Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 28 May 2012

အားကောင်းလာတဲ့ ပုသိမ်မြို့ ၂၄ နာရီမီးအလင်းရရှိရေး ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ်ပွဲ တတိယနေ့ ကျင်းပခြင်း

 ပုသိမ်မြို့ပေါ်ရပ်ကွက်အသီးသီးရှိ  ပြည်သူအင်အား (၁၀၀၀)တစ်ထောင်ကျော်ခန့်သည်
လျှက်စစ်မီး ၂၄ နာရီ အချိန်ပြည့်ရရှိရေးအတွက်ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ်ခြင်းကို
 ၂၇-၅-၂၀၁၂ နေ့ ညနေ၇း၁၅ မိနစ်မှ ည ၈း၄၅ မိနစ်အချိန်ထိပြုလုပ်ခဲ့ကြောင်း
သိရပါတယ်။

ပုသိမ်မြို့တွင် ရပ်ကွက်နေပြည်သူများမှာ ၆ နာရီလျှပ်စစ်မီးပေး ၁၂နာရီမီးပျက် စနစ်ဖြင့်ကျင့်
သုံးသော်လည်း အစိုးရဌာနဆိုင်ရာရုံးများ ၊၀န်ကြီးများ၏နေအိမ်များ၊ အစိုးရ၀န်ထမ်းအိမ်ရာ
များ၊ ဌာနဆိုင်ရာအသီးသီးမှ လူကြီးများ ၏နေအိမ်တို့တွင် ၂၄နာရီလျှပ်စစ်မီးအပြည့်အဝ
 ရရှိနေပါသဖြင့် မြို့သူ မြို့သားများမှ လျှပ်စစ်မီး တန်းတူရရှိရေး ၊၂၄နာရီလျှပ်စစ်မီရရှိရေး
အတွက်ငြိမ်းချမ်းစွာ ဆန္ဒ ဖေါ်ထုတ်ခြင်းဖြစ်ကြောင်း ဆန္ဒဖော်ထုတ်သူတွေက Myanmar News
Now ကို သတင်းပေးပို့ ထားပါတယ်။




ပုသိမ်မြို့ 24နာရီမီးအလင်းရရှိရေး ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ်ပွဲ တတိယနေ့ ကျင်းပခြင်း

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့