Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Showing posts with label ♪♥♪ကွန်ပြူတာအကြောင်းများ♪♥♪. Show all posts
Showing posts with label ♪♥♪ကွန်ပြူတာအကြောင်းများ♪♥♪. Show all posts

Wednesday, 11 April 2012

THX Certification Technology

THX Certification Technology



LG, Panasonic, Sharp, JVC စတဲ့ ကမ္ဘာကျော်အမှတ်တံဆိပ်တီဗွီရဲ့ နောက်ဆုံးထွက်မော်ဒယ်တွေမှာပါဝင်တဲ့ နည်းပညာတစ်ခုဖြစ်ပြီး ဒီနည်းပညာက အဆင့်မြင့်ရုပ်သံအရည်အသွေးကို ထုတ်ပေးတဲ့အတွက် ရုပ်ရှင်ရုံမှာကြည့်နေတဲ့အတိုင်း ခံစားရစေမှာဖြစ်ပါတယ်။

ဒီစနစ်ကိုပြောင်းလဲထားပြီး ကြည့်ရှုချိန်မှာ ပြန်လည်ထုတ်ပေးတဲ့ အသံစနစ်ကတော့ ၅.၁ ဒါမှမဟုတ် ၂.၁ multimedia surround sound အနေနဲ့ ပြန်ထုတ်ပေးတဲ့အတွက် ဒီနည်းပညာကို ကွန်ပျူတာတွေ၊ တီဗွီတွေနဲ့ ပရိုဂျက်တာတွေနဲ့ ဗီဒီယိုဂိမ်းတွေမှာ အသုံးပြုလာတာပဲဖြစ်ပါတယ်။ ဒီနည်းပညာကို ကမ္ဘာ့အသိအမှတ်ပြု အရည်အသွေးစစ်ဆေးရေးအဖွဲ့ THX က အာမခံချက်ရှိထားကြောင်း သိရှိစေဖို့အတွက် ဒီစနစ်အသုံးပြုထားကြောင်း THX Certified ဖြစ်ကြောင်း ကြေညာရောင်းချကြတာဖြစ်ပါတယ်။

Toshiba Satellite U840




အသေးစိတ်ဖော်ပြချက်
Toshiba Satellite U840 ကို 1.6GHz Intel Core i5 2467M ပရိုဆက်ဆာနဲ့ထုတ်လုပ်ထားပြီး 1,333MHz DDR3 memory 4GB ထည့်သွင်းပေးထားပါတယ်။ Hard drive ပိုင်းအနေနဲ့ 500GB HDD အပြင် 16GB SSD ပါ ပါဝင်ပြီး Intel HM65 chipset နဲ့ Intel HD Graphics 3000 တို့ကိုလည်း ထည့်သွင်းထုတ်လုပ်ထားပါတယ်။



Ultraportable laptop အမျိုးအစားဖြစ်ပြီး ဗီဒီယိုစနစ်အတွက် HDMI port ပါဝင်ကာ အချက်အလက်တွေရွှေ့ပြောင်းအသုံးပြုနိုင်ဖို့ USB 3.0 port တစ်ခု၊ USB 2.0 port နှစ်ခုနဲ့ SD card reader တစ်ခုတို့လည်းပါဝင်ပါတယ်။ Gigabit Ethernet, 802.11b/g/n Wi-Fi, Bluetooth စတဲ့စနစ်တွေနဲ့ ကွန်ရက်ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပြီး Ultrabook အမျိုးအစားဖြစ်တဲ့အတွက် optical drive တော့ ထည့်သွင်းပေးထားခြင်းမရှိပါဘူး။

ဒီဇိုင်း
ပြောင်လက်တောက်ပနေတဲ့ အလူမီနီယံကိုယ်ထည်နဲ့ ထုတ်လုပ်ထားပြီး ဒီဇိုင်းအသွင်အပြင်ကလည်း ဆန်းသစ်ကာ ဆွဲဆောင်မှုရှိပါတယ်။ ကျစ်လျစ်တဲ့ဖွဲ့စည်းပုံမျိုးမရှိပေမယ့် ပါးလွှာတဲ့ကိုယ်ထည်က laptop ရဲ့အားသာချက်ဖြစ်ပါတယ်။ အလျား ၃၄၂ မီလီမီတာ၊ အနံ ၂၃၂ မီလီမီတာနဲ့ ကိုယ်ထည်အထူကတော့ ၁၉.၉ မီလီမီတာရှိကာ စုစုပေါင်းအလေးချိန် ၁.၅၉ ကီလိုဂရမ်ရှိပါတယ်။ အရွယ်ကြီးမားတဲ့ touchpad ထည့်သွင်းပေးထားပြီး multitouch အသုံးပြုရာမှာ အဆင်ပြေစေမှာဖြစ်ကာ scrolling ပြုလုပ်ရာမှာလည်း လွယ်ကူစေပါတယ်။

သုံးသပ်ချက်
Toshiba ရဲ့နောက်ဆုံးပေါ် Ultrabook laptop အမျိုးအစားဖြစ်တဲ့ Satellite U840 ကို အလွန်ပါးလွှာပေါ့ပါးတဲ့ ကိုယ်ထည်နဲ့ထုတ်လုပ်ထားပြီး port တွေလည်း များစွာထည့်သွင်းပေးထားပါတယ်။ ဈေးနှုန်းသင့်တင့်ပေမယ့် စွမ်းဆောင်ရည်ပိုင်းအားနည်းကာ ဘက်ထရီသက်တမ်းကလည်း ကောင်းမွန်မှုမရှိပါဘူး။

အားသာချက်
နောက်ဆုံးပေါ် Ultrabook အမျိုးအစား laptop ဖြစ်ပြီး အလေးချိန်ပေါ့ပါးကာ အရွယ်အစားအနေနဲ့လည်း ပါးလွှာပါတယ်။ Backlit ကီးဘုတ်ကို အသုံးပြုပေးထားပြီး laptop နဲ့ ချိတ်ဆက်အသုံးပြုနိုင်ဖို့ port နဲ့ connector တွေလည်း များစွာထည့်သွင်းပေးထားပါတယ်။

အားနည်းချက်
ထည့်သွင်းတပ်ဆင်ပေးထားတဲ့ key တွေက အသုံးပြုရတာအဆင်ပြေမှုမရှိဘဲ laptop ရဲ့စွမ်းဆောင်ရည်ကလည်း SSD အသုံးပြုထားတဲ့ တခြားအမျိုးအစားတွေနဲ့ယှဉ်ရင် ကောင်းမွန်မှုမရှိတာတွေ့ရပါတယ်။ ဒါ့ အပြင် ဘက်ထရီသက်တမ်းကလည်း Portege Z830 လောက်ကောင်းမွန်မှုမရှိပါဘူး။

ဘက်ထရီ
Satellite U840 ရဲ့ ဘက်ထရီသက်တမ်းက Portege Z830 မှာသုံးနိုင်တဲ့သက်တမ်းလောက် ရှည်လျားကောင်းမွန်မှုမရှိပေမယ့် laptop ကိုသာမန်အနေအထားမှာ အသုံးပြုမယ်ဆိုရင်တော့ ၃၁၂ မိနစ်လောက်အထိ အသုံးခံတာကို တွေ့ရပါတယ်။

Lenovo (Desktop)

Lenovo (Desktop)
- Intel Core i3
- 2GB DDR3-1333, 500GB HDD
- Graphic Card Onboard
- DVD R/W,Bluetooth
- 10/100/1000Mbps LAN (GLAN)
- Card Reader, Lenovo Keyboard, Mouse, USB 3.0
- PRICE: USD 439

Thermaltake SMART 730W –SP730PCWEU Power Supply

Thermaltake SMART 730W –SP730PCWEU Power Supply
ပါဝါစွမ်းအားအသုံးများသော Game Crazy Customer များအတွက်နောက်ဆုံးပေါ် Graphic Card များကိုထောက်ပံ့သော Thermaltake အမှတ်တံဆိပ် SMART 730W –SP730PCWEU Power Supply လေးဖြစ်ပါတယ် Intel ATX 12V V2.3 ပါဝင်ခြင်းကြောင့်တိကျသေချာသောစွမ်းအားပြည့် Power ကိုရရှိနိုင်ပါတယ်..ထို့အပြင်40ံC operating environment တွင်730W output ကိုပုံသေရရှိနိုင်မှာဖြစ်ပြီး Peak output အဖြစ် 800W နီးပါးရရှိနိုင်မှာဖြစ်ကာ စွမ်းအင်ပြည့်ဝစွာရရှိနိုင်သော singal +12V output  ထောက်ပံ့ပေးမူကြောင့် မြင်မားစွာသောစနစ်လုပ်ဆောင်ချက်များ၏ လိုအပ်ချက်ပြည့်မီစွာပေးပို့စွမ်းဆောင်နိုင်မှာဖြစ်ပါတယ် Thermaltake SMART 730W –SP730PCWEU Power Supply  ကျပ် ၁၅.၀၀၀ ဝန်းကျင်ဖြင့် ပြည်တွင်းရှိကွန်ပျူတာ ရောင်းဆိုင်းများတွင်ဝယ်ယူရရှိနိုင်ပါသည်..

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့