Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Showing posts with label ထူးထူးဆန်းဆန်း. Show all posts
Showing posts with label ထူးထူးဆန်းဆန်း. Show all posts

Friday, 26 October 2012

အသက် ၂၃ နှစ်နှင့် ကမ္ဘာ့ အသက်အငယ်ဆုံးအဖွားဖြစ်လာသူ ဂျစ်ပစီအမျိုးသမီး...


ရိုမေးနီးယားနိုင်ငံမှ ဂျစ်ပစီအနွယ်အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးဟာ အသက် ၂၃ နှစ်ဖြင့်ကမ္ဘာ့ အသက်
အငယ်ဆုံးဘွားအေ ( အဖွား ) ဖြစ်လာခဲ့ ပါတယ်...
ရိုမေနီးယားနိုင်ငံ၊ အင်ဗက်စတီရွာကလေးမှ ရစ်ဖ်ကာစတ်နီစကူး က သူမအသက် ၁၃ နှစ်အရွယ်မှာ သမီး
ဖြစ်သူ မာရီယာ ( ယခုမြေးကလေး၏မိခင်ဖြစ်သူ ) ကိုမွေးခဲ့ ကြောင်းပြောကြားခဲ့ ပါတယ်...
ကျောင်းဆက်တက်ပြီးပညာကိုသာဆက်လက်သင်ကြားပါရန် မိခင်ဖြစ်သူရဲ့ တောင်းပန်တိုက်တွန်းခဲ့ သော်
လည်း မာရီယာ ကတော့အသက် ၁၁ နှစ်အရွယ်မှာပါပဲ ( အမေဖြစ်သူထက် လက်စောင်းထက်ကာ ) သား
ကလေး အိုင်ယွန် ကိုမွေးဖွားခဲ့ ပါတော့တယ်...


အမေက ၁၂ နှစ်နဲ့ ယောကျာင်္းယူ၊ ၁၃ နှစ်နဲ့ ကလေးမွေး၊ သမီးက ၁၁ နဲ့ ယောကျာင်္းယူ...
တစ်နှစ်ထဲမှာပဲ ကလေးမွေးလို့ ကမ္ဘာ့ အသက်အငယ်ဆုံး ဖွားအေဖြစ်ခဲ့ ...

 ယခုအခါ အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ဖွားဖွား ရစ်ဖ်ကာ က သူရိယသတင်းစာကြီးကိုပြောကြားခဲ့ ရာမှာ ဖွား
အေတစ်ယောက်ဖြစ်ရတဲ့ အတွက်တော့ ဝမ်းသာမိပါတယ်...ဒါပေမယ့် သမီး မာရီယာအတွက်ရော၊ ကျွန်မ
အတွက်ပါ ဖြစ်စေချင်တာက တစ်ခြားစီဖြစ်ခဲ့ ပါတယ် လို့ ဆိုခဲ့ ပါတယ်....
" အိုင်ယွန်က လိမ္မာတဲ့ ကောင်လေးပါ...သူဟာအခုဆိုယင် အသက် ၈ နှစ်အရွယ်ရှိကလေးမလေးနဲ့ စေ့ စပ်
ထားပြီးဖြစ်ပါတယ်...ယောကျာင်္းလေးဖြစ်ရတာကောင်းပါတယ်...မိန်းကလေးတွေလို ဒုက္ခ၊သုက္ခမခံစားရဘူး
လို့ ကျွန်မထင်ပါတယ်..." လို့ ရစ်ဖ်ကာ ကပြောပါတယ်...
၁၉၈၅ ခုနှစ်မှာမွေးဖွားခဲ့ တဲ့ ရစ်ဖ်ကာဟာ မိသားစုရဲ့ ဆန္ဒကိုပြစ်ပယ်ကာ ရတနာပစ္စည်းအရောင်းသမား အိုင်ယွန်နဲစတန်နီစကူး နဲ့ သူမအသက် ၁၁ နှစ်၊ သူ့ အရဲ့ အသက် ၁၃ နှစ်မှာ ခိုးရာလိုက်ပြေးခဲ့ ပါတယ်...
သူတို့ လက်ထပ်ပြီးတစ်နှစ်အကြာမှာတော့ ရစ်ဖ်ကာ ဟာ သမီးမာရီယာကို ကိုယ်ဝန်ရှိလာပါတော့ တယ်...
" ကျွန်မက သူနဲ့ လက်ထပ်ချင်ခဲ့ တာကိုး...ဒါကြောင့် သူ့ အလိုကိုလိုက်ခဲ့ တာပေါ့ ....ကျွန်မတို့ နှစ်ယောက်
အတူလည်း အိပ်ပြီးရော ခွဲလို့ ကိုမရတော့ ပါဘူး....( ခွဲမနေနိုင်တော့ ပါဘူး...)

ကျွန်မအသက် ၂ နှစ်ကတည်းက တစ်ခြားကောင်လေးတစ်ယောက်ရဲ့ မိသားစုကို သူတို့ သားနဲ့ လက်ထပ်ပါ့ 
မယ်လို့ ကတိပေးထားခဲ့ ပေမယ့် ဆန္ဒမရှိတော့ ပါဘူး...
ဂျစ်ပစီလူမျိုးတွေရဲ့ ဓလေ့ ထုံးတမ်းအရ အပျိုစင်အဖြစ်ကို အလွန်တန်ဖိုးထားကြပြီး လင်ယောကျာင်္းများက
၎င်းတို့ ဇနီးမယားများအပျိုစင်ဖြစ်ကြောင်းသေချာစေဖို့ မိန်းကလေးများငယ်ရွယ်စဉ်မှာပင်လက်ထပ်လေ့ 
ရှိကြပြီး၊ မိန်းကလေးမိသားစုများကလည်း ငွေကြေးကြွယ်ဝသူခင်ပွန်းလောင်းများကို ရှာကြံတတ်ကြပါတယ်..
အကယ်၍ သမီးမိန်းကလေးအနေနှင့် အပျိုရည်ပျက်ခဲ့ ပြီဆိုပါက သဘောတူထားခဲ့ မှုဟာပျက်ပြယ်ပြီလို့ ယူ
ဆကြပါတယ်...


ဖိုးဖိုး အိုင်ယွန်နဲ၊ ဖွားဖွား ရစ်ဖ်ကာနှင့် မြေးကလေး အိုင်ယွန်...



" အယင်ကတော့ ( မိသားစုအတွင်း ) ရန်ပွဲတွေတစ်ခြိမ်းခြိမ်းပါပဲ.... တစ်ခါကဆို ကျွန်မအဖေက ကျွန်မ
ယောကျာင်္းကို ဓါးနဲ့ လိုက်ခုတ်တာပါပဲ... သူက ( သားမက်ဖြစ်သူကို ) လျော်ကြေး လီ ငါးသိန်း ပေးစေချင်
တာဖြစ်ပါတယ်....
ကျွန်မမိသားစုက ကျွန်မကိုပြန်ခေါ်သွားခဲ့ ကြပါတယ်...ဒါပေမယ့် သုံးရက်အကြာမှာတော့ ကျွန်မဟာ သူနဲ့ 
မခွဲနိုင်လို့ ပြန်ထွက်ပြေးခဲ့ ပါတယ်..." လို့ ရစ်ဖ်ကာ ကပြောကြားခဲ့ပါတယ်....
မာရီယာလေးမွေးဖွားပြီးနောက် အိုင်ယွန်နဲလ်တို့ မိသားစုက ရစ်ဖ်ကာရဲ့ ဖခင်ကို ခန်းဝင်ပစ္စည်း၊တင်တောင်း
ရမယ့် ငွေတွေပေးခဲ့ လည်း ပြဿနာလည်းငြိမ်းအေးသွားခဲ့ ရပါတော့ တယ်....

မာရီယာကိုမွေးတော့ ရစ်ဖ်ကာရဲ့ မိခင်လည်း အသက် ၄၀ နဲ့ ဘွားအေဖြစ်ခဲ့ ရတာပါပဲ...
ရစ်ဖ်ကာက သူမရဲ့ သမီးဖြစ်သူ မာရီယာကို ပညာရေးဆုံးခန်းတိုင်အောင်ကျောင်းဆက်တက်ဖို့ တောင်းပန်
ပြောဆိုခဲ့ ပါတယ်...
( ဒါပေမယ့် ) မာရီယာကတော့ အမေ့ ခြေရာနင်းဖို့ ဆုံးဖြတ်ခဲ့ ပြီး ယောကျာင်္းယူခဲ့ ပါတယ်.... လက်ထပ်ပြီး
ခြောက်လအတွင်းမှာပဲ မာရီယာဟာ အိုင်ယွန် ကိုကိုယ်ဝန်ရှိလာခဲ့ တာဖြစ်ပါတယ်....
ရိုမေနီးယန်း လူမှုအသိုက်အ၀န်းကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်၊ အိမ်ထောင်ပြုကြတာ ထုံးစံလိုဖြစ်
နေပါပြီလို့ သူမက ဆိုပါတယ်...
" ကျွန်မက သမီး မာရီယာလက်ထပ်တာ၊ယောကျာင်္းယူတာကို တားဖို့ မကြိုးစားပါဘူး...ဘာဖြစ်လို့ လည်းဆို
တော့ ဒါဟာ ကျွန်မတို့ ရဲ့ ရိုးရာဓလေ့ ဖြစ်နေတာကိုး....ဒီလိုပဲဖြစ်နေတာပါပဲလေ..." လို့ ရစ်ဖ်ကာ ကပြော
ကြားခဲ့ ပါတယ်...
အသက်အငယ်ဆုံးဗြိတိန်နိုင်ငံသူ ဖွားအေကတော့ ယော့ ရှိုင်းယားနယ်၊ ရိုသာရမ်အရပ်မှ အသက် ၂၆ နှစ်
ရှိ အမည်မဖော်ပြသည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး အသက် ၁၂ နှစ်ရှိ သူမရဲ့ သမီးက ၁၉၉၉ ခုနှစ်မှာ ကလေး
မွေးခဲ့ တာဖြစ်ပါတယ်...

သူ့ အရပ်နဲ့ သူ့ ဇတ်ကတော့ ဟုတ်နေတာပါပဲဗျာ...

ကဲ...
အပျိုစင် လိုချင်ယင်ဖြင့် ရိုမေနီးယားက ဂျစ်ပစီရွာကိုသာ သွားရောက်နိုင်ကြပါတယ်....
အဲဒီမှာတော့ ၁၂ နှစ်လည်းအိုကေ၊ ၁၁ နှစ်လည်း ဘာမှပြဿနာမရှိပါဘူးတဲ့ ....
မိန်းကလေးတွေ ဘယ်အရွယ်ကတည်းက အပျိုဖြစ်နေကြ

Thursday, 25 October 2012

ဘရာဇီးလ်ကျောင်းသူ၏ အပျိုစင်ဘဝကို ဂျပန်နိုင်ငံသား လေလံအောင်မြင်


 အမေရိကန် နှစ်ဦး၊ အိန္ဒိယနိုင်ငံသား
တစ်ဦးတို့ အပါအဝင် နောက်ဆုံးအဆင့်
 လေလံဈေးပေးမှုများ အပြီးတွင် နတ်
ဆူဟုသာ အမည်ဖော်ပြသည့် ဂျပန်လူမျိုး
က အသက်(၂၀)အရွယ် ကက်ထရီနာ

 မစ်လီရော်ရီနီနှင့် ချစ်ဗျူဟာခင်းရန် အခွင့်အလမ်းကို အမြင့်ဆုံးဈေးဖြင့် ရယူသွားခဲ့သည်။


ရန်ပုံငွေ အလှူတစ်ခုအတွက် သူမ၏ အပျိုစင်ဘဝကို ရောင်းချမည်ဟု ကြေညာ
ထားသည့် ဘရာဇီးလ် ကျောင်းသူလေး၏ လေလံကိစ္စသည် နောက်ဆုံးတွင် သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။

 အမေရိကန် နှစ်ဦး၊ အိန္ဒိယနိုင်ငံသား တစ်ဦးတို့ အပါအဝင် နောက်ဆုံးအဆင့် လေလံဈေးပေးမှုများ အပြီးတွင် နတ်ဆူဟုသာ အမည်ဖော်ပြသည့် ဂျပန်လူမျိုးက အသက်(၂၀)အရွယ် ကက်ထရီနာ မစ်လီရော်ရီနီနှင့် ချစ်ဗျူဟာခင်းရန် အခွင့်အလမ်းကို အမြင့်ဆုံးဈေးဖြင့် ရယူသွားခဲ့သည်။

ကက်ထရီနာသည် ယခင်ကတည်းက သူမသည် ပြည့်တန်ဆာ တစ်ဦး မဟုတ်ကြောင်းနှင့် သူမ၏ ခန္ဓာကိုယ်ကို တစ်ကြိမ်သာ ရောင်းချမည်ဖြစ်ကြောင်း ပြောကြားထားသည်။ ထို့အပြင် ကက်ထရီနာသည် နောက်ဆုံးတွင် အပျိုစင်ဘဝကို ရောင်းချရန် ဒေါ်လာ (၇၈၀၀၀၀)ဖြင့် အဆိုပြုမှုကို သဘောတူ လက်ခံလိုက်သည်။

ဂျက်မီလာနှင့် ဂျက်ရိုက်ဆိုသော အမေရိကန်နှစ်ဦး၊ အိန္ဒိယသူဌေး ရူဒရာ ချက်တာဂျီတို့သည် ကက်ထရီနာအတွက် အပြိုင်လေလံဆွဲခဲ့သော်လည်း နတ်ဆူကသာ အမြင့်ဆုံး ဈေးပေးသွားခြင်း ဖြစ်သည်။ ကက်ထရီနာ၏ အစီအစဉ်သည် အင်တာနက်တွင် လူပြောသူပြောများသော ကိစ္စတစ်ခု ဖြစ်ခဲ့ပြီး ဝေဖန်မှု အမျိုးမျိုး ထွက်ပေါ်ခဲ့သည်။

သူမသည် Virgins Wantedဆိုသော မှတ်တမ်းဗီဒီယိုအတွက်လည်း ဩစတြေးလျ ရုပ်မြင်သံကြား အဖွဲ့တစ်ခုကို မှတ်တမ်းတင်ခွင့်ပေးမည်ဟု ပြောဆိုထားရာ အပြာရုပ်ရှင်မယ် တစ်ဦးအဖြစ် ပြစ်တင်မှုများလည်း ရှိခဲ့သည်။ သူမသည် အဆိုပါအဖွဲ့က စီစဉ်ပေးသည့် လေယာဉ်ပေါ်တွင် မှတ်တမ်းဗီဒီယို အရိုက်ခံမည် ဖြစ်သည်။

ကက်ထရီနာကမူ "ကျွန်မကတော့ ဒါကို လုပ်ငန်းတစ်ခုလို့ပဲ မြင်ပါတယ်။ ကျွန်မမှာ ခရီးတစ်ခုသွားဖို့ အခွင့်အရေးလည်း ရှိလာတယ်။ ဇာတ်ကားတစ်ကားမှာ အစိတ်အပိုင်းတစ်ခု အနေနဲ့ ပါဝင်ခွင့်ရမှာ ဖြစ်သလို အဲဒီအတွက် ထိုက်သင့်တဲ့ ခံစားခွင့်လည်း ရှိဦးမယ်။ ကျွန်မ ပြောချင်တာက ဘဝတစ်လျှောက်လုံးမှာ တစ်ခါတည်းပဲ ဒီကိစ္စကို ဆောင်ရွက်တာပါ။

 ကျွန်မဟာ ပြည့်တန်ဆာ တစ်ယောက် မဟုတ်ပါဘူး။ ပြောရရင်တော့ လူတစ်ယောက်ဟာ တစ်ခါလောက် အံ့ဩစရာ ဓာတ်ပုံကောင်းတစ်ခု ရိုက်ဖူးရုံနဲ့ ဓာတ်ပုံဆရာ ဖြစ်မလာနိုင်ဘူးလေ"ဟု ပြောဆိုခဲ့ဖူးသည်။

သူမသည် လေလံအောင်မြင်သော ဂျပန်သားနှင့်အတူ ဩစတြေးလျနှင့် အမေရိကန်ကြား ခရီးစဉ်တွင် လေယာဉ်ပေါ်၌ ချစ်တင်းနှီးနှောရမည် ဖြစ်သည်။ သူမအား ယင်းကိစ္စ မတိုင်မီနှင့် ပြီးဆုံးချိန်တို့တွင် အင်တာဗျူးရန်လည်း စီစဉ်ထားသည်။

 နတ်ဆူ အနေဖြင့် ၎င်း၏ ရုပ်သွင်ကို မီဒီယာများတွင် မဖော်ပြနိုင်အောင် ဖုံးကွယ်ထားခွင့် ရမည်ဖြစ်သည်။ ယခုသဘောတူညီချက်အရ သူမအား လေလံဆွဲ အောင်မြင်သူသည် အပိုဆောင်း ကိရိယာ တန်ဆာပလာများ ယူဆောင်ခွင့် မရှိသလို အကာအကွယ် ပစ္စည်းကို မဖြစ်မနေ ထည့်သွင်း အသုံးပြုရမည် ဖြစ်သည်။

နတ်ဆူသည် သူမနှင့် မတွေ့ဆုံမီ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကင်းရှင်းကြောင်း စစ်ဆေးခံရမည်ဟုလည်း သိရသည်။ ဒါရိုက်တာ ဂျက်စတင် ဆဲလ်ဆီ တာဝန်ယူမည့် မှတ်တမ်းဗီဒီယိုအတွက် အလက်ဇန္ဒားအမည်ရှိ လူပျိုတစ်ဦးသည်လည်း မှတ်တမ်းဗီဒီယို အရိုက်ခံမည် ဖြစ်သည်။ ၎င်းအား နီနီဘီဟု အမည်ဖော်ပြသော ဘရာဇီးလ် အမျိုးသမီး တစ်ဦးက ဒေါ်လာ (၃၀၀၀)ဖြင့် ဝယ်ယူခဲ့သည်။

ကက်ထရီနာသည် လေလံမှ ရရှိသော ငွေကြေးများကို ဆင်းရဲနွမ်းပါးသော မိသားစုများအတွက် အိမ်ရာဆောက်လုပ်ပေးမှု စီမံကိန်းများတွင် လှူဒါန်းမည် ဖြစ်သည်။ သူမသည် သောမတ်စ် ဝီလျံ ရုပ်ရှင်ထုတ်လုပ်ရေးက ရုပ်ရှင်အတွက် အပျိုစင်တစ်ဦး ရှာဖွေနေမှုတွင် လက်ခံသဘောတူခဲ့ပြီး ယခုအစီအစဉ်အတွက် လွန်ခဲ့သော (၂)နှစ်က လက်မှတ်ထိုးခဲ့သည်။

 ကက်ထရီနာက လေလံမှ ရရှိလာသည့် ငွေကြေးအားလုံး၏ (၉၀)ရာခိုင်နှုန်းနှင့် မှတ်
တမ်းရုပ်ရှင်အတွက် ရရှိမည့် ငွေများမှ ဒေါ်လာ (၂၀၀၀၀)တို့ကို သူမ၏ ဇာတိပြည်
နယ်ဖြစ်သော ဆန်တာ ကက်ထရီနာတွင် နွမ်းပါးသူများအတွက် ခေတ်မီ အိမ်ရာများ
 ဆောက်လုပ်မည့် စီမံကိန်းအတွက် လှူဒါန်းသွားမည်ဟု ကြိုတင်ပြောဆိုထားသည်။


Saturday, 4 August 2012

ထူးထူးခြားခြား ကမ္ဘာ့မြေအောက်မှ ဆေးရုံ


သယ်ရင်းတို့ရေ ဆေးရုံက မိုက်တယ်နော်..... မြေအောက်မှာဆောင်ထားတယ်ဆိုပဲ......

          ဒီဆေးရုံကတော့ ကမ္ဘာပေါ်မှာရှိတဲ့ ဆေးရုံတွေနဲ့ မတူ၊ တစ်မူ ထူးဆန်းတဲ့ဆေးရုံဖြစ်ပါတယ်။  ထူးဆန်းဆို ကမ္ဘာ့မြေမျက်နှာပြင်ပေါ်မှာမဟုတ်ပဲ မြေအောက် မီတာ ၃၀၀ ရာကျော်အနက်မှာ ရှိတဲ့ ဆေးရုံဖြစ်ပါတယ်။  ဒီ Solotvyno’s Allergological Hospital ဟာ ယူကရိန်းနိုင်ငံမှာ တည်ရှိပြီးတော့ အရင်တုန်းကတော့ ဆားတွင်း အဟောင်းကြီးဖြစ်ပါသတဲ့။
          ဒီဆေးရုံကိုတော့ လေပြွန်ရောင်တာတို့၊ ပန်းနာရင်ကျပ်တို့၊ အသက်ရှုမ၀တာတို့စတဲ့ ရောဂါတွေအတွက် ကုသပေးပါသတဲ့။  ဆေးရုံကဆရာဝန်တွေကတော့ ဒီလို ဆားငွေ့တွေပါတဲ့အတွက် အနုဇီဝ ပိုးမွှားတွေကို သေစေနိုင်ပြီးတော့ အသက်ရှုလမ်းကြောင်းအတွက် ကောင်းမွန်စေတယ်လို့ ဆိုပေမယ့် အခြားဆရာဝန်တွေကတော့ ဒီအဆိုကို သိပ်ပြီးတော့ မထောက်ခံပါဘူး။

          သို့ပေမဲ့လည်း နှစ်စဉ် လူနာပေါင်း ၅၀၀၀ လောက်ကတော့ ဒီဆေးရုံမှာ လာရောက်ပြီး ကုသနေကြပါသတဲ့။  တစ်ခေါက်ကုသလျှင် လူနာ ၂၀၀ လောက်ကို ဆားငန် လေတွေရှိတဲ့ လှိုင်ဂူထဲမှာ နေ့လည် လောက်အထိ ဒါမှမဟုတ်ရင်တော့ တစ်ညအိပ်စေပါသတဲ့။  လူနာတွေရဲ့ သုံးပုံတစ်ပုံကတော့ ကလေးတွေဖြစ်ပါတယ်။  ကုထုံးကတော့ ၂၄ရက်ကြာမြင့်ပါသတဲ့။
          ဒီမှာ ဆေးကုသရင်တော့ သက်တောင့်သက်သာနဲ့ အေးအေးဆေးဆေးနေနိုင်ပေမယ့် အန္တရာယ်တော့ အနည်းငယ်ရှိတယ်လို့ ဆိုပါတယ်။  ဒီအတွက် ဆေးကုသနေတဲ့ အချိန်မှာ ကလေးငယ်လေးတွေဆိုရင် Safety ဦးထုပ်တွေ၊ လှိုင်ဂူ မျက်နှာကျက်တွေကနေ ယိုစိမ့်လာတဲ့ ရေတွေကို ကာကွယ်ပေးဖို့ ပလပ်စတစ်တွေနဲ့ ကာကွယ်ပေးထားပါသတဲ့......
          ကဲ…. ရင်ကျပ်ပန်းနာ၊ အသက်ရှုကျပ်၊ လေပြွန်ရောင်သူများလည်း သက်သာလို သက်သာငြား အဆိုပါ မြေအောက် ဆေးရုံလေးသို့ သွားရောက် စမ်းသပ်နိုင်ပါကြောင်း…..။  မှတ်ချက်။   ။ပျောက်မပျောက် အာမ မခံပါ။

Friday, 29 June 2012

ထူးဆန်းတဲ့အဆောက်အုံများ

ထူးဆန်းသည့် အဆောက်အအုံများ ○○○◘◘◘

1. The Crooked House
ဒီအိမ်က ပိုလန်နိုင်ငံမှာ ရှိတာပါ။ ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီက စတင် တည်ဆောက်ခဲ့ပြီး ၂၀၀၃ ခုနှစ် ဒီဇင်ဘာလမှာ ပြီးစီးခဲ့ပါတယ်။
……………………………………………………..



2. The Basket Building
Longaberger basket company က သူတို့ရဲ့ ရုံးအဆောက်အအုံအဖြစ် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ United States မှာ တည်ရှိတာပါ။ ဒီအဆောက်အအုံ ပြီးစီးဖို့အတွက် အချိန် (၂) နှစ် ယူခဲ့ရပါတယ်။ အမေရိကန် ဒေါ်လာ (၃၀) မီလီယံ ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။
……………………………………………………..

3. Habitat 67
ကမ္ဘာ့အကြီးဆုံး export ကုမ္ပဏီကြီးတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်တဲ့ Expo 67 က တည်ဆောက်ထားတာပါ။ ကနေဒါနိုင်ငံ Montreal မှာ တည်ရှိပါတယ်။
……………………………………………………..

4. Cubic Houses
ဒီအဆောက်အအုံ ဒီဇိုင်းရဲ့ အခြေခံ idea ကတော့ ၁၉၇၀ ပြည့်နှစ် ကတည်းက ရရှိခဲ့တာ ဖြစ်ပါတယ်။ နယ်သာလန်နိုင်ငံ၊ Rotterdam မှာ ရှိပါတယ်။
……………………………………………………..


5. Manchester Civil Justice Centre
( မန်ချက်စတာ၊ UK မှာ ရှိပါတယ် )
……………………………………………………..

6. Stone Houses
( ပေါ်တူဂီနိုင်ငံမှာ ရှိပါတယ် )
……………………………………………………..

7. Erwin Wurm: House Attack
( Austria နိုင်ငံ၊ Viena မှာ ရှိပါတယ် )
……………………………………………………..

8. Wooden Gagster House
( ရုရှားနိုင်ငံမှာ ရှိပါတယ် )
……………………………………………………..

9. Nord LB building
( ဂျာမနီနိုင်ငံ၊ Hannover မှာ ရှိပါတယ် )
……………………………………………………..

10. Lloyd’s building
( London မှာ ရှိပါတယ် )

Thursday, 28 June 2012

ပင်လယ်နီ၌ ထူးခြားဆန်းပြားသည့် ကြောက်စရာငွေရောင်ငါးမျိုးများကို တွေ့ရ

ပင်လယ်နီ၌ ထူးခြားဆန်းပြားသည့် ကြောက်စရာငွေရောင်ငါးမျိုးများကို တွေ့ရ
ပင်လယ်နီကြမ်းပြင်တစ်ဝိုက်မှာ ကျင်လည်ကျက်စားနေကြသော ထူးခြားဆန်းပြားသည့် ငါးမျိုးတစ်မျိုးကို ဗြိတိန်မှသိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြကြောင်း ဇွန်လ၁၃ရက်က သိရှိရသည်။ဗြိတိန်အပျော်တမ်း ဓာတ်ပုံဆရာများအဖွဲ့က သိပ္ပံပညာရှင်များနှင့်အတူ ပင်လယ်နီကို မှတ်တမ်းတင်ရိုက်ကူးရန် သွားရောက်လေ့လာခဲ့ကြရာမှ
ငွေရောင်ငါးမျိုးတစ်မျိုးအား တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ''ဒီငါးမျိုးအသစ်ကိုတွေ့ရတာ အမေဇုန်တောထဲမှာ တိရစ္ဆာန်အသစ်တစ်မျိုးကို တွေ့ရသလိုပါပဲ''ဟု အဆိုပါအဖွဲ့ကို ဦးဆောင်ခဲ့သည့် ဒေါက်တာတက်တာဆောက သူအတွေ့အကြုံကိုပြန်ပြောင်း ပြောပြသည်။ အဆိုပါ ငါးမျိုးသစ်များမှာ ပင်လယ်ရေအောက်အပူချိန် ၆၃ ဒီဂရီဖာရင်ဟိုက်မှာ ရှင်သန်နိုင်ကြကြောင်းလည်း လေ့လာတွေ့ရှိရသည်။ ဗြိတိန်အပျော်တမ်း ဓာတ်ပုံဆရာများအဖွဲ့က အရောင်တလက်လက် ထနေသော ငါးများကို SilverFish ငွေငါးများဟု တင်စားခေါ်ဝေါ်လိုက်ကြသည်။
ပင်အပ်တစ်ချောင်းဖြင့် ကြက်ဥခွံများကို ဖောက်ထွင်းကာ အလွန်ထူးဆန်းသောပန်းပုများ ပြုလုပ်
ဆလိုဗေးနီးယား အနုပညာသမားဖရန့်ဂရွမ် (၇၂ နှစ်)သည် ကြက်ဥခွံများကို ပင်အပ်ဖြင့် ဖောက်ထွင်းကာ အလွန်ထူးဆန်းသော ပန်းပုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။ သူသည် ကြက်ဥများကို ထိပ်၌ အပေါက်သေးသေးဖောက်ကာ အရည်များကို ဖောက်ထုတ်လိုက်ပြီး ပန်းပုပြုလုပ်ခြင်းဖြစ်သည်။ သူသည် ပင်အပ်အရွယ်အသွားကို အသုံးပြုသည့် လျှပ်စစ်ဖောက်စက်ကို အသုံးပြုသည်။ သူသည် ယင်းရှားရှားပါးပါး ကြက်ဥအနုပညာကို ဖန်တီးလာခဲ့သည်မှာ ၁၈နှစ်ရှိပြီဟုဆိုသည်။ ဂရွမ်သည် ဆလိုဗေးနီးယားနိုင်ငံ မြို့တော်အနီးရှိ စတာရာဗာနီကာရွာကလေး၌ နေထိုင်လျက်ရှိကြောင်း သိရသည်။ သူသည် သူ၏ကြက်ဥပန်းပုတစ်ခုကို ဒေါ်လာ၅၀၀ ဖြင့်ရောင်းချပြီး ဆလိုဗေးနီးယား၊ အိန္ဒိယ၊ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့၌ ပြပွဲများပြုလုပ်ခဲ့ကြောင်း သိရသည်။

Monday, 25 June 2012

ထူးထူးခြားခြားလေးပါ

အသက် ၇ နှစ်အရွယ် အိန္ဒိယ မှ ကောင်လေး Deepak Kumar Paswaan ဟာ Buxar မှာနေထိုင်ပါတယ် ။ သူ့အစာအိမ်နေရာကနေပြီးတော့ ခြေလက်တွေ ပုံသဏ္ဍာန်မမှန်ပဲ ပါလာတဲ့အခြေအနေကို မွေးကတည်းက ရင်ဆိုင်ခဲ့ရတယ် သူဟာ မကောင်းဆိုးရွားလည်းမဟုတ်ပါဘူး ။ ပြုစားခံနေရာလည်းမဟုတ်ပါဘူး ။. 

သန္ဓေသားဘ၀က အမွှာပူးကိုယ်ဝန်ဆောင်စဉ်မှာ တစ်ယောက်က ပုံသဏ္ဍန်မမှန်ဖြစ်ပေါ်လာခြင်း Malformation ကြောင့် ဒီလိုကြုံတွေ့ခဲ့ရတာပါ ။ 

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့