Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Showing posts with label ပြည်တွင်းသတင်းများ. Show all posts
Showing posts with label ပြည်တွင်းသတင်းများ. Show all posts

Friday, 12 April 2013

မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ငန်းအဆင့် ဖြေလျှော့ရေးအတွက် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့


မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ၀န်ဆောင်မှု လုပ်ငန်းများမှ လုပ်ငန်းအဆင့်များ ဖြေလျှော့နိုင်ရေးအတွက် Working Group အဖွဲ့နဲ့ လုပ်ငန်း ညှိနှိုင်း
အစည်းအဝေးကို ဧပြီလ ၁၁ ရက်နေ့က မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှာ ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးမှာ ဆိပ်ကမ်းများမှာ အခုလက်ရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဖြေလျှော့သင့်တာများကို အတတ်နိုင်ဆုံး ဖြေလျှော့ပေးထားပြီး သွင်းကုန်၊ ထုတ်ကုန်များ ဆောင်ရွက်ရာမှာ အခုလက်ရှိ ပြည်တွင်းမှာ လူအင်အားနဲ့သာ ဆောင်ရွက်မှုကြောင့် နှောင့်နှေးနေတယ်လို့ သိရပါတယ်။ သွင်းကုန်၊ ထုတ်ကုန်များ ဆောင်ရွက်ရာမှာ ယခုထက်မြန်အောင် ဆောင်ရွက်ပါက ကိုယ်ပိုင်ဆော့ဖ်ဝဲလ် ရေးဆွဲဖို့ လိုအပ်တယ်လို့ သိရပါတယ်။

အဆိုပါ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှာတော့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အထွေထွေ မန်နေဂျာ အပါအ၀င် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ ကိုယ်စားလှယ် လုပ်ငန်း ဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ကုန်လုပ်ငန်းဌာနနဲ့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် စာရင်းဌာနမှ တာဝန်ရှိသူများမှ ဆွေးနွေး တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် MIFFA ဥက္ကဋ္ဌ၊ ACL သင်္ဘောလိုင်းနဲ့ EFR သင်္ဘောလိုင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူမှု ဆောင်ရွက်မှု ပြီးဆုံး


၂၀၁၄ ခုနှစ်မှာ ပြည်လုံးကျွတ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကောက်ယူဖို့အတွက် ပထမအဆင့်
စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူမှုကို ၂၀၁၃ ခုနှစ် မတ်လ ၃၀ ရက်နေ့က စတင် ကောက်ယူခဲ့ရာ ဧပြီလ ၁၁ ရက်နေ့က စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်း ပြီးမြောက် အောင်မြင်ခြင်း အခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရဖွဲ့ လွှတ်တော်ရုံးမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီလို စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူမှုကို တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ မြို့နယ် ၂၀ မှာ ကောက်ယူခဲ့တာ ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်း  စမ်းသပ်သန်းခေါင် စာရင်း ကောက်ယူခြင်းကိုတော့ ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်မှ အမှတ် ၁၀ ရပ်ကွက်မှာ ကောက်ကွက် ၅ ကွက်၊ အနောက်ပိုင်းခရိုင် လမ်းမတော်မြို့နယ် အမှတ် ၅ ရပ်ကွက်မှာ ကောက်ကွက် ၅ ကွက် စမ်းသပ်ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလို စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူရာမှာ မေးခွန်းများ မေးမြန်းရာ အချို့မေးခွန်းများကို မှန်ကန်စွာဖြေဆိုခြင်း မရှိတာကို တွေ့ရှိခဲ့ကြောင်း စာရင်းကောက်ဆရာမ(၁)ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဒါ့အပြင် စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်း ပြီးမြောက် အောင်မြင်ခြင်း အခမ်းအနားမှာ သက်ဆိုင်ရာ မြို့နယ်နဲ့ ရပ်ကွက်များမှ သန်းခေါင်စာရင်း ကော်မတီများနဲ့ ပညာရေး ၀န်ထမ်းစာရင်းကောက် ဆရာ၊ ဆရာမများကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။


သင်္ကြန်တွင်မဖွယ်မရာပြုမူ၊ ဝတ်ဆင်က ထောင်ဒဏ်အထိ အရေးယူမည်


သင်္ကြန်တွင်မဖွယ်မရာပြုမူ၊ ဝတ်ဆင်က ထောင်ဒဏ်အထိ အရေးယူမည်














မြန်မာ့ရိုးရာသင်္ကြန်ရေ ကစားရာ တွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် ဝတ်စားဆင်ယင်ခြင်း၊ မဖွယ်မရာပြုမူခြင်းများ တွေ့ရှိပါက ပြစ်မှုပုဒ်မ၂၉၀/၂၉၄ အရ အရေးယူမည်ဟု မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ထားသည်။

မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် ဝတ်စားဆင်ယင်ခြင်း၊ မဖွယ်မရာပြုမူခြင်းများ တွေ့ရှိပါက ပြစ်မှုပုဒ်မ ၂၉၀ အရ ဒဏ် ငွေ ၂၀၀ ကျပ်၊ ပုဒ်မ ၂၉၄ အရ ထောင်ဒဏ်သုံးလဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေစာအုပ်တွင် ဖော်ပြပါရှိသည်။
သင်္ကြန်ရေပက် ကစားရာတွင် မြန်မာ အမျိုးသမီးများ ဝတ်စားဆင်ယင်မှုပိုင်းတွင် လွန်ကျူးလာသည် ကို တွေ့မြင်ရကြောင်း ဒေသခံအချို့က သုံးသပ်ပြောကြားသည်။



"အရင်နှစ်တွေ ကတည်းက လွန်လွန်ကျူးကျူး ဝတ်စားထားရင် ပြန်လဲခိုင်းတယ်။ ပြန်လဲခိုင်းလို့ မရရင် လက်မှတ်ခကို ပြန်အမ်းပေးလိုက်တယ်။ ဒီနှစ်လည်း အဲဒီလိုပဲ လုပ်မှာပါ" ဟု ဒိုမီနိုရေကစားမဏ္ဍပ် တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

သင်္ကြန်ကာလအတွင်း မြန်မာအမျိုးသမီးများ အနေနှင့် ခေတ်မီမီ လုံလုံ ခြုံခြုံ ဝတ်စားဆင်ယင် သင့်ကြောင်း အသက် ၃၀ အရွယ် ဒေသခံအမျိုးသား တစ်ဦးက ပြောကြားသည်။
"ကျွန်တော်တို့အနေနဲ့တော့ စည်းကမ်းချက် ထုတ်ထားတာမျိုးတော့ မရှိပါဘူး။သိပ်ပြီး ဟော့ဟော့ရမ်းရမ်း မဖြစ်တာမျိုး ဆိုရင် ဝတ်လို့ရပါတယ်" ဟု Maritime ရေကစားမဏ္ဍပ် တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

သင်္ကြန်ကာလ နီးကပ်လာပြီဖြစ် သဖြင့် အခပေး ရေကစားမဏ္ဍပ် အများဆုံး ရှိသည့် မန္တလေးကျုံးပတ်လည်တွင် ညဦးပိုင်းကာလ၌ မဏ္ဍပ်ချင်းအပြိုင်အဆိုင် ကြော်ငြာနေသည် ကိုလည်း တွေ့ရသည်။
"ကျွန်တော်တို့ ခုချိန်ထိတော့ ဘာစည်းကမ်းမှ မထုတ်ရသေးဘူး။ ဒါပေမဲ့ ကြိုက်တာဝတ်လို့ ရပါတယ်" ဟု Festival 9.9 ရေကစားမဏ္ဍပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အခပေးမဏ္ဍပ်တွင် ရေကစားလိုသူများ အနေဖြင့် သင်္ကြန်လေးရက် ကာလပတ်လုံး နှစ်သောင်းကျပ်မှ ငါးသောင်းကျပ် အထိ ဈေးရှိကြောင်း ဈေးကွက်အတွင်း စုံစမ်းသိရှိရသည်။

ပင်စင်လစာများ လျှောက်စရာမလိုဘဲ ထုတ်ခွင့်ရရေး ဆောင်ရွက်နေ

ဧပြီလကစပြီး တိုးမြှင့်ရရှိမယ့် ပင်စင်လစာတွေကို လျှောက်ထားနေစရာမလိုဘဲ ပင်စင်ထုတ်နေကျ ဘဏ်တွေမှာ အချိန်တန် သွားရောက်ထုတ်ယူလို့ရအောင် လုပ်ဆောင်ပေးနေတယ်လို့ ပင်စင်ဦးစီးဌာနက ပြောပါတယ်။ ပင်စင်စား အငြိမ်းစား ၀န်ထမ်းတွေရဲ့ တိုးမြှင့် ပင်စင်လစာကို ---




နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့