Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 31 May 2012

ရမ်းဗြဲမြို့နယ်မှာ အမျိုးသမီးငယ်တဦးကို အဓမ္မပြု့ ကျင့်သတ်ဖြတ်တဲ့ တရားခံတဦးကို ဖမ်းမိထား

အဓမ္မပြု့ ကျင့်သတ်ဖြတ်ခံရတဲ့ မသီတာထွေး
အဓမ္မပြု့ ကျင့်သတ်ဖြတ်ခံရတဲ့ မသီတာထွေး
 ရခိုင်ပြည် ရမ်းဗြဲမြို့နယ် သပြေချောင်ရွာနေ ဦးလှတင်-ဒေါ်မမြ၏သမီး
မသီတာထွေး(၁၆)နှစ် ကို လွန်ခဲ့သော (၂၈.၅.၂၀၁၂)  ညနေဘက်(၅) နာရီ ခန့်က 
 အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ တရားခံတဦးကို ဖမ်းဆီးမိထားကြောင်းသိရပါသည်။

 မသီတာထွေး ဟာ  (၂၉.၅.၂၀၁၂) နေ့ မနက်(၉) နာရီအချိန်တွင်
 ချောင်းဝရွာနှင့် ကျောက်ထရံ ရွာကြား ပရဟိတကျောင်း အနောက်ဖက်က
ကာရီဘောင်ဆည် အဟောင်းပေါ်တွင်  ဓါးဒါဏ်များနှင့်  သေဆုံးနေတာ
ဖြစ်ပါသည်။

ဖြစ်စဉ်မှာ “မသီတာထွေး တယောက်တည်းပြန်လာသောအခါ ကုလားများက
လူခြေတိတ်တဲ့နေရာမှ   စောင့်နေပြီး ခန္ဓာတွင် ဝတ်ဆင်လာသော ရွှေများကို
လုယက်ပြီး ဗလက္ကာယပြုကျင့်ပြီးနောက် လူမဆန်စွာ ရက်ရက်စက်စက် သတ်ပစ်
ခဲ့တယ်’’လို့ ၄င်း အား ရှာဖွေရာတွင် ပါဝင်သော ရွာလူကြီးတယောက် အဆိုအရ
သိရပါသည်။

ယခုအခါတွင် မသီတာထွေး ရုပ်အလောင်းကို ကျောက်နီမော်ဆေးရုံ ရင်ခွဲရုံတွင်
စစ်ဆေးနေကြောင်း သိရပြီး မသင်္ကာသော ကျောက်ထရံကုလားရွာက ထွက်ပြေးသွားသော
မုဒိန်းကောင်လို့ ယူဆရသော ကုလားတယောက်အား ဖမ်းဆီးထားတယ်လို့
ကျောက်နီမော်ရဲ စခန်းက  အတည်ပြုပြောကြားပါသည်။

“ပျောက်လို့လာတိုင်တော့ ကျွန်တော်တို့လဲ လူငယ်ချင်းချစ်လို့ကြိုက်လို့
လိုက်သွားတယ်လို့ ထင်တာပါ၊ မိုးလင်းလို့ ရွာသားတွေက
အလောင်းတွေ့တယ်လို့ပြောမှ   လိုက်သွားလိုက်တာ အခုလို တွေရတယ်’’လို့
တာဝန်ကျ ရဲအရာရှိတစ်ယောက်မှ ပြောပါသည်။

သူကဆက်လို့ “ဒါ ရိုးရိုးလုယက်မှုမဟုတ်ပါ။ ကျူးလွန်ပြီး
ဗလက္ကာယပြုကျင့်ထားတယ်။ နောက် လူသတ်တယ်။ ဒီဖြစ်စဉ်တွေက သာမညမဟုတ်ဘူး
တရားခံတွေဟာ အတွေ့အကြုံရှိတဲ့ သွေး အေးအေး နဲ့  ရက်စက်စွာ သတ်ပြစ်ခဲ့တာ။
လည်ကို လှီးပီးတော့ ညာဖက်ပခုံးမှာ ဓါးခုတ် ရာ ရင်ဘက်တွေ မှာ
ကျောကုန်းတွေမှာ နာရွက်တွေပြတ်နေတယ်။ တရားခံတွေ ဟာ မူးယစ်ဆေးဝါး
သုံးစွဲကြတယ်လို့လဲ ထင်တယ်။ တရားခံ မူဆလင်ကုလားတယောက်ကို တော့
ဖမ်းမိထားပါတယ်။ သူထွက်ဆိုထားတာကတော့သူပါကြောင်း”ပြောပြပါသည်။

သေဆုံးသွားသော ရခိုင်အမျိုးသမီးမှာ လက်ဝတ်လက်စား ရွှေဆွဲကြိုး ရွှေနားဂပ်
လက်စွပ်များလဲ ပါသွားကြောင်း၊ ဆွေးမျိုးတော်စပ်သူ တယောက်ကလည်း
ရွှေက(၂)ကျပ်သားနီးပါး ရှိကြောင်း ပြောပြပါသည်။

အဆိုပါ လူယက်ပြုကျင့် ကျူးလွန်ခဲ့တဲ့ အတွက် ကျောက်နီမော်မြို့နယ်တဝိုက်မှာ
လူထုအုံကြွမှု ကုလား-ရခိုင်ပြဿနာတွေ မ ကြီးထွားအောင် ရဲစခန်းမှူး မြို့ 
နယ်မှူး ကျောက်ဖြူခရိုင်မှူးများ အားလုံး ရောက်နေပြီးတော့
လုံခြုံရေးတွေလဲ တင်းကျပ်အောင် ချထားကြောင်း သိရပါသည်။

တရားခံကုလား နောက်နှစ်ယောက်ကတော့ ထွက်ပြေးနေတယ်လို့ သိရပြီး
နာမည်မဖေါ်လိုသော ရဲဝန်ထမ်းတယောက်က ဒီကုလားရွာနားမှာ လူယက်မှုတွေ
မကြာမကြာဖြစ်ကြောင်း။ တိုင်လာလျှင်လဲ ငွေနဲ့ ရှင်းပြစ်ကြောင်း။ အခုလဲ
ဘယ်လိုဖြစ်မယ်ဆိုတာ မပြောတတ်ကြောင်း’’လို့ ပြောပါသည်။

မီးလောင်မှုအဖြစ်မှန်မှာ အသတ်ခံထားရသော အလောင်းကို မီးရှို့မှုဖြစ်နေ

မီးလောင်မှုကို သွားရောက်ငြိမ်းသတ်ရာမှ လူသတ်မှုဖြစ်ရပ်တစ်ခု မေလ ၃၀ရက်နေ့ နံနက် ၁၁နာရီခွဲခန့်တွင် လမ်းမတော်မြို့နယ် (၃)ရပ်ကွက် အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား အမှတ(၇၆)တတိယထပ်ညာဘက်ခန်း၌ ဖြစ်ပွားခဲ့သည်။

လူသတ်မှုဖြစ်နေ

ယင်းဖြစ်ရပ်တွင် အသက်(၁၆)နှစ်အရွယ် တက္ကသိုလ်ဝင်တန်းဖြေဆိုထားသော မစုစန္ဒီအောင်မှာ ဓားဒဏ်ရာဖြင့် မီးလောင်သေဆုံးနေခဲ့ခြင်းနှင့်ပတ်သက်၍ မေးမြန်းရာ ´´ဖြစ်ရပ်ကိုကြည့်ပြီး  ဘယ်သူဖြစ်နိုင်လဲ၊ သက်သေပေါ်မူတည်ပြီး အတိအကျပြောလို့ရမှာပါ။ ဓားတို့ဘာတို့ပဲတွေ့ရတယ်။ တရားခံက အမှုကျူးလွန်ပြီး မျက်နှာသစ်ခွက် (Basin) စင်မှာ လက်ဆေးပြီး ဓားကို အဲဒီမှာ  ထားခဲ့တယ်။ နောက်တော့ အပေါ်ပြန်တက်ပြီး ပြန်ထွက်သွားတယ်လို့ ခန့်မှန်း၇တယ်။ အသေးစိတ်အားလုံးပြောလိုက်ရင် တရားခံပြေးမယ့်လမ်းကြောင်းကို ဖွင့်ပေးလိုက်သလိုဖြစ်သွားမှာ ။ တစ်ခုခုကျူးလွန်ခံထားရတာတွေတော့ မရှိဘူး။ မှုခင်းဆေးပညာအရ ခွဲစိတ်တော့မျ သေချာပြောလို့ရမှာ။  မရှိတာတော့ သေချာဖို့များတယ်။ အသတ်ခံရပြီးမှ မီးလောင်တဲ့သဘော၊ ဓားက ဦးခေါင်းခွံကို ခုတ်ထားတာက သေစေတဲ့အကြောင်းရင်းပဲ။ လူသတ်မှုပဲ၊ ပုဒ်မ ၃၀၂ပဲ၊ ဒီထက်ပိုတာလည်းရှိကောင်းရှိနိုင်တယ်´´ဟု ဒုတိယတိုင်းရဲတပ်မှူးက သတင်းသစ်သို့ ပြောပြခဲ့သည်။

ပြောင်းလာတာ တစ်ပတ်တည်းရှိ

´´လောလောဆယ်တော့ အတိအကျပြောလို့မရသေးဘူး။ ကိုယ်တစ်ခြမ်းလောင်သွားတယ်။ လူနာကသေပြီးသားကို မီးလောင်တာလို့ထင်ရတယ်။ မိသားစုဝင် ငါးဦးရှိတယ်။ အငယ်ဆုံးသမီးပါ။ မြို့ထဲကပဲ လမ်းမတော်ကို ပြောင်းလာတာ တစ်ပတ်လောက်ပဲရှိသေးတယ်။ အခင်းဖြစ်တဲ့အချိန်မှာ မိသားစုဝင်တွေမရှိဘူး။ တိတိကျကျကိုတော့ မှုခင်းဆရာဝန် စစ်ချက်ထွက်လာပြီးမှပဲ သိရမယ်´´ဟု သေဆုံးသူ၏ အစ်ကိုတစ်ဝမ်းကွဲတော်စပ်သူ ဒေါက်တာ ဆေးခိုင်က ပြောသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက၍ နံနက် ၁၁နာရီ ၄၅မိနစ်တွင် မီးလောင်ကြောင်း မီးသတ်စခန်းသို့ အကြောင်းကြားမှုကြောင့် နံနက်၁၁နာရီ ၅၃မိနစ်တွင် မီးသတ်ယာဉ် ၁၅စီး၊ အုပ်ချုပ်မှုယာဉ်လေးစီးဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ မွန်းတည် ၁၂နာရီ ၁၀မိနစ်တွင် မီးငြိမ်းသွားကြောင်း မီးလောင်မှုကြောင့် စောင်တစ်ထည်၊ ခေါင်းအုံးနှစ်လုံး၊ ဖျာတစ်ချပ်သာလောင်ကျွမ်းခဲ့ပြီး ငွေကျပ်ငါးထောင်ဖို့ခန့် ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။ အခင်းဖြစ်ရာသို့ မှုခင်းထောက်လှမ်းရေး(CID)မှ အဖွဲ့ဝင်များ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ ခရိုင်မြို့နယ်စခန်းမှူးများက လာရောက်စစ်ဆေးခဲ့သည်။ အမှုနှင့်ပတ်သက်၍ အဖြစ်မှန်ကို လမ်းမတော်ရဲစခန်းနှင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်းဆဲဖြစ်ပြီး တရားခံ မည်သူမည်ဝါဖြစ်ကြောင်းဖော်ထုတ်နေဆဲဖြစ်သည်ဟု သိရသည်။

အမှုအား သက်ဆိုင်ရာက (ပ)၁၃၀/၂၀၁၂ ပြစ်မှုဆိုင်ရာ ပုဒ်မ- ၃၀၂/၄၃၆/၂၀၁၂/၃၉၂ တို့ဖြင့် အမှုဖွင့်အရေးယူထားသည်။ အလောင်းအားရန်ကုန်ဆေးရုံကြီးမှ ပီအာရ် ၉၆ဖြင့် လက်ခံထားရှိသည်။ သေဆုံးသူမှာ မစုစန္ဒီအောင် အသက်(၁၆)နှစ်ဖြစ်သည်။ သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးရာတွင် အခင်းဖြစ်နေအိမ်မီးဖိုချောင်မှ ကော်အရိုးတပ် အရိုးအသွား ၁၂လက်မ ဓားတစ်ချောင်းနှင့် နေအိမ်အတွင်းမှ ရွှေထည်ပစ္စည်း(၁၄)မျိုး၊ ကာလတန်ဘိုး ကျပ်(၁၀၄၅၀၀၀၀)ခန့် ပျောက်ဆုံးနေသည်ဟု ဆိုသည်။

ဗလက္ကာရ ပြုကျင့်ခံရပြီး ရက်ရက်စက်စက် အသတ်ခံလိုက်ရသည့် မသီတာထွေး

ဗလက္ကာရ ပြုကျင့်ခံရပြီး ရက်ရက်စက်စက် အသတ်ခံလိုက်ရသည့် မသီတာထွေး
ရမ်းဗြဲ လူထု ၇၀၀ ကျော်ခန့်သည် မသီတာထွေး ဗလက္ကာရ ပြုကျင့်ခံရပြီး ရက်ရက်စက်စက် အသတ်ခံလိုက်ရသည့် အပေါ် မကျေနပ်သည့် အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထိ ချီတက် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

" ကျွန်တော်တို့ မေလ ၃၀ ရက်နေ့ နေ့လည်ဘက်မှာ ရမ်းဗြဲမြို့ စောမဲကျီလမ်း၊ ရုံးတက်လမ်း၊ ရဲစခန်းထိ ချီတက်ပြီး အဲဒီက မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထိ ချီတက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ တောင်းဆိုချက်တွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်" ဆန္ဒပြရာတွင် ပါဝင်သော ရမ်းဗြဲ ဒေသခံ တစ်ဦးက ပြောသည်။

ဆန္ဒပြသူများသည် နယ်မှ စက်လှေများနှင့် ရမ်းဗြဲမြို့သို့ ချီတက်လာပြီး မြို့ခံ လူထုနှင့် ပူးပေါင်းကာ ဆန္ဒပြတောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

" ကျွန်တော်တို့ တောင်းဆိုတာက အခု ဖမ်းဆီးထားတဲ့ ကုလား ကောင်လေးတွေဟာ အမှန်တကယ် တရားခံ အစစ်အမှန်တွေ ဟုတ်မဟုတ် လူထုကို ပြသရန်၊ ဘာဖြစ်လို့ ဒီလိုတောင်းဆိုရသလဲ ဆိုရင် ဒီက အာဏာပိုင်တွေဟာ အမှန် တကယ် ပြစ်မူ ကျူးလွန်သူတွေဆီက ပိုက်ဆံတွေ အမြောက်အမြား ယူပြီး သူတို့ကို မဖမ်းဘဲ ပြစ်မူ မကျူးလွန်တဲ့ သူတွေကို ဖမ်းပြီး တရားစွဲဆိုတတ်တဲ့ အကျင့်ရှိတဲ့ အတွက် ဒီလူငယ် သုံးဦးဟာ အမှန်တကယ် ပြစ်မူ ကျူးလွန်တဲ့ သူတွေ ဟုတ်မဟုတ်ကို သူတို့ကို သိရှိထားတဲ့ ဒေသခံ ပြည်သူတွေကို ထုတ်ဖေါ်ပြသပေးပါဆိုပြီး ပထမ အချက် အနေနဲ့ တောင်းဆိုပါတယ်။"

ဒုတိယ တောင်းဆိုချက်ကိုလည်း သူက ယခုလို ပြောကြားသည်။

"ကျွန်တော်တို့ ဒုတိယ တောင်းဆိုတာက ဒေသက အာဏာာပိုင်တွေရဲ့ ဥပဒေကို မလိုက်နာတဲ့ အတွက် ခုလို မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာရတယ်။ ဒါကြောင့် အနာဂတ်မှာ ဒါတွေကို မပြုလုပ်ဖို့ တောင်းဆိုကြတယ်။ ခုလို ကြီးကျယ်တဲ့ မုဒိမ်းမူ၊ လူသတ်မူ မဖြစ်ခင်မှာ လမ်းသွားလမ်းလာ မိန်းခလေးတွေ၊ ကျောင်းသူတွေကို ဒီဒေသပတ်ဝန်းကျင်မှာ ရှိတဲ့ ကုလားရွာတွေက တချို့ ဆိုးသွမ်းတဲ့ လူတွေဟာ အမျိုးမျိုး နှောင့်ယှက်တာတို့၊ စော်ကားတာတို့ အကြိမ်ကြိမ် ရှိခဲ့တယ်။ ဒါကို ဒေသမှာ ရှိတဲ့ အာဏာပိုင်တွေကို တိုင်ကြားကြတယ်။ ဒါပေမယ့် သူတို့က ပိုက်ဆံတွေယူပြီး အရေးမယူဘဲ လျစ်လျူရှု့ခဲ့ကြတဲ့ အတွက် အမူအငယ်ကနေ ခုလို အမူကြီးထိ ဖြစ်လာရတာ ဖြစ်ပါတယ်။ ဒါမျိုး တွေကို အာဏာပိုင်တွေ အနေနဲ့ နောက်ထပ် မပြုလုပ်ကြဖို့ တောင်းဆိုကြပါတယ်။" ဟု သူက ပြောသည်။

ရမ်းဗြဲ ပြည်သူများ ဆန္ဒပြ တောင်းဆိုသော မေလ ၃၀ ရက်နေ့က မြို့နယ် အုပ်ချုပ်ရေးမှူး အပါအ၀င် တစ်ခြား လူကြီးများ လူသတ်မူ ဖြစ်ပွားရာ ကျောက်နီမော် ကျေးရွာသို့ ရောက်ရှိနေသဖြင့် တစ်ခြား မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိုသူများက ပြည်သူများ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးမည် ဟု ကတိပြုခဲ့ကြောင်း သူက ဆိုသည်။

" အာဏာပိုင်တွေဘက်က တုန့်ပြန် ပြောကြားတာက ဒေသအတွင်းက အရပ်လူကြီး ၅ ဦးနဲ့ ဖမ်းထားတဲ့ သူတွေဟာ လူသတ် တရားခံတွေကို တွေ့ပေးမယ်။ ကျန်တဲ့ တောင်းဆိုချက်တွေကိုလည်း နောက်ပိုင်းမှာ ဖြေရှင်းပေးမယ်ဆိုပြီး ပြောပါတယ်" ဟု သူက ဆက်ပြောသည်။

နယ်မှ တက်လာသူ လူပေါင်း ၂၀၀ ခန့်သည် သူတို့ တောင်းဆိုချက် ပြည့်ဝစွာ မရရှိသဖြင့် နယ်သို့ မပြန်ကြသဖြင့် ရမ်းဗြဲ အထက်တန်းကျောင်းတွင် နေရာချပေးထားကြောင်း သိရသည်။

" ကျွန်တော်တို့ ဆန္ဒ မပြည့်ဝဘူးလို့ ထင်ပါတယ်။ တောင်းဆိုတာတွေကို အပြည့်အ၀ မရသေးဘူး။ လူကြီးတွေလည်း မရှိ ဖြစ်နေတယ်လေ။ ဒါကြောင့် လိုအပ်ရင် ဆက်လက် ဆန္ဒပြဖို့ ရွာကို မပြန်ဘဲ ဒီမှာ (ရမ်းဗြဲ)မှာ နေနေတာ ဖြစ်ပါတယ်" ဟု ကျောက်နီမော် ဒေသခံ တစ်ဦးက ပြောသည်။

ရမ်းဗြဲ ကျောက်နီမော် ဒေသတွင် တာဝန်ကျနေသူ ရဲတပ်ဖွဲ့ တာဝန်ရှိသူများအား ယခု လူသတ်မူ မဖြစ်ခင်ကတည်းက အဆိုပါ ဒေသတွင် မွတ်ဆလင် တချို့မှ ကျောင်းသူ ကျောင်းသားများ၊ ဈေးသွား ဈေးလာများကို နှောင့်ယှက်မူများ ရှိခဲ့သဖြင့် တိုင်ကြားမူများ ရှိခဲ့သော်လည်း ပိုက်ဆံ ယူပြီး အရေးမယူဘဲ နေခဲ့ကြောင်း၊ သို့အတွက် ယခုလို ပြစ်မူကြီးများ ဆက်လက် ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ဒေသခံများက ယူဆကာ ရဲအရာရှိများကို အထူး ပြစ်တင် ဝေဖန်လျှက် ရှိကြောင်း ကျောက်နီမော် ဒေသခံ ပြောဆိုသည်။

ကျောက်နီမော်ရဲစခန်းသို့ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သိရှိလိုသဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းရာ ဖုံးလိုင်းမကောင်းဘူး၊ ဘာမှ မကြားရဘူး စသဖြင့် ပြောဆိုပြီး ဖုံးကို ချ ချသွားခဲ့သည်။

ကျောက်နီမော်မှ တစ်နေ့တာ စက်ချုပ် သင်ပြီး မိမိကျေးရွာ သပြေချောင်သို့ တစ်ဦးတည်း အပြန်တွင် မေလ ၂၈ ရက်နေ့က ဗလက္ကာရ ပြုကျင့်ခံရပြီး ရက်ရက်စက်စက် အသတ်ခံရသူ မသီတာထွေးအား မေလ ၃၀ ရက်နေ့က သဂြိုလ်ခဲ့ကြောင်း သိရသည်။

ယခုအခါ ပြစ်မူကျူးလွန်သူဟု စွပ်စွဲခံထားရသူ ကျောက်ထရံ ကုလားရွာမှ ထက်ထက် (၂၃)နှစ်၊ ရော်ဖိ (၁၈) နှစ်နှင့် လူယု (၂၁)နှစ်တို့ ကို ဖမ်းဆီးထားကြောင်း သိရသည်

သမ္မတနှင့် လွှတ်တော်မှ တောင်းဆိုလျှင် ဖုန်းဈေး လျှော့ရောင်းမည်

မိုဘိုင်းဖုန်းတန်ဖိုး နှုန်းထားများကို နိုင်ငံတော် သမ္မတကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များမှ ဈေးနှုန်း လျှော့ချခိုင်းမည် ဆိုပါက အရှုံးခံ၍ လျှော့ချပေးမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ လက်ရှိတွင် မိုဘိုင်းတန်ဖိုး နှုန်းထားများအား ဇူလိုင် လကုန်ခန့်တွင် ကျပ်နှစ်သိန်းဖုန်းထက် လျော့နည်းသည့် ကျပ်တစ်သိန်းဖုန်းနှင့် ကျပ်ရှစ်သောင်းဖုန်းများ ထွက်ပေါ်လာတော့မည်ဟု သတင်းများ ထွက်ပေါ်နေခြင်းအပေါ် မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နယာချုပ် တစ်ဦးက အထက်ပါအတိုင်း ပြောခဲ့သည်။ “ဆက်သွယ်ရေးက ချမှတ်ထားတဲ့ စနစ်ဆိုရင် ဒီနှစ်ထဲမှာ ဖုန်းတန်ဖိုးနှုန်းထားတွေ လျှော့ချပေးဖို့ မရှိပါဘူး။ လာမည့်နှစ်ကျမှ ထပ်မံ လျှော့ချပေးမှာပါ။ ဒါပေမဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သမ္မတကြီးက လျှော့ချခိုင်းမှု ပြုလာရင်တော့ အရှုံးခံပြီး လျှော့ပေးမှာပါ” ဟု ၎င်းကပြောသည်။

မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်းတန်ဖိုး နှုန်းထားများက ငါးနှစ်အတွင်း နိုင်ငံတကာ နှုန်းထားများအတိုင်း ဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်ထားပြီး လက်ရှိတွင် ကျပ်နှစ်သိန်းတန် ဖုန်းများကို ရောင်းချပေးနေသည်။ “အခု ချထားပေးထားတဲ့ နှစ်သိန်းနှုန်းထားက တကယ် ကုန်ကျခဲ့တဲ့ နှုန်းထားနီးပါးလောက် ရှိပါတယ်။ ဒီနှုန်းထားထက် လျှော့ချပေးရင်တော့ အရှုံးပေါ်မှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။ လက်ရှိ ရောင်းချပေးသည့် ဖုန်းများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး စက်ပစ္စည်း ဝယ်ယူခြင်း၊ တာဝါတိုင် စိုက်ထူခြင်းနှင့် ဖုန်းရောင်းချခြင်းများကို ပုဂ္ဂလိက ကုမ္ပဏီများကသာ ဆောင်ရွက်နေခြင်း ဖြစ်သည်။ “မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်းလုပ်ကိုင်နေသည့် Elite Tech မှ ဒုတိယ အထွေထွေမန်နေဂျာ ဦးမင်းသက်ပိုင်က ဖုန်းဈေးနှုန်း သတ်မှတ်တာက ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ ဆက်သွယ်ရေးနဲ့ပဲ ဆိုင်တယ်။ ကျွန်တော်တို့ဘက်က ပိုက်ဆံစိုက်ထုတ်ပြီး စက်ပစ္စည်းတွေ ဝယ်တယ်။ ပြီးရင် ဆက်သွယ်ရေးကို ပြန်ရောင်းပေးတယ်။ ဆက်သွယ်ရေးကလည်း ဖုန်းတန်ဖိုးလျှော့ချလို့ စက်ပစ္စည်းကို လျှော့မဝယ်ဘူး။ နိုင်ငံတကာ နှုန်းထားအတိုင်းပဲ ဝယ်တယ်၊ လုပ်ပိုင်ခွင့် အနေနဲ့ တာဝါတိုင်စိုက်ပြီး ဖုန်းရောင်းရတာပဲ ရှိပါတယ်။ ဈေးနှုန်းတွေ လျှော့ချပေးတယ် ဆိုတာကတော့ လက်ရှိ ဆက်သွယ်ရေးက Operator ဖြစ်တဲ့အတွက် သူ့မှာပဲ ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ အနေဖြင့် လက်ရှိတွင် ဖုန်းဆင်းကတ် တန်ဖိုးနှုန်းထားများမှာ နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက များစွာ မြင့်မားလျက်ရှိနေပြီး ယင်းသို့ မြင့်မားနေခြင်းမှာ လိုအပ်သည့် အခြေခံ အဆောက်အအုံ စတင် အချိန်ယူ တည်ဆောက်မှုစရိတ် ကြီးမြင့်မှုအပေါ် မူတည်ခြင်းကြောင့်ဟု ဆက်သွယ်ရေးမှ ထုတ်ပြန်ထားသည်။ “နိုင်ငံတကာ နှုန်းထားထက် ဈေးနှုန်းတွေ မြင့်နေတာကတော့ ကျွန်တော်တို့နိုင်ငံမှာ Second Operator မရှိဘူး။ သူများ နိုင်ငံတွေမှာက ပုဂ္ဂလိက Operator အများကြီး ရှိတယ်။ ဒီတော့ ကုမ္ပဏီတွေ အပြိုင် ဖြစ်လာတော့ ဈေးနှုန်းကလည်း သူ့ထက်ငါ အပြိုင်အဆိုင် လျှော့တာတွေ၊ Promotion လုပ်တာတွေ ရှိနေတော့ မြန်မာနိုင်ငံထက် ဖုန်းတန်ဖိုး ဈေးနှုန်း လျော့နေတာပါ” ဟု လူကြီးမင်း ဖုန်းဆိုင်မှ မိုဘိုင်း ကျွမ်းကျင်ပညာရှင် ဦးကိုကိုအောင်က ပြောသည်။ မြန်မာနိုင်ငံ၌ ဆက်သွယ်ရေး ကဏ္ဍတွင် Second Operator အဖြစ် ဝင်ရောက်လုပ်ကိုင်ခွင့် ပေးနိုင်ရန် ဥပဒေ လိုအပ်မည်ဖြစ်ကြောင်း ယင်းဥပဒေရှိမှသာလျှင် Operator အဖြစ် ခွင့်ပြုပေးနိုင်မည် ဖြစ်ကြောင်း၊ ဥပဒေကိုလည်း ယခုနှစ်အတွင်း အပြီးသတ် ဖော်ဆောင်ပေးမည် ဖြစ်ကြောင်း ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။

ယောကျာင်္းလေး အချစ်

ကောင်လေးတွေ ဘာကြောင့် ကောင်မလေးတွေဆီက ချစ်အဖြေကို မျှော်လင့်တကြီး စောင့်စားခဲ့တယ်ဆိုတာ.....
ကောင်မလေးတွေမသိဘူး.......ကောင်လေးတွေဟာ အမြင်ပိုင်းအရ မာကျောကြမ်းတမ်းပေမယ့် နူးညံ့တဲ့နှလုံးသား
လေးတွေကို ပိုင်ဆိုင်ကြတယ် ဆိုတာ..... ကောင်မလေးတွေမသိဘူး.......ကောင်လေးတွေ သူတို့ကောင်မလေးတွေ
စိတ်ကောက်တဲ့အခါ မနေနိုင် မထိုင်နိုင် လိုက်ချော့ပြီး စိတ်ဆိုးပြေသွား တဲ့ ကောင်မလေးမျက်နှာကို တွေ့ရမှ ဘာလို့
အမောပြေသွားတယ်ဆိုတာ..... ကောင်မလေးတွေမသိဘူး.......
ကောင်လေးတွေ လက်ဖက်ရည်ဆိုင်ထိုင်တဲ့အခါ သူတို့ကောင်မလေးတွေအကြောင်းကို မပါမဖြစ် ပြောတတ် တယ်
ဆိုတာ..... ကောင်မလေးတွေမသိဘူး.......ကောင်လေးတွေက တကယ်ချစ်မိပြီဆိုရင် သူချစ်တဲ့ကောင်မလေးအတွက်
ဘာပဲလုပ်ရလုပ်ရ လုပ်ပေးနိုင်တဲ့ စွမ်းအားတွေရှိတယ်ဆိုတာ..... ကောင်မလေးတွေမသိဘူး.......
ကောင်လေးတွေက သူတို့ချစ်တဲ့ ကောင်မလေးတွေဆီက အချစ်ကိုရဖို့ဆိုရင် မာနတွေ ခ၀ါချပြီး ဒူးထောက် အညံ့
ခံဖို့ဝန်မလေးဘူးဆိုတာ..... ကောင်မလေးတွေမသိဘူး....... လိုင်းကားတိုးစီးရင် ကိုယ့်ကောင်မလေးကို လူတိုးမခံ
ရအောင်လို့ ကောင်လေးတွေက နာကျင်မှုကို ဟန်ဆောင် ပြုံးရင်း ကာကွယ်ပေးတတ်တာ..... ကောင်မလေးတွေ
မသိဘူး.......ကောင်လေးတွေ ဘယ်လောက်အလုပ်များများ သူတို့ကောင်မလေးကို အချိန်တိုင်းသတိရနေတယ်...
အချိန်တိုင်း လွမ်းနေတတ်တယ်ဆိုတာ...
သူတို့ကောင်မလေးက သူတို့အတွက် အလှဆုံးနတ်သမီးတစ်ပါးလို့ အမြဲတမ်း ယုံကြည်ထားတယ်ဆိုတာ
ကောင်မလေးတွေမသိဘူး.......ကောင်လေးတွေ အိပ်ခါနီးအချိန်မှာ သူတို့ကောင်မလေးတွေအကြောင်း စဉ်းစားပြီး
မှ အိပ်လို့ပျော်တယ်... အိပ်မက်ထဲအထိလဲ သူတို့ကောင်မလေးကို အပါခေါ်သွားတတ်တယ်ဆိုတာ.....
ကောင်မလေးတွေမသိဘူး.......ကောင်လေးတွေက သူတို့ကောင်မလေးကို ဘာကြောင့်နမ်းတယ်ဆိုတာကို......
ကောင်မလေးတွေမသိဘူး.......
ကောင်လေးတွေက အငတ်ခံပြီးရတဲ့ မုန့်ဖိုးတွေကို ကောင်မလေးတွေအတွက် လက်ဆောင်တွေ၊ ပန်းစည်းတွေ
ဝယ်ပေးရတယ်ဆိုတာ..... ကောင်မလေးတွေမသိဘူး.......ကောင်လေးတွေက သူတို့ဘ၀မှာ ကောင်မလေးတွေရဲ့
အချစ်ဦး ဖြစ်ခွင့်မရရင်တောင်မှ ကောင်မလေးတွေရဲ့နောက်ဆုံးအချစ် ဖြစ်ချင်တဲ့ စိတ်ထားလေတွေ ရှိတယ်ဆိုတာကို
ကောင်မလေးတွေမသိဘူး.......ကောင်လေးတွေက စိတ်ကူးဆန်းဆန်းလေးတွေနဲ့သူတို့ကောင်မလေးကို ပျော်ရွှင်
ကြည်နူးစေချင်တယ်ဆိုတာ...ဥပမာ...ကောင်မလေးကို သူကိုယ်တိုင်လုပ်ထားတဲ့ သီချင်းခွေတစ်ခွေ ပေးတာမျိုးပေါ့...
ကောင်မလေးတွေမသိဘူး.......
ကောင်မလေးတွေက ကောင်လေးတွေကို ထားခဲ့ပြီး နောက်ထပ်အသစ်တစ်ယောက်ကို ချစ်သွားတဲ့အခါ..
မျက်ရည်တွေနဲက အရက်ဆိုင်မှာ တခြားအရက်သမားကြီးတွေကို ကြေကြေကွဲကွဲ ရင်ဖွင့်ရင်း သူတို့ကိုထားခဲ့တဲ့
ချစ်သူကောင်မလေးကို တမ်းတရင်း ဘ၀ပျက်သွားတာမျိုးတွေ ရှိတယ်ဆိုတာ..... ကောင်မလေးတွေမသိပါဘူး.......
ကောင်လေးတွေရဲ့အချစ်က ဂဏန်းဖိုကြီးတွေလိုပဲဆိုတာ
(ဂဏန်းတွေမှာ သူတို့သဘာဝအရ အပေါ်အခွံမာကြီးတွေ ပျော့သွားတဲ့အချိန်ဆိုတာ ရှိတယ်လေ.. အဲဒီအချိန်
ရောက်ရင် ဂဏန်းဖိုကြီးတွေဟာ ဂဏန်းမလေးတွေကို ထိခိုက်မှုမရှိအောင် အပေါ်ကအုပ်မိုးပြီး ကာကွယ်ထားလေ့
ရှိတယ်... ဒါပေမယ့် ဂဏန်းမလေးတွေကတော့ ဂဏန်းဖိုကြီးတွေရဲ့ အခွံမာတွေ မရှိတော့တဲ့အချိန်ကြရင် ပြန်လည်
စောင့်ရှောက်လေ့မရှိပဲနဲ့ ဂဏန်းဖိုကြီးတွေကို ညှပ်ပြီးစားသောက်လိုက်ကြတယ်လေ...)။
ကောင်မလေးတွေမသိဘူး....... ကောင်လေးတွေဟာ သူတို့ကောင်မလေးတွေကို အရမ်းချစ်လေ့ရှိတယ်ဆိုတာကို
ပေါ့...... တကယ်တော့ ကောင်လေးတွေဟာ စွန့်လွှတ်မှုကို အခြေခံတဲ့အချစ်မျိုးကို ပိုင်ဆိုင်ထားကြတာပါ...
လိုင်းနှေးနေလို့ ရတဲ့အချိန်မှာ အမြန်ဆုံးတင်လိုက်ရတဲ့အတွက် ခွင့်လွှတ်ပါသူငယ်ချင်းတို့
အမှားများပါခဲ့ရင်ခွင့်လွှတ်ပေးပါလို့ တောင်းပန်းပါတယ်

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့