Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Showing posts with label သိကောင်းစရာ. Show all posts
Showing posts with label သိကောင်းစရာ. Show all posts
Tuesday, 8 May 2012
"သစ္စာစကား မှန်ကန်ခဲ့မယ်ဆိုရင်..."
တစ်ခါတုန်းက
တောရွာတစ်ရွာမှာ သားအမိသုံးယောက်နေထိုင်ကြတယ်။
တစ်နေ့တော့ မိခင်ကြီးဟာ ရောဂါတစ်ခုဖြစ်ပြီး အိပ်ရာထဲလဲနေပါတယ်။
သမားတော် အတော်များများနဲ့ကုသပါတယ်။ ရောဂါက မပျောက်ပါဘူး။
ဘာဆေးဆေးနဲ့ကုကု ရောဂါက မပျောက်တော့
လူနာနဲ့မိသားစုဟာ စိတ်ဓာတ်တွေ ကျဆင်းလာပါတယ်။
အဲဒီအချိန်မှာ သမားတော်တစ်ယောက်က ယုန်သွေးလတ်လတ်ဆတ်ဆတ်
သာရှာပေးနိုင်ရင် ပျောက်အောင် ကုပေးမယ်လို့ေ ပြာပါတယ်။
ညီအကို နှစ်ယောက်ဟာ အမေရဲ့ရောဂါပျောက်ဖို့အတွက်ဖြစ်တာကြောင့်
အကိုက ညီဖြစ်သူကို ယုန်အရှင်တစ်ကောင်ကို ဖမ်းဖို့ခိုင်းလိုက်ပါတယ်။
ညီကလည်း ကျော့ကွင်းထောင်တော့ ယုန်တစ်ကောင်ကို မိပါတယ်။
မိနေတဲ့ယုန်ကို သွားဖြုတ်တော့ ယုန်က သေမှာကြောက်တဲ့အတွက်
တဆတ်ဆတ် တုန်နေပါတယ်။ ယုန်ကိုတွေ့တော့ ညီဟာ သနားသွားတယ်။
ပြီးတော့ တွေးမိတယ်။
“လူတစ်ယောက် အသက်ရှင်ဖို့ အခြားသတ္တဝါတစ်ကောင် သေရတယ်ဆိုတာ
နည်းလမ်းတော့မကျလှဘူး။ ငါ့အမေတော့ အသက်ရှင်စေ၊ ယုန်လေးရဲ့အသက်တော့
သေစေဆိုတာကတော့မတရားဘူး။ အခြားနည်းလမ်းတစ်ခုခုတော့ ရှိရမယ်” လို့တွေးမိပြီး
မိနေတဲ့ယုန်လေးကို ပြန်လွှတ်လိုက်တယ်။
အိမ်ပြန်ရောက်တော့ အကိုကမေးတော့ ညီလေးက အမှန်အတိုင်းပြောပြလိုက်တယ်။
ဒီတော့ အကိုက ညီလေးကို ဆူပူကြိမ်းမောင်းတာပေါ့။
ညီလေးက အကိုကို ဘာမှပြန်မပြောပဲ မိခင်ရဲ့အခန်းထဲဝင်သွားတယ်။
ပြီးတော့ သောက်ရေတစ်ခွက် ခပ်လိုက်တယ်။
သစ္စာဆိုတယ်။ ဒီလိုအခက်အခဲမျိုးက သစ္စာမှတစ်ပါးအခြားဘာအရာနဲ့မှ ဖြေရှင်းမရနိုင်ဘူး။
သစ္စာသာ အားကိုးရာဖြစ်တယ်။
ညီလေးက
“ငါဟာ သိတတ်တဲ့အရွယ်ကစပြီး သူတစ်ပါးရဲ့အသက်ကို သေစေလိုတဲ့စေတနာနဲ့
တစ်ကြိမ်တစ်ခါမှ မသတ်ခဲ့ဖူးပါ။ဒီစကားဟာ မှန်ကန်ပါတယ်။ ဒီမှန်ကန်တဲ့သစ္စာစကားကြောင့်
အခု ငါ့ရဲ့အမေ ဖြစ်ပေါ်နေတဲ့ရောဂါ ဝေဒနာတွေ အမြန်ဆုံးပျောက်ကင်းပါစေသတည်း”လို့
သစ္စာစကားဆိုပါတယ်။
ပြီးတော့ အဲဒီသစ္စာရေကို ရောဂါဝေဒနာခံစားနေတဲ့ မိခင်ကို တိုက်လိုက်ပါတယ်။
သမားတော်အတော်များများနဲ့ကုသလို့မပျောက်ခဲ့တဲ့မိခင်ရဲ့ဝေဒနာဟာ
မကြာခင်မှာပဲ ပျောက်ကင်း၊ကျန်းမာလာပါတယ်။
+++++++++++++++++++++++++++
 ကြီးမားတဲ့အခက်အခဲ ဖြစ်ပေါ်လာတဲ့အခါ မှန်ကန်တဲ့သစ္စာစကားကို
အားကိုးအားထားပြုနိုင်တဲ့ အဖြစ် အပျက်တစ်ခုဖြစ်တယ်။
လူတိုင်းလူတိုင်း တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ ကြီးမားတဲ့အခက်အခဲဆိုတာဖြစ်ပေါ်တတ်ပါတယ်။
အဲဒီအခက်အခဲကို မမှန်တဲ့နည်းလမ်းနဲ့ ဖြေရှင်းမယ့်အစား
သစ္စာပြုတိုင်တည်ပြီးဖြေရှင်းတာက ပိုမိုအဆင်ပြေနိုင်ကြောင်းကို
သတိပေးထားတဲ့အကြောင်းအရာဖြစ်ပါတယ်။
သတိထားရင် သတိရှိပါတယ်။ 
သတိရှိရင် ဖြေရှင်းမယ့်နည်းလမ်း ရှိကြောင်း သိနိုင်ပါတယ်။
Tuesday, 24 April 2012
သံတရာဘ၀အပြောင်းအလဲဆိုတာတကယ်ရှိတယ်
အမေဇုန်သစ်တောမှ ချောငးအတွင်းရေသောက်ဆင်းလာတဲ့  မြင်းကျားကို မီးကျောင်းက ဖမ်းစားပီးနောက်ေ၇မြင်များအကြားရောက်ရှိသွားတဲ့  မီကျောင်းကို ရေမြင်းတစ်ကောင်က ကိုက်ထားပုံကိုကြည့်ပီး ဘ၀အလှည့်ပြောင်း ဆင်ခြေတုံတရား၇ဖွယ် မြင်ကွင်းတစ်ခု ကို မှတ်ရှုနိုင်ပါတယ် လူတွေ လဲ တစ်ယောက်ကို တစ်ယောက်မကောင်းကြံနေရင် နောင်တစ်ချိန်မှာ ကိုယ့်အလှည့်ကို ပြန်ရောက်တက်တယ်ဆိုတာ ကို မှတ်သားသင့် ပါတယ် ရှင် သူငယ်ချင်းအားလုံးတရားရှူထောင့် က နေ မြင်တက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ရှင်
Monday, 9 April 2012
စိတ်နေမြင့်သူ ဖြစ်စေချင်
တနေ့ က အွန်လိုင်းမှာ  မလေးရှားက မောင်လေးတစ်ယောက်နဲ့  ပြောင်းလဲလာတော့ မယ့်မြန်မာပြည်အကြောင်းတွေ ပြောကြရင်း သူက ကျမကို မေးပါတယ်။
“အမ  မြန်မာပြည်ကြီးက တကယ် ကောင်းလာတော့မှာလား အမ”
“အေးပေါ့ ဟဲ့ ၊ နောက်ဆို နိုင်ငံခြားကုမ္မဏီတွေ များလာပြီး အလုပ်တွေလဲပေါလာတော့မှာ”
“နိုင်ငံခြားကုမ္မဏီတွေ တကယ်လာကြတော့မှာပေါ့နော်----ဟင်း”
“အေးပေါ့ဟဲ့ --အဲဒါ မကောင်းဘူးလား-မင်းကဘာလို့ စိတ်ညစ်နေတာလဲ”
“အော် --ကျွန်တော်တို့ မြန်မာမိန်းကလေးတွေအတွက် ရင်လေးလို့ပါအမရယ်၊ မြန်မာမလေးတွေ
နိုင်ငံခြားသားတွေ ကို ကြိုက်ကုန်ကြမယ်။
အတည် ယူရင်တော်သေး၊ ခြေတော်တင်ရုံ အပျော်ကြံရင် ------သူတို့ ဘ၀ လေးတွေ အတွက် ရင်လေးလို့ ပါ”
“သူ့ အပြောကြောင့် ကျမ အံ့သြမိတယ်။သူ့ မှာ ဒီလို စိုးရိမ်စိတ်ရှိနေလိုမယ်လို့ မထင်ထားလို့ ပါ။
ပြီးတော့ ၀မ်းလဲသာမိတယ်။ သူ ဟာ မြန်မာ မိန်းလေးတွေအတွက် စိုးရိမ်ပေးနေလို့ပါ။”
တကယ်ပြောရရင် သူ့ ကို ကျမက  ရီစရာ ဟာသတွေပဲ ပြောတတ်တဲ့ ကောင်လေးတစ်ယောက် လို့ပဲ ထင်ခဲ့တာပါ။
ဆောင်းပါးတွေတောင် စာများလို့ ဆိုပြီး မဖတ် တဲ့ ဒီကောင်လေးကို ကျမ အထင်မကြီးထားပါဘူး။
မလေးရှားမှာ သူ့ဘာသာပျော်သလို နေနေတာပဲလို့  ကျမ ပေါ့ပေါ့ တွေးထားတာပါ။
ဒီလို ကောင်လေးတစ်ယောက်ရင်ထဲမှာတောင် မြန်မာပြည်ကြီးအတွက် နဲ့ မြန်မာမိန်းကလေးတွေရှေ့ ရေး အတွက် စိုးရိမ်စိတ်တွေ ရှိနေတယ်လေ။
“မင်းကလဲ အလွယ်လေးပါဟယ်၊ မြန်မာမလေးတွေ နိုင်ငံခြားသားတွေ ကိုမကြိုက်စေချင်ရင် မင်းတို့မြန်မာကောင်လေးတွေကိုပဲ ကြိုက်လာအောင်လုပ်ပေါ့ဟဲ့--”
“အမကလည်း--သူတို့က ကျွန်တော်တို့ကို ဘယ်အထင်ကြီးပါ့မလဲဗျ၊ ကျွန်တော်တို့က ဟိုကောင်တွေလို
ဝင်ငွေလဲမကောင်း ၊ ပညာလဲ မတတ် နဲ့လေ၊သူတို့နဲ့ပြိုင်ပြီး မိန်းကလေးတွေကြိုက်အောင်လုပ်လို့ရမယ်မထင်ဘူး--
ပြီးတော့ ခုခေတ်ကောင်မလေးတွေက ငွေထောတဲ့ လူတွေကို စပွန်ဆာရှာနေကြတာအမရဲ့ ”
အော်--သူက --မိန်းကလေးတွေ ရဲ့ တကယ့်ရင်ထဲနှလုံးသားကို မမြင်သေးပဲကိုး။
ငွေပေါ တဲ့  နိုင်ငံခြားသားတိုင်းကို မိန်းကလေးတွေကြိုက်မယ်တဲ့လား--
ငွေထောတဲ့ အိမ်ထောင်ရှင်အမျိုးသားတိုင်းကို သူတို့ လက်ခံကြမှာတဲ့လား-
ကျမတော့မထင်ပါဘူးရှင်။
ကျမတို့မြန်မာ မိန်းကလေးတွေ ကလေ  စောင့်လေမျိုးနွယ် ဆိုတဲ့ဂုဏ် ကို ထိမ်းသိမ်းစောင့်ရှောက်ကြ
မယ့် အမျိုးကောင်းသမီးလေးတွေ ပါ။
ဒီအကြောင်းနဲ့ပတ်သက်ရင်  ကျမတို့ အလယ်တန်းဖတ်စာထဲက စိတ်နေမြင့်သူ  ဆိုတဲ့ ရှေးခေတ်ကအိုင်ချင်းလေးတပုဒ်ကိုဖော်ပြချင်ပါတယ်။
စိတ်နေမြင့်သူ
ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောင်းမတို့ ရေ.........
ပန်ပါရလို၊ ပန်ရလျှင်လဲ
ပန်းများသခင်၊ ဂေါ်သဇင်ဟု
ပင်ဆင့်ပေါက်သည်၊ ရွက်မြှောက်ရိုးတံမှသာတဲ့။
လိမ်းပါရလို၊ လိမ်းရလျှင်လဲ
ရွှေနှင့်နှိုင်းတူ၊ တောင်ငူနနွင်း
ငွေနိုင်းချင်းသည်
ဝင်းထိန်ထိန်ငယ်၊ အချိန်ခြောက်ကျပ်သားမှသာတဲ့။
ကြင်ပါရလို၊ ကြင်ရလျှင်လဲ
ရွှေတိုက်တော်မှာ စာရင်းသွင်းသည်
ခြင်းခြင်းတောက်တဲ့ လူမှသာတဲ့။
အပျိုဖြူငယ်ကကျွမ်း၊ မယ်လွမ်းလှတယ်လေး။
အမည်မသိ ရှေးစာဆို
ဒီမိန်းကလေး ကလေ သူတို့ခေတ်က တန်ဖိုးအရှိဆုံး ဆိုတဲ့  တော်ဝင်တဲ့ ဂေါ်သဇင် ကိုမှ ပန်ချင်တယ်။
အဲဒီခေတ်က အကောင်းဆုံး နံ့သာ တောင်ငူနနွင်းကိုမှ လိမ်းချင်တယ်။
 ဒီလိုပဲ ကြင်နာရမယ်ဆိုရင်လဲလေ သူကြင်နာချင်တာက ရေမြေ့ သခင် အရှင်စက်ရင်းမှာ ခစားတဲ့ 
ေ၇ွှတိုက်တော်ထိ စာရင်းသွင်းခံထားရတဲ့ ရဲရဲတောက် သူရဲကောင်းကိုမှ ချစ်ခင်ကြင်နာချင်တဲ့သူပါ။
ဒီအိုင်ချင်းလေးသင်ရကတည်းက ကျမစိတ်ထဲစွဲနေတာ အကောင်းကြိုက်ပြီး စိတ်ဓါတ်မြင့်မြင့်ထား
တဲ့ မိန်းကလေးတစ်ယောက်ရဲ့ပုံရိပ်ပါ။
သူ စိတ်နေမြင့် တာကျမကြိုက်တယ်။
သူပြောထားသလိုပဲ ပန်းကောင်းကောင်းပန်ချင်တယ် ၊ နံ့သာကောင်းကောင်းလိမ်းချင်တယ်။
ချစ်သူကိုလဲ အရည်အချင်း ရှိတဲ့  ချစ်သူကောင်းကောင်းလိုချင်တယ်။
သူရွေးချယ်ချင်တာ က နိုင်ငံ အတွက် ရဲရဲတောက် တာဝန်ထမ်းနေတဲ့  အရှင့်ဝန်ထမ်း--တဲ့။
ကဲ--ဒီခေတ် မိန်းကလေးတွေ ရော ဘယ်သူ မျိုးကို လိုချင်ကြမှာတဲ့လဲ--
မိန်းကလေး သဘာဝ အလှအပ ကြိုက်တာ ကောင်းကောင်း ၀တ်ချင်စားချင် တာကသဘာဝကျပါတယ်။ ဒါပေမယ့်  ကိုယ့်အိုးနဲ့ကိုယ့်ဆန် တန်ရုံပဲ ချင့်ချင်သုံးစွဲကြပါ။
 ဘ၀ တခု လုံးပေးဆပ်ပြီး  ရုပ်ဝတ္တုပစ္စည်းတွေနောက်သိပ်မလိုက်ကြပါနဲ့ ။
ကိုယ့် ဘ၀ ကိုယ် တန်ဖိုးထားမယ်ဆိုပြီး စိတ် ဓါတ် မြင့် မြင့် ထားကြပါ ။
ဒေါ်လာပါရင်ပြီးရော ဆိုပြီး နိုင်ငံခြားသားတွေ ပြုသမျှ နုကြမှာလား-
တိုက်နဲ့ ကားနဲ့  ထားရင်ပြီးရောဆိုပြီး ငွေထောတဲ့  သူ တွေရဲ့  အပျော်လေးတွေ အဖြစ်
သူ များ အိမ်ထောင်ရေးမှာ အနှောင့်ယှက်ခံ အဖြစ် အကဲ့ရဲ့  ခံကြမှာလား--
ကဗျာလေးထဲက မိန်းကလေး လို စိတ်နေမြင့် မြင့် မားမားနဲ့ ကိုယ့် နိုင်ငံ အကျိုးထမ်းဆောင်မယ့်
ရဲရင့် ထက်မြက်တဲ့ မြန်မာလူငယ်လေးတွေ ကို ချစ်ခင်ကြင်နာ ပြီးပါရမီဖြည့်ပေး ချင်စိတ်လေးမရှိဘူးလား။ သေချာပြန်စဉ်းစားကြည့်ကြစေချင်ပါတယ်။
မြန်မာ အမျိုးသားလေးတွေကလဲ ကိုယ့်မြန်မာ အမျိုးသမီးလေးတွေ အားကိုးလေးစားလောက်အောင်
ကြိုးစားပြလိုက်ကြစမ်းပါ။
မြန်မာအမျိုးသားလေးတွေသာ စိတ်နေမြင့် တဲ့  မိန်းကလေး၇ဲ့  အားကိုးခံထိုက်တဲ့  သူရဲကောင်းလေးတွေ ဖြစ်လာကြရင် ဘယ်တိုင်းတပါးသား၊ ဘယ်လောက်ထောတဲ့  အိမ်ထောင်ရှင် မျိုးကိုမှ   မိန်းကလေးတွေ ယောင်လို့ တောင်စိတ်ကူးကြတော့မှာမဟုတ်ပါဘူးဆိုတာ ရဲရဲကြီး ပြောရဲပါတယ်ရှင်။
စေတနာမွန်ဖြင့် 
Friday, 6 April 2012
ဒေါသစိတ်ကို လေနဲ့အတူလွင့်ပါးပါစေ
တစ်ခါက လူတစ်ဦးရှိတယ်။ သူဟာ တခြားလူနဲ့ ငြင်းခုန်ရန်ဖြစ်ရလို့ ဒေါသထွက်တိုင်း အိမ်ကိုအမြန်ပြန်ပြေးပြီး နေအိမ်ကို ၃ပတ်ပတ်တတ်တယ်။ သူဟာ အလုပ်အရမ်းကြိုးစားသူဖြစ်တာကြောင့် နေအိမ်သေးလေးကနေ အိမ်ကြီး၊ ခြံမြေကြီးတွေကို ပိုင်ဆိုင်ခဲ့တယ်။ နေအိမ်ဘယ်လောက်ကြီးကြီး တခြားလူနဲ့ ငြင်းခုန်ရန်ဖြစ်ရတိုင်း သူဟာ နေအိမ်နဲ့ခြံမြေကို ၃ပတ်ပတ်တိုင်းဖြစ်တယ်။
ရန်ဖြစ်တိုင်း၊ ဒေါသထွက်တိုင်း နေအိမ်နဲ့ ခြံမြေတွေကို ၃ပတ်ပတ်တတ်တဲ့သူ့ကို မိတ်ဆွေတွေက နားမလည်ခဲ့ဘူး။ ဒါကို မိတ်ဆွေတွေက ဘယ်လိုမေးမေး သူပြန်မရှင်းပြခဲ့ဘူး။
နောက်တော့ အသက်ကြီးပြီး တဖြေးဖြေး သူအိုမင်းလာခဲ့တယ်။ ပိုင်ဆိုင်တဲ့ခြံမြေကလည်း ပိုပိုကျယ်လာခဲ့တယ်။ ဒါတောင် သူဟာ ဒေါသထွက်တိုင်း တုတ်ကောက်ကိုကိုင်ပြီး ခြံမြေကို ၃ပတ်ပတ်တုန်းဖြစ်တယ်။ ကျယ်ပြန့်တဲ့ခြံမြေကို သူပတ်ပြီးရင် နေလည်းဝင်ပါပြီ။
တစ်နေ့မှာ မြေးဖြစ်သူက သူ့ကို မေးတယ်။
"ဘိုးဘိုး အသက်ကြီးပြီ။ ဒီပတ်ဝန်းကျင်မှာ အဘိုးပိုင်တဲ့ခြံမြေက အကျယ်ဆုံးပဲ။ ဒါကြောင့် အရင်ကလို ဒေါသထွက်တိုင်း အဘိုးခြံတွေကို မပတ်သင့်တော့ဘူး။ အဘိုးဘာဖြစ်လို့ စိတ်တိုဒေါသထွက်တိုင်း နေအိမ် ခြံတွေကို ၃ပတ်ပတ်ရတာလဲ? မြေးကို ပြောပြပါ"
မြေးရဲ့တောင်းဆိုမှုကြောင့် နှစ်လကြာ ရင်ထဲထည့်သိမ်းထားတဲ့ လျှို့ဝှက်ချက်ကို သူပြောပြလိုက်တယ်။
"အဘိုး ငယ်ရွယ်စဉ်တုန်းက တခြားလူနဲ့ရန်ဖြစ်ငြင်းခုန်တိုင်း နေအိမ်ကို ၃ပတ်ပတ်တယ်။ ပတ်နေတုန်းမှာ စဉ်းစားတယ်။ ငါ့အိမ် ဒီလောက်ငယ်တာ၊ ပိုင်တဲ့မြေ ဒီလောက်နည်းတာ တခြားလူနဲ့ရန်ဖြစ်ငြင်းခုန်ဖို့ ဘယ်မှာအချိန်၊ ဘယ်မှာအရည်အချင်းရှိလိမ့်မလဲ? ဒီလိုစဉ်းစားလိုက်ရင် ဒေါသစိတ်ကပြေသွားတယ်။ကျန်ရှိနေတဲ့အချိန်နဲ့ အလုပ်ကို ပိုကြီးစားလုပ်လိုက်တယ်"
"ဒါပေမယ့် အခု ဘိုးဘိုးအသက်ကြီးပြီ ပိုင်ဆိုင်တဲ့ခြံမြေတွေလည်း ကျယ်သထက်ကျယ်လာခဲ့ပြီ။ ဒါတောင် ဘိုးဘိုးက စိတ်တိုတိုင်း ခြံမြေတွေကို ပတ်တုန်းပဲ။ ဘာဖြစ်လို့လဲ?"
"ဒီအရွယ်ရောက်လည်း ဘိုးဘိုးစိတ်တို ဒေါသထွက်တတ်တုန်းပဲ။ စိတ်တိုလို့ အိမ်ခြံကို ၃ပတ်ပတ်တိုင်း ဘိုးဘိုးစဉ်းစားတယ်။ ငါ့အိမ်ဒီလောက်ကြီးတာ၊ ငါ့ခြံဒီလောက်ကျယ်တာ တခြားလူနဲ့ မလိုအပ်ဘဲ ရေးကြီးခွင့်ကျယ်လုပ်နေဦးမလဲပေါ့။ အဲဒီလို စဉ်းစားလိုက်ရင် ဒေါသစိတ်က ပြယ်သွားတယ်"
အဘိုးအိုဟာ ဘဝကိုနားလည်တဲ့ အသိဉာဏ်ရှိသူဖြစ်တယ်။ ဒေါသစိတ်ကို ဘယ်လိုဖြေဖျောက်ရမယ်ဆိုတာကို သိသူဖြစ်တယ်။
လူတွေဟာ စိတ်တိုဒေါသထွက်နေချိန်မှာ မကောင်းတဲ့စိတ်ခံစားချက်က ခန္ဓာကိုယ်ထဲမှာ ပြင်းထန်တဲ့ပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့တယ်။ ဟိုမုန်း ဒါမှမဟုတ် တခြားဓာတုပစ္စည်းတွေကို ထုတ်လွတ်တတ်တယ်။ ဒါတွေက ခန္ဓာကိုယ်ကို ကြီးမားတဲ့အန္တရာယ်ဖြစ်စေပါတယ်။ စိတ်ပညာရှင်တစ်ဦးက ရေခဲရေဖန်ခွက်ထဲ ဖန်ပိုက်တစ်ချောင်းထိုးထည့်ပြီး စမ်းသပ်မှုတစ်ခုလုပ်ခဲ့တယ်။ စမ်းသပ်မှုမှာအစမ်းသပ်ခံသူက ဖန်ပိုက်ထဲ အသက်ရှုထုတ်လိုက်တယ်။ ရှုသွင်းလိုက်တဲ့လေက ရေခဲပိုက်ထဲ အစိုင်အခဲအဖြစ် စုထွေးသွားတယ်။ သာမန်စိတ်နဲ့လူတစ်ယောက် ရှုထုတ်လိုက်တဲ့ အစိုင်အခဲက ကြည်လင်ပြီး အရောင်၊ အဆိပ်မရှိဘူး။ စိတ်တိုဒေါသထွက်နေသူတစ်ယောက် ရှုထုတ်လိုက်တဲ့ အစိုင်အခဲမှာတော့ အဆိပ်တွေရှိနေတာကို တွေ့ရတယ်။ တစ်နာရီလောက် ရှုထုတ်တဲ့အစိုင်အခဲက လူကိုတောင် သေစေနိုင်တယ်လို့ ဆိုပါတယ်။
စိတ်တိုဒေါသထွက်ရင် တခြားသူနဲ့ အလွယ်တကူ ရန်သူဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင်ဖြစ်ဖြစ်၊ တခြားသူကြောင့်ဖြစ်ဖြစ် အလွယ်တကူ ဒေါသမထွက်သင့်ပါဘူး။
ဒေါသစိတ်ကို ဖြေလျော့နည်းတချို့က...
(၁) စိတ်တိုဒေါသထွက်ရတဲ့ ရင်းမြစ်ကို အရင်ဆန်းစစ်ပါ။ ရည်ရွယ်ချက်ဖြစ်မြောက်ချင်ရင် တခြားနည်းကို စိတ်အေးအေးနဲ့ တွေးတောပါ။
(၂) ရေတွက်တာဖြစ်ဖြစ်၊ အနှေးပြေးဖြစ်ဖြစ်၊ လူမရှိတဲ့အရပ်မှာ အသံကုန်အော်ဟစ်တာမျိုးဖြစ်ဖြစ် စိတ်ထွက်ပေါက်ကိုရှာပါ။ ကိုယ့်ကိုယ်ကို စိတ်ဖိအားအရမ်းမပေးပါနဲ့။
(၃) သူ့ဖက်ကနေပြီး ပြဿနာကို တွေးတောကြည့်ပါ။
(၄) မေတ္တာရနိုင်တဲ့ နည်းမျိုးကိုရှာပါ။
(၅) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ၊ ရင်ဘတ်ကျယ်ကျယ် ထားပါ။
(၆) မကျေနပ်တာကို အမှန်အတိုင်း ရိုးသားမှုအပြည့်နဲ့ တာဝန်သိသိပြောပါ။ စိတ်တိုဒေါသထွက်တဲ့နည်းကို အသုံးမပြုပါနဲ့။
(၇) ကိစ္စရပ်ကို ဖြေရှင်းပါ။ ပုဂ္ဂိုလ်ရေးကို မထိခိုက်ပါနဲ့
(၈) အတွေ့အကြုံ သင်ခန်းစာကို ရယူပါ။ စိတ်တည်တည်ငြိမ်ငြိမ်ထားပါ။
စိတ်တိုဒေါသစိတ်တွေ လေနဲ့အတူ လွင့်ပါးခွင့်ပေးလိုက်ပါ....
လင်ယောင်္ကျား အရောင်းဆိုင်
လင်ယောင်္ကျား အရောင်းဆိုင် . . Share Today at 5:08am လင်ယောက်ျား အရောင်းဆိုင်တစ်ဆိုင် နယူးယောက်မြို့ ပေါ်မှာ ဖွင့်လှစ်လိုက်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ အဲဒီ ဆိုင်ထဲမှာ ကိုယ့်စိတ်ကြိုက် ယောက်ျားမျိုးကို ရွေးပြီး ဝယ်နိုင်ပါတယ်။ စတိုးဆိုင်ရဲ့ အလုပ်လုပ်ပုံကို အဝင်ဝတွေမှာ လမ်းညွှန် ဆိုင်းဘုတ်တွေနဲ့ ရေးပေးထားတယ်။ အဆောက်အဦရဲ့ အဝင်ဝမှာတော့ ရေးထားတာက "သင် တစ်ကြိမ်သာ လာရောက်ခွင့် ရှိသည်" တဲ့။ စတိုးဆိုင်က အထပ် ခြောက်ထပ် ရှိပါတယ်။ အထပ်မြင့်သွားလေလေ အရောင်းကုန် ယောက်ျားလေးတွေရဲ့ အရည်အသွေးက မြင့်လေလေပေါ့။ ဆုံးဖြတ်ချက် ချပြီးပြီ ဆိုရင်တော့ အထပ် တစ်ထပ်က ယောက်ျား တစ်ယောက်ကို ရွေးချယ် ဝယ်ယူနိုင်သလို မကြိုက်သေးရင်တော့ နောက်တစ်ထပ် တက်ပြီး လေ့လာနိုင်တာပေါ့။ ဒါပေမယ့် အထပ်တစ်ထပ် တက်ပြီး သွားတာနဲ့ အောက်ထပ်က ရောင်းကုန် ယောက်ျားလေးကို ရွေးပိုင်ခွင့် မရှိတော့ဘူး။ စတိုးဆိုင်ထဲက ပြန်ထွက်မယ် ဆိုမှပဲ အောက်ဆင်းပိုင်ခွင့် ရှိတော့တယ်။ ဒါတွေက ဒီ စတိုးဆိုင်ရဲ့ စည်းမျဉ်း စည်းကမ်းတွေပေါ့။ အမျိုးသမီး တစ်ယောက် ဆိုင်ထဲကို ဝင်လာတယ်။ သူ့အတွက် လိုက်ဖက်ညီမယ့် ခင်ပွန်းလောင်း၊ လင်ယောက်ျား တစ်ယောက် ဝယ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ ပထမထပ်ရဲ့ အဝင်တံခါးမှာ ချိပ်ထားတဲ့ ဆိုင်းဘုတ်ကို ဖတ်ကြည့်လိုက်တယ်။ (၁) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသော အမျိုးသားများ ဒုတိယထပ်ရဲ့ ဆိုင်းဘုတ်က (၂) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း ချစ်တတ်သော အမျိုးသားများ တတိယထပ်ရဲ့ ဆိုင်းဘုတ်က (၃) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း ချစ်တတ်ပြီး ရုပ်ရည် အထူးသန့်ပြန်သော အမျိုးသားများ "ဝိုးးးးးး" ဆိုတဲ့ အာမေဋိတ်သံ ထွက်လာပေမယ့် နောက်တစ်ထပ်ကို ဆက်တက်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ အမျိုးသမီးဟာ စတုတ္ထထပ်ကို တက်သွားပြီး စတုတ္ထထပ်ရဲ့ ဆိုင်းဘုတ်ကို ဖတ်လိုက်တယ်။ (၄) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း ချစ်တတ်ပြီး ကြွေလောက်အောင် သန့်ပြန့်ရုံမက အိမ်မှုကိစ္စများကိုပါ ဝိုင်းကူလုပ်ပေးတတ်သော အမျိုးသားများ "ဟိုက် ရှားပါး၊ ကြွေစမ်း။ ငါ ခြေထောက်တွေ မခိုင်တော့ပါလား" လို့ ရေရွတ်နေမိတယ်။ နောက်တစ်ထပ်ကို ဆက်တက်ဖို့ပဲ အားသန်နေတယ်။ ဒီထက် ကောင်းတာတွေ အပေါ်ထပ်မှာ ရှိနိုင်တယ်လေ။ ပဉ္စမထပ်ရဲ့ ဆိုင်းဘုတ်က (၅) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း ချစ်တတ်ပြီး ကြွေလောက်အောင် သန့်ပြန့်ရုံမက အိမ်မှုကိစ္စများကိုပါ ဝိုင်းကူလုပ်ပေးတတ်သလို အင်မတန် ချစ်တတ်၊ ကြင်နာတတ်သော အမျိုးသားများ ဒီထက်ကောင်းတယ်ဆိုတာတောင် ဒီလောက်ကောင်းတော့မယ် မထင်။ သူရဲ့ အာရုံတွေက ဒီအလွှာမှာပဲ တစ်ဝဲဝဲ လည်နေတော့တယ်။ ဒါပေမယ့် သူရဲ့ ခြေလှမ်းတွေက နောက်တစ်ထပ် တက်ဖို့ လှေကားဘက်ကိုပဲ ဆက်ပြီး ချီတက်နေတော့တယ်။ ဆဋ္ဌမထပ်က ရွေးချယ်မှုက ပိုကောင်းနိုင်သေးတာပေါ့။ ဆဋ္ဌမထပ်ရဲ့ ဆိုင်းဘုတ်က (၆) လွှာ >> သင်ဟာ ဒီအထပ်ကို ရောက်လာတဲ့ (၄ ၅၈ ၇၅၇) ယောက်မြောက် ဧည့်သည်ပါ။ ဒီအလွှာမှာ ဘာ အမျိုးသားမှ မရှိပါဘူး။ မရောင့်ရဲနိုင်တဲ့ အမျိုးသမီးတွေအတွက် အထီးကျန်မှုတွေပဲ ရှိပါတယ်။ လင်ယောက်ျား စတိုးဆိုင်ကို ဈေးဝယ်လာတဲ့အတွက် ကျေးဇူးအထူး တင်ပါတယ်။ ဆိုင်ကနေ ထွက်တော့မယ်ဆိုရင် ပစ္စည်းများ မေ့မကျန်ရစ်အောင် အထူးသတိပြုပေးပါ။ အစစအရာရာ အဆင်ပြေပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ xxxxxx ဝဝဝဝဝဝ xxxxxx ဒီပုံပြင်အရ အမျိုးသမီးတွေရဲ့ မရောင့်ရဲတတ်မှုကို ဖော်ကြူးထားတာပါ။ အင်္ဂလိပ်လိုကနေ ဘာသာပြန်ထားတာပါကြောင့် မူရင်းအနှစ်သာရ မပျက်အောင် ရေးထားတာ ဆိုပေမယ့် ကျနော်အတွက် ပြောစရာတွေ ရှိလာတယ်။ မရောင့်ရဲတတ်တာ လူသဘာဝမို့ အမျိုးသမီးတွေတင် မကဘဲ အမျိုးသားတွေကော ဒီပုံပြင်နဲ့ သက်ဆိုင်မယ်လို့ ထင်တယ်။ ကျနော် အနေနဲ့ ပြောရရင် အဲလိုသာ ရွေးချယ်ခွင့် ရှိမယ်ဆိုရင် ၆ လွှာအထိ ဒီအတိုင်း တက်သွားမယ့်အပြင် ခေါင်းမိုးပေါ်အထိ တက်သွားပြီး ဖွက်ထားဦးမလားလို့ တက်ကြည့်မိမှာ အမှန်ပဲဗျ။ ရွေးခွင့် ရှိတာကိုးဗျ။ ဒီတော့ စိတ်တိုင်းမကျမချင်း ဆက်ရွေးနေဦးမှာ သေချာတယ်။ ဒါကြောင့်လည်း တစ်ခါတလေ စဉ်းစားမိတယ်။ လူတစ်ယောက်ဟာ ကိစ္စအတော်များများမှာ ရွေးချယ်ခွင့် များများ မရှိသင့်ဘူး။ ရွေးချယ်ခွင့် များလေလေ ထွေပြီး ဘာယူရမှန်း မသိလေလေပဲလေ။ တစ်ခါတလေတော့လည်း ဘာမှ မရွေးရဘဲ တစ်ခုတည်းကို လက်ခံရတာ စိတ်ပင်ပန်း သက်သာသလားလို့ တွေးမိတယ်။ ဒဿနပညာရှင်တွေ ပြောတာကတော့ ရွေးချယ်ခွင့် များများ ရှိခြင်းက လွတ်လပ်ခြင်းရဲ့ သင်္ကေတတဲ့။ လွတ်လပ်တဲ့ လူတစ်ယောက်ဖြစ်ဖို့ အခွင့်အလမ်းတွေ အားလုံးက ပွင့်နေရမယ် လို့ ဆိုပါတယ်။ ရည်းစားများတဲ့ လူတွေက အိမ်ထောင်ကျ နောက်ကျတာ များတယ်။ ဒါ ကျနော် ပတ်ဝန်းကျင်မှာ တွေ့နေရတာ။ ရည်စားများတော့ ရွေးချယ်စရာ များတယ်။ ဟိုလူယူရနိုးနိုး၊ ဒီလူ ယူရနိုးနိုး အမြဲ ဖြစ်နေတတ်တယ်။ ကျနော် စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတာကို ပြန်ပြီး ဝေမျှလိုက်ဦးမယ်။ ခေါင်းစဉ်နဲ့ သိပ်မဆိုင်လှပေမယ့် ကြုံလို့ ;P ။ လူတွေ အပျိုကြီး လူပျိုကြီး ဘာကြောင့် ဖြစ်ရသလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ သုတေသန ပြုကြတယ်။ တိုးတက်တဲ့ နိုင်ငံတွေမှာ အရွယ်ရောက်သူတွေ အိမ်ထောင်မပြုကြလို့ အတော်လေး ပြဿနာတက်နေတယ်။ မြင်သာ ထင်သာတဲ့ ပြဿနာက အလုပ်လုပ်နိုင်တဲ့ ဦးရေ (work force) နဲ့ အရွယ်ရောက်မယ့်သူ ဦးရေ (Potential work force) နည်းလာခြင်းပဲ။ သုတေသနရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ အသက်သုံးဆယ်ရဲ့ အထက် အပျိုကြီး၊ လူပျိုကြီးတွေကို အင်တာဗျူးထားတယ်။ သူတို့ရဲ့ အခြေခံ စိတ်ဓါတ်သဘောထားကို ကောက်ချက်ဆွဲပြီး တူတာတွေကို စုချလိုက်တဲ့အခါမှာ အာလုံးမှာ တူညီနေတဲ့ အချက်တစ်ချက် လာတွေ့တယ်။ အဲဒီအချက်က အတော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။ ကျနော် ပတ်ဝန်းကျင်မှာ ရှိတဲ့ လူပျိုကြီး အပျိုကြီးတွေဆီမှာ အဲဒီ အချက် ရှိသလားလို့ လိုက်လေ့လာကြည့်တော့လဲ မလွဲဘူး၊ ရှိနေတယ်။ အဲဒီအချက်က ဘာလဲဆိုတော့ "မိမိကိုယ်ကို အထင်ကြီးလွန်ခြင်း" တဲ့။အရေ
Tuesday, 3 April 2012
ဘာသာခြားနှင့်လက်ထပ်သည့်  ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများအတွက် တ၇ား ဥပဒေက ပေးအပ်ထားသော အခွင့်အရေးများ
ဒီလိုမျိုးတွေ တင်၇တာ နည်းနည်း လန့် ပါတယ် - က်ုယ်ပြောချင်တာက တခြား စာဖတ်သူနားလည်သွားမှာက တစ်မျိုးဖြစ်ပြီး  unintentionally ထိခိုက်မှာစိုးလို့  ပါ ။-ဖတ်ပေးလို့ ကျေးဇူးပါခဗျာ-------။
မန်မာတို့သည် ရှေးနှစ်ပေါင်းများစွာကပင် ကိုယ့်မင်းကိုယ့်ချင်းဖြင့် အုပ်ချုပ်လာခဲ့သည်။ တရားစီရင် ရာတွင်လည်း ရာဇသတ်၊ ဓမ္မသတ်၊ ဖြတ်ထုံးတို့ဖြင့် မှုခင်းများကို စစ်ဆေးလာခဲ့သည်။ နယ်ချဲ့အင်္ဂလိပ်တို့ လက်အောက်သို့ကျရောက်ခဲ့သည့်အချိန်တွင်မူ ကိုလိုနီနယ်ချဲ့တို့သွတ်သွင်းလာသည့် ပြဌာန်းဥပဒေများဖြင့် အမှုများ စီရင်ဆုံးဖြတ်ကြသည်။ ပြစ်မှုဆိုင်ရာဥပဒေ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ တရားမကျင့်ထုံးဥပဒေ၊ အမွေခံ အက်ဥပဒေ တို့မှာ ၄င်းတို့အိန္ဒိယနိုင်ငံမှတဆင့် ယူဆောင်လာသည့်ဥပဒေများဖြစ်သည်။ သို့သော် မြန်မာလူမျိုးတို့၏ အမွေဆက်ခံရေး၊ လင်မယားကွာရှင်းရေးတို့တွင်မူ ရှေးဓမ္မသတ်များဖြင့်သာ ဆုံးဖြတ်ခဲ့ကြသည်။ အချို့သောအမှုများတွင်သာ ဓမ္မသတ်မသဲကွဲသည်များကို ထိုခေတ်က အမြင့်ဆုံးတရားရုံးဖြစ်သည့် ပရီဗွီကောင်စီက ဆုံးဖြတ်၍ လမ်းညွှန်သဖွယ် ပြဌာန်းပေးခဲ့သည်။
          မြန်မာ့ဓလေ့ထုံးထမ်းဥပဒေအရ မြန်မာအမျိုးသမီးများသည် အမျိုးသားများနှင့်အတူအမွေခွဲဝေရေး၊ လင်မယားကွာရှင်းရေးစသည့် ကိစ္စများတွင် တန်းတူအခွင့်အရေးရှိသည်။ လင်နှင့်မယား နှစ်ဦးသဘောတူ ကွာရှင်းသည့်အချိန်တွင် တိုးပွားလာသော လက်ထက်ပွားပစ္စည်းများကို ညီတူညီမျှခံစားခွင့်ရှိသည်။ သူငယ်ချင်းများ အတွက် အထူးမှတ်စေလိုသည်မှာ  “သြရသ”ဆိုရာဝယ် သားကိုသာမက မိသားစု၌ မိခင်တာဝန်ကို ထမ်းရွက်နိုင်သူ သမီးကိုလည်းဆိုလို၍ ၄င်းသြရသအခွင့်အရေးကို ခံစားနိုင်သည်။ ထို့အပြင် လင်က မယားကို ကြီးလေးသောပြစ်မှုကျူးလွန်လျှင် လည်း ကွာရှင်းခွင့်တောင်းနိုင်၍ လင်ရရှိမည့်ဝေစုပါ ဆုံးရှုံးပါသည်။ ထို့အပြင် လင်သည် မယားအား ဓလေ့ထုံးထမ်းဥပဒေအရဖြစ်စေ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရဖြစ်စေ မယားစရိတ်တောင်းဆိုက ထောက်ပံ့ရန်တာဝန်ရှိသည်။ ဤကား ဓလေ့ထုံးထမ်းဥပဒေအရ မြန်မာအမျိုးသမီးများအား အခွင့်အရေး အပ်နှင်းထားခြင်းဖြစ်သည်။
          နိုင်ငံတစ်နိုင်ငံတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူ၍ အမြင့်ဆုံးအာဏာ (၃)ရပ်ရှိသည်။ ဥပဒေပြုရေးအာဏာသည် နိုင်ငံ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် ဥပဒေ ပြဌာန်းပေးခြင်းဖြစ်သည်။ မြန်မာနိုင်ငံ သူ့ကျွန်ဘ၀ရောက်ရှိပြီးနောက် ၄င်းတို့ဓလေ့ထုံးထမ်းများ၊ ယဉ်ကျေးမှုများ၊ မြန်မာလူမျိုးတို့တွင် ခေတ်စားလာခဲ့သည်။ လူမျိုးခြား မျက်နှာဖြူများအပြင် အိန္ဒိယနွယ်ဖွား (ကုလား)မွတ်စလင်များ၊ ဟိန္ဒူများ မြန်မာနိုင်ငံအတွင်းသို့ တံခါးမရှိ၊ ဓါးမရှိ ဥဒဟိုဝင်ထွက်သွားလာခဲ့သည်။ ၄င်းတို့အနက် အချို့မှာ မြန်မာလူမျိုး မိန်းကလေးများနှင့် အိမ်ထောင်ပြု၍ အခြေချနေထိုင်ခဲ့ကြသည်။ ၄င်းလူမျိုးခြားများ ကွယ်လွန်သည့်အခါ ဗုဒ္ဓဘာသာဝင် မြန်မာမိန်းကလေးများအတွက် အမွေဆက်ခံရေး ပြဿနာဖြစ်လာသည်။ ဗုဒ္ဓဘာသာ(မြန်မာ)ဓလေ့ထုံးထမ်းဥပဒေအရ မည်သည့်ဘာသာဝင်နှင့်လက်ထပ် သည်ဖြစ်စေ အမွေဆက်ခံခွင့် မဆုံးရှုံးပါ။ သို့သော် ကျန်ဘာသာခြားများက ၄င်းတို့ဘာသာဥပဒေအရ ဘာသာခြားနှင့်လက်ထပ်သူများမှ ဘာသာကူးပြောင်းမှ အမွေဆက်ခံခွင့်ရှိသည်။ အကယ်၍ မြန်မာ ဗုဒ္ဓဘာသာမိန်းမများမှာ မူရင်းဗုဒ္ဓဘာသာကိုးကွယ်ပါက သားသမီးတစ်ကျိတ်ပင်ရပါစေ၊ မြေးမြစ်များပင် ရပါစေ အမွေဆက်ခံခွင့်ဆုံးရှုံးရပါသည်။ သို့ဖြစ်၍ ကိုလိုနီခေတ်တွင် အချို့သောမြန်မာအမျိုးသမီးများမှာ စားဝတ်နေရေးပြဿနာကြောင့် ဘာသာခြားများနှင့် အိမ်ထောင်ပြုကြရသည်။ ထိုအခါ ၄င်းလူမျိုးခြားများ၏ တရားဝင်ဇနီးမယားဖြစ်စေရန်အတွက် မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများမှာ အဖိုးတန်ယုံကြည်မှုကို
ကူးပြောင်းရတော့သည်။ တစ်နည်းအားဖြင့် အဆိုပါအမျိုးသမီးများမှ ဆင်းသက်လာသော သားစဉ် မြေးဆက်တို့မှာ ဘာသာခြားများဖြစ်ကြတော့သည်။
          ဘာသာခြားများနှင့် လက်ထပ်ရသည့်  ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများ၏ အခြေအနေဆိုးကို ကာကွယ်ထိန်းသိမ်းရန် အလို့ငှာ ၁၉၃၉ ခုနှစ်၊ မြန်မာနိုင်ငံအက်ဥပဒေအမှတ် ၂၄ အရ “ဗုဒ္ဓဘာသာဝင် မိန်းမများ” အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေကိုပြဌာန်းပေးခဲ့သည်။ သို့သော်လည်း ထိုဥပဒေမှာ ဒုတိယကမ္ဘာစစ်ကြောင့် လူသိနည်း၍ ကျင့်သုံးနိုင်မှုမရှိသောကြောင့် တစ်စုံတစ်ရာ အကျိုးမရှိခဲ့ပါ။ ကိုလိုနီခေတ်က ပြဌာန်းခဲ့သော ဥပဒေမှာ အကျိုးသက်ရောက်မှု မရှိခဲ့၍ “၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုဥပဒေ”ကို လွတ်လပ်ရေးရပြီးနောက် ပြဌာန်းပေးခဲ့သည်။ ထိုဥပဒေကို ၁၉၅၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် ၁၉၅၄ ခုနှစ်၊ အက်ဥပဒေအမှတ် ၃၂ ဖြင့် ပြဌာန်းပေးခဲ့သည်။ ထိုဥပဒေပုဒ်မပေါင်း ၃၁ ခုပါရှိသည်။
          ထိုအက်ဥပဒေပုဒ်မ ၂၀၇(၁)တွင် “ဗုဒ္ဓဘာသာဝင်မဟုတ်သည့် ယောကျာ်းတစ်ဦးနှင့် ဗုဒ္ဓဘာသာ ၀င် မိန်းမတစ်ဦးတို့ ပေါင်းဖက်နေထိုင်ပြုမူကြပုံသည်။ အကယ်၍ ထိုသူနှစ်ဦးစလုံး ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးချည်းဖြစ်စေသော် မြန်မာဓလေ့ထုံးထမ်းဥပဒေ (ဓမ္မသတ်)အရ လင်မယာအရာမြောက်မည့် ပေါင်းဖက်နေထိုင်ပြုမှုကြပုံမျိုးဖြစ်လျှင် ထိုသူတို့သည် ထိုသို့ပေါင်းဖက်ကပင် ထိမ်းမြားခဲ့ရသည်ဟုလည်း မှတ်ယူရမည်” ဟု ပြဌာန်းထားသည်။
 အကျယ်ရှင်းပါမည် ။
          ထိုပြဌာန်းချက်အရ ဘာသာခြားနှင့်လက်ထပ်သူ ဗုဒ္ဓဘာသာမြန်မာမိန်းမများသည် ဘာသာ ကူးပြောင်းရန် မလိုဘဲ အမွေဆက်ခံခွင့်ရှိပါသည်။
          ထို့အပြင် လက်ထပ်သူများသည် ဤအက်ဥပဒေအရ ခန့်ထားသည့် မှတ်ပုံတင်အရာရှိထံ မှတ်ပုံတင်ရပါမည်။ ယခင် ပြည်သူ့တရားသူကြီးအဖွဲ့လက်ထက်တွင် ပြည်နယ်တရားရေးဦးစီးမှူး၊ တိုင်းတရားရေးဦးစီးမှူး၊ မြို့နယ်တရားရေးဦးစီးမှူးတို့သည် မှတ်ပုံတင်အရာရှိများဖြစ်ကြသည်။ ယခုအခါ ပြည်နယ် (သို့) တိုင်းဒေသကြီး တရားသူကြီး၊ ခရိုင်တရားသူကြီးတို့အား မှတ်ပုံတင်အရာရှိအဖြစ် ခန့်အပ်တာဝန် ပေးထားပါသည်။
          ထိုအက်ဥပဒေပုဒ်မ ၂၀(၂)အရ လင်မယားစတင်ပေါင်းသင်းခဲ့သည့်နေ့မှစ၍ မည်သည့်အခါတွင် မဆို ဤဥပဒေအရ မှတ်ပုံတင်နိုင်သည်။ သို့ဖြစ်၍ ဘာသာခြားယောကျာ်းများနှင့် မြန်မာအမျိုးသမီးများ၏ လက်ထပ်ရေးသည် တရားဝင်ဖြစ်လာပါသည်။ အခြားဘာသာက မည်သို့ပင်သတ်မှတ်ပြဌာန်းစေကာမူ ယခုအက်ဥပဒေသည် အခြားဥပဒေအရ ပြဌာန်းချက်ကို လွှမ်းမိုးသည်ဟု ယူဆပါသည်။   ထိုအက်ဥပဒေပုဒ်မ ၂၅(၁)တွင် လင်မယားကွာရှင်းမှုကိစ္စ၊ ပစ္စည်းခွဲဝေမှုကိစ္စ၊ သားသမီး ထိန်းသိမ်းမှုကိစ္စများတွင် မြန်မာ့ဓလေ့ထုံးထမ်းဥပဒေအရ ဆုံးဖြတ်ရန်ဖြစ်ကြောင်း ပါရှိသည်။ ထိုပုဒ်မ ခြွင်းချက်တွင် အကယ်၍ ဘာသာခြားယောကျာ်းဖြစ်သူသည် ဘာသာရေးအကြောင်းကြောင့် မိမိ၏ ဗုဒ္ဓဘာသာဝင်မယားကို ကွာရှင်းလိုလျှင် (သို့) စွန့်ခွာလိုလျှင် (သို့) ကိုယ်ထိလက်ရောက်ညှဉ်းပန်းခြင်း၊ ရက်စက်သည့်အပြုအမူအားဖြင့် စိတ်ဆင်းရဲအောင်ပြုလျှင် . . .
          ၁။       ထိုယောကျာ်းသည် နှစ်ဦးပိုင်ပစ္စည်းများမှ မိမိရထိုက်သော အစုကို စွန့်ရမည့်အပြင် ထိုမိန်းမအား လျော်ကြေးပေးရမည်။
          ၂။       မိန်းမသည် သားသမီးအားလုံးထိန်းသိမ်းခွင့်ကိုရရှိရမည်။
          ၃။       ထိုသူသည် အရွယ်မရောက်သေးသည့် ကလေးများအတွက် ကလေးစရိတ်ပေးရမည်။
          ဤကား မြန်မာအမျိုးသမီးများအတွက် ဥပဒေပြဌာန်းချက်ဖြင့် အကာအကွယ်ပေးထားသည်။ ထိုဥပဒေပုဒ်မ (၂၆)တွင် “ဤအက်ဥပဒေအရ ထိမ်းမြားကြသူတို့၏ (သို့) ထိမ်းမြားခဲ့ကြသည်ဟု မှတ်ယူခြင်းခံရသူတို့၏ အမွေဆက်ခံမှုနှင့် စပ်လျဉ်းသည့် ကိစ္စအားလုံးကို ထိုသူတို့နှင့် ထိုသူတို့၏ မိသားစုအားလုံးသည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးချည်းဖြစ်သကဲ့သို့ ဗုဒ္ဓဘာသာဓမ္မသတ် (မြန်မာ့ဓလေ့ ထုံးတမ်း) ဥပဒေအရ ဆုံးဖြတ်ရမည်”ဟု ပြဌာန်းထားသည်။
          ဗုဒ္ဓဘာသာဝင်ဇနီးတစ်ဦးနှင့် သားတစ်ဦး၊ အခြားအမျိုးသမီးနှင့်ရသော ဘာသာခြာ်းသားတစ်ဦး ရှိသည့်အနက် ဘာသာခြာ်းသားတစ်ဦးတည်းသို့သာ သေတမ်းစာဖြင့် မြေနှင့်အိမ်ကို ပေးအပ်ခွင့် မရှိကြောင်း၊ အမွေရှင် မကွယ်လွန်မီ သေတမ်းစာကို ရေးသားခြင်းမှာ မြန်မာ့ဓလေ့ထုံးထမ်းဥပဒေနှင့် ဆန့်ကျင်၍ တရားမ၀င်ပေ။
          ဘာသာခြား ယောကျာ်းလေးနှင့် ပေါင်းသင်း၍ရသော သားသမီးများ အမွေခွဲရာတွင် မြန်မာဓလေ့ထုံးတမ်းဥပဒေ ၄ အရ အခြားတည်ဆဲတရားဥပဒေ (သို့) တရားဥပဒေကဲ့သို့ အာဏာရှိသော ဓလေ့ထုံးစံများနှင့် ဆန့်ကျင်စေကာမူ ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ထိုမိန်းမ၏ ဘာသာခြားလင်ယောကျာ်းပေါ်၌ အာဏာသက်ရောက်ရမည်ဟု ပါရှိသည်။ သို့ဖြစ်၍ အခြားဘာသာရေးထုံးတမ်းဥပဒေအရ မြန်မာအမျိုးသမီးများသည် ဘာသာခြား ယောကျာ်းများ၏အမွေကို ဆက်ခံရုံသာမက ၄င်းတို့မှမွေးဖွားသော သားသမီးများပါ အကျိုးခံစားခွင့် ရှိပါသည်။
အေ၇းကြီးဆုံးမှာ ယခု ဥပဒေ အ၇ မှတ်ပုံတင်ထား၇န်ပင်ဖြစ်သည်။
သို့ဆိုလျှင် ယနေ့  မြန်မာ အမျိုးသမီးများ ၇င်ဆိုင်နေကြ၇သည့် အဖြစ်များကား မည်သို့ နည်းဟု မေးစ၇ာ၇ှိပါ၏။  အဖြေကို ဥာဏ်မီသလောက် ပြောပြပါမည်။ 
ကျတော်တို့ နိုင်ငံ ကို ဘောင်းဘီ အစုတ် ၊  အင်္ကျီ အစုတ်နှင့် ၀င်လာပြီး ၀က်သတ် ၊ ဒန်အိုး ဒန်ခွက်ေ၇ာင်း
ခဲ့ ၇သော လူများမှာ တိုက်ကြီးများပေါ်ေ၇ာက်ကုန်ပါပီ ။  (ဆက်ပြောမိပါက လူမျိုးေ၇း
ပါသွားမှာစိုးသောကြောင့်   အဆင်ပြေသလို သာ တွေး ကြည့်ကြပါ)
အချု ပ်အားဖြင့်ဆို၇လျှင် ကျတော်တို့ ၏ အမများ ညီမများ အတွက်  တ၇ားဥပဒေက ပြဌာန်းပေးထားသော
အကာအကွယ် များစွာ၇ှိပါသည် ။  ယခုကဲ့ သို့ သော ဥပဒေများအပြင်   မုဒိမ်းမှု ၊  ကာယိနြေ္ဒ ဖျက်မှု
စသည်တို့ တွင်လည်း  အခွင့်အေ၇းများစွာ ပေးအပ်ထားပါသည် ။ လင်မယားချင်းပင် ဖြစ်စေကာမူ
 မိန်းမဖြစ်သူက သဘော မတူ ခွင့် မပြု လျှင်  မုဒိမ်းမှု မြောက်ပါသည် ။( အဆင်သင့်လျှင်
အကျယ်ေ၇းပါဦးမည်) ။ မြန်မာ အမျိုးသမီးများ  ကျွန်ုပ်တို့ ၏ အမများ ညီမလေးများ 
သိ၇ှိဆင်ခြင်နိုင်ကြပါစေ-------------------------------
Sunday, 1 April 2012
အိမ်ထောင်ရေးနှင့်သူ၏အမြင်
အိမ်ထောင်ရေးနှင့်သူ၏အမြင်အခုကျွန်တော်တင်သောpostကလေးသည်မည်သူကိုမှရည်ညွှန်းခြင်းမရှိပါ။
ယောက်ျားကလေးများကိုနာစေမိန်းခလေးများကို သာစေလိုသည့် စိတ်မျိုးလည်းမရှိပါ။ သူငယ်ချင်းအား
လုံးနှင့် သိထားသင့်သည်ဟူသော ရည်ရွှယ်ချက်ကြောင့်တင်ပြရခြင်းဖြစ်ပါသည် သူငယ်ချင်းယောက်ျား
လေးများလည်း ငါတော့ဘယ်အချက်နှင့် ကိုက်ညီ၍ မိန်းခလေးသူငယ်ချင်းများကလည်း ငါတော့ ဘယ်
လိုလူမျိုးနှင့် ကိုက်ညီမှု့ ရှိသည်ဟူတွေးတော ရီမောနိုင်ကြပါစေ…အိမ်ထောင်ရှင်ဘဝ ရည်ရွယ်တည်
ဆောက်ကြမည့် သမီးများသို့ ရည်ရွယ်ညွန်းပါသည်။ ချင့်ချိန်စဉ်းစား ဆုံးဖြတ်ပါ။(ဘဝကြင်ဖေါ် ရွေး
တတ်ကြပါစေ….
နားလည်အောင်ကြိုးစားပါ…. ရွေးချယ်မူ မှန်ကန်ပါစေ-ဒုတိယတင်ထားတဲ့ post က ( ၃၁ ) မှာပြီး
သွားတာဆိုတော့ အခု ( ၃၂ ) ကစလိုက်ပါတယ်ခင်ဗျာ။
၃၂။အေးဆေးသော ယောက်ျား
တချို့ ယောက်ျားတွေကတော့ အေးအေးဆေးဆေးပဲ သမီး……။ ဘာကိုမှ သိပ်ပြီးလေးလေး
နက်နက်တွေးပူမနေတတ်ကြဘူး။ ဘယ်ကစ္စကိုမှလည်း အားစိုက်ထုတ်ပြီး မကြိုးစားခြင်ကြဘူး။။။
သူတို့ဟာ ဘဝပေးအခြေအနေပေါ်မှာပဲ ရေလိုက်ငါးလိုက် နေသွားတတ်ကြတယ်။ လူတွေနဲ့
ဆက်ဆံရာမှာလည်းလိုက်လျှောညီထွေပြုတတ်တာမို့သူတို့မှာရန်လိုသူလည်းမရှိတတ်ဘူး။
 ပြသနာဆိုတာတွေကိုလည်း သူတို့က ရှောင်ကျဉ်တတ်ကြတယ်။
အလိုဆန္ဒဆိုတာကို ဦးစားမပေးတတ်တာမို့ သူတို့မှာ ရည်မှန်းချက်ဆိုတာလည်း မရှိကြဘူး။
ယုတ်စွအဆုံး တစ်နေ့တာအတွက်တောင် ဘာတွေဆောင်ရွက်ရမယ်ဆိုတဲ့ အစီအစဉ်ကလေး
မှ မရှိကြသူတွေပါ။သူတို့ဟာ ပတ်ဝန်းကျင်ရဲ့ အရောင်ကို လိုက်ပြောင်းတတ်ကြသူတွေပဲ။
လူချစ်လူခင် များသူတွေပါပဲ။
ဘဝကို အေးဆေးတည်ငြီမ်စွာ နေထိုင်ခွင့်ရရှိထားရင်တော့ သူတို့ဟာ ကံကောင်းသူတွေ
ပေါ့ကွယ်။ဒါမှမဟုတ်ရင်တော့ အလွယ်လိုက်မိလို့ မှားကြဖို့ရှိလေရဲ့။ သူတို့ဟာ ဦးဆောင်လိုခြင်း
မရှိသူတွေမို့ ခပ်ညံ့ညံ့ယောက်ျားတွေလို့ ဆိုရမယ် သမီး။။ သူတို့ဟာ အဆိပ်ကင်းသူတွေပဲပေါ့။
ဒါကြောင့် သူတို့ကိုသာ ဘဝတစ်သက်တာ လက်တွဲဖေါ်အဖြစ် သမီးရွေးချယ်မယ်ဆိုရင် သေသေ
ချာချာ စဉ်းစားရမယ်နော်။ အေးအေးနေချင်သူ၊ ဘဝကို ရိုးသားအေးဆေးစွာ အပူအပင်ကင်းစွာ
နေထိုင်သွားလိုသူ ယောက်ျားတစ်ယောက်အနေနဲ့ မိမိဘဝကို အောင်မြင်တိုးတက်မြင့်မားအောင်
 ကြိုးစားတည်ဆောက်လိုသော မိန်းမသားတစ်ယောက်ဟာ ဘယ်လိုများမှ သဟဇာတဖြစ်လာနိုင်
ပါ့မလဲ သမီးရယ်။ (အသွင်မတူရင် ကြင်သူ မဖြစ်ဘူး)
၃၃။ စီးပိုးသော ယောက်ျား
တချို့ယောက်ျားတွေကြတော့ နေရာတကာ စီးပိုးလွန်းတတ်ကြပြန်တယ်။ ဘယ်နေရာမဆို အသာစီး
က နေချင်တတ်သူမျိုးပေါ့။ ဘယ်သူ့ကိုမှ အကြောမခံ မာန်မာနခက်ထန်လွန်းကြသူတွေပဲလေ။
သူတို့ဟာ အနိုင်မခံ အရှုံးမပေးခြင်တတ်ကြသူတွေမို့၊ လူချစ်လူခင် နည်းပါးတတ်ကြသူတွေ ဖြစ်ကြ
တယ်။ သူတစ်ပါးအပေါ် ညွန့်လိုက်ရမှ ကျေနပ်တတ်ကြသူမို့ လူမုန်းလည်း များတတ်သူတွေဖြစ်တယ်။
 သူများထက် ဦးလိုက်ရမှ၊ သူများထက် နှာတစ်ဖျားလောက် သာလိုက်ရမှ၊ သူများကို ကြောလိုက်ရမှ၊
သူများရဲ့ အထက်က နေလိုက်ရမှ နှစ်သက်တတ်ကြသူတွေမို့ သူတို့ရဲ့ဘဝဟာလည်း များသောအာ
းဖြင့် နောက်တန်းမှာ ရှိမနေတတ်ဘူးလေ။
သူတို့ဟာ အောက်ကျနောက်ကျဖြစ်မှာကို အလွန်ကြောက်တတ်ကြတယ်။ ဒါကြောင့် သူများနောက်
လိုက်မလုပ်တတ်ကြဘူး။ ရှေ့ကမသွားနိုင်လည်း နောက်ကမလိုက်တတ်ကြပဲ နံဘေးကနေ ကန့်လနိ
့်တိုက်တတ်သူမျိုးတွေဆိုပါတော့။
အဲဒီလိုယောက်ျားမျိုးတွေဟာ အနစ်နာခံတတ်ခြင်း၊ ခွင့်လွှတ်သည်းခံတတ်ခြင်း၊ နားလည်ခံစားပေးတတ်ခြင်း
 စတဲ့ အကြင်နာတရားတွေ ခေါင်ပါးကြသူများဖြစ်ကြတယ်။ သူတို့မှာ သဒ္ဒါတရားရှိတယ်ဆိုရင်တောင်မှ
သူတစ်ပါးအပေါ် ရှင်ပြိုင်မှု၊ ဂုဏ်ယူဝင့်ကြွားမှုတွေနဲ့ ရောယှက်နေကြတယ်။
စီးပိုးသော ယောက်ျားမျိုးကို ဘဝတစ်လျောက် လက်တွဲလိုတယ်ဆိုရင်တော့ အဲဒီမိန်းခလေးဟာ အလျော့
ပေး လိုက်လျောတတ်သူဖြစ်ဖို့လိုလိမ့်မယ်။ထက်မြက်သော မိန်းမသားတစ်ယောက်အတွက်ဆိုရင်တော့
မခံခြင်စိတ်တွေနဲ့ ပဋိပက္ခဖြစ်ကာ စလယ်ဝင် ဖင်မမည်းခင်က ကွဲကြရတော့မယ့် ယောက်ျားမျိုးပါပဲ။။။
(လောကအမြင်တွေ ကြည်လင်အောင် ဥာဏ်ပညာတွေရှိအောင်လုပ်ပါ).
၃၄။ ပြောင်းလည်းတတ်သော ယောက်ျား
တချို့ယောက်ျားတွေကြတော့ ပုတ်သင်ညိုလို အရောင်ပြောင်းတတ်ကြလေရဲ့။ တချို့က
တမင်ဖန်တည်းပြောင်းလည်းတတ်သူဖြစ်ပြီးတချို့ကတော့ဆွဲဆောင်မူကြောင့်လိုက်ပါပြောင်းလည်းတတ်
သူဖြစ် တယ်။ဖန်တည်းပြောင်းလည်းတတ်သူဆိုတာကတော့ သူတို့ဘဝအတွက် လိုအပ်လာပြီဆိုရင်
ဒေါင်ကျကျ ပြားကျကျ နေပြတတ်သူမျိုးပေါ့။ မာသင့်တဲ့နေရာ မာ၊ ပျော့သင့်တဲ့နေရာ ပျော့နဲ့အလျော့အ
တင်းလုပ်ပြီး ဆက်ဆံတတ်သူမို့ သူတို့ရဲ့ ပင်ကိုစိတ်ရင်းကိုတော့ မမြင်သာနိုင်ဘူးလေ။မချစ်သော်လည်း
အောင့်ကာနမ်းတတ်ကြတာမို့ အဲဒီလိုယောက်ကျားတွေဟာ ရိုးသားသူတွေမဟုတ်တတ်ကြဘူး။
ဒါကြောင့် သူတို့ကိုလက်တွဲမယ်ဆိုရင် လေးလေးနက်နက် လေ့လာဖို့ လိုလိမ့်မယ်။အပေါ်ယံအမြင်နဲ့
သူတို့ကို အကဲခတ်ဖို့ မလွယ်လှဘူးနော်။။ဆွဲဆောင်မူကြောင့် လိုက်ပါပြောင်းလည်းတတ်သူတွေက
တော့ အကဲခတ်ဖို့ သိပ်မခဲယဉ်းလှပါဘူး။သူတို့ဟာ သူတို့ပေါင်းသင်းဆက်ဆံနေသူတွေနဲ့ လိုက်
လျောညီထွေ ရှိနေတတ်တာမို့ တသီးတသန့် ထူးခြားမူ မရှိသူတွေပါပဲ။
သူတို့ဟာလည်း ပင်ကိုစရိုက်ကိုဖျောက်ပြီး ပတ်ဝန်းကျင်အခြေအနေအရ ပြောင်းလည်းနေထိုင်တတ်
သူတွေ ဖြစ်ကြတယ်။ သူတို့ကို လက်တွဲမယ်ဆိုရင်တော့ မိမိအပေါ် အမှန်တကယ် ကြင်နာမြတ်နိုးစွာ .
ချစ်ရိုးမှန်ရင် မိမိစိတ်တိုင်းကြ ပြုပြင်နေထိုင်သွားနိုင်မယ်လို့ထင်မှတ်ရတာပါပဲ။ဒါပေမဲ့ သမီးရေ……
.ပြောင်းလည်းတတ်သော ယောက်ျားတစ်ယောက်ဟာ အပြောင်းအလဲ မြန်တတ်တယ်နော်။ သူတို့ဟာ
 ရာသက်ပန် ရိုးမြေကျ ပြောင်းလဲခြင်းကင်းစွာ လက်တွဲသွားနိုင်သူတွေဖြစ်ပါ့မလား…..စဉ်းစားဦးနော်။
 (အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမှင်ရည်စုတ်ထိုး နောင်ပြင်ရန် ခက်သည့် အမျိုး- တဲ့)
၃၅။ ဆွဲဆောင်မှုရှိသော ယောက်ျား
တချို့သောယောက်ျားတွေကတော့ ဆွဲဆောင်မှုရှိကြသူတွေပါ။
မိန်းခလေးတွေ နှစ်သက်စွဲမက်တဲ့ရုပ်ရည်ရှုပကာ ရှိကြသူတွေ ဆိုပါစို့။ သူတို့ရဲ့ မျက်လုံးတွေမှာ ညှို့ယူ
ဆွဲငင်နိုင်တဲ့ စွမ်းအားတွေ ထည့်သွင်းထားတတ်တဲ့ ယောက်ျားမျိုးတွေပေါ့။မျက်လုံးတွေမှ မဟုတ်ဘူး။
သူတို့ရဲ့မျက်နှာမှာလည်း အပြုံးတစ်မျိုးကို ဖန်တီးထားတတ်ကြတယ်။ ပြီးတော့ သူတို့ရဲ့ စကားသံကို
လည်း ပျော့ပျောင်းညင်သာအောင် စွမ်းဆောင်နိုင်ကြတယ်။ စူးရှတဲ့ အကြည့်၊နွေးထွေးတဲ့ အပြုံးနဲ့ နူးညံ့
တဲ့ အသံတွေဟာ သူတို့ရဲ့ ဆွဲဆောင်မှု စွမ်းရည်တွေပါပဲ။တချို့ကြတော့လည်း သူတို့ရဲ့ ဘဝပေါ့လေ။
သူတို့တည်ဆောက်ပိုင်ဆိုင်ထားတဲ့ ဘဝကို သာယာစိုပြေ ချမ်းမြေ့စေနိုင်မယ်လို့ ယုံကြည်ရတဲ့ ဆွဲဆောင်
မှုရှိနေတာမျိုးပေါ့။သူတို့ဟာ ဆွဲဆောင်မှု ရှိသူတွေဖြစ်လို့ သူတို့ကို တဖက်သတ် စိတ်ဝင်စားတဲ့ မိန်းခလေး
တွေ၊ စတင်ရင်းနှီးဖို့ ကြိုးစားလာတဲ့ မိန်းခလေးတေ၊ွ အရူးအမှုး စွဲလမ်းတတ်မက်မိတဲ့ မိန်းခလေးတွေ
အများကြီးရှိနေတတ်ကြတယ်။
အဲဒီအတွက် သူတို့ကလည်း ကျေနပ်နေတတ်ကြတယ်။ တည်ကြည်သူ မဟုတ်ရင်တော့ အဲဒီလို
ယောက်ျားတွေဟာ မိန်းမပွေသူ၊ ရည်းစားပေါသူ၊ မျက်နှာများသူတွေ ဖြစ်တတ်ကြတယ်။ ဒါမှမဟုတ်
အိမ်ထောင်ရေး ဖောက်ပြန်သူတွေ ဖြစ်တတ်ကြတယ်။ ခက်တာက မိန်းခလေးတွေ ကိုယ်တိုင်က
သူတို့ကိုနှစ်သက်စွဲလမ်းကြတာကိုး။။။ဒါကြောင့် ဒီလိုယောက်ျားမျိုးကို ရွေးချယ်မိသူဟာ စိတ်မချနိုင်ခြင်း
သံသရာမှာ လုံးချာလိုက်နေရတော့မှာပေါ့။ မိန်းမကြမ်း လုပ်ပြတတ်ရပြီး မခံနိုင်တဲ့ အဆုံးမှာတော့ ရန်ပွဲ
တွေရပ်၊ မျက်ရည်ခံထိုးရပြီပေါ့။ မရတဲ့အဆုံး လက်လွှတ် အရှုံးပေးလိုက်ရတဲ့အထိ ထိခိုက်နစ်နာနိုင်တာပေါ့
သမီးရယ်….။ (မိန်းမ မာယာ ဆိုပေမဲ့ ယောက်ျားတွေ မာယာပိုရင် လိုက်မမှီတော့ဘူးနော်)
၃၆။ ဘာသာမတူသော ယောက်ျား
သမီး လုံးဝရှောင်ကြဉ်အပ်သော ယောက်ျားအမျိုးအစားကတော့ ဘာသာမတူသော ယောက်ျားပဲ။
 မြန်မာပြည်မှာ မည်သည့်ဘာသာကိုမဆို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိတာမို့သမီးရဲ့ ပတ်ဝန်း
ကျင်မှာသမီးနဲ့ဘာသာမတူတဲ့ ယောက်ျားတွေ အများကြီးရှိနေနိုင်ပါတယ်။(နိုင်ငံခြားတိုင်းပြည်မှာနေသူ
တွေမှာ ပိုပြီးတွေ့နိုင်မှာပါ) ဒါကြောင့်ယောက်ျားတစ်ယောက်ကို စတင်လေ့လာရမှာက ကိုးကွယ်တဲ့
ဘာသာပါပဲ သမီး…..။။။
ဘာသာအယူဝါဒတိုင်းဟာ ကိုးကွယ်ဆည်းကပ်သူအတွက် လိမ္မာယဉ်ကျေးအောင် သွန်သင်ပေးလေ့
ရှိတတ်စမြဲပါ။ ဘယ်ဘာသာကိုမှ အထင်သေး စော်ကားခြင်း မပြုမိပါစေနဲ့။ ဘာသာခြားမိတ်ဆွေ
သူငယ်ချင်းတွေကို ရင်နှီးချစ်ခင်စွာ ပေါင်းသင်းဆက်ဆံပါ။ ဒါပေမဲ့ ဘဝကြင်ဖေါ်အဖြစ်ကတော့ဘယ်
နည်းနဲ့မှ လက်တွဲဖို့မဖြစ်နိုင်ဘူး သမီးရေ….။ဘာသာအယူဝါဒ တစ်မျိုးဆီမှာ ရှိနဲ့ထားပြီးဖြစ်တဲ့ ဓလေ
့စရိုက်၊ အလေ့အထနဲ့ ကိုးကွယ်ယုံကြည်မူတွေဟာ တစ်မျိုးနဲ့တစ်မျိုး ဘယ်လိုမှ ရောယှက်ပေါင်းစပ်လို့
မရနိုင်ဘူး။တချို့ကပြောကြတယ်။ လက်တွဲကြမယ်။ ပြီးတော့ ကိုယ့်ဘာသာကို ကိုယ်ကိုးကွယ်ကြ
မယ်တဲ့။ မဖြစ်နိုင်တာပဲကွာ…….သမီးဇွတ် မလုပ်နဲ့ အစအဆုံး စဉ်းစားတတ်အောင်လုပ်ပါ။လက်ထပ်
တဲ့ ပထမ အဆင့်ကိုပဲ အရင်စဉ်းစားပါဦး။ ဘယ်လိုလက်ထပ်ကြမှာလည်း၊ မိဘချင်းပါပြသနာတက်ပြီ။
ဖြစ်ချင်ရာဖြစ် ဇွတ်တိုးကြမယ်ထား၊ သားချင်းတွေကို ကျောခိုင်းနိုင်ခြင်းဟာ ယာယီပဲဖြစ်မှာပေါ့။
အိမ်မှာရော ဘယ်လို ဘုရားစဉ်ထားမှာလည်း၊ မွေးလာတဲ့ သားသမီးတွေကောဘယ်ဘာသာကိုယုံကြည်
်ကိုးကွယ် ခိုင်းကြမှာလည်း။ ပဋိပက္ခတွေ ဖြစ်ရတော့မယ်လေ…။ဒါမျိုးဆိုတာ ဘာသာတရားကို ရိုသေ
လေးစားခြင်း မရှိသူတွေ ပြုမူတတ်တဲ့ မိုက်မှားမှုပါပဲ သမီး..။ပြည့်ဝသော သာယာမူကို မရရှိနိုင်တာမို့
ဆင်ခြင်တုံတရားနဲ့ ထိန်းချုပ်တတ်ပါစေ။ (ကြက် နဲ့ ဘဲ ပေါင်းစပ်သလိုပါပဲ။
ဲ၃၇။ ရှက်တတ်သော ယောက်ျား
တချို့သော ယောက်ျားတွေကျပြန်တော့ ရှက်လွန်းတတ်ကြပြန်ပါရောကွယ်။ ရှက်တတ်ခြင်း
 နှစ်မျိုးရှိလေရဲ့။ တစ်မျိုးကတော့ မဝံ့မရဲခြင်းကြောင့်ဖြစ်ပြီး တစ်မျိုးကတော့ ဂုဏ်သိက္ခာအတွက
် ဖြစ်တယ်။မဝံ့မရဲခြင်းကြောင့် ရှက်တတ်သူတွေကတော့ လူပြော့လူညံ့တွေပဲ။ သူတို့ကို ဦးမဆောင်နိုင်
သူအဖြစ် တွေ့နိုင်ပါတယ်။ နေရာတကာ ရှက်တတ်၊ ကြောက်တတ်တာမို့ လူတော မတိုးရဲသူတွေပေါ့။
ဆန္ဒမပြည့်ဝရင် ရှက်စရာဆိုတဲ့ အဆိုးမြင်အတွေးမျိုးနဲ့ မတောင်းခံရဲကြသူတွေပေါ့။ သူတို့ဟာ မကြွားဝါ
တတ်ပဲ ရိုးသားတတ်ကြပေမယ့် သတ္တိမရှိတဲ့ ယောက်ျားတွေမို့ အားကိုးထိုက်သူတွေ မဟုတ်ဘူးသမီး။
ဂုဏ်သိက္ခာကြောင့် ရှက်တတ်သူတွေကတော့ မာနကြီးလွန်းသူတွေ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို
ထိခိုက်မှာ အင်မတန်ုစိုးရိမ် ကြောင့်ကြသူမျိုးတွေပေါ့။ သူတို့ဟာ သူတို့ဘဝတွေနဲ့ မအပ်စပ်ဘူးလို့ ယူဆ
သူတွေကို ဆက်ဆံရမှာ ရှက်တတ်ကြတယ်။ အဆင့်အတန်းခွဲခြားလွန်းပြီး မောက်မာတတ်ကြသူများ
 ဖြစ်တယ်။ လူတွေ ဝေဖန်ကဲ့ရဲ့ အပြစ်ပြောခြင်းခံရမှာ ရှက်တတ်ကြလွန်းတာကြောင့် အလွန်ဆင်ခြင်စွာ
 နေထိုင်လှုပ်ရှားတတ်ကြတယ်။
ရှက်တတ်သူတွေဟာ တကယ်တော့ တစ်ကိုယ်ကောင်းဆန်သူတွေဖြစ်တယ်။ ကိုယ့်ကိုကိုယ် ချစ်တတ်
လွန်းသူတွေဖြစ်တယ်။ နည်းနည်းကလေးမှ အမှားမခံတတ်ကြပဲ မိမိဂုဏ်သိက္ခာကို ဘာနဲ့မှ မလဲနိုင်ဘူး
ဆိုတဲ့ ယောက်ကျားမျိုးတွေပါပဲ။ သူတို့ဟာ အရှက်နဲ့လူလုပ်နေကြသူတွေ ဖြစ်တယ်။
သူတို့ကို ဘဝခရီးဖေါ်အဖြစ် ရွေးချယ်မယ်ဆိုရင်တော့ အဲဒီမိန်းခလေးဟာ မိမိဘဝတည်ဆောက်ရေး
ထက် သူတို့ရဲ့ အရှက်တရားကို ထိန်းသိမ်းကာကွယ်ရင်း သူတို့အရေးကို ဦးစားပေးနိုင်သူ ဖြစ်ရလိမ့်
မယ် သမီးရေ…၊။ (အရှက်နဲ့ လူ့အသက်ရှင်နေရတာက မိန်းခလေးတွေပါ..သိလား
၃၈။ အစွဲအလမ်းကြီးသော ယောက်ျား.
တချို့သော ယောက်ျားတွေကြတော့လည်း အစွဲအလန်းကြီးလွန်းတတ်ကြပါတယ်။ ချစ်မိရင်လည်း
အရူးအမှုးပဲဆိုတဲ့ ယောက်ျားမျိုးတွေပေါ့။ အချစ်ကြောင့် ဘဝပျက်တဲ့အထိ ခံစားနာကျင်တတ်ကြသူ
မျိုးတွေပေါ့။ သူတို့ဟာ တစ်ယောက်ဆိုတစ်ယောက် မပြောင်းမလဲ စွဲလမ်းတပ်မက် မြတ်နိုးတတ်ကြ
သူတွေဖြစ်တယ်။ သံယောဇဉ်တွယ်မိပြီ ဆိုရင်လည်း လွယ်လွယ်နဲ့ဖြတ်နိုင်ခဲကြတယ်။ တစ်စုံတစ်ရာ
ဝါသနာပါပြီဆိုရင်လည်း တစိုက်မတ်မတ်အားထုတ်လေ့လာတတ်ကြတယ်။ အဲဒီဝါသနာဆိုတာဟာ
ကောင်းမွန်သော အလေ့အထဖြစ်ရင် တော်ပါရဲ့၊ မကောာင်းသော အမူအကျင့်ပေါ်မှာများ စွဲလမ်း
သွားခဲ့ရင်တော့ ဖြတ်မရတာနဲ့ ဒုက္ခရောက်ကြရမယ့်လူမျိုးတွေပေါ့ သမီးရယ်။ သူတို့ရဲ့ပတ်ဝန်းကျင်
ဟာ သူတို့အတွက် အလွန်အရေးပါလှတယ်လေ။ သူတို့ဟာ ဒါဆိုမှ ဒါပဲဆိုတဲ့ တမ်းတမ်းဆွဲတတ်သူ
တွေပဲ။သူတို့ယုံကြည်ဆွဲလန်းပြီဆိုရင် ဘယ်သူဖျက်ဖျက် မပျက်တော့ဘူးလေ။ သူတို့ရဲ့ဘဝကို
လေ့လာကြည့်ရင်လည်း တစ်နေရာတည်းမှာ ကျောက်ချနေတတ်ကြပြီး အလုပ်တစ်ခုကို စွဲစွဲမြဲမြဲ
လုပ်တတ်ကြတာ တွေ့ရလိမ့်မယ်။ ငယ်ဘဝက သူငယ်ချင်းတွေကိုတောင် အဆက်အသွယ်မပျက်
် ခင်မင်တတ်ကြသူတွေပေါ့။အစွဲအလန်းကြီးလွန်းသူတွေမို့ ခံစားချက်ကို ဦးစားပေးတတ်သူတွေပါပဲ။
လွယ်လွယ်နဲ့မမေ့တတ်သူတွေ ဖြစ်ပြီး သူတို့ဟာ အလွမ်းဝေဒနာကို အလူးအလဲ ခံစားတတ်ကြတယ်။
သူတို့ကို လက်တွဲမိသူ မိန်းခလေးအနေနဲ့ အဆိုးအကောင်း ယှဉ်တွဲခံစားရလိမ့်မယ်။ သစ္စာခိုင်မြဲခြင်း
အတွက် ကြည်နူးရတတ်သလို မခွဲမခွါနိုင်အောင် စွဲလမ်းခြင်းအတွက်ကတော့ မိမိဘဝ တိုးတက်ရေး
ကြိုးပန်းမှုမှာ အနှောက်အယှက်တွေ ဝင်လာစေနိုင်တာ အမှန်ပဲ။(အကောင်းအဆိုး ဒွန်တွဲနေတာ
ဓမ္မတာပါ-
၃၉။ ရိုင်းပျသော ယောက်ျား
တချို့ယောက်ျားတွေကြတော့ အင်မတန် မိုက်ရိုင်းလွန်းတတ်ကြပြန်ပါရော သမီးရေ……။
စက်ဆုပ်ရွံရှာဖွယ်ကောင်းလောက်အောင် ရိုင်းပြလှတဲ့ ယောက်ျားမျိုးတွေ လောကကြီးမှာ အများ
အပြားရှိနေတတ်လေရဲ့ သမီးလေးရေ…….။
တချို့ကတော့ စကားပြော မိုက်ရိုင်းတတ်ကြတာပေါ့။ ဆဲရေးတိုင်းထွာမူကို ထမင်းစားရေသောက်သလို
 ပြုမူတတ်သူတွေပါပဲ။ မိမိပြောလိုက်တဲ့စကားတခွန်းကြောင့် တစ်ဖက်သားထိခိုက်နာကျင်သွားအောင်
တမင်သက်သက် မောက်မာရိုင်းစိုင်းစွာ ပြောချပြစ်လိုက်တာမျိုးလည်း ရှိတယ်။ တချို့ကတော့ ရိုင်
းပြခြင်းနုတ်ဝသီကို မဆင်ခြင်ပဲ ထွက်သွားတာမျိုးပေါ့။ ဘာပဲဖြစ်ဖြစ် ခံလိုက်ရတဲ့သူအတွက်ကတော
့ နင့်ကနဲပါပဲ။
တချို့ကြတော့ အပြုအမူ ရိုင်းတာမျိုးလေ။ ဟီရိသြတ္တပတရားမရှိကြတဲ့ ယောက်ျားမျိုးတွေပေါ့။
ရိုသေကိုင်းရှိုင်းရမှန်းမသိတဲ့ လူမှုရေးညံ့ဖြင်းသူတွေ ဖြစ်တယ်။ သူတို့ဟာ လူရှေ့သူ့ရှေ့မရှောင်လုပ်ခြင်
ရာလုပ်ပစ်တတ်ကြတာမို့ သိက္ခာမဲ့သူတွေ ဖြစ်ကြတယ်။
တချို့ကြပြန်တော့ ပင်ကိုစိတ်ရင်းက ယုတ်မာတတ်တာမျိုးပေါ့။ တာဝန်မယူတတ်သူ၊ ခေါင်းရှောင်တတ်
သူ၊ သာပေါင်းညာစား ပစ်ပစ်ခါခါ လုပ်တတ်သူတွေပေါ့။သူတို့ဟာ ဆိုဆုံးမမူမရှိ (သို့မဟုတ်) နည်းပါးတဲ့
ပတ်ဝန်းကျင်က ဆင်းသက်လာသူ၊ တရားလွန် အလိုလိုက်ခြင်းခံခဲ့ရသူ၊ အားကိုးရှိသူနဲ့ ဗီဇမကောင်းသူ
တွေပေါ့။သူတို့ဟာ ဘဝကြင်ဖေါ်ကိုလည်း ဖူးဖူးမှုတ် ကြင်နာနေမဲ့ လူစားမျိုးတွေမဟုတ်ကြဘူးလေ။
အလိုမကျတာနဲ့ ရိုင်းပြစွာ ဆက်ဆံကြမှာပဲ။ ဒါကြောင့် သူတို့နဲ့လက်တွဲမိတဲ့သူဟာ ဘဝကိုစိတ်ဆင်းရဲခြင်း
နဲ့ တည်ဆောက်မိပြီး သိက္ခာကို မြောင်ထဲလွှင့်ပြစ်ထားရတော့မယ့် အဖြစ်ပါပဲ။( ဥက္ခာ တရားလက်ကိုင်
ထားတတ်လား
၄၀။ မိန်းမဆန်သောယောက်ျား
တချို့သော ယောက်ျားတွေက မိန်းမဆန်တယ် သမီးေ၇..။
 မိန်းမဆန်တယ်ဆိုလို့ မိန်းမတစ်ယောက်လို ဝတ်စားဆင်ယင်ပြီး မိန်းမစိတ်ပေါက်နေတာကို ပြောတာ
မဟုတ်ဘူး။များသောအားဖြင့် မိန်းမတွေလို အတင်းအဖြင်းပြောတတ်သူလို့ လူတွေသမုတ်ကြတယ်
မဟုတ်လား။
(စာကားချပ်- အတင်းအဖြင်းပြောတတ်သော မိန်းမညံ့တွေရှိလို့ မိန်းမတွေလို အတင်းအဖြင်းပြောတတ်
သူလို့ ခိုင်းနိုင်းရေးကြရတာ ။ တကယ်တော့ အတင်းအဖြင်းမပြောပဲ တချို့သောယောက်ျားတွေထက်
သာလွန်သော ကိုယ်ကျင့်တရားရှိသူ မိန်းမမြတ်တွေ လောကမှာတပုံတပင် ရှိတာ ဦးသိပါတယ်။
သမီးလေး…မိန်းမမြတ်ဖြစ်အောင် လေ့ကျင့်နေထိုင်ပါ။။။ မူရင်းစာမှာ မပါပါ)အဲဒီယောက်ျားမျိုးတွေဟာ
 အတင်းအဖြင်းပြောတတ်ရုံမက မဲ့မဲ့ရွဲ့ရွဲ့ ကဲ့ရဲ့တတ်ကြသူတွေပဲ။ ရပ်ကွက်ထဲမှာ မောင်းထုသူတွေပေါ့
ကွယ်။သဘောထားသေးသိမ်သူတွေဖြစ်ပြီး မိန်းမလို မိန်းမရ ပြောတတ်ကြတာ သူတို့ပါပဲ။ ယောက်ျား
စကားဆိုပေမယ့် မတည်တတ်တဲ့ သူမျိုးတွေပေါ့။ တချို့ယောက်ျားတွေဆိုရင် ကြောက်စရာကောင်း
လောက်အောက်ပဲ စိတ်ဓာတ်က အောက်တန်းကျလှတယ်။
မိန်းမဆိုတာ ယောက်ျားတွေကို နောက်ကျောကနေဓားနဲ့ထိုးမှ နိုင်ရတတ်တယ်ဆိုတဲ့ဆိုတဲ့သဘောမျိုးပေါ့။
မိန်းမဆန်တဲ့ ယောက်ျားတွေဟာ အားနည်းချက်ကိုရှာ၊ အခွင့်ကောင်းစောင့်၊ အကွက်ချောင်းပြီး ချောက်
တွန်းကြတတ်တယ်လေ။ ကတုံးအတိုက် လုပ်တတ်သူတွေပါပဲ သမီးရယ်။
အဲဒီလိုယောက်ျားမျိုးနဲ့ ဘဝတစ်ခုထူထောင်လိုက်ပြီဆိုရင်တော့ မိန်းမနေရာမှာ အကုန်ဝင်ပါတတ်ပြီး
တဖြစ်တောက်တောက် ပြောဆိုခြင်းကို ခံရလိမ့်မယ်။ သဝန်တိုတတ်သူတွေဖြစ်ပြီး မိန်းမနောက်က
 ခိုးကြောင်ခိုးဝှက် လိုက်ချောင်းရင်း ပြသနာရှာမယ့် အရေးကိုလည်း ခံနိုင်ရည်ရှိဖို့လိုမယ်။ သူတို့ဟာ
ကိုယ့်မိန်းမအတင်းပြောဖို့ကိုလည်း ဝန်လေးကြမယ့်သူတွေ မဟုတ်ဘူးလေ သမီးရေ……..။
(စကားချပ်…….. ကဲ သူငယ်ချင်တို့ရေ သမီးလေးတွေအတွက် ရေးရင်းကနေ ဒို့တွေအတွက်ပါ သင်ခန်း
စာယူစရာတွေပါနေပြီ။ ကိုယ့်သူငယ်ချင်းတွေရဲ့ စိတ်ဓာတ်ကကော ဘယ်လိုရှိကြလည်း။ တိုက်ဆိုင်တာ
တွေထဲက မကောင်းတာတွေ့ရင်၊ ပြင်စရာတွေတွေ့ရင် ပြင်နိုင်ကြပါစေ…….. ကိုယ့်ပတ်ဝန်းကျင်မှာ အဲလ
ိုယောက်ျားမျိုးတွေနဲ့ ဆက်ဆံနေထိုင်ရတာ လွန်စွာမှ စိတ်ညစ်ရပါတယ်။ကိုယ်တွေ့ပါ…။ အဆင့်တူ
ဝန်ထမ်းအချင်းချင်းကြားထဲမှာ ဖြစ်တတ်တဲ့ စိတ်ဓာတ်ပါ။ လက်ထပ်အတူနေရမဲ့ မိန်းခလေးအတွက်
ကတော့ ……… သမီးရေ ဝေါင်ဝေါင်ရွှေး--ဝေးဝေးရှောင်ပါကွယ်)။
၄၁။ ကျေးဇူးသိသောယောက်ျားကျေးဇူး
သိတတ်ခြင်းဆိုတာ မင်္ဂလာတစ်ပါးပါပဲ သမီးရေ…။ အဲဒီစိတ်ဓာတ်မျိုးကို မွေးမြူနိုင်သော ယောက်ျားမျိုး
ကိုတော့ လူတော်တွေလို့ သတ်မှတ်သင့်တာပေါ့။
သူတို့ဟာ မိဘကျေးဇူး၊ ဆရာသမားဂုဏ်ကျေးဇူးနဲ့ မိမိအပေါ် ကူညီစောင့်ရှောက် အားပေးချီးမြှောက်ခဲ့
သူတွေရဲ့ ကျေးဇူးမှန်သမျှကို မမေ့လျှော့တတ်သူတွေ ဖြစ်တယ်။ ကျေးဇူးတရားကိုအောင့်မေ့တာ
ကျေးဇူးရှင်ကို ရိုသေလေးစားစွာနဲ့ ကျေးဇူးဆပ်ဖို့ ကြိုးစားတတ်ကြလေရဲ့။ကျေးဇူးသိတတ်လွန်းသူတေ
ွဟာ သူတို့ရဲ့လိုအင်ဆန္ဒတွေကိုတောင် မျိုသိပ်ချိုးနှိမ်ရင်း ကျေးဇူးတုန့်ပြန်မူကို အထူးပြုတတ်ကြတယ်။
ကျေးဇူးရှင်အတွက်စွန့်လွှတ်အနစ်နာခံခြင်းတွေ၊ နောက်ဆုတ် အလျော့ပေးခြင်းတွေ၊ ပြုတတ်ကြတယ်။
အဲဒီလိုယောက်ျားမျိုးကို ဘဝရဲ့လက်တွဲဖေါ်အဖြစ် ရွေးချယ်မယ်ဆိုရင်တော့ သူတို့ရဲ့ဘဝကို အရင်လေ့
လာကြည့်သင့်ပါတယ်။သူ့မှာ ကျေးဇူးထောက်ထားရမှာတွေ၊ ကျေးဇူးမကင်းရာ မကင်းကြောင်းတွေ
ဘယ်လောက်များ ရှိနေသလဲဆိုတာ သိထားသင့်တာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီကျေးဇူးဆိုတာ
ဟာ နှစ်ဦးဘဝတည်ဆောက်ရာမှာ အနှောင်အဖွဲ့တွေ ဖြစ်လာတတ်လို့ပါ။
မိမိကိုယ်တိုင်ကသာ သူ့အပေါ်မှာ ကျေးဇူးတစ်စုံတစ်ရာ ရှိထားနိုင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်
သာယာနိုင်တဲ့ဘဝမျိုးကို ပိုင်ဆိုင်ရလိမ့်မယ်။ဒါမှမဟုတ်ရင်တော့ သူတို့ရဲ့ ကျေးဇူးသိတတ်ခြင်းနဲ့ ကျေးဇူး
ဆပ်ခြင်းများအတွက် မိမိမှာ စိတ်အနှောင့်အယှက် ဖြစ်ရတတ်တယ်လေ။ သူတို့ကို တစ်ကိုယ်ကောင်းဆန်
သူတွေအဖြစ် အပြစ်မြင်လာမိပြီဆိုရင်တော့ဘယ်မှာ ချမ်းမြေ့သာယာနိုင်ပါတော့မလည်းကွယ်။
(အေးအတူ ပူအမျှ- အပေးအယူ သူနဲ့…လုပ်နိုင်ရင် …၊) 
၄၂။ စိတ်ကူးယဉ်ဆန်သော ယောက်ျား
တချို့သောယောက်ျားတွေဟာ စိတ်ကူးယဉ်တတ်သူတွေဖြစ်တယ်။ စိတ်ကူးယဉ်ခြင်းဆိုတာ အနာဂါတ်ကို
 မျှော်မှန်းခြင်းတမျိုးဖြစ်တယ်။ စိတ်ကူးယဉ်သူတွေဟာ လက်တွေ့လုပ်ဆောင်မူထက် ကံတရားကို အားကိုး
သူတွေဖြစ်ကြတယ်။ သူတို့ဟာ လေထဲမှာ တိုက်အိမ်ဆောက်ကြသူမျိုးတွေပါပဲ။
စိတ်ကူးအတိုင်း လက်တွေ့ကြိုးစား အကောင်အထည်ဖေါ်တတ်သူတွေလည်း အနည်းအကျဉ်းတော့ရှိပါတယ်။
ဒါပေမဲ့ သူတို့ဟာ သူတို့ရဲ့ စိတ်ကူးယဉ်အိမ်မက်တွေထဲကလို တကယ်ဖြစ်မလာတဲ့အခါ စိတ်ဓာတ်ကျဆင်းခြင်း
ဝေဒနာကို ခံစားတတ်ကြပြန်တယ်။စိတ်ကူးယဉ်သမားတွေဟာ နူးညံ့သိမ်မွေ့ကြသူတွေတော့ဖြစ်တယ်။ ဒါပေမဲ့
ပျော့ညံ့တဲ့ယောက်ျားမျိုးတွေပေါ့။ သူတို့က ပြည့်စုံခိုင်မာတဲ့ဘဝကို မရရှိခဲ့ကြသူတွေလည်းဖြစ်တယ်။ ချမ်းမြေ့
သာယာတဲ့ ဘဝတွေကို အားကျနေတတ်ပြီး မိမိဘဝ ရပ်တည်မှုအပေါ် မကျေနပ်နိုင်သူတွေဖြစ်တယ်။အဲဒီလို
ယောက်ျားမျိုးတွေဟာ ဘယ်မှာဦးဆောင်နိုင်သူဖြစ်လာပါ့မလဲ။ ကံတရားကိုမှ ယုံကြည်ကိုးစားသူ ဖြစ်လို့
သူတို့အပေါ်အားကိုးမျှော်လင့်ဖို့ဆိုတာဘယ်လိုဖြစ်နိုင်တော့မှာလည်း။တစ်ခါတစ်လေ သူတို့ဟာ စိတ်ကူးယဉ်
ဇာတ်လမ်းတွေဆင်ပြီး ဘဝကို မရိုးမသားဖြေသိမ့်တတ်ကြသေးတယ်။မိမိဘဝကို တိုးတက်မြင့်မားအောင်
 ကြိုးစားတတ်တဲ့ မိန်းမသားအတွက်တော့ သူတို့ဟာ စွဲမက်လောက်စရာ ယောက်ျားတွေ မဟုတ်ကြပါဘူး။
 ဒါပေမဲ့ သူတို့အပေါ် ကြင်နာသနားစွာ ချစ်ခင်တွယ်တာ သွားခဲ့မိရင်တော့ သူတို့ရဲ့စိတ်ကူးတွေကို ပုံဖေါ်ပေး
နိုင်သူဖြစ်ဖို့ လိုအပ်တာပေါ့နော်။ ဒါမှလည်း သူတို့ရဲ့ အင်အားတွေနဲ့တက်ကြွမူတွေကို ရှင်သန်လာစေနိုင်မှာ
 မဟုတ်လား၊။( မောင်တစ်ထမ်း မယ်တစ်ရွက် ဆိုတာလို….. လေ့ကျင့်ထားပေါ့)
၄၃။ လုပ်ဖေါ်ကိုင်ဖက် ယောက်ျား-
သမီးရဲ့ပတ်ဝန်းကျင်မှာရှိနေမယ့် ယောက်ျားမျိုးတွေ (သို့မဟုတ်)အတူနေငယ်သူငယ်ချင်းတွေ ကို လုပ်ဖေါ်
ကိုင်ဖက်တွေလို့ ဆိုကြပါစို့ သမီးရေ။ လုပ်ငန်းခွင်တစ်ခုတည်း အသက်မွေးမှု တစ်မျိုးတည်း၊ ရည်မှန်းချက်
တစ်လမ်းတည်း ရှိနေတတ်သူမျိုးပေါ့။ သမီး…အထူးလေ့လာအကဲခတ်စရာ မလိုလောက်အောင် ရင်းနှီး
ကျွမ်းဝင်သူမျိုးတွေ ဆိုပါစို့။
သူတို့ဟာ သမီးဘဝ၊ သမီးစရိုက်၊ သမီးစိတ်ဓါတ်နဲ့သမီးခံယူချက်တွေကို နားလည်ပြီးသူတွေ ဖြစ်သလို
သမီးကလည်း သူတို့နဲ့ပတ်သက်သမျှ လုံးဝဥသုံသိရှိထားသူဖြစ်တယ်။ သူတို့ရဲ့အားနည်းချက်ကို ကိုယ်
ကသိထားသလို၊ ကိုယ့်ရဲ့ ချွတ်ယွင်းချက်ကိုလည်း သူတို့က သိနေတယ်။လုပ်ဖေါ်ကိုင်ဖက်တွေဖြစ်တာမို့
အချင်းချင်း ကူညီရိုင်းပင်း အကြံပေး လက်တွဲကြသူတွေပဲပေါ့။တစ်ယောက်အကြောင်းတစ်ယောက် သိနား
လည်ထားကြသူတွေမို့ လျှို့ဝှက်ချက် မရှိသလို စာနာခွင့်လွှတ်ကျင့်ဆိုတာလည်း ရှိထားနှင့်ကြပြီးသူတေ
ွပဲလေ။ ခွဲဝေခံစားတတ်ကြသူတွေဖြစ်ပြီး ယုံကြည်စိတ်ချသူတွေလည်း ဖြစ်ကြတယ်မဟုတ်လား။အဲဒီလို
ယောက်ျားမျိုးက ဘဝကြင်ဖေါ်အဖြစ် လက်တွဲခွင့်ကိုပါ တောင်းခံလာမယ်ဆိုရင်တော့ သူတို့ဟာမငြင်း
ပယ်သင့်သူတွေလို့ ထင်ပါတယ်။ ဘဝချင်းကလည်း ပြောပလောက်အောင် ခြားနားသူတွေ မဟုတ်ကြ
တာမို့ “က” နဲ့ “က” ပေါင်းခြင်း အဖြေဟာ “၂က” ဆိုတာပဲ ဖြစ်ရမှာမဟုတ်လား။ မျိုးတူချင်းဟာပေါင်း
သင်းဆက်စပ်လို့ အလွယ်ဆုံးပါပဲ သမီးရယ်……။
( ငယ်ကျွမ်းဆွေတွေဆိုတော့ ပိုကောင်းတာပေါ့)
၄၄။ လောင်းကစားတတ်သော ယောက်ျား
လောင်းကစားတတ်တဲ့ ယောက်ျားတွေကျပြန်တော့ ရှောင်ကြဉ်စရာ ဖြစ်ရပြန်ပါရော သမီးရေ…၊၊။
သမီးလေး ယောင်လို့များ အရွေးမှားမသွားစေနဲ့။ တစ်သက်လုံး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရပါလိမ့်မယ်။
လောင်းကစားခြင်းဟာ ဥပဒေနဲ့လည်း မကင်းလွှတ်သလို တည်မြဲတဲ့ပိုင်ဆိုင်မူကိုလည်း မပေးတတ်ပါဘူး။
 ဒါပေမဲ့ စွဲလမ်းသွားအောင် ဖြားယောင်းနိုင်တဲ့ဆွဲဆောင်မူတစ်မျိုးတော့ဖြစ်တယ်။ လက်ကြောမတင်းသ
ူတွေရဲ့ ဝါသနာပါပဲလေ။ တချို့များဆို လောင်းကစားမလုပ်ရပဲ မနေနိုင်တဲ့အထိ အစွဲကြီးစွဲနေတတ်ကြ
တယ်။သူတို့ရဲ့ဘဝဟာ ဘယ်တော့မှ တောက်ပြောင်လာကြမှာ မဟုတ်ပါဘူးကွယ်။ ရတဲ့အခါ မော်
လိုက်ကြွားလိုက်၊ သုံးလိုက်ဖြုန်းလိုက်နဲ့ ကုန်သွားတဲ့အခါ ရှိတာတွေ ပေါင်နှံထုတ်ရောင်း၊ မတည်ငြိမ်
မခိုင်မာတဲ့ ဘဝမျိုးနဲ့ ယောက်ျားတွေပါ။ နှဲသမားပါးလို ပိန်လိုက်ဖောင်းလိုက် ဘဝမျိုးတွေပါပဲ။
သူတို့ဟာ စာရိတ္တချို့ယွင်းသူတွေ ဖြစ်နေတတ်ကြတယ် သမီးရေ။ လောင်းကစားမူနဲ့ အသက်မွေးသူ
တွေဆိုရင် ဘယ်သူကများ အထင်ကြီးလေးစားမှာလည်း။ မသန့်စင်တဲ့ ဝင်ငွေနဲ့ ရပ်တည်နေတဲ့
ဘဝမျိုးကို သမီးမတပ်မက်မိပါစေနဲ့၊ ဟိုလူကြောက်ရ၊ သည်လူ ပံ့ပိုးရနဲ့ ကျီးလန့်စာစားဘဝမျိုးကို
ထက်မြက်အောင်မြင်လိုသူမိန်းမသားတစ်ယောက်အနေနဲ့ အားမကျသင့်ဘူးနော်။
မိမိဘဝရဲ့ လက်တွဲဖော်ဟာ ဝင်ငွေမများသူ ဖြစ်ချင်ဖြစ်ပါစေ။ မှန်ကန်သောနည်းလမ်းနဲ့ ကြိုးစားရုန်းကန်
 ရှာဖွေတတ်သူဖြစ်ဖို့သာ လိုပါတယ်။ အဲဒါကတော့ လောင်ကစားတတ်သူနဲ့ လောင်းကစားမူနဲ့ အသက်
်မွေးသူတွေ လုံးဝမဟုတ်တာ သေချာတယ် သမီးရေ…။
မှတ်ချက်။ ။ မိန်းခလေးတွေကိုတိုင်က လောင်းကစားလုပ်တာတွေ မလုပ်မိပါစေနဲ့။
(ထီထိုးတာကအစချဲထိုး၊ ဖဲရိုက်၊ ဂိမ်းကစားတာတွေပါ၊ မြန်မာပြည်မှာတော့ ချဲထိုးတာပေါ့။)
၄၅။ တေးမှတ်တတ်သော ယောက်ျား
တချို့သော ယောက်ျားတွေကတော့ အငြိုးအတေးထားတတ်ကြသူတွေဖြစ်တယ်။ အာဃာတကြီးမားပြီး
လက်စားချေတတ်တဲ့ ယောက်ျားမျိုးတွေပေါ့ကွယ်။ ရုတ်တရက် မမြင်သာတတ်တာမို့ ရွေးချယ်မူတွေကို
သေသေချာချာ ဂရုပြုဖို့ သတိပေးချင်တယ် သမီးရယ်…..။သိသာထင်ရှားတာကတော့ သူတို့ဟာ မာနကြီး
တဲ့ယောက်ျားတွေပဲဆိုတာပါပဲ။ သူတို့ဟာ အကြောင်းအရာတစ်ခုအပေါ်မှာ ချက်ချင်းပေါက်ကွဲတတ်သူ
တွေ မဟုတ်ကြဘူးလေ။
မြိုသိပ်ဖုံးကွယ်ထားပြီးမှ အကွက်ကောင်းစောင့် အလဲထိုးတတ်ကြသူမျိုးပေါ့။ သူတို့ဟာ သွေးအေးသော
ယောက်ျားမျိုးလည်း ဖြစ်တတ်တယ် သမီး။ပြီးတော့ သူတို့ဟာ ဟန်ဆောင်တတ်သူတွေဖြစ်တယ်။
လိမ်ညာတတ်သူတွေ ဖြစ်တယ်။ ရက်စက်တတ်သူတွေ ဖြစ်တယ်။ မငဲ့ကွက်တတ်သူတွေ ဖြစ်တယ်။
 အမှတ်သည်းခြေကြီးလွန်းသူတွေမို့ သူတို့ခံစားရရင် လွယ်လွယ်နဲ့ မပြေနိုင်ကြသူတွေပါပဲ။ “မင်းတ
စိမ့်စိမ့် နောင်တ ရစေမယ်” ဆိုတဲ့ ကြီမ်းဝါးမှုမျိုးနဲ့ ကလဲ့စားချေတတ်သူတွေပေါ့။။။သူတို့ဟာ ဘာမ
ဟုတ်တာကလေးလို့ ယူဆရတဲ့ အကြောင်းအရာလေးတွေကိုတောင် စုထားတတ်ကြတယ်။ အကွက်
်ဝင်လာတဲ့အခါ အချက်ကျကျ ချေပတုံ့ပြန်တတ်ကြလေရဲ့။အဲဒီလိုယောက်ျားမျိုးကိုသာ လက်တွဲမိခဲ့
ရင်တော့ လက်တုံ့ပြန်မူ၊ လက်စားချေမှုတွေနဲ့ ရင်ဆိုင်ရတော့မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
အချစ်ကြီးသလောက် အမျက်ကြီးပြီး ချစ်မိရင်လည်းအသည်းစွဲ၊ မုန်းမိရင်လည်း အရိုးကွဲမတတ် နှိပ်
စက်ရက်စက်သူတွေမို့ပါပဲ သမီးရယ်..။
( အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုပေမဲ့ တစ်ကယ်ချစ်ရင် ခွင့်လွှတ်နိုင်တယ်တဲ့)
၄၆။ သတ္တိရှိသောယောက်ျား
တချို့သောယောက်ျားတွေကတော့ သတ္တိသိပ်ရှိကြတာပေါ့ကွယ်။ သတ္တိကောင်းကြသူတွေပေါ့။
သတ္တိဆိုတာ ရဲရင့်ခြင်းပါပဲ သမီး။ လုပ်ရဲကိုင်ရဲ၊ ပြောရဲဆိုရဲ၊ သွားရဲလာရဲ၊ စွန့်စားရဲသူတွေမို့
ယောက်ျားပီသသော ယောက်ျားလို့ ဆိုနိုင်သူမျိုးတွေပါပဲ။သူတို့ဟာ ကြောက်ရွံ့တွန့်ဆုတ်ခြင်း
မရှိတတ်သူတွေဖြစ်တယ်။ တာဝန်ကိုလည်းသိကြတယ်။ နောက်ကွယ်က လက်သီးပုန်းထိုးတတ်
သူတွေ မဟုတ်ကြဘူး သမီး။ များသောအားဖြင့်တော့ သူတို့ဟာ အပြစ်နည်းကြသူတွေဖြစ်တယ်။
မှန်ကန်သူတွေဟာ သတ္တိရှိကြစမြဲပဲလေ။
တချို့များဆို အမှားကိုတောင် ဝန်ခံရဲသည်အထိ သတ္တိရှိကြတယ်။ တောင်းပန်ရမှာကိုလည်း
ဝန်လေးတတ်ကြသူတွေပဲ။ သူတို့ဟာ ရဲဝံ့ကြသူတွေဖြစ်တာမို့ ဦးဆောင်နိုင်သူ၊ ခေါင်းခံရဲသူ၊
ဘဝကြင်ဖော်ရဲ့ရှေ့က မားမားမတ်မတ် ရပ်တည်ပေးနိုင်သူတွေဖြစ်တယ်။သူတို့ရဲ့ ဘဝဟာလည်း
ဦးစီးနေရာမျိုးမှာ ရှိနေတတ်ပါတယ်။ မှန်ရာကိုတင်ပြရမှာ သတ္တိရှိကြသူတွေမို့ သူတို့ဟာ ရိုးသား
သူတွေလည်းဖြစ်တယ်။ လက်အောက်ငယ်သားတွေရဲ့ လေးစားကြည်ညိုခြင်းကို ခံရသူတွေ
လည်းဖြစ်တယ်။
အဲဒီလိုယောက်ျားမျိုးကို လက်တွဲဖေါ်ဖြစ်လိုသူဟာ သူရဲ့မဟုတ်မခံစိတ်ဓါတ်ကလေးကို ထိန်းချုပ်ပေး
ဖို့ လိုလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ သတ္တိရှိခြင်းရဲ့ အပိုင်းအစဖြစ်သော မခံခြင်စိတ်ဆိုတာဟာ
 ဘဝရဲ့ တိုးတက်မှုတွေကို နှောင့်နှေးစေတတ်လို့ပါပဲ။ သည်းခံတတ်ဖို့ လေ့ကျင့်ပေးရမယ်လေ။။။
(မိန်းမပြောရင် တစ်ည….ဆိုတော့ )
၄၇။ ခံနိုင်ရည်မရှိသောယောက်ျား 
 တချို့သောယောက်ျားတွေကျတော့လည်း ခံနိုင်ရည် လုံးလုံးမရှိတတ်ကြပြန်ဘူး သမီးရေ…။
အဲဒါကြောင့် သူတို့ဟာလောကကို ရင်မဆိုင်ရဲကြသူတွေဖြစ်တာပေါ့။ သူတို့အပေါ် အပြစ်တင် ဝေဖန်
လာမှာကို နည်းနည်းကလေးမှ မခံနိုင်ကြသူတွေပါကွယ်။သူတို့ဟာ ဆင်းရဲခြင်းဒုက္ခကိုလည်း ခံစားနိုင်
ခြင်းမရှိဘူး။ သောကကိုထွက်ပေါက်ရှာခြင်းနဲ့ ဖြေသိမ့်တတ်ကြသူတွေပေါ့။ သူတို့ဟာ ချမ်းသာခြင်းသုခ
ကိုလည်း မခံစားတတ်ကြပြန်ဘူး။ တရားလွန် ပျော်ပါးမူတွေနဲ့လွန်ထွက်ကြပြန်တယ်။
ရှုံးနိမ့်ခြင်းအပေါ်မှာ ကြေကွဲစွာ နာကျင်ပေါက်ကွဲတတ်ကြပြီး အောင်မြင်မူအပေါ်မှာလည်း စိတ်ကြီးဝင်ကာ
မာန်မာန ထောင်လွှားတတ်ကြတယ်။ မပြည့်ဝတဲ့ ယေက်ျားတွေပေါ့ သမီးရယ်။ခံနိုင်ရည်မရှိတဲ့ ယောက်ျား
တစ်ယောက်ကို ဘယ်လိုများ အားကိုးယုံကြည်လို့ရမှာလည်း။ သူဟာ လက်တွဲဖေါ် မိန်းမသားအတွက်
အရိပ်မိုးပေးနိုင်သူ ဖြစ်မှမဖြစ်နိုင်တာပဲလေ။ မျှဝေခံစားတတ်သူလည်း မဟုတ်တာကြောင့် အဲဒီလိုယောက်ျား
မျိုးကို ဘဝခရီးဖေါ်အဖြစ် မရွေးချယ်အပ်ဘူးလို့ သတိပေးချင်တယ်။
လေတိုက်တိုင်း ကြွေနေတဲ့သစ်ပင်ဟာ ဘယ်မှာလာပြီး လှပနိုင်ပါ့မလဲ။ အဲဒီလိုပဲ ခံနိုင်ရည်မရှိသူတွေဟာ
သူတို့ရဲ့ဘဝကို ဘယ်လိုမှ လှပခိုင်မာအောင် မတည်ဆောက် နိုင်ကြဘူးလေ။ အမြင့်ကို ရောက်လေလေ
လေတိုက်ခံရလေ ဆိုတဲ့သဘောကြောင့် လေတိုးမှာစိုးရွံ့တတ်သူတွေရဲ့ဘဝဟာ ဘယ်မှာအမြင့်ကို
ရောက်နိုင်တော့မှာလဲ သမီးရယ်……။( မောင့်တစ်မျက်နှာ တစ်ကမ္ဘာထင်ပြီးတော့ ရင်မဆိုင်နဲ့
၄၈။ အနုပညာရှင်ယောက်ျား
သည်လိုယောက်ျားတွေကတော့ စွဲမက်နှစ်သက်စရာကောင်းသလို သည်းခံနားလည်နိုင်စွမ်းမရှိရင်လည်း
 လက်တွဲရန် မသင့်လျော်သူတွေပါပဲ။ အနုပညာရှင်ဆိုရာမှာလည်း အမျိုးမျိုးကွဲပြားနေတတ်ပါသေးတယ်။
ဒါပေမဲ့ သူတို့အားလုံးရဲ့ ရင်ထဲမှာတော့ ကူးယူခံစားတတ်သော နူးညံ့နွေးထွေသော နှစ်လုံးသားတွေရှိကြ
လေရဲ့၊။ သူတို့ရဲ့ အသွေးအသားတွေဟာလည်း ခံစားချက်နဲ့ ဖွဲ့တည်ထားခဲ့ကြတယ်လေ။သူတို့ဟာ နိမ့်
ဆင်းမြင့်တက် သံသရာမှာ ကျင်လည်နေကြသူတွေဖြစ်ပြီး သူတို့ဘဝကို တည်မြဲအောင် ထိန်သိမ်းနိုင်သူ
အင်မတန်ရှားပါးလှတယ်။ အနုပညာသမားတစ်ယောက်ရဲ့ဘဝဟာ မတည်ငြီမ်နိုင်တာ အမှန်ပါပဲ။သူတို့ဟာ
 ကိုယ့်ကိုကိုယ် မပိုင်ကြဘူး သမီး။ သူတို့ဟာ အနုပညာနဲ့ အရင်းအနှီးပြုပြီး ဘဝရပ်တည်သူ လုံးလုံးဖြစ်ခဲ့
ရင် သူတို့ရဲ့ဘဝကို ပရိတ်သတ်ကသာ ပိုင်ဆိုင်လိမ့်မယ်။ သူတို့ရဲ့ လက်တွဲဖေါ်ဟာ သူတို့ဘဝကို စိုးမိုးပိုင
်နိုင်သူ ဘယ်လိုမှဖြစ်လာမှာ မဟုတ်ဘူး။သူတို့ဟာ ကိုယ်ပိုင်ခံစားချက်ကို ဦးစားမပေးနိုင်ကြသလို မိသားစ
ုတာဝန် ကျေပွန်ဖို့ကိုလည်း အချိန်ပေးနိုင်ကြမှာ မဟုတ်ဘူး။ သူတို့ရဲ့ဘဝကို အနုပညာပင်လယ်မှာ
 နစ်မြုပ်ထားတတ်သူတွေမို့ လူမူရေးနယ်မြေမှာ အားနည်းတတ်ကြတယ်။အဲဒီတော့ အနုပညာရှင်ယောက်ျား
ကို အနုပညာအပေါ် နာလည်ခံစားတတ်သူ ဖြစ်မှသာ ရွေးချယ်သင့်တယ် သမီးရေ….။ ဒါတောင်မှပဲ
သူ့အပေါ် ယုံကြည်စိတ်ချ ခွင့်လွှတ်ပေးနိုင် အတော်လေးကြိုးစားရဦးမယ်။ ပြီးတော့လည်း သူရဲ့ လက်တွဲ
ဖေါ်ဖြစ်ခဲ့ရင် သူ့ပရိတ်သတ်ရဲ့ စိတ်ဝင်စားစွာ အကဲခတ်ဝေဖန်မူတွေအပေါ် ခံနိုင်စွမ်းရည် ရှိရမယ်နော်။
လွယ်မယ်တော့ မထင်လိုက်လေနဲ့။
( စရိုက်မတူရင် ပေါင်းမရဘူး)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့