Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Showing posts with label ♪♥♪ရုပ်သံ သတင်းများ♪♥♪. Show all posts
Showing posts with label ♪♥♪ရုပ်သံ သတင်းများ♪♥♪. Show all posts

Wednesday, 29 October 2014

မေဘရဏီသော်က အကောင်းဆုံး ယှဉ်ပြိုင်သွားမယ်လို့ ပြော (ရုပ်/သံ)

ဂျပန်နိုင်ငံ တိုကျိုမြို့မှာကျင်းပမယ့် Miss International Beauty Pageant 2014ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် မေဘရဏီသော်က အကောင်းဆုံး ယှဉ်ပြိုင်သွားမယ်လို့ DVB ကိုပြောပါတယ်။


Tuesday, 28 October 2014

တောင်ဒဂုံက လယ်သမားဆန္ဒပြပွဲ (ရုပ်/သံ)

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်က လယ်ယာမြေ ၁၅ ဧကမှာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီရဲ့ အခွန်ဦးစီးဋ္ဌာနပိုင်မြေဆိုပြီး ခြံစည်းရိုးခတ်လိုက်တဲ့အတွက် ကန့်ကွက်ကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့က လယ်သမား ၁ဝဝ ကျော်က တောင်ဒဂုံမြို့နယ်အတွင်း လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။


Friday, 9 May 2014

စက်မှုဇုန် အလုပ်သမားဆန္ဒပြပွဲများ (ရုပ်/သံ)

 ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုန် (၂) က Star Tex အထည်ချုပ်စက်ရုံနဲ့ ရွှေပေါက္ကံက Shing Sung အထည်ချုပ်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြနေကြပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်း က တင်ပြထားပါတယ်။





Wednesday, 25 September 2013

မြန်မာအမျိုးသားနဲ့  မလေးနိုင်ငံသူဇနီးကို ပြစ်ဒဏ်ချမှတ်

မြန်မာနိုင်ငံကို တရားမ၀င်ခေါ် ဆောင်ပေါင်းသင်းနေထိုင်နေတာနဲ့ ပက်သက်ပြီး မြန်မာအမျိုးသားနဲ့  မလေးနိုင်ငံသူဇနီး ကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနဲ့ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ ဒေါ်ခင်မင်းဇော် သတင်းပေးပို့ထားပါတယ်။ ရိုက်ကူး သားကြီး




မြန်မာအမျိုးသားနဲ့  မလေးနိုင်ငံသူဇနီးကို ပြစ်ဒဏ်ချမှတ်  


Friday, 20 September 2013

ရွှေတူးဖော်သူတွေ အဆုတ်ရောဂါတမျိုးနဲ့  သေဆုံးနေ (ရုပ်/သံ)

သပိတ်ကျင်းမြို့နယ် မီးလန်းတောင်က ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်သူတွေကြားမှာ ဂန်းရောဂါ ဖြစ်ပွားပြီး သေဆုံးသူတွေ များပြားနေတယ်လို့ ဒေသခံ ဆရာဝန်တဦးက ပြောဆိုလိုက်ပါတယ်။ ဒေါ်ခင်ရူပါ တင်ဆက်။ ရိုက်ကူး တင်မာဆွေ






ကကြီးရေ ... က (ရုပ်/သံ)

နိုင်ငံတကာ ယဉ်ကျေးမှုနဲ့ ဒွေးရော ယှက်တင်ဖြစ်လာတဲ့ ဂလိုဘယ်ခေတ်ကြီးမှာ ရေစီးကြောင်း အသစ်ရဲ့ ကကွက်အစုံအလင်ဟာ မြန်မာ လူငယ်တွေကြားမှာ အစားထိုး ဝင်ရောက်လာ နေပါတယ်။ အထူးသဖြင့် နိုင်ငံရေး စီးပွားရေး ပွင့်လင်းချိန်မှာတော့ ယဉ်ကျေးမှုမျက်နှာစာမှာ အများကြီး အပြောင်းအလဲတွေ ဖြစ်လာပါတော့တယ်။






ဒေါ်လာ ၁၁ ဘီလီယံကိစ္စ ရှင်းလင်းပွဲ



Tuesday, 17 September 2013

ပုဂံမြို့ သစ် စားသောက်ဆိုင်များနဲ့ ဘီယာလိုင်စင် (ရုပ်/သံ)

မန္တလေးတိုင်း ပုဂံမြို့သစ်အတွင်းမှာရှိတဲ့ စားသောက်ဆိုင်တွေမှာ ဘီယာရောင်းချခွင့် လိုင်စင် ချပေးတာနဲ့ပတ်သက်ပြီး ဆိုင်ပိုင်ရှင်တွေအကြား မကြေနပ်မှုတွေ ထွက်ပေါ်နေပါတယ်။ ရောင်းချခွင့် လိုင်စင်ချပေးတဲ့နေရာမှာ ဆိုင်ပေါင်း ရာကျော် ရှိတဲ့အထဲက ၃ ဆိုင်ကိုသာ ရောင်းချခွင့်လိုင်စင် ချပေးခဲ့တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ တရားမျှတစွာ ဆုံးဖြတ်ခဲ့ခြင်းမရှိဘူးဆိုပြီး ဆိုင်ပိုင်ရှင်တွေအကြား ဝေဖန် ပြောဆိုမှုတွေ ထွက်ပေါ်နေတာပါ။ အပြည့်အစုံကိုတော့ ပုဂံမြို့မှာ သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။






ပုဂံမြို့ သစ် စားသောက်ဆိုင်များနဲ့ ဘီယာလိုင်စင် (ရုပ်/သံ)  

မန္တလေး ရတနာပုံတက္ကသိုလ်မှာ ရေကြီး (ရုပ်/သံ)

မန္တလေး ရတနာပုံတက္ကသိုလ်မှာ ရေကြီးနေလို့ ကျောင်းသား ကျောင်းသူတွေ သွားလာရေး ခက်ခဲနေပြီး စာမေးပွဲဖြေဖို့ အချိန်မမှီတာတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဦးကျော်ဇေယျာဝင်းပေးပို့ထားပါတယ်။
ရို်က်ကူး - အိမ်ခိုင်မြဲ၊ icj ပြည့်စုံအောင်





မန္တလေး ရတနာပုံတက္ကသိုလ်မှာ ရေကြီး (ရုပ်/သံ)  

Wednesday, 21 August 2013

သြဂုတ်လ ၂၂ ရက်နေ့အတွက် မိုးလေ၀သ ခန့်မှန်းချက်


မြစ်ရေကြီးခြင်း သတိပေးချက် အနေနဲ့ ယမန်နေ့ မြန်မာစံတော်ချိန် ၉ နာရီခွဲ အချိန် တိုင်းထွာချက် အရ ဧရာဝတီ မြစ်ရေဟာ ဟင်္သာတမြို့မှာ အဲ့ဒီမြို့ရဲ့
စိုးရိမ်ရေမှတ်အောက် ၃၈ စင်တီမီတာ ၁.၂ ပေခန့် မှာ ရောက်ရှိ နေပါတယ်။ အဆိုပါ မြစ်ရေဟာ နောက် ၂၄ နာရီအတွင်း အဲ့ဒီမြို့ရဲ့ စိုးရိမ်ရေမှတ်သို့ ရောက်ရှိ နိုင်ပါတယ်။ ယမန်နေ့ မြန်မာ စံတော်ချိန် ၉ နာရီခွဲ အချိန်တိုင်းထွာချက် အရ ဧရာဝတီမြစ်ရေဟာ ဇလွန်မြို့မှာ အဲ့ဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၆၁ စင်တီမီတာ ၂ ပေခန့်မှာ ရောက်ရှိနေ ပါတယ်။

အဆိုပါ မြစ်ရေဟာ နောက် ၂၄ နာရီအတွင်း အဲ့ဒီမြို့ရဲ့ စိုးရိမ် ရေမှတ်သို့ ရောက်ရှိ နိုင်ပါတယ်။ ယမန်နေ့ မြန်မာ စံတော်ချိန် ၉ နာရီခွဲအချိန် တိုင်းထွာချက် အရ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ အဲ့ဒီမြို့ရဲ့ စိုးရိမ် ရေမှတ်အောက် ၈၀ စင်တီမီတာ ၂.၆ ပေခန့်မှာ ရောက်ရှိနေ ပါတယ်။ အဆိုပါ မြစ်ရေဟာ နောက် ၂၄ နာရီအတွင်း အဲ့ဒီမြို့ရဲ့ စိုးရိမ် ရေမှတ်သို့ ရောက်ရှိ နိုင်ပါတယ်။ ယမန်နေ့ မြန်မာ စံတော်ချိန် ၆ နာရီခွဲ အချိန် တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေခဲ့တဲ့ လေဖိအားနည်း ရပ်ဝန်းဟာ အိန္ဒိယနိုင်ငံ၊ သြရိဿ မြောက်ပိုင်း ကမ်းခြေသို့ ဖြတ်ကျော် ၀င်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။

ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော် တို့မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန် ကောင်းနေ ပါတယ်။ ဒီကနေ့ ညနေ အထိ ခန့်မှန်းချက် ကတော့ စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနဲ့ ကယားပြည်နယ် တို့မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်းနဲ့ ချင်းပြည်နယ် တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်း ဒေသကြီးနဲ့ ပြည်နယ် တို့မှာ နေရာ အနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် တို့မှာ ဒေသအလိုက်နဲ့  ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ် တို့မှာ နေရာကွက်ပြီး မိုးကြီး နိုင်ပါတယ်။

မနက်ဖြန် အတွက် ခန့်မှန်းချက် ကတော့ မြန်မာနိုင်ငံ တောင်ပိုင်း ဒေသတွေမှာ မိုးဆက်လက် ပိုနေပါမယ်။ နေပြည်တော်နဲ့ အနီး တစ်ဝိုက်နဲ့ ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက် တို့အတွက် ဒီကနေ့ ညနေ အထိ ခန့်မှန်းချက် ကတော့ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်း ရွာပါမယ်။ မန္တလေးမြို့နဲ့ အနီးတစ်ဝိုက် အတွက် ဒီကနေ့ ညနေ အထိ ခန့်မှန်းချက် ကတော့ နေရာ ကွက်ကျား မိုးထစ်ချုန်း ရွာပါမယ်။

ပြည်သူ့ဆေးရုံများရှိ အရေးပေါ် လူနာများအား အခမဲ့ဆေးကု ပေးလျက်ရှိ


ကျန်းမာရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးရဲ့ ပြောကြားချက် အရ ကျန်းမာရေး ၀န်ကြီးဌာနပိုင် ပြည်သူ့ဆေးရုံများမှာ အခုအခါ အရေးပေါ် လူနာများကို
အခမဲ့ ဆေးကုသပေးခြင်း တို့ကို ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အရေးပေါ် ခွဲစိတ်ကုသခြင်းနဲ့ သားဖွား လူနာများ ကိုလည်း အခမဲ့ ဆေးကုသပေးခြင်း တို့ကို ဆောင်ရွက် ပေးလျက်ရှိပြီး အသက် ငါးနှစ်အောက် ကလေးငယ်များ ပြုစုစောင့်ရှောက်ခြင်း ကိုလည်း အခမဲ့ ဆောင်ရွက် ပေးလျက် ရှိတယ်လို့ သိရပါတယ်။
 
ဒီလို အခမဲ့ ကုသ စောင့်ရှောက်မှုတွေ ပြုလုပ်ပေး တာဟာ ပြည်သူများ အနေနဲ့ ဆေးကုသမှု အခွင့်အရေးများ ပိုမိုတိုးတက် ရရှိရေး အတွက် ဆောင်ရွက်မှုတွေထဲက တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာလည်း ကျန်းမာရေး ၀န်ကြီးဌာန အနေနဲ့ အမျိုးသား ကျန်းမာရေး မူဝါဒများ ချမှတ်ကာ စီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းမှ ဆေးပညာများ သွားရောက် သင်ယူပြီး ဒီလို သွားရောက် သင်ယူတဲံ နိုင်ငံများရှိ ဆေးတက္ကသိုလ်များမှ MBBS နဲ့ အလားတူ ဘွဲ့ရရှိခဲ့သူများကို မြန်မာနိုင်ငံ ဆေးကောင်စီမှာ မှတ်ပုံတင်ခွင့် ရရှိရေး အတွက်လည်း စီစဉ်ဆောင်ရွက် နေပြီ ဖြစ်တယ်လို့ သတင်းရရှိ ပါတယ်။

မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ မြန်မာနိုင်ငံ အတွက် ရေနံစိမ်းနှင့် သဘာဝ ဓာတ်ငွေ့အချို့ ပြန်လည်ပေးပို့ သွားမည်


မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ မြန်မာနိုင်ငံ အတွက် ရေနံစိမ်းနှင့် သဘာဝ ဓာတ်ငွေ့များ ပြန်လည် ပို့ဆောင် ပေးသွားမှာ
ဖြစ်တယ်လို့ အဆိုပါ စီမံကိန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ပေးပို့ရာ မှာလည်း မြန်မာနိုင်ငံ အတွက် တစ်နှစ်ကို ရေနံစိမ်း တန်ချိန် ၂ သန်းနှင့် သဘာဝ ဓာတ်ငွေ့ ကုဗမီတာ ၂ ဘီလီယံကို မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ ပြန်လည် ပို့ဆောင် ပေးမှာ ဖြစ်ပါတယ်။

မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း တည်ရှိမှု အတွက် ပိုက်လိုင်း ဖြတ်သန်းခ အနေနဲ့ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၁၃.၈၁ သန်း ရရှိမှာ ဖြစ်ပြီး နိုင်ငံတော်အခွန် အနေနဲ့ ပို့လွှတ်မယ့် ရေနံ တစ်တန်ကို အမေရိကန် ဒေါ်လာ တစ်ဒေါ်လာနှုန်း ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖက်စပ် ကုမ္ပဏီဖြစ်တဲ့ အရှေ့တောင် အာရှ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီ SEAGP နဲ့ အရှေ့တောင် အာရှ ရေနံ ကုမ္ပဏီ SEAOP ရဲ့ အစုရှယ်ယာဝင် ဖြစ်တဲ့ စွမ်းအင်ဝန်ကြီး ဌာန မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းဟာ အဆိုပါ စီမံကိန်းရဲ့ သယ်ပို့မှု လုပ်ငန်းမှ နှစ်စဉ် နှစ်တိုင်း လာမယ့် အနှစ် ၃၀ အထိ အကျိုးအမြတ် ရရှိမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


အာရှဖွံ့ဖြိုးရေးဘဏ် ADB မှ မြန်မာနိုင်ငံရှိ အရပ်ဘက် အဖွဲ့အစည်းများအား ဒေါ်လာ နှစ်သိန်းကျော် ထောက်ပံ့ သွားရန်ရှိ


ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ အခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ် ADB မှ မြန်မာနိုင်ငံရှိ အရပ်ဘက် အဖွဲ့အစည်းများ အတွက် ထောက်ပံ့ငွေ ဒေါ်လာ နှစ်သိန်းကျော်
ပေးအပ် သွားဖို့ ရှိတယ်လို့ အဆိုပါ ADB ဘဏ်ရဲ့ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။ အဆိုပါ အာရှဖွံ့ဖြိုးရေးဘဏ် ADB အနေနဲ့ အာရှပစိဖိတ် ဒေသတွင်း စီးပွားရေး တိုးတက်မှု၊ ပတ်ဝန်းကျင် ဆိုင်ရာ ရေရှည် ဖွံ့ဖြိုးမှုနဲ့ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုများ တစ်ဆင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာမှာ မြန်မာနိုင်ငံရဲ့ အရပ်ဘက် အဖွဲ့အစည်း များကလည်း ပါဝင်ကူညီ နိုင်ဖို့အတွက် အမေရိကန် ဒေါ်လာ နှစ်သိန်း နှစ်သောင်း ငါးထောင်ခန့် ထောက်ပံ့ သွားမှာ ဖြစ်ပါတယ်။
 
အခုလို ADB အနေနဲ့ ထောက်ပံ့ပေးမှု များဟာ အဓိက မိတ်ဖက် အဖွဲ့အစည်းများ သတ်မှတ်နိုင်ရန်၊ ADB မှ ပံ့ပိုးတဲ့ လုပ်ငန်းစဉ်များမှာ ပါဝင်နိုင်ရန်နဲ့ လိုအပ်တဲ့ ကျွမ်းကျင်မှု များရနိုင်စေဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖွံ့ဖြိုးရေး ဆိုင်ရာ အခက်အခဲများ ဖြေရှင်း နိုင်ဖို့ အတွက် နိုင်ငံတော် အစိုးရနဲ့ အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းကာ ဆွေးနွေး နိုင်စေဖို့ အတွက်လည်း ဖြစ်တယ်လို့ သိရပါတယ်။
 
အဆိုပါ အာရှ ဖွံ့ဖြိုးရေးဘဏ် ADB အနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေး ပြုပြင် ပြောင်းလဲ ဆောင်ရွက် မှုများမှာ နိုင်ငံတော်ရဲ့ လျှပ်စစ် ဥပဒေအား ပြင်ဆင် မွမ်းမံနိုင်ရန်၊ မူလတန်းလွန် ပညာရေးကို အကဲဖြတ်ဖို့နဲ့ ကမ္ဘာလှည့် ခရီးသည် အများအပြား ၀င်ရောက်လာမှုကို ကိုင်တွယ် ဖြေရှင်း နိုင်စေဖို့ အတွက် အမေရိကန် ဒေါ်လာ ၅.၄ သန်းကျော် ပံ့ပိုးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ယခုနှစ် ဇန်န၀ါရီလမှ စတင်ကာ ကျေးလက်နဲ့ မြို့ပြ တိုးတက်မှု ကွာဟချက် နည်းစေဖို့ ပို့ဆောင်ရေးနဲ့ စွမ်းအင် အပါအ၀င် ကဏ္ဍ အလိုက် အသေးစိတ် လေ့လာမှုများ ဆောင်ရွက်ကာ ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ခဲ့သလို ကျေးလက်နေ ပြည်သူများရဲ့ ဘ၀ တိုးတက်ရေး အတွက်လည်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
 
 
 
 
 
 

ရန်ကုန်မြို့တွင်း အစိမ်းရောင် နယ်မြေနှင့် အထပ်မြင့် အဆောက်အဦး ကင်းမဲ့နယ်မြေများ စတင် ဆောင်ရွက်နေပြီဖြစ်


ရန်ကုန်မြို့တွင်းရှိ နေရာ အချို့ကို အစိမ်းရောင် နယ်မြေ၊ စိတ်ငြိမ် နယ်မြေနဲ့ အထပ်မြင့် အဆောက်အဦး ကင်းမဲ့နယ်မြေများ အဖြစ် ဆောင်ရွက် သွားဖို့
စီစဉ် ဆောင်ရွက် လျက်ရှိရာ အခု  လက်ရှိမှာ အစိမ်းရောင် နယ်မြေနဲ့ အထပ်မြင့် အဆောက်အဦး ကင်းမဲ့ နယ်မြေများ ကတော့ စတင် ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို အစိမ်းရောင် နယ်မြေများ အဖြစ် ပြုလုပ် ဆောင်ရွက်နေပြီ ဖြစ်တဲ့နေရာတွေ ကတော့ ကန်တော်ကြီး ပတ်ဝန်းကျင် နေရာများ၊ အင်ယား ကန်ဘောင် ဘေးပတ်ဝန်းကျင် နေရာများပဲ ဖြစ်ပါတယ်။

အထပ်မြင့် အဆောက်အဦး ကင်းမဲ့နယ်မြေ အဖြစ် ကိုတော့ ရွှေတိဂုံဘုရား အနီး ပတ်ဝန်းကျင် နေရာတွေကို သတ်မှတ် ထားပြီး အဆိုပါ နေရာများမှာ အဆောက်အဦး တည်ဆောက် မယ်ဆိုပါက ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၁၉၀ ထက် မမြင့်အောင် တည်ဆောက် သွားရမှာ ဖြစ်တယ်လို့ သတ်မှတ် ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့တွင်းရှိ နေရာများမှာ အထပ်မြင့် အဆောက်အဦး ဆောက်လုပ်တာနဲ့ ပတ်သက်ပြီး အမြင့်ပေ ဘယ်လောက်ထိ ဆောက်လုပ် ရမယ် ဆိုတဲ့ သတ်မှတ်ချက် တွေကို သတ်မှတ် သွားဖို့ အတွက် ကိုလည်း အစီအစဉ်များ ရေးဆွဲနေတုန်း ဖြစ်တယ်လို့ သိရပါတယ်။

ဒါတင်မကဘဲ စိတ်ငြိမ်နေရာများ အဖြစ် ပြုလုပ် ဆောင်ရွက် သွားဖို့အတွက် ကိုလည်း ရွှေတောင်ကြား ရပ်ကွက် အင်းယားမြိုင် ရပ်ကွက်နဲ့ ရန်ကင်း မြို့နယ်မှ ငွေကြာယံ ရပ်ကွက် အစရှိတဲ့ နေရာတွေမှာ ပြုလုပ် သွားဖို့ အကြမ်းဖျင်း ဆွေးနွေး ထားပြီး စိတ်ငြိမ်ဇုန် ကိုတော့ သတ်မှတ်မှုတွေ မပြုလုပ်ရသေးဘူးလို့ သိရပါတယ်။ ဒီလို အစိမ်းရောင် နယ်မြေ၊ စိတ်ငြိမ် နယ်မြေနဲ့ အထပ်မြင့် အဆောက်အဦး ကင်းမဲ့နယ်မြေများ အဖြစ် ဆောင်ရွက်မှုများကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ အစိုးရဌာနများမှ တာဝန်ရှိသူများနဲ့ ပုဂ္ဂလိက ဗီသုကာ ပညာရှင်များက ဆွေးနွေးပြီး ပြုလုပ် ဆောင်ရွက်တာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


လယ်ယာမဲ့ အိမ်ထောင်စု စာရင်းများအား ကောက်ယူ သွားရန်ရှိ


နိုင်ငံတော်ရဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျော့ချရေး မဟာဗျူဟာ စီမံကိန်း အရ ကျေးလက်နေ ပြည်သူများရဲ့ လူမှုစီးပွားရေး
ဘ၀ တိုးတက်လာရေး အတွက် လယ်ယာမဲ့ အိမ်ထောင်စု စာရင်းများ ကောက်ခံကာ လယ်ယာမြေများ ဖြန့်ဝေ သွားဖို့ ရှိတယ်လို့ နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းရဲ့ ပြောပြချက် အရ သိရပါတယ်။
 
ယခုလက်ရှိ မှာတော့ လယ်ယာ လုပ်ကိုင်နေ သူများကို လယ်ယာ လုပ်ပိုင်ခွင့် မှတ်ပုံတင် လက်မှတ် Ownership Cetificate ကို ပေးအပ် လျက်ရှိပြီး အဆိုပါ Certificate ရရှိခဲ့ပါက  လယ်သမားတွေ အနေနဲ့ မိမိတို့ သက်ဆိုင်ရာ မြေနေရာကို ရောင်းချခွင့်၊ ပေါင်နှံခွင့် အစရှိသဖြင့် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ် ပြီးရင်တော့ နောက်တဆင့် အနေနဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနမှ Landless စာရင်းကို အိမ်ထောင်စု အလိုက် ကောက်ယူ သွားမှာ ဖြစ်ပါတယ်။ ဒီလို စာရင်း ကောက်ခံပြီး လယ်သမား တွေဟာ ယခင် မိမိတို့ ပိုင်ဆိုင်ခဲ့တဲ့ မြေနေရာများကို ပိုင်ဆိုင်ကြောင်း အထောက်အထား မှန်ကန်စွာ ဖြည့်နိုင်ပါက အဆိုပါ မြေနေရာများကို သက်ဆိုင်ရာ ၀န်ကြီး ဌာနများကို တင်ပြပြီး ဖြေရှင်းမှုများ ပြုလုပ်ပေး သွားမှာ ဖြစ်တယ်လို့ ၀န်ကြီးမှ ဆိုပါတယ်။
 
လက်ရှိ မှာလည်း လယ်သမားများ အတွက် လယ်ယာမြေ လုပ်ပိုင်ခွင့် မှတ်ပုံတင် လက်မှတ် ထုတ်ပေးမှုကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်မကုန်မီ အပြီး လုပ်ဆောင်ပေး သွားမှာ ဖြစ်ပါတယ်။ ယခင်က လယ်သမားများ အနေနဲ့ လယ်ယာမြေ လုပ်ကိုင်ခွင့် သာရရှိပြီး ယခုအခါ မှာတော့ သက်ဆိုင်ရာမှ လယ်ယာမြေ လုပ်ပိုင်ခွင့် မှတ်ပုံတင် လက်မှတ် လုပ်ပေးတဲ့ အတွက် လယ်သမားများ အနေနဲ့ မိမိတို့ရဲ့ လယ်ယာမြေနဲ့ ပတ်သက်ပြီး ပိုင်ဆိုင်မှုနဲ့ အကျိုးခံစားခွင့် များကို ရရှိမှာ ဖြစ်ပါတယ်။
 
ဒါ့အပြင် ယခုလက်ရှိ အစိုးရ အနေနဲ့ ကျန်ရှိနေတဲ့ သက်တမ်း အတွင်း ၂၀၁၅ မတိုင်ခင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး ကိစ္စရပ်များကို အကောင်အထည် ဖော်ရာမှာလည်း လာမယ့်လ ၃၀ အတွင်း ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးကို ၁၆ ရာခိုင်နှုန်းထိ ကျဆင်း နိုင်အောင် ဆောင်ရွက် သွားမှာ ဖြစ်ပြီး သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကဆိုင်ရာ အဖွဲ့အစည်းများ၊ NGO နဲ့ INGO အဖွဲ့အစည်းများ ပူးပေါင်းကာ လေ့လာမှုများ ပြုလုပ်ခြင်း၊ မူဝါဒရေးဆွဲ ချမှတ်ခြင်းနဲ့ လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ခြင်း တို့ကို လက်တွဲ လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 
 
 

ပြည်တွင်း သရက်သီးများကို ယမန်နှစ်ကထက် ပြည်ပသို့ ပိုမိုတင်ပို့ နိုင်ခဲ့


မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက် သစ်သီးဝလံ ထုတ်လုပ် ရောင်းချရေး အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ယခင်နှစ် များထက် ယခုနှစ်မှာ
ပြည်ပသို့ သရက်သီး တင်ပို့မှုဟာ ပိုမိုများပြား လာတယ်လို့ သိရပါတယ်။ ဒီလို တင်ပို့ရာ မှာတော့ တရုတ် နိုင်ငံကို အများဆုံး တင်ပို့ရပြီး စင်္ကာပူ၊ မလေးရှား၊ ဟောင်ကောင် တို့ကိုလည်း တင်ပို့နေတာ ဖြစ်တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံ ကိုတော့ တန်ချိန် ၄သောင်း ကျော်နဲ့ အများဆုံး တင်ပို့နေရပြီး စင်္ကာပူနိုင်ငံကို တန်ချိန် ၁၅၀ ကျော် တင်ပို့နေတာ ဖြစ်ပြီး မလေးရှားနဲ့ ဟောင်ကောင် ကိုတော့ တန်ချိန် ၂၀ တင်ပို့နေတာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ပြည်တွင်းမှ သခွားသီး၊ ဖရဲသီး၊ ကျွဲကောသီး တို့လည်း ပြည်ပနိုင်ငံများကို တင်ပို့လျက် ရှိတယ်လို့ သိရပါတယ်။ သရက်သီး တင်ပို့မှု မှာတော့ ဇူလိုင်ဆိုရင် တင်ပို့မှု အားလုံး ပြီးစီးသွားပြီး သြဂုတ်လ မှာတော့ သခွားမွှေး စတင် တင်ပို့နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုပြည်ပသို့ သစ်သီး တင်ပို့ တာဟာ နိုင်ငံတော် အတွက် တစ်ဖက် တစ်လမ်းမှ နိုင်ငံခြား ၀င်ငွေပိုမို ရရှိစေမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 
 

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးတွင် ကြက်ခြေနီ စခန်းသစ် တည်ဆောက် ရန်ရှိ


မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ဗဟိုမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးရှိ ၂၈၅ မိုင် ယာဉ်ရပ်နား စခန်းမှာ
ကြက်ခြေနီ စခန်း တည်ဆောက် သွားရန် ရှိတယ်လို့ သိရပါတယ်။ အခုလို ကြက်ခြေနီစခန်း တည်ဆောက်မှုကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်းမှာ အမြန် လမ်းမကြီးရှိ ၁၁၅ မိုင် ယာဉ်ရပ်နား စခန်းမှာ တည်ဆောက်ခဲ့ပြီး စင်္ကာပူနိုင်ငံ ကြက်ခြေနီ အသင်းမှ ကူညီထောက်ပံ့ ပေးခဲ့တယ်လို့ သိရပါတယ်။
 
လက်ရှိ အဆိုပါစခန်းမှာ လူနာတင် ယာဉ် ၁ စီး ထားရှိထားပြီး ၂၄ နာရီ ကူညီ ဆောင်ရွက် ပေးလျက် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်း ဒေသကြီး ကြက်ခြေနီ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ရန်ကုန်တိုင်း ဒေသကြီး အတွင်း မှာလည်း ၂၄ နာရီ ကူညီ ဆောင်ရွက် ပေးလျက်ရှိပြီး အုပ်ချုပ်မှု ယာဉ် ၁ စီး၊ လူနာတင်ယာဉ် ၄ စီးအပြင် တပ်ဖွဲ့ဝင် အင်အား ၃ သောင်း ကျော်တို့နဲ့ ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဆောင်ရွက်လျက် ရှိတယ်လို့ သိရှိရပါတယ်။
 
 
 

MAPCO မှ ဆိပ်ကမ်း တည်ဆောက်ရန် တင်ဒါခေါ်ယူမှုအား ပြည်ပ ကုမ္ပဏီများမှ လာရောက် လျှောက်ထားမှု များပြားလျက်ရှိ


မြန်မာနိုင်ငံ အများပိုင် ဆန်စပါး အသင်း MAPCO မှ သီလ၀ါ ဆိပ်ကမ်းမှာ ကိုယ်ပိုင် ဆိပ်ကမ်း တည်ဆောက်ဖို့ တင်ဒါ ခေါ်ယူရာမှာ ပြည်ပ ကုမ္ပဏီများမှ
လာရောက် လျှောက်ထားမှု များပြား နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ဆိပ်ကမ်း တည်ဆောက်ဖို့ တင်ဒါ လျှောက်ထားရာမှာ ပြည်ပနိုင်ငံများ ဖြစ်တဲ့ တရုတ်၊ စင်္ကာပူ၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့မှ အများဆုံး လာရောက် လျှောက်ထားတာ ဖြစ်ပါတယ်။
 
ဒါ့အပြင် ဒီလို လာရောက် လျှောက်ထားရာမှာ ကုမ္ပဏီ ၁၄ ခုရှိပြီး တရုတ်နိုင်ငံမှ ကုမ္ပဏီ အများဆုံး ပါဝင်တယ်လို့ သိရပါတယ်။ ဒီလို ဆိပ်ကမ်း တည်ဆောက်ရာမှာ MAPCO အနေနဲ့ ပြည်ပကို ဆန်များ တင်ပို့ရာမှာ ကိုယ်ပိုင် ဆိပ်ကမ်း မရှိတဲ့ အတွက် Asia World သီလ၀ါ အစရှိတဲ့ ဆိပ်ကမ်းတွေကို ယခု လက်ရှိမှာ ငှားရမ်း အသုံးပြုရတာ ဖြစ်ပါတယ်။ အဲ့ဒီလို ကိုယ်ပိုင် ဆိပ်ကမ်း မရှိတဲ့ အတွက် ဆန်တင်ပို့ရာမှာ ဖြစ်ပေါ်တဲ့ အခက်အခဲ တွေကို ပြေလည်စေဖို့ သီလ၀ါ ဆိပ်ကမ်းမှာ ကိုယ်ပိုင် ဆိပ်ကမ်း တစ်ခု တည်ဆောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
 
အဲ့ဒီလို တည်ဆောက်ရာမှာ လက်ရှိ ဆိပ်ကမ်းရဲ့ဘေးမှာ နှစ်ခုတွဲလျက်အဖြစ် တည်ဆောက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကိုယ်ပိုင် ဆိပ်ကမ်း မှာတော့ ပြည်ပကို ဆန်တင်ပို့နိုင်ဖို့ သာမကဘဲ တန်းမြှင့် ဆန်နဲ့ လယ်ယာ ထွက်ကုန် ပစ္စည်းများ ပါတင်ပို့နိုင်ဖို့ အတွက် ဂိုဒေါင်များ၊ ဆန်အခြောက်ခံ စက်များကိုပါ ထားရှိ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ပြည်ပ ကုမ္ပဏီ ၁၄ ခုမှ တင်ဒါ လျှောက်ထားမှု တွေကို ရွေးချယ် စိစစ်မှုများ ပြုလုပ်ဖို့ စတင် ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 

တစ်နိုင်ငံလုံး၌ အာရုံကြောအထူးကု ၁၅ ဦးသာရှိသည်ဟု ၀န်ကြီးဆို

 မြန်မာနိုင်ငံတစ်ဝန်းလုံးအတိုင်းအတာအနေဖြင့် ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန် ၁၅ ဦးသာ ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က သြဂုတ် ၂၁ ရက်က ကျင်းပသည့် အထက်လွှတ်တော်တွင် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်မှ အထက်လွှတ်တော် အမတ် ဦးကျော်ကျော်က စစ်တွေမြို့နယ် ဆေးရုံကြီးတွင် လိုအပ်နေသော အထူးကု ဆရာဝန်များကို ဆေးရုံအဆင့်အတန်းနှင့် လျော်ညီစွာ အစိုးရက ခန့်အပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းမှုကို ၀န်ကြီးကဖြေကြားစဉ် ထိုအချက်ကို ထည့်ပြောခဲ့ခြင်း ဖြစ်သည်။

“ဦးနှောက်နဲ့ အာရုံကြောအထူးကုက လက်ရှိတာဝန်ထမ်းဆောင်နေတာရယ်။ သင်တန်းသားတွေရယ်ပေါင်းလိုက်ရင် ၁၅ ယောက်ပဲရှိပါတယ်။ ရန်ကုန် ဆေး - ၁ မှာ၊ ဆေး - ၂ မှာ၊ နေပြည်တော်မှာ၊ မန္တလေးမှာ ခွဲဝေလိုက်တဲ့အခါ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးက ဆေးရုံတွေကိုပို့ဖို့အတွက် လုံလောက်သော အရေအတွက် မရှိသေးတာဖြစ်ပါတယ်” ဟု ၀န်ကြီး ဒေါက်တာဖေသက်ခင်က အဆိုပါအမတ်၏  အရေးဆိုမှုကို အစိုးရကမလိုက်လျောနိုင်သည့်အကြောင်း လွှတ်တော်တွင် ဖြေရှင်းချက်ပေးခဲ့သည်။

ထို့ပြင် အာရုံကြောအထူးကုဆရာဝန်ကဲ့သို့ အလားတူပင် အာရုံကြောခွဲစိတ် အထူးကုဆရာဝန်ဦးရေသည် လည်း နိုင်ငံတ၀န်းလုံး၌ ၁၂ ဦးသာရှိသည်ဟုလည်း ၀န်ကြီး၏ ဖြေကြားချက်တွင် ပါရှိသည်။

ရခိုင်ပြည်နယ်မှ အမတ်သည် ၎င်းင်း၏ မဲဆန္ဒနယ်မှဆေးရုံတွင် ဆီးနှင့်ကျောက်ကပ် ခွဲစိတ်အထူးကု၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်အထူးကု၊ အစာအိမ်နှင့်အူလမ်းကြောင်း အထူးကုများချထားပေးရန် လွှတ်တော်တွင် မေးခွန်းထုတ်အရေးဆိုခဲ့ခြင်းဖြစ်ရာ လွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုဝန်ကြီးကို ဖြေရှင်းရန် ဆက်လက်တောင်းဆိုခဲ့သည်။

သို့ရာတွင် အထူးကုဆရာဝန်တစ်ဦးဖြစ်လာရန်အတွက် ပညာသင်ချိန် ၁၂ နှစ်ကျော် အချိန်ယူရသဖြင့် အစိုးရက အထူးကုများ မွေးထုတ်ရန် ကြိုးပမ်းနေသော်လည်း လွယ်ကူစွာဖြစ်လာမည်မဟုတ်ကြောင်းလည်း ၀န်ကြီးက လွှတ်တော်တွင် ဖြေရှင်းခဲ့သည်။

သို့သော်လည်း ယခင်က အစိုးရကျင့်သုံးခဲ့သည့် မူဝါဒကိုပြောင်းလဲကာ ယခုအချိန်တွင် ဘာသာရပ်ဆိုင်ရာ အထူးကုအဖြစ် သီးသန့်ခွဲထုတ်ကာ သင်တန်းများပေးနေပြီဖြစ်ကြောင်း ၀န်ကြီးက ဆက်ပြောခဲ့သည်။

နေအိမ် တိုက်ခန်းအတွင်း အမျိုးသား တစ်ဦး သေနတ် ဒဏ်ရာဖြင့် သေဆုံး

 ရှမ်းပြည်နယ် အရှေ့ပိုင်း ရွှေတြိဂံဒေသရှိ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ) ရပ်ကွက် ဂိုးဒန်းချယ်ရီဟိုတယ် ဘေးလမ်းရှိ သုံးထပ်တိုက် နှစ်လွှာတွင် သြဂုတ်လ ၁၉ ရက်နေ့ ညပိုင်းက အသက် ၃၀ အရွယ် အမျိုးသား တစ်ဦး သေနတ် ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း တာချီလိတ် လူမှုကူညီရေး အသင်းမှ အသင်းဝင် အမျိုးသား တစ်ဦးက ပြောကြားသည်။

သေနတ် ဒဏ်ရာဖြင့် သေဆုံးသူ ဦးဆိုင်းရီတစ်သည် ကျပန်း လုပ်ကိုင်ကာ ကျိုင်းတုံဇာတိ ဖြစ်ပြီး ယင်းတိုက်ခန်းတွင် ငှားရမ်း နေထိုင်သူ ဖြစ်ကြောင်း၊ ညာဘက် နားထင်တွင် သေနတ်ဒဏ်ရာ ရရှိကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရပ်ကွက် တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အလောင်းကို သွားရောက် သယ်ယူသူက ၉ မမ ကျည်ခွံကို တွေ့ရှိခဲ့သည်ဟု The Voice သို့ ပြောကြားသော်လည်း မြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ကျည်ကို စစ်ဆေးနေဆဲ ဖြစ်သော ကြောင့် မည်သည့် ကျည် အမျိုးအစား ဖြစ်ကြောင်းကို အတည်ပြု ပြောကြားခြင်း မရှိပေ။

“အမေရိကမှာက အိမ်ထဲမှာ သေနတ်ပစ်မှုတွေ၊ ပစ်ခတ်မှုတွေဖြစ်တာ မထူးဆန်းပေမယ့် တာချီလိတ် မှာ အမေရိကန်ယဉ်ကျေးမှု ထွန်းကားနေ တယ်” ဟု တာချီလိတ်မြို့တွင် နေထိုင်သူ အသက် ၄၀ ကျော် အမျိုးသား တစ်ဦးက ပြောကြားသည်။

သေဆုံးသူ အမျိုးသားကို တာချီလိတ်မြို့ရှိ မဟာမြတ်မုနိ ဘုန်းကြီးကျောင်း တွင် ရွှေ့ပြောင်း ထားရှိပြီး သြဂုတ်လ ၂၂ ရက်နေ့တွင် သဂြုင်္ိဟ်မည် ဖြစ်ကြောင်း တာချီလိတ် လူမှုကူညီရေး အသင်းထံမှ သိရှိရသည်။

အဆိုပါ အမှုမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုမဟုတ်ဘဲ လူသတ်မှု ဖြစ်ကြောင်းနှင့် သေနတ်ဖြင့် ပစ်သူဟု ယူဆရသူကို ဖမ်းမိသည်ဟု သတင်းများ ထွက်ပေါ်သော်လည်း မြို့နယ် ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက စစ်ဆေးဆဲသာ ဖြစ်ကြောင်း ပြောကြားသည်။

တာချီလိတ်မြို့သည် အိမ်နီးချင်း ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် နီးစပ်သဖြင့် ပြစ်မှုကျူးလွန်သူများသည် အလွယ်တကူ တစ်ဖက်နိုင်ငံသို့ ဝင်ပြေးနိုင်သဖြင့် ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီး ရှာဖွေရန် အခက်အခဲများ ရှိကြောင်း ဆန်ဆိုင်း (ခ) ရပ်ကွက် တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောကြား သည်။

အဆိုပါ သေနတ်ပစ်ခံရ၍ လူသေဆုံးမှုကို (ပ) ၁၇၇/၁၃ ၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားပြီး သေနတ်ဖြင့် ပစ်ခတ်သူကို စုံစမ်းလျက် ရှိကြောင်း တာချီလိတ်မြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

တာချီလိတ် ပါလျှံနှင့် တောကော့ ရပ်ကွက်ကြား စိန်ပန်းနီနီ အအေးဆိုင်တွင် ဇွန်လ ၁၉ ရက်နေ့ ည ၇နာရီကျော်က အအေးဆိုင် ထိုင်နေသူ နှစ်ဦး သေနတ်ပစ်ခံရ၍ အသက် ၃၀ အရွယ် အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း၊ အလားတူ မေလ ၆ ရက်နေ့ ည ၇ နာရီကျော်တွင် အသက် ၃၂ နှစ်အရွယ် ဆံပင်ညှပ်ဆိုင် ပိုင်ရှင် ဆံပင်ညှပ်ပေးနေစဉ် ပစ်ခတ် ခံရပြီး သေဆုံးခဲ့ကြောင်း တာချီလိတ်မြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့