Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Showing posts with label ဗေဒင် ဟောစတမ်း. Show all posts
Showing posts with label ဗေဒင် ဟောစတမ်း. Show all posts

Friday, 3 May 2013

စံဇာဏီဘိုစာအုပ်များ (၁၅ အုပ်)

(၁)၂၀၁၃-ခုနှစ်၁၂ ရာသီ ဟောကိန်းများ (စံဇာဏီဘို)
နေ့(ရာသီ)အလိုက်စာအုပ်များအားဒေါင်းပါ။
ကုမ်ရာသီ (Aquarius) ဇန်န၀ါရီ ၂၁ ...ရက်မှ ဖေဖော်ဝါရီ ၁၈ ရက် အတွင်းမွေးဖွားသူများ
... http://www.mediafire.com/?9gwx7f8d90ci0s3
မိသ၁ရာသီ (Aries) မတ် ၂၁ ရက်မှ ဧပြီ ၂၀ရက် အတွင်းမွေးဖွားသူများ
http://www.mediafire.com/?v9o5v9nubzy0ofq
မေထုန်ရာသီ (Gemini) မေ ၂၂ ရက်မှ ဇွန် ၂၁ ရက် အတွင်းမွေးဖွားသူများ
http://www.mediafire.com/?4tfpbfcf4c0sypf
ကရကဋ် ရာသီ (Cancer) ဇွန် ၂၂ ရက်မှ ဇူလိုင် ၂၂ ရက်အတွင်းမွေးဖွားသူများ
http://www.mediafire.com/?16mgja6n1crrh8v
မကာရရာသီ (Capricorn) ဒီဇင်ဘာ ၂၂ ရက်မှ ဇန်န၀ါရီ ၂၀ အတွင်းမွေးဖွားသူများ
http://www.mediafire.com/?c5imh2hph3a53eu
ဗြိစ္ဆာရာသီ (Scorpio) အောက်တိုဘာ ၂၄ ရက်မှ နိုဝင်ဘာ ၂၂ရက် အတွင်းမွေးဖွားသူများ
http://www.mediafire.com/?71555lg7tdcjgwh
သိဟ်ရာသီ (Leo) ဇူလိုင် ၂၃ ရက်မှ သြဂုတ် ၂၃ ရက် အတွင်းမွေးဖွားသူများ
http://www.mediafire.com/?a55od6skqg8v285
တူရာသီ (Libra) စက်တင်ဘာ၂၃ရက်မှ အောက်တိုဘာ ၂၃ ရက် အတွင်းမွေးဖွားသူများ
http://www.mediafire.com/?b9bi32hsblpo4px
မိန်ရာသီ (Pisces) ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အတွင်းမွေးဖွားသူများ
http://www.mediafire.com/?4qf4zil7z7pcdio
ဓနုရာသီ (Sagittarius) နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၁ အတွင်းမွေးဖွားသူများ
http://www.mediafire.com/?n0z8eghtf39v7ej
ကန်ရာသီ (Virgo) သြဂုတ် ၂၄ ရက်မှ စက်တင်ဘာ ၂၂ ရက်အတွင်းမွေးဖွားသူများ
http://www.mediafire.com/?c985lb6ec7jnvfk
ပြိဿရာသီ (Taurtus) ဧပြီ ၂၁ ရက်မှ မေ ၂၁ ရက် မွေးသူများအတွက်အတွင်းမွေးဖွားသူများ
http://www.mediafire.com/?4u2ezdd9cu3y0jd

(၂)အချစ်ဗေဒင် (စံ...ဇာဏီဘို)
http://www.mediafire.com/?az5d8iwwddf7uuk

(၃)အချစ်လက္ခဏာ
http://www.mediafire.com/?lc0pis1g1kd9u4s

(၄)၁၂ ရာသီအချစ် (စံဇာဏီဘို)
http://www.mediafire.com/?lar2putf1h48f7u

Thursday, 25 April 2013

ဆရာမျိုးဟန်ကို - 2013, April လ အတွက် အထူးဗေဒင် ဟောစတမ်း


    ဆရာမျိုးဟန်ကို - 2013, April လ အတွက် အထူးဗေဒင် ဟောစတမ်း

ဆရာမျိုးဟန်ကို - 2013, April လ အတွက် ဗေဒင် ဟောစတမ်း
၁။ တနင်္ဂနွေ သားသမီးများ အတွက် 

ယခုလအတွင်း မိမိဖြစ်ချင်တာတွေ မျှော်လင့်တာတွေ တွေ့ရလိမ့်မယ်။ နေရာသစ် ရရှိမည်။ အလုပ်အကိုင်များတွင် အထက်လူကြီးနဲ့ ပက်သက်ပြီး အခက်ကြုံနေရမည်။ ငွေဝင်မည့် လမ်းစပေါ်မည်။ ငွေကြေးကိစ္စများတွေမှာ အဆင်ပြေနေမည်။ ငွေရဖို့ သေချာနေပြီ ငွေဝင်နေမည်။ ခရီးယာယီ တွေသွားမယ် ဆိုရင် မိမိရဲ့ အဖော်နဲ့ သွားပါ အကျိုးရှိပါသည်။ အချစ်ရေးမှာ ဆွတ်ပျံ့ဖွယ်ရာ အချစ်ဇတ်လမ်းလေး တွေ့ရမည်။ အိမ်ထောင်ရေးမှာ အခုအချိန်မှာ အတွဲညီနေမဲ့ အချိန်လေးပါပဲ။ ကျန်းမာရေး သင့်တင့်ညံ့မည် ခါးနာ ဒူးနာ ဖြစ်မည်။ ယတြာ = ကံကောင်းစေရန်အတွက် တနင်္ဂနွေနေ့ နံနက် ဘုရားတွင် ပန်း အနီရောင် ၇ ပွင့် လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသော ကံကောင်းသော ဂဏန်းများ ။ ။ ၄ ၆ ၈ ၀ 

၂။ တနင်္လာ သားသမီးများ အတွက် 

ယခုလအတွင်း ဆန္ဒတွေဟာ မပြည့်စုံသေးပါဘူး။ အထက်လူကြီးတွေနဲ့လည်း သိပ်ပြီးအဆင်မပြေသေးပါဘူး။ သွားမတွေ့ သင့်ပါ။ ဒီလအတွင်းမှာ စိတ်ညစ်ပြီး အလုပ်လုပ်နေရမည်။ စီးပွားရေးမှာ ခဏလေးတော့ စောင့်ရဦးမည်။ ငွေကြေးကိစ္စများကတော့ ချက်ချင်းလိုတဲ့ ငွေကိုချက်ချင်း ရှာလို့ မရဘူး။ ခဏစောင့်ရဦးမှာပါ။ မိမိ ဖြစ်ချင်တာ လုပ်ချင်တာများ စိတ်နှစ်ခွ ကိုယ်နှစ်ခွ ဖြစ်နေမည်။ သူတစ်ပါးအတွက်နဲ့ ရုတ်တစ်ရက် ငွေကုန်ကျမှုများ ရှိပါသည်။ ခရီးတွေက ရုတ်တစ်ရက် သွားလာခြင်း ရှောင်ပါ။ သူတစ်ပါးကိစ္စတွေနဲ့ အလုပ်ရှပ်နေမည်။ အချစ်ရေးမှာ အဆင်ပြေနေမည်။ အိမ်ထောင်ရေးကတော့ ခဏယာယီခွဲခွာ နေရမည်။ ကျန်းမာရေးမှာ အိပ်ရေးပျက်မည်။ ဗိုက်နာ ဗိုက်အောင့် ဖြစ်မည်။ ယတြာ = ကံကောင်းစေရန် အတွက် တနလာင်္နေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် အဝါရောင်ခွက်ထဲတွင် နွားနို့ထည့်၍ နေအိမ်ဘုရားတွင် လှူဒါန်းပြီး ဆုတောင်းလိုက်ပါ။ အကျိုးပေး သောဂဏန်းများ ။ ။ ၉ ၆ ၄ ၂ 

၃။ အင်္ဂါ သားသမီးများ အတွက် 

ယခုအတွင်း မိမိရဲ့ စိတ်ကူးလေးတွေဟာ အချိန်တွေ အရမ်းကြာမှ ဆန္ဒလေးတွေ ပြည့်စုံလာမယ်။ အလုပ်အတွက်နဲ့ စီးပွားရေးအတွက်နဲ့ ပုံမှန်လေးပြုလုပ်သင့်သော အချိန်လေးပါပဲ။ အထက်လူကြီးတွေနဲ့ စကားပြောဆိုတာတို့ လုပ်ကိုင်တာတို့ အဆင်ပြေပါသည်။ အလုပ်အကိုင် စီးပွားရေး ငွေကြေးကိစ္စများ ပုံမှန်လေးပါပဲ။ တဖြည်းဖြည်း ပြည့်စုံလာမှာပါ။ စိတ်မညစ်ပါနဲ့ ခရီးကိစ္စများ သွားလာမှုများ သွားလိုက်ပါ။ အဆင်ပြေပါသည်။ စက်ပစ္စည်းဝင်မည်။ ထိခိုက်မိဖြစ်မည်။ အချစ်ရေးမှာ ရည်ရွယ်နေပေမဲ့ အဆင်မပြေပါဘူး။ အိမ်ထောင်ရေးမှာတော့ လိုက်ဖက်ညီနေပါတယ်။ ယခုလအတွင်း ကျန်းမာရေးမှာ အိပ်ရေးပျက်တာတို့ စိတ်ပင်ပန်းတာတို့ ဖြစ်နေမည်။ ယတြာ = ကံကောင်းစေရန် အတွက် အင်္ဂါနေ့ နံနက် ၉ နာရီ ၄၅ မီနစ် မိမိနေအိမ် ဘုရားတွင် ပန်းသီး ၈လုံး ကပ်လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေးသော ဂဏန်းများ ။ ။ ၇ ၅ ၃ ၁ 

၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက် 

ယခုလ အတွင်းမှာ ရည်ရွယ်တာလေးတွေ အောင်မြင်နေမည်။ အလုပ်ကိစ္စများ စီးပွားရေးကိစ္စတွေမှာတော့ အဆင်ပြေလာမည်။ အထက်လူကြီးနဲ့ အတူတူပြုလုပ် ဆောင်ရွက်တာတွေ သိပ်အဆင်မပြေဘူး ဖြစ်နေပါသည်။ အလုပ်ထဲ စိတ်မပျော်ပဲ အလုပ်လုပ်နေရမည်။ လူတစ်ခြား စိတ်တစ်ခြား ဖြစ်နေတာပါ။ ငွေကြေးကိစ္စတွေမှာ အဆင်မပြေသေးပါဘူး။ မရခင်ကကုန်ကုန်နေလို့ စိတ်ညစ်နေရမည်။ ငွေကတော့ ဝင်လာမှာပါ။ ခရီးကိစ္စများ သွားလာမှု အဆင်မပြေသေးပါဘူး။ အလှူကိစ္စများ ၊ မင်္ဂလာကိစ္စများ ဖြစ်မည်။ ယခုလ အချစ်ရေးကိစ္စများ လွမ်းနေရမည်။ အိမ်ထောင်ရေးကတော့ ရန်ဖြစ်နေမည့် အချိန်လေးပါ။ ကျန်းမာရေး ကိစ္စများ ဦးခေါင်းပိုင်း ကျန်းမာရေးညံ့မည်။ ခေါင်းမူးတာတို့ ဖြစ်မည်။ ယတြာ = ကံကောင်းစေရန် အတွက် ဗုဒ္ဓ္ဓဟူးနေ့ နံနက် ၉ နာရီ ၄၅ မီနစ် မိမိနေအိမ် ဘုရားတွင် လိမ္မော်သီး ၄လုံးကို ကပ်လှူ၍လိုရာ ဆုတောင်းလိုက်ပါ။ အကျိုးပေးသောဂဏန်း ။ ။ ၈ ၆ ၅ ၃ 

၅။ ကြာသပတေး သားသမီးများ အတွက် 

ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ ပြန်လည် အဆင်ပြေလာမည်။ အလုပ်ကိစ္စများ အနည်းငယ် အဆင်မပြေဖြစ်နေမည်။ စီးပွားရေး လုပ်ငန်များ ယခု အချိန်တွင် ထပ်မံတိုးချဲ့ရန်အတွက် အဆင်မပြေသေးပါ။ ငွေကြေးကိစ္စများ စီးပွားရေးများ အဆင်ပြေလာမည်။ စမ်တူ လုပ်ငန်းများ ပြုလုပ်ရမည်။ မိမိ၏ သူငယ်ချင်းများ မိတ်ဆွေများနှင့် အနည်းငယ် စကားများရမည်။ အလုပ်နေရာ နေရာကောင်းရမည်။ အိမ်ပြောင်းရမည် ပြင်ဆင်ရမည်။ ဘာသာရေးကိစ္စများ ပြုလုပ်ရမည်။ ပညာရေး ကြိုးစားနေရသော အချိန်လေး ဖြစ်ပါသည်။ ယခုလအတွင်း အချစ်ရေးကိစ္စများ ချစ်သူနဲ့ဝေးကွာနေရသူများ ပြန်လည်ဆုံတွေ့ရမည်။ အဆင်ပြေပါသည်။ အိမ်ထောင်ရေးကိစ္စများ အဆင်ပြေနေသော အချိန်လေးပါ။ ယခုလ အတွင်း ကျန်းမာရေးကိစ္စများ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်နေမည်။ ယတြာ = ကံကောင်းစေရန်အတွက် ကြာသပတေးနေ့ ၉ နာရီ ၄၅ မီနစ် မိမိနေအိမ်ရှိ ဘုရားတွင် ပေါက်ဆီ ၅လုံး ကပ်လှူ၍ လိုရာဆုတောင်းလိုက်ပါ။ အကျိုးပေးသောဂဏန်းများ ။ ။ ၈ ၅ ၃ ၀ 

၆။ သောကြာ သားသမီးများ အတွက် 

ယခုလအတွင်း စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်နေမည်။ အလုပ်အကိုင်ကိစ္စများ အဆင်ပြေပါသည်။ အလုပ်ကိစ္စများထက် လူမှုရေး ကိစ္စများနေမည်။ သူတစ်ပါး ကိစ္စများတွက် မိမိ ပါဝင်နေရမည်။ လုပ်ဖော် ကိုင်ဖက်များနှင့် စိတ်နေသဘောထား ကွဲလွဲနေမည်။ ငွေကြေးကိစ္စများ ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ ရလိုက် ကုန်လိုက် ဖြစ်နေပြီး လူမှုရေး ကိစ္စများ အတွက်နဲ့ ငွေအကုန်အကျ များနေမည်။ မိသားစုအတွင်း စီးပွားရေး တိုးတက်လာမည်။ အင်္ဂါနံ ပစ္စည်းများ ဝင်မည်။ ပညာရေး ကြိုးစားနေမည့် အချိန်လေးပါ။ ကူညီသင်ပြပေးသူ ပေါ်မည်။ ကျန်းမာရေး ကိစ္စများ မျက်စီအားနည်းမည် အိပ်ရေးပျက်မည်။ အချစ်ရေးမှာ ချစ်သူနဲ့ ပျော်ရွှင်ကြည်နူးနေရသော အချိန်လေး ဖြစ်သည်။ ယခု အတွင်း အိမ်ထောင်ရေးကိစ္စများမှာ ရန်စကားများနေရသော အချိန်လေးပါ။ ယတြာ = သောကြာနေ့ နံနက် ၉ နာရီ ၄၅ မိနစ် နေအိမ်ဘုရားတွင် သရက်သီး ၃လုံး ကပ်လှူ၍ ကံကောင်းလာစေရန်အတွက် ဆုတောင်းပါ။ အကျိုးပေးသော ဂဏန်းများ ။ ။ ၇ ၆ ၅ ၈ 

၇။ စနေသား သမီးများ အတွက် 

ယခုလ အတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေလာမည်။ အလုပ်ကိစ္စများ ရုတ်တစ်ရက် ခဏလေး ရပ်တန့်ပြီး ပုံမှန်ပြန်၍ လည်ပတ်လာမည်။ အထက်လူကြီးနဲ့ ပူးတွဲ လုပ်ဆောင်ရမည်။ ငွေဝင်လာမည်။ ငွေကြေးကိစ္စများ စီးပွားရေးများ အဆင်ပြေလာမည်။ ငွေဝင်မည်။ ငွေ ကံကောင်းလာမည်။ တွဲဖက် အလုပ်ကိစ္စများ လုပ်ကိုင်ရမည်။ ခရီးထွက်ရမည်။ ကောင်းသော ခရီးဖြစ်ပါသည်။ မိသားစုတွင်း ဝေးကွာနေသော သူများနဲ့ ဆုံတွေ့ရမည်။ ပညာရေး ကြီုးစားမှု အားနည်းနေမည်။ ယခု အချစ်ရေးကိစ္စများ ချစ်သူနဲ့ ခဏတာ ဝေးနေရမည်။ အဆင်ပြေပါသည်။ အိမ်ထောင်ရေးကိစ္စများ စကားများနေရပေမဲ့ အဆင်ပြေပါသည်။ ယခုလ အတွင်း ကျန်းမာရေးမှာ အိပ်ရေးပျက် ဖြစ်နေမည်။ ယတြာ = စနေနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ထန်းလျက် ၁၀ခဲကို မိမိ နေအိမ်ဘုရားတွင် ကပ်လှူ၍ ကံကောင်းလာစေရန် အတွက် ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသောဂဏန်းများ ။ ။ ၅ ၂ ၈ ၀ 

(အဘ ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို - ကေအယ် ၊ ကိုတာရာယာ ၊ ဖုန်း- ၀၁၇ ၂၂၆၀ ၇၁၅ )
 
ယခုလအတွင်း မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။ 
  

Friday, 12 April 2013

ဂဏန်းဗေဒင်ပညာနဲ့ အပ်စပ်လို့ ပြန်လည် ဖော်ပြပေးလိုက်တာပါ။

တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 1st, 10th, 19th, 28th မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. ==သင်၏ချစ်သူဟာ.. နံပါတ် (၁) သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 2nd, 11th, 20th, 29th မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == သင်၏ချစ်သူဟာ.. နံပါတ် (၂) သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 3rd, 12th, 21st, 30th မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == သင်၏ချစ်သူဟာ.. နံပါတ် (၃) သမား...
တကယ်လိ
ု့..မင်းဟာ..လတွေရဲ့. 4th, 13th, 22nd, 31st မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၄) သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 5th, 14th, 23rd မှာ မွေးဖွားခဲ့မယ်ဆိုရင်..
== သင်၏ချစ်သူဟာ.. နံပါတ် (၅) သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 6th, 15th, 24th မှာ မွေးဖွားခဲ့မယ်ဆိုရင်..
== သင်၏ချစ်သူဟာ.. နံပါတ် (၆) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 7th, 16th, 25th မှာ မွေးဖွားခဲ့မယ်ဆိုရင်..
== မင်းဟာ.. နံပါတ် (၇ သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 8th, 17th, 26th မှာ မွေးဖွားခဲ့မယ်ဆိုရင်..
== သင်၏ချစ်သူဟာ.. နံပါတ် (၈ သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 9th, 18th, 27th မှာ မွေးဖွားခဲ့မယ်ဆိုရင်..
== သင်၏ချစ်သူဟာ.. နံပါတ် (၉) သမား...

ဒီနေရာမှာ သင်၏ချစ်သူကို မင်းလို့ နာမ်စားသုံးကြပါစို့.......

နံပါတ် (၁)

မင်းဟာ..ပါးနပ်တယ်..စကားကိုရှင်းရှင်း ပြောတက်တယ်..ဟာသဥာဏ်ရွှင်တယ်..
ခေါင်းမာတယ်. ရိုးသားတယ်.. တဖက်သားကို မနာလို ၀န်တိုတတ်တယ်. . ကြင်နာတက်တယ်..ဒေါသလွယ်တယ်..
ဖော်ရွှေတယ်..တာဝန်ယူလိုစိတ်ရှိတယ်..အမြဲတမ်း ကျော်ကြားသူ တယောက်ဖြစ်ချင်တယ်..
လူတွေအားလုံးရဲ့ အထက်မှာပဲ နေချင်တယ်.. တခါတရံမှာ လွတ်လပ်မှုကို
မြတ်နိုးတယ်.. သူတပါးရဲ့ အုပ်ချုပ်မှုကို မခံချင်ဘူး.
မိမိကိုယ်ကို ယုံကြည်တက်တဲ့ လူစားမျိုးဖြစ်တယ်..
ငယ်ငယ်ရွှယ်ရွှယ်နဲ့ အချစ်ကို တွေ့တက်ကြတယ်..ဒါပေမယ့်..
ရင့်ကျက်တဲ့ အရွယ်ရောက်မှပဲ လက်ထက်ဖြစ်ကြတာများပါတယ်..
အမြင်မတူတဲ့ သူတွေနဲ့ ပြဿနာတက်ရတာကို နှစ်သက်တယ်..
အငြိုးအတေးကြီးပြီး..လက်စားချေတက်ကြတယ်..အသုံးအဖြုန်းကြီးသူ တယောက်ဖြစ်ပေမယ့်.. မင်းမှာ အလုပ်အကိုင်ကောင်းတွေ ရတက်ပါတယ်..
မင်းသာ အမျိုးသားဆိုရင်..အရမ်းနာမည်ကျော်မယ်..
ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေမှာဖြစ်ပြီ..လူတိုင်းက မင်းကို
လေးစားနေပါလိမ့်မယ်..မင်းဟာ.နေရာစုံ ၀င်ဆန့်နိုင်တဲ့သူ တယောက်ဖြစ်တယ်..
ရပ်ကွက်ထဲမှသည်.. ဟိုအပေါ် ပါလီမန်တွေထိကို မင်းက နေရာစုံသွားနိုင်သူပါ.. ဘာဖြစ်လို့လဲ
ဆိုတော့..ကိစ္စတော်တော်များများကို မင်းက တဖတ်ကမ်း ခတ်အောင် သိနေတက်တယ်လေ..
ဒါပေမယ့်..မင့်ရဲ့ဘ၀မှာ..တချို့လူတွေက
မင်းဘ၀နှိပ့်ကျသွားအောင်..နာမည်ပျက်သွားအောင်
လုပ်တာမျိုး..ကြုံရတက်ပါတယ်...
ဒါကလည်း မဆန်းပါဘူး...လူတွေရဲ့မနာလိုမှု့ ကြောင့်ပါပဲ..
မင့်ရဲ့မိသားစုဘ၀က အေးချမ်းလွန်ပါတယ်.. မင်းဟာ အဖော်မွန်ကောင်းကို ပိုင်ဆိုင်ပြီ..
ချစ်စဖွယ်သားသမီးတွေနဲ့
နေထိုင်ရပါလိမ့်မယ်..မင်းဟာ..ရှေ့ဆောင်သူ..လွတ်လပ်မှုကို မြတ်နိုးသူ..
ဘာသာတရားကို ကိုယ်ရှိုင်းသူတယောက်ပါပဲ..
မင်းရဲ့အကောင်းဆုံးအဖော်မွန် နံပါတ်တွေကတော့.. 4, 6, 8
သင့်တင်တဲ့သူတွေကတော့.. 3, 5, 7...

နံပါတ်(၂)

မင်းဟာ ဘာကြီးပဲဖြစ်နေနေ.. မင်းကို လူတိုင်းက ချစ်ကြပါတယ်..
ဘာဖြစ်လို့လဲ ဆိုတော့..မင်းဟာလ နဲ့ တူလို့ပါ.. လကို လူတိုင်းက
သဘောကျသလိုမျိုးပေါ့..
ပြီးတော့ မင်းဟာ..စိတ်ကူးအရမ်းယဉ်တက်သူ တစ်ဦးလည်းဖြစ်တယ်...
မင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအလွန်နည်းတယ်..မင်းဘ၀မှာ
ပြန်ပြီးသုံးသပ်သင့်စရာတွေချည်းပဲ...
မင်းဟာ ခန့်မှန်းရခက်တဲ့သူ တစ်ဦးလည်းဖြစ်တယ်.. အချိန်နဲ့အခြေအနေကို
လိုက်ပြီး မင်းဟာ အမြဲတမ်းပြောင်းလဲနေတယ်..
တကိုယ်ကောင်းဆန်ပြီ.. အနုပညာဘက်မှာ အားအတော်သန်တဲ့သူဖြစ်တယ်.. အပြောအဆို ညက်ညောပြေပြစ်တယ်.
မင်းရဲ့အပြုအမှုတွေဟာ လလို့ပဲ.. နေအလင်းရောင် ပျောက်မှ
လထွက်လာသလိုမျိုး.... လူတွေ စိတ်ဓါတ်ကျနေတဲ့အချိန်ဆိုရောက်လာပြီ..
သူတို့တွေ စိတ်ဓါတ်မြင့်တက်လာပြီဆိုရင် မင်းဟာ သူတို့ဘ၀ထဲက
ပျောက်ကွယ်သွားတက်တယ်..
မင်းဟာ.. ငြိမ်းချမ်းမှုကို မြတ်နိုးတဲ့.ဒုတိယ ဂန္ဒီ
ဖြစ်နိုင်သလို...ငြိမ်းချမ်းမှုကို ဖျက်ဆီးမဲ့.. ဒုတိယ ဟစ်တလာ လည်း
ဖြစ်နိုင်ပါတယ်
(ကျနော်ဆိုလိုတာက မင်းရဲ့ပတ်ဝန်းကျင် ဆက်ဆံရေးပေါ်မှာပါ).
တကယ့်လိုများ..ဘုရားတရားကို နက်နက်ရှိုင်းရှိုင်းလုပ်မယ်ဆိုရင်...မင်းဟာ
အောင်မြင်မယ့်သူတစ်ဦးပါ...
အများစုသော မင်းရဲ့စကားလုံးတွေဟာ ပျော်ရွှင်မှုတွေဆီကိုပဲ ဦးတည်နေတာပါ..!
တခါတရံ မင်းဟာ ရှေ့ရေးကို ကြိုပြီး ခံစားမိတက်သူတစ်ဦးပါ.
မင်းဟာ ကဗျာဆရာ..စာရေးဆရာ.. အနုပညာနယ်ပယ်မှာ ကျင်လည်မှုသူတစ်ဦးပါ...
မင်းဟာ အချစ်ကို အရမ်းကြီးမယုံကြည်တက်သူတစ်ဦးပါ..
မင်းလက်ထက်ပြီးတဲ့အထိတောင် အဲဒီအတိုင်းပဲ
မင်းဟာ အချစ်အပေါ် သာမန်ပဲခံစားနေတက်သူတစ်ဦပါ..
မင်းဟာ မိန်းကလေးဆိုရင်တော့..မိသားစုမှာ တာဝန်သိအမျိုးသမီးတဦးဖြစ်နေပါလိမ့်မယ်..
မင်းဟာ ယောကျာ်းလေးသာဆိုရင်တော့ မိသားစုမှာ
ခိုက်ရန်ဖြစ်တာတွေ..ငြင်းခုန်မှုတွေကို သယ်ဆောင်လာသူ
ဖြစ်နေပါလိမ့်မယ်..ဒါမှမဟုတ် ပြောင်းပြန်လည်း ဖြစ်နေတက်ပါတယ်..ဆိုလိုတာက.
မိသားစုကောင်းစားဖို့အတွက် မင်းဘ၀ကိုတောင် စွန့်လွတ်ဖို့ ၀န်မလေးတဲ့သူတစ်ဦးပါ...
မင်းဟာ သိမ့်မွေ့တယ်..အမြင်ကျယ်တယ်..သူတပါးရဲ့စိတ်ကို ခံစားနားလည်ပေးနိုင်တယ်..
လူတွေနဲ့ လိုက်လျောညီထွေနေတက်တဲ့သူ တစ်ဦးပါ...
မင်းရဲ့အကောင်းဆုံး အဖော်မွန်ကတော့ 2, 5, 9
တခြားသူတွေနဲ့ဆိုရင်တော့..အဆင်ပြေဖို့ခဲ့ရင်းပါတယ်..!!!`

နံပါတ် (၃)

နှလုံးသားမာကျောပြီ.. တကိုယ်ကောင်းဆန်တက်တယ်.. ဒါပေမယ့် ဘာသာတရားကို
ကိုင်းရှိုင်းတက်သူတစ်ဦးပါ..
တိုးတက်မှုကို မြတ်နိုးတဲ့သူတစ်ဦးပါ.. မင်းဟာ မိသားစုပြဿနာတွေကို
လျှော့ကျဖို့လိုလားပေမယ့်..
ပြဿနာတိုင်းက မင်းဆီကနေပဲ မြစ်ဖျားခံတက်တာများပါတယ်..
မင်းဟာ သြဇာအာဏာကြီးမားပြီး.. နှစ်လိုဖွယ်မျက်နှာထားကို ပိုင်ဆိုင်သူ တစ်ဦးပါ..
ဒါကြောင့်.. ဘယ်နေရာကိုသွားသွား.. မင်းအလိုရှိတာတွေကို အဆင်သင့် ရနိုင်နေတာပေါ့..
မင်းဘ၀မှာ မွေးဖွားလာကတည်းက တခုခုကို ရဖို့အတွက် အမြဲတမ်း
ပြင်းထန်စွာကြိုးစွာနေရတက်တယ်..
မကြိုးစားဘဲနဲ့ ရလာတာဆိုတာ အလွန်ပဲ ရှားပါးလှပါတယ်....
အရွယ်ရောက်လာတဲ့အခါမှာ.. မင်းဟာ ကိုယ့်ထက်ငယ်ရွယ်သူတွေကို ဆိုဆုံးမတက်တယ်..
ဘာကြောင့်လဲဆိုတော့.. ကြီးတဲ့သူကို ငယ်သူက ရိုသေမှုပြသရတာကို မင်းဟာ
နှစ်သက်လို့ပဲ.. အဲလိုလည်း
မင်းဟာ စံပြနေလေ့ရှိပါတယ်.. ဒါပေမယ့်..ယေဘုယျအားဖြင့်တော့.. မင်းဟာ
အေးဆေးတည်ငြိမ်တဲ့သူတယောက်မဟုတ်ပါဘူး..
မင်းနဲ့ဆက်ဆံဖို့ဆိုတာ..ခက်ခဲတဲ့အလုပ်တခုပါ..မင်းဟာ စိတ်ဓါတ်မာတဲ့
ပြိုင်ဘက်တယောက်လိုပဲ...
ဒါပေမယ့်လည်း.. တစုံတယောက်ရဲ့အပြုအမှုကို မင်းသဘောကျသွားပြီဆိုလည်း..
မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အရမ်းကို ခိုင်မာနေတက်ပါတယ်...
မင်းဟာ အမြဲလိုလို..သူတပါးဆီက လေးစားမှုကို ရရှိနေတက်သူ တစ်ဦးပါ..
မင်းဘ၀မှာ ရန်သူတွေ.ပြဿနာတွေ အများကြီးရှိမယ်လို့ ထင်ရပေမယ့်.. အဲဒါတွေက
ကြာရှည်မခံပါဘူး..
ဘာကြောင့်လည်းဆိုတော့.. မင်းက ပါရမီရှင်တယောက်လိုပါပဲ..
သူတို့နဲ့ဖြေရှင်းရာမှာ ပိုင်နိုင်လွန်းပါတယ်..
မင်းဟာ ပိုက်ဆံကို အနည်းငယ်ပို မက်မောတဲ့အတွက်..
သူရဲ့စေခိုင်းမှု အောက်မှာ..အဆုံးမရှိ ကြိုးစားခြင်းတွေ
.ရုန်းကန်ခြင်းတွေနဲ့..
မင်းဟာ နပန်းလုံးနေရတက်တယ်...
မင်းဟာ အမျိုးသားတစ်ဦးဆိုရင်တော့..အားလုံးဟာ ပြီပြည့်စုံနေပါပြီ..
မိသားစုကို စောင့်ရှောက်တယ်..
သူငယ်ချင်းတွေကို ကူညီတယ်.. ဘ၀ကို ပေးကမ်းမှုတွေ..ကြင်နာတွေနဲ့
အချိန်ကုန်လွန်စေတဲ့သူပေါ့ (ဒါပေမယ့် ၂၁ ရက် မွေးသူမပါပါ). ပြီးတော့
မင်းဟာ စံပြတယောက်ဖြစ်နေပါလိမ့်မယ်..
တကယ်လို့..မင်းဟာ အမျိုးသမီးဆိုရင်လည်း.. အကျင့်စရိုက်ကောင်းတွေ..
ယဉ်ကျေးသိမ်မွေ့မှုတွေ.. အလုပ်ကြိုစားမှုတွေနဲ့ ပြည့်နေမှာပါ..
မင်းဟာ လွတ်လပ်မှုကို မြတ်နိုးသူ.. တီထွင်သူ..
ရည်မှန်းချက်ကြီးသူ..အာရုံစူးစိုက်လုပ်တက်သူ
ပြီးတော့. ကမ္ဘာကို အလှ..မျှော်လင့်ချက်..ပျော်ရွှင်မှုတွေကို သယ်ဆောင်လာသူ
တစ်ဦးပါပဲ...
မင်းရဲ့ အကောင်းဆုံး အဖော်မွန်ကတော့... 6, 9.
သင့်တော်တဲ့အဖော်မွန်ကတော့..1, 3, 5!!!

နံပါတ် (၄)

မင်းလည်းပဲ ခေါင်းအလွန်မာတဲ့သူ တဦးပါပဲ.. အလုပ်ကို
အရမ်းကြိုးစားတယ်..ဒါပေမယ့် ဘ၀ရဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာတော့
ကံမကောင်းတက်ပါဘူး..
အေးဆေးနေတက်တယ်..ကူညီတက်သူဖြစ်ပေးမဲ့.. စကားပြောတာက ပွင့်လင်းလွန်းပါတယ်..
အမျိုးသားဆိုရင်တော့ အဲဒီအတွက်နဲ့ပဲ.. တခြားလူတွေကို
စိတ်အနှောက်ယှက်ပိုဖြစ်စေပြီ.. မင်းကိုထားပြီ
အဝေးကို ပြေးသွားတက်ကြပါတယ်..
မင်းဟာ တခါတရံမှာတော့.. တခြားလူတွေနဲ့ သူတို့ရဲ့ ပြဿနာတွေကို
ကောင်းကောင်းကြီး နားလည်နေပြန်ေ၇ာ့.....
အချိန်တိုင်းလိုလို မင်းဟာ အမျိုးသမီးမိတ်ဆွေတွေနဲ့ အချိန်ဖြုန်းနေတက်ပြီ..
အမျိုးသမီငယ်တွေနဲ့ ပျော်ရွှင်ရတာကို နှစ်သက်သူ တစ်ဦးပါ..
မင်းသူငယ်ချင်းတွေဟာ မင်းရဲ့အချိန်တွေ..ငွေတွေကို သုံးဖြုန်းပြီ..
အဝေးကို ပြေးသွားတက်ကြပါတယ်..
အဲဒီခါကြရင်တော့..မင်းဟာ ခိုးကိုယ်ရာမဲ့နေပြီဆိုတာ..အသေအချာပါပဲ..အဲဒီအတွက်..
လုံးဝသတိပြုပါ.. မင်းရဲ့စီတ်ထားကောင်းကတော့.. မိသားစုနဲ့သူငယ်ချင်းတွေကို
ကူညီတက်တာပါပဲ..
မင်းဟာ ငယ်ရွှယ်စဉ်မှာပဲ.. အချစ်ကို တွေ့ရှိတက်ပါတယ်..
မင်းဘ၀မှာ တခါတရံ အဆင်မပြေမှုတွေနဲ့ ပြည့်နက်နေတက်တယ်.. ဥပမာ..
မင်းဟာ ဘွဲ့တခုခုရထားပေမယ့်..အလုပ်လက်မဲ့ဖြစ်နေတာမျိုးပေါ့.. ဒါမှမဟုတ်..
အောက်ခြေအလုပ်ကို လုပ်နေရတာမျိုးပေါ့..
ဒါပေမယ့်..မင်းရဲ့မိသားစုကိုတော့..မင်းဟာ ကောင်းကောင်းစောင့်ရှောက်နိုင်ပါတယ်..
အဓီက သတိထားရမယ်လူတွေကတော့.. မင်းရဲ့ကြင်နာတက်တဲ့ စိတ်ထားကို
အခွင့်ကောင်းယူမယ့်သူတွေကိုပါပဲ..
ဒါကြောင့်..မင့်နဲ့ပတ်ဝန်းကျင်ဆက်ဆံရေးကို အထူးသတိပြုပါ..
အမျိုးသမီးဆိုရင်တော့.. မင်းဟာ ပညာရပ်ပိုင်းနဲ့ အနုပညာပိုင်းမှာ
ထွန်းပေါက်နိုင်ပါတယ်..
မင်းဟာ..စိတ်ရှည်တယ်.. ခေါင်းမာတယ်.. ရှေးရိုနည်းနည်းဆန်ပြီ..
အစီအစဉ်တကျလုပ်ကိုင်တက်သူတယောက်ဖြစ်တယ်...
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 8.သင့်တော်တဲ့သူတွေကတော့...5, 6, 7!

နံပါတ် (၅)

မင်းဟာ မင့်ပတ်ဝန်းကျင်မှာ ကျော်ကြားတဲ့သူတစ်ဦးပါ..
မင့်ရဲ့နှုတ်ထွက်စကားလေးနဲ့တင်..မင်းအလိုရှိရာကို ရနိုင်ပါတယ်..မင်းဟာ
စီးပွားရေးအမြင်စူးရှသူတစ်ဦးလည်း ဖြစ်တယ်..
ဒါပေမယ့်.. မင်းဟာ စနစ်ရှိတော့မဟုတ်ပါဘူး..ခေါင်းထဲပေါ်လာကို လုပ်တက်သူပါ.
တကယ်လို့ စီးပွားရေးလုပ်ငန်းတခုကို တည်ထောင်မယ်ဆိုရင်လည်း..အောင်မြင်မယ်သူပါ..
ပြီးတော့ ဟာသဥာဏ်ရွှင်တဲ့သူလည်းဖြစ်နေပြန်ရော့..
မိသားစုနဲ့သူငယ်ချင်းတွေအတွက်တော့.. မင်းဟာ တကယ့်ကယ်တင်ရှင်ကြီးတစ်ဦးပါပဲ..
တကယ်လည်း.. မင်းဟာ လက်တွေ့ကျကျ ကူညီတက်သူတစ်ဦးပါ... မင်းဟာ နည်းနည်းတော့
မြှာပွေတက်ပေမယ့်..
ဘ၀ကို တည်ဆောက်မယ်ဆိုတဲ့အခါမှာတော့.. ကိုယ်ကျိုးတွက် ကြည့်ပြီးမှ
ရွှေးချယ်တက်သူပါ...
မင်းဟာ လက်ထက်ပြီးတာတောင်မှ ကျော်ကြားနေဦးမယ်သူပါ..အဲဒီအတွက်..
သတိထားရမယ်အချက်ကတော့
မင့်ရဲ့ ခြေရှုပ်ချင်တဲ့ စိတ်ထားလေးပါပဲ.. အသိတရားနဲ့
ထိန်းချုပ်ရင်တော့..အရာအားလုံး အဆင်ပြေနေပါလိမ့်မယ်...
မင်းဟာ လူတိုင်းနဲ့ ပုလဲနံသင့်ပါတယ်..ဘာကြောင့်လည်းဆိုတော့.. နံပါတ် ၅ ဟာ
အလယ်ဂဏာန်း ဖြစ်နေလို့ပဲ..
ပြောင်းလဲမှုနဲ့လွတ်လပ်မှုကို မြတ်နိုးသူ.. ဆွဲဆောင်မှုအပြည့်ရှိတဲ့
မျက်နှာပိုင်ရှင်ပေါ့...
အတွေ့အကြုံကနေ မင်းဘ၀ကို တည်ဆောက်ရတဲ့သူဖြစ်ပြီ..အဲဒီအတွေ့အကြုံတွေကပဲ..
မင်းရဲ့အကောင်းဆုံး ဆရာသမားတွေဖြစ်နေလေရဲ့...
မင်းရဲ့အကောင်းဆုံးအဖော်မွန်ကတော့.... 1, 2, 9. သင့်တော်တဲ့သူကတော့. 6, 8!!!

နံပါတ် (၆)

အိုး... မင်း ပျော်ရွှင်ဖို့အတွက်ပဲ မွေးဖွားလာတာပါလား..
မင်းဟာ တခြားလူရဲ့ခံစားချက်ကို ဂရုမစိုက်တက်သူတစ်ဦးပေါ့..ဆိုလိုတာက
မင်းဘ၀မှာ မင်းဟာ အမြဲတမ်း ပျော်ရွှင်နေချင်တဲ့သူပါ..
မင်းဟာ ပညာရေး..အလုပ်..စီမံခန့်ခွဲမှုမှာပဲဖြစ်ဖြစ်.. အောင်မြင်မှုသူတစ်ဦးပါ..
မင်းဟာ ကြင်နာတက်ပါတယ်..(ဒါပေမယ့် မင့်စိတ်ထဲမှာ ကောင်းတယ်လို့ထင်တဲ့
လူတွေအပေါ်မှာသာ).....
ရုပ်ရည်အရမ်းချော်မောနေတက်ပြီ.. ဘ၀ဟာလည်း. ကံကောင်းခြင်းတွေ စုနေတက်ပါတယ်..
ကံကြမ္မာကောင်းတွေဟာ မင်းနဲ့အတူလာတယ်လို့ ပြောလို့ရနိုင်ပါတယ်..
မင်းရဲ့စိတ်ထားနဲ့ခန္ဓာဟာ အချစ်ကိစ္စတွေမှာ လှိုင်လှိုင်လှဲလှဲရှိလှပါတယ်..
တခြားနံပါတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ခံရတက်ပါတယ်...ဒါပေမယ့်..
မင်းဟာ အမျိုးသားဆိုရင်တော့.. လက်ထက်တဲ့အချိန်အထိ မိန်းကလေးငယ်များနဲ့
ရင်းရင်းနှီးနှီးနေရတာကို
နှစ်သက်တဲ့သူတဦးပါ..
အမျိုးသမီးသာဆိုရင်တော့.. စေ့စပ်ကြောင်းလမ်းမှု..ဒါမှမဟုတ် လက်ထက်တာကို
စောစောစီးစီး ရင်ဆိုင်ရတက်ပါတယ်..
ကြင်နာတက်သူတွေပဲ မင့်ဘ၀ထဲကို ၀င်လာပါလိမ့်မယ်..
ယေဘုယျအားဖြင့်တော့.. မင်းဟာ အိမ်ရဲ့ဆည်းလှည်းလေးပါပဲ...
စာနာတက်သူ...နှစ်သိမ့်မှုပေးနိုင်သူ.မျှတသူ..
အိမ်ထောင်မှုနိုင်နင်းသူ..ဆုံးဖြတ်ချက်ကောင်းမွန်သူတစ်ဦးပါပဲ...ကုန်ကုန်ပြောရရင်..
မင့်ရဲ့အကြင်နာတွေနဲ့..ဒီကမ္ဘာလောကကြီးရဲ့ ဒဏ်ရာ
ဒဏ်ချက်တွေကိုကုစားပေးနိုင်သူတယောက်ပါပဲ...
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 6, and 9.
သင့်လျော်တဲ့သူတွေကတော့.. 4, 5!!!

နံပါတ် (၇)

မင်းဟာ ဆွဲဆောင်မှုရှိသူ.. ယထာဘူတ ၀ါဒီတယောက်ပါ.. မိမိကိုယ့်ကို
ယုံကြည်တက်တယ်..ပျော်ပျော်ရွှင်ရွှင်နေတက်ပြီ..ပညာရေးမှာ ထူးချွန်သူ
တစ်ဦးပါ..
ဂီတ.အနုပညာ..သီချင်းဆို..သရုပ်ဆောင်နယ်ပယ်တွေမှာလည်း.. ထူးချွန်နိုင်သူပါ..
မင်းရဲ့ပြဿနာကတော့..မင့်ရဲ့ဒေါသစိတ်ပါပဲ..
အမျိုးသမီးဆိုရင်တော့. အထက်ကအချက်တွေနဲ့ မင်းဟာ အောင်မြင်နိုင်ပါတယ်..
မင်းဟာ..မင့်မိဘအတွက် ဘာမဆို စွန့်လွှ့တ်နိုင်သူလည်းဖြစ်တယ်..(ဆိုလိုတာက
မိသားစုကို အရမ်းတန်းဖိုးထားတက်တာပါ)
အရွယ်ရလာတာနဲ့အမျှ မင်းရဲ့အဆင့်အတန်းကလည်း တဖြည်းဖြည်း မြင့်တက်နေမှာပါ..
အမျိုးသားတစ်ဦးသားဆိုရင်တော့ အမျိုးသမီးထုကြားမှာ
ရေပန်းစားမယ့်သူပါ..ဘက်စုံထူးချွန်သူတစ်ဦးလည်းဖြစ်နေပါတယ်..
နံပါတ် (၇) သမားအများစုဟာ သူတို့ရဲ့အိမ်ထောင်သည်ဘ၀မှာ အဆင်မပြေကြတာများပါတယ်..
အနည်းစုလောက်ပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ကို တည်ဆောက်နိုင်ကြတာပါ....
မင်းရဲ့ဘ၀မှာ အရာအားလုံးရှိနေပေမယ့်..
အလိုမကျမှုတွေ..စိုးရိမ်ကြောင့်ကျမှုတွေ ကလည်း ရှိနေတက်ပြန်ရော့..
ဒါကလည်း..ဘုရားသခင်က မင်းကို အရာအားလုံးမျှတအောင်
ပေးထားတဲ့သဘောလို့ထင်ပါတယ်.. မင်းလို ထူးချွန်တဲ့သူ ၁၀၀လောက်ကို
နှိုင်းယှဉ်ကြည့်မယ်ဆိုရင်
မင်းတယောက်လောက်ပဲ အိမ်ထောင်ရေးမသာယာတာမျိုးတွေ့ရတက်ပါတယ်.. ဒါကြောင့်..
ကြင်ဖော်ကို စောင့်စားနေတာထက်..
ကိုယ်နဲ့ လိုက်လျော်ညီထွေမယ့်သူကို စောစောစီးစီး
ရှာထားသင့်ပါတယ်...အဲလိုမှ မလုပ်ချင်ဘူးဆိုရင်တော့..မင်းဟာ ဘ၀ကို
အထီးကျန်စွာ ဖြတ်သန်းသွားရမှာ
အသေအချာပါပဲ..ဒါကြောင့်..ဒီကိစ္စနဲ့ပတ်သက်ပြီး
သေချာဂရုစိုက်အလေးထားသင့်ပါတယ်..
မင်းဟာ အံဖွယ်ကောင်းသော.ဖော်ရွှေသော.ယဉ်ကျေးသိမ့်မွေ့သော
ပျော်ပျော်နေတက်တဲ့ လူတယောက်ပါ..မင်းဟာ
ဒီကမ္ဘာလောကကြီးကို ဖြည့်ဆည်းပေးဖို့ မွေးဖွားလာသူတစ်ဦးပါ..
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 2. သင့်တော်တဲ့အဖော်မွန်ကတော့.. 1,4 !!!

နံပါတ် (၈)

မင်းရဲ့ ဘ၀ဟာ ကြမ်းတမ်းလွန်းပါတယ်. ဘာကြောင့်ဆိုတာ. ဘယ်သူမှ မင်းကို
နားလည်နိုင်မှာ မဟုတ်ပါဘူး.. သူတပါးကို အပြစ်ပြောရာမှာ မင်းဟာ
တဖက်ကမ်းခတ် ကျွမ်းကျင်လှပါတယ်.. မင်းရဲ့ ငယ်စဉ်ဘ၀ဟာ
ဆင်းရဲ့နုံချာနိုင်ပါတယ်..
အခြေအနေက မပေးဘူးဆိုရင်တော့.. မင့်ရဲ့မိဘတွေကိုတောင် စောစီးစွာ
လက်လွှတ်ရနိုင်ပါတယ်.. ဒီလိုမျိုးအဖြစ်အပျက်တွေက
မင့်ဘ၀ထဲမှာ မကြာခဏဖြစ်နေမယ်အရာတွေပါ..
ဒီပြဿနာတွေကပဲ မင်းရဲ့ပညာရေးကို တားဆီးနေပါလိမ့်မယ်.. ဒါပေမယ့် မင်းဟာ
ဘ၀ကို တခြားနည်းနဲ့ လေ့လာသင်ယူနိုင်ပါလိမ့်မယ်.
မင်းဟာ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရဲတဲ့သူတစ်ဦးပါ..ဒါပေမယ့်
အဲဒီတိုက်ပွဲမှာပဲ ကျဆုံးနိုင်သူလည်း ဖြစ်နေပြန်ေ၇ာ့.
ပုံမှန်အားဖြင့်..မိတ်ဆွေတွေနဲ့ဆက်ဆံရာမှာ မင်းဟာ တည်ကြည်လေးနက်စွာ
နေတက်ပြီ.. ဘ၀ကိုလည်း..အထီးကျန်စွာ
ဖြတ်သန်းနေရမယ့်သူပါ.. ပြီးတော့ တပါးသူကို ကူညီဖို့အသင့်ရှိနေသူ တစ်ဦးပါ..
မင်း အိမ်ထောင်ကျတဲ့အခါမှာတော့ (အဲဒါကလည်း.. အများအားဖြင့်
အလယ်အလတ်အရွယ်မှာပဲ ဖြစ်ပွားတက်ပါတယ်)
မင့်ရဲ့ကံကြမ္မာဆိုးအနည်းငယ်ဟာ လွင့်ပျောက်သွားသလို
ခံစားရပါလိမ့်မယ်..ပြီးတော့ မင်းဟာ လုံခြုံချမ်းမြေ့မှုကို
ရရှိပါလိမ့်မယ်..
မင်းဟာ မမျှော်လင့်တဲ့အန္တရာယ်တွေကိုလည်း..ယှဉ်ဆိုင်တွေ့ရနိုင်ပါတယ်..
ဥပမာ..( အမှုအခင်းများ..အဆိပ်ရှိသတ္တ၀ါများ..မတော်တဆထိခိုက်မှုများနဲံ
ကြုံတွေနိုင်ပါတယ်)
သိုပေသိ.. မင်းဟာ စည်းကမ်းလိုက်နာတဲ့သူ..လုံ့လ၀ီရိယရှိသူ.ရဲရင့်သူ..
ခွန်းအားဗလနဲ့ပြည့်စုံသူ. တစ်ယောက်ပါ..
အဲဒါတွေကပဲ မင်းကို အောင်မြင်မှုဆီကို ခေါ်ဆောင်သွားမှာပါ..
မင်းဟာ မိသားစုရဲ့ အဓီက အစိတ်အပိုင်းတခုပါ..
အားကိုယ်ရဆုံးသူတစ်ဦးလည်းဖြစ်ပြီး.. ဖိုက်တာတစ်ဦးလည်းဖြစ်နေပြန်ရော့...
မင်းရဲ့ အကောင်းဆုံးအဖော်မွန်ကတော့.. 1, 4, and 8.
သင့်တော်တဲ့အဖော်မွန်ကတော့ 5!!!

နံပါတ် (၉)

မင်းကတော့ ဒီကမ္ဘာလောကကြီးမှာ သဟဖာတမဖြစ်ဆုံး လူသားတစ်ဦးပေါ့..
မင်းဟာ ရုပ်ပိုင်း..စိတ်ပိုင်း အရမ်းကို ကြံ့ခိုင်လွန်းသူတစ်ဦးပါ..
ရည်မှန်းချက်ကြီးမားသူတဦးလည်းဖြစ်ပြန်ရော့..
မင်းဟာ အလုပ်ကို အရမ်းကြိုးစားလုပ်ကိုင်ရမှာဖြစ်ပြီ.. အောင်မြင်မှုကိုလည်း
ခက်ခဲစွာ ရယူရမယ့်သူတစ်ဦးပါ..
သာမန်အားဖြင့်တော့ ငယ်ရွယ်စဉ်မှာ မင်းဟာ မိသားစုပြဿနာတွေနဲ့
လုံးပန်းနေရတက်ပါတယ်..ပြီးတော့ ဘ၀ဟာလည်း.
ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်.. ဒါပေမယ့် မင်းအလိုရှိတာကို
ရရှိတဲ့အချိန်ကစပြီးတော့ မင်းရဲ့ဘ၀ လုံးဝပြောင်းလဲသွားပါလိမ့်မယ်..
မင်းဟာ ပတ်ဝန်းကျင်မှာ အလေးစားခံရဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်နေပါလိမ့်မယ်..
စိန်ခေါ်မှုတွေကို နှစ်သက်ပြီ.. ပြိုင်ဘက်တွေကို အလှဲထိုးနိုင်တဲ့သူ
တစ်ဦးပေါ့.. ငယ်ရွယ်စဉ်မှာတော့ မင်းဟာ အရမ်းကို ပေတေမဲ့ ကလေးတယောက်ပါ..
မိဘက မကြာခဏရိုက်နက်ဆုံးမရသူ.. ရန်ခဏခဏ ဖြစ်တက်သူတစ်ဦးပေါ့..
မင့်ဘ၀ဟာ ဒဏ်ရာအနာတ၇တွေနဲ့ ပြည့်နက်နေသလိုပါပဲ..
ဒါပေမယ့်..အရွယ်ရောက်လာတဲ့အခါမှာတော့..
မင်းဟာ အေးဆေးတည်ငြိမ်လာပြီ.. ယောကျာ်းပီသစွာ နေထိုင်ပြန်ရော့..
ချစ်ခြင်းမေတ္တာကတော့ မင်းအတွက် လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး.. မင်းဟာ
ဆောက်လုပ်ရေးအလုပ်..ဘဏ်အလုပ်တွေနဲ့ သင့်လျှော်ပါတယ်.. ဘာကြောင့်လဲဆိုတော့
လူတွေကို မင့်ကို ယုံကြည့်ကြလို့ပါပဲ..
မင့်ရဲ့ မိသားစုဘ၀ကတော့ အရမ်းကို ကောင်းမွန်လှပါတယ်. ဒါပေမယ့်
မင့်ကလေးတွေအတွက်တော့ စိုးရိမ်ရပါလိမ့်မယ်..
မင်းဟာလူလူချင်းစာနာတက်သူ..စိတ်ရှည်သူ..ပညာဥာဏ်ကြီးမားသူ..နားလည်းခွင့်လွတ်ပေးနိုင်သူတစ်ဦးပါ...
မင်းဟာ ရည်မှန်းချက်တွေကို ရယူဖို့.. အဂတိတရားမထားပဲ လူတွေအပေါ်
အလုပ်အကျွေးပြုဖို့ မွေးဖွားလာသူတစ်ဦးပါ...
မင်းဟာ အံ့ဖွယ်စိတ်ကူး စိတ်သန်းတွေမှာ လူတိုင်းအတွက် စံပြတယောက်ပါ..
မင့်ရဲ့အကောင်းဆုံး အဖော်မွန်ကတော့.. 3, 5, 6, and 9.
သင့်တော်တဲ့အဖော်မွန်ကတော့ 2!!!

Tuesday, 8 January 2013

သင်ဒီနှစ်ကံဇာတာ ကောင်းမကောင်း တွက်ကြည့်ရအောင်


ကဲ...မိတ်ဆွေ..... သုံးတန်ပေါ်နိစ် တွက်နည်း စကြရအောင်ဗျာ။ မခက်ပါဘူး။

သင်၏ အသက်ကိုတည်ပါ။ ၈-နှင့် စားပါ။ အကြွင်းအတိုင်း သင်၏ မွေးနံ ဂြိုဟ်အိမ်ကစ၍ ထောက်ပါ။ ၁-ကြွင်းလျှင် ၁-ကွက်ထောက်ပါ။ ၂-ကြွင်းလျှင် ၂-ကွက်ထောက်ပါ။ ၃-ကြွင်းလျှင် ၃-ကွက်ထောက်ပါ။ ကျရာ ဂြိုဟ်ခွင်ဟာ မိတ်ဆွေရဲ့ သက်ရောက်ရာ ဂြိုဟ်ခွင်ပါပဲ။ အောက်မှာ ကျွန်တော်ပုံတစ်ပုံ တင်ပြပါ့မယ်။ ကြည့်ရအောင်ဗျာ။ မမြင်ရရင်တော့ ပုံကို နှိပ်ပြီး ကြည့်ပါဗျာ...
ဥပမာ တွက်ပြပါ့မယ်ဗျာ...
ဒီလိုပါ.။ တနင်္ဂနွေသား အသက် (၂၅)ကို တွက်ကြည့်မယ်ဗျာ။ သူရဲ့အသက် (၂၅)ကို ၈-နဲ့စားဗျာ။ ၁-ကြွင်းတယ်။ တစ်ကြွင်းတော့ တနင်္ဂနွေ ဂြိုဟ်အိမ်ကနေ တစ်ကွက်ထောက်ဗျာ။ အဲဒါဆိုရင် တနင်္ဂနွေ ဂြိုဟ်မှာပဲ ကျပါတယ်။ ဒါကြောင့် သူဟာ တနင်္ဂနွေ သက်ရောက် ဖြစ်ပါတယ်။ ကျန်တဲ့ နေ့သားသမီးတွေ မည်သူမဆို အတူတူပါပဲ။ သတိထားရမှာ တစ်ခုက ကိုယ်နေ့ရဲ့ ဒေါင့်ကနေ စထောက်ရတယ် ဆိုတာလေးကိုတော့ ဂရုစိုက်ပါဗျာ။

တနင်္ဂနွေသက်ရောက်ဟောကိန်း

(၇)ရက် သားသမီး မည်သူမဆို တနင်္ဂနွေ သက်ရောက်သို့ ကျရောက်ပါက..........

  • အိမ်သစ်ဝင်ခြင်း။
  • လုပ်ငန်းသစ်ပေါ်ခြင်း။
  • အလုပ်အကိုင် တိုးတက်ခြင်း။
  • နေရာကောင်းရခြင်း။
  • ငယ်ရွယ်သူဖြစ်ပါက အိမ်ထောင်ကျတတ်ခြင်း။
  • လူအမား၏ အထင်ကြီး ခံရခြင်း။
  • သူခိုးခိုး ခံရခြင်း။
  • ဘုရားဖူးခရီးသွားရခြင်း။
  • ဆွေမျိုးဧည့်သည့် ရောက်လာခြင်း။
  • အတောင်ပါသော သတ္တ၀ါ ၀င်လာခြင်း။
  • သွတ်သံသစ်ဝင်ခြင်း။
  • အိမ်သာပြင်ရခြင်း။သစ်ပင်စိုက်ရခြင်း။
  • မုဆိုးမဧည့်သည် အိမ်သို့ အလယ်ရောက်လာခြင်း။
  • မိမိထောက်ပံ့သော ဘုန်းကြီး လူထွက်ခြင်း။
  • မြေအတွက် စိတ်ညစ်ရခြင်း။
  • မိမိအိမ်တွင် ပျားစွဲသောနိမိတ်ပေါ်ခြင်း။
  • အမျိုးသားဖြစ်ပါက မိန်းမတစ်ဦး ဒုက္ခပေးခြင်း။
  • ရွှေဝင်ခြင်း။
  • ဓါတ်တော် ၊ ရှင်သီဝလိ ၊ ဘုရားဆင်းတုတော်များ အိမ်သို့ ကြွလာခြင်း။
  • သားသမီးရင်သွေးရတနာရရှိခြင်း။
  • လမ်းဖောက်သောလုပ်ငန်း၌ ပါဝင်ရတတ်ခြင်း။
  • ထွက်ပြီးသော စက်ပစ္စည်းများ ပြန်ဝင်ခြင်း။
  • အင်္ဂါချို့ယွင်းသူ ၊ စကားထစ်သူ အနားတွင် ရောက်လာခြင်း။
  • ငွေအတွက် သောကရောက်ရခြင်း။
  • ပေးထားသောငွေများဆုံးခြင်း။
  • မိမိဝတ်ဆင်သော လက်ဝတ်ရတနာ ကျောက်ပြုတ်ထွက်ခြင်း။
  • ခွေး ကြောင် ထွက်ခြင်း။
  • အချစ်ရေး ကံမကောင်းခြင်း။
  • အလှူ (သို့) မင်္ဂလာဆောင် ရက်ရွေ့ရခြင်း။
  • အိမ်ခေါင် ပျက်နေတတ်ခြင်း။
  • အလုပ်၌ ရန်ပေါ်ခြင်း။
  • အထက်လူကြီးကြောင့် စိတ်ညစ်ရခြင်း။
  • စနေနံ ပစ္စည်းများထွက်ခြင်း။
  • ကိုယ်ဝန်ဆောင်သည် ၀င်လာ၍ အမှု့ ဖြစ်တတ်ခြင်း။
  • အိမ်အနီးတွင် မီးလန့်ခြင်းများ ဖြစ်တတ်ပါသည်။
ဒါကတော့ မိတ်ဆွေများ တနင်္ဂနွေ သက်ရောက်တွက် ကြုံတွေ့ရမည့် ဟောကိန်းများဖြစ်ပါကြောင်း
..............................................................................


တနင်္လာသက်ရောက်ဟောကိန်း

(၇)ရက် သားသမီး မည်သူမဆို တနင်္လာ သက်ရောက်သို့ ကျရောက်ပါက..........

  • အလှူအတန်း မုချ ပြုလုပ်ရမည်။
  • ငွေအစုလိုက် အပြုံလိုက် ၀င်လိမ့်မည်။
  • ဒီနှစ်တွင် အိမ်ပိုင် ကားပိုင်နှင့် ဖြစ်နိုင်သည်။
  • ဖြတ်လမ်းစီးပွားရေး မလုပ်လျှင် မုချကြီးပွားမည်။
  • ကိုယ်နျင့် မသင့်မြတ်သူများ ပြန်လည် သင့်မြတ်သွားလိမ့်မည်။
  • အရေးကြီးသောကံများ ထိမ်းသိမ်းပါ။ မထိမ်ရင် စနေသက်ရောက်တွင် မွဲမည်။
  • ခေါင်းရင်း(သို့) မျက်နှာချင်းဆိုင်အိမ်တွင် မင်္ဂလာပေါ်မည်။(ကောင်း၏)
  • ကိုယ်ဝန်ဆောင်သည်ရှိက ယောက်ျားလေး မွေးမည်။
  • ခြေနှစ်ချောင်းဝင်မည့်နှစ်ဖြစ်သည်။
  • ကျောက်မြက်ရတနာဝင်ခြင်း ဖြစ်မည်။
  • အလုပ်ပြောင်းရွေ့လိုခြင်း၊ စိတ်မ၀င်စားခြင်း ဖြစ်မည်။
  • အိမ်ထောင်ရေး ဒုက္ခတွေ့မည်။
  • အထက်လူကြီးကြောင့် စိတ်ညစ်ရတတ်သည်။
  • ၀န်ထမ်းဆိုပါက ရာထူးတက်မည်။
  • ထီပေါက်ကိန်းရှိသည်။ ထီထိုးပါ။
  • နတ်မသကဲ့သို့ မမျှော်လင့်ပဲ အကျိုးဖြစ်ထွန်းမည်။
  • လူမျိုးခြား မကိန်းရှိသည်။
  • ခရီး၊ မကြာခန ထွက်ရတတ်သည်။
  • ဆွေမျိုးများကို အကူအညီ ပေးရမည်။
  • သွတ် ၊ သံ သစ် ၀င်မည်။
  • သမီးရှိက အိမ်မှ ထွက်သွားတတ်သည်။
  • ပညာရေးနှင့် ပါတ်သက်၍ အခက်ကြုံမည်။
  • မြေကိစ္စ စကားပြောရတတ်သည်။
  • ရွှေထွက်ခြင်း (သို့) ရွှေအတွက် စကားများရတ်သည်။
  • မိမိ၏ သားသမီးဖြစ်သူ မိမိအား တော်လှန်၍ အိမ်မှ ထွက်သွားမည်။
  • ဘုရားဆင်းတု ၊ ပုံတော်များ ရွှေကွာမည်။ပြန်ပြင်ပါ။
  • ဆီးရောဂါ ၊ မျက်စိရောဂါ ဖြစ်တတ်သည်။
  • အစာမှားတတ်သည်။
  • ပစ်စာ-တိုင်စာခံရတတ်သည်။
  • စာတစ်ဆောင်ကြောင့် ဒုက္ခတွေ့တတ်သည်။ဒါကတော့ မိတ်ဆွေများ တနင်္လာသက်ရောက်တွင် ကြုံတွေ့ရမည့် အကြောင်းကိစ္စများ ဖြစ်ပါကြောင်း


အင်္ဂါသက်ရောက်သို့ဟောကိန်း
(၇)ရက် သားသမီး မည်သူမဆို အင်္ဂါ သက်ရောက်သို့ ကျရောက်ပါက..........

  • လုပ်သမျှ အပျက်အစီးများမည်
  • စီးပွား ပျက်တော့မလိုလိုနှင့် တက်တက်ပြောင်သွားတတ်သည်။
  • သင့်ထက် မြင့်သူ နိမ့်သူ နှစ်ဦးစလုံးက ဒုက္ခပေးမည်။
  • လက်ရှိ အလုပ်နေရာက ပြောင်းရွေ့ လိုစိတ်ပေါ်မည်။ပြောင်းက ပိုဆိုးသွားမည်။
  • အစာ အဆိပ် ဖြစ်တတ်သည်။
  • အမှု့ မဖြစ်အောင်နေပါ။ ဖြစ်က ကြာမည်။ ငွေဖြင့်လိုက်က ရှုံးမည်။
  • မည်သည့် ပစ္စည်းမှ မငှားပါနှင့် ။ဆုံးတတ်သည်။
  • လူမျိုးခြား၊ ဘာသာခြား မစမည်။
  • အဖော်ခရီး ထွက်ရတတ်သည်။
  • သွားနာဖြင်း၊ သွားကိုက်ခြင်း ဖြစ်တတ်သည်။
  • အိမ်ထောင်ဖက် ကျန်းမာရေး ညံ့တတ်သည်။
  • ပညာရေးနှင့် ပါတ်သက်သောကိစ္စများ အောင်မြင်မည်။
  • မမျှော်လင့်ပဲ မိတ်ကောင်း ဆွေကောင်းတွေ့ရတတ်သည်။
  • မြေ၀င်တတ်သည်။
  • ရွှေဝင်ခြင်း၊ ရှင်သီဝလိဝင်ခြင်း၊ ဘုရားစသည် ၀င်ခြင်း ဖြစ်မည်။
  • ရေတွင်း ၊ ရေကန် တူးရခြင်း ဖြစ်မည်။
  • မိမိ အောက်လက်ငယ်သားများ ထွက်ပြေးသွားတတ်သည်။
  • အင်္ဂါ ချို့ယွင်းသူ ၊ စကားထစ်သူ အိမ်သို့ ရောက်လာတတ်သည်။
  • ငွေ ပျောက်ခြင်း ၊ အကြွေးတင်ခြင်း။ ခြေထောက်နာခြင်း ဖြစ်တတ်သည်။
  • အလှူ မင်္ဂလာရက်ရွှေ့ရတတ်သည်။
  • အကျော မကောင်းခြင်း ဖြစ်တတ်သည်။
  • အထက် လူကြီးကြောင့် စိတ်ညစ်ရခြင်းများ ဖြစ်တတ်သည်။
  • အိမ်ထောင်ရေး ကံဇာတာညံတတ်သည်။
ဒါကတော့ မိတ်ဆွေများ အင်္ဂါသက်ရောက်တွင် ကြုံတွေ့ရမည့် အကြောင်းကိစ္စများ ဖြစ်ပါကြောင်း..


ဗုဒ္ဓဟူးသက်ရောက်ဟောကိန်း

(၇)ရက် သားသမီး မည်သူမဆို ဗုဒ္ဓဟူး သက်ရောက်သို့ ကျရောက်ပါက..........


  • ဂိုဏ်းဝင်တစ်ဦး ဖြစ်ပါက ပျက်သွားမည်။
  • လွန်စွာ ပင်ပန်းလိမ့်မည်။
  • ရောဂါလည်း ရတတ်သည်။
  • ဘာစားစား အရသာ မရှိသကဲ့သို့ ဖြစ်မည်။
  • ငွေကြေးများ ဆုံးပါးတတ်သည်။
  • အိမ်မှ ပစ္စည်းများ ချရောင်းရသည့် အထိ ငွေ ပြတ်သွားမည်။
  • အမွေ ရတတ်သည် (မယူပါနှင့်-)
  • အလုပ် ပြောင်းလိုသော စိတ်ပေါ်မည်။
  • ပြောင်းသောနေရာ၌လည်း အဆင်မပြေ ဖြစ်မည်။
  • တစ်သက်လုံး ဖုံးထားသော ကိစ္စများ ဒီအချိန် ပေါ်သွားတတ်သည်။
  • ကိုယ်ဝန်ဆောင်သည် ရှိက ဆေးရုံ ပို့ပါ။ အိမ်မှာမွေးရင် ဒုက္ခ ဖြစ်မည်။
  • ဆွေမျိုးများ ဆုံးပါးတတ်သည်။
  • လူငယ် လူရွယ်များ ဒီအချိန် မိန်းမခိုးခြင်း လင်နောက်လိုက်ခြင်း ပြုမယ်ဆိုရင် မိဘက အမွေဖြတ်မည်။
  • မိမိ၏ အထက်လူကြီးက မစကိန်းရှိတယ်။
  • ကိုးကွယ်စရာ ပုံတော်များ ၀င်လာတတ်သည်။
  • သွေးအားနည်းသော ရောဂါများ ရတတ်သည်။
  • အသက်ငယ်ငယ်နှင့် ကာမဂုဏ်စိတ် ကုန်ခမ်းသွားတတ်သည်။
  • ပညာရေး ကိစ္စများ အောင်မြင်မည်။
  • ပဉ္ဇင်းခံရတတ်သည်။
  • ဘုရား ဆင်းတုတော် ရွှေစသည် ၀င်လာမည်။
  • စိတ်ထောင်း ကိုယ်ကျေ ဖြစ်မည်။
  • သူတစ်ပါး ပြုစားသည်ကို ခံစားရတတ်သည်။
  • ခါး ခြေ မျက်ခြင်း ၊ နာခြင်း ဖြစ်မည်။
  • အိမ်ထောင်ရေး မကောင်းပါ။

စနေသက်ရောက်သို့ဟောကိန်း
(၇)ရက် သားသမီး မည်သူမဆို စနေ သက်ရောက်သို့ ကျရောက်ပါက..........

  • ကြီးစွာသော ဘေးဒုက္ခများနှင့် ကြုံတွေ့ရတတ်သည်။
  • သောကြာ သားသမီး တစ်ဦးကို ညအိပ် ခေါ်သိပ်လိုက်ပါ။
  • သူတစ်ပါ၏ မကောင်းပြောဆိုခြင်းကို အကြောင်းမဲ့ ခံရမည်။
  • အလုပ် အကိုင်တွင် ထိခိုက်တတ်သည်။
  • တစ်အိမ်သားလုံး ကျန်းမာရေး ညံ့နေတတ်သည်။
  • သက်ကြီး ရွယ်အိုများ မိမိအိမ်တွင် လာရောက် တည်းခိုပါက အိမ်တွင် ဆုံးပါး သွားတတ်သည်။
  • မီးကို အထူး ဂရုစိုက်ပါ။
  • လျှပ်စစ်မီးကို သတိထား ကိုင်တွယ်ပါ။
  • အမှု့ ဖြစ်တတ်သည်။
  • ဆေးရုံရောက်တတ်သည်။
  • ယခင်နှစ်များက ကျန်ခဲ့သော ရွှေငွေများ ကုန်ဆုံး သွားတတ်သည်။
  • လောကဓံတရာ၏ မတရား ညှင်းပန်းနှိပ်စက်မှု့ကို ခံရတတ်သည်။
  • မမျှော်လင့်ပဲ တရား သံဝေဂ ရမည်။
  • အိုးသစ် အိမ်သစ် ၀င်တတ်သည်။
  • အလုပ်သစ် အကိုင်သစ် ပြောင်းရတတ်သည်။
  • သက်သေ လိုက်ရတတ်သည်။
  • လူမျိုးခြား ဒုက္ခပေးခြင်း ခံရတတ်သည်။
  • အစိုးရနှင့် ပါတ်သက်သော အမှု့ ဖြစ်တတ်သည်။
  • ခရီးသွားရတတ်သည်။
  • မြေရတတ်သည်။
  • ရွှေပေါင်ရတတ်သည်။
  • သားသမီးအတွက် စိတ်ညစ်ရတတ်သည်။
  • စက်အတွက် ဒုက္ခရောက်ရတတ်သည်။
  • အစစ်အဆေး အမေးအမြန်း ခံရတတ်သည်။
  • ငွေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။
  • ခြေထောက် ပေါင် ဥပါဒ်ရောက်တတ်သည်။


ကြာသပတေးသက်ရောက်ဟောကိန်း

(၇)ရက် သားသမီး မည်သူမဆို ကြာသပတေး သက်ရောက်သို့ ကျရောက်ပါက..........

  • အဖကို ကာပြန်သော သီဟဗာဟုကိန်း ဖြစ်၏။
  • ဟိုဟာ လုပ်ရ ကောင်းနိုးနိုး ဒီဟာ လုပ်ရ ကောင်းနိုးနိုးဖြင့် အချိန် ကုန်သွားတတ်၏။
  • လာဘ်လာဘလည်း အလွန် ပိတ်နေတတ်သည်။
  • ငွေမရှာပါနှင့်။ ရှာသမျှ ပြန်ကုန်သွားတတ်၏။
  • ထီပေါက်သော် အိမ်သားတစ်ဦး ဆုံးပါးတတ်၏။
  • ပစ္စည်းများ ရောင်းချ၍ အလုပ်သစ် လုပ်လိုစိတ် ပေါ်မည်။( လုပ်က မွဲသွားတတ်၏)
  • ဒုက္ခပေးမှု့၏ နောက်ဆုံးနှစ် ဖြစ်သောကြောင့် အံကြိတ်ခံပါ။
  • ဆရာတု ဘိုးတော်တုများ အိမ်ရောက်လာတတ်သည်။
  • စိန် ၊ စက် စသော ပစ္စည်းများ ၀င်လာတတ်၏။
  • ငွေ လူလိမ် ခံရတတ်၏။
  • ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်၏။
  • အလုပ်သစ် အကိုင်သစ်ပေါ်မည်။
  • အလုပ်သစ်သို့ ပြောင်းရွှေ့လိုစိတ် ပေါ်မည်။
  • နတ်အုန်းသီး ကန်တော့ပွဲ အုန်သီးတို့မှ အစို့ပေါက်မည်။
  • လူမျိုးခြားနှင့် လက်အောက်ငယ်သားများ အကျိုး ပြုမည်။
  • သောကနှင့် ယှဉ်သော ခရီး သွားရတတ်သည်။
  • မိတ်ဆွေ အပေါင်းအသင်းများနှင့် လမ်းခွဲရတတ်၏။
  • မိမိ၏ သားသမီးဖြစ်သူ အိမ်က ထွက်သွားတတ်သည်။
  • ရွှေထွက်မည်။
  • မိမိ၏ သားသမီး လက်ခြေ မျက်သွားတတ်၏။


ရာဟုသက်ရောက်ဟောကိန်း

(၇)ရက် သားသမီး မည်သူမဆို ရာဟု သက်ရောက်သို့ ကျရောက်ပါက..........

  • ဤအချိန်သည် ကိုယ်ကျင့်တရား အထူး အရေးကြီးပါသည်။
  • ကိုယ်ကျင့်တရား ပျက်သော် နှစ်ရှည် ဒုက္ခ ရောက်ရတတ်၏။
  • အမှု့ ဖြစ်နေသူကို ငွေမချေးရ၊ အာမခံ မပေးရ။
  • မိမိနေအိမ်သို့ ဘုရား ပုံတော်များ ကြွလာမည်။( အလွန်ကောင်းသည်)။
  • ဒီနှစ် ပျော်ပျော်ရွှင်ရွှင် နေထိုင်သင့်သည်။
  • လုပ်ငန်းသစ်များ စတင်ပြုလုပ်ရတတ်၏။ (အကျိုးပေးမည်)။
  • စီးပွားရေး လွန်စွာ အဆင်ပြေမည်။
  • အိမ်ထောင်ရေး ဇယား ရှုပ်ထွေးတတ်၏။
  • ဘုရား ဓါတ်ပုံ ဆင်းတုတော်များ ၀င်လာမည်။
  • ရွှေဝင်မည်။ (တိုးပွားလာမည်)
  • အောက်လူ တော်လှန် ပုန်ကန်တတ်သည်။
  • ငွေဝင်မည်။
  • အလှူ မင်္ဂလာဆောင်များ ပြုလုပ်ပေးရတတ်၏။
  • နာရေးကို အကြောင်းပြု၍ ခရီးသွားရတတ်၏။
  • အိမ်ထောင်ဖက်နှင့် စကားများရတတ်၏။
  • သွားနှုတ်ရတတ်၏။
  • ဂတိစကား ပျက်တတ်၏။
  • ဆရာသမားကဲ့သို့သော ပုဂ္ဂိုဟ်နျင့် အဆင်မပြေ ဖြစ်မည်။
  • မိတ်ဆွေနှင့် စကားများရတတ်၏။


သောကြာသက်ရောက်ဟောကိန်း

(၇)ရက် သားသမီး မည်သူမဆို သောကြာသက်ရောက်သို့ ကျရောက်ပါက..........

  • မိဘကို ပြုစု စောင့်ရှောက်နိုင်သော အချိန်ဖြစ်သည်။
  • စီပွားတက်ခြင်း ၊ အလုပ်အကိုင် တိုးတက်ခြင်းများကြုံမည်။
  • ခရီးဝေးသွား၇တတ်သည်။
  • နိုင်ငံခြား ခရီး သွားရတတ်၏။
  • ပြည်တွင်း ပြည်ပ ဘုရားဖူးခရီး ထွက်ရတတ်၏။
  • ရာထူး တိုးတက်ကိန်းရှိသည်။
  • ဤအချိန် ချမ်းသာကိန်း ဆိုက်ပြီ။
  • အစစ အရာရာ တိုးတက်ကိန်းရှိသည်။
  • အစိုးရ ၀န်ထမ်းများ သင်တန်း တက်ရမည်။
  • မိတ်ကောင်းဆွေကောင်း တွေ့မည်။
  • နှလုံးကို အကြောင်းပြုသော ရောဂါ ရတတ်၏။
  • စက်ပစ္စည်း ၀င်မည် (အကျိုးပေးမည်)။
  • အုန်းစို့ပေါက်သော် ကောင်း၏။
  • ရပ်ဝေးမှ စာတစ်ဆောင် ရောက်လာမည်။
  • ငွေရှာရလွယ်ကူသောနှစ်ဖြစ်မည်။
  • အလုပ်တွင် အနည်းငယ် အတိုက်အခံ ကြုံရတတ်၏။
  • အလုပ်နေရာ ပြောင်းရမည် (ကောင်း၏)
  • အမှု့ ဖြစ်တတ်သည် (စိုးရိမ်စရာ မလိုပါ)
  • အိမ်ထောင်ဖက်အတွက် စိတ်ညစ်ရတတ်၏။

Wednesday, 5 December 2012

ဆရာမျိုးဟန်ကို - 2012, Decembre လအတွက် အထူးဗေဒင် ဟောစတမ်း




ဆရာမျိုးဟန်ကို - 2012, Decembre လ အတွက် ဗေဒင် ဟောစတမ်း

၁။ တနင်္ဂနွေ သားသမီးများ အတွက် 

ယခုလ အတွင်း အလုပ်အကိုင် ကိစ္စများ အဆင်  မပြေဘဲဖြစ်မည်။ နေရာ ထိုင်ခင်း ပြောင်းလဲ ပြောင်းရွေ့ရမည်။              ငွေကြေးကိစ္စများ ရသလောက် ကုန်ကျမှုများ နေမည်။ လူလိမ်ခံရမည်။ မိမိထက် ကြီးကဲ သူများနှင့် စကားများရမည်။ ယခုလအတွင်း ဆုံးဖြတ်ရ ခက်သော ကိစ္စများ ဖြစ်ပေါ်နေမည်။ လူဝင်မည် ရွှေဝင်မည်။ ဘာသာရေးကိစ္စများ အလှူအတန်း ကိစ္စများ ပြုလုပ်ရမည်။ ပညာရေး ကံညံ့နေမည်။ ခရီးယာယီ သွားလာရမည်။ လက်ဆောင်ပစ္စည်းများ ဝင်မည်။ အချစ်ရေး ကိစ္စများ ချစ်သူနှင့် အထင်လွဲမှုများ စကားများမှုများ ဖြစ်မည်။ အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေလာမည်။ ကျန်းမာရေး မျက်စိအားနည်း ၊ ကိုယ်ခန္ဒာ ညောင်းညာခြင်း ဖြစ်မည်။ 

ယတြာ = ကံကောင်းစေရန်အတွက် တနင်္ဂနွေနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် အုန်းနို့ဆွမ်း ၅ ပွဲကို နေအိမ်ဘုရားတွင် လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေး သောဂဏန်းများ ။ ။ ၉၈၀၇၇ 

၂။ တနင်္လာ သားသမီးများ အတွက် 

ယခုလအတွင်း ဆုံးဖြတ်ချက် မှားတာတွေ ဖြစ်နေမည်။ အလုပ်အကိုင် ကိစ္စများ စိတ်တိုင်းမကျပဲ ဖြစ်နေမည်။ အလုပ်နှင့် ပက်သက်၍ ခရီးထွက် ရမည်။ ငွေဝင် သော်လည်း ငွေကြေးကိစ္စများ ကုန်ကျမှု များနေမည်။ ငွေရေးကြေးရေး အဆင်ပြေလာမည်။ ခရီးဝေး ထွက်ရမည်။ မိမိလက်အောက် ငယ်သားများနှင့် စကားများရမည်။ မိတ်ဆွေများနှင့် ပြန်လည် ဆုံတွေ့ရမည်။ အဝတ် အထည်ဝင်မည်။ ကြွေးတင်မည်။ ကြာသပေးတေးနံ ထွက်မည်။ ပညာရေး တိုးတက်လာမည်။ အချစ်ရေးကိစ္စများ ယခုအချိန်တွင် အဆင်မပြေ သေးပါ။ အိမ်ထောင်ရေး စိတ်နေ သဘောထား စကားများနေရမည်။ ကျန်းမာရေး အိပ်ရေးပျက် ၊ ခေါင်းမူးခြင်း ကိစ္စများ ၊ ဖြစ်မည်။ 

ယတြာ = ကံကောင်းစေရန်အတွက် တနင်္လာနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် ကိတ်မုန့် ၅ ချပ်ကို နေအိမ်ဘုရားတွင် ကပ်လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေးသော ဂဏန်းများ ။ ။ ၄ ၀ ၅ ၃ 

၃။ အင်္ဂါ သားသမီးများ အတွက် 

ယခုလ အတွင်း မိမိရည်ရွယ်နေသာ စိတ်ကူးများ အဆင်မပြေသေးပါဘူး။ ဖြစ်ချင်တဲ့ စိတ်ဆန္ဒတွေကို နည်းနည်းလေး စောင့်ရဦးမှာပါ။ ယခု အချိန်မှာ စမ်တူကိစ္စများကို စနစ်တကျ ပြုလုပ်ဆောင်ရွက်ပါ။ မမျှော်လင့်ပဲ အဖက်ဖက် ကူညီသူပေါ်မည်။ စီးပွားရေးတိုးတက်လာမဲ့ လမ်းစပေါ်မည်။ ငွေကြေးကိစ္စများ အဆင်ပြေနေသာ လာမည်။ အဖမ်းအဆီး အစစ်အဆေး ကိစ္စများ ကြုံမည်။ မိသားစု ကိစ္စများ အတွက်နဲ့ စိတ်ညစ်နေရမည်။ ခရီးကိစ္စများ ပုံမှန်လေး အဆင်ပြေပါသည်။ ပညာရေး ကြိုးစားမှု နည်းနေမည်။ အချစ်ရေးမှာ အဆင်ပြေသော ချစ်သူ ရရှိမည်။ အိမ်ထောင်ရေးကိစ္စများယာယီခွဲနေရမည်။ ကျန်းမာရေးကိစ္စများ သွေးသားနဲ့ ပက်သက်သော ကျန်းမာရေးညံ့မည်။ 

ယတြာ = ကံကောင်းစေရန်အတွက် အင်္ဂါနေ့ နံနက် ၉ နာရီ ၄၅ မီနစ် မိမိနေအိမ် ဘုရားတွင် ဆီထမင်း ၃ပွဲ ကပ်လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေးသော ဂဏန်းများ ။ ။ ၂ ၇ ၀ ၈ 

၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက် 

ယခုလအတွင်း အလုပ်အကိုင်များ ပုံမှန် အနေအထား လေးမှာ တည်ရှိနေမည်။ မိမိက ကြိုးစားသော်လည်း ပတ်ဝန်းကျင် အနှောင့် အယှက် ရှိနေပါသည်။ ပေါင်းသင်း ဆက်ဆံရေးတွင် ယုံကြည်မှု အလွဲသုံးစားခံရခြင်း နှင့်အတူ အတိုက်အခံများ ရှိနေသောလည်း အောင်မြင်မည်။ ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ ထီကံစမ်းပေးပါ။ ငွေကြေးကိစ္စများ အနည်းငယ် ကူညီမည့်သူ ရှိနေမည်။ မိမိ မိသားစုအတွင်း ပြသာနာများ အတွက် စိတ်ညစ်နေရမည်။ မိသားစု နှစ်ဖက်စလုံး ဖြေရှင်းရမည်။ ပညာရေး ကံကောင်းပါသည်။ အချစ်ရေးကိစ္စများ ချစ်သူနှင့် အဆင်ပြေနေသော် မလိုအပ်သော ကိစ္စများ ပြသာနာများကို ချစ်သူ နှင့် အတူ ဖြေရှင်းနေရမည်။ အိမ်ထောင်ရေးမှာ စိတ်ပျော်နေသော အချိန်လေးပါ။ မိသားစုအတွင်း စိတ်ညစ်မှု ပျော်ရွှင်မှု ပေးနိုင်သော အချိန်ဖြစ်သည်။ ယခုလ ကျန်းမာရေးမှာ လေရောဂါ ၊ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်မည်။ 

ယတြာ = ကံကောင်းစေရန်အတွက် ဗုဒ္ဓ္ဓဟူးနေ့ နံနက် ၉ နာရီ ၄၅ မီနစ် မိမိနေအိမ် ဘုရားတွင် ရေခဲမုန့် ၃ခွက် ကပ်လှူ၍ လိုရာ ဆုတောင်းလိုက်ပါ။ အကျိုးပေးသောဂဏန်း ။ ။ ၇ ၉ ၀ ၄ 

 ၅။ ကြာသပတေး သားသမီးများ အတွက် 

ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ ကြိုးစားလုပ်ဆောင် နေရမည်။ စိတ်ပင်ပန်း ကိုယ်ပန်းဖြစ်နေ သော်လည်း အောင်မြင်နေသော အချိန်လေးပါ။ ယခုလအတွင်း ကြာသပတေး သားသမီးများ အနေဖြင့် အခွင့်လမ်းကောင်းကြုံတွေ့နိုင်မှုနှင့် အတူ နာမည်ကြီးခြင်း နာမည် ကောင်းရခြင်းများ ကြုံမည်။ ငွေကြေးကိစ္စများ ငွေဝင် ကိန်းရှိပါသည်။ ငွေကြေးကိစ္စများနှင့် ပက်သက်၍ ကူညီပေးသူ ပေါ်မည်။ မိတ်ဆွေများ သူငယ်ချင်းများ အတွက်နဲ့ အနည်းငယ် စိတ်ညစ်ရမည်။ ပညာရေကိစ္စများ ကြိုးစား လုပ်ဆောင် ရမည်။ ခရီးကိစ္စများ သွားလာမှု ကိစ္စများ နေမည်။ အချစ်ရေးမှာ အဆက်အသွယ်များ ရရှိလာမည်။ လွမ်းနေရသော်လည်း ပျော်စရာ ကောင်းနေသော အချိန်လေး ဖြစ်ပါသည်။ ဒီလအတွင်း အိမ်ထောင်ရေး ကိစ္စများရန်ဖြစ်လိုက် ပြန်ချစ် လိုက်နဲ့ ပျော်စရာ ကောင်းသော နေ့ရက်လေးကို ဖြတ်သန်းနေရမည်။ ကျန်းမာရေးမှာ ခါးနာ ၊ ခြေထောက်နာ ဖြစ်မည်။ 

ယတြာ = ကံကောင်းစေရန်အတွက် ကြာသပတေးနေ့ ၉ နာရီ ၄၅ မီနစ် မိမိနေအိမ်ရှိ ဘုရားတွင် ပြောင်းဖူး ၃လုံး ကပ်လှူ၍ လိုရာဆုတောင်းလိုက်ပါ။ အကျိုးပေးသောဂဏန်းများ ။ ။ ၇ ၆ ၅ ၄ 

၆။ သောကြာ သားသမီးများ အတွက် 

ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေလာမည်။ အကူအညီပေးသူ ပေါ်မည်။ လုပ်ငန်းကိစ္စများ အားလုံး အဆင်မပြေပေမဲ့ စိတ်ပူစရာ မရှိပါ။ အဆင်ပြေလာမည်။ လုပ်ငန်းကိစ္စများ နေရာတိုင်ခင်းကိစ္စများ ပြောင်းရွေ့မှု ရှိသော်လည်း အဆင်ပြေလာမည်။ မိမိထက်ကြီးသူ မိမိကို ကူညီသော်လည်း မိမိအား စိတ်တိုင်းမကျပဲ ဖြစ်နေမည်။ စကားများရကိန်း မရှိပေမဲ့ အနည်းတော့ စိတ်ညစ်နေမည်။ ယခုလအတွင်း ငွေကြေးများ ရသလောက် ကုန်နေမည်။ ငွေကြေး ကူညီပေးသူရှိပါသည်။ အဖတ်မတင်ပါ။ ရသလောက် ကုန်ကျမှုများ ရှိသည်။ ခရီးယာယီကိစ္စများ အမြဲသွားလာနေရမည်။ ပညာရေးမှာ ကံညံ့နေသော အချိန်လေးပါ။ အချစ်ရေးကိစ္စများ စိတ်တိုင်းမကျပဲ ဖြစ်နေမည်။ ပြသာနာ ကြီးကြီးမားမား မရှိပေမဲ့ စကားများရနေမည်။ ခဏ ယာယီ ခွဲခွာရမည်။ အိမ်ထောင်ရေးမှာ အဆင်ပြေပါသည်။ စကားပြောဆိုမှုများလည်း အောင်မြင်ပါသည်။ ဒီလအတွက် ကျန်းမာရေးမှာ သွားနာခြင်း ၊ အအေးမိခြင်း ဖြစ်မည်။ 

ယတြာ = သောကြာနေ့ နံနက် ၉ နာရီ ၄၅ မိနစ် နေအိမ်ဘုရားတွင် သံပရာရည် ၁ခွက် ကပ်လှူ၍ ကံကောင်းလာစေရန်အတွက် ဆုတောင်းပါ။ အကျိုးပေးသော ဂဏန်းများ ။ ။ ၆ ၅ ၈ ၇ 

၇။ စနေသား သမီးများ အတွက် 

ယခုလအတွင်း အလုပ် အကိုင်ကိစ္စများ မိမိ လုပ်ဆောင်နေသော ကိစ္စများ အဆင်ပြေလာမည်။ မိမိနှင့် ဆက်ဆံ နေရသူများက မိမိအား ငြိုငြင်နေမည်။ ဂရုစိုက်၍ ပေါင်းသင်းပါ။ ငွေကြေး အဆင်ပြေသေးပါ။ မှန်းချက်နှင့် နှမ်းထွက်မကိုက် ဆိုသလို ဖြစ်နေမည်။ ငွေကြေးများ ကူညီသူ ရှိသော်လည်း စိတ်ညစ်မှုများ ရှိနေပါသည်။ ငွေဝင်ကိန်း ရှိပါသည်။ အဝတ်အထည် အသစ်ဝင်မည်။ ခရီးကိစ္စများ မမျှော်လင့်ပဲ သွားရမည်။ စက်ပစ္စည်းဝင်မည်။ ပညာရေးကိစ္စများ တိုးတက်လာမည်။ စနေနံပစ္စည်းများ ဝင်မည်။ ဘာသာရေးကိစ္စများ ပါဝင်ကူညီလုပ်ဆောင်ရမည်။ ကျန်းမာရေး ထိမိခိုက်မိ မကြာခဏဖြစ်ပေါ်မည်။ အချစ်ရေးကိစ္စများ ကံကောင်းပါသည်။ ရည်ရွှယ်သူနှင့် ဖူးစာဆုံရမည်။ အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေပါသည်။ 

ယတြာ = စနေနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ဒူရင်းသီးကို မိမိ နေအိမ်ဘုရားတွင် တင်လှူ၍ ကံကောင်းလာစေရန်အတွက် ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုး ပေးသောဂဏန်းများမှာ ။ ။ ၃ ၇ ၅ ၁ 

(အဘ ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို - ကေအယ် ၊ ကိုတာရာယာ ၊ ဖုန်း- ၀၁၇ ၂၂၆၀ ၇၁၅ ) ယခုလလေးတွင် မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။ 

Sunday, 4 November 2012

ဆရာမျိုးဟန်ကို၏ နိုဝင်ဘာလအတွက် ဗေဒင်ဟောစတမ်း



ဆရာမျိုးဟန်ကို၏ နိုဝင်ဘာလ ဗေဒင်ဟောစတမ်း
 
၁။ တနင်္ဂနွေ သားသမီးများ အတွက် 
 
 
အလုပ်အကိုင် ကိစ္စများ ပြန်လည် အဆင်ပြေလာမည်။ အလုပ်ကိစ္စများ အနည်းငယ် အဆင်မပြေ ဖြစ်နေမည်။ နေရာထိုင်ခင်း ပြောင်းလဲ ပြောင်းရွေ့ရမည်။ ငွေကြေး ကိစ္စများ စီးပွားရေးများ အဆင်ပြေလာမည်။ စမ်တူ လုပ်ငန်းများ ပြုလုပ်ရမည်။ 
ခရီးဝေး ခရီးနီးများကို သွားလာနေရမည်။ နေရာကောင်းရမည်။ အိမ်ပြောင်းရမည် ပြင်ဆင်ရမည်။ စက်ပစ္စည်းဝင်မည်။ ဘာသာရေးကိစ္စများ ပြုလုပ်ရမည်။ ပညာရေး ကြိုးစားနေရသော အချိန်လေး ဖြစ်သည်။ ယခု အချစ်ရေးကိစ္စများ ချစ်သူနှင့် ဝေးကွာနေရသူများ ပြန်လည် ဆုံတွေ့ရမည်။ အဆင်ပြေပါသည်။ အိမ်ထောင်ရေးကိစ္စများ အဆင်ပြေနေသော အချိန်လေးပါ။ ကျန်းမာရေး အိပ်ရေးပျက် ၊ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်မည်။ 
 
ယတြာ = ကံကောင်းစေရန်အတွက် တနင်္ဂနွေနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် အဝါရောင်ပန်း ၅ ပွင့်ကို နေအိမ်ဘုရားတွင် လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေး သောဂဏန်းများ ။ ။ ၃ ၆ ၈ ၀ 
 
 
 
၂။ တနင်္လာ သားသမီးများ အတွက် 
ယခုလအတွင်း စိတ်ညစ်လိုက် စိတ်ပျော်လိုက် ဖြစ်နေမည်။ အလုပ်အကိုင် ကိစ္စများနဲ့ ပက်သက်၍ အဆင်ပြေလိုက် မပြေလိုက်နဲ့ ဖြစ်နေမည်။ အလုပ်တွင် နေရာရကိန်း ရှိသည်။ အထက်လူကြီးနဲ့ စကားအပြော အဆိုများ အဆင်ပြေလာမည်။ ငွေကြေးကိစ္စများ ကုန်ကျမှု များနေမည်။ 
လူမှုရေး ဘာသာရေး ကိစ္စများ ၊ မိသားစု ကိစ္စများ ၊ သူငယ်ချင်းများ မိတ်ဆွေများနှင့် အထင်လွဲမှုကိစ္စများ ကြုံမည်။ ငွေရေးကြေးရေး အဆင်ပြေလာမည်။ စက်ပစ္စည်းဝင်မည်။ ယာယီ ခရီးထွက်ရမည်။ မိတ်ဆွေများနှင့် ပြန်လည် ဆုံတွေ့ရမည်။ ပညာရေး တိုးတက် နေသော အချိန်ကာလလေးပါ။ 
အချစ်ရေးကိစ္စများ အဆင်ပြေပါသည်။ နီးရက် ဝေးနေသလို ဖြစ်နေမည်။ အိမ်ထောင်ရေး စိတ်နေသဘောထား သင့်မြတ်နေသော အချိန်လေးပါ။ ကျန်းမာရေး သွေးထွက်သံယို ကိစ္စများ ၊ ထိမိခိုက်မိမှုများ လက်များ ခြေထောက်များတွင် မကြာခဏ ဖြစ်မည်။ စိတ်ပူစရာ မရှိပါ။ 
 
 
ယတြာ = ကံကောင်းစေရန်အတွက် တနင်္လာနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် ကြာပန်း ၂ပွင့်ကို နေအိမ်ဘုရားတွင် ကပ်လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေးသော ဂဏန်းများ ။ ။ ၈ ၆ ၅ ၀ 
 
 
 
၃။ အင်္ဂါ သားသမီးများ အတွက် 
အလုပ်အကိုင်များ နေရာများ ပြောင်းရွေ့ရမည်။ အလုပ်ကိစ္စများ အတွက်နဲ့ စိတ်ညစ်မှု ရှိနေသော်လည်း အဆင်ပြေလာမည်။ အကူအညီပေးသူ အကြံညဏ် ပေးသူများ ပေါ်လာမည်။ အလုပ်အကိုင်များ အဆင်ပြေလာမည်။ ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်မပြေသေးပါ။ ကြွေးတင်မည်။ 
ရသလောက် ကုန်နေပြီး ဝင်သလောက်ထွက်နေမည်။ သင့်တင့်မျှသာ ငွေဝင်မည်။ သူတစ်ပါးကိစ္စများ အတွက်နဲ့ စိတ်ညစ်နေရမည်။ ခရီးယာယီ သွားလာရမည်။ စက်ပစ္စည်းများ ပျက်မည်။ 
ပညာရေး ကိစ္စများ ကံကောင်းနေသော အချိန်လေးပါ။ သင်တန်းများ တက်ရမည်။ အချစ်ရေး ကိစ္စများ အဆင်ပြေနေသော်လည်း မကြခဏ စိတ်ညစ်မှုများ ဝင်ရောက်လာမည်။ ချစ်သူနှစ်ဦး ဆုံဆည်းရမည်။ အိမ်ထောင်ရေးကိစ္စများ အဆင်ပြေပါသည်။ အိမ်ထောင်ဖက် ကျန်းမာရေးညံ့မည်။ ကျန်းမာရေး ခေါင်းမူး ၊ ခေါင်းကိုက် ဖြစ်နေမည်။ 
 
ယတြာ = ကံကောင်းစေရန်အတွက် အင်္ဂါနေ့ နံနက် ၉ နာရီ ၄၅ မီနစ် မိမိနေအိမ် ဘုရားတွင် လက်ဖက်သုပ် ကပ်လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေးသော ဂဏန်းများ ။ ။ ၅ ၃ ၉ ၂ 
 
 
၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက်
 
အလုပ် အကိုင်များ အဆင်ပြေလာမည်။ အလုပ် ကိစ္စများ နေထိုင်မှုကိစ္စများ ပြသာနာများကို ဖြေရှင်းနေရမည်။ အလုပ်ထဲတွင် စကားပြောဆိုမှု အဆင်မပြေ သော်လည်း စိတ်ပူစရာ မရှိပါ။ အကူအညီ ပေးသူ ပေါ်မည်။ ယခုလအတွင်း ငွေကြေး ကိစ္စများ ကံကောင်းနေသော အချိန်လေးဖြစ်သည်။ မိမိကိုယ်ပိုင် ငွေကြေးများ သာမက သူတစ်ပါး ငွေကြေးများပါ ဝင်လာမည်။ 
ရသလောက် ကုန်ကျမှု များရှိနေမည်။ အိမ်ထောင် ပရိဘောဂ ပစ္စည်းများဝင်မည်။ ခရီးကိစ္စများ သွားလာမှု အဆင်ပြေပါသည်။ ပညာရေးကိစ္စများ ကြိုးစားနေရမည်။ ပညာရေး ကံကောင်းပါသည်။ အချစ်ရေး ကိစ္စများ နီးရက်နဲ့ ဝေးနေသလို ခံစားနေရမည်။ မိမိနှင့် မိမိ ချစ်သူအကြား ပြသာနာမရှိသော်လည်း သူတစ်ပါးကိစ္စများ အတွက်နဲ့ ပြသာနာ ဖြစ်နေမည်။ 
အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေနေသော အချိန်လေးကို ပိုင်ဆိုင်နေမည်။ ကျန်းမာရေး ဗိုက်နာ ဗိုက်အောင့် ဖြစ်မည်။
 
ယတြာ = ကံကောင်းစေရန်အတွက် ဗုဒ္ဓ္ဓဟူးနေ့ နံနက် ၉ နာရီ ၄၅ မီနစ် မိမိနေအိမ် ဘုရားတွင် သစ်တော်သီး ၃ လုံးကပ်လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေးသောဂဏန်း ။ ။ ၄ ၅ ၇ ၀ 
 
 
၅။ ကြာသပတေး သားသမီးများ အတွက် 
 
မျှော်လင့်နေသော ဆန္ဒများ ပြည့်စုံလာမည်။ ကူညီပေးသူ ပေါ်လာမည်။ အလုပ်အကိုင် ကိစ္စများ အဆင်ပြေလာမည်။ နေရာရကိန်းရှိသည်။ အထက်လူကြီးနဲ့ ပူးတွဲ၍ လုပ်ကိုင်ဆောင် ရွက်လိုက်ပါ။ စီးပွားရေး ငွေကြေးကိစ္စများ အဆင်ပြေနေပေမဲ့ မစုမိသော အဖတ်မတင်သော အချိန်လေးဖြစ်နေမည်။ စက်ပစ္စည်းဝင်မည်။ အိမ်မက်ကောင်း မက်မည်။ 
စီးပွားရေး ပုံမှန်လေး အဆင်ပြေနေသော အချိန်ဖြစ်ပါသည်။ စမ်တူကိစ္စများ ရှောင်ကြည်ပါရန်။ ခရီးယာယီများ သွားလာမှုများ သွားသင့်ပါတယ်။ အဆင်ပြေလာမည်။ မိတ်ဆွေများနှင့် အတူတူ ခရီးယာယီ သွားရမည်။ 
ပညာရေး ကြိုးစားရမည့် အချိန်ဖြစ်ပါသည်။ အချစ်ရေး ချစ်သူနဲ့စကားပြောဆိုမှုများ အဆင်မပြေသေးပါ။ စိတ်ဆိုးနေမည်။ အိမ်ထောင်ရေး ပြန်လည် ဆုံဆည်းရမည်။ ကျန်းမာရေးမှာ ခါးနာ ၊ ခြေထောက်နာ ဖြစ်မည်။
 
 
ယတြာ = ကြာသပတေးနေ့ ၉ နာရီ ၄၅ မီနစ် မိမိနေအိမ်ရှိ ဘုရားတွင် ပန်းသီး ၅ လုံးကပ်လှူ၍ လိုရာဆုတောင်းလိုက်ပါ။ အကျိုးပေးသောဂဏန်းများ ။ ။ ၆ ၅ ၁ ၀ 
 
 
 
၆။ သောကြာ သားသမီးများ အတွက် 
 
လိုရာဆန္ဒအမြန် ပြည့်ဝလာဖို့ လုပ်စရာရှိတာကို မှန်မှန်လေး ပြုလုပ်သွားပါ။ မိမိရဲ့ဆန္ဒတွေ ပြည့်ဝလာမှာပါ။ အလောမကြီးဖို့ သတိပေးပါရစေ။ အလုပ်အကိုင် ကိစ္စများ အဆင်ပြေနေမည်။ အထက်လူကြီးနဲ့ ပြောဆိုဆက်ဆံ၍ လုပ်ကိုင် ဆောင်ရွက်လိုက်ပါ။ အဆင်ပြေမဲ့ အနေအထားလေးတွေ ရှိပါတယ်။ ငွေကြေးကိစ္စများကတော့ ကံကောင်းနေသော အချိန်လေးပါ။ 
မိမိ ကုန်သလောက်ရနေမည်။ အမွေကိစ္စများ ဖြေရှင်းရမည်။ သူတစ်ပါးကို ဂရုစိုက်၍ ကူညီပါ။ အထင်လွဲခြင်း ခံရမည်။ ကြာသတေးနံ ပစ္စည်းများ ဝင်လာမည်။ ခရီးကိစ္စများ သွားလာမှု အဆင်ပြေနေမည်။ သူငယ်ချင်းအသစ် မိတ်ဆွေအသစ်များ ရရှိမည်။ 
အချစ်ရေး အဆင်ပြေပါသည်။ အိမ်ထောင်ရေးမှာ ဝေးနေရမဲ့ ဝေးနေရမည်။ ယခုလ ကျန်းမာရေး ဇက်ကြောတက် ၊ ကိုက်လက်ကိုက်ခဲခြင်း ဖြစ်မည်။
 
 
ယတြာ = မိမိ နေအိမ်ဘုရားတွင် သရက်သီး ၆ လုံးကို သောကြာနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် တင်လှူ၍ ကံကောင်းလာစေရန်အတွက် ဆုတောင်းပါ။ အကျိုးပေးသော ဂဏန်းများ ။ ။ ၇ ၉ ၅ ၂ 
 
 
၇။ စနေသား သမီးများ အတွက်
 
အလုပ်အကိုင် ကိစ္စများ အဆင်ပြေလာမည်။ ရည်ရွယ်သော အလုပ်များကို လုပ်ဆောင်ရမည်။ အထက်လူကြီးနဲ့ လုပ်ကိုင် ဆောင်ရွက်လိုက်ပါ။ ယခုလအတွင်း ငွေကြေးကိစ္စများ ကံကောင်းလာမည်။ ငွေဝင်ကိန်း ရှိနေပါသည်။ မိသားစုအတွင်း လူဝင် လူထွက်ရှိသည်။ ခရီးကိစ္စမျာ သွားလာမှု အဆင်ပြေမည်။ မိသားစုအတွင်း နေရာထိုင်ခင်း ကိစ္စများ ပြုပြင်ရမည်။ 
ထီး ဖိနပ် နာရီ အဝတ်အထည်များဝင်မည်။ အချစ်ရေးမှာ အေးချမ်းနေမဲ့ အချိန်လေးပါ။ အိမ်ထောင်ရေး အဆင်ပြေပြီး စကားများနေရမည်။ ယခုလ ကျန်းမာရေးမှာ လက်နာမည် အအေးမိ ဖြစ်မည်။
 
ယတြာ = စနေနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် နှင်းဆီနီ ၇ ပွင့်ကို မိမိ နေအိမ်ဘုရားတွင် တင်လှူ၍ ကံကောင်းလာ စေရန်အတွက် ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေး သောဂဏန်းများမှာ ။ ။ ၇ ၆ ၀ ၁ 
 
 
ယခုလ လေးတွင် မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။ 
ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို 
 
 
 
 
ဆက်သွယ်ရန် ၊ အမှတ် ၁၁၈၊ (ပထမထပ်)၊ အောင်မြန်မာဆိုင် နဘေး ၊ No.118, Jalan Tun H.S.Lee, 50000, Kuala Lumpur. Kuala Lumpur Malaysia - Website : http://myohanko1.blogspot.com/ - E-mail : myohankonew@gmail.com - Ph; 017, 226 0715 - စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ။

Tuesday, 30 October 2012

ခုနှစ်ရက်သားသမီးများအတွက် ( ၂၉.၁၀.၁၂ ) မှ ( ၄.၁၁.၁၂) ထိ တပတ်စာဗေဒင်ဟောစာတမ်း


ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင် ဆွေဇင်ဝတီ


တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
နိုင်ငံခြားနှင့်ပတ်သက်သောလုပ်ငန်းများလုပ်ရခြင်း၊ လူမျိုးခြားများ၏ကူညီမှုရခြင်း၊ထီပေါက်တတ်ခြင်းများဖြစ်တတ်
သည်။ ပျော်ရွှင်ေ သာခရီး၊ လေယာဉ်ခရီးသွားရတတ်သည်။ အခန်းပြောင်းရခြင်း၊ အလုပ်နေရာပြောင်းရခြင်းဖြစ်တတ်
သည်။ အလုပ်ပြောင်းချင်စိတ်ဖြစ်နေတတ်သည်။ မပြောင်းပါနှင့်။ ပြောင်းကလက်ရှိအလုပ်ထက်နောက်အလုပ်ကပိုပြီး
စိတ်ညစ်စရာများကြုံတွေ့ရမည်။ စက်ပစ္စည်းများထွက်တတ်သည်။သူခိုးခိုးခံရတတ်ခြင်း၊ငွေပျောက်ခြင်းဖြစ်တတ်သည်။
သတိထားပါ။

ကျန်းမာရေး။ သွေးပေါင်ကျခြင်း အစားမှားခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စိတ်ချမ်းသာမှုများဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်ဖက်ထုတ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။   ( ၅ ၉ ၅ ၁)


တနင်္လာသားသမီးများ၏ကံကြမ္မာ
ပြန်ရန်စိတ်ကူးမရှိသေးဘဲ အမိနိုင်ငံမဖြစ်မနေပြန်ရတတ်ခြင်း၊ ငွေအတွက်သောကရောက်ရတတ်ခြင်း၊ ဆုံးဖြတ်ချက်ချ
ရန်တော်တော်ခက်ခဲစရာများဖြစ်နေခြင်းများဖြစ်နေတတ်သည်။ခင်မင်သောမိတ်ဆွေများနှင့်လည်းစကားများရတတ်
သည်။ အလုပ်တွင်လဲလုပ်သမျှလွဲချော်နေတတ်သည်။အစစအရာရာသတိထားပါ။ လူမျိုးခြားများ၏ကူညီမှုရခြင်း၊
ထီပါက်တတ်ခြင်းကိန်းရှိသည်။ ထီစနေနေ့၊ ဗုဒ္ဓဟူးနေ့များတွင်ထိုးပါ။

ကျန်းမာရေး။ ကား၊ ဆိုင်ကယ်တို့ကြောင့်ခြေထောက်ဒဏ်ရာရတတ်သည်။
အချစ်ရေး။ ချစ်သူနှင့်စကားပြောအဆင်မပြေဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်လက်ကောက်ဘုရားကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။  ( ၇ ၀ ၄ ၄)


အင်္ဂါသားသမီးများ၏ကံကြမ္မာ
အိုးသစ်အိမ်သစ်နေရာသစ်ပြောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရတတ်ခြင်း၊စက်ပစ္စည်းအဟောင်းများထွက်ပြီးအသစ်များဝင်
ခြင်းဖြစ်တတ် သည်။ ပျော်ရွှင်သောခရီးသွားရတတ်သည်။ ရွှေဝင်မည်။အိမ်ခန်းပြုပြင်ရခြင်းများဖြစ်တတ်သည်။
ငွေပျောက်တတ်သည်။ မိမိသုံးသောမီးသတိထားသုံးပါ။ မီးကြောင့်အမှုအခင်းပြဿနာဖြစ်တတ်သည်။ သားသမီး
ရတနာ ရတတ်သည်။ ကောင်း၏။ငွေများဝင်နေမည်။ ကုန်စရာလဲဆက်တိုက်ဖြစ်နေတတ်သည်။

ကျန်းမာရေး။ အစားမှားပြီးဗိုက်အောင့်တတ်သည်။
အချစ်ရေး။ သာယာဖြေင့်ဖြူးနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်လက်ဆောင်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၆ ၄ ၂ ၀ )


ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
လုပ်ငန်းသစ်လုပ်ရန်အကြောင်းပေါ်လာခြင်း၊ လုပ်လျှင်အောင်မြင်မှုမရသေးပါ။ စိတ်ပင်ပမ်းခြင်းဖြစ်ရတတ်သည်။
စက်ပစ္စည်းများဝင်ခြင်း၊ စိန်ပစ္စည်းဝင်ခြင်းဖြစ်တတ်သည်။မြေထွက်ခြင်း၊ ဖုန်းထွက်ခြင်းဖြစ်တတ်သည်။ ကားအ
ဟောင်းထွက်ခြင်း၊ ကားသစ်ဝင်ခြင်းဖြစ်တတ်သည်။ အလုပ်တွင်လက်အောက်ငယ်သားထွက်ခြင်းကြောင့်စိတ်
အနှောင့်အယှက်ဖြစ်တတ်သည်။ မိမိကြိုးစားသလောက်အရာမထင်ဖြစ်နေတတ်သည်။ မကြာခင်အဆင်ပြေပါလိမ့်
မည်။

ကျန်းမာရေး။ လေထိုးလေအောင့်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ မိမိရည်ရွယ်နေသူကတယောက်ချစ်သူဖြစ်သွားတာတယောက်ဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ရွှေရင်အေးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၁ ၆ ၂)


ကြာသပတေးသားသမီးများ၏ကံကြမ္မာ
ဆိုင်ကယ်ဝင်ခြင်း၊ ဆိုင်ခန်းအပြောင်းအရွှေ့လုပ်ရခြင်းဖြစ်တတ်သည်။ ကားဝင်ခြင်း၊ တိုက်ခန်းအပြေင်းအလဲလုပ်
ရခြင်း များဖြစ်တတ်သည်။ လူမျိုးခြားများ၏နှောင့်ယှက်ခြင်းခံနေရတတ်သည်။ခင်မင်သောမိတ်ဆွေများနှင့်ခွဲခွာရ
တတ်သည်။ လူလိမ်ခံရတတ်ခြင်း၊ လူလုခံရတတ်ခြင်းဖြစ်တတ်သည်။အလုပ်တွင်အနည်းငယ်အတိုက်အခံတွေ
့နေရတတ်သည်။ အစစအရာရာသည်းခံနိုင်သမျှသည်းခံပြီးနေပါ။ ၀င်ငွေကောင်းနေမည်။ အထက်လူကြီးမိမိဘက်
တွင်ရှိနေသည်။

ကျန်းမာရေး။ အဆုတ်နှင့်ပတ်သက်ပြီးဆေးရုံဆေးခန်းသွားရတတ်သည်။
အချစ်ရေး။ မိမိကိုလူမျိုးခြား၊ ဘာသာခြားများမှ အသဲအသန်ချစ်ရေးဆိုခြင်းဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဖာလူဒါကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၃ ၁ ၁ ၀ )


သောကြာသားသမီးများ၏ကံကြမ္မာ
ရွှေဝါလက်စွပ်ဝင်ခြင်း၊ ရွှေဖြူဟန်းချိန်းဝင်ခြင်းဆက်တိုက်ဖြစ်နေတတ်သည်။ စီးပွားရေးကောင်းနေသည်။မိမိမိတ်ဆွေ
များကို လည်းငွေကြေးအကူအညီပေးနေရတတ်သည်။ အလုပ်တွင်စိတ်ဖိစီးမှု များဖြစ်နေရတတ်သည်။ နိုင်ငံခြားနှင်
ပတ်သက်သော ကိစ္စများစောင့်နေရသောအချိန်ဖြစ်နေတတ်သည်။နိုင်ငံရပ်ခြားမှမိတ်ဆွေများနှင့်ဆက်သွယ်မှုများ
ရနေရတတ်သည်။ မိတ်ဆွေများကမိမိကိုထားပြီးခရီးဝေးသွားနေတတ်သည်။ အစစအရာရာအဆင်ပြေနေတတ်သည်။

ကျန်းမာရေး။ အကြောနာခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ စိတ်ချမ်းသာနေရမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဒိန်ချဉ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၉ ၇ ၃)


စနေသားသမီးများ၏ကံကြမ္မာ
စိန်ပစ္စည်းဝင်ခြင်း၊ စိန်ဆွဲသီးဝင်ခြင်း၊ စက်ပစ္စည်းများဝင်ခြင်း၊ အလှူလုပ်ရခြင်း၊ ကိုယ်ပိုင်ဆိုင်ခန်းရခြင်းများဖြစ် တတ်
သည်။ မိမိနှင့်တွဲဖက်စီးပွားလုပ်နေသောသူနှင့်သိပ်အဆင်မပြေဖြစ်နေတတ်သည်။ ရွှေ၊ နာရီထွက်ခြင်း၊ ပြုပြင်ရခြင်း
ဖြစ်တတ်သည်။ မြေနှင့်ပတ်သက်ပြီးစကားပြောရတတ်ခြင်း၊ ကြာသပတေးနံများကြောင့်စိတ်ညစ်စရာဖြစ်ခြင်းဖြစ်တတ်
သည်။ အရေးကြီးစာရွက်စာတမ်းပျောက်ခြင်း၊လက်အောက်ငယ်သားကြောင့်စိတ်တိုင်မကျဖြစ်ခြင်းဖြစ်နေတတ်သည်။
မိမိကံကြောင့်ဖြစ်သည်။ သည်းခံပါ။

ကျန်းမာရေး။ သွားနှင့်ပတ်သက်ပြီးသွားဆေးခန်းမကြာခဏသွားနေရတတ်သည်။
အချစ်ရေး။ မိမိချစ်သူကလေထဲတွင်အချစ်သစ်များနှင့်ကြူနေသောကြောင့်စိတ်ညစ်နေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နွားနို့ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၈ ၅ ၀)


*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ (ဆရာကြီးမင်းသိင်္ခ၏တပည့်)

ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ

ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး

ဖုန်း- 016 6903 513 ,018 2250 510

Thursday, 11 October 2012

လရာသီဖွားများ၏ အချစ်နှင့်ဖူးစာရှင်


ဆရာစံဇာဏီဘို၏  လရာသီအချစ်ထဲက ကောက်နှုတ်တင်ပြအပ်ပါသည်။

ကုမ်ရာသီဖွား အချစ်ဘ၀နှင့် ခန့်မှန်းဖူးစာရှင် ပုံရိပ် (Aquarius)
ဇန်န၀ါရီ (၂၀) မှ ဖေဖေါ်ဝါရီ (၁၉) ရက် ကြားမွေးဖွားသော ကုမ်ရာသီဖွားတို့သည် အစွဲအလမ်းကြီးခြင်း၊ တစ်ဖက်စွန်းကျလွန်းခြင်းများကြောင့် နှလုံးသားရေးရာတွင် ချစ်ဒုက္ခ ကြုံတတ်သည်။ သန့်စင်သော နှလုံးသားနှင့် တစ်ပါးသူအပေါ်မေတ္တာ ထားလင့်ကစား ကံဇာတ်ဆရာ မှ မိမိအား အလွမ်း၊ အဆွေးသမားဖြစ်အောင် ဖန်တီးမည်။သူအပေါ် အနိုင်မယူ၊ အခွင့်အရေး မယူ မိမိကသာ အနစ်နာခံတတ်သည်။ ရံဖန်ရံခါတွင် လက်တွေ့ထက် စိတ်ကူးယဉ်မှုဘက်ရောက်သွား တတ်သည်။ ထိုရာသီဖွားတို့သည် ကိုယ်လုံးကိုဖန် လှပတင့်တယ် ၍ မျက်ဝန်းအလွန်လှ ပြီး မျက်လုံး၊ မျက်ခုံးကောင်း နဖူးပြင်ကျယ်ပြန့်ကာ အေးချမ်းချိုသာစွာပြောဆိုတတ်သူနှင့် ဖူးစာဆုံမည်။
မိန်ရာသီဖွား အချစ်ဘ၀နှင့် ခန့်မှန်းဖူးစာရှင် ပုံရိပ် (Pisces)
ဖေဖေါ်ဝါရီ (၂၀) မှ မတ်လ (၂၀ ) ကြားမွေးဖွားသော မိန်ရာသီဖွားတို့သည် အလွန်အေးချမ်းမြင့်မြတ်သော နှလုံးသာပိုင်ရှင် ဖြစ်သည်။ လွန်လွန်ကဲကဲ သံယောဇဉ် ကြီး၍ တစ်ပါးသူအပေါ် နားလည်ခွင့်လွတ်တတ် သော သူဖြစ်သည်။အခိုင်- မာဆုံးဖြတ် ၍ လေးလေးနက်နက်ချစ် တတ်သောသူဖြစ်သည်။ အရှက်အကြောက်ကြီး ခြင်း၊ တစ်ပါးသူက ဝေဖန်မည်ကို စိုးရိမ်ခြင်းကြေ- င့် အမှန်တကယ် ချစ်သူအပေါ် ဖွင့်မပြောရဲ၊ လက်မတွဲ ရဲတတ်ခြင်းသည် ပကတိအားနည်းချက်ဖြစ်သည်။ ထိုရာသီဖွားတို့သည် ကိုယ်အေးချမ်ပြီး ဥာဏ်ပညာရှိသော ဆံပင်ထူပွပွ၊ သွားစွယ်၊ သွားတက်ရှိသောသူနှင့် ဖူးစာဆုံမည်။
မိဿရာသီ အချစ်ဘ၀နှင့် ခန့်မှန်းဖူးစာရှင် ပုံရိပ် (Aries)
မတ်လ(၂၁) မှဧပြီ(၁၉)ရက်ကြားမွေးဖွားသော Aries များ၏အချစ်ဘ၀လမ်းသည် အလွန်ကြမ်းတမ်းလှသည်။ အခက်ခဲများ၊အတိုက်ခံများကို အဆင့်ဆင့်ကျော်လွှားရပေမည်။ အဓိကအားဖြင့်အသက်(၁၉)နှစ်မတိုင် မီထိ အချစ်ကိုကစားစရာ၊ ရင်ခုန်စရာအဖြစ် သတ်မှတ်မိသဖြင့် စိတ်အနှောက်အယှက်များကြုံမည်။ အသက်(၂၀)မှ(၂၃)နှစ်ကြားတွင် မိမိချစ်သောသူက တစ်ယောက်၊ မိမိအပေါ် ချစ်သူကတစ်ယောက် အဖော်မဲ့နေသောကြောင့် သနားချစ်နှင့်လက်တွဲပေးနေရသူတစ် ဦးဆိုသကဲ့သို့မေတ္တာလမ်းကြောင်းများရှုပ်ထွေးနေမည်။
အသက်(၂၀) နှင့်(၂၃)များတွင် မိမိဘ၀၏တစ်ဆစ်ချိုး အပြောင်းအလဲများကြုံပြီး မိမိချစ်သူများနှင်. မိမိအကြားဘ၀ကွာခြားမှုရှိမည်။ အသက်(၂၃)မှ(၂၅)နှစ်အကြား နှလုံးသားချင်း ထာဝရ လက်တွဲနိုင်သူ များရှိလာမည်။အချစ်ဦးမဟုတ်လင့်ကစား အချစ်ဆုံးကိုတွေ့ရှိလာမည်။ အချစ်နှင့်အချစ်စစ်ကိုခွဲခြားသိ ရှိလာလိမ့်မည်။ အသက်(၂၆)နှစ်နောက်ပိုင်း မေတ္တာရေးလမ်းကြောင်းသည်တစ်စတစ်စ ချောမွေ့လာလိမ့်မည်။ အသက်ငယ်ရွယ်စဉ်ကချစ်သူများကိုကြိုးစားမေ့ ဖျောက်ရင်း အိမ်ထောင်သည်ဘ၀ကိုတစ်ပါးသူများေ နှာက် ယှက်သည့်ကြားမှချစ်သူနှင့်မရရအောင် ပေါင်းစည်းပေးသော ကံဇာတ်ဆရာ၏စီမံမှုကို ပျော်ရွှင်စွာခံယူရမည်။ Aries ရာသီဖွား ၇၅%သည် မည်မျှအဆင်ပြေသော အနေအထားရှိစေ ကာမူနှစ်ဦးသဘောတူလ က်ထပ်ပြီးမှမိဘတို့ စီစဉ်ပေးမှု နှင့်လက်ထပ်ရတတ်သည်။ မိဿရာသီဖွားများသည် ပညာအတတ်ရှိပြီး စိတ်ကောင်းရှိသော်လည်းဘုဂွပြောတတ်ကာ၊ ပျော်ပျော်နေတတ်သောသူများနှင့်ဖူးစာဆုံမည်။ အသားလတ်လတ်၊နှာတံပေါ်၊မျက်ဝန်းအိအိ မျက်ရစ်ပါသည်ဆိုရုံလေးပါပြီး မျက်လုံးမျက်ခုံးကောင်းကာ ဆံပင်ပါးပါးဖြောင့်ဖြောင့် ၊နှုတ်ခမ်းတွင်မှဲ့ပါသောသူနှင့်ဖူးစာ ဆုံမည့်အချစ် ဘ၀အား ပိုင်ဆိုင်ထား သည်။

ပြိဿရာသီ အချစ်ဘ၀နှင့် ခန့်မှန်းဖူးစာရှင် ပုံရိပ် (Taurus)
ဧပြီ(၂၀) မှ မေ(၂၀)ကြားမွေးေ သာ Taurus ရာသီဖွားများ၏ အချစ်ဘ၀သည်လွယ်မယောင်နှင့် ခက် တိမ်မယောင်နှင့် နက်လှသည်။ ဘ၀တွင်အရာရာတွင်မိမိကသာပေးဆပ်ရန် လူ့လောကသို့ဖန်တီးကြရောက်လာသည့် အလားငယ်စဉ်ပျိုရွယ်နုနယ်သောဘ၀မှသည် အရွယ်နှင့်မမျှအောင် မိသားစု မောင်နှစ်မသားချင်းများအပေါ်လွန် လွန်ကဲကဲပေးဆပ်ရမှုကြောင့် မိမိကိုယ်ပိုင်အခွင့်အလမ်း၊ခံစားချက်အချစ်ဘ၀ကို ရှေ့တိုးရန်ခက်ခဲပေမည်။ ၅၂၈ နှင့် ၁၅၀၀ မေတ္တာလွန်ဆွဲမှုဒဏ်ခါးစည်းခံရမည် ။ ပျိုရွယ်သောကာလတွင် ဘ၀တိုးတက်မှု အတွက် အချစ်ကိုဦးစားမပေးခဲ့။ ချစ်သူခင်သူပေါလင့်ကစားမိမိက မေတ္တာမမျှရဲသလိုဖြစ်မည်။ ထို့အပြင် မိမိ၏ချစ်တတ်သောနှလုံးသားအပေါ်လှည့်စားသူများ အပျော်ချစ်လိုသူများ၊အသည်းခွဲလိုသူများ၏ အန္တရာယ်ကြားတွင်ဘ၀ကိုဖြတ်သန်းရမည်။ Taurus ရာသီဖွားများသည် နီးစပ်မှုရှိသောသူများနှင့်မေတ္တာရည်မျှရသောသဘာဝရှိသည်။ နေထိုင်မှု၊ဖြတ်သန်းမှု၊နေရာချင်းနီးသောသူများနှင့်ဖူးစာဆုံတတ် သည်။ မိမိရွေးချယ်သောသူနှင့်သားချင်း မိဘကြား အဆင်မပြေမှုများကြားမှ ချစ်သူကိုလက်တွဲရမည့်အချစ်ဘ၀ကို ပိုင်ဆိုင်သောသူဖြစ်မည်။ အခက်ခဲများမည်မျှရှိစေကာမူ အချစ်ဘ၀သည် အလှအပနှင့်နိဂုံးချုပ်ရပြီးချစ် သူနှင့်ပေါင်းဖက်ရကိန်း ရှိသည်။ အချစ်အတွက်အရာရာကိုရင်ဆိုင်ရင်း အငြိုအငြင်ခံရသည့်ကြားမှ အေးချမ်းသော အောင်မြင်သော အိမ်ထောင်သည်ဘ၀ကိုရရှိမည်။အသက် (၁၆၊၁၈၊၂၁၊၂၃၊၂၆၊၂၈၊၃၁၊၃၅၊၃၇)နှစ် များတွင် နှလုံးသားထိခိုက်စရာများ၊အချစ်ဘ ၀၏အခက်အခဲများ၊စိတ်အနှောက်အယှက် များကြုံမည်။ Taurus ရာသီဖွားများသည် အသားလတ်လတ်၊ဆံပင်ထူထူ၊ဆံပင်လှို င်းတွန့်ရှိသော အရပ်သွယ်သွယ်နှာတံပေါ်၊ နှုတ်ခမ်းလှကာ နှာခေါင်းဘေး (သို့)ပါးတွင်မှဲ့ပါသော သူနှင့်ဖူးစာဆုံမည့်အချစ်ဘ၀ကိုပိုင်ဆိုင် သည်။
မေထုန်ရာသီ အချစ်ဘ၀နှင့် ခန့်မှန်းဖူးစာရှင် ပုံရိပ် (Gemini)
မေ (၂၁) မှ ဇွန် (၂၀) ရက်ကြားမွေးသည့်မေထုန် ရာသီဖွား Gemini တို့၏အချစ်ဘ၀သည် အလွန်ဆန်းကြယ်လှသည်။ အချစ်ရေးမေတ္တာရေးလမ်းကြောင်းတွင်အလွန်ခက်ခဲနှောင့်နှေးတတ်သော်လည်း အိမ်ထောင်ရေးတွင်ချမ်းမြေ့စရာများပြည့်နှက်နေသည်။ အချစ်ဘ၀တွင် အကောင်း အဆိုးဖြစ်ရပ်တို့သည် နေ့ရက်နှင့်အမျှပြောင်းလဲဖြစ်ပေါ်နေသည်။ မိမိနှင့်မိမိချစ်သူကြား အဓိကပြသာနာမရှိသော်လည်းမိမိတို့နှစ်ဦး၏အချစ်ကိုဝေဖန်တိုက်ခိုက်သူအလွန်များသည်။ မေထုန်ရာသီဖွား ကျား၊ မ မရွေး မိမိထက်အသက်ကြီးသောသူများနှင် ကံဆုံစည်းရတတ်၏။ မေထုန်ရာသီဖွားအမျိုးသားများသည် ရွယ်တူ၊ငယ်သူထက် မမ ဇာတ်လမ်းကိုဦးစားပေးက ပိုမိုကောင်းမွန်သောအချစ်ဘ ၀ကို ရရှိမည်။ အသက်(၁၈) မှ (၂၂) နှစ်ကြားတွင် အချစ်ဘ၀သည်မချောမွေ့ပါ။ ချစ်သူများ ယာယီမကြာခဏခွဲရခြင်း၊ပြသနာများကြုံခြင်း၊ မတူညီသောဘ၀အ နေအထား၊၀န်းကျင်အခြေအနေများအပေါ် အခြေခံသောအဆင်မပြေမှုများကြုံခြ င်းများရှိမည်။ အသက် (၂၂) မှ (၂၄) နှစ်ကြားတွင်ဘ၀တည်ငြိမ်လာပြီးအသက်(၂၆) နှစ်နောက်ပိုင်းတွင် မေတ္တာအချစ်ရေးရာများအေးချမ်းအဆင်ပြေမည်။ အသက်(၁၈၊၂၂၊၂၄၊၂၇၊၃၁) နှစ်များတွင်မည်မျှအဆင်ပြေ နေသော အနေအထားရှိစေကာမူ ကြံဖန်စိတ်သောကဖြစ်စရာများ
အချစ်ဘ၀သို့ဝင်ရောက်နိုင်သည်။ ဘ၀တွင်အမြဲရွေးရခက်အောင် အခွင့်အလမ်းနှစ်ခွပေါ် တတ်သည်။နှလုံးသားနှင့်ဦးနှောက်လွန်ဆွဲ ပွဲတွင် နှလုံးသားကအနိုင်ယူသွားပါလိမ့်မ ည်။ မိမိအပေါ်အလွန်ချစ်သော၊အရာရာစွှန့်လွှတ်ရဲသော၊ မိမိအတွက်ဘ၀တစ်ခုလုံးပေး ဆပ်သော၊ အနစ်နာခံသော၊ မိမိအလိုမှန်သမျှဦးစားပေးသောသူ နှင့် ဘ၀ဆုံစည်းမည်။ မေထုန်ရာသီဖွား အများစုသည် အသက်၊ ဂုဏ်၊ ၀န်းကျင်၊လူမျိုး၊ ဓလေ့မတူ ကွာခြားသောသူများနှင့်ဖူးစာဆုံေ သာအချစ်ဘ၀ကိုပိုင်ဆိုင်သည် ။ နှူးညံ့စွာပြောဆိုသော၊မျက်လုံးအိမ်အနည်းငယ် နက်ရှိုင်းသော၊မျက်ဝန်းလှပလင်းလက်ပြီး နဖူးနှင့်မျက်ခုံး၊ နှာတံဆက် စပ်မှုအလွန်တင့်တယ်သော၊ နှုတ်ခမ်းမထူမပါး၊နှုတ်ခမ်းစေ့ေ နတတ်သော၊သွားစွယ်ရှိသော၊ သပ်ရပ်တင့်တယ်စွာနေတတ်သော သူနှင့်ဖူးစာဆုံမည်။

ကရကဋ် အချစ်အချစ်ဘ၀နှင့် ခန့်မှန်းဖူးစာရှင် ပုံရိပ် (Cancer)
ဇွန် (၂၁) မှ ဇူလှိုင် (၂၂) ကြား မွေးသော Cancer များ၏ အချစ်ဘ၀သည်ဒဏ္ဍာရီဆန်လှပေသည် ။ လက်တွေ့ဘ၀ကို မေ့လျော့ပြီး စိတ်ကူးယဉ်ကမ္ဘာလေးကို နုနုရွရွလေးတည်ဆောက်လိုသည်။ နေ့စဉ်နေထိုင်မှုဘ၀နှင့် အချစ်ဘ၀တို့ကိုသီးခြားထားပြီးလူ တစ်ကိုယ်ဘ၀နှစ်ခု နှင့်နေသောသူများဖြစ်သည်။ အချစ်ကြောင့်ဖြစ်ပေါ်လာသောပျော်ရွှင်ကြည်နှူးခြင်း၊၀မ်းနည်းခြင်း၊ထိခိုက်ခံစားရခြင်း အလုံးစုံကို တသသ ခံစားလိုသောစိတ်ကြောင့်မလိုလားအပ်သောအနှောင့်အယှက်ရှိမည်။အချစ်ဘ၀တွင်နှလုံးသားကိုလွန်လွန်ကဲကဲဦးစားပေးရန်မသင့်တောင်္ပေ။ ထို့အပြင်ရုပ်ဝထ္ထုပိုင်းဘက်ဦးစား ပေးလွန်းခြင်းကိုလည်းရှောင်ပါ ။အချစ်နှင့်အချစ်စစ်ကိုမခွဲခြားနိုင်သမျှမိမိအချစ်ဘ၀မဖြောင့်ဖြူးပေ။ Cancer ရာသီဖွားများသည် အသက် (၂၂) နှစ်မတိုင်မီဘ၀ချင်းကွာခြားပြီး မတူညီသောအနေ
အထားကိုအချစ်ဆိုသောအ ရာနှင့်ဇွတ်အတင်းညှိကာအချစ်ဘ၀ကိုဖြတ်သန်းရင်းအချစ်အိမ်မက်၊ စိတ်ကူးယဉ်ကမ္ဘာတည်ဆောက်မည် ။ လက်တွေ့နှင့်ကွာဟသောကြောင့်စိတ် ညစ်ဖွယ်များနှင့် သာကြုံမည် ။ မိမိကိုယ်တိုင်က အသည်းကွဲခြင်းကိုခံစားလိုသောကြောင့်အသည်းကွဲမည်။ အသက် (၂၂) မှ (၂၆) နှစ်ကြားမေတ္တာရေးတွင် တည်ငြိမ်လိုသောဦးနှောက်ခံစားချက်ရှိသော်လည်း နှလုံးသားတောင်းဆိုမှုကြောင့်မကြာခဏစိတ်ပြောင်းရမည်။ ဦးနှောက်နှင့်နှလုံးသားအားပြို င်မည်။ အသက် (၂၆) နှစ်ပြည့်ပြီးနောက်ပိုင်း အချစ်အိမ်မက်မှ နိုးထကာ လက်တွေ့ဆန်သောဘ၀သို့ဦးတည်မည်။ သတိပြုရန်မှာ Cancer ရာသီဖွား ၄၀% သည်အိမ်ထောင်နှစ်ဆက်ကျတတ်သည်။ပထ မအိမ်ထောင်ဖက်နှင့်ပတ်သတ်ပြီးငွေကြေးများရတတ်သည်။အမွေကဲ့သို့ရမည်။တရားရုံးမှရမည်။ Cancer ရာသီဖွားများ၏အချစ်ဘ၀သည် အချစ်ဝထ္ထု ရုပ်ရှင်ထဲမှဇာတ်ကောင်များ သဖွယ် တွေ့၊ ချစ်၊ ကြိုက်၊ ကွဲ၊ ပြန်ဆုံ၊ အရွေးရခက်၊နောက်ဆုံးအခြေအနေအပေးဆုံးသူနှင့်ဇာတ်သိမ်းရတတ်သည်။ အလွမ်းဘက် ဦးတည်ပြီးချစ်သူကို အကြောင်းတစ်စုံတစ်၇ာနှင့်စွန့်လွှတ်ကာ သူတစ်ပါးကအပြစ်မပြောနိုင်သော ဖြစ်စဉ်အကြောင်းပြချက် များနှင့် ငွေကြေးဓနပြည့်စုံ သူကိုအိမ်ထောင်ပြုပြီးကာမှချစ်သူဟောင်းကိုတသသ ကိန်းကြုံမည်။ အသက် (၁၈) မှ (၂၀) ကြား၊ (၂၂) မှ(၂၃) ကြား၊ (၂၅) မှ(၂၆)၊ (၃၀) မှ (၃၁) ကြား၊ (၃၂) မှ (၃၃) ကြား ကာလများတွင်အချစ်ရေး၊ အိမ်ထောင်ရေး ၊ မေတ္တာရေးအညံ့ရှိမည်။
အခြားကာလများတွင်ကြီးမားသောအညံ့ မရှိပါ။ ကိုယ်လုံးကိုယ်ထည်တောင့်တင်း၊ မျက်နှာဝိုင်းကာ အသားလတ်၊ နှုတ်ခမ်းလှပပြီး သွားစွယ်၊ သွားတက်ရှိသောသူနှင့်ဆုံဆည်းဖူး စာဖက်ရမည်။

သိဟ်ရာသီ အချစ်ဘ၀နှင့် ခန့်မှန်းဖူးစာရှင် ပုံရိပ် (Leo)
ဇူလှိုင် (၂၃) မှ သြဂုတ် (၂၂) ကြားမွေးဖွားသော Leo များ၏ အချစ်ဘ၀သည်အလွန်ပကာသနဆန်လှသည်။ခ န့်ထည်သောကျောရိုးဇာတ်လမ်းပေါ်တွင် ဂုဏ်၊ ရာထူး၊အသိုင်းအ၀ိုင်း၊ဓန အလုံးစုံပြည့်နှက်နေသည်။ ထို့အပြင် ယင်းတို့၏ အချစ်ဘ၀သည် သဘာဝဆန်လှသည်။ အချစ်ကိုတန်ဖိုးထားမည်။ ရင်ထဲမှအချစ်ကိုအချစ်နှင့်သာတန် ဖိုးဖြတ်မည်။ထို့ကြောင့် သိဟ်ရာသီဖွားအားလုံးသည် အများက အံ့သြစေလောက်အောင်ပင်ပကာသန ၀န်းကျင်ဝိုင်းဝိုင်းလည်နေသည့်ြ ကားမှ တစ်ပါးသူမထင်မှတ်ထားသည့်မိမိထက် နိမ့်သော မိမိကိုချစ်လွန်းသောသူအားဘ၀ဖော် အဖြစ်ရွေးချယ်မည်။ အချစ်ဘ၀တွင် ချစ်သူဘ၀ရောက်၊ ထို့နောက်တစ်ယောက် နှင့်တစ်ယောက် ကွဲပြီး မှပြန်လည်အဆင်ပြေသောကွာစေ့ဇာတ်လ မ်းကြုံမည်။ မိမိခွင့်လွတ်တတ်ခြင်းအပေါ်ချစ်သူက အခွင့်ရေးယူမှုများလွန်းသောကြော င့် ဝေးကွာခွဲခွါကြရပြီး မာနခြင်းပြိုင်နေရာမှ နှလုံးသား၏
စိတ်စေစားမှုကြောင့်နောက်ဆုံးပြန်ဆုံ ကြရမည်။ အသက် (၁၇၊၁၉၊၂၀၊၂၁၊၂၃၊၂၄၊၂၇၊၂၉၊၃၂၊၃၇ ) နှစ်များတွင်နှလုံးသားမေတ္တာရေးတွင် အလွန်စိတ်ရှုပ်ဖွယ်ရာများကြုံတွေ့မည်။ အဆိုပါကာလများမှတပါး အခြားသောကာလများတွင် ကြီးမားသောအညံ့မရှိပါ။ အသက် (၂၅) မှ (၂၉) ကြား၊ (၃၀) မှ (၃၂) ကြားကာလများတွင်အလွန်ကောင်းသော ခိုင်မာသော ဘ၀များကို အချစ်ထံမှရယူထားသောစွမ်းအင်နှင့်တည်ဆောက်နိုင်ပေမည်။ သိဟ်ရာသီဖွားအများစုသည် ပတ်ဝန်းကျင်ရိုက်ခတ်မှုဂယက်ကို ဂရုမထားသော်လည်း မိမိဘ၀မိမိမာနကိုထိပါးလာလျှင်လည်းကောင်း၊ မိမိအချစ်အားတန်ဖိုးမထား၊မိမိပေးသည် ကိုအရနည်းသည် ဟုယူဆသောသူနှင့်တွေ့ ပါကလည်း
ကောင်း၊အချစ်ကိုအမုန်းဘက်သို့ချက်ချင်းပြောင်းလဲပစ်တတ်သည်။ အလွန်စိတ်ကြီးခြင်းနှင့် မာနရှိခြင်းတို့ကြောင့်ရံဖန်ရံခါ အသည်းကွဲရ၊ ချစ်လျှက်နှင့်ခွဲရတတ်ပြန် သည်။ အသားဝါ၀င်းကာအမြဲတမ်းပြုံး နေသော အလွန်မျက်နှာချို သော်လည်းမာနရှိကာ ပြတ်သားသော မေးရိုးပါးရိုးနှင့် နှာတံပေါ်သော၊ ခေတ်ဆန်ဆန် သွက်သွက်လက်လက်ပါးပါးလှပ်လှပ် ပညာဥာဏ်ရှိသောသူနှင့် ဖူးစာဆုံမည်။

ကန်ရာသီ အချစ်ဘ၀နှင့် ခန့်မှန်းဖူးစာရှင် ပုံရိပ် (Virgo)
သြဂုတ် (၂၃) မှ စက်တင်ဘာ (၂၂) ကြားမွေးဖွားသော ကန်ရာသီဖွား Virgo များ၏ အချစ်ဘ၀သည် ဆွတ်ပျံ့ဖွယ်ကောင်းလှပေသည် ။ ရွှေပုံပေါ်စံလျှက် ခြွေရံသင်းပင်းများအကြား အထီးကျန်အသည်းကွဲဒဏ်ခံစားနေရသူများမှာ ကန်ရာသီ ဖွားများဖြစ်သည်။ အချစ်ကိုယုံစားမည်။ ၀ိုင်းဝိုင်းလည်နေသည့်သူများကြားမှအချစ်ဆုံးသူကိုရွေးရမည် ။ ချစ်သူ၏စကား၊ ချစ်သူ၏ကတိ ၊ ချစ်သူ ၏ မိမိအပေါ်ထားရှိသည့်ယုယမှုများသည်အနှိုင်းမဲ့ဖြစ်မည်။ တစ်ပါးသူများက မိမိကိုအချစ်ကံကောင်းလေစွဟုပြော ကြမည်။ မိမိကိုအားကျ
လိမ့်မည်။ စံတင်ခံရသောအတွဲလေးဟု အသိအမှတ်ပြုလိမ့်မည်။မိမိကလည်းချစ်သူလိုအင် မှန်သမျှဖြည့်ဆည်းပေးလိမ့် မည်။ အတိတ်ဘ၀မှမိတ်ဆွေများ၊အသိုင်းအ၀ိုင်းများ၊ မိမိအား အလွန်မြတ်နိုးသောချစ်သူများ…အား လုံး၊ အားလုံးကိုစွန့်လွှတ်ပြီးမေ့ပစ်ကာ ချစ်သူနှင့် မိမိ တစ်ဘ၀တည်ဆောက်မည်။ သူခေါ်ဆောင်ရာဝန်းကျင်၊ သူ့ဘ၀၊ သူ့အသိုင်းအ၀ိုင်းသို့ဝင်ရောက်မ ည်။ အရာရာပေးအပ်ကာဘ၀ပုံအပ်မည်။ အလွန်ပျော်ရွှင်မည်။ ချစ်သူကတည်ဆောက်ပေးသောဘ၀သည်အရာရာလိုအင်ဆန္ဒမှန်သမျှပြီးပြည့်စုံလိမ့်မည်။
ထို့နောက်ကံဇာတ် ဆရာသည်အချစ်ဘ၀တစ်ခုလုံးကိုဖျက်ဆီးလိမ့်မည် ။ ချစ်သူကအချစ်သစ်ရှာလိမ့်မည်။ အပြစ်တစ်စုံတစ်ရာမှမရှိသော ၊ ပြောစ၇ာဆိုစရာ တစ်လုံးတပါဒမှမရှိသောမိမိအားအကြွင်းမဲ့ဥပေကာပြုပစ်ခွါစွန့်ခွါမ ည်။ဂုဏ်၊ စည်းစိမ်၊အခြွေရံတို့အားလုံးထား ပေးခဲ့လျှက် အရာရာပြည့်စုံစေလျှက် မိမိရင်ထဲမှနှလုံးသားတစ်ခုကိုသာလျှင်ထုတ်ယူနင်းချေတစ်စစီဖဲ့ြေ ခွခြင်းကိုခံစားရမည်။ ပြန်လည်စိတ်လည်လာနိုးနှင့် တစ်စစ အချစ်ဘ၀သည်အိုမင်းရင့်ရော်လာပြီးအထီးကျန်ဆန် သောဘ၀ကိုရောက်မည်။ အချစ်ဆိုသောအရာတွင်ဦးနှောက်တွက်ချက်မှု ပါဝင်ခဲ့သောအမှား ကိုရင်ဝယ်ပိုက်ကာ အချစ်စစ်ကိုမှမစဉ်းစားမဝေဖန်တတ် သော ဦးနှောက်နှင့်
နှလုံးသားအပေါ် အပြစ်ဖို့နေရမည်။ လူအများကသူအချစ်ဘ၀ကံခေလိုက်တာဟု ပြောကြပေဦးမည်။ မည်သို့ဆိုစေ ကန်ရာသီဖွားများသည် အသက် (၁၈၊၂၀၊၂၃၊၂၅၊၂၇) နှစ်များအတွင်း ထောင်ပြုခြင်းမပြုပါနှင့်။ ထိုကာလတွင်စတင်လိုက်သောအချစ်အိမ်ထောင်သည်မမြဲ၊ အသက် (၂၆၊၂၉၊၃၀) နှစ်များတွင်အချစ်ဘ၀သည်အလွန်အေး ချမ်းမည်။ အသက် (၃၂) မှ (၃၇) နှစ်ကြား တဖန်အချစ်ဘ၀သည်မအေးချမ်းပေ ။ ထိုအသက်နောက်ပိုင်းတွင် အညံ့မရှိတော့ပါ။ နှုတ်ခမ်းပါးကာစကားတတ်သောဖူးစာရှင်နှင့်တွေ့မည်။ သွယ်သွယ်ပါးပါးလှပ်လှပ်
အေးတိအေးစက်နေတတ်ကာ မျက်လုံးမျက်ခုံးကောင်းသောသူဖြစ်မည်။

တူရာသီ အချစ်ဘ၀နှင့် ခန့်မှန်းဖူးစာရှင် ပုံရိပ် (Libra)
စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၂) ရက်ကြားမွေးဖွားသည့် တူ ရာသီဖွား Libra များ ၏အချစ်ဘ၀သည် အကောင်းအဆိုးများရော ထွေးနေသည်။ ချင့်ချင့်ချိန်ချိန် ပရိယာယ်များဖြင့် အပေးအယူပြုသောအချစ်ဘ၀ကိုပိုင်ဆိုင်မည်။ မိမိကိုယ်ကိုချစ်သောအချစ်ထဲမှ အချို့ကို တစ်ပါးသူသို့ပေးမျှချစ်သောအချစ် ဘ၀ကိုပိုင်ဆိုင်မည်။ ပင်ကိုဘ၀သည်အရာရာပြီးပြည့်စုံပြီးဖြစ်လိမ့်မည်။ မိမိ၏ထက်မြက်သောစိတ်ကူးဥာဏ်ရည်၊ ကျယ်ပြန့်သောအသိုင်းအ၀ိုင်း၊ ချင့်ချိန်တတ်သောဥာဏ်ရည်အလုံးစုံသည် မိမိအတ္တမာနကိုတစ်စစကြီးထွားစေသည်။ ဘ၀ မာနကိုထိပါးလာသည့် မည့်သည့်အရာမဆိုမိမိမဆောင်ရွက်။ ကန် ရာသီဖွားအမျိုးသမီးများသည် ၀ိုင်းဝိုင်းလည်နေသောကမ်းလှမ်းသူများချစ်သူများအကြားမိမိအချစ်သည်မျက်နှာပန်းလှ လှပေသည်။ စဉ်းစားပါရစေဦး ၊အခင်အမင်လေးမပျက်စေချင်ဘူး၊ ဒီလိုလေးဆက်ဆံရင်တော်ရော ပေါ့၊ အချိန်တစ်ခုရောက်ရင်တော့စဉ်းစား တာပေါ့…….စသည့်စကားများဖြင့်အား လုံးသောသူများအပေါ်နှစ်သိမ့်ချွေးသိပ်ကာ မြွေမသေ၊ တုတ်မကျိုးအချစ်မျိုးနှင့်ရှေ့လ ည်းမတိုးသာ နောက်လည်းမဆုတ်သာအောင်ပရိယာယ်မာ ယာနှင့် ချည်နှောင်မှုပြုလိမ့်မည်။ တစ်စစမိမိကြိုးရှည်ရှည်နှင့်လှန်ထားမှန်းသိကာ နောက်ပိုး ပိုးသူများနည်းပါးသွားချိန်ငါ အခက်ရချေရဲ့ဟုသုံးသပ်မိကာ အလျှဉ်းသင့်သလိုမီရာအဆင်ပြေရာကို အကောင်းဆုံး
မဟုတ်လင့်ကစား အကောင်းဆုံးနီးပါးတော့ရှိလေရဲ့ဟု တွက်ချက်ချိန်ဆပြီးဘ၀ရှေ့ဆက်ရလိမ့်မည်။ ကန်ရာသီဖွားအမျိုးသားများတွင်မူ မိမိစိတ်ကြိုက်တစ်ပါးသူအမြင်နှင့်မတူသောရှုထောင့်မှ ရွေးမည်။ ရွေးချယ်လိုက်သောချစ်သူသည်မိမိဝ န်းကျင်နှင့် အံဝင်ခွင်ကျမဖြစ်၊မိမိအရွေးမှား သည်ဟုဝိုင်းဝန်းဝေဖန်ကြလိမ့်မည် ။ မိမိလက်အတွင်းရောက်လာမှအလွန်ထက် မြက်မည်။ အခိုက်မသင့်ကသူမသည်မိမိအသည်းကို ခွဲလိမ့်မည်။ အချုပ်ဆိုရသော် ကန်ရာသီဖွားများ၏အချစ်ဘ၀သည်
ဦးနှောက်အမြော်အမြင်တွက်ချက်မှု ချိန်ဆမှု၊ တွေးဆမှု များလွန်းကာ ရတာမလို လိုတာမရ ဖြစ်မှုများကြောင့် အသက် (၂၀၊၂၂၊ ၂၅) နှစ်များတွင်ဆုံးဖြတ်ချက်မှားတတ်သည်။ ထိုကာလသုံးခုမှတပါး အခြားကာလများတွင် ဆုံးဖြတ်ပါကအချစ်ဘ၀ချောမွေ့လိမ့် မည်။ ပညာတတ် ဥာဏ်ကြီး ၊ စကားပြောကောင်း၊ အကြွားအ၀ါကောင်း၊ ဟန်ကောင်းပြီး မျက်နှာ လေးထောင့် နှာတံပေါ်ကာမျက်ရစ်မပါသော (သို့) မျက်လုံးမှေးကာအမြဲပြုံးနေသောသူ နှင့် ဖူးစာဆုံမည်။

ဗြိ စ္ဆာရာသီ အချစ်ဘ၀နှင့် ခန့်မှန်းဖူးစာရှင် ပုံရိပ် (Scorpio)
အောက်တိုဘာ (၂၃) မှ နိုဝင်ဘာ (၂၁) ကြားမွေးသော ဗြိစ္ဆာရာသီဖွား Scorpio များ၏ဲအချစ်ဘ၀သည် မိမိကိုခွင့်မလွတ်နိုင်သူများ၊ မိမိကအသည်းခွဲလို့ကြေကွဲသူ များ ၀ိုင်းဝိုင်းလည်နေသောဘ၀ပင်ဖြစ်သည်။ တစ်ပါးသူမဆိုထားနှင့် မိမိကိုယ်မိမိပင်မချစ်တတ်ေ သာ တန်ဖိုးမထားတတ်သောအချစ်ကိုပိုင် ဆိုင်သည်။ ပြုံးပြုံးလေးနှင့်ကိုယ်မဟုတ်သလိုတဇွတ်ထိုးရက်စက်ခြင်း ၊ အေးစက်စက်နှင့် တစ်ပါးသူကြေကွဲအောင်လုပ်ခြင်း၊ပတ်ဝန်းကျင်ကပြောစကားများ၊ ဝေဖန်ခြင်းများကိုလေးနက်စွာနားေ ထာင်နားယောင်ကာ နာရီပိုင်း
မိနစ်ပိုင်းအတွင်းစိတ်ပြောင်းတတ်ခြင်း…တို့သည်ဗြိ စ္ဆာရာသီဖွားတို့အချစ်ဘ၀ဇာတ်လမ်း ပင်ဖြစ်သည်။ မိမိကတစ်ပါးသူ ကိုမည်မျှချစ်သည်ဟုဆိုစေကာမူအားလုံးကမိမိကိုအချစ် ဗီလိန်လူကြမ်းဟုသတ်မှတ်လိမ့်မည်။ ဘယ်သူတွေဘာပဲပြောပစေကိုယ်စိတ်ချ မ်းသာမည်၊ ကိုယ်မှန်မည် ဟုယူဆပါက ကိုယ့်ဘ၀နှင့်ကိုက်ညီမည့်သူအပေါ် ချစ်ရန်ဝန်မလေးပေ။ချစ်သူရှိပါကသဲသဲလှုပ်ချစ် မည်။ ချစ်သူထက်ပိုသာသောသူပေါ်လာပါက……. .ခွင့်လွှတ်ပါ။ ဘ၀ချင်းခြားနေပြီ ဒီလိုဆုံးဖြတ်ဖို့လုံးဝစိတ်မကူး ပါဘူး။ ဒါပေမယ့်….
ဒါပေမယ့်….ဒါပေမယ့် ဟူသောစကားများကိုနောက်ဆုံးပြော ပီး ချစ်သူသစ်နောက် တကောက်ကောက်၊ထိုချစ်သူထံမှနောက် ချစ်သူထံသို့လည်းပြောင်း၊ အချစ်ဘ၀သည် အပြောင်းအလဲများလှပေသည်။ မည်မျှချစ်သူများစေကာမူနောက်ဆုံးအိမ်ထောင်ပြုလိုက်သူ မှာအထူးကောင်းသည်။ အသည်းနှလုံးသည်မည်မျှအပြောင်းအလဲများစေကာမူဦးနှောက် သည်တသမတ်တည်း၊ ချစ်တိုင်းယူစရာမလို၊ ညားစရာမလို၊ ကိုယ့်အတွက်၊ ငါ့အတွက်၊ ဘ၀အတွက် တစ်စုံတစ်ရာအတိုင်းအတာထိပံ့ပိုး ပေးနိုင်သော အချစ်ငတ်သူသည်သာ
မိမိ၏ ချစ်သူဖြစ်ရမည်ဟုယူဆတတ်သည် ။ ထိချုစ်သူထံသို့အလွန်ပြင်းထန်သောအချစ်ဆိပ်များ ထိုးသွင်းကာ ကကြိုးရုပ်သဖွယ် ကိုင်တွယ်ကာ မော့မော့လေးလေး ပြုံးပြုံးလေး ဘ၀တွင် ထာဝရနေသွားမည့် အချစ်ဘ၀ပိုင်ရှင်ဖြစ်သည်။ ထို့ကြောင့် ဗြိစ္ဆာရာသီဖွားများ၏ အချစ်ဘ၀ကိုကံဆိုးသူဟုလုံးဝမပြော နိုင်ပေ။ ကိုယ်ကသာ အသည်းခွဲသူဖြစ်မည်။ သို့သော်မေတ္တာစူးတတ်သည်။ ၀ဋ်လည်တတ်သည်။ အသက် (၁၇၊၁၉၊ ၂၁၊၂၃၊၃၁၊၃၅၊၃၉၊၄၄၊၄၇) နှစ်များတွင်အချစ်ဝဋ်ခံရတတ်သည်။ နှာတံပေါ်ကာ နှုတ်ခမ်းပါးသော၊ အေးချမ်းရိုးသားစွာနေတတ်သော၊ သွက်လက်သော၊ မျက်လုံးဝိုင်းစက်လှပသော၊ နှုးညံ့သိမ်မွေ့စွာပြောဆိုတတ်သော၊ အိနြေ္ဒကြီးသောသူများ နှင့်ဖူးစာဆုံမည်။

ဓနုရာသီ အချစ်ဘ၀နှင့် ခန့်မှန်းဖူးစာရှင် ပုံရိပ် (Sagittarius)
နိုဝင်ဘာ (၂၂) မှ ဒီဇင်ဘာ (၂၁) ကြားမွေးသော ဓနုရာသီ Sagittarius များ၏ အချစ်ဘ၀သည် အလွန်နားလည်ရန်ခက်လှသည်။ မိမိကအနိုင်ရပြီး မိမိကို အမြဲအရှုံးပေး မည့်သူအား ဦးနှောက်နှင့်နှလုံးသားပေါင်းစ ည်းကာ ချစ်သူအဖြစ်ရွေးချယ်လေ့ရှိ သော အချစ်ဘ၀အားပိုင်ဆိုင်သည်။ တဇွတ်ထိုးအချစ်သမားဖြစ်သည် ။ မိမိကိုအလေးပေးမှူအား အလွန်လိုလားသည်။ အလွန်သ၀န်တိုတတ်သည်။ ချစ်သူနှင့်တွေ့သောအခါ ပီယ၀ါစာ ချစ်စဖွယ်တီတီတာတာမပြောပဲ ရန်ဖြစ်၊စိတ်ကောက်၊မနာလို၊သ၀န်ေ ကြာင်၊မျက်နှာပုတ်၊ မျက်ရည်ကျ ဆူဆောင့်အနိုင်ယူပြပြီးချော့မော့ ခံ ရန်စောင့်နေသောသူဖြစ်မည်။ ကြာလာသော အခါမိမိချစ်သူက မိမိအားတွေ့ရ စကားပြောရမှာပင်စိုးရိမ်လာလိမ့် မည်။ တစ်ယောက်ယောက်ကို စိတ်မဆိုး ရ၊ စိတ်မကောက်ရ၊ ရန်မဖြစ်ရ၊ အနိုင်မကျင့်ရလျှင် စားမ၀င်အိပ်မပျော်တတ်သောမိမိသဘာ ၀သည် မိမိအသည်းနှလုံး အားဟတ်တက် ကွဲစေမည်။ ငြူစူစောင်းမြောင်း မြည်တွန်တောက်တီး၊ စိတ်ကောက်တတ်သူကို မည်သူကဘ၀အဖော် အဖြစ်ဆက်ဆံလိုမည်နည်း။ ထိုအရာများ ကိုပြင်မှသာလျှင် အချစ်ဘ၀ အိမ်ထောင်သည်ဘ၀မှာဖြောင့်ဖြူးလိမ့်မည်။ မိမိသည်ချစ်သူပေါမည်။ မိမိဒဏ်မခံနိုင်သူလည်းများ မည်။ လူစွမ်ကောင်းလုပ်ကာမိမိဒဏ်ခံသူ လည်းဒုကရောက်လိမ့်မည်။ သို့သော် ထူးခြားသည်မှာ ဓနုရာသီဖွားများကို ချစ်သူများက
တသသ စွဲလန်းချစ်ကြလိမ့်မည်။ ရာသီဖွားများက မျက်နှာသာပေးလိုက်လျှင် အားလုံးပြုံးပျော်ကြမည်။ အဆိုးဖြစ်ခဲ့သမျှအလုံးစုံမေ့ပျောက်သွားမည်။ ထို့ကြောင့်ကမ္ဘာအ၀ှမ်းနက္ခတ်ပညာ ရှင်များက ဓနုရာသီဖွားများသည် …… အချစ်နတ်ဆိုး၏ သင်ကြားပေးလိုက်သောမာယာပရိ ယာယ်၊ တပ်ဆင်ပေးလိုက်သောမှော် မျက်ဝန်းအစုံနှင့်နှလုံးသားကို ပိုင်ဆိုင်သည် ဟုဆိုသည်။
အချစ်ကဝေများဟုလည်းသတ်မှတ် သည်။ အချစ်ကိုလည်းကောင်း ၊ ချစ်သူကိုလည်းကောင်းအသုံးချကာဘ၀ကိုထူထောင်လိုသူ ဟု သတ်မှတ်မည်။ အခန့်ကသင့်ကချစ်သူများမည်။ အိမ်ထောင်ဆက်များမည်။ အားလုံးကလည်းမိမိကိုချစ်မည်။ ထိုအရာကိုအခွင့်ကောင်းယူပြီး အချစ်ဟောင်းရပ်ပြီးအချစ်သစ်စရန်ဝန်မလေးတတ်ပေ။ အချစ်ကဝေများလည်းအသည်းကွဲနိုင်သ ည်။ အသက် (၁၉၊၂၁၊၂၃၊၂၈၊၃၁၊၃၃၊၃၇) နှစ်များ တွင်ဖြစ်မည်။ အသားဝင်း၊ အသားလတ်၊ နှာတံပေါ်၊ ခနာကိုယ်သွယ်လျ၊ မျက်နှာသွယ် မျက်ဝန်းလင်းလက်ကာ စကားပြောမြန်ကာ ခေါင်းမာ တဇွတ်ထိုးလုပ်တတ်ေ သာ ဖူးစာရှင်နှင့်ဆုံစည်းမည်။

မကာရ ရာသီအချစ်ဘ၀နှင့် ခန့်မှန်းဖူးစာရှင် ပုံရိပ် (Capricorn)
ဒီဇင်ဘာ (၂၂) မှ ဇန်န၀ါရီ (၁၉) ကြားမွေးဖွားသော မကာရရာသီဖွား Capricorn များသည် ပေးဆပ်ခြင်း၊ အနစ်နာခံခြင်း၊ အရာရာစွန့်လွှတ်ခြင်းများ ဖြင့်ပြည့်လျှမ်းနေသော အချစ်ဘ၀ကိုပိုင်ဆိုင်သည်။ တစ်ပါးသူစွန့်ပစ်နင်းချေလိုက်သောပန်းပွင့်ကလေးကိုမှ သနားစိတ်၊စာနာစိတ်ဖြင့် မြတ်မြတ်နိုးနိုး ပန်ဆင်တတ်သူများဟုလည်းဆိုသ ည်။ အချစ်တစ်ခုထဲနှင့်အရာရာကို ကောင်းစေအံ့ဟူသော စိတ်မျိုးဖြင့်ပေးအပ်ဆက်ဆံတတ်သောသူဖြစ်သည်။ မိမိသည် အချိန်နှင့်အမျှ ကိုယ်ချစ်ရသူအပေါ်မည်သို့ကောင်းေ အာင်၊ အဆင်ပြေအောင်ဆက်ဆံရမည် ကိုအမြဲတွေးခေါ်နေမည်။ ချစ်သူရပါကလည်းချစ်သူအတွကသ်ာဆို ပါလျှင် မိမိငိုပြ၊ ရယ်ပြ
အသုံးတော်ခံပြီးချစ်သူစေသမျှ နောက်မတွန့်သောစိတ်ဖြင့်ချစ်တတ်သောချစ်သူဖြစ်မည်။သို့သော်မိမိကကောင်းလွန်းသ ဖြင့် မကောင်းသောသူနှင့်တွေ့ရသည်ဟုကမ္ဘာ့နက္ခတ်ပညာရှင်များကသတ်မှတ်သည်။ မိမိကိုယ်မိမိလိုသည်ထက်နှိမ့်ချ လွန်းခြင်းသည်လည်း
မိမိ၏အချစ်ဘ၀ တွင်ဒုကပေးမည့်အမှားအယွင်းဖြစ်မည်။

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့