Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Wednesday, 17 April 2013

နားနှင့်ပက်သက်ပြီး မလုပ်သင့်သောအရာများ




နားနှင့်ပက်သက်ပြီး မလုပ်သင့်သောအရာများ



သေချာဖတ်စေချင်ပါတယ်။ လူတော်တော်များများက နှာဖာချေး ကလော်တက်ကြလို့ပါ။

နားတွေမှာ သူဘာသာသန့်စင်စေခြင်းနဲ့ သူဘာသာ ကာကွယ်နိုင်ခြင်းဆိုတဲ့ သဘာဝသတ္တိရှိပြီးသားပါ။ ဒါ့ကြောင့် နားတွေကို မမှန်ကန်တဲ့နည်းတွေနဲ့ သန့်စင်ဆေးကြောမှု ပြုလုပ်တဲ့အခါ နားမှာ ထိခိုက်ဒဏ်ရာရခြင်းနဲ့ နားတွင်း ကူးစက်ပိုးဝင်ခြင်းဆိုတဲ့ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။

နားဖာချေးကို မကလော်ပါနဲ့ နားဖားချေးတွေဟာ နားရဲ့သူ့ဘာသာ သန့်စင်စေတဲ့ လုပ်ငန်းစဉ်ကို ကောင်းကောင်း အလုပ်လုပ်နိုင်အောင် ဆောင်ရွက်ပေးပါတယ်။ နားဖာချေးတွေဟာ ဆိုးဆိုးဝါးဝါးပိတ်ဆို့ မနေရင် ကလော်ပြီး မဖယ်ရှားသင့်ပါဘူး။ အပြင် နားစည်အရေပြားရှိ ဂလင်းကနေ ထုတ်ပေးလေ့ရှိတဲ့ နာဖာချေးတွေဟာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာ တွေကို လုပ်ဆောင်နေပါတယ်။

နားစည်ရဲ့ အရေပြားကို ကာကွယ်ဖုံးအုပ်ပေးခြင်း၊ ရေကို တွန်းထုတ်ခြင်းနဲ့ နားတွင်းပိုးဝင်တာနဲ့ ထိခိုက်ဒဏ်ရာမဖြစ်အောင် ကာကွယ်ပေးခြင်းစတဲ့ လုပ်ငန်းတွေအပြင် နားအတွင်း အရေပြားခြောက်သွေ့ ယားယံခြင်းမဖြစ်အောင် ထိန်းသိမ်းပေးပါတယ်။ ဒါ့ပြင် နားဖာချေးဟာ အပြင်ကနေဝင်လာတဲ့ ဖုန်နဲ့ ပိုးမွှားတွေကို နားစည်ထဲမရောက်အောင် သယ်ယူထားပေးပါတယ်။ အများအားဖြင့် နားဖာချေးဟာ သူ့အလိုလို ထွက်သွားလေ့ရှိပါတယ်။ ဒါပေမဲ့ တချို့လူတွေမှာတော့ အလိုလို ထွက်မသွားတဲ့အတွက် နားဖာချေးကို ကလော်ပြီး ဖယ်ထုတ်ရတတ်ပါတယ်။

နားစည်ထဲ ဘာမှ မထည့်ပါနဲ့ နားအတွင်းထဲကို ဝါဂွမ်းစ၊ လက်ချောင်း၊ ကလစ်လို ချွန်ထက်တဲ့ အရာတွေ မထည့်ပါနဲ့။ နားအတွင်းထဲ ပြင်ပပစ္စည်းထည့်တာဟာ နားစည်ရဲ့ နူးညံ့တဲ့ အရေပြားကို ထိခိုက်ပျက်စီးစေသလို အခန့်မသင့်ရင် နားစည်ကို ပေါက်ပြဲစေပါတယ်။ လူအများစုဟာ နားဖာချေးထွက်သွားအောင် နားထဲကို ပြင်ပပစ္စည်းထည့်ပြီး ကလော်ထုတ်တတ်ကြပါတယ်။ နားဖာချေး သိပ်မရှိဘဲ ပြင်ပပစ္စည်းဟာ နားစည်အထိရောက်သွားရင် နားကို မသက်မသာ ဖြစ်စေကာ ယာယီနားမကြားတော့တာမျိုး ဖြစ်သွားတတ်ပါတယ်။ နားစည် အရေပြားခြစ်မိခြင်းနဲ့ နှာချေးဟာ နားစည်အတွင်းထဲအထိ ရောက်ရှိသွားခြင်းတွေကြောင့် နားတွင်းကူးစက်ပိုးဝင်တဲ့ အန္တရာယ်လဲ များပါတယ်။

နားအတွင်းထဲ မဆေးကြောပါနဲ့ နားရဲ့ အပြင်ဘက်ပိုင်း ညစ်ပတ်နေရင် ဆပ်ပြာနဲ့ ရေစိုစွတ်နေတဲ့ နူးညံ့တဲ့ အဝတ်စသုံးပြီး ဆေးကြောပေးပါ။ ဒါပေမဲ့ နားအတွင်းထဲကိုတော့ အဝတ်စ၊ လက်ချောင်းနဲ့ တခြားဘာမှ ထည့်ပြီး မဆေးကြောပါနဲ့။ ကလေးရဲ့ နားကို ဆေးကြော သန့်စင်ပေးချင်ရင်လည်း ဝါဂွမ်းစကို ဆပ်ပြာမပါတဲ့ ရေထဲထည့်ပြီး ဆေးကြောပေးလို့ ရပါတယ်။ ဒါပေမဲ့ နားကို ခြောက်သွေ့အောင် ပြန်ပြုလုပ်ဖို့ အရေးကြီးပါတယ်။ ရေကူးတဲ့သူတွေမှာ နားခြောက်သွေ့အောင် အထူးဂရုစိုက်ဖို့ လိုပါတယ်။ တကယ်လို့ နားတွင်းပိုးဝင်ပြီး နာကျင်နေရင်တော့ ဆရာဝန်နဲ့ပြပါ။

နားထဲက ပြင်ပပစ္စည်းကို အတင်းမဖယ်ရှားပါနဲ့ လူကြီးတွေကော ကလေးတွေမှာပါ နားထဲ ပြင်ပပစ္စည်းဝင်နိုင်ပါတယ်။ လူကြီးတွေမှာတော့ နားကပ်ကျွတ်ပြီး မတော်တဆ နားထဲ ဝင်သွားတာဖြစ်တတ်ပြီး ကလေးတွေကတော့ စနောက်ချင်စိတ်၊ စပ်စုလိုစိတ်နဲ့ အခြားကလေးရဲ့နားထဲဒါမှမဟုတ် ကိုယ့်နားထဲ ပြင်ပပစ္စည်းထည့်တတ်ကြပါတယ်။

ပဲစေ့လို၊ ခဲဖျက်လို ပစ္စည်းတွေဆိုရင် သူ့အလိုလို ပြန်ထွက်သွားဖို့မလွယ်ပါဘူး။ အင်းဆက်ပိုးမွှားတွေလည်း နားထဲရောက်ပြီး ပိတ်မိနေတာမျိုး ရှိတတ်ပါတယ်။ အဲဒီအချိန်မှာ ကိုယ့်ဘာသာ ပြင်ပပစ္စည်းကို ဖယ်ရှားဖို့ မကြိုးစားပါနဲ့။ ဆရာဝန်ထံ ချက်ချင်းသွားပါ။ ဆရာဝန်က နားထဲက ပြင်ပပစ္စည်းကို အထူးကိရိယာနဲ့ ဖယ်ရှားပေးမယ့် အပြင် နားထဲမှာ ထိခိုက်ဒဏ်ရာရှိ၊ မရှိ ဆန်းစစ်ကြည့်ရှုတာ လိုအပ်သလို ကုသပေးပါလိမ့်မယ်။

နားထဲ နားဖာချေးပိတ်ဆို့နေခြင်း နားထဲ နားဖာချေး အလွန်အမင်း ပိတ်ဆို့နေပြီး ဖယ်ရှားဖို့လိုတဲ့ အခြေအနေတွေရှိပါတယ်။ ဖယ်ရှားဖို့ လိုတဲ့ လက္ခဏာရပ်တွေကတော့ နားအကြားအာရုံ ဆုံးရှုံးခြင်း၊ နားကိုက်ခြင်း၊ နားအူခြင်း၊ နားထဲပြည့်နေသလို ခံစားရခြင်း စတာတွေပါပဲ ဖြစ်ပါတယ်။ အဲဒီအခါ မိမိဘာသာ နားထဲက နားဖာချေး ထုတ်တာမျိုး မလုပ်ဘဲ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်နဲ့ ပြသလိုက်ပါ။


Sunday, 7 April 2013

ပူပြင်းသော နွေရက်များတွင် အသားအရေ လှပနေအောင်


နွေနေပူရှိန်ဟာ အရေပြားကို အရွယ်မတိုင်ခင် အိုမင်းမှု၊ အရေးကြောင်းထင်တာ၊ အမည်းစက်နဲ့ တင်းတိပ်ပေါက်တာ၊ အရေပြား ခြောက်သွေ့တာနဲ့ အချိန်ကြာလာတဲ့အခါ အရေပြားကင်ဆာကိုတောင် ဖြစ်စေနိုင်ပါတယ်။  ဒါကြောင့် တစ်နှစ်တာရဲ့ အပူဆုံး အချိန်ကာလဖြစ်တဲ့ နွေရာသီ အခါသမယမှာ သင့်အသားအရေကို ဂရုစိုက်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

(၁) နေပူရှိန်နှင့် အသားအရေ ခရမ်းလွန်ရောင်ခြည် (အေ)

- ခရမ်းလွန်ရောင်ခြည် အေရဲ့ လှိုင်းအလျားက ရှည်ပြီး အရေပြားရဲ့ အနက်ရှိုင်းဆုံး အလွှာထဲအထိတောင် ထိုးဖောက် ဝင်ရောက်နိုင်ပါတယ်။ ရေရှည်ထိခိုက်မှု ခံရတာကြောင့် ဖရီးရယ်ဒီကယ်တွေကို လှုံ့ဆော်ပေးပြီး အရေပြား အိုမင်းမှုဖြစ်စေပါတယ်။


ခရမ်းလွန်ရောင်ခြည် (ဘီ)


- ခရမ်းလွန်ရောင်ခြည်ဘီ လှိုင်းအလျားက အရေပြား အပေါ်ယံလွှာကို ထိုးဖောက်ဝင်ရောက်နိုင်ပြီး ရေရှည်ထိခိုက်မှုကြောင့် နေလောင်တာ၊ ဓာတ်မတည့်တဲ့ တုံ့ပြန်မှုနဲ့ အရေပြားကင်ဆာတို့ကို ဖြစ်စေနိုင်ပါတယ်။


ခရမ်းလွန်ရောင်ခြည် (စီ)

-  ခရမ်းလွန်ရောင်ခြည်စီ လှိုင်းအလျားက အိုဇုန်းအလွှာမှ စစ်ထုတ်လိုက်တာဖြစ်ပြီး အရေပြားကို ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။


Tip!

နေကာခရင်မ် မှန်မှန်လိမ်းပါ

ပင်လယ်ကမ်းခြေလို နေရာမျိုးကို သွားမယ်ဆိုရင် နေကာနိုင်စွမ်း  SPF ၄၅-၅၀ ဆလောက်ကို သုံးပါ။ သာမန်အတိုင်း သွားလာရာမှာတော့ နေကာနိုင်စွမ်း SPF ၁၅ ဆ ပါတာကို သုံးရင် အဆင်ပြေပါတယ်။ ထိရှလွယ်သော အသားအရေ ပိုင်ရှင်ဖြစ်လျှင် နေကာခရင်မ်က သင့်အသားအရေကို ပိုမို အပြစ်အနာအဆာ ထင်လွယ်စေတယ်ဆိုရင် ဇင့်အောက်ဆိုက်နဲ့ တိုက်တေနီယမ်ဒိုင်အောက်ဆိုက်ပါတဲ့ နေကာခရင်မ်ကို ပြောင်းသုံးသင့်ပါတယ်။ အဆီပြန်သော အသားအရေ ပိုင်ရှင်ဖြစ်လျှင် အဆီပြန်တဲ့ အသားအရေ ရှိတယ်ဆိုရင် နေကာနိုင်စွမ်း SPF ၂၀ ဆထက် ပိုများတာကို ရွေးသုံးပါ။ နေကာခရင်မ်မှာ အဆီမပါသော (Oil-Free) ဒါမှမဟုတ် Non-Comedogenic စာတမ်းပါတဲ့ အမျိုးအစားကို ရှာပါ။ ဒါမှသာ ချွေးပေါက်ပိတ်ဆို့မှု မဖြစ်စေမှာပါ။


(၂)  နေပူရှိန်ပြင်းသော အချိန်တွင် အရိပ်ထဲ နေပါ


နံနက် ၁၀ နာရီနဲ့ ညနေ ၃ နာရီကြားအချိန်က နေပူရှိန်အပြင်းဆုံးအချိန် ဖြစ်တာကြောင့် အသားအရေနဲ့ ခန္ဓာကိုယ်အပူချိန်ကို အထိခိုက်စေနိုင်ဆုံး ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ တတ်နိုင်သမျှ အိမ်ပြင်မထွက်ပါနဲ့။

(၃) အရောင်နုနု ချည်သားကို ဝတ်ပါ

အရောင်ရင့်တဲ့ အဝတ်အစား၊ အထူးသဖြင့် အနက်ရောင်ဟာ အပူရှိန်ကို စုပ်ယူထားတာကြောင့် ချွေးထွက်ပြီး အငွေ့ပြန်နိုင်စွမ်း မရှိပါဘူး။ အဲဒီအခါ ခန္ဓာကိုယ် အပူရှိန်မြင့်တက်ကာ အပူဒဏ်သင့်နိုင်ပါတယ်။ ဒါကြောင့် နေပူရှိန်ပြင်းတဲ့အချိန်မှာ အရောင်နုတဲ့ ချည်သားဝတ်စုံကို ဝတ်သင့်ပါတယ်။ အရေပြားကို ယားယံစေတဲ့ အဝတ်အစားတွေကိုလည်း ရှောင်သင့်ပါတယ်။

(၄) ဦးထုပ်ဆောင်းပါ၊ နေကာမျက်မှန်တပ်ပါ

မျက်နှာ အသားအရေသာမက ဆံပင်သားဟာ နေပူဒဏ်ကြောင့် ထိခိုက်ပျက်စီးရတတ်ပါတယ်။ ဒါကြောင့် အပြင်သွားရင် ဦးထုပ်ဆောင်းပါ။ နေကာမျက်မှန်ကတော့ မျက်ဝန်းတစ်ဝိုက် ထိခိုက်လွယ်တဲ့ အရေပြားကို အကာအကွယ်ပေးနိုင်ပါတယ်။

(၅) အရေပြားကို အနားပေးပါ

အပြင်ကို မဖြစ်မနေ သွားရောက်ပြီး အိမ်ပြန်ရောက်တဲ့အခါမှာ အသားအရေကို အနားပေးပြီး ပြန်လည်အားဖြည့်ပေးဖို့ လိုအပ်ပါတယ်။ ဆိုလိုတာက အိမ်ရောက်ပြီး မကြာခင်မှာ မျက်နှာကို ဆေးကြောသန့်စင်ပြီး သခွားသီးပါးပါး လှီးပြီးကပ်တာမျိုး လုပ်ပါ။ ဒါမှမဟုတ် သနပ်ခါးလိမ်းပါ။

(၆) နေပူရှိန်ထိတွေ့ထားသော အရေပြားကို ရေမွှေးဖြန်းခြင်း ရှောင်ပါ

ရေမွှေးထဲက ဓာတုပစ္စည်းတွေကနေ လောင်ဒဏ်ရာနဲ့ ဓာတ်ပြုကာ အရေပြားပေါ် အစွန်းအထင်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နေပူဒဏ်ခံထားရတဲ့အခါ ရေမွှေးပက်ဖျန်းတာကို ရှောင်ပါ။

(၇) ရေကူးပြီးချိန် အရေပြားကို ဆေးကြောသန့်စင်ပါ

ကလိုရင်းခတ်ထားတဲ့ ရေထဲမှာ ရေကူးပြီးရင် အရေပြားကို ဆေးကြောဖို့ အရေးကြီးပါတယ်။ ကလိုရင်းက အသားအရေကို ခြောက်သွေ့သွားစေတာကြောင့် တချို့လူတွေမှာ ဓာတ်မတည့်တဲ့ တုံ့ပြန်မှုကို ဖြစ်စေနိုင်ပါတယ်။


(၈) ရေများများ သောက်ပါ


နွေရာသီ အချိန်အတောအတွင်းမှာ ရေဓာတ်ပြည့်ဝနေတဲ့ အရေပြားဖြစ်ဖို့ လိုပါတယ်။ ရေဓာတ်ခန်းခြောက်ရင် အရေပြားခြောက်တာ၊ အရေးကြောင်းထင်တာ၊ အသားအရေ နွမ်းနယ်တာနဲ့ မွဲခြောက်တာတို့ကို ဖြစ်စေနိုင်တာကြောင့် တစ်နေ့လုံး ရေများများ သောက်ပေးသင့်ပါတယ်။

(၉) ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားသောက်ပါ

နွေရာသီမှာ သကြားနဲ့ ပြုပြင်ထားတဲ့ အစာတွေကို လျှော့စားသင့်ပါတယ်။ ဒါ့အပြင် ဇီဝရုပ်ဖြစ်ပျက်မှုကို မြင့်တက်စေတဲ့ အပူအစပ်စာတွေကိုလည်း ရှောင်သင့်ပါတယ်။ အရွယ်မတိုင်ခင် အိုမင်းမှုကိုရှောင်လွှဲဖို့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်၊ ဟင်းရွက်သုပ် စတာတွေကို စားသင့်ပါတယ်။ ဒိန်ချဉ်ကလည်း နွေရာသီမှာ အသားအရေ ကျန်းမာလှပစေတဲ့ အစာပါ။ နွေရာသီမှာ အသားအရေ စိုပြည်တင်းရင်းနေစေဖို့ အခွံမာတဲ့ အစေ့အဆန်နဲ့ ငါးလိုပင်လယ်စာတွေကို စားသင့်ပါတယ်။

(၁၀) အရေပြားကို ပုံမှန်စစ်ဆေးပါ

အနည်းဆုံး တစ်လတစ်ကြိမ် အရေပြားမှာ နေလောင်ဒဏ်ကြောင့် ထိခိုက်မှု ရှိ၊ မရှိ စစ်ဆေးပါ။ အထူးသဖြင့် မှဲ့တွေက အရောင်ပြောင်းလာလား၊ အရွယ်အစား ပြောင်းလဲလာသလား၊ နာကျင်လာသလား၊ ယားယံသလား၊ သွေးထွက်သလားဆိုတာကို စစ်ဆေးသင့်ပါတယ်။

Tuesday, 11 September 2012

မိုဘိုင်း ဟန်းဖုန်းအသုံးပြုလျှင် သတိထားရန် အချက်များ


ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို့ မျှဝေလိုက်ပါတယ်။

မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့်

ဆဲလ်ဖုန်းကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများက ဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်များကတော့-

skin rashes-အရေအပြား အနီကွက်ထခြင်း၊ headaches (ခေါင်းကိုက်ခြင်း)၊ migraines (ခေါင်းတစ်ခြမ်းကိုက်ခြင်း) , skin irritation (အရေအပြား  ဓာတ်မတည့်ခြင်း) , insomnia (အိပ်မပျော်ခြင်း), dizziness (ခေါင်းမူးခြင်း), nausea (မအီမသာဖြစ်ခြင်း), heart palpitations (နှလုံးခုနှုန်း မမှန်ခြင်း), heart pain (နှလုံးအောင့်ခြင်း), concentration problems (အာရုံစူးစိုက်မှုနည်းခြင်း), fatigue (ပင်ပန်းနွမ်နယ်ခြင်း), tingling sensations (တစစ်စစ် တွေ့ထိသလို ခံစားရခြင်း), anxiety attacks (စိုးရိမ်ကြောင့်ကျခြင်း), memory problems (မှတ်သားမှု အားနည်းခြင်း), vision problems )အမြင်ဝေဝါးခြင်း, swollen lymph nodes (အရည်ကြည်ဖုထခြင်း), indigestion reddening of skin  (အရေပြားမှရေဒီယိုလိုင်းအား ဆုပ်ယူခြင်း) စတာတွေ ဖြစ်နိုင်ပါတယ်။




ကားပေါ်တွင် မိုဘိုင်းဖုန်း (ဆဲလ်ဖုန်း) အသုးံမပြုပါနှင့်

မိုဘိုင်းဖုန်းများဟာ (ဘတ်စ်ကား၊ ကား၊ ရထား) အစရှိသဖြင့် စက်တင် ယာဉ်ပေါ်မှာဆိုရင် ရေဒီယိုလိုင်း ထုတ်လွင့်မှု (radiation) မြင့်မားပါတယ်။ ဒါကြောင့် ဖုန်းမပြောသင့်ပါဘူး။ မဖြစ်မနေပြောရမယ်ဆိုရင်တော့ ခေါင်းနဲ့ သိပ်မကပ်ပဲ လိုရင်းတိုရှင်းပြောပြီး ဖုန်းချသင့်ပါတယ်။
အသက် ၁၆ နှစ်အောက် နှင့် မိုဘိုင်းဖုန်း
အသက် ၁၆ နှစ်အောက် ကလေးငယ်များအနေနဲ့ မိုဘိုင်းဖုန်း အသုံးမပြုသင့်သေးပါဘူး။ သူတို့ရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲသာဖြစ်ပြီး ဦးခေါင်းခွံ ပါးနေပါသေးတယ်။ ဒါကြောင့် သူတို့ဟာ သာမန်လူတွေထက် Radiation ကို ပိုမို ခံရပါတယ်။


မိုဘိုင်းဖုန်းကို ဘောင်းဘီအိပ်ထဲမထည့်ပါနှင့်

မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ကပ်ထည့်တဲ့ အလေ့အကျင့်ရှိရင် ရှောင်ရှားစေလိုပါတယ်။ ရေဒီယုလှိုင်းရဲ့ ဓာတ်ပြု ရိုက်ခက်မှုကြောင့် ယင်းအလေ့အထက ကြာလာရင် မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကို သေစေပြီး ကလေးမရနိုင်တဲ့ အမြုံဖြစ်စေနိုင်ပါတယ်။


မိုဘိုင်းဖုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုင်များအတွက် အသုံးမပြုပါနှင့်

ဒါကအင်မတန် အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း တားမြစ်ထားပြီး ဖြစ်ပါတယ်။ ဆီဖြည့်နေစဉ် ဖုန်းပြောရင်တော့ ပိုပြီးတော့ အန္တရာယ်ဖြစ်မယ့် အလားအလာ ရှိပါတယ်။ မိုဘိုင်းဖုန်းမှာ လွတ်လိုက်တဲ့ Electro magnetic wave/ radio wave တွေဟာ  static electricity ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ မီးပွင့်လာတဲ့အတွက်  လေကနေ ဓာတ်ကူးပြီး အငွေ့ပြန်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့အထိ မီးကူးသွားပါတယ်။ အကျိုးဆက်ကတော့ ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်လာနိုင်စေပါတယ်။ လောင်စာဆီတွေမှမဟုတ်ပဲ၊ ဓာတုဗေဓ ပစ္စည်းထားသိုရာ နေရာအချို့ မှာတောင် အန္တရာယ်ရှိတဲ့အတွက် တားမြစ်ထားပါတယ်။ လောင်စာဆီ ဖြည့်စဉ် ဖုန်းပိတ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။


မိုဘိုင်းဖုန်းနှင့် အခြားရောဂါ ဝေဒနာ

မိုဘိုင်းဖုန်းကြာကြာအသုံးပြုသူတွေဟာ ရေဒီယိုလှိုင်းများကြားမှာ အသက်ရှင်နေကြပါတယ်။ ယင်းလိုင်းရဲ့ ရိုက်ခတ်မှု များကြောင့် ဦးနှောက်သွေးဆဲလ်တွေမှာ ပါဝင်တဲ့ melatonin, serotonin, dopamine , norepinephrine အစရှိသဖြင့် ဟိုမုန်းများကို ပြောင်းလဲစေပြီး ဦးနှောက်နဲ့ပက်သက်တဲ့အခြားရောဂါများ အလွယ်တကူ ဖြစ်စေ ပါတယ်။ ပြီးတော့ မိုဘိုင်းဖုန်းအမြဲအသုံးပြုသူဟာ စိတ်ကျရောဂါမျိုးလည်း ခံစားတတ်ရပြီး ကိုယ်ခံအားပါ ကျဆင်းစေပါတယ်။


ဒါကြောင့် မိုဘိုင်းဖုန်းကို လိုအပ်မှသာ အသုံးပြုစေဖို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ နေ့စဉ် မိုဘိုင်းဖုန်းကို တစ်နာရီ၊ နှစ်နာရီ ဆက်တိုက်ပြောဆိုတဲ့အလေ့ကျင့်ကိုလည်း မလုပ်ဖို့ တားမြစ်ထားပါတယ်။ မိုဘိုင်းဖုန်းကို မိနစ်ပိုင်းအတွင်း ပြောဆိုခြင်းသာ သင့်တော်တယ်လို့ဆိုပါတယ်။

အထက်ပါအချက်အလက်များကို WHO မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်  မိုဘိုင်းဖုန်း အသုံးပြုသူများ အနေနဲ့ ဖုန်းဘေးအိပ်ခြင်း၊ ကားပေါ်တွင်ဖုန်းပြောခြင်း၊ ဘောင်းဘီအိပ်ထဲ ထည့်ခြင်း၊ လောင်စာဆီ အနီးတွင် ပြောဆိုခြင်း၊ ဖုန်းကြာကြာပြော ဆိုခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။

Friday, 7 September 2012

ဝက်ခြံ နဲ့ ဆားဝက်ခြံကို လွယ်လွယ်လေးဖယ်ရှားမယ်။


ဝက်ခြံ ဆိုတာ... အဆီရယ် ချွေးရယ်.. ချေးညှော်တွေရယ်ပေါင်းပြီး ထွက်လာရတာပါ။
အဲ့ဒိတော့ မပေါက်ခင် ကာကွယ် ချင်တယ်ဆိုရင်.....



၁။ မျက်နှာကို အမြဲ သန့်စင်အောင်ထားပါ။ ညအိပ်ခါနီးတိုင်း မျက်နှာကို သန့်စင်အောင် ဆေးပြီးမှအိပ်တာ အကောင်း
ဆုံးပါ။ မိတ်ကပ်၊ သနပ်ခါး၊ တနေ့လုံး ကပ်ညိနေတဲ့ ဖုန် တွေ ကနေ... ည အိပ်နေတဲ့ အချိန်မှာ ပိုးမွှားတွေ ပေါက်ဖွား
နိုင်ပြီး ၀က်ခြံ တွေ ပေါက်ဖို့ လမ်း ဖြစ်လာတတ်လို့။



၂။ အဆီ ပြန် တတ်တဲ့ အသားအရည် ပိုင်ရှင် များက အစားအသောက် စားတဲ့အခါ အဆီအစိမ့် နဲ့ နို့ထွက် ပစ္စည်းကို
ရှော့ စားပေးပါ။ တနေကုန် အလုပ် လုပ်၊ ကျောင်းသွား.. လှုပ်ရှားသွားလာနေရတဲ့ သူများ အနေနဲ့ တစ်ရှုးသန့်သန့်ကို
ဆောင်ထား တတ်တဲ့ အလေ့အကျင့်လုပ်ပေးသင့်တယ်။ အဆီပြန်လာတဲ့အခါ တစ်ရှုးကို ၂ လွှာ ရှိရာကနေ တလွှာ ခွာပြီး
ညင်ညင်သာသာသုတ်ပစ်ပြီး သန့်စင်ပေးပါ။ တစထက် တစ အဆီပြန်မှု နည်းသွားပါလိမ့်မယ်။
နောက်တခုက ။ ။ ခရမ်းချဉ်သီး နဲ့ ပေါင်းတင်ပေးခြင်းက အဆီပြန်ခြင်းကို သက်သာစေပါတယ်။




လွယ်လွယ်လေးနော်.....၂နည်း ရှိတယ်။



နည်း ၁။

၁) ခရမ်းချဉ်သီးကြီးကြီး နဲ့ မာမာတလုံးကိုယူပြီး ထိပ်ဖူးကို စိတ်ပါ။
၂) သကြားအဖြုတစ်ဇွန်းစာကို ပန်းကန်ပြားထဲထည့်ပြီး ခရမ်းချဉ်သီး ထိပ်ဖူးနဲ့ သုတ်လိမ်းပါ။
၃) မျက်နှာပြင်ပေါ်ကို နေရာအနှံ့ စသုတ်လိမ်းပေးပါ။
၎) ၁၀ မိနစ် ထားပြီး.. ရေဆေးလိုက်ပါ။


ပြီးပါပြီ။





နည်း ၂။

၁။ ခရမ်းချဉ်သီးကို စိတ်ပါ။ အလယ်သားကို ဖယ်ပြီး အဲ့ဒိ အလယ်သား (အရည်) နဲ့ မျက်နှာပြင်ကို သုတ်လိမ်းလိုက်ပြီး

၁၀မိနစ်ထားပြီးမှ ရေးဆေးပါ။


ပြီးပါပြီ။




(သတိပြုရမှာက တချို့ အသားအရည်တွေက အဲ့လို ပေါင်းတင်ပြီးရင် ပြီးပြီးချင်း ခနအဆီပြန်တာ သက်သာပေမဲ့ အနည်း
ငယ် မဲသွားတတ်တယ်.. လန့်မသွားပါနဲ့ မတည့်လို့ မဟုတ်ပါဘူး။ နောက်တစ်ရက်ဆို နဂိုအသားတိုင်း ပြန်ဖြစ်သွားမှာပါ။
နှစ်ပတ်ကို တစ်ခါ လုပ်ပေးလို့ ရပါတယ်။ )




ပြီးတော့.. ခရမ်းချဉ်သီးက နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကာကွယ်ပေးနိုင်လို့ အရေပြားကင်ဆာ

နဲ့ အိုးမင်းရင့်ရော် ခြင်းကို လျော့ကျစေတယ်။ အဲ့လို စနစ်တကျ နေ သားကျ သွားတဲ့အခါ ချွေးထွက် များတယ် ဆိုရင်
တောင်..တခြား အဆီတွေ ချေးညှော်တွေ နည်းကျဉ်းလွန်းတဲ့ အတွက် ၀က်ခြံမပေါက်နိုင်တော့ပါဘူး။




တခုတော့ ရှိတယ်နော်.... ၀က်ခြံ ပေါက်တာ... အသားအရည် ကျန်းမာ မှုနဲ့ဆိုင်သလို... သွေးသား နဲ့လဲ ဆိုင်လို့...

အမျိုးသမီးများ ရာသီလာချိန်များနဲ့ ယောက်ျားလေးများလူပျိုဖော်ဝင်စ ချိန်တွေဆို.. ပေါက်လာတတ်တာလဲ သဘာဝပါ။




ကဲ.. ၀က်ခြံ ပေါက်လာပြီ ဆိုပါစို့....


၁။ ပထမ နဲ့ အရေးကြီးက “ မညှစ်ပစ်ဖို့ပါ။” ။ လက်သည်းမှာ ကပ်နေနိုင်တဲ့ ရောဂါပိုးမွှားတွေက ၀က်ခြံထိပ်ဝ

(သွေးထွက်ရာ နေရာ) နဲ့ ထိမိ ၊ ဖိမိတဲ့အခါ အသားထဲကိုဝင်ရောက်ပြီး အနာကိုလည်းရင်းစေသလို.. ပွားနှုန်းလည်း
မြန်နိုင်ပါတယ်။ နောက်တခုက အမာရွတ်ဖြစ်ကျန်ခဲ့တာပါ။



၂။ မှဲ့ တဲ့ အထိစောင့်ပါ။ (၀က်ခြံ ရှိလို့ မရှက်ပါနဲ့ ပို မဆိုးအောင် ကရုစိုက်ပါ။) မှဲ့လာတဲ့အခါ သူ့သဘာဝအတိုင်း

အဆံလေးက အပြင်ကိုညွတ်ကျပြီးထွက်သွားပါလိမ့်မယ်...။ အဲ့ဒိအခါမှ တစ်ရှုးဆသန့်သန့် နဲ့ ဖြစ်ဖြစ် လက်သန့်သန့်နဲ့
ဖြစ်ဖြစ် အလွယ်တကူ ဖယ်ရှားနိုင်ပါတယ်။

Saturday, 23 June 2012

လက်မထပ်ခင် သွေးအုပ်စု တည့်-မတည့် သိဖို့အရေးကြီး

လက်မထပ်ခင် သွေးအုပ်စု တည့်-မတည့် သိဖို့အရေးကြီး
Posted by mhuthaw

• Blood group match for marriage is unnecessary အဲလိုစစ်နေဘို့ မလိုအပ်လှပါ။ ကျန်းမာရေး အယူအဆ နှစ်မျိုးလုံး တွေ့နိုင်ပါတယ်။

အရေးကြီးတယ်ဆိုတာ Rh incompatibility မတူဖြစ်မှာကို တားဘို့အတွက် ဖြစ်တယ်။
မသိဘဲ အိမ်ထောင်ကျလို့ ကိုယ်ဝန်ရတဲ့အခါ ကလေးမှာ Hemolytic disease of the
newborn-HDN ဆိုတာ ဖြစ်နိုင်တယ်။ Erythroblastosis fetalis လို့လဲခေါ်တယ်။
Antigen-antibodies reaction ခေါ်တဲ့ ဓါတ်ပြုမှုကြောင့် ဖြစ်ရတယ်။ Maternal
antibodies မိခင်ရဲ့ (အင်တီဘော်ဒီ) တွေက Placenta အချင်း ကတဆင့် ကလေးဆီ
ကူးလာတယ်။

မိခင်ဟာ Rh negative မဖြစ်ရင် ဘာမှ စိုးရိမ်စရာ မရှိပါ။
Rh -ve ဆိုတဲ့သဘောက သူ့ရဲ့ cells သွေးနီဥတွေ မျက်နှာပြင်မှာ D antigen
ဒါမှမဟုတ် Rh factor မရှိတာ ဖြစ်တယ်။ မိန်းမက RH-ve နဲ့ ယောက်ျားက RH+ve
ဖြစ်နေရင် သူတို့ကနေမွေးမဲ့ကလေးဟာ RH+ve ဖြစ်ဘို့ အခွင့်အလမ်း ၅ဝ%
ရှိနိုင်တယ်။ အဲလို ဖြစ်နေမှ ပြဿနာတက်မယ်။ ကလေးရဲ့သွေးနဲ့ မိခင်သွေးတွေ
အမျိုးမတူကြဘူး။

မွေးလာတဲ့ကလေးမှာ Erythroblastosis fetalis
ရောဂါရမယ်ဆိုရင် Exchange transfusion သွေးလဲတာ လုပ်ရတယ်။ Hemolytic
disease of the newborn မွေးစကလေးမှာ ဒီရောဂါဖြစ်မှာကို Intrauterine
transfusion ဗိုက်ထဲကတည်းက သွေးလဲတာနဲ့ ကုနိုင်သေးတယ်။ Direct antiglobulin
test (DAT, Direct Coomb's test ) စမ်းသပ်နည်းနဲ့ HDN ရှိ-မရှိစစ်ဆေးတယ်။
ဒါ့ကြောင့် လက်မထပ်ခင် သွေးအုပ်စု တည့်-မတည့် သိဘို့ အရေးမကြီးဘူး
ပြောတာဖြစ်တယ်။

Maternal Risks မိခင်မှာ ဘာဖြစ်နိုင်သလဲ


• Rh
negative မိခင်ကနေ Rh positive ကိုယ်ဝန်ကို ဆောင်နိုင်တယ်။ အဲဒီအခြေအနေမှာ
မိခင်ရဲ့ Immune system ရောဂါပြီး စနစ်ကနေ ကလေးရဲ့ Rh positive red blood
cells သွေးနီဥတွေကို ရန်သူလိုသဘောထားလိမ့်မယ်။ ဒါကြောင့် မိခင်ရဲ့သွေးထဲမှာ
ဒါကိုဆန့်ကျင်တဲ့ Antibodies တွေထွက်လာပြီး တိုက်ခိုက်လိမ့်မယ်။
Sensitization ယဉ်ပါးအောင်လုပ်တာလို့ ဆေးစာနဲ့ခေါ်တယ်။
• ပထမကိုယ်ဝန်မှာ
မဆိုးတာများတယ်။ ဒုတိယကလေးဆိုရင် RH+ve ဖြစ်ဘို့ ၂၅-၅ဝ% ရှိတယ်။ ပထမ
ကိုယ်ဝန်ဆောင်တုံးက သွေးထဲမှာ ဖြစ်နေခဲ့ပြီးသား Antibodies တွေဟာ
များနေပြီမို့ ဒုတိကိုယ်ဝန်ဖြစ်နေတဲ့ အထဲက ကလေးကို ဆိုးဆိုးဝါးဝါး
တိုက်ခိုက်တော့မယ်။
• Rh negative မိခင်မှာ Miscarriage
ကိုယ်ဝန်ပျက်တာ၊ Ectopic pregnancy သားအိမ်ပြင်ပသန္ဓေတည်တာ၊ Induced
abortion ကိုယ်ဝန်ဖျက်တာတွေကနေ ကလေးရဲ့သွေးကလဲ အချင်းကတဆင့်
မအေဆီရောက်နိုင်လို့ မအေမှာ Sensitization ဖြစ်မယ်။
• ကိုယ်ဝန်ရင့်ချိန်မှာ Amniocentesis ရေမြွာရည် ဖေါက်ယူ စစ်ဆေးလို့လဲ နဲနဲဖြစ်နိုင်သေးတယ်။

Risks to the baby ကလေးအတွက် အန္ကရာယ်တွေ


• မိခင်ရဲ့ ဆန့်ကျင်တဲ့ Antibodies တွေကတိုက်ခိုက်ခံရတော့ သွေးနီဥတွေ
နည်းပါးလို့ (Anemia) သွေးအားနည်းမယ်၊(Jaundice) အသားဝါရောဂါရမယ်၊ (Mental
retardation ) ဦးနှောက်ညံ့မယ်၊ ကြာရင်( Heart failure) နှလုံးရောဂါရမယ်။

သွေးအား အလွန်နည်းတာနဲ့ အသားဝါ အလွန်ဆိုးတာ ခံစားရမယ်။ ဒီ Jaundice
အသားဝါဖြစ်တာက Physiological jaundice ကလေးတိုင်း ဖြစ်တဲ့ အသားဝါထက်
ဆိုးတယ်။
• ဗိုက်ထဲမှာတင် သေနိုင်တယ်။ မွေးပြီး မကြာခင်လဲ သေနိုင်တယ်။ Hemolytic Disease of the Newborn ရောဂါလို့ ခေါ်တယ်။

Rhogam ဆေး နဲ့ ကိုယ်ဝန်


Rh negative pregnancy ကိုယ်ဝန်ဆောင်ကို Rhogam ဆေး IM ထိုးပေးရတယ်။
Anti-D globulin (RhoGAM) ဆေးပေးရင် Rh negative မိခင်လောင်း ၉၉% မှာ
Anti-Rh antibodies တွေ ဖြစ်မလာစေနိုင်ဘူး။ ကိုယ်ဝန် ၂၈ ပါတ်မှာ နဲ့
မွေးပြီး ၇၂ နာရီအတွင်း ပေးတယ်။ ဒီလိုနည်းတွေ ပေါ်လာလို့ ကနေ့ခေတ်မှာ
Erythroblastosis fetalis ရောဂါ နည်းလာနေပြီဖြစ်တယ်။

Rh-ve
ဖြစ်သူအရေအတွက် နည်းပါတယ်။ Rh-ve factor ရှိသူအချင်ချင်း အိမ်ထောင်ပြုတာ
ဘာမှ စိုးရိမ်စရာမရှိပါ။ ABO blood types (A, B, AB, O) အေ-ဘီ-အို
သွေးအုပ်စု မတူသူတွေ လက်ထပ်လို့ ဘာမှမဖြစ်ပါ။ လက်မထပ်ခင်၊ ကလေးမယူခင် HIV
နဲ့ Hepatitis B တွေ စစ်ဆေးတာက ပိုလိုသေးတယ်လို့ ဆိုနိုင်တယ်။

စာရေးသူကိုမသိသောကြောင့် အမည်မဖော်ပြလိုက်ပါ........ 

ကျန်းမာရေးဗဟုသုတအနေနဲ့ တင်ပြလိုက်တာပါ။  နောက်တစ်ခုက ပုံလေးတင်ပေးလိုက်ပါတယ်။ မည့်သို့သောသွေးအုပ်စုတွေက တခြားသွေးအုပ်စုတွေကို အစားသွင်းလို့ရတယ်ဆိုတာရယ်၊ မိခင်သွေးနဲ့ ဖခင်သွေးပေါင်းရင် ကလေးသွေးက ဘာဖြစ်တယ်ဆိုတာကို ပြထားတဲ့ ဇယားလေးပါ။


အားလုံးကိုလေးစားလျက်.....

Tuesday, 3 April 2012

ဝက်ခြံတွေကိုပျောက်ကင်းစေတဲ့ သဘာဝရဲ့ပဉ္စလက်စွမ်းအားများ

သူငယ်ချင်းတို့ကို ဒုက္ခပေးနေတဲ့ဝက်ခြံတွေကို နှိမ်နင်းပေးဖို့နည်းလမ်းတွေ
 
ကြိုးစားပမ်းစားရှာထားပေးပါတယ်။
 
ဈေးကြီးကြီးပေးရတဲ့ အလှကုန်တွေကို လှည့်မကြည့်ပါနဲ့တော့။
 
သူငယ်ချင်းတို့ရဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့ စားစရာလေးတွေရဲ့
 
ပဉ္စလက်ဆန်တဲ့အစွမ်းတွေကပဲ သူငယ်ချင်းတို့ကိုလှအောင် ကူညီပေးမှာပါ။
 
အကုန်အကျလည်းအများ၊ ဓာတ်မတည့်မှာလဲမပူရ၊ လွယ်လည်းလွယ်၊
 
ထိလည်းထိရောက် ဘယ်လောက်ကောင်းလဲနော်။
 
စမ်းကြည့်ကြပါအုံး။
 
 


ပန်းသီး

ပန်းသီးလေးရဲ့အစွမ်းနဲ့ သင့်အသားအရေကို ပြောင်းလဲရအောင်။
 
ပန်းသီးလေးကို ပါးပါးလှီးပြီး ရေနွေးပူလောင်းလိုက်ပါ။ ရေတွေကိုစုပ်ပြီး ပန်းသီးအသားလေးပိုနူးညံ့သွားပါစေ။
 
ပြီးရင် ခဏအအေးခံထားပြီး ၀က်ခြံရှိတဲ့နေရာတွေပေါ်မှာ ကပ်ထားလိုက်နော်။
 
ဒီနည်းလေးက အရေပြားအထူးကုဆရာဝန်ကြီးတွေ ထောက်ခံထားတဲ့ အကောင်းဆုံးနည်းတွေထဲက တစ်ခုပါ။
 
ဝက်ခြံကို မြန်မြန်ပျောက်ကင်းစေတဲ့ ပန်းသီးအက်ဆစ်ရဲ့နူးညံ့ချောမွတ်စေတဲ့အစွမ်းကို သူငယ်ချင်းအရမ်းကြိုက်သွား
 
မှာ သေချာတယ်နော်။




သရက်သီး

“အသီးမှာသရက်”တဲ့။ သရက်သီးလေးကတော့ အကောင်းဆုံးအရသာကိုပေးသလို အသားအရေအတွက်လဲ
 
အရမ်းကောင်းပါတယ်။ မျက်နှာအသားအရေကို ထိန်းသိမ်းတာကို ဆိုင်မှာအကုန်အကျခံပြီး သွားလုပ်စရာမလိုပဲ
 
အိမ်မှာပဲလုပ်နိုင်မယ့် နည်းလေးပဲလေ။ သရက်သီးကို အခွံခွာပြီး သရက်သီးအသားတွေကို ခရင်းနဲ့ ကြေညက်အောင်
 
ချေပေးပါ။ ပြီးတော့ ရလာတဲ့အနှစ်ကို မျက်နှာအနှံ့လိမ်းပြီး စက်ဝိုင်းသဏ္ဍာန်သေချာလေးနှိပ်ပေးနော်။ ၅-၁၀မိနစ်ကြာ
 
ရင် ရေနဲ့သေချာဆေးချလိုက်ရုံပါပဲ။ မျက်နှာလေးက သန့်စင်ချောမွတ်ပြီး ချွေးပေါက်တွေပါ ကျဉ်းသွားပါလိမ့်မယ်။
 
 


သံပုရာသီး နဲ့ ဒိန်ခဲ

ဒီနှစ်မျိုးကလည်း သင့်ရဲ့ဝက်ခြံပြသနာကို ကူညီပေးနိုင်တယ်နော်။ ဒိန်ခဲနဲ့သံပုရာရည်လက်ဘက်ရည်ဇွန်း ၂ ဇွန်းစာစီ
 
ကို ရောမွှေလိုက်ပါ။ ရလာတဲ့အနှစ်လေးတွေကို ၀ါဂွမ်းနဲ့ဆွတ်ပြီး ၀က်ခြံပေါ်ကပ်ထားလိုက်ပါ။ မျက်နှာတပြင်လုံး မလုပ်
 
ရဘူးနော်။ ဒီနည်းလေးကို တစ်ပတ်တစ်ခါလုပ်ရင် ၀က်ခြံတွေ တဖြည်ဖြည်းပျောက်သွားပါလိမ့်မယ်
 
 
 


ရေနွေးကြမ်း နဲ့ မုန်လာဥနီ

ဒီနှစ်မျိုးအတွဲက နည်းနည်းတော့ထူးဆန်းမှာပဲနော်။ ဒါပေမဲ့ အရေပြားအထူးကုဆရာဝန်ကြီးတွေရဲ့ ထောက်ခံချက်
 
ရထားတဲ့နည်းလေးပါ။ အနေတော်မုန်လာဥနီတစ်လုံးကို ရေစင်အောင်ဆေးပြီး ပြုတ်လိုက်ပါ။ ပြီးရင် ရေနွေးကြမ်း
 
နဲနဲနဲ့ရောပြီး ညက်အောင်ချေပေးပါ။ သေချာကျေညက်တဲ့ အနှစ်လေးတွေ ရပြီဆိုရင်တော့ ၀က်ခြံတွေပေါ်အုံလိုက်ပါ။
 
၁၅မိနစ်လောက်နေရင် ရေနွေးလေးနဲ့ဆေးချလိုက်ရုံပါပဲ။
 
 




လိမ္မော်သီးနဲ့ကြက်ဥ

အရွယ်တော်လိမ္မော်သီးတစ်လုံးကို အရေညှစ်ပြီး ကြက်ဥအကာနဲ့ ရောမွှေလိုက်နော်။ ရလာတဲ့အနှစ်ကို ၀က်ခြံပေါ်
 
အုံပြီး ၁၅ မိနစ်ထားပါ။ ပြီးတော့ ရေဆေးချတာနဲ့ ၀က်ခြံက ရောင်တာရော နာတာပါ သက်သာသွားစေတဲ့အတွဲလေးပါ။
 
 
 
 


ခု ဒီနည်းလေး ၅ မျိုးကို အရင်စမ်းကြည့်အုံးနော်။ ဒီလို စားကောင်းသောက်ဖွယ်လေးတွေ..
 
အဲလေ.. နည်းကောင်းလေးတွေ အများကြီးရှိသေးတယ်နော်။ ၀က်ခြံပျောက်ကင်းစေတဲ့ သဘာဝရဲ့ပဉ္စလက်စွမ်းအား
 
များ (၂) ကို နောက်နေ့မှ ဆက်တင်ပေးမယ်။ ကွန်နက်ရှင်နဲ့ နပန်းလုံးပြီး တင်ရတာဆိုတော့လေ။ :D
 
အော်.. လောကြီးပြီး မျက်နှာမသစ်ပဲ မလုပ်လိုက်နဲ့နော်။ အပေါ်က နည်းတွေအားလုံးကို မျက်နှာသစ်ပြီးမှ လုပ်ရမှာပါ။
 
သဘာဝသစ်သီးတွေရဲ့ အစွမ်းကို သူငယ်ချင်းတို့ ကျေးဇူးတင်ရမှာပါ။ “မသိသူကျော်သွား သိသူဖော်စား” တဲ့။
 
တကယ်လည်း စားလို့ရတာတွေပါပဲ။ :P ၀က်ခြံရဲ့ သားကောင်အဖြစ်က အမြန်လွတ်နိုင်ပါစေ သူငယ်ချင်းတို့။
 
 
 

မိန်းကလေးတွေကျန်းမာပြီးလှပရေးအတွက်အဓိကအစားစောတွေပါ

  • မိန်းကလေးတွေဦးနောက်ညာဏ်ရည်ကောင်းဖို.အတွက်အဓိကဟင်းရွက်ပါ



မျက်လုံးလေးလှဖို.အဓိက အစာကဗီတာမင် အေ အပြည်.နဲ.  ကန်စွန်းဥပါ
ဆံပင်အတွက်အဓိကအစာကSea  weedပါ   ဆံပင်ကိုရေဓာတ်အပြည်.ဖြည်.ပေးနိုင်စွမ်းရှိတယ်လေ
အဆုတ်အတွက်အကောင်းဆုံးအစာက      ခရမ်းချဉ်သီးပါ
တပါတ်မှာ ၃ ခါလောက်စားရင် အသက်ရှုကြပ်တာကာကွာပြီး  အဆုတ်ပိုးဝင်တာကိုလည်းကာကွာပေးတယ်တဲ.
ပေါင်လေးလှပအတွက်ပထမ ငှက်ပြောသီးကိုစားပါ
ဒုတိယက  ဒီအရွက်လေးပါ  (မခေါ်တတ်လို.  ဟိဟိ)
ကျောက်ကပ်ကျန်းမာရေးအတွက်  အမည်းရောင်ပဲသီး
အစာအိမ်ကျန်းမာရေးအတွက်  က ကော်ဖီထုပ် 
လက်သည်းအလှအတွက် အဓိကအစာက ကြက်ဥ
လှပတဲ.အရေးပြားအတွက်   အဓိကအရွက်ကပန်းကော်ဖီ
မိန်းကလေးတွေအားလုံးပဲ  ကျန်းမာပြီးလှပကြပါစို.


ကျန်းမာပြီးပိန်စေချင်ရင်ဒါတွေအမြဲစားနိုင်တယ်နော်
အားလုံးပျော်ရွင်ပါစေ

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့