Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts

Thursday, 15 November 2012

တကျော့ပြန်လာပြီဖြစ်တဲ့ သမ္မတ နဲ့ လွှတ်တော်ဥက္ကဋ္ဌ အားပြိုင်မှု


ဖွဲ့စည်းပုံ အခြေခံ ဥပေဒဆိုင်ရာ ခုံရုံးတဖွဲ့လုံးကို နုတ်ထွက် စေတဲ့အထိ ဖြစ်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ အားပြိုင်ပွဲ တကျော့ ပြန်လာနေပြီ ဖြစ်ပါတယ်။ အားပြိုင်ပွဲကို အစ ပြန်ဖော်ပေး လိုက်တာကတော့ ပြီးခဲ့တဲ့ အပတ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဖြစ်ပါတယ်။

ပြည်ထောင်စု လွှတ်တော် အစည်းအဝေးဟာ နအဖစစ်အစိုးရက ဦးသိန်းစိန် အစိုးရဆီကို အာဏာလွှဲ မပေးခင် ၂၀၁၀ ခုနှစ်ထဲမှာ ပြဋ္ဌာန်းပေးသွားခဲ့တဲ့ ပြည်သူ့လွှတ်တော် ဆိုင်ရာဥပဒေနဲ့ အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေတွေကို ပယ်ဖျက် အစားထိုးဖို့ ပြည်သူ့ လွှတ်တော်ဥပဒေ (၂၀၁၂ ခုနှစ်) နဲ့ အမျိုးသား လွှတ်တော်ဥပဒေ ၂၀၁၂ ခုနှစ်တွေကို ရေးဆွဲ အတည်ပြုခဲ့ပါတယ်။ ပြဿနာက အဲဒီမှာ စတာ ဖြစ်ပါတယ်။

ဥပဒေထဲမှာ အရင် သမ္မတ နဲ့ အငြင်းပွားခဲ့တဲ့ “လွှတ်တော်အသီးသီးက ဖွဲ့စည်းတဲ့ ကော်မတီနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်ဖြစ်သည်” ဆိုတဲ့ အချက်နဲ့ အခြား လွှတ်တော်အမတ်တွေကို အခွင့်အရေး လုပ်ပိုင်ခွင့်တွေ ပိုပေးထားတဲ့ အချက် အများကြီး ပါဝင်လာပါတယ်။ ဒီနေရာမှာ လွှတ်တော်အမတ်တွေအတွက် ရုံးခန်းဖွင့်လှစ်ပေးရေး အပါအ၀င် အခြား အချက်အလက်တွေကို မဆွေးနွေးလိုပေမယ့် သမ္မတနဲ့ အဓိက ပြဿနာဖြစ်ရတဲ့ လွှတ်တော်အသီးသီးက ဖွဲ့ထားတဲ့ ကော်မတီနဲ့ ကော်မရှင်အဖွဲ့တွေဟာ ပြည်ထောင်စုအဆင့် ဟုတ် မဟုတ်ဆိုတဲ့ အချက်ကိုပဲ ဆွေးနွေးပါ့မယ်။ ဒီ ဥပေဒ ၂ ခုကို ပြည်ထောင်စုလွှတ်တော်က အတည်မပြုခင် အစည်းအဝေးကို သူရဦးရွှေမန်းက သ၀ဏ်လွှာ ၂ စောင် ပေးပို့ပြီး အဲဒါကို လွှတ်တော်က အတည်ပြုပေးခဲ့ပါတယ်။ အဲဒီအထဲက သ၀ဏ်လွှာတစောင်မှာ အရင် ဖွဲ့စည်းပုံအခြေခံဥပေဒဆိုင်ရာ ခုံရုံးက အဆုံးအဖြတ်ပေးသွားတဲ့ “လွှတ်တော်အသီးသီးက ဖွဲ့စည်းထားတဲ့ ကော်မတီနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်လို့ အဓိပ္ပာယ် ဖွင့်ဆိုခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပေဒနဲ့ ကိုက်ညီခြင်း မရှိ” ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ နဂိုကတည်းကပင် ပျက်ပြယ်တဲ့ ဆုံးဖြတ်ချက် ဆိုပြီး ပါရှိပါတယ်။

အဓိပ္ပာယ်ကတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ သူတို့ကိုယ်တိုင် ရေးဆွဲပြဋ္ဌာန်းပြီး အတင်းအကျပ်နည်းနဲ့ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပေဒပုဒ်မ ၃၂၄ ပါ “နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပေဒဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်” ဆိုတာကို သ၀ဏ်လွှာတစောင်ရေးပြီး ချိုးဖောက်လိုက်တာလို့လည်း အဓိပ္ပာယ်ဖွင့်နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ပြည်သူ့လွှတ်တော်ဥပေဒ ၂၀၁၂၊ အမျိုးသားလွှတ်တော် ဥပေဒ ၂၀၁၂ မှာပါတဲ့ လွှတ်တော်အသီးသီးက ဖွဲ့ထားတဲ့ ကော်မတီတွေ ကော်မရှင်တွေကို ပြည်ထောင်စုအဆင့် အဓိပ္ပာယ် သတ်မှတ်တာ အပါအ၀င် အချက် ၁၀ ချက်ကို သမ္မတက လက်မခံနိုင်ကြောင်း သဘောထားမှတ်ချက်နဲ့တကွ အကြောင်းပြန်ကြားထားပြီးလည်း ဖြစ်ပါတယ်။ သမ္မတက လက်မခံတဲ့ အချက် ၁၀ ချက် အနက် ၁ ချက်ကလွဲပြီး ကျန်တာတွေအားလုံး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့အတိုင်းပဲ ဖြစ်သင့်တယ်လို့ လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက သဘောထားမှတ်ချက်ပေးဖို့လည်း ဆွေးနွေးထားပြီဖြစ်ပါတယ်။ ဒီတော့ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ။

သမ္မတက ဘယ်လိုပဲ သဘောထားသည်ဖြစ်စေ၊ ပြည်ထောင်စုလွှတ်တော်က ဒီ ဥပေဒကြမ်း ၂ ခုကို မဲခွဲဆုံးဖြတ်၊ အများစုမဲနဲ့ အတည်ပြုခဲ့ရင် သမ္မတ အနေနဲ့ ဘာမှ မတတ်နိုင်တော့ပါဘူး။ တကယ်လို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ အကြံပြုချက်အတိုင်းသာ အတည်ဖြစ်ခဲ့ရင် ဒီ ဥပေဒ ၂ ခုဟာ အစိုးရနဲ့ လွှတ်တော်အကြား သဘောထား ကွာဟချက် အများဆုံး ဥပဒေတွေ ဖြစ်လာပါလိမ့်မယ်။ ဒီလိုဆိုရင် လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီတွေ၊ ကော်မရှင်တွေဟာ စိတ်ချလက်ချ ပြည်ထောင်စု အဆင့် ဖြစ်လာမှာလား။

လောလောဆယ် အခြေအနေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး တခုလုံး နုတ်ထွက်သွားပြီ ဖြစ်တဲ့အတွက် ခုံရုံးမရှိ လစ်လပ်နေတဲ့ အခြေအနေပါ။ ဒါပေမယ့် မကြာခင် ခုံရုံးကို ပြန်ဖွဲ့ရပါဦးမယ်။ ခုံရုံးအဖွဲ့အတွက် သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ၃ ယောက်စီ အမည်စာရင်းပေး ဖွဲ့စည်းရမှာဖြစ်ပေမယ့် ဥက္ကဋ္ဌကိုတော့ သမ္မတက ရွေးချယ်ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးရပါလိမ့်မယ်။ ဖွဲ့စည်းပုံဆိုင်ရာခုံရုံး ရှိလာရင် သမ္မတဟာ ဒီကိစ္စ တင်ပြပီး နောက်ထပ် အဆုံးအဖြတ် ရယူနိုင်ပါသေးတယ်။ လက်ရှိ လွှတ်တော်တွေကပဲ ပြဋ္ဌာန်းပြဋ္ဌာန်း၊ အရင် စစ်အစိုးရကပဲ ပြဋ္ဌာန်းပေးခဲ့ ပေးခဲ့ ဥပေဒ တခုဟာ ဖွဲ့စည်းပုံအခြေခံဥပေဒနဲ့ မကိုက်ညီဘူးဆိုရင် “မကိုက်ညီကြောင်း” ခုံရုံးက အဆုံးအဖြတ် ပေးနိုင်ခွင့် ရှိနေပါသေးတယ်။

တကယ်တော့ ပြဿနာကို ရှင်းသင့်တဲ့နည်းနဲ့ မရှင်း ရှည်လျားအောင် လုပ်နေသူဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းလို့ ကောက်ချက်ချနိုင်ပါတယ်။ တကယ်တော့ ဒီ အချက်ကို ပြင်ချင်တယ်ဆိုရင် အရင်တကြိမ် အငြင်းပွားချိန် သမ္မတ ဦးသိန်းစိန် သ၀ဏ်လွှာ ပေးပို့တင်ပြသလို ဖွဲ့စည်းပုံ အခြေခံဥပေဒကို ပြင်ဆင် ဖြည့်စွက်တဲ့နည်းနဲ့ အကောင်အထည် ဖော်နိုင်ပါတယ်။ ဒါပေမယ့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ စစ်အာဏာရှင်ဟောင်းတွေနဲ့ လက်ရှိ စစ်တပ်က သဘောကျဖို့ မရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပေဒကို ပြင်ဖို့ ဆိုတာမျိုး ဘယ်ကိစ္စမှာမှ ထည့်မပြောသလို အကောင်အထည်ဖော်မယ့်ပုံလည်း လုံးဝ မတွေ့ရပါဘူး။ ဒီအတွက် သမ္မတဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အငြင်းပွား အားပြိုင်မှုဟာ ဆက်ပြီး ရှိနေဦးမယ် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Tuesday, 24 April 2012

သဘာဝကိုလက်ခံရင်

သင်္ကြန်ရက်တွေမှာ အပြင်မှာ ရေတွေဘာတွေပက်နေကြတော့ အစ်ကိုကြီး အပြင်မထွက်တော့ဘူး။
အဲဒီတော့ သူ့အပေါင်းအသင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေက အိမ်လိုက်လာကြရတော့တယ်။
အိမ်မှာပဲ စကားစမည်ပြောကြ၊ စားကြသောက်ကြ လုပ်နေကြတာ သင်္ကြန်တတွင်းလုံးပဲ။
တစ်ခါတစ်လေ ညီမလေးလည်း သူတို့စကားဝိုင်းထဲ ၀င်ဝင်ပါတော့ အစ်ကိုကြီးက
"မထွေးလေး ... ကလေးကလေးနေရာနေစမ်း ... လူကြီးတွေထဲ ၀င်ဝင်မလာနဲ့" တဲ့
ဆယ်တန်းစာသင်ဘော်ဒါထောင်ထားတဲ့ ဆရာကြီးဦးကျော်မင်းကတော့
"ပြောပါစေဗျာ ... ဒီကလေးက ချက်ကျကျပြောတတ်ပါတယ်" တဲ့...ဟီဟိ
*  *  *  *  *  *  *  *
"ကျွန်တော်က သူဆင်းရဲနေတာကို သိနေတော့ စိတ်မချမ်းသာတာနဲ့
မင်း ငါ့ဆီမှာ ရူပဗေဒ သင်ပါ့လား ... ငါလည်းကူပြီး ရှင်းပြပေးမယ်
မင်းလည်း ဖတ်မှတ်ပြီး ကြိုးစားသင်ပေါ့
ခြောက်လလောက်သင်မိရင် ကျွမ်းကျင်လာပါတယ် ဆိုပြီး
လက်တွဲခေါ်လာတာ ... သူ့ လခရပါစေဆိုပြီး ဒုက္ခခံလာတာ
တစ်နှစ်လာလည်း ပုံနှိပ်ကြီးကိုင်သင် ... နောက်တစ်နှစ်လာလည်း ပုံနှိပ်ကြီးကိုင်သင်
ကျောင်းသားမိဘတွေကလည်း ပြောလှပြီ ... ကျွန်တော့်ကြောင့်သာ ငြိမ်နေကြတာ
ကြိုးစားပါဟ ... မင်း ငါ့ဆီကရတဲ့လခ မမက်ဘူးလား
အားကိုးမရရင်တော့ ငါ ဖြုတ်ပစ်ရမှာနော် ...
မျိုးစုံပြောတာပဲဗျာ
ကျွန်တော်သဘောကောင်းမှန်း ... မလုပ်မှန်းသိတော့ ကိစ္စမလုပ်ဘူး ...
လေးနှစ်ရှိသွားပြီ ...သည်းခံလာတာ ..
ဒီနှစ်တော့ ဖြုတ်ချလိုက်ပြီဗျာ
ကျွန်တော့်မှာ လခလဲပေးရတယ် ... စာသင်ချိန်လည်းတစ်ချိန်ပေးနေရတယ်
ဟုတ်တာလည်း မဟုတ်ဘူး
အဲ ... ဒါပေမယ့် သူ့အမှား ... သူ့လိုအပ်ချက် သူမသိဘူးဗျို့
သူ့ကို ဖြုတ်လို့ဆိုပြီး စိတ်တွေဘာတွေဆိုးလို့"
"အဲဒါမဟုတ်ဘူးလားဗျ ... ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်ဆိုတာ"
"ဟုတ်တယ် ... ဟုတ်တယ် ... အဲလိုဖြစ်နေတာ ...
ကျွန်တော်က စိတ်မကောင်းတာပါဗျာ ...ခေါ်ချင်တာ ခန့်ချင်တာပေါ့ဗျာ
ကိုယ့်အပေါင်းအသင်းပဲ ... ဒါပေမယ့် ဘယ်လိုမှ မဖြစ်တော့လို့ ...
မကြိုးစားဘူးဗျာ ... အားမထုတ်ဘူး ... အားကြီးပျင်းတာ ...
နှစ်စ ခေါ်လိုက်ပြီဆို ပြီးပြီ၊ သူတို့က ... စိတ်ချသွားပြီ ...
တော်အောင်ယောင်အောင်ပဲ နေတော့တာ ...
ငါ့ကိုခေါ်ပြီပေါ့ ...
အခုတော့ ... တော်ပြီဗျာ ပိုက်ဆံရနေတော့ မှိန်းနေတယ် ... မရတော့မှ အခုလိုဖြစ်တာ
စိတ်မကောင်းဘူးဗျာ နားလည်စေချင်တာပေါ့"
"ဘယ်နားလည်မှာလည်း ဆရာရဲ့...
အဲလိုမျိုး လူ့လောကမှာ မရှိပါဘူး ... မရှိပါဘူးဗျာ
ဟိုအာရပ်ပုံပြင်ထဲကလိုပေါ့ ...
ကုလားအုပ်ပုံပြင်လေဗျာ ...
သဲကန္တာရထဲမှာ ဖျင်တဲလေးတစ်လုံးနဲ့ လူတစ်ယောက်နေတော့
တစ်နေ့မှာ သဲမုန်တိုင်းတွေ၊ လေပြင်းမုန်တိုင်းတွေ တိုက်ပါရောလား
မိုးတွေလည်းရွာ ဆိုပါတော့ဗျာ ...
အဲဒီမှာ ကုလားအုတ်တစ်ကောင်က တဲထဲကို ခေါင်းကလေးဝင်ပါရစေဆိုတော့
သနားတာနဲ့ ခွင့်ပြုလိုက်တာ ... ခဏနေတော့ ချမ်းလွန်းလို့ပါ
လက်ကလေးဝင်ပါရစေ ... ခြေကလေးဝင်ပါရစေနဲ့
သနားလို့ ခွင့်ပြုရင်း ခွင့်ပြုရင်းနဲ့ တစ်ကိုယ်လုံးလဲ တဲထဲရောက်လာရော
ဘသားချောက ဘာပြောသလဲဆိုတော့
တဲကတစ်ယောက်စာဆိုတော့ ကျပ်လွန်းတယ်၊ အပြင်ထွက်ပေးပါတဲ့ ... ကိုင်း
အဲဒီပုံပြင်ဟာ အခုသဘာဝကို ကွက်တိပြနေတာပဲ
တော်ကြာနေ ဆရာ့ကိုတောင်မှ အပြင်ထွက်ခိုင်းနေမယ်နှော ... ဟားဟားဟားဟား"
"ဟုတ်တယ် ... ညီမလေးလည်း ဟာသလေးတစ်ခု ဖတ်ဖူးတယ်"
"မိထွေး ... သွားစမ်း ... မရှုပ်စမ်းနဲ့ ..နင်ပြောတာငါတို့က နားထောင်ပေးနေရမှာလား"
"ပြောပါစေဗျာ ... ပြောစမ်းသမီး ... ဘဘနားထောင်ချင်လို့"
"မြို့ကြီးတစ်မြို့မှာတဲ့ ... သူဌေးကြီးတစ်ယောက်က မာစီဒီးကားနက်ကြီးနဲ့
ရုံးသွားရုံးပြန်လုပ်တော့ ... လမ်းမှာ ...တစ်နေရာပေါ့လေ ...
အဲဒီမှာ မော်တော်ပီကယ် တစ်ယောက်ရှိသတဲ့
သူဌေးကြီးက ကားရပ်ပြီး ဒေါ်လာတစ်ရာတန်တစ်ရွက်
အဲဒီမော်တော်ပီကယ်ကို ပေးသွားသတဲ့
မော်တော်ပီကယ် တော်တော်ပျော်သွားတာပေါ့ ..
နောက်နေ့ကျတော့လည်း ဒီလိုပဲ ... မာစီဒီးကားကြီး အနားလာရပ် ... မှန်တံခါး လျောပွင့်လာပြီး ..
လက်တစ်ဖက်ထွက်လာ ... ဒေါ်လာတစ်ရာတန်တစ်ရွက် ပေးသွားပြန်ရောတဲ့ ...
နောက်နေ့တွေ ... နောက်နေ့တွေ ... နေ့စဉ်ရက်ဆက် ... အဲလိုပေးနေတော့
မော်တော်ပီကယ်မိသားစုမှာ အတော်ကိုအဆင်ပြေနေကြသတဲ့"
"စာရေးဆရာမ ... လိုရင်းမြန်မြန်ပြောစမ်း ... ငါစိတ်မရှည်ဘူး"
"ခင်ဗျားကလည်းဗျာ ... ပြောပါစေ .. သူပြောပုံက စိတ်ဝင်စားစရာကောင်းပါတယ်ဗျ"
"အဲ ... တစ်နေ့တော့ အဲဒီသူဌေး ပေါ်မလာတော့ဘူး
မော်တော်ပီကယ်ဆရာ တော်တော်ညစ်သွားတာပေါ့ ... မျှော်မိတာပေါ့
အဲလိုနဲ့ ... တစ်ပတ်လောက်ကြာသွားသတဲ့ ...
အဲ ... တစ်ပတ်ကြော်လောက်မှာ မာစီဒီးကားကြီး ပြန်ပေါ်လာတယ် ....
မော်တော်ပီကယ်အနားမှာ လာရပ်ပြီး မှန်တံခါးလျောကျသွားပြီး
လက်တစ်ဖက်ထွက်လာတယ် ... ဒေါ်လာတစ်ရာတန်တစ်ရွက်ပေးတယ်
'ဆောရီးပဲကွာ .... ငါ ...ငါ့ကလေးတွေကို ဟာဝိုင်အီလိုက်ပို့နေလို့ကွ' လို့ ... ပြောသတဲ့
အဲဒီမှာ မော်တော်ပီကယ်က ဘယ်လိုတွေးလဲဆိုတော့ ...
'အောင်မာ ... ငါ့ပိုက်ဆံတွေနဲ့များ ... သူ့သားသမီးတွေ ဟာဝိုင်အီလိုက်ပို့သတဲ့' တဲ့ "
"မှတ်ကရော ... ကိုင်း ... ကျွန်တော်လည်း သမီးပြောလိုက်တာ
စိတ်မကောင်းဖြစ်နေတာတွေဘာတွေ ပျောက်သွားပြီ ...အိုကေဗျို့ ..အိုကေ .. အိုကေ"

Friday, 16 March 2012

ms - “ ချစ်သူအက်ဆေး ”

ms - “  ချစ်သူအက်ဆေး  ”
**************************
ကျွန်တော့်တွင်  ချစ်သူတယောက်ရှိပါသည်  ။  ကျွန်တော်၏ချစ်သူသည်  ဘယ်တော့မှအသဲမခွဲတတ်ပါ  ။  မလှည့်
စားတတ်ပါ  ။  မလိမ်ညာတတ်ပါ  ။  ကျွန်တော်ကသာလျှင်  ဘယ်ယောကျာင်္းနှင့်မျှတုနိုင်းလို့မရအောင်  ချစ်ရပါ
သည်ဆိုသောအသိ့စိတ်ဖြင့်  သွေးနထင်ရောက်နေသူသာဖြစ်ပါသည်  ။ သံသယများစွာဖြင့်   ပစ်မှားနေမိ့သော
ကျွန်တော်၏   စိတ်တ္တဇဆန်ဆန်အနိင်ပိုင်လိုမှု့များသည်   သူမ၏လောင်ရိပ်ဖြစ်စေသကဲ့သို့  ကျွန်တော်၏စိတ်တွင်
လဲ   တရားဝင်သိမ်းပိုက်ခွင့်ရသော  ပိုင်နက်တခုအဖြစ်ထင်မှတ်နေမိ့ပါသည်  ။   သူမတွင်  မာနနှင့်အတ္တကိုအရေ
ခွံခွာထားသော   ကြက်သွေးရောင်နှလုံးသားတစုံရှိ၏   ။   အလိုတလိုက်အကြိုက်ဆောင်ချင်ပြီ   မေတ္တာရေ
ကြည်လေးများနှင့်အရောင်တောက်နေသော  သူမ၏ကြာ်သွေးရောင်နှလုံးသားကိုမှ   ကျွန်တော်၏အတ္တက
နိင်လိုမင်းထက်ပြုချင်နေမိ့သည်   ။   ကျွန်တော်၏တွေးခေါ်မှု့ဘတ်ပေါင်းစုံဖြင့်    ထိုးကျစ်ထားသော  သံယော
ဇဉ်ကြိုးတမျှင်သည်လဲ    သူမအတွက်တော့    ဘယ်လိုမှလွတ်လမ်းမရှိအောင်  တုန့်နှောင်မိ့စေသောကြိုးတမျှင်
ဖြစ်သွားစေ၏  ။   ထိုကြောင့်   ကျွန်တော်၏ချစ်သူသည်   အလွန်သနားစရာကောင်းလှပါပေသည်  ။ 
ကျွန်တော်၏ချစ်သူတွင်   နောင်ဘ၀ထက်သာလွန်သောစိတ်ခံစားချက်ဖြင့်   ပေါင်းဖတ်နိင်ရန်အတွက်   ရည်ဇူး
သူချစ်ဦးလူတယောက်ရှိခဲ့ဖူးပါသည်    ။   သူမသည်ထိုလူအား   တဘ၀ထက်သာလွန်သောစိတ်ခံစားချက်ဖြင့်
ချစ်မြတ်နိုးနိင်သလို   ကျွန်တော့်အပေါ်တွင်လဲ    အဖြူရောင်မေတ္တာစစ်စစ်ဖြင့်သာ   တဘ၀စာလိုက်ရောညီ
ထွေးဆက်ဆံခွင့်ပြုထားသေး၏   ။   ကျွန်တော်၏ချစ်သူသည်    ရည်းစားမများပါ   ။    “ အချစ်ခံသူ ” ဟု
သောဝိသေသနကိုသာခုန်မင်လို၍   အပျိုရည်တခွဲသားကိုသာ   ရောင်းတန်းတင်ပြလိုခြင်းဖြစ်ပါသည်   ။    ထို
ကြောင့်    ကျွန်တော်၏ချစ်သူသည်   မေတ္တာတရားကိုပွားများပေးနိင်သည့်   မေတ္တာရှင်မလေးသာဖြစ်ပါသည်
ပတ်ဝန်းကျင်သဘောထားနှင့်   လားလားမျှမထိုက်တန်သော   ကျွန်တော့်ချစ်သူအလှပဂေး၏    ကိုယ်ကျင့်တ
ရားသည်လဲ    ပေးဆပ်မှု့သက်သက်ဖြင့်သာကြီးစိုးနေသော   ကျွန်တော့်၏အသိ့စိတ်တွင်းမှာတော့   အဖြူထည်
ဖြင့်သာအမြဲတည်ရှိနေပါ၏  ။    ကျွန်တော်၏ချစ်သူသည်   ယောကျာင်္းတကာကိုလှည့်စားနေသော  ခတ်ညံ့ညံ့
မာယာရှင်မဟုတ်ပါ   ။    ကြိုးရှည်ရှည်ဖြင့်ဆွဲထားချင်သည့်    စိတ်အခံလဲမရှိပါ  ။  ပြီနောက်   မယောင်ရာကို
ဆီဖြင့်မလူးချင်သောသူမသည်    လှေနံနှစ်ဖတ်နင်းရလောက်အောင်ထိ့    မိုက်မဲ၍အဓိပ္ပာယ်မရှိသောအပြုအမှု
မျိုးကို   ခေါင်းထဲတွင်ထည့်မထားတတ်ပါ   ။   ဟန်တခွဲသားဖြင့်စွဲဆောင်မှု့အပြည့်ရှိသော    ကမ္ဘာကျော်မင်း
သားကိုလဲ   စိတ်မ၀င်စားပါ   ။    ဘုရင်တပါး၏စိတ်အလိုအရ     တော်ကောက်ခံလိုက်မဲ့မိ့ဖုရားအဖြစ်လဲ  အ
  လွယ်တကူသိမ်းသွင်း၍ရမည်မထင်ပါ  ။  ထို့ကြောင့်   ကျွန်တော်၏ချစ်ရသူသည်   အင်မတန်မှအင်မတန်
အပြစ်ကင်းသော   ရိုးသားသော    အလွန်တရာမှနှစ်လိုဖွယ်ကောင်းသောသူသာဖြစ်ပါသည်   ။    သို့သော်
ကျွန်တော်နှင့်ပတ်သက်လာလျှင်    အတိုင်းအတာတခုအထိ့    သက်မှတ်ကာရန်ထားသောသူမ၏စိတ်ခံစားမှု့
သည်    အဖြူေ၇ာင်ဖြင့်တန်ဆာဆင်ထားသော    ပြီးပြည့်စုံသည့်နေရာတခုဖြစ်သော်လဲ    အချစ်နှင့်ပတ်
သက်လာလျှင်    (  ထိုအချစ်ဖြင့်သာ  )   အပစ်ဟူသမျှကိုအကောင်းပကတိဖြင့်ပဲပြင်ပေးချင်သော   ကျွန်တော်
၏ရင်တွင်းမှာတော့    ( အကူးယူခံ ၊ အကူးဆက်ခံ )  အရောင်များနှင့်    တလက်လက်တောက်ပနေပါတော့
သည်   .     .     .        ။

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့