Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 30 May 2012

မင်းကိုငါချစ်တယ် (ယနေ့ ကဗျာကဏ္ဍ)

==================================================================

♪ღ♪။“မင်းကိုငါချစ်တယ်”။♪ღ♪
♥ လေညှင်းလေးရေ
 မင်းရဲ့တိုက်ခတ်မှုတွေက
 ငါ့ရင်ခွင်ကိုမှ ပစ်မှတ်ထားကြည်စယ်
 အိပ်မက်တွေ ချိုမြိန်စေခဲ့တော့
 တစ်နေ့မတွေ့ရရင်ပဲ
စိတ်ကူးတွေ ပုပ်သိုးနေရသလိုပါ...

♥ တစ်ခဏတာ မင်းအပြုံးတစ်ပွင့်မှာ
ငါ့ရင်ခုန်သံတွေ
လိုက်ပါသွားကြလေရဲ့...
♥ တစ်ဒင်္ဂ မင်းအပြော တစ်ခွန်းမှာ
ငါ့အကြင်နာတွေ
စီးဆင်းသွားကြလေရဲ့...

♥ တစ်ကယ်ပါကောင်မလေးရေ
ငါထူထောင်လိုက်မိတဲ့ ရင်ခွင်မှာ
တိမ်ညိုတွေကင်းပါတယ်...

♥ နေမ၀င် အင်ပါယာ တစ်ခုအတွက်
မင်းအချစ်တွေ တောင့်တရင်း
ကြယ်ကြွေညတွေမှာ
မင်းဘေးနား ရှိချင်မိသူရယ်ပါ...

♥ ယုံကြည်မယ် ဆိုရင်ပေါ့
နှလုံးခုန်သံ တစ်ပိုင်းတစ်စရှင်သန်
စိတ်ကူးတွေ အိပ်တန်းပြန်ချိန်ထိ
မင်း ... ကို ... ငါ ...ချစ် ... တယ် ...

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့