Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Showing posts with label အချစ်ကဗျာ. Show all posts
Showing posts with label အချစ်ကဗျာ. Show all posts

Friday, 2 November 2012

***""" ဘယ်လောက်ချစ်လဲ ???"""***


***""" ဘယ်လောက်ချစ်လဲ ???"""***
JeepKan2Kgmalay2jpg.jpg JeepKan2Kgmalay2jpg.jpg
8K   View   Share   Download  

*** မဟော်သဓာ ဇာတ်တော်ထဲမှာတော့
အမရာဒေ၀ီက အသပြာတစ်ထောင်ထုတ်နဲ့
လာဖြားယောင်းတာတောင်မှ
သူချစ်တဲ့ အပ်ချုပ်သမားကို
ပစ်မသွားဘူးတဲ့.........
*** မဒ္ဒီဒေ၀ီက သူ့ချစ်လင်
ဝေသာန္တရာ မင်းကြီး
နန်းစွန့်ဖို့ တောအရပ်မှာနေရတဲ့
အခါ စားစရာတောင်
 ရှာကြွေးပါသတဲ့.........
*** သမ္ဗူလကလည်း ကျန်စစ်သား
ဒုက္ခရောက်နေချိန်မှာ
မညည်းမညူ
ပြုစုပေးတယ်တဲ့................
...
*** ကိန္နရာကတော့ သူ့ချစ်လင်
မြားမှန်တဲ့အခါ
သူ့ရဲ့သစ္စာနဲ့ ပြန်လည်လို့
အသက်ရှင်သန်စေပါသတဲ့......
ရာဇ၀င်ထဲက စံတင်လောက်တဲ့
မိန်းမမြတ်တွေရဲ့
စံပြအချစ်တွေပေါ့..........
*** ချစ်သူ
နင်ရော....................
ငယ့်ကို ဘယ်လိုအချစ်မျိုးနဲ့
ချစ်တာလဲ........???
ငယ်ကတော့............
*** အမရာ၊ ကိန္နရီ
မဒီ၊ သမ္ဗူလတို့လို
တော်လေးဝတဲ့ မိန်းမမြတ်စာရင်းမှာ
မပါဝင်ပေမယ့်
နင့်အပေါ်ထားတဲ့
ငယ့်ရဲ့ အချစ်က
သူတို့ထက်
 အဆပေါင်းများစွာ သာပြီး
နင့်ကို အသဲနင့်အောင်
ချစ်တယ်ဆိုတာ
နင်ယုံကြည်ပေးပါ
ချစ်သူ...................။ ။***
JeepKan2Kgmalay.jpg JeepKan2Kgmalay.jpg
8K   View   Share   Download  

Saturday, 9 June 2012

အချစ် ဒသန စကားစုများ

အချစ်က သာယာလှပတဲ့ ကမ္ဘာကြီးတစ်ခုကို ဖန်ဆင်းပေးခဲ့တာ ဘယ်သူမှ မသိလိုက်ဘူး၊ ကိုယ်ကလွဲရင်ပေါ့လေ။
ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ကိုယ်ပိုင်ကမ္ဘာဟာ မင်းရဲ့ အချစ်တွေနဲ့သာယာနေတာကိုး အချစ်ကြောင့်ဘ၀ပျက်ရ
တယ်။ ဒါဆို အချစ်က မကောင်းဘူးပေါ့။ အချစ်ကြောင့်ဘ၀အောင်မြင်မှုတွေရတယ်။ ဒါဆိုအချစ် ကကောင်းတယ်ပေါ့။
ဘာပဲဖြစ်ဖြစ်လေ လူတစ်ယောက်မှာ အချစ်မရှိရင် ဘ၀အဓိပ္ပာယ်လည်း ရှိမှာ မဟုတ်ဘူးပေါ့။


Because of love, someone ruins his life. So,love is bad! Because of love, someone gains a successful life.
So love is good! whatever be, if a man has no love, then he will have no meaningful life.




အချစ်မရှိတဲ့ကမ္ဘာမှာ ကိုယ်တော့ မနေနိုင်ပါဘူး။
အဲဒီ့ကမ္ဘာမှာ လွတ်လပ်ခြင်း၊ အကြင်နာတရား၊ စာနာနားလည်ခြင်း၊ သနားညှာတာခြင်း၊ ခွင့်လွှတ်ခြင်း၊ အကောင်းမြင်
ခြင်း၊ စိတ်ဓာတ်တက်ကြွခြင်း၊ငြိမ်းချမ်းခြင်းစတာတွေ လုံးဝစိတ်သုံး နေမှာအမှန်ပါ။


I can't live in world having no love.
That would truly has no freedom,no kindness, no compassion, no optimism,
no up lifting sprit, no peace, and so on.





အချစ်က ဘ၀ရဲ့ခွန်အား။ ပြီးတော့ ဘ၀ရဲ့ရှင်သန်လှုပ်ရှားနေတဲ့ အဓိပ္ပာယ်တစ်ခု။
လူတွေရဲ့ အသည်းနှလုံးကို ကိုင်လှုပ် နိုင်တဲ့ တန်ခိုးရှင် ။ ကြီးကျယ်လွန်းတဲ့သူ့ဂုဏ်ကြောင့် သူဟာကမ္ဘာမြေပေါ်က
ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။

Love is a strength of life, and a changing meaning of life. It is a god who can shake people's heart.
In my opinions, it will never disappear in this world because of its great dignity.




ချစ်သူတွေက အချစ်အကြောင်းပြောကြတယ်။မုန်းသူတွေက အမုန်းအကြောင်းပြောကြတယ်။ လူဆိုတာ သူတို့ရဲ့ခံစား
ချက်အတိုင်း ပြောဆိုပြုမူကြတာပါပဲလေ။


Lover talk about love. Haters do about hated.In fact,man talks and behaves according to
his own feeling.



အချစ်နဲ့ပတ်သက်ပြီး အရာရာကို နားလည်ဖို့ဆိုတာ မလွယ်ကူမှန်း လူတိုင်းသိကြပါတယ်လေ။ ဒါပေမယ့် နားလည်
ထားတဲ့ တဲ့ အချစ်အကြောင်းကိုပဲ နက်နက်ရှိုင်းရှိုင်းတွေးပြီး အကောင်းဆုံး ၀တ္တုတစ်ပုဒ် ဖန်တီးကြရအောင်လား။


Everybody knows it is dificult to understand everything dealing with love. But, let's deeply thinks of
love we understand and create a best love story.




အချစ်ဆိုတာ သာမန်ကြည့်ရုံနဲ့ မြင်ရတာမဟုတ်ပါဘူး။ သေသေချာချာကြည့်မှ မြင်ရတာမျိုးပါ။
ဘာကြောင့် ငါ့ရဲ့ နှလုံးသားကို မင်းက သေသေချာချာမကြည့်ရတာလဲ။ 


Someone can't see love if he normally does,but can see it if he carefully does.Why didn't you loo

Thursday, 17 May 2012

★စိတ်တံခါး ★


ညမှာဖြစ်ဖြစ်
နေ့မှာဖြစ်ဖြစ်
မင်းအရာအားလုံးကိုမင်းမြင်နိုင်ပါတယ်
နေ့တွေမှာ
မင်းဘာကြောင့်ပြတင်းတံခါးကိုပိတ်ထားတာလဲ?
မင်းတံခါးလေးကိုသာဖွင့်ထားလိုက်ပါ
တံခါးလေးကိုဖွင့်ထားလိုက်တာနဲ့
မင်းသဘာဝကိုခံစားနိုင်မယ်
မင်းအတွက်အမြင်သစ်တွေရမယ်
ကမ္ဘာလောကကြီးရဲ့ပြစ်ပျက်နေတာကိုလည်းတွေနိုင်မယ်
တကယ်လို့မင်းငါကိုလွမ်းတယ်ဆိုတံခါးလေးကိုလာခဲ့ပါ
မင်းငါနဲ့တွေတဲ့ခဏစိတ်ချမ်းသာရလိမ့်မယ်
မင်းစိတ်တံခါးကိုဖွင့်လိုက်ပါ
ညမှာကော
မင်းဘာလို့တံခါးကိုပိတ်ထားတာလဲ?
မင်းညအလင်းရောင်
လမင်းအလင်းရောင်
ခံစားနိုင်မယ်
လေပြေလေးတွေငှက်ကလေးတွေတွန်ကြုးသံတွေ
မင်းစိတ်ကိုတံခါးမပိတ်ထားလိုက်ပါနဲ့
မင်းနဲ့အတူညအလှတွေခံစားဖို့
မင်းစိတ်တံခါးကိုဖွင့်လိုက်ပါ
လူတိုင်း..လူတိုင်းမှာတံခါးလေးတွေကိုယ်စီပိုင်ဆိုင်ထားကြတယ်
မင်းမှာလည်းတံခါးလေးရှိတယ်
ဘာကြောင့်မင်းပိတ်ထားရတာလဲ
မင်းမျက်လုံးကိုဖွင့်ထားလိုက်ပါ
မင်းနှလုံးသားလေးကိုဖွင့်ထားလိုက်ပါ
မင်းစိတ်ကိုလည်းဖွင့်ထားလိုက်ပါ
မင်းဘာကြောင့်ခံစားနေမှာလဲ
စိတ်ပင်ပန်းခံနေလဲ
စိတ်အားငယ်နေမှာလဲ
ငါကြောင့်လား
ကိုယ်ကိုတိုင်ကြောင့်လား
လူတွေကြောင့်လား
မင်းမိဘတွေကြောင့်လား
ပတ်ဝန်းကျင်ကြောင့်လား
မင်းတယောက်တည်းခံစားမနေပါနဲ့

မင်းတံခါးလေးသာဖွင့်ထားလိုက်ပါချစ်သူရယ်
မင်းနဲ့တွေဆုံဖို့ငါလာနိုင်ပါတယ်
အဲဒီတံခါးလေးဆီ..............
တို့တွေစိတ်တံခါးလေးကိုဖွင့်ပြီးပွင့်လင်းကြစို့နော်...။
အားလုံးကိုလေးစားလျှက်
စိတ်တံခါးလေးတွေကိုယ်စီဖွင့်ပြီးချစ်သူတိုင်းပွင့်လင်းနိုင်ကြပါစေ။

Thursday, 5 April 2012

အလွမ်းတသိုက်နဲ့ပန်းကြိုက်သူငိုပွဲ

.....................................အလွမ်းတသိုက်နဲ့ပန်းကြိုက်သူငိုပွဲ..........................................

တေးဆိုနေတဲ့ လမင်းရယ်လေ
လရောင်ချိုတွေ ဝေချင်တိုင်းဝေ
လင်းလက်ကကြိုး ချွေချင်တိုင်းချွေ
မှုန်မှိုင်းရီဝေ အုပ်ဆိုင်းသီလွမ်းစေ
.................................................။
နက္ခတ်သဘင် အဝင်ပွဲမှာလေ
ကြယ်အချင်းတွေ နယ်ခင်းကာစစ်ပြိုင်
မချင့်နိုင်စိတ်မွဲ အရိပ်ခိုးရတက်ပွေ
ကြွေခါလည်းကြွေ နေခါလည်းနေ
ထားနေစေသွား အမိန့်မှာဝပ်တွားစေ
....................................................။
ရာသီခပ်ဆိုး မုန်းမျက်ကျိုးမှာလေ
တိမ်သလာတွေစွေ မြူကမ္ဗလာထွေ
လေပွေလှည့်လူး စိမ်းမြက်မူးကြေ
တောနေမြေအောင်း ဂနိုင်ချောင်းလည်းရူးစေ
...............................................................။
အလွမ်းကိုစေ ပန်းလေကျူးမှာလေ
ရင်ပတ်ကြမ်းမွှေ မေသိစမ်းပါစေ
စိတ်ထွေထွေလေ ထိတ်ရင်စူးကာနေ
နိမိတ်ထင်ဖူး ပျက်ရူးဖယ်ကာသွေ
ဆက်လူးခါဒီအသည်း မှတ်လည်းမရှိပါပေ
တသက်ရဲဆုချွေ ထာဝရတိုင်ထိချစ်မယ်မေ
...............................................................။
................................................................
အားလုံးကိုခင်မင်လေးစားလျက်
လိုအပ်ချက်လေးများရှိရင် ဖြည့်တွေးလေတွေးပေးကြပါနော်.......

Wednesday, 4 April 2012

နှလုံးသားရဲ့စည်းချက်ရိုက်သံ ♥မ..မ♥


ချစ်သူရေ........

   မိုးကုတ်စက်ဝိုင်း တဖက်ဆီမှာရှိနေပေမယ့်
အကြင်နာတွေရင်မှာပိုက်ပြီး
မင်းရှိရာကို  ငေးမျှော်ကြည့်ရင်း  
မမြင်မတွေ့ရပေမဲ့
မင်းကြောင့်ငါဟာ မိုးစက် မိုးပေါက်ကလေးတွေ

ကခုန်မြူးထူးသလို အေးချမ်းပျော်ရွှင်ရပါတယ်.........

ချစ်သူရယ်
ရေမြေတောတောင် အထပ်ထပ်ကာရံထားပေမယ့်
အေးမြတဲ့လမင်းကြီးလိုပေါ့ မင်းရဲ့အချ စ်
မင်းရဲ့သစ္စာတရားကြောင့် ငါ့နှလုံးသားလေးဟာခမ်းနားလှပပြီး
ပိုးသားမျှင်လေးလို သိမ်မွေ့နူးညံ့တဲ့ မင်းရဲ့အချစ်ကြောင့်
ငါဟာ တိမ်တွေပေါ်မှာလမ်းလျှောက်သလို လွင့်မျောရင်ခုန်ရပါတယ်

ချစ်သူရေ
မင်းကြောင့် ငါဟာ  လေပင့်ရာကို လှုတ်ရှားယိမ်းထိုးနေတဲ့
ပင်လယ်ကဗီးပင်တွေလိုပေါ့
မင်းရှိရာကို မမြင်ရပေမယ့်လဲ  ငါ့စိတ် ငါ့နှလုံးသားလေးဟာ
မင်းရှိရာဆီကို ဦးညွတ်ရောက်ရှိ ယိမ်းယိုင်နေပါတယ်
ငါရဲ့ချစ်လှစွာသောချစ်သူရယ်

  ခံစားချက်တူညီတဲ့ နှလုံးသားရဲ့ စည်းချက်ရိုက်သံဟာ
တောင်စဉ်တောင်တန်းတွေ  ပဲ့တင်ထပ်လို့

ဝေးကွာမှုတွေမိုင်တွေခြားလဲ နုညံ့လှပလွန်းတဲ့ မင်းရဲ့အချစ်
လှပတဲ့သစ္စာတရား ခမ်းနားလွန်းတဲ့ ချစ်မေတ္တာတွေကို

ငါ့နှလုံးသားလေးထဲမှာ အလွမ်းတွေနဲ့ရစ်ပတ်ဖွဲ့နှောင်ပြီး
 အချစ်ကဗျာလေးအဖြစ်ထာဝရသိမ်းဆည်းထားတယ်နော်

Saturday, 31 March 2012

ဖုန်မှုန့်နှင့်တူသော ငါ့အချစ်တွေကို......

ချစ်သူ.........
ဒီကမ္ဘာပေါ်မှာ ငါမင်းကိုသာအချစ်ဆုံးပါ
ငါ့အသက်ရှင်နေသရွေ့ ငါ့ရဲ့ နှလုံးသား
ဝင်သက်ထက်သက်တွေတိုင်းမှာ ရှိနေတာမင်းပါ
ချစ်သူ........
တကယ်လို့များ မင်းငါ့ဘေးနားမှာ မရှိတော့ရင်တောင်
မင်းရဲ့အငွေ့အသက်တွေ နဲ့ ငါရှေ့ဆက်ရင်း
မင်းပေးတဲ့ဒဏ်ရာတွေကို မော့သောက်လို့
နာကျင်စွာပြုံးရင်း ယစ်မူးနေတာသိထားပေးပါ
ချစ်သူ........
နင်ငါ့ကိုစိတ်ကုန်သွားခဲ့ရင် ဒါမှမဟုတ်
အခြားတစ်ယောက်ကို ရွေးချယ်သွားခဲ့ရင်
ငါ့အချစ်တွေက မင်းခြေဖဝါးအောက်မှာ
ဖုန်မှုန်တွေလို ကပ်ငြိတွယ်စေဖို့ ငါဆုတောင်းတယ်
ချစ်သူ.......
တစ်နေ့နေ့တစ်ချိန်မှာ ငါ့ကိုပြန်မတွေ့ရင်တောင်
မင်းဖိနပ်ချွတ်လိုက်တဲ့အချိန်တိုင်း ကပ်ငြိတွယ်နေတဲ့ဖုန်မှုန်ကိုတွေ့ရင်
ဒါငါ့ အချစ်တွေ ကပ်ငြိတွယ်နေတယ်ဆိုတာ
နင်သိထားပေးပါချစ်သူ........
မြေပြင်တစ်ခု ပေါ်မှာ ဘယ်လောက်ပဲ ပြောင်အောင်လှဲနေပါစေ
အဲဒီမြေပြင်ပေါ်ကို မင်းနင်းလျှောက်လိုက် ရင် ဖုန်မှု့န်တွေပေကျံနေသလိုပဲ
ဖုန်မှုန့်နဲ့တူတဲ့ငါ့အချစ်တွေကို နင်အမြဲ သတိရပေးပါနော်။

Friday, 23 March 2012

အချစ်ရှာပုံတော်

ကောင်မလေး....
မင်းကို မြင်မြင်ချစ်
ရင်နင့်အောင်ခံစား
တစ်ခါထဲကြုံ
မြင်ယုံခဏမေ့မရဘူး
ချစ်တဲ့အကြောင်း
ငါလေပြောချင်
ဘယ်ဆီဘယ်ဝယ်
မသိလေတော့
ငါလေ မင်းကို
အချစ်ရှာပုံတော်ဖွင့်ရတော့မယ်
ကောင်မလေးရယ်....။

Sunday, 18 March 2012

မေ့ပစ်လိုက်ပါ

ဆုံတွေ့ ရတဲ့
တဒင်္ဂမှာ
မေတ္တာတူသူ
ဒို့ နှစ်ဦးမှာ
ချစ်ခြင်းကိုယ်စီ
မေတ္တာအပြည့်
သစ္စာအတိနဲ့
ချစ်ခဲ့ပေမဲ့အလွာပိုင်းခြား
မင်းနှလုံးသားက
စိမ်းရက်လေတော့
ထာဝရအတွက်
ဝေးခဲ့ပြီပေါ့ချစ်သူရေ။ ။.......

Friday, 16 March 2012

တစ်ခန်းရပ်အချစ်

ငါတို့တွေ စသိကြကတည်းက
ဘယ်လိုအဆုံးသတ်ကြမယ်ဆိုတာ
သိနှင့်ခဲ့ပါရဲ့။
ဒါပေမယ့် မဖြစ်နိုင်တဲ့ကြား
ဇွတ်တိုးဝင်ခဲ့ တော့ အလွမ်း၊ကြေကွဲခြင်း
မျက်ရည် ဆိုတဲ့ အချစ်ရဲ့အပြစ်ဒဏ်လို့ဆိုမလား
ဒါတွေဘဲ ငါရခဲ့တယ်။
အခုချိန်ငါစဉ်းစားကြည့်တော့
မင်းပေးခဲ့တာဘာလဲ
ငါဘဲတဖတ်သတ်ပါလားလို့
တွေးရတော့မယ်
မင်းဟာ
ငါတန်ဖိုးထားခဲ့သူ၊
ငါ့ကိုဝေခွဲမရဖြစ်စေသူ၊
ငါ့ကိုပြောင်းလဲစေခဲ့သူ၊
ခံစားမှုဆိုတာဘာလဲ သိစေခဲ့သူ၊
ကြေကွဲစွာ ရှုံးနိမ့်ခြင်းကို လည်း သိစေခဲ့သူ၊
နောက်ဆုံး
တချိန်က စိတ်တစ်ခုလုံးကို လွမ်းမိုးနိုင်ခဲ့သူပါလေ။
သည်လိုမျိုးငါ့ဘက်ကခံစားရတဲ့ မင်းအပေါ်ထားတဲ့
အချစ်အတွက်
မင်းဘက်က တုံပြန်မှု၊
တန်ပြန်သက်ရောက်မှုကိုလည်း
မမျှော်လင့်ပေမယ့်
ငါလည်း လူသားတစ်ယောက်ပေမို့
ငါ့မသိစိတ်က မင်းရဲ့
သိနားလည်ပေးမှုတစ်ခုကိုတော့
ငါလိုချင်မိခဲ့တယ်။
ငါသိပါတယ် မင်းရင်ထဲမှာ ငါဟာ
ဘယ်နေရာမှာ ဆိုတာကို။
ငါ့အတွက် မင်းဟာ ပထမဦးဆုံးနေရာမှာ
ရှိခဲ့ပေမယ့်
မင်းအတွက်တော့ ငါဟာ မြူတစ်မှုန်လောက်တောင်
ခပ်ရေးရေးဖြစ်ပါ့မလား။
အားလုံးပြီးဆုံးသွားခဲ့သော်လည်း
ဘယ်အရာမဆို ဖြစ်ပြီးခဲ့ကြပေမယ့် သူနဲ့ပက်သက်တဲ့
အကျိုး၊ အပြစ်တစ်ခုခု(အနည်းနဲ့အများ)
ကျန်ရှိနေခဲ့ဦးမယ်မဟုတ်လား။
ငါရင်မှာလည်းထို့အတူဘဲမို့
မင်းအပေါ်ထားခဲ့ဖူးတဲ့ အချစ်ရဲ့ သက်ရောက်မှုကလည်း
တစ်ခန်းရပ်ခဲ့ပေမယ့်……………..။

နင့်အတွက်

ဝေးနေပြီ   ဆိုမှတော့
နီးဖို့  ဆိုတာ  မတွေးချင်တော့ဘူး။
    ပြီးဆုံးပြီ    ဆိုမှတော့
ဆက်ရန်  ဆိုတာ  မရှိချင်တော့ဘူး။
    မုန်းနေပြီ  ဆိုမှတော့
ချစ်ဖို့   ဆိုတာ  မကြိုးစားချင်တော့ဘူး။
     မေ့နေပြီ  ဆိုမှတော့
သတိရဖို့  ဆိုတာ  မလိုချင်တော့ဘူး။
        တကယ်တော့
  နင်နဲ့  ပတ်သက်လို့  ငါကလည်း
     တစ်ဖက်သတ်   ဆိုတဲ့  ဂုဏ်ကို
သိက္ခာတွေနဲ့   လဲယူမှာ     မဟုတ်ဘူး  ဆိုတာ၊
    နင်  ပြန်လာခဲ့ရင်   ဆိုတဲ့
အကြောင်းမဲ့  မျှော်လင့်ချက်နဲ့
လွမ်းဆွတ်နေမှာ   မဟုတ်ဘူး    ဆိုတာ၊
  အတိတ်ကို   တမ်းတပြီး
     ရှေ့ဆက်ရမယ့်  ငါ့နေ့တွေကို
နင့်အတွက်    ဆိုတဲ့  ခေါင်းစဉ်  မတပ်ဘူး    ဆိုတာ
        နင်     သိထားပေးပါ။

******ကျောချင်းကပ်တဲ့သူတို့နှစ်ယောက်*******

အချစ် နဲ့ အမုန်းဆိုတာ
ဒွန်တွဲပြီးပေါ်လာ
ဘယ်ကပေါ့
ဘယ်ကလေး
သတ်မှတ်ချက်မှမရှိတာ
လူစိတ်သဘော
ခန့်မှန်းရခက်ပါဘိ
ခုချစ်
ခုမုန်း
အမုန်းကြောင့်
အချစ်ဖြစ်ပေါ်လာနိုင်သလို
အမုန်းကြောင့်
အချစ်လည်းဖြစ်ပေါ်လာနိုင်တာပဲ
အချစ် နဲ့ အမုန်းက
၃ နဲ့ ၄ လို
ကျော်ခြင်းကပ်
အနေအထား
နှစ်ခုစလုံးဒွန်တွဲမဖြစ်နိုင်
အမုန်းကြောင့်
အချစ်ဖြစ်လာတာ
ကောင်းပေမယ့်
အချစ်ကြောင့်တော့
အမုန်းမဖြစ်စေနဲ့
အချစ်ဆို တာ ရယူသူအတွက်လည်းကောင်းသလို
ပေးလိုက်သူအတွက်ချိုမြိန်တယ်
အမုန်းဆိုတာ ခံယူသူလည်း ခံစားရသလို
ပေးလိုက်သူအတွက်လည်း
ပူလောင်တယ်
ဘယ်အရမှ မမြဲပါဘူး
အချစ်လည်း မမြဲသလို
အမုန်းလည်း မမြဲပါဘူး
လူလောကသဘောအရ
အမြဲတမ်းလည်ပတ်နေတာ
စိတ်လေ
အချစ်နဲ့ အမုန်း ကြောင့်
ပူပန်မူကင်းပါစေကွယ် ....။

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့