Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Friday, 3 May 2013

ကိုယ့်ချစ်သူက သင့်ရဲ့ဖူးစာရှင် ဟုတ်မဟုတ် သိချင်ကြဘူးလား(ဗေဒင်)


မအားလပ်တာနဲ့ ကျွန်တော် လည်းဘလော့မရေးတာကြာနေပြီ... ခုတော့ အားလပ်တုန်း 


ကိုယ့်ချစ်သူက သင့်ရဲ့ဖူးစာရှင် ဟုတ်မဟုတ် သိချင်ကြဘူးလား၊ နည်းကတော့ လွယ်လွယ်လေးပါ။ သင်ရယ်၊ သင့်ရဲ့
ချစ်သူမွေးနေ့သက္ကရာဇ် အားလုံးပေါင်းကြည့်၊ နောက်ဆုံး ရလာတဲ့ကိန်းတစ်လုံးကအဖြေပေါ့။ကဲအစမ်းလေးလုပ်ကြည့်
ရအောင်။ သင်က 23.4.1991 သင့်ချစ်သူက 14.7.1992 ဆိုပါစို့။

သင့်မွေးနေ့ + သင့်ချစ်သူမွေးနေ့ = အဖြေ
23 + 4 + 1991 + 14 + 7 + 1992 =4031

မွေးနေ့၂ခုပေါင်းထားတဲ့ အဖြေ
4 + 0 + 3 + 1 = 8
အဖြေက 8 ပေါ့။

ရှင်းပြီနော်။ ကဲ..တွက်ကြည့်ကြရအောင် ...

အဖြေ- ၁
(၁) ရတဲ့သူကတော့ သင်ဟာသူ့ကိုအသက်ပေးနိုင်လောက်အောင်ချစ်ပေမယ့် သူ့အတွက်ကတော့ ရည်းစားဟောင်း
ကပစ်သွားလို့ အသဲကွဲပြီးခဏလာနားတဲ့ Bus ကားမှတ်တိုင်လိုဖြစ်နေတာပါ။ သင်နဲ့အတူနေတဲ့အချိန်မှာ သူဟာပျော်
ရွှင်နေပေမယ့် အဲဒီပျော်ရွှင်ခြင်းက ဟိုမရောက်ဒီမရောက်နဲ့ဖြစ်နေတတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပွေရှုပ်တတ်တဲ့
သူ့အကျင့်က သင့်ထက်သာမယ့်သူကို အမြဲတမ်းရှာဖွေနေလို့ပဲဖြစ်တယ်။ဒါကြောင့် သူ့ရဲ့ နောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်
အလမ်းဟာ မျောက်တစ်ကောင်သစ်ပင်ပေါ်ကပြုတ်ကျတာနဲ့ အတူတူလိုဖြစ်နေတာပါ။ နောင် Bus ကားအသစ်ဟာ
သူ့ဆီဆိုက်ကပ်လာခဲ့ရင် သူတစ်ခါတည်းပြေးတက်သွားဖို့ဝန်လေးမှာမဟုတ်သလို သင့်ကိုဘယ်လိုဖြစ်ပြီး ကျန်ခဲ့မှာ
လဲဆိုပြီး ခေါင်းပြန်စောင်းငဲ့ဖို့တောင်အချိန်ရှိမှာမဟုတ်ဘူး။

အဖြေ- ၂
(၂) ရတဲ့သူကတော့ သင်နဲ့သူဟာ ချစ်တော့ချစ်ကြပါတယ်။ ဒါပေမယ့် မုန်းတီးမှုနဲ့ပေါက်ဖွားလာတဲ့ချစ်ခြင်းဖြစ်တယ်။
တူတူနေခဲ့ရင်လည်း လက်ဝှေ့ပွဲကိုကြည့်နေရသလို နေ့စဉ်ထသတ်မှာအမှန်ပါပဲ။ အကျင့်တွေကလည်း တစ်ယောက်နဲ့
တစ်ယောက် မတူကြပါဘူး။ တစ်ယောက်ပြင်းလာရင် ကျန်တဲ့တစ်ယောက်ကလည်း အလျှော့ပေးမှာမဟုတ်ဘူး။
ဒါတောင်မှ သင်တို့မှာသုံးပွင့်ဆိုင်မရှိသေးဘူးနော်။ တစ်နေ့ကျရင် သူကခဏဝေးဝေးလောက် နေကြည့်ကြရအောင် လို့
ပြောလာခဲ့ရင်သင်သူ့ကိုနားလည်ပေးလိုက်ပါ။ သူကသင့်ကိုမချစ်တာမဟုတ်ပါဘူး။တစ်ယောက်ကိုတစ်ယောက် နားလည်
နိုင်တဲ့အချိန်တစ်ခုလောက်တော့ထားပေးလိုက်ကြပေါ့နော့...

အဖြေ- ၃
(၃) ရတဲ့သူက Yahoo! နောက်ဆုံးတော့လည်း သင်က အစစ်အမှန်ကိုတွေ့တာပဲလေ။ သင်တို့နှစ်ယောက်ရဲ့တွေ့
ဆုံခြင်းဟာ ရေစက်လို့ခေါ်လို့ရတယ်။ ဘာပဲဖြစ်ဖြစ်တူညီနေတာပဲ။ အကျင့်၊ အကြိုက်၊ ညစ်ပတ်ခြင်း၊ ပေါခြင်း၊ အရူး
ထခြင်းတွေပေါ့။ ဒါကြောင့် သူ့ကိုတွေ့တဲ့အချိန်ဆို ကိုယ့်ကိုယ်ကိုမှန်ကြည့်နေရသလိုပဲ။ သင်တို့အချစ်ဟာ ဘာအရ
သာမှမရှိပေမယ့် ခိုင်မြဲမှုရှိတာတော့အမှန်ပဲလေ။ ကြည့်လိုက်တာနဲ့နှလုံးသားထိမြင်ရတယ်ဆိုတာပေါ့။ အဲ..တစ်ခု
တော့ရှိတယ်။ သင်သတိထားရမှာက ကိုယ့်စိတ်ကိုယ်ပဲ၊ သင့်အတွက်သူဟာ ငြီးငွေ့စရာကောင်းနေတယ်။ ဒါကြောင့်
သင်ဟာ ဒီထက်ပိုကောင်းတဲ့အချစ်တွေကိုရှာဖွေနေတယ်။ နောက်ဆုံးတော့လည်း ဘယ်လူမှ သင့်ရဲ့အခုလိုအရသာ
မရှိတဲ့ ပေါရွှတ်ရွှတ်လူထက်ပိုပြီးကောင်းမှာမဟုတ်ဘူးဆိုတာသင်သိလိမ့်မယ်။ မသိနိုင်ဘူးလေ။ အဲဒီအချိန် ရောက်ခဲ့
ရင် နှောင်းချင်လည်းနှောင်းသွားမှာပေါ့။

အဖြေ- ၎
(၄) ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်ဟာ စေးကပ်ကပ်ကြီးလိုဖြစ်နေတယ်။ ဘယ်လို ခွာခွာ ခွာလို့မရတဲ့ပုံစံ၊ ဘဝကို
ဘယ်လိုဖြတ်သန်းရမှန်းမသိတဲ့ ပုံစံနဲ့တူနေတယ်။ သင်ကလည်း အိနြေ္ဒရှင်ပီသစွာနဲ့ သူ့ကိုချစ်တယ်လို့ ဖွင့်ပြောဖို့မရဲ
ဘူးဖြစ်နေတယ်။ ဒါကြောင့် ဟိုဖက်ကိုလည်းမသွား၊ ဒီဖက်ကိုလည်းမရောက်ဖြစ်နေတာပေါ့။ အကောင်းဆုံးကတော့
သင်တို့နှစ်ယောက်ခေါင်းချင်းဆိုင်ပြီး ပြဿနာကိုတူတူဖြေရှင်းကြတာအကောင်းဆုံးပဲလေ။ မဟုတ်ရင်တော့ သင်တို့ထဲ
ကတစ်ယောက်မဟုတ်တစ်ယောက်ဟာ အသစ်တွေ့ပြီး သင်တို့ရဲ့ဇာတ်လမ်းလေးက ဇာတ်သိမ်းသွားလိမ့်မယ်နော်။

အဖြေ- ၅

(၅) ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်က သွေးရဲရဲသံရဲရဲအချစ်ပေါ့။ဘာဂိုဏ်းညာဂိုဏ်းတွေ မာဖီးယားဂိုဏ်းတွေလိုက်ရင်း
အသက်လုပြီးဖြစ်ပေါ်လာတဲ့အချစ်စစ်။သင်တို့အချစ်လမ်းကြောင်းမှာ ဘယ်လောက်ပဲအန္တရာယ်ရှိပေမယ့် သင်တို့က
တစ်ယောက်နဲ့တစ်ယောက်ကိုနားလည်ပြီး နှလုံးသားအစစ်နဲ့အမှန်ချစ်တာဖြစ်တယ်။ သင်တို့နှစ်ယောက်က ခုချိန်မှာ
ချစ်သူအဆင့်တွေမဟုတ်တော့ပါဘူး။ နှစ်လွှာပေါင်းမှတစ်ရွက်ဆိုပြီးဖြစ်နေကြပါပြီ။ အသက်ပေးပြီးချစ်ကြတဲ့ သူတွေ
အဆင့် ရောက်နေကြပါပြီ။ သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်မဟုတ်ဘူးလို့ မယုံသင်္ကာမဖြစပါနဲ့။ ဘာလို့လဲဆိုတော့ သူ
ဟာယုံကြည်နေပါပြီ။ သင်ဟာ ဘုရားကပေးလာတဲ့ ဖူးစာရှင်အစစ်လို့....။


အဖြေ- ၆
(၆) ရတဲ့သူက ခုချိန်တွေမှာ ဘာစားစားသကြားထည့်ဖို့တောငမလိုပါဘူး။ ဘာလို့လဲဆိုတော့ သင်တို့အချစ်ရဲ့ချိုမြိန်
ခြင်းက သကြားရဲ့အချိုဓာတ်ကိုတောင်ဝါးမြိုသွားလို့ဖြစ်တယ်။ ဒါပေမယ့်လည်း ဒီပျောရွှင်မှုဟာ မပြည့်စုံသေးဘူးလို့
သင်ခံစားရမယ်။ ရေမြောင်းပုပ်မှာ လရိပကိုမြင်ရသလိုပေါ့။ သင်ဟာ သင့်ချစ်သူနဲ့ ဒီလိုအမှတ်တရအချိန်လေးတွေကို
ဘယ်လောက်ကြာကြာခံစားရဦးမလဲဆိုတာ မသေချာသေးဘူး။သို့ပေမယ့်လည်း သင်ဟာ ခုချိန်မှာအရမ်းပျော်နေ
တယ်လို့တော့ ပြောနိုင်တယ်လေ။ အကယ်လို့သူ့ပြဿနာတစ်ခုခုရှိပြီး သင့်ကိုမသိစေချင်ရင်လည်း သင်က ဘာမှမသိ
သလိုနေမှာအသေအချာပဲ။ သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ပြီလားလို့မေးရရင်တော့ သင့်ရဲ့အစွမ်းအစပေါ်မှာမူ
တည်ပါတယ်။ ပြီးတော့ သူ့ရဲ့ခိုင်မာမှုနဲ့လည်းဆိုင်တယ်လေ။ သူ့ရဲ့ပြဿနာကိုဖြေရှင်းနိုင်ရဲ့လားဆိုတာ...

အဖြေ- ၇
(၇) ရတဲ့သူက ဒီတစ်ယောက်ကသင့်ကိုအမြင်ရှင်းသွားအောင်လုပ်ပေးနိုင်စွမ်းရှိတယ်။ အနိမ့်စားလူတစ်ယောက်က
ဘယ်လိုလဲဆိုတာပေါ့၊ဘာဖြစ်လို့လဲဆိုတော့ အဲဒီသူနဲ့အတူပါလာတာက တစ်ကိုယ်ကောင်းဆန်စိတ်၊ ကိုယ့်ကိုယ်ကို
အထင်ကြီးမှု၊ အများကြီး အများကြီးပေါ့။ သင့်ကိုတစ်ခုခုကူညီလိုက်ရင် ကျေးဇူးအတင်ခံချင်တာကအရင်ပေါ့။
ကျေးဇူးမမေ့နဲ့၊ ကျေးဇူးမမေ့နဲ့ဆိုတာ သူ့ပါးစပ်ကပြောလာတဲ့စကားတွေပေါ့။ပွေလည်းပွေတယ်။ ကပ်စေးလည်းနဲ
တယ်။ ဆိုးသောအရသာမျိုးစုံနဲ့ပြည့်စုံနေတဲ့သူပေါ့။ သင်နဲ့ရည်းစားလာဖြစ်တာကလည်း အထွေအထူးမဟုတ်ပါဘူး။
super casanova ဆိုတဲ့ ဂုဏ်ထူးကြီးကြောင့်ပဲဖြစ်တယ်။သင်ဟာ ရုပ်မရှိရင်အဲဒီတစ်ယောက်က သင့်ကိုမျက်စောင်း
လေးတောင် ထိုးကြည့်မှာမဟုတ်ဘူး။ ပြီးတော့ သင်မသိသေးတဲ့ သူ့ရဲ့အတွဲပေါင်းများစွာကိုလည်း ဂိုဒေါင်ကြီးထဲ
ထည့်ထားရတဲ့အထိ၊ ဒါကြောင့် သူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ခွင့်ကတော့ လုံးဝမမျှော်လင့်နေပါနဲ့တော့နော်။

အဖြေ- ၈

(၈) ရတဲ့သူက သူ့ရဲကနောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်အရေးဟာ ၅ဝ% = ၅ဝ% ပါပဲ။ သင်တို့အချစ်ဟာကြာပြီး အားလုံး
နေရာကျနေပြီလေ။ တစ်ယောက်အကြောင်းကိုတစ်ယောက်သိနေပြီလေ။ ဒါကြောင့်အတူနေတဲ့အချိန်ဆို စိတ်ချမ်း
သာရတယ်။ အဲဒီစိတ်ချမ်းသာတာကချိုတာတွေ romatic တာတွေ မရှိတဲ့ခံစားချက်၊ သဝန်တိုခြင်း၊ လိုချင်တပ်မက်မှု
မရှိတဲ့အချစ်ဖြစ်နေပါတယ်။ ဒါကြောင့် သင်တို့အချစ်က သကြားပြတ်သွားတဲ့အချစ်နဲ့တူတယ်လေ။ သင်တို့နှစ်ယောက်
က တစ်ယောက်ကိုတစ်ယောက်သိကြမှာပါ။ တစ်ယောက်အပေါ်တစ်ယောက်ဘယ်လောက်နားလည်နိုင်စွမ်းရှိတယ်
ဆိုတာ သူ့အပြင်သင့်အပေါ်မှာနောက်ထပ်နားလည်နိုင်မယ့်သူလည်း ရှာလို့တွေ့တော့မှာမဟုတ်တော့ဘူးလေ...)


အဖြေ- ၉
(၉) ရတဲ့သူက အားရိုးရိုး...သင်တို့အချစ်ကိုနှိုင်းရရင်တော့နံနက်နေထွက်ချိန်နဲ့ ညနေနေဝင်ချိန်၊ ကောင်းကင်နဲ့မြေကြီး၊
သူချမ်းသာနဲ့သူဆင်းရဲ့၊ နတ်ပန်းနဲ့ ငရဲပန်း စတာတွေပေါ့။ ဒါကြောင့် သင်တို့အချစ်ကို သင်တို့ကိုယ်တိုင်တောင်
နားမလည်နိုင်ပဲဖြစ်နေရတယ်။နောက်ထပ် ဘာထူးဆန်းစရာတွေထပ်လာဦးမလဲဆိုပြီးတော့ သင်တို့နှစ်ယောက်ရဲ့
အချစ်အကြောင်းဟာ ဟာသတစ်ပုဒ်လိုပဲဖြစ်နေတယ်။သင်တို့နှစ်ဦးကလည်းသိနေတယ်လေ။ ကြာရှည်လက်တွဲလို့မရ
ဘူးဆိုတာပေါ့။ ခဏတစ်ဖြုတ်လေးလက်တွဲတာကလည်း ကိုယ့်ဘဝမှာရယ်စရာအမှတ်တရအဖြစ်ထားခဲ့ချင်လို့ပဲဖြစ်
တယ်။ သင်တို့နှစ်ဦးဟာအလွန်ခြားနားလွန်းလို့ တူတူသွားလို့မရဘူးဆိုပြီးတော့ပေါ့။ သင်တို့နှစ်ဦးလမ်းခွဲသွားခဲ့ရင်
လည်း သူငယ်ချင်းကောင်းတွေဆက်ဖြစ်ဦးမှာပါ။.....
ဆရာဇံဇာဏီရဲ့ တွက်နည်းပါ....

Friday, 12 April 2013

တန်ဖိုးရှိတဲ့သူတွေပဲဖြစ်စေချင်တယ်

လှပတဲ့ပန်းပွင့်လေးတစ်ပွင့်ကို
အညစ်အကြေးတွေရှိတဲ့နေရာမှာ
သွားထိုးထားရင်
ဘာတန်းဖိုးရှိတော့မှာလဲ
ထို့ အတူပဲ
တန်ဖိုးရှိတဲ့မိန်းကလေးတယောက်ဟာ
နိုက်ကလပ်ရဲ့မိန်းမှိန်မှိန်အောက်မှာ
နေရာမှားပြီးရောက်နေခဲ့ရင်
တန်ကြေးရှိတဲ့မိန်းကလေးပဲ
ဖြစ်သွားတော့မှာပေါ့
မုန်းလေးတို့ အရွယ်
မိန်းကလေးတွေကို
တန်ဖိုးရှိတဲ့သူတွေပဲဖြစ်စေချင်တယ်
တန်ကြေးရှိတဲ့မိန်းကလေးတွေ
မဖြစ်စေချင်ဘူး
မုန်းလေးရေးတဲ့စာသားမှာအမှားပါရင်ခွင့်လွတ်ပါနော်

********* မိန်း မ သ ဘာ ၀ တ ရား များ *********


********* မိန်း မ သ ဘာ ၀ တ ရား များ *********
မိန်းမဆိုတာ ပင်ကိုယ်ဗီဇ ကိုက သိပ်ကို နူးညံ့သိပ်မွေ့ပါတယ် ။ သူတဖတ်သားကို ချစ်ခင်တတ်တယ်
ကြင်နာတတ်တယ် တွယ်တာ ယုယတတ်တယ် လိုက်လျော ချင် တဲ့ ဆန္ဒပြင်းပြလွယ်တယ်
သနားကြင်နာတတ်ခြင်းဆိုတာ မိန်းမတွေဆီ မှာ ပဲများသောအားဖြ**့မြင်တွေ့ နေကြဖြစ်ပါတယ်။
ကာဣနြေ္ဒ ကိုထိန်းသိမ်းနိုင်စွမ်းတာဟာ မိန်းကလေးများပါ ။
မိန်းမသားတွေဟာ ကျူပင်နဲ့ တူပါတယ် ကျူပင် ဆိုတာ လေပြေလေညင်း တိုက်ခတ်ရုံနဲ့ ယိမ်းနွဲ့
တတ်ပါတယ် ဒါပေမဲ့ ပြင်းထန်တဲ့မုန်တိုင်းတိုက်သော် မှ လည်း မကျိုးပြတ်တတ်ပါဘူး ။
မိန်းမသားတွေဟာ ပင်ကိုယ်ဗီဇ နူးညံ့လွန်းတော့ အယုံလွယ်တတ်ပါတယ် ယုံလွန်းတော့လည်း ကိုယ့်
ဘ၀ကိုတောင် ဘာဆိုတာမသိတော့အောင်လောက်ကိုပင် ပျော့ညံ့သွားတတ်ပါတယ် ဒါပေမဲ့တကယ့်

ဘ၀ဒုက္ခ အခတ်အခဲ များကို အားမာန်အပြည့်နဲ့ ရင်ဆိုင် အနိုင်ယူတတ်ခြင်း မှာတော့
ယောကျာ်းများထက် သာပါတယ် ။ဘ၀တခုကို လွယ်လွယ်နဲ့မစွန့်ပြစ်တတ်သလို လွယ်လွယ်လေးနဲ့
လည်း အလျော့မပေးတတ်တာ မိန်းမသဘာဝပါ ။
မိန်းမတစ်ယောက်ရဲ့ ၀ိညာဉ်ကို က ချစ်ခြင်းမေတ္တာ မှာမွေ့လျော်တတ်ပါတယ် ။မိန်းတစ်ယောက်ဟာ
ယောကျာ်းတစ်ထောင်ထက် ပိုပြီးစွမ်းအားရှိပါတယ် ။မိန်းမသားတွေဟာ လူသားအစဉ်အဆက်ရဲ့ ရှေးဦး
ပထမ ပညာပေးသူများဖြစ်ပါတယ် ။ မိန်းမတစ်ယောက်ရဲ့ သဘာဝကို ယောကျာ်းတွေဟာ အသက်ကြီး
လာမှ သိနားလည်တတ်ကြတယ် ။မိန်းမတွေဟာ မိမိ မျက်လုံး၏ အစွမ်းဖြ**့ စစ်သူရဲကောင်းကြီးများ
ကိုတောင် ဒူးထောက်လာအောင်ပြုနိုင်စွမ်းပါတယ် ။ မိန်းမတစ်ယောက်ရဲ့ အကြည့်ဟာ

သူတို့နုတ်မှမထွက်ရဲသော စကားများကိုပြောပြတတ်ပါတယ် ။
မိန်းမတစ်ယောက် ဟာ ယောကျာ်းတစ်ယောက်ထက် အချစ်ပိုသည်မပိုသည်ကို မဆုံးဖြတ်နိုင်ပေမဲ့
ချစ်ရာမှာတော့ယောကျာ်းများထက်ပိုသည်ကိုကား မငြင်းပါယ်နိုင်ပါဘူး ။ မိန်းမဘ၀ကား သူတို့ချစ်ခင်
သောယောကျာ်းများအတွက် သာယာခြင်းချစ်ခင်ခြင်း နှင့်ဒုက္ခ ခံစားခြင်းတို့သာဖြစ်တယ် ။ဒါပေမဲ့ဇနီး
မယားကောင်းတစ်ဦးကို ရရှိထားသူဟာ ဆင်းရဲနေလည်း အရေးမကြီးပါဘူး .။ ဇနီးမယားကောင်းမရ
ရှိသူအတွက်တော့ ချမ်းသာနေလည်းအလကားပါပဲ ။ မိန်းမတွေ မိုက်ကန်းတယ်ဆိုတာ မငြင်းဆန်လိုဘူး
ဘာလို့လည်း ဆိုရင် ယောကျာ်းများနဲ့ ယှဉ်ပြိုင်ဖို့ဖန်တီးပေးထားလို့ပါ။
မိန်မတစ်ယောက်က ချစ်တယ်ပြောပြောမုန်းတယ်ပဲဆိုဆို ချစ်ပါရပါစေလို့ အပြောခံရတာကိုတော့
အမြဲလိုလားနှစ်သက်တတ်တာ မိန်းမပါ ။မိန်းကလေးကပြောလို့ယောကျာ်းတွေက ချစ်တာမှ မဟုတ်တာ
မိန်းကလေးကို ချစ်လို့သာ မိန်းကလေးပြောတဲ့စကားကို နှစ်သက်တာပါ ။လူဆိုးက ငွေကိုတောင်းမရ မှ
အသက်ကိုတောင်းတတ်တာလေ မိန်းမတွေကတော့ အသက်ရော လူရော တောင်းတတ်တယ်နော် ။
အချစ်ဆိုတာ မိန်းမတစ်ယောက်ရဲ့ ပါရမီဖြစ်တယ် ။မိန်းမတစ်ယောက်က ချစ်ရင်ချစ်တယ်

မုန်းရင်မုန်းတယ် သူတို့ ဆီမှာအချစ်အမုန်း မရှိဘူး ။မိန်းမတစ်ဦးဟာ လောကရဲ့ လူ့ဘ၀နဲ့အလှတရား
ကို သိရှိနားလည်လို့ရှိရင် လင်ကိုလုပ်ကျွေးပြီး ပျော်ရွင်ချမ်းမြေ့စေပါတယ် ။ ဒါပေမဲ့မိန်းမပေါ့တစ်ဦး
ကတော့ ခင်ပွန်းသည်ကို ၀န်တာလေးစေတတ်ပါတယ် ။လောကရှိကောင်းမြတ်တဲ့ အရာတွေထဲမှာ
အကောင်းဆုံးတွေထဲမှာ ဇနီး မိန်းမကောင်းလည်း ပါ ပါတယ် ။ယောကျာ်းတစ်ယောက်ရဲ့ အချစ်ဟာ
သူ့ဘ၀ရဲ့အစိတ်အပိုင်းလေးတစ်ခုပဲဖြစ်တယ် မိန်းမတစ်ယောက်ရဲ့ အချစ်ကတော့

သူ့ဘ၀တစ်လျောက်လုံးအတွက် ဖြစ်ပါတယ် ။
မိန်းမဆိုတာ သင်ကိုယ်တိုင် လုပ်ထားတာကို မိန်းမတွေက မမြင်တတ်ကြပါဘူး ။

လုပ်မပေးရသေးတာကိုပဲ မြင်နေတတ်တာမိန်းမပါ ။သင်တို့ရဲ့အောင်မြင်ခြင်းတစ်ဝက်ဟာ မိန်းမတစ်
ယောက်ရဲ့အထောက်အပံ့တွေပါတယ်နော် ။ မိန်းမဆိုတာ အမဲ ပါ ယောက်ျားများကတော့မုဆိုးများပါ။
မိန်းမဟူသည် ငိုလွယ် ရယ်လွယ် သဘောလွယ်၏ ။

အချစ်ဆိုတာကိုးကွယ်ရာပါလို့ဆိုတတ်တာမိန်းမတွေပါ ။ တဖတ်လူရဲ့လှည့်စားမူ့အောက်မှာ ဒူးထောက်
ရဲတာလည်း မိန်းမတွေပါ ။လိုချင်တပ်မက်မူ့များတာလည်း မိန်းမပါ ။
မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်း အမူ့အားရတနာ တစ်ပါးကဲ့သို့စောင့်ရှောက်ပါ ဒီထက် ကြီးမား
တဲ့ကောင်းမူ့ဟာ မိန်းကလေးတို့ မှာ မရှိပါဘူး ။ မိန်းမဆိုတာ စိတ်ဓာတ်နဲ့ ကိုယ့်ကျင့်တရားကောင်း
မြတ်စင်ကြယ်တာဟာ ပထမ ထင်ရှားချက်ပါ ။ရုပ်ရည်ချောမောခြင်း ရုပ်ဆိုးခြင်းဆိုတာ ကံကပေးသော
သဘာဝတရားတစ်ခုပါ ။ မိမိကိုယ့်ကိုစောင့်ရှောက်နိုင်းခြင်းထက် မိန်းမတစ်ယောက်ရဲ့လုံခြုံမူ့ကို

အဘယ်သို့သော သော့ခလောက်အရံအတားမျှ မတတ်နိုင်ပါဘူး ။
ဒါကြောင့် သဘာဝ တရားတွေထဲမှာ မိန်းမတစ်ယောက်ဟာ ကောင်းခြင်းငါးဖြာနဲ့ပြည့်ဝနေပေမဲ့လည်း
စိတ်ကောင်းစေတနာကောင်း မရှိတဲ့ မိန်းမဘ၀ဟာ ဘယ်လောက်ပင် ထက်ထက်တော်တော် နှလုံးလှ
တဲ့ မိန်းမတစ်ယောက်ကို မီနိုင်မယ် မထင်ပါဘူး ။ သဘာဝတရားတွေမှာ မိန်းမတွေဟာ အလိုတွေဘယ်
လိုဆိုဆိုး ဘယ်လောက်ပင်နိမ့်ကျသည်ပင်ဆိုသော်ငြားလည်း လူဘောင်လူ့လောကကြီး မှာ မိန်းမသဘာ
ဝတရားတွေ ပျောက်ကွယ် သွားမယ်ဆိုရင် သတ္တလောကကြီးဟာ ဆိပ်သုံးပျောက်ကွယ် နေပျော်ဖွယ်ရာ
ပျောက်ဆုံးပြီး အမှောင်ကမ္ဘာ ကြီးတစ်ခုဖြစ်သွားမှာ အမှန်ရယ် ပါ ။
မိန်းမတွေဟာ သူ့သဘာဝကိုက သာယာပြီးသားလှပပြီးသားပါ ။ပိုပြီးပြည့်စုံသထက်ပြည့်စုံတဲ့
သာယာလှပတဲ့ ကမ္ဘာကြီးကိုဆောင်ညင်းဖို့ ဖန်ဆင်းကြည့်လိုက်ရအောင်လား ရှင် မိန်းမမြတ်တွေရဲ့
အရည်အသွေး ထက်မြတ်ပြည့်စုံဖို့ ဘာသာတရားကို ကြိုးကိုင်ထား ရက်ရောတာ ဖော်ရွှေတာ သည်းခံ
တာ ခွင့်လွတ်တတ်တာတွေဟာ ဘာသာတရားမြစ်ဖျားခံ စီးဆင်းတာမို့ မိန်းမတွေရဲ့ သဘာဝတရားကို
တရားတော်တွေရဲ့ ထိန်းကွပ်မူ့အောက်မှာ ကာယကံမူ့ ၀စီကံမူ့ မနောကံမူ့တွေကို ထိန်းချုပ်လို့ မြင့်
မြတ်ပြီးအဘိုးတန်သော သဘာဝတရားများနဲ့ ပြည့်စုံသော မိန်းမ များဆီသို့ ဦးတည်

လျှက်*********************************************

Friday, 5 April 2013

မြင့်မြတ်သူတို့စိတ်ထား

တခါတလေမှာပေါ့
လူတွေဟာကိုယ်ဘာလုပ်နေမိလို့လုပ်နေမှန်းမသိဖြစ်နေတတ်ကြတယ်
ကိုယ့်ကြောင့်တစုံတဦးထိခိုက်နစ်နာသွားမလားဆိုတဲ့စိတ်ကလေး
ကိုယ်ချင်းစာစိတ်ကလေးတွေနည်းကြတယ်
တချို့ကစေတနာအတုအယောင်နဲ့လောကထဲကိုတိုးဝင်တယ်
တချို့ကလျှာဖျားလေးနဲ့မိတ်ဆွေတွေကိုတိုးအောင်လုပ်တယ်
တချို့ကျပြန်တော့လည်း
ကိုယ်ကိုယ်တိုင်ကစည်းကမ်းမရှိဘဲစည်းကမ်းအကြောင်းပြောကြတယ်
စာရေးသားသူအများစုဟာ
စိတ်ဓာတ်စည်းကမ်းရှိဖို့အများကြီးလိုအပ်ပါတယ်
စာထဲမှာတော့ရေးချင်သလိုရေးပြပြီးအပြင်ဘက်မှာကိုယ်ကိုယ်တိုင်က
စည်းမစောင့်ရင်ရေးတဲ့စာတွေအတွက်ရှက်ဖို့ကောင်းပါတယ်

အတုအယောင်ဆိုတာဘယ်အရာမှမကောင်းပါဘူး

အစစ်အမှန်မဟုတ်တဲ့အတွက်တနေ့ကျရင်ကွယ်ပျောက်သွားလိမ့်မယ်
အဲ့ဒီအခါအတုအယောင်ပိုင်ဆိုင်ထားတဲ့သူဟာ
အလိုလိုနေရင်းဘေးရောက်သွားတတ်တယ်
တကယ်တော့
ဘယ်သူကမှတွန်းထုတ်လိုက်တာမဟုတ်ပါဘူး
သဘာဝတရားကချမှတ်ထားတဲ့ဥပဒေက
ပြစ်ဒဏ်ခတ်လိုက်တာပါ
စာရေးဆရာဆိုတာလေအင်မတန်မှအန္တရာယ်များလှပါတယ်
ကိုယ်ရေးတဲ့စာကိုယ်တာဝန်ယူရတယ်
အသေချာဆုးံကတော့
ကိုယ့်စိတ်ကိုမြင့်မြတ်အောင်ထားပြီးမှစာရေးတာအကောင်းဆုးံဖြစ်လိမ့်မယ်ထင်ပါတယ်

ဘာကြောင့်လည်းဆိုတော့
အားပေးနေတဲ့ပရိသတ်ရဲ့
သူရဲကောင်းတွေဖြစ်နေလို့ပါ

မြင့်မြတ်တဲ့စိတ်ကလေးတွေတတ်နိုင်သမျှမွေးနိုင်ကြပါစေ

ယောက်ျားလေးတစ်ယောက်ကိုတကယ်ချစ်မိရင်ဒီအချက်တွေထဲကဘယ်အရာတွေကိုလုပ်ပေးနိုင်သလဲ..


ယောက်ျားလေးတစ်ယောက်ကိုချစ်ရင် အောက်ပါ(၁၅)ချက်တွေထဲက ဘယ်အရာတွေကို လုပ်ပေးနိုင်သလဲ ???

၁။ သ၀န်မတိုရဘူး
၂။မချုပ်ခြယ်ရဘူး
၃။နားလည်ပေးနိုင်ရမယ်
၎။ခွင့်လွှတ်ပေးနိုင်ရမယ်
၅။အကောင့် ပတ်ဝှက်မတောင်းရဘူး
၆။ဖုန်းမစ်ကောလစ်တွေ ၊မက်ဆေခ်ျချက်တွေ လှန်လှောမကြည့်ရဘူး
၇။ဂိမ်းကစားခွင့်ပေးရမယ်။
၈။ဘောလုံးကိုလွတ်လပ်စွာကန်ခွင့်ပေးရမယ်
၉။တခြားမိန်းကလေးနဲ့ တွဲသွားမိရင် စိတ်မဆိုးရဘူး
၁၀။လူကြားထဲမှာ တမောင်မောင်နဲ့  ဒါမှမဟုတ် ကိုကို ကိုကိုနဲ့  မပြောရဘူး
၁၁။သူငယ်ချင်းတွေစုံတဲ့  အချိန် အတင်းမပြောရဘူး
၁၂။နှစ်ပတ်လည်နေ့တွေ မေ့ခဲ့ ရင် မဆူရဘူး
၁၃။တခြားကောင်မလေး အကောင့်ကို ကွန်မန့်ပေးမိရင် မငြူစူရဘူး
၁၄။ဖုန်းမှန်မှန် မဆက်ရင် နားလည်ပေးရမယ်
၁၅။ဘယ်လို အကြောင်းအရာအဖြစ်အပျက်တွေကြုံကြုံ ဘယ်တော့ မှ အချစ်မလျော့ ဘူးလို့  အမြဲတမ်း ကတိပေးရယ်
....
....
နောက်ဆုံးတချက်ကတော့  တွေ့တိုင်း ချစ်တယ် ချစ်တယ်ပြောရမယ်

Tuesday, 2 April 2013

ယောက်ျားလေးတစ်ယောက်ကိုချစ်ရင် အောက်ပါ(၁၅)ချက်တွေထဲက ဘယ်အရာတွေကို လုပ်ပေးနိုင်သလဲ...............


၁။ သ၀န်မတိုရဘူး
၂။မချုပ်ခြယ်ရဘူး
၃။နားလည်ပေးနိုင်ရမယ်
၎။ခွင့်လွှတ်ပေးနိုင်ရမယ်
၅။အကောင့် ပတ်ဝှက်မတောင်းရဘူး
၆။ဖုန်းမစ်ကောလစ်တွေ ၊မက်ဆေခ်ျချက်တွေ လှန်လှောမကြည့်ရဘူး
၇။ဂိမ်းကစားခွင့်ပေးရမယ်။
၈။ဘောလုံးကိုလွတ်လပ်စွာကန်ခွင့်ပေးရမယ်
၉။တခြားမိန်းကလေးနဲ့ တွဲသွားမိရင် စိတ်မဆိုးရဘူး
၁၀။လူကြားထဲမှာ တမောင်မောင်နဲ့  ဒါမှမဟုတ် ကိုကို ကိုကိုနဲ့  မပြောရဘူး
၁၁။သူငယ်ချင်းတွေစုံတဲ့  အချိန် အတင်းမပြောရဘူး
၁၂။နှစ်ပတ်လည်နေ့တွေ မေ့ခဲ့ ရင် မဆူရဘူး
၁၃။တခြားကောင်မလေး အကောင့်ကို ကွန်မန့်ပေးမိရင် မငြူစူရဘူး
၁၄။ဖုန်းမှန်မှန် မဆက်ရင် နားလည်ပေးရမယ်
၁၅။ဘယ်လို အကြောင်းအရာအဖြစ်အပျက်တွေကြုံကြုံ ဘယ်တော့ မှ အချစ်မလျော့ ဘူးလို့  အမြဲတမ်း ကတိပေးရယ်
....
....
နောက်ဆုံးတချက်ကတော့  တွေ့တိုင်း ချစ်တယ် ချစ်တယ်ပြောရမယ်
ကဲ ဘယ်လိုလဲ ချစ်ရဲသေးလား....

Friday, 22 February 2013

အညာ သနပ်ခါး

သနပ်ခါးပင်

လာလည်ကြတဲ့ ကျွန်တော့်အစ်မနှမတွေအတွက် အညာသနပ်ခါး လက်ဆောင်ပေးမယ်နော်။
သနပ်ခါးက ကျွန်တော်တို့ဆီမှာ တကုတက
စိုက်တာတော့ သိပ်မရှိဘူးဗျ။ ကိုယ့်ယာခင်းနားမှာ အလေ့ကျ ပေါက်တာလေးတွေကို ပြုပြင်ထားကြတယ်။
အသုံးပြုချင်တော့ ခုတ်ပြီး သုံးလို့အဆင်ပြေတယ်။အရမ်း ရှားရှားပါးပါး မဟုတ်ဘူးပေါ့။ တောထဲထွက်ရင်သနပ်ခါးအပင်လေးတွေ တွေ့နိုင်ပါတယ်။ နေရာတိုင်း တော့ မဟုတ်ဘူးနော်။ 
အညာဒေသမှာ သနပ်ခါးက အညာသူလုံမပျိုတို့ရဲ့ အလှပြင်ပစ္စည်း
တခုဖြစ်ပြီး အညာနေပူ ဒဏ်ကိုလည်း ကာကွယ်ပေးတယ်။
အညာသူတွေ တောထဲထွက်ရင် သနပ်ခါးဘဲကြား လိမ်းတယ် ဆိုတာ
မျက်နှာကို နေပူဒဏ်ကနေ ကာကွယ်နိုင်အောင်လို့ပါ။
သနပ်ခါးတုံးနဲ့ ကျောက်ပြင် ကတော့ အညာက အိမ်တိုင်းလိုလိုမှာ ရှိပါတယ်။ ကျွန်တော်တို့ကို အမေက ငယ်ငယ်ကတည်းက သနပ်ခါးကို လိမ်းလိမ်းပေးတယ်။ 
ငယ်ငယ်ကဆို ရေချိုးပြီးရင် သနပ်ခါးသွေးပြီးသားတွေ
ပါးစပ်ထဲခွံ့တာကို အတော်ကြောက်တာ။ စကားပြောတတ်တဲ့
အရွယ်အထိ ရေချိုးပြီးတိုင်း သနပ်ခါးခွံ့ကျွေးသေးတယ်။
ကျန်းမာရေး ကောင်းတယ်တဲ့လေ။ အရသာက
ခါးသက်သက်နဲ့ဆိုတော့ ကလေးတွေ ဘယ်ကြိုက်မလဲနော်။
မကြိုက်လည်း ကြောက်တော့ စားရတာပါပဲ။
ငယ်ငယ်က ကျောင်းသွားရင် ရွာကျောင်းက ဆရာမက မျက်နှာမှာ
သနပ်ခါးပါမလာရင် ရိုက်တယ်ဗျ။ ယောကျာ်းလေးတွေလည်း
လိမ်းရတာပဲ။ ငယ်သေးတဲ့ အရွယ်ဆိုတော့ ကျန်တာတွေ
ဘာမှမစဉ်းစားဘူး။ တခါတလေကျတော့ ဖြစ်သလိုပဲ မှန်မကြည့်ဘဲ
ဟိုပွတ်ဒီပွတ် ပွတ်သွားလိုက်တာပဲ။ သနပ်ခါးပါရင် ပြီးတာပဲလေ
မဟုတ်ဘူးလား။ ကျွန်တော်ကလည်း လက်ဆောင်ပေးမလို့ဆိုပြီး
ငယ်ငယ်ကအကြောင်းတွေ ပြန်ပြောနေမိပြန်တယ်။ ဆောတီး ဆောတီး။
သနပ်ခါးပွင့်
သနပ်ခါးအမျိုးအစား ဘယ်လောက်ရှိလဲတော့
ကျွန်တော် သေချာမသိဘူးနော်။
ရှင်မတောင်သနပ်ခါး၊ ရွှေဘိုသနပ်ခါး၊
အညာသနပ်ခါး စတာတွေတော့
ကြားဖူးတယ်။ လိမ်းလို့ရတာတော့
အတူတူပဲ ဖြစ်မှာနော်။ ကျွန်တော့်
အစ်မနှမတွေကတော့ ကျွန်တော့်ထက် ပိုသိလောက်တယ်။
ကျွန်တော်တို့ ဆီမှာတော့ သနပ်ခါးပင်က အလေ့ကျ ပေါက်တာနဲ့ လူစိုက်တဲ့ အပင်ဆိုပြီးနှစ်မျိုးရှိတယ်။ အပင်ရဲ့အပွေးကို ကြည့်ပြီးတော့ ခွဲလို့ရပါတယ်။  လူစိုက်တဲ့ သနပ်ခါးက
အပွေးထူတယ်။နှစ်ထပ်ပွေးပေါ့။ သူက ရောင်းပန်းလှတယ်။
အလေ့ကျပေါက်တဲ့ သနပ်ခါးကတော့ အပွေးက တစ်ထပ်ထဲပဲ
ဒါပေမဲ့ မွှေးတာကတော့ အလေ့ကျပေါက်တာက ပိုပြီးမွှေးတယ်ဗျ။
အနံ့လေးက ပိုပြီးသင်းတယ်။ အလေ့ကျပေါက်တဲ့ သနပ်ခါးကို 
သုံးဖူးသူက ရွာတွေကို ဆင်းပြီးဝယ်ကြတယ်။ ကျွန်တော်တို့ ဆီမှာ
စိုက်သနပ်ခါးကတော့ သိပ်မရှိဘူး။
ရွာဦးဘုန်းတော်ကြီး ကျောင်းမှာတော့ အပင်
တစ်ရာနီးပါးလောက်ရှိတယ်။ ကျန်တာကတော့
ကိုယ့်ယာတောမှာ ပြုပြင်ထားတဲ့ အလေ့ကျပေါက်တဲ့
သနပ်ခါးပင်လေးတွေပဲ ရှိတယ်။
သနပ်ခါးသီးအစိမ်း

 
 
 
 
 
 
 
နောက်တခုက ယာတောမဟုတ်တဲ့နေရာ တောထဲ တွေပေါ့
အဲ့လိုနေရာမျိုးမှာ ကျတော့ အပင်လေး တွေကသိပ်မမြင့်ဘူး။ အမြင့်က
ဒူးလောက်သာသာ ပဲရှိတယ်။ ပင်စည်ကို လိမ်းလို့မရသေးပေမဲ့
အမြစ်တွေက အတော်လေး မွှေးတယ်ဗျ။ အဲ့ဒီအပင်တွေကတော့
ဆိတ်ကျောင်း၊ နွားကျောင်း သမားတွေရဲ့ လက်ချက် မိမိသွားတယ်။
သူတို့က အမြစ်ကိုတူးယူကြတာလေ။ အလေ့ကျ ပေါက်တဲ့
သနပ်ခါးပင်က တစ်ထပ်ပွေးဆိုပေမဲ့ တော်တော် လေးမာတယ်။
အသွေးခံတာပေါ့။ ကြာကြာသွေးလို့ ရတယ်ပြောတာနော်။
အပင်ရင့် နေရင် အပွေးတွေက ရဲပြီးပြောင်လာတာ။
စိုက်တဲ့အပင်ကကျတော့ အဲ့ဒီလောက်ရင့်ဖို့ဆိုရင်
အကြာကြီး စောင့်ရတယ်။ ဥာဏ်ကူတာလေးတွေလည်း
ကျွန်တော်သိသလောက် ပြောပြအုံးမယ်နော်။ တချို့က သနပ်ခါးပင်ကို
နဲနဲလေးရင့်ခါနီးရင် အုတ်နီခဲတွေကိုထုချေ အရည်ဖျော်ပြီး
သုတ်လိမ်းပေးတယ်။ နောက်ပြီး မြေကြီးအနီမှုန့်တွေကိုလည်း
အရည်ဖျော်ပြီး သုတ်လိမ်းတတ်ကြတယ်။ သဘာဝ အတိုင်းရင့်တာနဲ့
ဥာဏ်ကူထားတာနဲ့က ကြည့်တာနဲ့ သိနိုင်ပါတယ်။
ကျွန်တော့်အစ်မတွေ သနပ်ခါးတုံး ၀ယ်တဲ့အခါ သတိပြုလို့ရတာပေါ့။
သနပ်ခါးတုံးရင့်ရင့်

 
 
 
 
 
နောက်ဆိုးတာ တစ်ခုက ဥာဏ်ကူတာ
မဟုတ်ဘဲ သနပ်ခါးတုံး
 အတုတွေ ရောပြီးရောင်းတတ်ကြတာ။အဲ့ဒီအပင်က သစ်ပုလွေပင် 
လို့ ခေါ်ပါတယ်။ ကျွန်တော်တို့ ဆီမှာအတော်ပေါတယ်။ မသိရင်တော့
သနပ်ခါးပင် အတိုင်းပဲ။ သူ့အပွေးက သနပ်ခါးပင်ထက်တောင်
လှသေးတယ်။ ဒါပေမဲ့ သနပ်ခါးနဲ့ ကွာတာက သစ်ပုလွေပင်ရဲ့
အပွေးကနဲနဲပွပြီးတော့ အဖြူဘက်ကို နဲနဲပါတယ်။ သနပ်ခါးရင့်တဲ့
အပင်ရဲ့ အပွေးက ဘာမှဆေးသုတ်စရာမလိုအောင်
မာပြီးတော့ရဲနေတာပဲ။ သနပ်ခါးရင့် မရင့်ခွဲတာက ကျွန်တော်တို့
ဆီကအလေ့ကျပေါက်တဲ့ သနပ်ခါးက ပိုပြီးလွယ်တယ်။ သနပ်ခါးပင်
ရင့်လာရင် အပွေးတွေက နီရဲပြီး ပြောင်ချောနေတာပဲ။ စိုက်တဲ့
အပင်မှာလည်း တကယ်ရင့်တဲ့ အပင်ဆိုရင် အပွေးတွေက
မာပြီးပြောင်နေတာပဲ။
သနပ်ခါးသီးအမှည့်

သစ်ပုလွေ(သနပ်ခါးတုံးအတု)နဲ့သနပ်ခါးအစစ်ကို ရောနေရင်
ဘယ်လိုခွဲမလဲ။ သာမန်ကြည့်ရင်တော့ လွယ်လွယ်နဲ့ မသိနိုင်ဘူးဗျ။
အနံ့ကို နမ်းကြည့်ရင်လည်း သစ်ပုလွေတုံးကို
သနပ်ခါးအစစ် သွေးပြီးသား သုတ်လိမ်းတတ်လို့ အနံ့ကတော့
သနပ်ခါးနံ့ပဲရလိမ့်မယ်။ သွေးပြီးလိမ်းကြည့်ရင်တော့ သနပ်ခါး
အစစ်က အသားအရေကို အေးမြစေသော်လည်း သစ်ပုလွေက
အသားအရေကို ပူလောင်စေပါတယ်။ ကျွန်တော့်အစ်မ
တစ်ယောက်ပြောပြလို့ပါ။ ကိုယ်တိုင်တော့ လိမ်းမကြည့်ဖူးဘူး။
မတည့်တဲ့သူ သစ်ပုလွေတုံး လိမ်းမိရင် မျက်နှာကြီးက
ဖူးယောင်လာတယ်လို့ပြောတယ်။ ကျွန်တော်တို့အညာမှာတော့
သစ်ပုလွေပင်ကို ထင်းလောက်ပဲ သုံးပါတယ်။ဒါတောင် အမြဲတမ်း
မဟုတ်ဘူး။ တခြားသစ်ပင်တွေက ပေါတယ်လေ။  သစ်ပုလွေအပင်က
သနပ်ခါးပင်လိုပဲ ဆူးလည်းပါတယ်။ အရွက်ကတော့
အရမ်းကြီးမဆင်ဘူး။ အရွက်မပါပဲ ပင်စည်ဆိုရင်တော့ မသိသူဆို
သနပ်ခါးပင်နဲ့ အတူတူပဲ။ သနပ်ခါးတုံးဆိုတာကလည်း
ပင်စည်ပဲ ရောင်းတာလေ။ အရွက်ကိုပြမထားတော့
သစ်ပုလွေနဲ့ ရောထားရင် ဘယ်လိုလုပ်ပြီးသိနိုင်မှာလဲ။ အဲ့ဒီအချက်က
မသမာသူတွေအတွက် အခွင့်ကောင်းပဲဗျ။
ကျွန်တော်တို့အညာမှာတော့ သနပ်ခါးဝယ်သူလာရင် အပင်ကို
ကိုယ်တိုင်လိုက်ပြပြီး ၀ယ်သူကြိုက်မှ ခုတ်ပေးတယ်။

လက်ဆောင်လိုချင်ရင်တော့ ကျွန်တော်တို့ရွာကို လိုက်လည်မှ
ရမယ်ဗျ။ ကျွန်တော့်အဖိုးက တောထဲမှာ တဲနဲ့နေတာ။ အဖိုး
ယာတောမှာ
အလေ့ကျသနပ်ခါးပင်တွေ ပြုပြင်ထားတာ တော်တော်များတယ်။
အဖိုးက သဘောလည်း ကောင်းတယ်။ ဧည့်သည်ဆိုရင်
သနပ်ခါးတုံးလက်ဆောင် ပေးတတ်တယ်။ ကျောင်းတက်တုန်းက
သူငယ်ချင်းမတွေ အလည်လိုက်လာတာ အပြန်ကျတော့ သနပ်ခါးတုံး
လက်ဆောင်ပေးလိုက်လို့ ပျော်နေကြတာ။ နောက်ထပ်တောင်
လိုက်ပါအုံးမယ်လုပ် နေလို့ဗျာ။ ကျွန်တော်တို့ဆီမှာက သနပ်ခါးပင်
သိပ်ပြီးမရှားဘူး။
ကြိုက်တတ်ရင် လိမ်းသွားနော် အဆင်သင့်သွေးထားတယ်

 
 
 
 
 
 
 
 
သနပ်ခါးပင်ရဲ့ အဓိကအသုံးဝင်တာကတော့ ပျိုမေတို့
မျက်နှာမှာလိမ်းခြယ်တာပေါ့။ နောက်ပြီး သနပ်ခါးအမြစ်က အနာတွေ မှာလိမ်းပေးရင် အညှော်ဝင်တာတွေ၊
အနာရင်းတာ တွေအတွက် ကောင်းပါတယ်။
သနပ်ခါးအရွက်ကိုတော့ နေမကောင်း ဖြစ်တဲ့သူတွေ
နလန်ထခါစ ရေစချိုးရင် သနပ်ခါးရွက်ပြုတ်ရည်လေးနဲ့
ချိုးပေးကြတယ်။အလေ့ကျပေါက်တဲ့ သနပ်ခါး ပင်က
အသီးသိပ်ပြီးများများ မသီးဘူး။စိုက်တဲ့ သနပ်ခါးကတော့
အသီးတွေခဲနေအောင် သီးတယ်။ သနပ်ခါးသီးကိုတော့ မျိုးစေ့
အတွက် သုံးကြပါတယ်။အဲ့ဒီသနပ်ခါးသီးကို ငှက်တွေ
စားရာက တောထဲမှာ သနပ်ခါးအလေ့ကျပင် ပေါက်တာပါ။
သနပ်းခါးကို နေစဉ်လိမ်းခြယ်ပေးခြင်းဖြင့် မျက်နှာအသာအရေကို
စိုပြည်ချောမွတ်စေပြီး မျက်နှာမှာအသား
ပတ်ခြင်းမှကာကွယ်ပေးပါတယ်။ နေပူပူ တောထဲသွားလို့်
မျက်နှာကိုသနပ်ခါးထူထူ လိမ်းသွားရင် နေပူဒဏ်မှ
ကာကွယ်ပေးပါတယ်။ နောက်ပြီး မျက်နှာက သနပ်ခါးနံ့လေးက လူကို
အမောပြေစေပါတယ်။ ကျွန်တော်တို့လည်း ရွာတုန်းကတော့ ညဆိုရင်
သနပ်ခါးတုံးတွေ သွေးပြီးလိမ်းတယ်ဗျ။ နွေရာသီမှာ အရမ်းပူရင်
မျက်နှာကို သနပ်ခါးလိမ်းပြီး နေရတာ အေးအေးလေးနဲ့
အတော်နေလို့ကောင်းတယ်။ သနပ်ခါးနဲ့ သင်းသင်းလေးကိုလည်း
သဘောကျတယ်။ ဆေးအဖြစ်သုံး တာပေါ့နော်။ဟဲ….ဟဲ
သနပ်ခါးရွက်

 
ဟိုသီချင်းလေးကိုတောင် ပြောင်းပြီး ဆိုလိုက်
ချင်တယ်"ရွှေဘိုသနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ယူ
ဘယ်လိုအသားမည်းမည်း ၀ါဝါညက်ညက်ဖြူ" ဆိုသလို
"ရွှေညာသနပ်ခါးတုံးများ မြန်မာပြည်အနှံ့ လိမ်းဖို့ယူ ဘယ်လို
အသားမည်းမည်း ၀ါဝါညက်ညက်ဖြူ ဆိုပြီးတော့လေ" 
ပြောသာပြောရတယ် အခုခေတ်က အလှကုန်
ပစ္စည်းတွေကလည်း ပေါမှပေါဆိုတော့
သနပ်ခါးတုံးလိမ်းသူက ခေတ်နောက်ကျ
သလိုများ ဖြစ်နေမလားမသိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အညာဘက်မှာ
အညာသူတွေ သနပ်ခါးတုံးလိမ်းတဲ့ အလေ့အထကတော့
မပျောက်ပျက်သေးတာ သေချာတယ်ဗျ။ ယနေ့ထက်တိုင်
အညာသူတွေ တောထဲသွားရင် သနပ်ခါးဘဲကြားလိမ်းဆဲ၊
ညနေခင်း ရေခပ်ဆင်းရင် သနပ်ခါးပါးကွက်လေးကွက်ဆဲ၊
ခါးကိုင်းနေပြီဖြစ်တဲ့ အဖွားတွေလည် ဘုရားသွားကျောင်းတက်ရင်း
သနပ်ခါးလိမ်းကြဆဲ ရှိနေပါသေးတယ်။ မြို့ကြီးတွေမှာ
အလှခြယ်ပစ္စည်းတွေ
မရေတွက် နိုင်လောက်အောင် ပေါနေသော်လည်း ကျေးတောပျော်
အညာသူလုံမေတို့ကတော့ သဘာဝစစ်စစ် သနပ်ခါးတုံး
လိမ်းခြယ်ကြတဲ့ ဓလေ့ကို ဆက်လက်ထိန်းသိမ်းနေဆဲပါ။ သူတို့တွေ
အတွက် မိတ်ကပ်တို့ ပေါင်ဒါတို့ ဆိုတာ ပွဲလမ်းသဘင်လောက် မှာပဲ
လိမ်းခြယ်ကြတာလေ။ ဒါတောင် အောက်ခံအဖြစ်လောက်ပါပဲ
အပေါ်က သနပ်ခါးရေကျဲလေး ပါတတ်သေးတယ်။ 
ဒီလောက်ဆို ဗဟုသုတ အနည်းငယ်တော့ ရလောက်မယ်ထင်ပါတယ်။
သနပ်ခါးနဲ့ ပတ်သက်ပြီး ကျွန်တော်သိသမျှ ပြန်ပြီး မျှဝေးပေးတာပါဗျာ။
သိပြီးသားဆိုရင်လည်း နှစ်ထပ်ရှိတော့ မှတ်မိတာပေါ့လေ။
ကျွန်တော်ရေးတဲ့အထဲမှာ ကျန်ခဲ့တာလေးတွေ
ရှိရင်လည်း ပြန်ပြီးတော့ မျှဝေပေး ပါအုံး။ ဗဟုသုတ ရတာပေါ့။
ကျွန်တော့်ဆီကို လာလည်ရင်းနဲ့ ဗဟုသုတအနည်းငယ် ရတယ်ဆိုရင်
ကျွန်တော် ရေးရကျိုးနပ်ပါတယ်ဗျာ။ 
 စာဖတ်သူတို့ရဲ့ ရင်ထဲမှလာသော စကားလေးများက
ကျွန်တော့်အတွက် အားအင်တွေပါပဲ။
အားလုံး ကျန်းမာပျော်ရွှင်ကြပါစေ….

Sunday, 17 February 2013

အမျိုးသမီးများကို စွမ်းအား တိုးစေမည့် အစားအစာ ၁၀ မျိုး


၁။ ငှက်ပျောသီး
ငှက်ပျောသီးကို စွမ်းအား တိုးစေတဲ့ အကောင်းဆုံး အစားအစာလို့ ဆိုလိုက်ရင် မှားမယ် မထင်ပါဘူး။ ငှက်ပျောသီးမှာ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင်ဘီ အုပ်စု၊ ဘရိုမီလင် အင်ဇိုင်းတွေ ပါဝင်တာကြောင့် စွမ်းအားတွေ တိုးပွားစေ ပါတယ်။
၂။ ထောပတ်သီး
ထောပတ်သီးရဲ့ ပုံသဏ္ဌာန်က သူ့ထဲမှာ ပါဝင်တဲ့ အာနိသင်ကို ဖော်ပြ နေပါတယ်။ ဗီတာမင်ဘီစစ်နဲ့ ပိုတက်စီယမ်တွေ ကြွယ်ဝတဲ့ ထောပတ်သီးကို စားသုံးပေးပါက သင့်ကို စွမ်းအင်တွေ တိုးပွားစေပြီး နိုးကြား တက်ကြွ စေပါတယ်။
၃။ ငရုတ်သီး
ငရုတ်သီးရဲ့ ပူစပ်တဲ့ ဓာတ်သဘာဝက သင့်ခန္ဓာကိုယ်တွင်းမှာ အင်န်ဒေါ်ဖင် ဟော်မုန်းဓာတ်ကို ထွက်စေပြီး စွမ်းအားတွေ တိုးပွားစေပါတယ်။
၎။ ကြက်ဥ
ကြက်ဥမှာ မယုံနိုင်လောက်အောင် အစွမ်းတွေ ရှိနေပါတယ်။ ကြက်ဥက မျိုးအောင်စေနိုင်တယ်ဆိုတဲ့ သင်္ကေတ တစ်ခုသာမကဘဲ ဟော်မုန်းဓာတ်ကို ထိန်းညှိပေးပြီး စိတ်ဖိစီးမှုတွေကိုပါ လျှော့ချပေးတဲ့ ဗီတာမင် B5၊ ဗီတာမင် B6 ဓာတ်တွေ ပေါများစွာ ပါဝင်ပါတယ်။
၅။ ကန်စွန်းဥ
ကန်စွန်းဥက သင့်ကျန်းမာရေး အတွက် စားသုံးဖို့ အသင့်တော်ဆုံး အစား အစာ တစ်ခု ဖြစ်သလို အကောင်းဆုံး စွမ်းအင်တွေကိုလည်း ပေးစွမ်းနိုင် ပါတယ်။ ကန်စွမ်းဥမှာ ကြွယ်ဝစွာ ပါဝင်တဲ့ ဘီတာကယ်ရိုတင်း ဓာတ်တွေက ခန္ဓာကိုယ်ထဲရောက်တဲ့အခါ ဗီတာမင်အေအဖြစ် ပြောင်းလဲသွားပြီး ယောနိ လမ်းကြောင်းနဲ့ သားအိမ်ကို ပုံစံတကျ ထိန်းသိမ်းပေးပါတယ်။ ဒါ့အပြင် ဟော်မုန်း ထုတ်လုပ်မှုကိုလည်း အားပေးပါတယ်။
၆။ ချောကလက်
ချောကလက်ရဲ့ အရသာက သင့်ကို ပျော်ရွှင်ကြည်နူးစေပါတယ်။ ဒီလို ခံစားမှုမျိုး မရရင်တော့ သင်စားတဲ့ ချောကလက်က ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတာ ဖြစ်နိုင်ပါတယ်။ ချောကလက်ထဲမှာ ကက်ဖင်းနဲ့တူတဲ့ စိတ်ဓာတ်တက်ကြွအောင် လှုံ့ဆော်ပေးတဲ့ သီရိုဘရိုမင်း ပါဝင်ပြီး စိတ်ခံစားမှု ကောင်းကို ဖြစ်ပေါ်စေတဲ့ စီရိုတိုနင် ဟော်မုန်းကို ခန္ဓာကိုယ်ကနေ ထုတ်လုပ် စေပါတယ်။
၇။ ဝိုင်နီ
သုတေသီတွေက အသက် ၁၈ နှစ် မှ ၅၀ နှစ်ကြား အမျိုးသမီးတွေကို လေ့လာခဲ့ရာ တစ်နေ့ကို ဝိုင်နီနှစ်ခွက် သောက်တဲ့ အမျိုးသမီးတွေက အရက်သောက်တဲ့ အမျိုးသမီးတွေထက် အိမ်ထောင်ရေး စွမ်းရည်ကို ပိုမိုပေးစွမ်းနိုင်တယ်လို့ ဆိုပါတယ်။
၈။ နေကြာစေ့
ဖရုံစေ့၊ နေကြာစေ့၊ အုတ်ဂျုံတွေမှာ တူညီတဲ့ အာနိသင်တွေ ရှိနေပါတယ်။ သူတို့မှာ ခန္ဓာကိုယ်အတွက် ကောင်းမွန်သင့်တော်တဲ့ အဆီတွေ ပါဝင်တာ ကြောင့် ဟော်မုန်းပမာဏကို မြင့်မားစေပြီး စွမ်းဆောင်ရည်တွေ တိုးပွား စေပါတယ်။
၉။ ငါး
အဆီများတဲ့ ငါးတွေ စားသုံးတာက သင့်ကို စွမ်းဆောင်နိုင်တဲ့ အရည်အချင်း တွေ တိုးပွားစေပါတယ်။ မက်ကရယ်၊ ဟာရင်း၊ ဆာဒင်း၊ တူနာ၊ ထရောက် ရေချိုငါးတွေမှာ အိုမီဂါ-၃ အဆီတွေ ပါဝင်ပါတယ်။ အမျိုးသမီးတွေမှာ လိုအပ်တဲ့ အဆီပမာဏ ရှိနေပါမှ သားသမီးရဖို့ အခွင့်အလမ်းများမှာ ဖြစ်ပါ တယ်။
၁ဝ။ နွားနို့
စွမ်းဆောင်ရည် ရှိတဲ့ မိန်းမ တစ်ယောက်အဖြစ် အောင်မြင် ပျော်ရွှင်တဲ့ ဘဝ တစ်ခုကို ထိန်းသိမ်း ထားနိုင်အောင် နို့သောက်ပေးပါ။ နွားနို့မှာ ပါဝင်တဲ့ အဆီဓာတ်တွေက သဘာဝပြည့်ဝ ဆီအမျိုးအစားဖြစ်ပြီး အီစထရိုဂျင် ဟော်မုန်း ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ အဆီဓာတ် ဖြစ်ပါတယ်။

Thursday, 10 January 2013

*ထိုင်းဘုရင်၏** **သြဝါဒ အမှာစကား **36 **ချက်***


*ထိုင်းဘုရင်၏** **သြဝါဒ အမှာစကား **36 **ချက်***
၁။ ထမင်းလုံးတိုင်းရေစက်တိုင်း စားစရာရှိသမျှ ရင်ထဲက ကျေးဇူးတင်ပါ
၂။ ဘုရားရှိခိုးတိုင်း မည်သည့် ဓနဥစ္စာကိုမျှမတောင်းဘဲ
ပညာနှင့်အစွမ်းသတ္တိကိုသာတောင်းယူပါ

၃။ သူငယ်ချင်းအသစ်သည် ကိုယ်အတွက်လက်ဆောင်ဖြစ်သလို အဟောင်းဟာလဲ
မိမိအတွက်တန်ဖိုးမဖြတ်နိုင်ပါ

၎။ ဘာသာရေးစာအုပ်ကို တစ်နှစ်တစ်အုပ် ရအောင်ဖက်ပါ
၅။ မိမိကိုယ်ကိုကောင်းစေချင်လျှင် သူများကိုကောင်းအောင် အလျှင်ကူညီလုပ်ပေးပါ
၆။’ ကျေးဇူးတင်ပါတယ်’ဆိုသောစကားကို အမြဲများများပြောပေးပါ
၇။ သူတပါး၏ရင်ဖွင့်စကား တိုင်ပင်လျှို့ဝှက်စကားတို့အား
မိမိအနေဖြင့်ထိမ်းသိမ်းပါ

၈။ ခွင့်လွှတ်စိတ်ရှိပါ
၉။ နားထောင်သည့်အလုပ်ကိုဦးစားပေးပါ
၁၀။ အမှားရှိလျှင်ဝင်ခံနိုင်ရမည်
၁၁။ ပြုတ်ကျပါက လဲကျပါက ပြန်ထူပြန်ထရန်မကြောက်ပါနှင့်
၁၂။ ခက်ခဲနေလေလေ အောင်မြင်ဖို့အတွက်လေးနက်မှုရှိလေလေ
၁၃။ ဓာတ်လှေကားအတွင်း စီးပွားရေးအကြောင်း မငြင်းခုံပါနှင့်
၁၄။ ဈေးဝယ်ကဒ်ကို အကြွေးတင်အောင် မဝယ်သုံးမိပါစေနှင့်
၁၅။ တောင်းပန်ရန်ဝင်မလေးပါနှင့်
၁၆။ မသိပါကမသိကြောင်းဝန်ခံပါ
၁၇။ ကီလို ၁၀၀၀ (မိုင်ထောင်ချီခရီး)အားချောမွေ့သည်ဟူ၍မရှိနိုင်ပါ
၁၈။ မွေးကတည်းက မည်သူမျှမပြေးတက်သေးပါ ဒါကြောင့်ဖြေးဖြေးစလုပ်ပါ
၁၉။ ကပ်စေးနဲတာဟာ ဘဝအောင်မြင်ဖို့အတွက်ပါ (ဘဝကိုချစ်တဲ့သူ)
၂၀။ ငွေကိုမချစ်တဲ့သူဟာ ဘဝကိုမချစ်တဲ့သူကြီးပွားဖို့မမျှော်လင့်သူ
၂၁။ ရန်ဖြစ်သူနှစ်ယောက် အလျှင်ရက်သွားသူကပညာရှိပါ
၂၂။ သသက်လုံးအလုပ်လုပ်ရက်မရှိပါ နားရက်တွေပါဘဲ
၂၃။ ပြင်းထန်တဲ့စိတ်ရှိသလို ပျော့တဲ့စိတ်လဲဖြစ်မယ်
ပျော့ကွက်ကိုအနိုင်မယူမိပါစေနှင့်

၂၄။ နားမလည်သူအား နားလည်အောင်ရှင်းပြတက်ပါစေ
၂၅။ ငွေအကြွေစေ့တစ်ခုမှာတောင်မျက်နှာနှစ်ခု ရှိတယ်ဒီလိုဘဲ ဘဝဟာအနိုင်/အရှုံး-
အောင်မြင်မှု /ကျရှုံးမှုတွေရှိမယ်

၂၆။ မိမိစိတ်ကိုအလိုမလိုက်ပါနှင့်
၂၇။ သွားဟာဘာဖြစ်လို့ကြိုးလဲ(မာလို့) လျှာကကြိုးပါသလား?
၂၈။ အပင်ငယ်တက်ခါစ ကိုမြန်မြန်ကြီးပါစေဆို၍ ဆွဲဆန့်ခြင်းမပြုပါနှင့်
အမြစ်ပါကြွသွားမည်

၂၉။ မိမိကိုယ်တစ်နေ့လျှင်သုံးကြိမ်
သေရမည်ကိုစဉ်းစားပါအားလုံးပြင်ဆင်ပြီးသားဖြစ်မယ်

၃၀။ ကြယ်သီးဟာ ပထမတစ်လုံးမှားသည်နှင့် အားလုံးမှားတော့တာပါဘဲ
၃၁။ အလုပ်တစ်ခုကိုပြီးမြောက်ဖို့ ရက်ချိန်းတစ်ခုသက်မှတ်ပါ
၃၂။ ရေခွပ်ထဲမှ တစ်ဝက်သာရှိသောရေဖြစ်ပါစေ
၃၃။ ကြယ်နှင့်လဟာ အရမ်းကိုမြင့်လွန်းတယ် မှီနိုင်သလောက်ကိုလှမ်းပါ
၃၄။ လူ့တသက်တာမှာ အလုပ်အများကြီး အရေးအကြီးဆုံးကို အရင်လုပ်ပါ
၃၅။ စာအုပ်တွေဟာကမ္ဘာပေါ်မှာတန်ဖိုးအရှိဆုံးနှင့်
ဗဟုသုတအရဆုံးပညာရှိတစ်ဆူဖြစ်တယ် တစ်လလျှင်တစ်အုပ် ဖက်နိုင်အောင်လုပ်ပါ

၃၆။ အရာရာသက်မှတ်ချက်ရှိပါစေ ပစ္စည်းတစ်ခုအား ဤနေရာမှ ယူပြီးဤနေရာမှာ ထားပါ
စည်းကမ်းသည်လူ၏တန်ဖိုး

Tuesday, 8 January 2013

မြန်မာ့လွတ်လပ်ရေးနေ့ ဝန်ကြီးကလင်တန်ကြေညာချက် နှင့် (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား(သတင်း/ဓာတ်ပုံ)


(၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား(သတင်း/ဓာတ်ပုံ)


(၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် နေပြည်တော် မြို့တော်ခန်းမတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ(၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားအား နံနက် ၄ နာရီ မိနစ် ၂၀ မင်္ဂလာအချိန်တွင် လွှင့်တင်ခဲ့ပြီး နံနက် ၇ အချိန်တွင် ပြည်ထောင်စုဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ သ၀န်လွှာအား ဖတ်ကြားဖတ်ကြားခဲ့ကြောင်း သိရသည်။


'' မြန်မာပြည်သူများ၏ တူညီ သော ဆန္ဒသည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်ကြောင်း၊တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူတွေရဲ့ စည်းလုံးညီညွတ်ရေး နဲ့ တရားဥပဒေလေးစားလိုက်နာရေးတို့ဟာ အရေးကြီးပါတယ်၊ဒါ့အပြင် လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး တိုင်းရင်းသားပြည်သူအားလုံး ဥမကွဲသိုက်မပျက် နေထိုင်နိုင်ဖို့ ထာဝရငြိမ်းချမ်းရေး ရရှိရေးဟာလွန်စွာမှ အရေးကြီးပါတယ်'' ဟု ဒုတိယ သမ္မတဒေါက်တာ စိုင်းမောက်ခမ်းက သ၀ဏ်လွှာအား ဖတ်ကြားခဲ့သည်။


(၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊လွှတ်တော်ကိုယ်စားလှယ်များ၊ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ၀န် ကြီးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊NGO အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 eleven media

မြန်မာ့လွတ်လပ်ရေးနေ့ ဝန်ကြီးကလင်တန်ကြေညာချက်

မြန်မာနိုင်ငံရဲ့ ၆၅မြောက် လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဒီကနေ့မှာ အမေရိကန်ပြည်ထောင်စု
က သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး 
 လုပ်ငန်းစဉ် မှန်မှန်ဖြစ်ပေါ်နေတဲ့အတွက် မိမိတို့ ကျေနပ်ဝမ်းမြောက်ရပါကြောင်း အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမား နဲ့ အမေရိကန်လူထုကိုယ်စား နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပေးပို့တဲ့ သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။

၂၀၁၂ခုနှစ်အတွင်း အမေရိကန်၊ မြန်မာ နှစ်နိုင်ငံကြား ပုံမှန်ဆက်ဆံရေး ပြန်ထူထောင်ခဲ့တာ အပါအဝင် နှစ်ဘက်ဆက်ဆံရေးမှာ သမိုင်းဝင်ဖြစ်ထွန်းတိုးတက်ခဲ့တာကိုလည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ခရီးစဉ်တွေအပေါ် သမ္မတအိုဘားမားရော သူပါ ကျေနပ်ဝမ်းမြောက်ရပါတယ်လို့ ဝန်ကြီးကလင်တန်က သဝဏ်လွှာမှာ ပြောထားပါတယ်။ 
 
လာမယ့်နှစ်တွေ အတွင်း မိမိတို့အကြား မိတ်ဘက်ဆက်ဆံရေး ပိုမိုနက်ရှိုင်းအောင် ဆက်လုပ်သွားဖို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။ 
 
VOA (မြန်မာပိုင်း)

သင်ချစ်သူကို သင်တကယ်ချစ်ရင် ......


(၁) သူရဲ့ အားနည်းချက်ကို ဘယ်တော့မှာ ဖော်ထုတ်ပြီ မစနောက်မိပါစေနဲ့
(တခါတလေ စနောက်ခြင်းကနေ သူအတွက် အားငယ်မှုတွေ ဖြစ်တတ်ပါတယ်)


(၂) သူရဲ့ မွေးနေ့ ချစ်သူဖြစ်တဲ့ အထိမ်းအမှတ်နေ့လေးတွေ ကို ဂရုတစိုက် မှတ်သားထားပေးပါ။
(လက်ဆောင်ဆိုတာ တန်ဖိုးကြီးကြီးမားမားပေးမှ လက်ဆောင်လို့ မခေါ်ပါဘူး စကားတခွန်းကလဲ သူအတွက် တသက်တာ လက်ဆောင်ဖြစ်သွားနိုင်ပါတယ်)



(၃) သူတခုခု စိတ်ညစ်စရာတွေရှိလို့ ပြောပြတိုင်း ဂရုတစိုက်နားထောင်ပေးပါ။
(ဘာကြောင့်လဲဆိုတော့ သူယုံကြည့်တဲ့သူ သင်တစ်ယောက်ဘဲရှိလို့
သူစိတ်ညစ်စရာပျော်စရာတွေကို သင်ကို ပြောပြနေတာကို သင်ဂုဏ်ယူသင့်တယ်လေ
အကောင်းဆုံးအားပေးဖော်က သူအတွက် သင်က လွဲရင် မရှိနိုင်တော့လို့ပါ)


(၄)သူအကြောင်းအရာတခုကို တခါကနေနှစ်ခါမေးမိရင် သင်စိတ်မရှည်သလို မပြောမိပါစေနဲ့
(တခါတလေ သူသိပေမယ့်လဲ သင်သူအပေါ် ဘယ်လောက်စိတ်ရှည်လဲဆိုတာလေး သိချင်လို့
ထပ်ခါထပ်ခါမေးတာပါလား။ ဒါမှမဟုတ်တကယ်နားမလည်းလို့
မေးတာပါလားလို့ စိတ်ထဲမှာ ယုံကြည့်ထားလိုက်ပါ



တကယ်တော့ အချစ်ဆိုတာ ချစ်နေယုံနဲ့ မပြီးသေးသလို
နားလည်မှုရှိနေယုံနဲ့လဲ မလုံလောက်သေးဘူး
သူအပေါ်ယုံကြည့်မှုလေးပါ ဖြည့်စွက်ထည့်ပေးမှာ အချစ်ဆိုတာ ပြီးပြည့်စုံတာလေ

တားပေါတာဟုတ်ဘူးနော်.......ခိခိ....

                            အစဉ်လေးစာလျက်

Thursday, 27 December 2012

ပတ္တမြား ငမောက်



ပတ္တမြား ငမောက်

မြန်မာဘုရင်များအဆက်ဆက်တွင်အထွတ်အမြတ်ထားခဲ့သောပတ္တမြားငမောက်ကျောက်မြတ်ရတနာကို မိုးကုတ်ပတ္တမြားနယ်မြေ အတွင်း အင်းခေါင်းမှ ရရှိသည်။ ၄င်းကျောက်ကို အင်ကြင်းတောင်နှင့် ကျောက်ဆောင်လူးတော်များမှရသည်ဟုလည်းမူကွဲလျှက် ရှိသည်။

ရရှိပုံ

ရရှိပုံမှာချင်းတွင်းနယ်သားဖြစ်သောငမောက်ဆိုသူသည်မိုးကုတ်နယ်မြေတွင်လာရောက်ပြီးလယ်ယာစိုက်ပျိုးနေထိုင်ရာ၊တစ်ညသော အခါ မိမိခြံအတွင်းမှ ပြိုးပြိုးပျက်ပျက် အရောင်တလက်လက်နှင့် ထူးဆန်းတောက်ပနေသည်ကို မြင်ရသဖြင့်သွားရောက်ကြည့်ရှု လေသော် အလွန်တရာလှပသော ကျောက်နီ ပတ္တမြားကြီး တစ်လုံးကိုတွေ့ရှိလေသည်။

ငမောက်လည်းဝမ်းသာစွာကောက်ယူခဲ့ပြီးနောက် သိမ်းဆည်းထားရာမှ၂ပိုင်းခွဲပြီးလျှင် တစ်ပိုင်းကို ယောက်ဖဖြစ်သူ မောင်ရွှေအားတရုတ်ပြည်ဘက်သို့ ရောင်းရန်စေလွှတ်လိုက်ပြီးနောက်၊ ကျန်တစ်ပိုင်းကို သက္ကရာဇ်၁၀၂၃ခု၊ ငါးထပ်ကြီးဒါယကာ ပင်းတလဲမင်း
လက်ထက် အင်းဝမြို့တော်သို့ သွားရောက် ဆက်သရာ ဘုရင်မင်းမြတ်လည်းများစွာနှစ်သက်အားရ ၀မ်းမြောက်လှသဖြင့် ငမောက်အား ဆုတော်ငွေများပေးသနားတော် မူလိုက်လေသည်။ ထို့ကြောင့် ထိုပတ္တမြားကို ငမောက်ဆိုသူဆက်သသဖြင့် ငမောက်ပတ္တမြား ဟု ထင်ရှားကျော်စောလေသည်။

တရုတ်ပြည်သို့ ရောက်သွားသော ထိုကျောက်တစ်ပိုင်းမှာလည်း ထိုအချိန်၌
တရုတ်ပြည်တွင် မင်မင်းဆက် ပျက်စီးပြီး တိုင်းပြည်မငြိမ်မသက် ဖရိုဖရဲဖြစ်နေသောကြောင့် နီးစပ်ရာတိုင်းပြည်များသို့ဝင်ရောက်တိုက်ခိုက်နေကြသဖြင့်တရုတ်ပြည်သို့ရောက်သွားသောထိုကျောက်တစ်ပိုင်းကိုမြန်မာပြည်ခိုဝင်လာသောတရုတ်လူမျိုးတစ်ဦး
လက်ထဲတွင်ငမောက်ရောင်းချခဲ့သောပတ္တမြားတစ်ပိုင်းလည်းပါလာခဲ့ပါသည်။

ထိုတရုတ်လူမျိုးကုန်သည်ကြီးသညိုပတ္တမြားတစ်ပိုင်း ကိုမြန်မာဘုရင်အား ဆက်သခဲ့ရာ ဘုရင်လည်းဝမ်းမြောက်ဝမ်းသာ လက်ခံပြီးဆုတော်ငွေများ ပြန်လည်ပေးသနားခဲ့ပါသည်။
ဘုရင်မင်းမြတ်လည်း ၀မ်းသာအားရ၊ မိမိတွင်ရှိရင်းဖြစ်သော(ငမောက်)ကျောက်တစ်ခြမ်းနှင့် ဆက်စပ်ကြည့်ရာ တစ်လုံးတည်း ရှုမငြီးသည့်ကျောက်ကြီး ဖြစ်ကြောင်းသိကာ၊ ငမောက်အား အားလုံးကို မဆက်သရသလောဟုအမျက်တော်ပွားသဖြင့်၊ မင်းပရိယာယ်ဖြင့် ရေဝေးရာတောင်ကုန်းတွင်မီးလောင်စင်ကြီးများ ပြုလုပ်ပြီး၊ ငမောက်၏ ဆွေ(၇)ဆက် မျိုး(၇)ဆက် ကိုခေါ်ကာကွပ်မျက်တော်မူလေသည်။ ငမောက်နှင့် ဆွေမျိုးများ သေဆုံးခဲ့ရသောနေရာကိုလောင်းစင်ရွာဟူ၍၄င်း၊ ရေနှင့်ဝေးသောနေရာဖြစ် ၍ ရေဝေးရွာ ( နောင်တွင်ရေဝေရွာ ) ဟူ ၍ ၄င်း ယခုတိုင် ခေါ်ဆိုနေကြသေးသည်။

မီးတိုက်နေသော အခြင်းအရာကို ငမောက်၏ အမဖြစ်သူ ဒေါ်နန်း မြင်လျှင် လွတ်ရာသို့ပြေးရရှာလေသည်။ တောင်ပေါ်တစ်ခုသို့ ရောက်သောအခါ ပြန်လှည့် ကြည့်လိုက်ရာ၊များစွာပူပင်သောက၊ စိတ်ဒုက္ခရောက်ပြီး ရင်ကွဲနာကျကာ ထိုတောင်၌ပင် သေလေသည်။၎င်းသေဆုံးရာ၌ လွမ်းစေတီကလေး တစ်ဆူကိုပင် တည်ထားလျှက်ရှိပေသည်။ဒေါ်နန်းလှည့်ကြည့်သည့်တောင်ကို အစွဲပြုပြီး ဒေါ်နန်းကြည့်တောင်၊ကာလကြာသောအခါ ဒေါ်နန်းကြည်တောင် ဟု ခေါ်ဝေါ်ကြလေသည်။ ၄င်းပတ္တမြားမျက်ရှင်မှာ
တတိယအင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် အစတုံးကာ လုံးလုံးကြီး ကွယ်ပျောက်ပြီးမည်သည့်လက်သို့ ရောက်နေသည်ဟု အသေအချာ မပြောပြနိုင်တော့ပေ။

ထူးခြားချက်

ငမောက်ပတ္တမြား(ခေါ်)ပတ္တမြားငမောက်အလေးချိန်မှာရတီ(၉၀)ရှိပြီးလုံးချောသွေးထားကာအရည်အသွေးအလွန်ကောင်းလှကြောင်း သိရပါသည်။ စွတ်စွတ်ဖြူနေသော ၀ါဂွမ်း ( သို့) နွားနို့အတွင်းတွင် ထိုပတ္တမြားကိုထည့်လိုက်လျှင် ၀ါဂွမ်းနှင့် နွားနို့ပင် အနီရောင် ပြောင်းလာကြောင်းသိရပါသည်။ိုပတ္တမြားငမောက်ကို လက်ညှိုးနှင့်လက်မညှပ်ကိုင်ထားလျှင်အရည်လည်ပြီးပေါက်ကွဲယိုစီးမလား ထင်ရသည်။ မှောင်ထဲမှာအနီရောင်တလျှမ်းလျှမ်း ဖြာထွက်နေသည်။ လက်ထဲ ဘယ်လောက်ကြာကြာဆုပ်ထားပေမဲ့အေးမြနေ သည်။ ရေထဲစိမ်သောက်လျှင် လည်ချောင်းနာ၊ ရင်ပူ၊ ခေါင်းကိုက်၊ ဇက်လေး၊မူးမော်၊ မောပန်းတာတွေ ပျောက်ပြီး အားအင်တိုးလာသည်ဟု ဆိုသည်။ မျက်နှာကိုပွတ်သပ်ပေးလျှင် အေးမြပြီး၊ ၀က်ခြံ တင်းတိတ် ကင်းစေသည်။


ပျောက်ဆုံးပုံ

" သီပေါက တိုင်တန်းသည့်ငမောက်ပတ္တမြားအပါအဝင် အဖိုးတန်ရတနာများကိစ္စ နှင့်ပတ်သက်၍မူ အိန္ဒိယပြည်ဆိုင်ရာအတွင်းဝန် က အချက်များကို တင်ပြရန် ထက် အောက် အရာရှိများကို တောင်းဆိုသည်။ ဆိုင်ရာတို့ကစုံစမ်းပြီးအထက်သို့တင်ပြ သည်။ တင်ပြချက်မှာယခင်ကအတိုင်းပင်ဖြစ်သည်။စလေဒင်သည်သီပေါထံမှအဖိုးတန်ရတနာပစ္စည်းများ ယူသည်ဟု ထင်စရာအကြောင်း ဘာမျှမရှိကြောင်း၊ မည်သည့်ကတိဝန်ခံ ချက်ကိုမျှလည်း မပေးခဲ့ကြောင်း၊သီပေါသည် မိမိနှင့် တစ်ပါတည်း ယူဆောင် လာသော ရတနာပစ္စည်းများမှအပအခြားမည်သည့်ရတနာပစ္စည်းကိုမျှပြန်ရမည်ဆိုသည်ကတိစကားလည်းမရှိခဲ့ကြောင်းဖြင့်အကြောင်းပြန်
သည်။စလေဒင်သည်ပစ္စည်းသိမ်းကော်မတီကသိမ်းယူခဲ့သောရတနာပစ္စည်းများကိုပစ္စည်းသိမ်းကော်မတီ၏ကိုယ်စားတာဝန်ကျ သည့် အစောင့်ကိုလွှဲပြောင်းပေးလိုက်ကြောင်း၊ ထိုနေ့က (၁၈၈၅ ခု၊ နိုဝင်ဘာ လ ၃၀ ရက်နေ့) ဘုရင်လက်နက်ချသည့်အခါ တွင် မိမိနှင့်တာဝန်ရှိသူများသည်သီပေါနှင့်မိသားစုတို့ယူဆောင်သွားခြင်းမပြုသောပစ္စည်းများကိုဗိုလ်ချူပ်ပရင်ဒါဂတ်စ်၏အမိန့်အရပစ္စည်း သိမ်း ကော်မတီသို့ လွှဲပြောင်းပေးလိုက်ကြောင်း ဖြင့်ဖော်ပြပါရှိသည်။

မြန်မာပြည်အစိုးရသည် ထိုကိစ္စနှင့် ပတ်သက်၍ မြန်မာဝန်ဟောင်းတချို့ကိုလည်း သေချာစွာစုံးစမ်းခဲ့သည်။

သူတို့ထွက်ဆိုချက်အရ သီပေါဘုရင်၏သရဖူထဲတွင်ရှိကြောင်း၊ထိုပတ္တမြားကြီးသည်အရည်အသွေးကောင်းမွန်၍ တန်ဖိုးမဖြတ်နိုင် သည့် ပတ္တမြား ကြီးဖြစ်ပြီး ဘိုးတော်ဘုရား (၁၉၈၂-၁၈၁၉) လက်ထက်ကတည်းက ရှိခဲ့သော နန်းစဉ်ရတနာကြီးဖြစ်ကြောင်း၊ ၁၈၈၅ ခု၊ နိုဝင်ဘာ ၂၉ ရက်နေ့မနက်တွင် သီပေါမင်းကိုယ်တိုင်ထိုပတ္တမြားကြီးကို စလေဒင် လက်သို့ပေးအပ်လိုက်ကြောင်း၊ ထိုအချိန်က စလေဒင်၏စာရေးတော် ကြီး နီကလတ် လည်းရှိကြောင်း၊ ထို့ပြင် တိုင်းတာမင်းကြီးလည်းရှိကြောင်း၊ မိမိကိုယ်ပိုင် ပုရပိုဒ် တစ်ဆူပေါ်တွင် ရတနာပစ္စည်း များ၏စာရင်းကို ရေးမှတ်ပေးရကြောင်း၊ သို့ရာတွင် အပြည့်အစုံ မမှတ်ရသေးကြောင်း၊ထိုစာရင်း ကို နီကလတ်သို့ ပေးလိုက်ကြောင်း၊ ထိုပစ္စည်းများအားလုံးကိုစလေဒင်ကအင်္ဂလိပ်အရာရှိတစ်ယောက် လက်အောက်ရှိ အစောင့်တစ်ယောက်ကိုပေးအပ်လိုက်သည်ကို မိမိမြင်လိုက်ကြောင်းဖြင့် ရွှေတိုက်ဝန်ကထွက်ဆိုသည်။

ထိုအင်္ဂလိပ်အရာရှိ၏ အမည်ကို သတိရခြင်း ရှိမရှိ၊ ရွှေတိုက်အတွင်းဝန်၏ ထွက်ဆိုချက် မှန်မမှန်၊ ထိုစာရင်း နှင့် ထိုအဖိုးတန် ပစ္စည်းများ မည်သို့မည်ပုံ ဖြစ်သွားသည်ကို သိမသိ၊ ပစ္စည်းသိမ်းကော်မတီသို့ အပ်ရာတွင်မည်သို့သော အခြေအနေရှိသည်ကို သိမသိ စသည်သို့ကို စလေဒင်အား မေးမြန်းသည်။

၁၈၈၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့စွဲဖြင့် စလေဒင်က အသေးစိတ် ပြန်ကြားရာ၌ ရွှေတိုက်အတွင်းဝန်ပြောသည့်စကား မှန်နိုင်ကြောင်း၊မိမိသည်ထိုနေ့မနက်ကရွှေတိုက်အတွင်းဝန်ကိုနန်းတော်ထဲတွင်တွေ့ခဲ့ရကြောင်း၊သို့ရာတွင်ပုရပိုဒ်တစ်ဆူပေးသည်မပေးသည်ကိုမူမိမိမမှတ်မိတော့ကြောင်းထိုသို့ရုတ်ရုတ်သဲသဲအချိန်မျိုးတွင်အဖိုးတန်ကျောက်မျက်ရတနာများ၊စီခြယ်ထားသည့် ရွှေထည်ပစ္စည်းအသေး၊အကြီးအမျိုးမျိုးတို့ပါသည်နန်းစဉ်ရတနာပစ္စည်းအားလုံးကိုရေးမှတ်ဖို့ဆိုသည်မှာခက်ခဲလှကြောင်းဖြင့် စလေဒင်ကအကြောင်းပြန် သည်။

ထိုရတနာပစ္စည်းများအားလုံးသည်နန်းတော်ဝရန်တာကြမ်းပြင်နှင့်ကျယ်ဝန်းလှသောညီလာခံသဘင်ခန်းမကြမ်းပြင်တွင်စုပုံပြန့်ု ကြဲလျက် ရှိပါသည်..........။

ဗြိတိလျှအစိုးသည် အနည်းငယ်မျှသော ကျောက်မျက်ရတနာအချို့ကိုဝိတိုရိယဘုရင်မကြီးထံ ပေးပို့သည်။ ကျန်ပစ္စည်းများမှာ ဆောက်ကင်ဆီတန်ပြတိုက်သို့ပေးပို့သည်။

ဧကရီဘုရင်မကြီးထံ ပေးပို့သည့်ပစ္စည်းများထဲတွင် သီပေါ၏ အကောင်းဆုံး သရဖူတစ်ခု၊ ဒုတိယ သရဖူမှ မြကျောက်ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့် ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကအိတ်တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့်ဘယက်တစ်ကုံး နှင့် ရွှေဘီး တစ်ချောင်း တို့ပါသည်။

ဒီအမှုကို သီပေါဘုရင်က ၁၉၁၁ ခုနှစ်၊ ဒီဇင်ဘာလ အိန္ဒိယ ပြည်ဘုရင်အဖြစ် ရာဇဘိသေက ခံဖို့ရာလာတဲ့ ပဉ္စမမြောက် ဂျော့ဘုရင်ထံ သူ့ရတနာပစ္စည်းတွေ အတွက် တာဝန်ရှိသူစလေဒင်ကိုတိုင်တန်းစာ ပို့ရာက ဖြစ်လာတဲ့နောက်ဆက်တွဲဖြေရှင်း ချက် များဖြစ်သည်။
ရတနာပုံရွှေတိုက်တော်စာရင်းအရ မြန်မာ့နန်းစဉ်ပတ္တမြားများ

၁။သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန် ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြား ငမောက်

၂။ဗဒုံမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့ လှော်ကားတင်ကလေး ဟုခေါ်သော ပတ္တမြား

၃။သက္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇) ခုနှစ် ရွှေဘိုမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန်လေးဆယ်ကျော် လှော်ကားတင်ကြီး ဟုခေါ်သော ပတ္တမြား

၎။အလေးချိန် လေးဆယ်ရတီရှိ ဆင်ဖြူတော် ဟုခေါ်သော ပတ္တမြား

၅။အလေးချိန် ဆယ်ရတီရှိ ဆင်မတော် ဟုခေါ်သော ပတ္တမြား

၆။စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော် ဟုခေါ်သော ပတ္တမြား တို့ဖြစ်သည်။

ကျမ်းကိုး

1. ↑ ရာဇ၀င်စာတင်ရသော နန်းစဉ် ပတ္တမြားကျောက်မျက်များ မိုးကုတ်မြို့၊ ပတ္တမြားမြေသမိုင်း
2. ↑ တော်ဘုရားကလေး(အောင်ဇေ)၏ ပတ္တမြားငမောက် လန်ဒန်ရောက်
3. ↑ မူရင်း Deposed King Thibaw of Burma in India, 1885-1916 by W.S Desai ကို ဆရာ မြသန်းတင့် ဘာသာပြန်တဲ့ တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ အခန်းဆက်
ဆောင်းပါး များမှ

မှတ်ချက် ။ ။ ရှာဖွေဖတ်ရှု့ရင်း Myanmar Online Encyclopedia ကတွေ့လို့ဗဟုသုတအဖြစ်တင်ပေးလိုက်တာပါ ။
ပတ္တမြား ငမောက်

မြန်မာဘုရင်များအဆက်ဆက်တွင်အထွတ်အမြတ်ထားခဲ့သောပတ္တမြားငမောက်ကျောက်မြတ်ရတနာကို မိုးကုတ်ပတ္တမြားနယ်မြေ အတွင်း အင်းခေါင်းမှ ရရှိသည်။ ၄င်းကျောက်ကို အင်...
ကြင်းတောင်နှင့် ကျောက်ဆောင်လူးတော်များမှရသည်ဟုလည်းမူကွဲလျှက် ရှိသည်။

ရရှိပုံ

ရရှိပုံမှာချင်းတွင်းနယ်သားဖြစ်သောငမောက်ဆိုသူသည်မိုးကုတ်နယ်မြေတွင်လာရောက်ပြီးလယ်ယာစိုက်ပျိုးနေထိုင်ရာ၊တစ်ညသော အခါ မိမိခြံအတွင်းမှ ပြိုးပြိုးပျက်ပျက် အရောင်တလက်လက်နှင့် ထူးဆန်းတောက်ပနေသည်ကို မြင်ရသဖြင့်သွားရောက်ကြည့်ရှု လေသော် အလွန်တရာလှပသော ကျောက်နီ ပတ္တမြားကြီး တစ်လုံးကိုတွေ့ရှိလေသည်။

ငမောက်လည်းဝမ်းသာစွာကောက်ယူခဲ့ပြီးနောက် သိမ်းဆည်းထားရာမှ၂ပိုင်းခွဲပြီးလျှင် တစ်ပိုင်းကို ယောက်ဖဖြစ်သူ မောင်ရွှေအားတရုတ်ပြည်ဘက်သို့ ရောင်းရန်စေလွှတ်လိုက်ပြီးနောက်၊ ကျန်တစ်ပိုင်းကို သက္ကရာဇ်၁၀၂၃ခု၊ ငါးထပ်ကြီးဒါယကာ ပင်းတလဲမင်း
လက်ထက် အင်းဝမြို့တော်သို့ သွားရောက် ဆက်သရာ ဘုရင်မင်းမြတ်လည်းများစွာနှစ်သက်အားရ ၀မ်းမြောက်လှသဖြင့် ငမောက်အား ဆုတော်ငွေများပေးသနားတော် မူလိုက်လေသည်။ ထို့ကြောင့် ထိုပတ္တမြားကို ငမောက်ဆိုသူဆက်သသဖြင့် ငမောက်ပတ္တမြား ဟု ထင်ရှားကျော်စောလေသည်။

တရုတ်ပြည်သို့ ရောက်သွားသော ထိုကျောက်တစ်ပိုင်းမှာလည်း ထိုအချိန်၌
တရုတ်ပြည်တွင် မင်မင်းဆက် ပျက်စီးပြီး တိုင်းပြည်မငြိမ်မသက် ဖရိုဖရဲဖြစ်နေသောကြောင့် နီးစပ်ရာတိုင်းပြည်များသို့ဝင်ရောက်တိုက်ခိုက်နေကြသဖြင့်တရုတ်ပြည်သို့ရောက်သွားသောထိုကျောက်တစ်ပိုင်းကိုမြန်မာပြည်ခိုဝင်လာသောတရုတ်လူမျိုးတစ်ဦး
လက်ထဲတွင်ငမောက်ရောင်းချခဲ့သောပတ္တမြားတစ်ပိုင်းလည်းပါလာခဲ့ပါသည်။

ထိုတရုတ်လူမျိုးကုန်သည်ကြီးသညိုပတ္တမြားတစ်ပိုင်း ကိုမြန်မာဘုရင်အား ဆက်သခဲ့ရာ ဘုရင်လည်းဝမ်းမြောက်ဝမ်းသာ လက်ခံပြီးဆုတော်ငွေများ ပြန်လည်ပေးသနားခဲ့ပါသည်။
ဘုရင်မင်းမြတ်လည်း ၀မ်းသာအားရ၊ မိမိတွင်ရှိရင်းဖြစ်သော(ငမောက်)ကျောက်တစ်ခြမ်းနှင့် ဆက်စပ်ကြည့်ရာ တစ်လုံးတည်း ရှုမငြီးသည့်ကျောက်ကြီး ဖြစ်ကြောင်းသိကာ၊ ငမောက်အား အားလုံးကို မဆက်သရသလောဟုအမျက်တော်ပွားသဖြင့်၊ မင်းပရိယာယ်ဖြင့် ရေဝေးရာတောင်ကုန်းတွင်မီးလောင်စင်ကြီးများ ပြုလုပ်ပြီး၊ ငမောက်၏ ဆွေ(၇)ဆက် မျိုး(၇)ဆက် ကိုခေါ်ကာကွပ်မျက်တော်မူလေသည်။ ငမောက်နှင့် ဆွေမျိုးများ သေဆုံးခဲ့ရသောနေရာကိုလောင်းစင်ရွာဟူ၍၄င်း၊ ရေနှင့်ဝေးသောနေရာဖြစ် ၍ ရေဝေးရွာ ( နောင်တွင်ရေဝေရွာ ) ဟူ ၍ ၄င်း ယခုတိုင် ခေါ်ဆိုနေကြသေးသည်။

မီးတိုက်နေသော အခြင်းအရာကို ငမောက်၏ အမဖြစ်သူ ဒေါ်နန်း မြင်လျှင် လွတ်ရာသို့ပြေးရရှာလေသည်။ တောင်ပေါ်တစ်ခုသို့ ရောက်သောအခါ ပြန်လှည့် ကြည့်လိုက်ရာ၊များစွာပူပင်သောက၊ စိတ်ဒုက္ခရောက်ပြီး ရင်ကွဲနာကျကာ ထိုတောင်၌ပင် သေလေသည်။၎င်းသေဆုံးရာ၌ လွမ်းစေတီကလေး တစ်ဆူကိုပင် တည်ထားလျှက်ရှိပေသည်။ဒေါ်နန်းလှည့်ကြည့်သည့်တောင်ကို အစွဲပြုပြီး ဒေါ်နန်းကြည့်တောင်၊ကာလကြာသောအခါ ဒေါ်နန်းကြည်တောင် ဟု ခေါ်ဝေါ်ကြလေသည်။ ၄င်းပတ္တမြားမျက်ရှင်မှာ
တတိယအင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် အစတုံးကာ လုံးလုံးကြီး ကွယ်ပျောက်ပြီးမည်သည့်လက်သို့ ရောက်နေသည်ဟု အသေအချာ မပြောပြနိုင်တော့ပေ။

ထူးခြားချက်

ငမောက်ပတ္တမြား(ခေါ်)ပတ္တမြားငမောက်အလေးချိန်မှာရတီ(၉၀)ရှိပြီးလုံးချောသွေးထားကာအရည်အသွေးအလွန်ကောင်းလှကြောင်း သိရပါသည်။ စွတ်စွတ်ဖြူနေသော ၀ါဂွမ်း ( သို့) နွားနို့အတွင်းတွင် ထိုပတ္တမြားကိုထည့်လိုက်လျှင် ၀ါဂွမ်းနှင့် နွားနို့ပင် အနီရောင် ပြောင်းလာကြောင်းသိရပါသည်။ိုပတ္တမြားငမောက်ကို လက်ညှိုးနှင့်လက်မညှပ်ကိုင်ထားလျှင်အရည်လည်ပြီးပေါက်ကွဲယိုစီးမလား ထင်ရသည်။ မှောင်ထဲမှာအနီရောင်တလျှမ်းလျှမ်း ဖြာထွက်နေသည်။ လက်ထဲ ဘယ်လောက်ကြာကြာဆုပ်ထားပေမဲ့အေးမြနေ သည်။ ရေထဲစိမ်သောက်လျှင် လည်ချောင်းနာ၊ ရင်ပူ၊ ခေါင်းကိုက်၊ ဇက်လေး၊မူးမော်၊ မောပန်းတာတွေ ပျောက်ပြီး အားအင်တိုးလာသည်ဟု ဆိုသည်။ မျက်နှာကိုပွတ်သပ်ပေးလျှင် အေးမြပြီး၊ ၀က်ခြံ တင်းတိတ် ကင်းစေသည်။


ပျောက်ဆုံးပုံ

" သီပေါက တိုင်တန်းသည့်ငမောက်ပတ္တမြားအပါအဝင် အဖိုးတန်ရတနာများကိစ္စ နှင့်ပတ်သက်၍မူ အိန္ဒိယပြည်ဆိုင်ရာအတွင်းဝန် က အချက်များကို တင်ပြရန် ထက် အောက် အရာရှိများကို တောင်းဆိုသည်။ ဆိုင်ရာတို့ကစုံစမ်းပြီးအထက်သို့တင်ပြ သည်။ တင်ပြချက်မှာယခင်ကအတိုင်းပင်ဖြစ်သည်။စလေဒင်သည်သီပေါထံမှအဖိုးတန်ရတနာပစ္စည်းများ ယူသည်ဟု ထင်စရာအကြောင်း ဘာမျှမရှိကြောင်း၊ မည်သည့်ကတိဝန်ခံ ချက်ကိုမျှလည်း မပေးခဲ့ကြောင်း၊သီပေါသည် မိမိနှင့် တစ်ပါတည်း ယူဆောင် လာသော ရတနာပစ္စည်းများမှအပအခြားမည်သည့်ရတနာပစ္စည်းကိုမျှပြန်ရမည်ဆိုသည်ကတိစကားလည်းမရှိခဲ့ကြောင်းဖြင့်အကြောင်းပြန်
သည်။စလေဒင်သည်ပစ္စည်းသိမ်းကော်မတီကသိမ်းယူခဲ့သောရတနာပစ္စည်းများကိုပစ္စည်းသိမ်းကော်မတီ၏ကိုယ်စားတာဝန်ကျ သည့် အစောင့်ကိုလွှဲပြောင်းပေးလိုက်ကြောင်း၊ ထိုနေ့က (၁၈၈၅ ခု၊ နိုဝင်ဘာ လ ၃၀ ရက်နေ့) ဘုရင်လက်နက်ချသည့်အခါ တွင် မိမိနှင့်တာဝန်ရှိသူများသည်သီပေါနှင့်မိသားစုတို့ယူဆောင်သွားခြင်းမပြုသောပစ္စည်းများကိုဗိုလ်ချူပ်ပရင်ဒါဂတ်စ်၏အမိန့်အရပစ္စည်း သိမ်း ကော်မတီသို့ လွှဲပြောင်းပေးလိုက်ကြောင်း ဖြင့်ဖော်ပြပါရှိသည်။

မြန်မာပြည်အစိုးရသည် ထိုကိစ္စနှင့် ပတ်သက်၍ မြန်မာဝန်ဟောင်းတချို့ကိုလည်း သေချာစွာစုံးစမ်းခဲ့သည်။

သူတို့ထွက်ဆိုချက်အရ သီပေါဘုရင်၏သရဖူထဲတွင်ရှိကြောင်း၊ထိုပတ္တမြားကြီးသည်အရည်အသွေးကောင်းမွန်၍ တန်ဖိုးမဖြတ်နိုင် သည့် ပတ္တမြား ကြီးဖြစ်ပြီး ဘိုးတော်ဘုရား (၁၉၈၂-၁၈၁၉) လက်ထက်ကတည်းက ရှိခဲ့သော နန်းစဉ်ရတနာကြီးဖြစ်ကြောင်း၊ ၁၈၈၅ ခု၊ နိုဝင်ဘာ ၂၉ ရက်နေ့မနက်တွင် သီပေါမင်းကိုယ်တိုင်ထိုပတ္တမြားကြီးကို စလေဒင် လက်သို့ပေးအပ်လိုက်ကြောင်း၊ ထိုအချိန်က စလေဒင်၏စာရေးတော် ကြီး နီကလတ် လည်းရှိကြောင်း၊ ထို့ပြင် တိုင်းတာမင်းကြီးလည်းရှိကြောင်း၊ မိမိကိုယ်ပိုင် ပုရပိုဒ် တစ်ဆူပေါ်တွင် ရတနာပစ္စည်း များ၏စာရင်းကို ရေးမှတ်ပေးရကြောင်း၊ သို့ရာတွင် အပြည့်အစုံ မမှတ်ရသေးကြောင်း၊ထိုစာရင်း ကို နီကလတ်သို့ ပေးလိုက်ကြောင်း၊ ထိုပစ္စည်းများအားလုံးကိုစလေဒင်ကအင်္ဂလိပ်အရာရှိတစ်ယောက် လက်အောက်ရှိ အစောင့်တစ်ယောက်ကိုပေးအပ်လိုက်သည်ကို မိမိမြင်လိုက်ကြောင်းဖြင့် ရွှေတိုက်ဝန်ကထွက်ဆိုသည်။

ထိုအင်္ဂလိပ်အရာရှိ၏ အမည်ကို သတိရခြင်း ရှိမရှိ၊ ရွှေတိုက်အတွင်းဝန်၏ ထွက်ဆိုချက် မှန်မမှန်၊ ထိုစာရင်း နှင့် ထိုအဖိုးတန် ပစ္စည်းများ မည်သို့မည်ပုံ ဖြစ်သွားသည်ကို သိမသိ၊ ပစ္စည်းသိမ်းကော်မတီသို့ အပ်ရာတွင်မည်သို့သော အခြေအနေရှိသည်ကို သိမသိ စသည်သို့ကို စလေဒင်အား မေးမြန်းသည်။

၁၈၈၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့စွဲဖြင့် စလေဒင်က အသေးစိတ် ပြန်ကြားရာ၌ ရွှေတိုက်အတွင်းဝန်ပြောသည့်စကား မှန်နိုင်ကြောင်း၊မိမိသည်ထိုနေ့မနက်ကရွှေတိုက်အတွင်းဝန်ကိုနန်းတော်ထဲတွင်တွေ့ခဲ့ရကြောင်း၊သို့ရာတွင်ပုရပိုဒ်တစ်ဆူပေးသည်မပေးသည်ကိုမူမိမိမမှတ်မိတော့ကြောင်းထိုသို့ရုတ်ရုတ်သဲသဲအချိန်မျိုးတွင်အဖိုးတန်ကျောက်မျက်ရတနာများ၊စီခြယ်ထားသည့် ရွှေထည်ပစ္စည်းအသေး၊အကြီးအမျိုးမျိုးတို့ပါသည်နန်းစဉ်ရတနာပစ္စည်းအားလုံးကိုရေးမှတ်ဖို့ဆိုသည်မှာခက်ခဲလှကြောင်းဖြင့် စလေဒင်ကအကြောင်းပြန် သည်။

ထိုရတနာပစ္စည်းများအားလုံးသည်နန်းတော်ဝရန်တာကြမ်းပြင်နှင့်ကျယ်ဝန်းလှသောညီလာခံသဘင်ခန်းမကြမ်းပြင်တွင်စုပုံပြန့်ု ကြဲလျက် ရှိပါသည်..........။

ဗြိတိလျှအစိုးသည် အနည်းငယ်မျှသော ကျောက်မျက်ရတနာအချို့ကိုဝိတိုရိယဘုရင်မကြီးထံ ပေးပို့သည်။ ကျန်ပစ္စည်းများမှာ ဆောက်ကင်ဆီတန်ပြတိုက်သို့ပေးပို့သည်။

ဧကရီဘုရင်မကြီးထံ ပေးပို့သည့်ပစ္စည်းများထဲတွင် သီပေါ၏ အကောင်းဆုံး သရဖူတစ်ခု၊ ဒုတိယ သရဖူမှ မြကျောက်ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့် ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကအိတ်တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့်ဘယက်တစ်ကုံး နှင့် ရွှေဘီး တစ်ချောင်း တို့ပါသည်။

ဒီအမှုကို သီပေါဘုရင်က ၁၉၁၁ ခုနှစ်၊ ဒီဇင်ဘာလ အိန္ဒိယ ပြည်ဘုရင်အဖြစ် ရာဇဘိသေက ခံဖို့ရာလာတဲ့ ပဉ္စမမြောက် ဂျော့ဘုရင်ထံ သူ့ရတနာပစ္စည်းတွေ အတွက် တာဝန်ရှိသူစလေဒင်ကိုတိုင်တန်းစာ ပို့ရာက ဖြစ်လာတဲ့နောက်ဆက်တွဲဖြေရှင်း ချက် များဖြစ်သည်။
ရတနာပုံရွှေတိုက်တော်စာရင်းအရ မြန်မာ့နန်းစဉ်ပတ္တမြားများ

၁။သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန် ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြား ငမောက်

၂။ဗဒုံမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့ လှော်ကားတင်ကလေး ဟုခေါ်သော ပတ္တမြား

၃။သက္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇) ခုနှစ် ရွှေဘိုမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန်လေးဆယ်ကျော် လှော်ကားတင်ကြီး ဟုခေါ်သော ပတ္တမြား

၎။အလေးချိန် လေးဆယ်ရတီရှိ ဆင်ဖြူတော် ဟုခေါ်သော ပတ္တမြား

၅။အလေးချိန် ဆယ်ရတီရှိ ဆင်မတော် ဟုခေါ်သော ပတ္တမြား

၆။စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော် ဟုခေါ်သော ပတ္တမြား တို့ဖြစ်သည်။

ကျမ်းကိုး

1. ↑ ရာဇ၀င်စာတင်ရသော နန်းစဉ် ပတ္တမြားကျောက်မျက်များ မိုးကုတ်မြို့၊ ပတ္တမြားမြေသမိုင်း
2. ↑ တော်ဘုရားကလေး(အောင်ဇေ)၏ ပတ္တမြားငမောက် လန်ဒန်ရောက်
3. ↑ မူရင်း Deposed King Thibaw of Burma in India, 1885-1916 by W.S Desai ကို ဆရာ မြသန်းတင့် ဘာသာပြန်တဲ့ တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ အခန်းဆက်
ဆောင်းပါး များမှ

Thursday, 20 December 2012

" O " သွေးပိုင်ရှင်များ


" O " သွေးပိုင်ရှင်များ

>
> ဒီတစ်ခါ အိုသွေးပိုင်ရှင်များ အကြောင်း တင်ပြသွားမှာဖြစ်ပါတယ်... အိုသွေးပိုင်ရှင်များကတော့ စရိုက်သဘာဝက ထူးခြားပါတယ်...
>
> အိုသွေးပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာရှာတတ်ကြပေမယ့် သူငယ်ချင်းတွေနဲ့ဆိုရင်တော့ သူငယ်ချင်းတွေကို ကြည့်ရှုစောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေအောင် နေတတ်သူများဖြစ်ကြပါတယ်... အရာအားလုံးကို တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်တတ်သူများ ဖြစ်ကြပါတယ်... အလုပ်အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်... လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကို စာနာထောက်ထားတတ်ကြပါသတဲ့... အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပြီဆိုရင် တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့ အစွဲအလမ်း တစ်ခုမှမထားဘဲ လက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့... အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း မြင့်မားသလို အခြေအနေ အလိုက် စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့... ရလဒ်ကိုဘဲ ဦးစားပေးသူများလို့လည်း ဆိုနိုင်ပါသတဲ့... အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့... ကိုယ့် စတိုင်လ်နဲ့ကို နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို ပိုင်ဆိုင်သူများလည်း ဖြစ်ပါတယ်... ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာလောကကို ခြေချမယ်ဆိုရင်လည်း အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါတယ်တဲ့.... ဒါပေမယ့် ကိုယ်ရဲ့ အတွေးအမြင်ကသာ အမှန်ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို ဖြစ်နေတတ်ပါတယ်... အပန်းဖြေတာတို့ ၀ါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက်လှပါဘူး... အိုသွေးပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း ဖြစ်ပါတယ်... တခါတလေမှာတော့ Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက်ကြပါတယ်တဲ့...
>
> အိုသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေအတွက် အများကြီး သည်းခံတတ်ပေမယ့် ရေရှည်တော့ သည်းမခံနိုင်ပါဘူးတဲ့... လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘောထား ကြီးကြီးနဲ့ ဆက်ဆံတတ် ကြပါသတဲ့... ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲ စိတ်ဆင်းရဲရတာမျိုးလည်း ရှိပါတယ်... အိုသွေးပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါသတဲ့... တစ်ယောက်ယောက်နဲ့ စိတ်ကသိကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့... ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါ ဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီးနေနိုင်သူများပါ...
>
> ကျန်နေသေးသော အေဘီသွေး အကြောင်းကိုလည်း ဆက်လက် တင်ပြသွားပါဦးမည်....
တိုက်ဆိုင်မှု ရှိရင

Wednesday, 19 December 2012

လက်သန်းလေးကို ကြည့်ပြီးဗေဒင်ဟောမယ်


ကဲ သူငယ်ချင်းတို့ရေ ကိုယ့်လက်ဝါးပြင်ကို မျက်နှာချင်းဆိုင်ထားပြီး  လက်သန်းကလေးကို သေချာကြည့်ရအောင်-
သြော်- သတိ- ယောက်ျားလေးဆို "ဘယ်"  လက်ကို ကြည့်၊ မိန်းကလေးဆို "ညာ" လက်ကိုကြည့်ရမှာနော်-


လက်သန်းလေးကို ကြည့်တော့ အဆစ် (၃) ဆစ်ပါတာမြင်တွေ့ ကြရမှာပါ-
အဲဒီ  အဆစ်ကလေး ၃ ဆစ်ရဲ့ အရှည်အတိုကို ကြည့်ပြီး ဗေဒင်ဟောကြည့်ကြရအောင်။
ပုံ(၁) 

  ဖေါ်ပြပါပုံအတိုင်း လက်သန်းလေးရဲ့ ပထမအဆစ်ဟာ အရှည်ဆုံးဖြစ်နေခဲ့မယ်ဆိုရင်-  ဒီလို လက်သန်းပိုင်ရှင်ဟာ အချိန်တိုင်းမှာ  စွဲဆောင်မှုအားအပြည့်ရှိသူဖြစ်ပြီး၊ အပြောကောင်းသူများဖြစ်တတ်ပါတယ်၊  အကင်းပါးပြီး လူကဲခတ်တော်တာကြောင့် အလွယ်တကူ လူလိမ်မခံရနိုင်ပါဘူး တဲ့။




ပုံ(၂)
  ဖေါ်ပြပါပုံအတိုင်း လက်သန်းလေးရဲ့ ဒုတိယအဆစ်သာ  အရှည်ဆုံးဖြစ်ခဲ့မယ်ဆိုရင်တော့- ဒီလို လက်သန်းပိုင်ရှင်များဟာ သူတပါးကို

ဂရုဏာအပြည့်နဲ့ ပြုစုယုယတဲ့တဲ့ပညာကို  မွေးရာပါတတ်မြောက်ခဲ့တဲ့သူမျိုးတွေဖြစ်ပါသတဲ့-
ဒါ့အပြင် သူတို့ဟာ  တဖက်သားကိုလည်း အင်မတန် စိတ်ရှည် သည်းခံတတ်ကြတယ်တဲ့၊
ဒီလို  လက်သန်းပိုင်ရှင်မျိုးကို ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်များနဲ့
ကျန်းမာရေးဌာန ၀န်ထမ်းများမှာ အတွေ့ ရများတတ်ပါတယ် တဲ့။


ပုံ(၃)
  ဖေါ်ပြပါပုံအတိုင်း လက်သန်းလေးရဲ့ အောက်ဆုံးအဆစ်သာ  အရှည်ဆုံးဖြစ်ခဲ့မယ်ဆိုရင်တော့- ဒီလို လက်သန်းပိုင်ရှင်များကတော့

လွတ်လပ်မှုကို အင်မတန်နှစ်သက်သူများဖြစ်တတ်ကြပြီး၊ လူ့ ဘ၀ရဲ့  အချုပ်အချယ်မရှိ လွတ်လပ်တဲ့ အရသာကို  ကောင်းကောင်းကြီးခံစားတတ်သူများဖြစ်ကြပါတယ်တဲ့၊
ဒီလက်သန်းပိုင်ရှင်များဟာ  အဟောအပြောပိုင်းဆိုင်ရာမှာ ပါရမီထူးကဲကြပြီး၊
အမှန်တရားကို  မြတ်နိုးတန်ဖိုးထားတတ်ကြပါတယ် တဲ့။




ပုံ(၄)
  ဖေါ်ပြပါပုံအတိုင်း လက်သန်းလေးရဲ့ အပေါ်ဆုံးအဆစ်ဟာ  အတိုဆုံးဖြစ်ခဲ့မယ်ဆိုရင်- ဒီလိုလက်သန်းပိုင်ရှင်တွေကတော့ မွေးရာပါ

အရှက်အကြောက်ကြီးသူများဖြစ်တတ်ကြပြီး၊ အရာရာကို  ထုတ်ဖေါ်ပြောကြားတတ်ခြင်းမျိုးမရှိပဲ အစဉ်အမြဲ စိတ်ထဲတွင်  မြိုသိပ်ထားလေ့ရှိတတ်ကြတယ်(အုံ့ ပုန်းလို့ပြောလို့ရမယ်ထင်ပါတယ်)- ဒီလို  လက်သန်းပိုင်ရှင်အများစုကတော့ ကံမကောင်းတတ်ကြပါဘူး တဲ့။




ပုံ(၅)
  ဒီပုံထဲကလို လက်သန်းလေးရဲ့ ဒုတိယ အဆစ်ကသာ အတိုဆုံးဖြစ်ခဲ့မယ်ဆိုရင်တော့-  ဒီလိုလက်သန်းပိုင်ရှင်မျိုးကတော့ အင်မတန် သစ္စာရှိတတ်သူများဖြစ်တတ်ကြပြီး၊  မာနထောင်လွှားခြင်းကင်းမဲ့ကာ  အမြဲနှိမ့်ချဆက်ဆံတတ်ကြတဲ့သူမျိုးဖြစ်ကြတယ်တဲ့၊ နောက်ပြီး သူတို့ ဟာ  အင်မတန်လည်း ခေါင်းမာတတ်ကြသောကြောင့် အမှားအမှန်ခွဲခြားနားမလည်နိုင်ပဲ  မိုက်ရူးရဲဆန်တတ်ကြပါတယ် တဲ့။




ပုံ(၆)
  ကဲ ဒီနောက်ဆုံးပုံလေးထဲကအတိုင်း လက်သန်းရဲ့ အောက်ဆုံးအဆစ်ကသာ အတိုဆုံး  ဖြစ်နေခဲ့မယ်ဆိုရင်တော့- ဒီလို လက်သန်းပိုင်ရှင်မျိုးကတော့ မွေးရာပါ

ရိုးလွန်း၊ အေးလွန်း၊ ဖြူစင်တတ်လွန်းသူများဖြစ်ကြပြီး၊ သူတပါးအပေါ်မှာလည်း  အင်မတန် အယုံလွယ်လွန်း၊ အကောင်းမြင်တတ်လွန်းသူများဖြစ်ပါတယ်၊
တကယ်တော့  ရိုးလွန်း အေးလွန်းတယ်ဆိုတာ ကောင်းတယ်ဆိုပေမဲ့ ခုခေတ်မှာတော့
ဥပမာ  စီးပွါးရေး နယ်ပယ်အနေနဲ့ပြောမယ်ဆိုရင် လူလည်၊ လူလိမ်တွေ

ပေါများနေပြီဖြစ်တဲ့အတွက် ရိုးလွန်း၊ အေးလွန်းသူများအတွက်တော့ အလွယ်တကူ
အလိမ်ခံရနိုင်ပါကြောင်း..။
ပျော်ရွှင်နိုင်ကြပါစေဗျာ။

Sunday, 18 November 2012

ယောင်္ကျားလေးတွေလက်မတွဲသင့်သောမိန်းကလေးများ


ယောင်္ကျားလေးတွေ အတွက်ဒီလိုမိန်းမမျိုးတွေကို အထူးရှောင်ကျဉ်သင့်ပါတယ်..။
၁..။ ချစ်သူတို့သဘာဝ အပြင်ထွက်သွားလာစားသောက်တဲ့အခါ မြင်မြင်သမျှလက်ညိုးထိုးပူဆာတတ်တဲ့မိန်းမ။ (ရှိသမျှပြောင်လိမ့်မည်..။မတတ်နိုင်သောအခါသင်ကျန်ရစ်ဖြစ်လိမ့်မည်..။ )
၂..။မိမိထက်လှသူ ဘေးကများဖြတ်လျှောက်သွားသောအခါချစ်သူကောင်လေးကမသိမသာဖြစ်စေ၊သတိလက်လွတ်၍ သိသိသာသာကြီးဖြစ်စေ လိုက်လံငေးမောကြည့်မိသောအခါလူရှေ့သူရှေ့ မရှောင် ဆွဲဆိတ်ထုနှက်ရိုက်ပုတ်တတ်သောမိန်းမ..။(အရှက်ကွဲလိမ့်မည်..။ လူ့အခွင့်အရေးဆူံးရှုံးသွားသည်ဟုသင်မကြာခဏခံစားရလိမ့်မည်)
၃..။ နေရာဒေသမရွေး၊လူသူလေးပါးမရှောင်လွန်ကဲစွာ ချိုအီချွဲ့နွဲ့ ပြောဆိုဆက်ဆံတတ်သောမိန်းမ (အစပိုင်းကာလတွင်မှာတော့ သင့်အတွက်သာယာကောင်းသာယာနာပျော်ဖွယ်ဖြစ်လိမ့်မည်.။သို့သော်ကြာလေကြာလေစိတ်ပျက်စရာကောင်းလေ၊သူစကားလာပြောမှာကိုတောင် သင် စိုးရွံ့လာလိမ့်မည်..၊မူးချင်သလိုလို၊ အန်ချင်သလိုလိုခံစားလာရလိမ့်မည်။ )
၎..။သင့်စကားတစ်လုံးအားဖင်ပြန်ခေါင်းပြန်တွေးကာအခဲမကြေတစ်နုံ့နုံ့နှင့်သတိရလျှင်ရသလိုစကားနာထိုးကာ နားကိုနှိပ်စက်တတ်သောမိန်းမ (သင်ဘယ်လောက်ရှင်းပြရှင်းပြ ။ရှင်းလေရှုပ်လေဖြစ်ကာ သင်ပဲတိုင်ပတ် တစ်ပတ်ခုနှစ်ရက်ချော့ ရလိမ့်မည်)
၅..။သင်နှင့်တွေ့ဆုံသည့်အခါတိုင်းသူမအကြောင်းထက်သူတစ်ပါးအကြောင်းကိုဟုတ်တာရောမဟုတ်တာပါ တစ်တွတ်တွတ်ပြောတတ်သောမိန်းမ ( ဆက်လက်လက်တွဲပါက စကားရှုပ်တတ်သောသူမအတွက် သင်ရှေ့နေကောင်းကောင်း လိုအပ်လာပါလိမ့်မည်)
၆..။ ရုပ်ရှင်ကြည့်ရန် ပွဲကြည့်ရန် Live show ပွဲတွေကြည့်ရန်ဝါသနာအလွန်ပါသော်လည်း စာဖတ်ရန် လုံးဝ ဝါသနာမပါသောမိန်းမ (သင့်နံဘေးမှာရှိသောအမျိုးသမီးလေးသည် မည်မျှပင်ချောမောလှပနေစေကာမူ စာဖတ်နည်းသည့်အတွက် အပေါ်ယံရွှေမှုန်ကြဲ အထဲကနောက်ချေးခံ အလှမျိုးသာဖြစ်လိမ့်မည်..။ )
ရ..။တစ်နေ့တာဖြစ်ပျက်သမျှ.၊အိပ်ရာထမှအိပ်ရာဝင်သူမမည်သူနှင့်မည်သည့်စကားပြောသည်မည်သည့်အရာစားသည်.။တစ်နေ့တစ်နေ့ မရိုးသောပြဿနာပေါင်းစုံအား သင့်စိတ်အခြေအနေကိုမမေး သူချည်းသာတစ်တွတ်တွတ်ပြောတတ်သောမိန်းမ ( အဓိပ္ပာယ်ကတော့ မျှဝေခံစားသည်ဟုမည်သော်လည်းမလိုအပ်သောကိစ္စတော်တော်များများကိုနေ့စဉ်ကြားလာရသော အခါအတော်စိတ်ပျက်စရာကောင်းလာပါလိမ့်မည်)
၈..။ ဆေးလိပ်မသောက်ရ၊အရက်မသောက်ရ၊KTV မသွားရ၊CLUB မတက်ရ ဟုချုပ်ချယ်တားမြစ်သည်မှာမှန်သော်လည်း ဘောလုံးပွဲမကြည့်ရ၊Game မကစားရ၊သူငယ်ချင်းများနှင့်မသွားမလာရဟုတားမြစ်တတ်သောမိန်းမ (ယောင်္ကျားလေးတိုင်းအထက်ဖော်ပြပါအရာများအားလုံးနှင့်မကင်းသူများရှိသလို.အချို့နှင့်မကင်းသူများလည်းရှိသည်..လုံးဝကင်းကွာနေ နိုင်သူတစ်ယောက်မှမရှိဟုထင်ပါသည်..။ မလိုအပ်ပဲတားမြစ်ပိတ်ပင်သောကြောင့်သင့်စိတ် ထောင်ကျ သလိုခံစားလာရလိမ့်မည်)
၉..။ သင့် ညီမ. ၊ အမ ၊အမေအဒေါ်များနှင့်ပင်သွားလာစားသောက်သည်ကိုသိပါကသင့်ကိုရန်ရှာစိတ်ကောက်တတ်သောမိန်းမ။ တစ်လောကလုံးတွင်သူမမှလွဲ၍မည်သည့်အမျိုးသမီးကိုမှဦးစားပေးမဆက်ဆံစေချင်သောမိန်းမ (သင့်ဘဝတစ်သက်တာလုံး စိတ်ကျဉ်းကျပ်စွာနေထိုင်သွားရပါလိမ့်မည်)
၁၀..။သင်နှင့်စိတ်အခန့်မသင့်တိုင်းသင့်မကောင်းကြောင်းမှန်သမျှကိုသင့်မိသားစု၊သူငယ်ချင်းများအား လိုက်လံတိုင်ကြားပြောဆိုတတ်သောမိန်းမ (သင်ထိုမိန်းမအားလက်ထပ်ပေါင်းသင်းမိပါကသင်တစ်သက်တာဂုဏ်သရေယုတ်လျော့ကာသင့်လုပ်ငန်းများတွင် သင်ပြောသမျှမအောင်မြင် လူအထင်သေးခံ ရဖွယ်ဖြစ်ပါလိမ့်မည်) ဝိုင်းဆဲခံရကိန်းရှိသည်ကိုသိသိနှင့်ရေးလိုက်ပါသည်..။

Friday, 9 November 2012

မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်မှ မကယ်နိုင်သူများ


"ဘုရားမကယ်နိုင်သူများ…"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

လောကတွင် အချို့သူများသည် အကြောက်တရား နည်းပါးတတ်၏။ အယုံအကြည်လည်း နည်းပါးတတ်၏။ လက်တွေ့မဟုတ်လျှင် မယုံသည်များလည်း ရှိတတ်၏။ ထို့ကြောင့် အချို့ဆိုလျှင် မည်သည့်ကိစ္စများတွင် မဆို ပေါ့ပေါ့တန်တန်ပင် ပြောဆိုပြုမူ တုံ့ပြန်တတ်၏။ အချို့ကား ယုံကြည်မှုနှင့် အကြောက်တရား မရှိရုံမျှမက အတွေးအခေါ်များပင် မှားယွင်းသွားကာ ကံတရား၏ သဘောတရားများ အပေါ်တွင်လည်း အပျော်အြ

ပက် ကဲ့ရဲ့တတ်သည်အထိ ဖြစ်တတ်ပေ၏။ က
ံကံ၏အကျိုးတရားနှင့် စပ်လျဉ်း၍လည်း လက်တွေ့ မခံရသေးသည့်အခါ ကလေးကလား သဘောထားတတ်၏။ အချိန်တန်မှ အကျိုးပေးတတ်သည့် ကံတရား၏ သက်ရောက်မှုတွင် လက်တွေ့မခံ ရသေးသည့်အခါ အယုံအကြည် နည်းနေတတ်၏။ ထို့အတူ မိမိ၏လုပ်ရပ်များတွင် လက်ယဉ်လာသည့်အခါ အကြောက်တရားပါ ခေါင်းပါးလာတတ်၏။

ထို့သို့သောသူများကို အခြားသူများက မကောင်းသည့် လုပ်ရပ်များကြောင့် “ဟေ့…ဟေ့… အဲဒီလို မလုပ်နဲ့ ငရဲကြီးလိမ့်မယ်” ဟု ပြောဆိုသည့်အခါ “ငရဲကြီးတော့ ငရဲလေးကို နိုင်တာပေါ့..” စသည်ဖြင့် ပြန်လှန်တုံ့ပြန် တတ်သကဲ့သို့ အချို့က “ဒီလိုမကောင်းတဲ့ အလုပ်တွေ လုပ်ရင် ၀ဋ်လိုက်တတ်တယ်..”ဟု ပြောလာလျှင်လည်း “၀ပ်လိုက်ရင် ထပြေးတာပေါ့…” စသည်ဖြင့် သံတူကြောင်းကွဲ စကားလုံးများဖြင့် ပြန်လည်ပြောဆိုတတ်၏။ ထိုသူတို့ ဆိုချင်သည်မှာ လေးဘက်ထောက်ကာ ၀ပ်ပြီးလိုက်နေသည့်သူထက် မတ်တပ်ရပ်ပြီး ပြေးနေသူက ပို၍အလျင်အမြန် ပြေးနိုင်သည့် သဘောကို ရည်ရွယ်လျက် အပျော်အပြက် ပြောလိုဟန် ရှိပေ၏။

အပျော်ဖြစ်စေ၊ အမှန်အကန်ဖြစ်စေ ထိုသူတို့ ပြောဆိုကြသည့် “ငရဲကြီးတော့ ငရဲလေးကို နိုင်တာပေါ့၊ ၀ပ်လိုက်ရင် ထပြေးတာပေါ့” စသည့် စကားများသည် မကောင်းမှု၏ တန်ပြန်သက်ရောက်မှု အပေါ်တွင် အမှန်တကယ် ကြောက်ရွံ့မှုမရှိ၊ ယုံကြည်မှုမရှိသည့် သဘောကို ပြသနေသကဲ့သို့ ဖြစ်နေပေ၏။ မခံရသေးသည့်အခါ အပျော်အပြက် ပြက်ရဲ့ပြုနိုင်သော်လည်း မကောင်းမှု၏ အကျိုးသက်ရောက်မှုများ အမှန်လက်တွေ့ ရောက်လာသည့် အခါတွင်ကား ဘုရားပင် မကယ်နိုင်သည်ကို သတိမပြုမိကြဟန် ရှိပေ၏။ ဘုရားလည်း မကယ်နိုင်၊ သိကြားလည်း မ မနိုင်သည့် သူများတွင် အကုသိုလ်ကြီးသူများ၊ ၀ဋ်ကြီးသူများ ပါနေသည်ကို သတိမပြုမိကြဟန် ရှိပေ၏။ အထူးသဖြင့် မကောင်းမှု ဒုစရိုက်အမှုများတွင် လက်ယဉ်နေသူများသည် မည်သို့သောပုဂ္ဂိုလ်များ၊ မည်သို့သော အရာများဖြင့် ပြသပြောဆို ဆုံးမစေကာမှု သတိသံဝေဂ ရရန်၊ နောင်တရရန် ခက်ခဲနေတတ်ပြီး တစ်ခါတစ်ရံ သတိသံဝေဂ ရသယောင်ရှိတတ်သော်လည်း မထူးဇာတ် ခင်းတတ်သည်များလည်း ရှိနေတတ်၏။ ထိုသို့ မကောင်းမှုဒုစရိုက်အမှုများတွင် လက်ယဉ်ကာ မထူးဇာတ်ခင်းနေမိလျှင်ကား မည်သူကယ်၍မျှ ရမည်မဟုတ်သကဲ့သို့ ဘုရားလည်း ကယ်၍ရနိုင်မည်မဟုတ်သည်မှာ အမှန်ပင် ဖြစ်ပါပေ၏။

အချို့က မကောင်းမှု အလုပ်များကို မည်မျှပင် လုပ်နေပါသော်လည်း ကြီးပွားနေသူများ၊ အစစ အရာရာ အဆင်ပြေနေသူများ၊ မကောင်းသည့် အလုပ်များဖြင့် အကျိုးပေးနေသူများကို ကြည့်ကာ “ဒီလိုလူတွေကျတော့ ဘယ်လိုလုပ်မလဲ..”ဟူသည့် အမေးမျိုးဖြင့် စောဒကတက်သည်များ ရှိတတ်၏။ စင်စစ် ထိုသို့ မကောင်းမှုဖြင့် ကြီးပွားနေသူများသည်ကား ဘုရားကယ်ထား၍ ကြီးပွားနေသူများ မဟုတ်ကြပေ။ အတိတ်ကံ တစ်ခုခုက ပြုခဲ့သည့် ကောင်းသည့်ကံများ၏ အကျိုးပေးကောင်းချိန်နှင့် ယခုဘ၀ ပြုလုပ်ထားကြသည့် အကုသိုလ်ကံများ၏ အကျိုးပေးချိန် မတန်သေး၍သာ ဖြစ်ပါ၏။ မြတ်ဗုဒ္ဓက “မကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း မကောင်းမှု အကျိုးမပေးသေးသော ကာလပတ်လုံး ကောင်းမြတ်သော အာရုံကို တွေ့မြင်နိုင်သေးကြောင်း၊ မကောင်းမှု အကျိုးပေးသော အခါ၌မူကား မကောင်းမှုပြုသောသူသည် မကောင်းကျိုးကို ခံစားရကြောင်း” စသည်ဖြင့် မိန့်တော်မူထား၏။ ဤစကားတော်အရ ကောင်းမှု၊ မကောင်းမှုတို့၏ အကျိုးပေးမှုသည် အချိန်ကာလနှင့် သက်ဆိုင်နေပြီး အချိန်တန်လျှင်ကား မိမိတို့ လုပ်သည့်ကံများ၏ အကျိုးသက်ရောက်မှုများသည် မိမိတိုထံသို့ ဧကန်မုချ ရောက်လာမည်မှာ အမှန်ပင်ဖြစ်ကြောင်း သိရှိနိုင်မည် ဖြစ်၏။ အထူးသဖြင့် အကုသိုလ်ကံများ၏ အကျိုးပေးချိန်သည်ကား အထူးပင် သိသားထင်ရှားလှ၏။ အကုသိုလ် အလုပ်၏ အကျိုးပေးချိန် ရောက်လာလျှင်ကား မည်သည့်တံခိုးရှင်မျှ ကယ်မ,၍ ပေးနိုင်မည်မဟုတ်သည်မှာ သေချာလှ၏။

မှန်၏။ အကုသိုလ်အလုပ်များကို လုပ်ရင်း အကုသိုလ်ကံ၏ အကျိုးပေးချိန်သို့ ရောက်လာသော သူများသည်ကား အကုသိုလ်အလုပ်များတွင် သာယာပျော်မွေ့ကာ အကုသိုလ်အလုပ်ကို အကုသိုလ် အလုပ်ဟု မသိဘဲ ထိုမကောင်းမှုများနောက်ကို မှားမှန်းမသိ လိုက်နေမိတတ်၏။ ထိုသို့ မကောင်းမှုကို ပျော်ပျော်ပါးပါး လုပ်နေသူများသည် ကြာလာသည့်အခါ ပညာ၊ သတိတရားများ ချွတ်ယွင်းလာကာ အပြောအဆို အလုပ်အကိုင်များတွင်လည်း အမှားမှား အယွင်းယွင်းဖြစ်လာပြီး နောက်ဆုံးတွင် ထိုမကောင်းသည့် လုပ်ရပ်များကြောင့် ဘုရားပင် မကယ်နိုင်သည့် သူများအဖြစ်သို့ ရောက်ရှိသွားတတ်၏။

မန်လည်ဆရာတော်ကြီးက အကုသိုလ်အလုပ်များကြောင့် ပျက်စီးချိန်တန်လာသူများသည် ပညာသတိ မရှိဖြစ်ကာ မိမိတို့၏ အပြောအဆို၊ အသွားအလာများတွင် အမှားမှား အယွင်းယွင်းဖြင့် ဘုရားပင် မကယ်နိုင်သူများ အဖြစ်သို့ ရောက်ရတတ်ကြောင်း မဃဒေ၀ လင်္ကာကြီးတွင် စပ်ဆိုထားသည်ကို သံဝေဂယူဖွယ် ဖတ်မှတ်ဖူးပါ၏။ ဆရာတော်ကြီးက “ကြမ္မာငြိုးမှိန်၊ ပျက်စီးချိန်၌၊ ပညိနြ္ဒိ၊ သတိမှောက်မှား၊ တရားမကျင့်၊ ကျင့်ယွင်းချွတ်၏။ ကျင့်ချွတ်သောခါ၊ ပညာ အမျိုး၊ တန်ခိုးထိန်ညီး၊ ဘုန်းတန်းကြီးလည်း၊ ပျက်စီးမြဲလျှင်၊ မချွတ်ပင်တည်း။ အကြင်လူများ၊ ယောက်ျားမိန်းမ၊ စသည်ထိုထို၊ ပျက်စီးလိုက၊ အဆိုအသွား၊ အမှားမှားဖြင့် ဘုရားသော်မှ၊ ဟောမရဘူး။” (မန်လည်ဆရာတော်)ဟု စပ်ဆိုတော်မူထား၏။

ဆရာတော်ကြီး၏ အဆိုအရ ကံကြမ္မာ တစ်လှည့်ပြောင်း၍ ပျက်စီးချိန် စောင်းလာသည့် သူများသည် စူးစမ်းဆင်ခြင်တတ်သည့် ဉာဏ်၊ မမေ့မလျော့ မပေါ့မဆသည့် သတိတရားများ ယုတ်လျော့လာပြီး ကိုယ်ကျင့်တရားများပါ ပျက်စီးချွတ်ယွင်းလာကာ ဘုန်းကံများနည်းပါးလျက် ပြောသမျှစကား၊ လုပ်သမျှအလုပ်၊ ကြံသမျှအတွေးများတွင် အမှားများဖြင့်သာ မကောင်းသည့် ဒုစရိုက်များတွင် ဇွတ်တိုးဝင်၍ ကျင်လည်နေမိတတ်ကြောင်း၊ ထိုသို့ မကောင်းမှုများဖြင့် ကျင်လည်နေသူများသည် ထိုဒုစရိုက်အမှုများကြောင့် ကြာလာသည့်အခါ ဘုရားပင် မကယ်နိုင်သည့် သူများအဖြစ်သို့ ရောက်ရှိသွားတတ်ကြောင်း သဘောပေါက် နားလည်နိုင်မည်ဖြစ်၏။

အမှန်အားဖြင့် အကုသိုလ် ဒုစရိုက်အမှုများသည် အချိန်တန် အကျိုးပေးချိန် ရောက်လာလျှင်ကား ယခုမျက်မှောက်ဘ၀မှာပင် အကျိုးပေးကာ ပြုလုပ်သူကို တစ်ဖန်ပူလောင်မှုဖြင့် သက်ရောက်မှု ဖြစ်စေတတ်၏။ ထိုသို့ မကောင်းမှု အကျိုးပေးကို ခံရမည့်သူ ဖြစ်လျှင်ကား ဘုရားရှင် အနားမှာပင် ဖြစ်သော်လည်း ဘုရားမကယ်နိုင်သူများ အဖြစ် အကုသိုလ် အပြစ်ကို ခံသွားရတတ်၏။ ထိုအကုသိုလ် အပြစ်ကို ၀ဋ်တစ်ခုအဖြစ် ခံစားရကာ သေပြီးနောက်မှာလည်း အပါယ်ဘုံသို့ ရောက်ရတတ်၏။

ဗုဒ္ဓလက်ထပ်က စုန္ဒအမည်ရှိသည့် သူတစ်ယောက်ရှိ၏။ စုန္ဒသည် ၀က်မွေးမြူကာ သတ်ဖြတ်ရောင်းချ စားသောက်ခြင်းဖြင့် အသက်မွေးလေ့ရှိ၏။ ထို့ကြောင့် သူ့ကို စုန္ဒသူကရိက စုန္ဒ၀က်သတ်သမားဟု ခေါ်လေ့ရှိကြ၏။ စုန္ဒ၀က်သတ်သမားသည် လယ်သမားများ အစားအသောက် ရှားပါးချိန်များတွင် တောရွာဇနပုဒ်များသို့ စပါးများကို လှည်းအပြည့်တင်ကာ စပါးအနည်းငယ်ဖြင့် တောရွာများမှ ၀က်ငယ်များကို လှည်းအပြည့်ဝယ်ယူကာ မိမိအိမ်သို့ ရောက်သည့်အခါ အိမ်နောက်ဖေး ၀က်ခြံတွင် ၀က်များအသားတိုးစေရန် မွေးမြူလေ့ရှိ၏။ ၀က်များ အသားတိုးလာသည့် အခါတွင်လည်း ထိုဝက်များကို မသတ်မီ လက်ခြေလေးဘက်တို့ကို တိုင်လေးတိုင်တွင် ကြိုးဖြင့်တုတ်ကာ အသားအရေ ဆူဖြိုးအောင် တစ်ကိုယ်လုံး ဖူးရောင်သည်အထိ ရိုက်ပုတ်လေ့ရှိ၏။ ၀က်များသည် ရိုက်ပုတ်သည့်ဒဏ်များကြောင့် ဖူးဖူးရောင်ရောင် ဖြစ်လာသည့်အခါ ပါးစပ်တွင် ပိတ်မရအောင် သံဖြင့်ထောက်၍ ပွတ်ပွတ်ဆူနေသည့် ရေနွေးဖြင့် ပါးစပ်အတွင်းမှ လောင်းထည့်လေ၏။ ထိုလောင်းထည့်သည့် ရေနွေးသည် ၀က်၏အူအတွင်း ပူလောင်ပျော်ဆင်းကာ စအိုဝမှ အညစ်အကြေးများသည် ရေနွေးရေနှင့်အတူ ထွက်ကျလာသည်အထိ ပါးစပ်မှ လောင်းချလေ၏။ စအိုမှဆင်းလာသည့် ရေနွေးများ၏ အရောင်သည် အညစ်အကြေးကင်းပြီး သန့်ရှင်းသည့် အရောင်အဖြစ် ရောက်သည့်အထိ ပါးစပ်မှ ရေနွေးများကို လောင်ထည့်လေ့ရှိ၏။ စုန္ဒ၏ လုပ်ရပ်ကြောင့် နာကျင်ပူလောင်လှသဖြင့် အော်ဟစ်ကြသည့် ၀က်တို့၏ အသံများမှာ အလွန်စူညံ ကျယ်လောင်လှပြီး နောက်ဆုံးတွင် မခံမရပ်နိုင်ဘဲ သေဆုံးကြရ၏။ စုန္ဒသည် ၀က်တို့၏ အော်ဟစ်သံကို အလေးမထားနိုင်ဘဲ နောက်ထပ်ရေနွေးပူများဖြင့် ၀က်၏ကျောကုန်းထက်မှ လောင်းချကာ မည်းနက်သော သားရေတို့ကို ကျွတ်ကွာစေ၏။ ထို့နောက် မြက်မီးဖြင့် အမွေးအမြင်တို့ကို လောင်မြိုက်စေကာ အမွေးခွာပြီး ထက်လှစွာသော ဓားသန်လျက်ဖြင့် အသားများကို လှီးဖြတ်ကာ ချက်ပြုတ်လျက် မိသားစုနှင့်အတူ မြိန်ရေရှက်ရေ စားသောက်၍ ကျန်သည့်အသားများကို ရောင်းချလေ၏။ ဤနည်းဖြင့် စုန္ဒသည် ၀က်များကို မွေးမြူသတ်ဖြတ် စားသောက်ရောင်းချ လာခဲ့သည်မှာ နှစ်ပေါင်း (၅၅)နှစ်အထိ ကြာမြင့်ခဲ့၏။

တစ်နေ့တွင် စုန္ဒ၀က်သတ်သမားတွင် အနားရောဂါ ဖြစ်ပေါ်လာခဲ့၏။ အနာဖြစ်လာသည့် စုန္ဒ၀က်သတ်သမားသည် ထိုအနာကြောင့် အရှင်လတ်လတ် ငရဲခံရသကဲ့သို့ အလွန်ပူလောင်သည့် ဒဏ်ကိုခံစားနေရ၏။ တစ်ကိုလုံး ပူလောင်လွန်းသဖြင့် နေမထိ ထိုင်မထိဖြစ်ကာ အိပ်မရ စားမရဖြစ်ပြီး အိမ်၏လေးဘက် လေးတန်တွင် ရှေ့နောက်လေးဘက်ထောက်ကာ ၀က်ကဲ့သို့ ပြေးလွှာရင်း ၀က်အော်သံအတိုင်း အော်ဟစ်နေရ၏။ မိသားစုများက အမျိုးမျိုးသက်သာအောင် လုပ်ပေးသော်လည်း မရဘဲ ပါးစပ်ကို ပိတ်မရဖြစ်ကာ ပူလောင်စွာ အော်ဟစ်နေခဲ့ရ၏။ စုန္ဒ၏ အော်ဟစ်သံကို အနီးမှာရှိသည့် ဝေဠုဝန်ကျောင်းတွင် သီတင်းသုံးနေကြသည့် ရဟန်းတော်များသည် ဆွမ်းခံသွားစဉ် ကြားခဲ့ရ၏။ ရဟန်းတော်များကား ၀က်အော်သံဟုထင်ကာ စုန္ဒအိမ်တွင်ရှိသည့် ၀က်တို့၏ အသံမှာ ဆူညံလှကြောင်း ပြောဆိုကြ၏။ ထိုအခါ ဘုရားရှင်က ယင်းအသံသည် ၀က်တို့၏ အသံမဟုတ်ကြောင်း စုန္ဒ၏ အသံသာ ဖြစ်ကြောင်း မိန့်ကြားကာ တရားစကား ဟောကြားတော်မူ၏။ မြတ်ဗုဒ္ဓက “မကောင်းမှု ပြုလုပ်သူသည် ဤဘ၀တွင်လည်း စိုးရိမ်ပူလောင်ရ၏၊ နောင်ဘ၀တွင်လည်း စိုးရိမ်ပူလောင်ရ၏၊ ပစ္စုပ္ပန်၊ တမလွန် ဘ၀နှစ်ခုလုံးတွင်လည်း စိုးရိမ်ပူလောင်ရ၏၊ ထိုသူသည် မိမိ၏ ညစ်ညူးသည့် အကုသိုလ်ကံကို မြင်ရ၍လည်း စိုးရိမ်ရ၏၊ ပင်ပန်းရ၏” စသဖြင့် တရားစကား ဟောကြားတော်မူ၏။ ဘုရားစကားကြောင့် ရဟန်းတော်များမှာ တရားရသွားကြသော်လည်း စုန္ဒ၀က်သတ်သမားသည်ကား ခုနှစ်ရက်ပတ်လုံး ၀က်ကိုသတ်စဉ်က ပြုလုပ်ခဲ့သည့် အကုသိုလ်ကံအတိုင်း ၀က်ကဲ့သို့ ပူလောင်ပြင်းထန်စွာ အော်ဟစ်ပြီး နောက်ဆုံးတွင် အသက်ကုန်ကာ အ၀ီစီငရဲသို့ ကျရောက်သွားခဲ့ရ၏။

ဤကား ဓမ္မပဒ၊ ယမက၀ဂ်လာ စုန္ဒ၀က်သတ်သမား၏ အကုသိုလ် အကျိုးခံစားရပုံ အကြောင်း တစ်စိပ်တစ်ဒေသ ဖြစ်ပါ၏။ စုန္ဒသည် ဘုရားလက်ထပ်၊ ဘုရားအနီးမှာ ရှိနေခဲ့သော်လည်း ဘုရားမကယ်နိုင်သည့် အကုသိုလ် အလုပ်ဖြင့်သာ မိမိဘ၀ကို မိမိဖန်တီးသွားခဲ့ရ၏။ ဘုရားကယ်သည် မကယ်သည်မှာ ပုဂ္ဂိုလ်ရေးနှင့် မဆိုင်ဘဲ မိမိပြုသည့် ကံနှင့်သာ ဆိုင်သည်ကို စုန္ဒက သက်သေပြနေခဲ့၏။ မှန်၏။ အကုသိုလ်အလုပ်များ၊ ဒုစရိုက်အမှုများဖြင့် နေသူများသည် မည်မျှပင် ပုဂ္ဂိုလ်ရေး ရင်းနှီးမှုရှိနေစေကာမှု ဘုရားမကယ်နိုင်သည့် သူများသာ ဖြစ်ပါ၏။ ဒေ၀ဒတ်ထက် ဘုရားနှင့်နီးသူ ဘုရားနှင့် ပုဂ္ဂိုလ်ရေး ဆက်စပ်မှုရှိသူ တစ်စုံတစ်ယောက်မျှ ရှိမည်မဟုတ်ပေ။ ထိုဒေ၀ဒတ်လို ပုဂ္ဂိုလ်မျိုးကိုလည်း ဘုရားရှင်က မကယ်မနိုင်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော ဒေ၀ဒတ်ကို ဒေ၀ဒတ်၏ လုပ်ရပ်များက သက်ရောက်မှု ဖြစ်စေခဲ့သောကြောင့် ဖြစ်ပါ၏။

ဆိုလိုသည်မှာ ဘုရားမကယ်နိုင်သူများဟူသည် မကောင်းမှု ဒုစရိုက်အမှုများဖြင့် ကျင်လည်နေသူများကို ဆိုခြင်းဖြစ်သဖြင့် မကောင်းမှုလုပ်ကာ ဘုရားတနေကြသည်ထက် ဘုရားမ, နိုင်အောင်၊ ဘုရားကယ်နိုင်အောင် မကောင်းမှုကို ရှောင်ပြီး ကောင်မှုကိုသာ ဆောင်ကြရမှာ ဖြစ်ကြောင်းဆိုလိုရင်း ဖြစ်ပါ၏။ ကောင်းမှုရှိသူကို ဘုရားစသော သူတော်ကောင်းများက စောင့်ရှောက် ကယ်မတတ်သော်လည်း မကောင်းမှု ရှိသူကိုကား ဘုရားစသော အရိယ သူတော်ကောင်းများက မကယ်မနိုင်သဖြင့် မိမိဘ၀ကို မိမိ၏ အလုပ်များကသာ ကယ်မနိုင်ကြမည်ကို သတိပြုဆင်ခြင်ပြီး မကောင်းမှုမှ ရှောင်နိုင်အောင် ကြိုးစားကြရန်လိုကြောင်း အသိပေးလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် စုန္ဒကဲ့သို့ ဘုရားရှင်နှင့်ကြုံ၊ ဘုရားရှင် အနားမှာဖြစ်သော်လည်း ဘုရားမကယ်နိုင်သူ အဖြစ် ဘ၀နိဂုံး အဆုံးသပ်သွားရသည့် သူများ မဖြစ်ကြစေရန် မိမိတို့၏ အသိ၊ သတိများဖြင့် ဘုရားမကယ်နိုင်သည့် အကုသိုလ်အလုပ်များကို မလုပ်မိအောင် မိမိကိုယ်ကို မိမိထိန်းသိမ်းကာ ကောင်းသည့်အလုပ်များကို လုပ်ရင်း ဘုရားကယ်နိုင်သူ ဖြစ်အောင်သာ ကြိုးစားကြပါဟု စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းစကား ပါးလိုက်ရပါသည်။

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့