ်က အဓိက လုံခြုံရေး ယူထားတယ်လို့ ဆိုပေမဲ့ ဘူးသီးတောင်မြို့မှာတော့ လုံခြုံရေး အင်အားက အနည်းငယ်သာ ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းတွေနဲ့ ဆက်စပ်ပြီး ပြည်ပအကြမ်းဖက် အဖွဲ့အစည်းတွေက အင်ဒိုနီးရှားနိုင်ငံက မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့တာနဲ့ အိန္ဒိယနိုင်ငံက ဗုဒ္ဓဂါယာမှာ ဗုံးခွဲတိုက်ခိုက်တာတွေ ဖြစ်ပေါ်ခဲ့တဲ့နောက်မှာ အခုလို လုံခြုံရေး တင်းကျပ်လာတာ ဖြစ်ပါတယ်။

လောလောဆယ် ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး တိုးမြှင့်လာရတဲ့ အခြေအနေကိုတော့ ရခိုင်ပြည်နယ် အစိုးရရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက အခုလို ပြောပါတယ်။

“လုံခြုံရေးတွေ နည်းနည်းတိုးချတယ်။ သတင်းတွေ ရထားတာလေးတွေ ရှိလို့ပေါ့လေ။ မောင်းတောပဲ အဓိကအားဖြင့် သတင်းရတာဖြစ်ပါတယ်။ သတင်းကတော့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဖို့အတွက် လူ ၄၊ ၅ ယောက်လောက် ၀င်တယ်လို့ သတင်းရတာပေါ့လေ။ အဲ့လိုသတင်းတွေ ပြင်မှာလည်း ဖြစ်ပေါ်ပါတယ်။ ပြင်မှာလည်း ဖြစ်ပေါ်တော့ လုံခြုံရေးအနေနဲ့ကတော့ကာ နည်းနည်း ပိုပြီးတော့ ဂရုစိုက်ပေးရတာပေါ့လေ။ ကျနော်တို့ အစိုးရအဖွဲ့ရုံးကတော့ ဒီမြောက်ပိုင်းက ရုံးတွေ၊ တံတားတွေ၊ နောက် ဘာသာရေး အဆောက်အဦးတွေ၊ သတိထားဖို့ ဆိုပြီးတော့ ဒါတော့ ကျနော်တို့ နှိုးဆော်ထားတာပေါ့လေ။”

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြောက်ဦးမြို့က လုံခြုံရေးအခြေအနေကိုတော့ ဒေသခံတယောက်က အခုလို ပြောပါတယ်။

“အဲ့ဒီမြောက်ဦးမြို့ပေါ်မှာ အထင်ကရ ဘုရားတွေပေါ့၊ နောက်ပြီးတော့ အထင်ကရ ဘုန်းတော်ကြီးကျောင်းတွေမှာ တပ်မတော် လုံခြုံရေးကတော့ အပြည့် ချထားတယ်ခင်ဗျ။ ပြီးတော့ မြို့ကို ၀င်လာတဲ့ တံတား၊ အဲ့ဒီတံတားကြီးမှာလည်း ကျနော်တို့ လုံခြုံရေး တပ်မတော်လုံခြုံရေးတွေကို အပြည့်ချထားတယ်ခင်ဗျ။ အဲ့ဒါတော့ သိတယ်ဗျ။ ကျနော်။ လုံခြုံရေးအခြေအနေကတော့ လုံလောက်မှု ရှိပါတယ်ခင်ဗျ။ တမြို့လုံးကို အကုန်လုံး ပြင်ထားတာ တွေ့ရတယ်ဗျ လုံခြုံရေး။”

အဓိကကတော့ ရှေးဟောင်းအဆောက်အဦးတွေကို ဗုံးခွဲ တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့် ဖြစ်တယ်လို့ မြောက်ဦးမြို့ခံက ဆက်ပြောပါတယ်။

“ကျနော်ကြားတာကတော့ ကျနော်တို့ ဒီ ယဉ်ကျေးမှုထွန်းကားတဲ့ ဒီမြောက်ဦးမှာ ရှေးဟောင်းဘုရားစေတီပုထိုး အမွေအနှစ်တွေကို တဘက်က ဘင်္ဂလာက ၀င်လာပြီးတော့ ဗုံးခွဲမယ်ဆိုတဲ့ အသံတွေတော့ ကျနော်တို့ ကြားတယ်ဗျ။ အဲ့ဒါကြောင့် ကျနော်တို့ လုံခြုံရေး အပြည့်ချထားရပါတယ် ဆိုတဲ့သတင်းကတော့ ကြားတယ်ဗျ အဲ့ဒါတော့။”

စစ်တွေမြို့မှာတော့ ရဲတပ်ဖွဲ့အင်အားကို အဓိကသုံးပြီး လုံခြုံရေး ချထားတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောပါတယ်။

“ဒီမှာလည်း လုံခြုံရေးတွေ တော်တော်များများတော့ တိုးမြှင့်ထားပါတယ်။ နေရာတိုင်းလိုလိုပါ။ အဓိကကျတဲ့ ဈေးကြီးတို့၊ ဘုရားရင်ပြင်တို့၊ အဲ့ဒီနေရာတွေမှာတော့ အများကြီးတော့ လုံခြုံရေးတွေတော့ တင်းတင်းကျပ်ကျပ် ချထားပါတယ်။ ကမ်းစပ်တွေမှာလည်း ရေကြောင်းရဲတွေ၊ လုံထိန်းတွေရော အဲ့လိုမျိုးတော့ ချထားပါတယ်။ အဓိကတော့ ဒီဘက်ကို al-Qaida နဲ့ အဆက်အသွယ်ရှိတဲ့ အကြမ်းဖက်အဖွဲ့တွေ ဒီဘက်ကို ၀င်နေတယ်ဆိုတဲ့ အဲ့လိုမျိုး သတင်းတွေ ထွက်နေတဲ့အတွက် ကြိုတင်ပြင်ဆင်အနေနဲ့ အဲ့လိုမျိုး ချထားတာလို့ အဲ့လိုမျိုး သုံးသပ်မိပါတယ်။”

ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒေသဘက် ဘူးသီးတောင်မြို့မှာ လုံခြုံရေး ချထားတဲ့ အခြေအနေကိုတော့ ဘူးသီးတောင်မြို့သား တယောက်က အခုလို ပြောပါတယ်။

“မြို့နယ် ထွေအုပ်ကတော့ ကျေးရွာတို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို သတိပေးထားတာရှိပါတယ်။ တခြားနိုင်ငံက အကြမ်းဖက်အုပ်စုတွေ ၀င်နေတယ်။ အချိန်မရွေး ဖောက်ခွဲနိုင်တယ်။ ထောင်တို့၊ ဌာနဆိုင်ရာတို့လို၊ လူစုလူဝေး ရှိတဲ့နေရာတို့လို အဲ့လိုနေရာမျိုးမှာ အမြဲတမ်းပေါက်ကွဲနိုင်တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို သတိပေးထားပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကတဆင့် ကျနော်တို့ ပြည်သူတွေကို အသိပေးပါတယ်။ မြို့ပေါ်မှာ ရဲအင်အားကလည်း သိပ်မရှိဘူး။ ရဲအင်အားကလည်း နည်းတယ်။ ဖြစ်လာရင်တော့ လုံခြုံရေးတွေက အားနည်းပါတယ်။”

ရခိုင်ပြည်နယ်အတွင်းမှာ အခုလို လုံခြုံရေးကို တိုးမြှင့်ထားတဲ့တချိန်တည်းမှာတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်က တခြား ပြည်နယ်နဲ့တိုင်းဒေသကြီးတွေကိုလည်း လုံခြုံရေးသတိရှိဖို့နဲ့ နယ်စပ်ဒေသတွေမှာ လက်နက်ခဲယမ်းနဲ့ တပ်ဖွဲ့ဝင်အင်အားတွေကို အသင့်ပြင်ဆင်ထားဖို့ ညွှန်ကြားထားကြောင်း ပြည်တွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဇူလိုင်လအတွင်းကတော့ အိန္ဒိယနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂါယာမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့နောက်မှာတော့ ရန်ကုန်မြို့က ရွှေတိဂုံစေတီ၊ မန္တလေးမြို့က မဟာမြတ်မုနိဘုရားကြီးနဲ့ ပုဂံက စေတီပုထိုးတွေမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားခဲ့ပါတယ်။

မီဒီယာ ဥပဒေကြမ်း နဲ့ လွှတ်တော်အဆုံးအဖြတ်

သတင်းမီဒီယာ ဥပဒေကြမ်း မြန်မာ အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာန နဲ့ စာနယ်ဇင်း ကောင်စီ (ယာယီ) တို့ အကြား အငြင်းပွား နေကြတဲ့ သတင်းမီဒီယာ ဥပဒေကြမ်း နဲ့ ပတ်သက်ပြီး နှစ်ဘက်ညှိနှိုင်း ခဲ့ရာမှာ သဘောတူညီမှု အတော်များများ ရခဲ့ကြောင်း အစိုးရ သတင်းစဉ် မှာ ဖေါ်ပြခဲ့ပါတယ်။ ကွဲလွဲဆဲ အချက် ၃ ခု ကိုတော့ လွှတ်တော် ရဲ့ အဆုံးအဖြတ် ရယူရမှာပါ။

ပြေလည်မှု ရသွားတဲ့ အချက် ၁၄ ချက် က ဘယ်အချက် ဆိုတာရယ်၊ သဘောထား ကွဲလွဲတဲ့ အချက် ကိုပါ နှစ်ဘက်စလုံး ထုတ်ဖေါ် ပြောခြင်း မရှိပါဘူး။ ဒါပေမယ့် ဘီဘီစီ က စုံစမ်း သိရှိချက် အရ ပုံနှိပ်ထုတ်ဝေသူတွေ မှတ်ပုံတင်ရေး ကိစ္စ၊ အများပြည်သူ အကျိုးစီးပွား ဆိုတဲ့ စကားရပ် အပေါ် အဓိပ0x081ပါယ် ဖွင့်ဆိုပုံ ကွဲလွဲချက်၊ သတင်းမီဒီယာ ဥပဒေဟာ သတင်းမီဒီယာ လုပ်ငန်းကြီး တခုလုံး နဲ့ မဆိုင်ဘဲ၊ သတင်းမီဒီယာ သမားတွေ နဲ့ဘဲ သက်ဆိုင် တဲ့ ဥပဒေ အဖြစ် အစိုးရ ဘက် က စကားလုံး ပြင်စေချင်တာ ဖြစ်ကြောင်း ဒီလုပ်ငန်းစဉ် ကို ထဲထဲဝင်ဝင် သိသူက ပြောပါတယ်။

စာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့ရဲ့ အတွင်းရေးမှူး ကိုကျော်မင်းဆွေ ကတော့ သတင်းမီဒီယာ ဥပဒေ ကို လွှတ်တော် မှာ အတည်ပြုဖို့ ဆွေးနွေးကြတဲ့ အခါမှာ သူတို့ဘက် က အသာ ရလိမ့်မယ် လို့ မျှော်လင့်ကြောင်း ဘီဘီစီ ကို ပြောပါတယ်။ အမျိုးသား လွှတ်တော် ကလည်း စာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့ က မလိုလားတဲ့ ဥပဒေ ကို ဖြုတ်ပစ် လို့ သူတို့ဘက်က တင်တဲ့ ဥပဒေ ဟာ သူတို့ဘက်မှာ ရှိကြောင်း ကိုကျော်မင်းဆွေ က ရှင်းပြပါတယ်။

ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ် ကတော့ လွှတ်တော် ဘက် က မေးလာရင် သူတို့ရဲ့ အမြင် ကို ပြောပြပြီး လွှတ်တော် ရဲ့ အဆုံးအဖြတ်သာ အရေးကြီး ကြောင်း ပြောပါတယ်။ အစိုးရ အနေနဲ့ စည်းကမ်းမဲ့ ရေးသားချက်တွေ၊ ကို ထိန်းချုပ်နိုင် ဖို့ ဥပဒေ မှာ ထည့်သွင်း ပြဌာန်းဖို့ လိုတယ် ဆိုတဲ့ အမြင်မျိုး ရှိနေတာ လည်း တွေ့ရပါတယ်။

ကလေးဝမြို့ တွင် အလယ်တန်းပြ ကျောင်းဆရာမ တစ်ဦး ဆွဲကြိုးချ သေဆုံး

 စစ်ကိုင်းတိုင်း ဒေသကြီး ကလေးဝမြို့ အမှတ်(၃) ရပ်ကွက်၌ ယမန်နေ့မွန်းလွဲ ၁ နာရီခန့်က အလယ်တန်းပြ ကျောင်းဆရာမတစ်ဦး မိမိကိုယ်ကိုယ် ဆွဲကြိုးချ၍ သေဆုံးခဲ့ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ ဝန်ထမ်းတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။

သေဆုံးသူ အလယ်တန်းပြ ကျောင်းဆရာမကြီး ဒေါ်ခင်စန်းမြင့်သည် အသက် ၅၃ နှစ်ခန့် အရွယ်ရှိပြီး အိမ်ထောင်မရှိသူ တစ်ဦးတည်းနေ အပျိုကြီး တစ်ယောက်လည်း ဖြစ်သည်ဟု၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ကလေးဝမြို့ ရဲဌာန၏ မှတ်တမ်းများတွင် အဆိုပါ လူသေဆုံးမှုနှင့် ပတ်သက်၍ သေဆုံးသူ ဆရာမကြီး ဒေါ်ခင်စန်းမြင့်သည် ကလေးဝမြို့ အထက်တန်းကျောင်း၌ အလယ်တန်းပြ တာဝန် ထမ်းဆောင်နေသူ တစ်ဦးဖြစ်ပြီး ဆေးနားခွင့် ရယူထားသူ တစ်ဦးဖြစ်ကာ စိတ်ကျရောဂါ ဝေဒနာရှင် တစ်ဦးဖြစ်သည်။

''ဆရာမကြီးက သဘောထား ကောင်းပြီး သင်ကြားမှုပိုင်း ဆိုင်ရာ မှာလည်း စိတ်ရှည် သည်းခံနိုင်တာကြောင့် တပည့်တွေ အားလုံး နီးပါးက ချစ်ခင် ရိုသေကြပါတယ်''ဟု အမှတ်(၁)ရပ်ကွက်နေ ရေယာဉ်ပိုင်ရှင် တစ်ဦးကလည်း ပြောကြားခဲ့သည်။

ထိုနေ့က ရဲစခန်း တာဝန်ကျ တာဝန်မှူး ဒုတိယ ရဲအုပ် ရဲစိုးမိုး၏ စစ်ဆေးချက်များ အရ သေဆုံးသူသည် ၎င်း၏ နေအိမ်အပေါ်ထပ်ရှိ ထုပ်တန်း၌ အရှည် ၁၁ ပေခန့်ရှိ ဖြူ၊ နီကျား နိုင်လွန်ကြိုးကို အသုံးပြု၍ ဆွဲကြိုးချ သေဆုံးနေခြင်း ဖြစ်သည်။

အဆိုပါ သေဆုံးမှုတွင် မည်သည့် အတွက်ကြောင့် သေဆုံး ရသည်ကို စစ်ဆေး ဆောင်ရွက်နိုင်ရန် ဒုတိယ ရဲအုပ် ရဲစိုးမိုးက တရားလို ပြုလုပ် တိုင်တန်းခဲ့ရာ ကလေးဝ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၃/၂ဝ၁၃)အရ ရေးဖွင့် လက်ခံ ဆောင်ရွက်လျက် ရှိကြောင်း စစ်ဆေး သိရှိရသည်။

Tuesday, 13 August 2013

Adobe Reader 10.3.2 APK

 The global standard for reliably viewing and sharing PDF documents
Adobe® Reader® is the free, trusted leader for reliably viewing and interacting with PDF documents across platforms and devices. Install the free Adobe Reader mobile app to work with PDF files on your Android smartphones and tablets. Easily access, manage, and share a wide variety of PDF file types, including PDF Portfolios, password-protected documents, fillable forms, and Adobe LiveCycle® rights-managed PDF files. စာအုပ်ဖတ်၇န်အတွက်ပါ APK 

Download
Adobe Reader 10.3.2 .apk
5.9 MB

Friday, 26 July 2013

'V Root အသုံးပြုပုံလေးပါ ...'

VRoot ကို ကွန်ပြူတာမှာ Install လုပ်လိုက်ပီပေါ့ဗျာ ဒါဆို အရင်ဆုံးဖွင့်လိုက်ရင် ဒီလိုမြင်ရမှာပါ
အင်တာနက် ကွန်နရှင်တပ်ဆင်ထားတဲ့ PC  မှာဆိုရင် New Version Up Date ရနေရင် Auto Update လုပ်လိမ့်မယ်
Update လုပ်ပီးရင် (အချိန်တိုင်းလုပ်တယ်လို့ မဆိုလိုပါ) Popup Box ကိုပိတ်လိုက်ပါ
Root လုပ်မယ့် Device ကို Root နေကျ အတိုင်း USB Debugging (ON) ပါ Unknown Sources ကိုအမှန်ခြစ်လေးပေးပါ
ကွန်ပြူတာနဲ့ ချိတ်ဆက်ပါ ဒါဆိုရင် အောက်ကပုံလေးတိုင်းမြင်ရမှာပါ
ခုချိတ်ဆက်ထားတာက Root ဖြစ်ပီးသားဖုန်းဖြစ်တာကြောင့် မြင်ကွင်းပြောင်းလဲနိုင်ပါတယ်
Root လုပ်ဖို့ အတွက် ROOT Button လေးကို Click ပါ
ဒါဆိုရင် Loding အချိန်အနည်းငယ်လုပ် ပါလိမ့်မယ် ပြီးရင် Device မှာ Auto Reboot ကျသွားပါမယ်
Reboot ပြန်တက်လာတာနဲ့ App ထဲမှာ တရုတ်လို့ စာလုံးရေးထားတဲ့ SupreUser လေးရလာမှာပါ
Superuser  က ခွင့်ပြုချက်တောင်းလာတဲ့ App တွေ ရှိလာရင်တော့ ညာဖက်က စာလေးကိုသာနှိပ်ပေတော့
တရုတ်လိုရေးထားတော့ ဘယ်ညာပဲ မှတ်နိုင်ပါတယ်...
ကျွန်တော်ရေးပြရှင်းပြတာ မပြည့်စုံခဲ့ရင် ခွင့်လွှတ်ပါ သိသလောက်လေးကိုတင်ပြရခြင်းဖြစ်တဲ့အတွက်
http://www.mgyun.com/vroot မှာသွားပီးတရုတ်လိုတတ်ခဲ့ရင်လေ့လာနိုင်ပါတယ်..:P

'Android Phone တော်တော်များများကို Root လုပ်ပေးနိုင်တဲ့ VRoot ပါ'

http://www.myanmarmobileapp.com ကနေပီး မျှဝေ ရေးသားတာပါခင်ဗျာ
ကျွန်တော်ကိုယ်တိုင်လဲ ဖုန်းလေးတွေ ကလိရင်း ပိုက်ပိုက်ရှာနေတော့ လွယ်ကူမြန်ဆန်တဲ့
One Clck Root Tool လေးမှာအကောင်းဆုံးလို့ ပြောလို့ ရတဲ့ ဒီ VRoot လေးကို သိသူများရှိသလို
မသိသေးတဲ့ သူငယ်ချင်းများအတွက် ထပ်ဆ့င်မျှဝေလိုက်ပါတယ်....
ဘာမှ ထွေထွေထူးထူး ပြင်ဆင်နေဖို့ မလိုပါဘူး Root မဲ့ Device မှာ USB  Debugging On 
Unknown sources ကို အမှတ်ဖြစ်လေးပေး ပီး ကွန်ပြူတာနဲ့ ချိတ်လိုက်ရုံပဲ
ဒါဆို VRoot မှာ Loding လေးနည်းနည်းလုပ်ပီး ရင် Driver သိတာနဲ့ Root လုပ်မှာပါ
Root လုပ်တဲ့ Device ဟာ အော်တို Reboot ကျပီးပြန်တက်လာတာနဲ့ Super User (ပေါက်ဖော် လေးနော်)

(or)

Root ဖောက်ခြင်း မှ ပိုက်ပိုက်ကုန်ခြင်း ဘေးမှ ကင်းဝေးနိုင်ကြပါစေ...:P

'wifi တွေကိုလွယ်ကူစွာရှာဖွေရင် wifi radar ကိုသုံးပါ'

window 7  Nokebook သုံးသော သူငယ်ချင်းများ wifi များကိုလွယ်ကူစွာရှာဖွေချင်တယ်
ဆိုရင်တော့ EASY WIFI RADAR လေးကူပိုမိုမြန်ဆန်အောင် ကူညီရှာဖွေပေးပါလိမ့်မယ်။
ကောင်းသည်မကောင်းသည်နောက်မှပြော အခုဘဲစမ်းသုံးလိုက်ကြပါစို့ ။ဆိုက်တစ်ခုမှာတွေ့ လို့ 
ချက်ချင်းတင်ပေးလိုက်တာပါ။အသုံးဝင်လိမ့်မယ်လို့ ထင်ပါတယ်။
အောက်မှာယူလို့ ရပါတယ်
 

Tuesday, 9 July 2013

TV မှ မြ၀တီလိုင်းကို android ဖုန်းပေါ်တွင်တိုက်ရိုက်ကြည့်မယ်'





ပထမဆုံး vplayer လေးကို မိမိ android ဖုန်းထဲသို့ install လုပ်လိုက်ပါ vplayer download link
http://www.mediafire.com/download/kgufpybt2hkqt0b/me.abitno.vplayer...
ပထမဆုံး အင်တာနက် ဖွင့်ပါ ။ပြီးရင် vplayer ကိုဖွင့်လိုက်ပါ.......... ပြီးလျှင် stream ကို ရွေးပေးပါ......
ညာဘက်အပေါ် ဒေါင့်နားလေးက + ကိုနှိပ်လိုက်ပါ....Add stream ဆိုပြီးဖြည့်ဖို့ဇယားကွက်လေးကျလာပါမယ်
Group ဆိုတဲ့နေရာမှာ Default ပဲထားပါTittle ဆိုတဲ့နေရာမှာ MWD လို့name ပေးလိုက်ပါ
Stream ဆိုတဲ့နေရာမှာ http://www.myawaddy.net.mm/mwdlive လို့ရေးပြီး ok ကိုနိုပ်လိုက်ပါ....loading လုပ်နေပါလိမ့်မည်၊ ပြီးလျှင်အဆင်ပြေပြေကြည့်ရှုနိုင်ပါပြီ....

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့