အခန်း ( တစ် )
နာရီကြည့်လိုက်တော့ ညဆယ့်တစ်နာရီခွဲနေပါပြီ... ဒီအချိန် အပျိုအရွယ် မိန်းခလေးတစ်ယောက် အိမ်ပြန်ချိန်ထက် နောက်ကျလွန်းနေပြီ ဖြစ်သော်လည်း ရွှေဝတီ တစ်ယောက်ပြန်မလာသေးပါ...။ စိတ်ပူလှစွာဖြင့် ခေါက်တုန့်ခေါက်ပြန် လျှောက်နေသော ခင်ပွန်းသည် ဦးမင်းဝေကို ဇနီးနွယ်နွယ်ခိုင်တစ်ယောက် စိတ်မသက်မသာ လှမ်းကြည့်ရင်း
"အကိုရယ် အိပ်ပါတော့လား ခိုင်စောင့်လိုက်ပါ့မယ် စိတ်မပူပါနဲ့ သူ့သူငယ်ချင်းမွေးနေ့သွားမယ် အိမ်ပြန်နောက်ကျပါ့မယ်လို့ ပြောထားသားပဲ... ခရီးထွက်ဖို့ မနက်အစောကြီးထရဦးမယ် မဟုတ်လား... သွားအိပ်လိုက်ပါတော့..."
" သမီးလေးကို စိတ်ပူနေလို့ ငါအိပ်လို့ မရဘူးကွာ... အင်း....မိန်းမရေ.. ငါတို့မှာလဲ တစ်ဦးတည်းသော သမီးလေးမို့ ငယ်ငယ်လေးထဲက အလိုလိုက်ခဲ့မိတာ မှားပြီ ထင်ပါတယ်ကွာ.... ပြောလို့လဲမရ ဆုံးမလို့လဲ မရတော့ဘူး... ညနက်သန်းခေါင် သူငယ်ချင်းတွေတရုန်းရုန်းနဲ့ တခါတလေ ဘီယာပါသောက်လာသေးတယ်... အိမ်ပြန်ချိန်ဆိုရင်လဲ ဆယ့်တစ်နာရီမထိုးမချင်းကို မပြန်ဘူးကွာ..ကိုယ့်ဘာသာ မိန်းကလေး ဖြစ်တယ်ဆိုတာကို သတိပြုမိရဲ့လားမသိဘူး.... မင်းဆုံးမဦးနော် မင်းသမီးကို... ငါမပြောချင်ဘူး..."
" အော်... အကိုကလဲ.. လိမ္မာတော့ ငါ့သမီး ငါ့သမီးနဲ မလိမ္မာတော့ ခိုင့်သမီးပေါ့ ဟုတ်လား တရားပါပေ့.... ဟော..ပြောရင်းဆိုရင်းနဲ့ ခြံထဲကားဝင်လာသံကြားတယ် လာပြီထင်ပါရဲ့..."
အော်ဟစ်ဆူညံစွာဖြင့် လာကြပါပြီ... သမီးကိုလိုက်ပို့ကြသော သူမ၏သူငယ်ချင်းများနှင့် တစ်ယောက်တစ်ပေါက် အပြန်လှန် ပြောဆိုနှုတ်ဆက်ရင်းဖြင့် သံဘာဂျာတံခါးကိုဆွဲဖွင့်ပြီး ခုန်ပေါက်ဝင်လာသော ရွှေဝတီ တစ်ယောက် ဧည့်ခန်းထဲတွင် မအိပ်ပဲစောင့်နေကြသော အဖေနှင့် အမေကိုတွေ့လိုက်ရသဖြင့် ရုတ်တရက် ကိုယ်ရှိန်သတ်လိုက်ပြီး
" ဟင့် ဖေနဲ့မေတို့ အခုထိမအိပ်ကြသေးဘူးလား... "
အိမ်ထဲဝင်လာသောသမီးဖြစ်သူ၏ မလုံမခြုံဖြင့် တိုနန့်လှသော အ၀တ်စားများသည် ဖခင်တစ်ယောက်အနေဖြင့် ကြည့်ရှုရန်မသင့်လှသည်မို့ ဦးမင်းဝေတစ်ယောက် မျက်နှာလွဲလိုက်ပြီး
" သမီး.. ဘယ်နှစ်နာရီရှိပြီလဲကွာ... အခုဖေဖေနဲ့ မေမေတို့ သမီးကိုစိတ်ပူလို့ မအိပ်ပဲစောင့်နေတာကွ... ဖေဖေဆို မနက်အစောကြီး အလုပ်ကိစ္စနဲ့ မန္တလေးသွားရဦးမှာ သမီးလည်းသိသားနဲ့ စောစောပြန်လာပါလား အခုသမီးကြောင့် ဖေဖေနဲ့ မေမေတို့လဲ အိပ်ရေးပျက်ခံပြီး စောင့်နေရတယ်။ ပြီးတော့လဲ ငါ့သမီးလေးတစ်ယောက် ဘာများဖြစ်နေလဲ ဆိုပြီးတော့လဲ စိတ်ပူနေရသေးတယ်... ဒီအချိန် အပျိုရွယ်မိန်းကလေး တစ်ယောက်အနေနဲ့လည်း အိမ်ပြန်ချိန် မဟုတ်တော့ဘူး သမီးလေးရဲ့ "
" ဟာ...ဖေကြီးကလဲ... သမီးသူငယ်ချင်း မွေးနေ့သွားမှာမို့ အိမ်ပြန်နဲနဲ နောက်ကျပါ့မယ်လို့ သမီးပြောခဲ့သားပဲဟာ ဖေကြီးက အလကားနေရင်း စိတ်ပူနေတယ်..."
" မဟုတ်သေးဘူး သမီး... ဖေဖေစိတ်ပူနေတာ အလကားစိတ်ပူနေတာမဟုတ်ဘူး.... မိဘဆိုတာ ကိုယ့်သမီးလေး ဘယ်အရွယ်ပဲရောက်ရောက် မျက်စိထဲမှာတော့ တကယ့် ကလေး လေးလိုပဲ မြင်နေတာပေါ့... အဲတာကြောင့် စိတ်ပူတာပေါ့သမီးလေးရ။ မိန်းကလေးဆိုတာ အချိန်နဲ့သွား အချိန်နဲ့ ပြန်ရတယ်... ပြီးတော့ သမီးလေးဝတ်ထားတဲ့ အ၀တ်စားတွေကလဲ တိုလွန်းလှတယ် သမီးလေးရယ်..."
ဖခင်ဖြစ်သူ၏ အပြစ်တင် စကားကြောင့် ရွှေဝတီတစ်ယောက် မျက်နှာမဲ့လိုက်ပြီး
" မေမေ သမီးကို ကြည့်ပါဦး မလှဘူးလားလို့ အဲတာကို ဖေကြီးက သမီးကို အပြစ်တင်နေတယ်... မေမေ... ဖေဖေ့ကို ကြည့်ပြောပါဦး... သမီးငိုလိုက်မှာနော်...."
" အေးပါသမီးလေးရယ်.. မေမေ့သမီး လှပါတယ်.. ကဲကဲ.. သမီးလေးသွားအိပ်တော့ သွားသွား..အကိုလည်း မနက်ဖန် ခရီးထွက်ရဦးမယ်ဆိုတော့ သွားအိပ်ကြပါစို့... သမီးလေးကို မဆူပါနဲ့တော့... သမီးလေး စိတ်ချမ်းသာသလိုသာ နေပါစေ...."
သမီးဖြစ်သူကလဲ အမေ့စကားဆုံးတာနဲ့ အမေ့ပါးကို ရွှတ်ခနဲနမ်းလိုက်ပြီး အဖေဖြစ်သူကို လျှာထုတ်ပြကာ လှစ်ခနဲ အိမ်ပေါ်ထပ်သို. ပြေးတက်သွားပါတော့တယ်
" ကောင်းပါ့ကွာ...ဒီသမီးနဲ့ ဒီအမေကတော့ဖြင့်...အဖေဆုံးမနေတာကို အမေကသမီးဖက်ကနေ အလိုလိုက်နေတယ်... အေး...ကြပ်ကြပ်အလိုလိုက်နော် တစ်နေ့ အခက်တွေ့မှ ကူပါကယ်ပါလို့ မလုပ်နဲ့..."
" သမီးလေးက လိမ္မာပါတယ် အကိုရယ် အဲလောက်မဆိုးပါဘူး..."
" မဟုတ်ဘူး မိန်းမရ ငါပြောတာက သူ့ဘ၀နောင်ရေးအတွက်ပြောနေတာကွ မိန်းကလေးဆိုတာ အိနြေ္ဒရရနေတတ်မှ အဖိုးတန်တာ..."
" အော်.. အဖိုးကြီးကလဲ...ခေက်နောက်ကျနေပြန်ပါပြီ.. အခုက အကိုတို့ ခိုင်တို့ခေတ်ကလိုမဟုတ်တော့ဘူး...သိရဲ့လားရှင့်... လာလာ သွားအိပ်မယ် "
လို့ပြောပြီး လက်ဆွဲပြီး ခေါ်သွားမှ ဦးမင်းဝေတစ်ယောက် စိတ်ပျက်လက်ပျက်ခေါင်းခါလျက် ချစ်ဇနီးခိုင် ဆွဲခေါ်ရာသို့ လိုက်သွားပါတော့သည်။
ဦးမင်းဝေနှင့် ဒေါ်နွယ်နွယ်ခိုင်တို့တွင် အိမ်ထောင်ကျပြီး ဆယ်နှစ်ကျော်မှ ဒီသမီးတစ်ယောက်တည်းသာ ထွန်းကားလာသဖြင့် ချစ်မ၀နိုင်ခဲ့ပေ။ တစ်ဦးတည်းသော သမီးလေး ဖြစ်သည်မို့လည်း အလိုလိုက်ခံထားရသဖြင့် အစွမ်းကုန် နွဲ့ဆိုး ဆိုးနေပါတော့သည်။ အခု တက္ကသိုလ် ဒုတိယနှစ် ရောက်နေပြီဖြစ်သော်လည်း ကလေးတစ်ယောက်လိုပင် နွဲ့ဆိုး ဆိုးနေတုန်း၊ အဖေနှင့် အမေကလည်း သမီးလေး အပျိုရွယ် ဖြစ်နေသော်လည်း ကလေးတစ်ယောက်လိုပင် မျက်စိထဲမှာ မြင်ယောင်နေပြီး သမီးလေး လိုသမျှ ဘာမဆိုအဆင်သင့် လိုက်လျောနေသဖြင့် ရွှေဝတီတစ်ယောက် ဆိုးချင်တိုင်းဆိုးနေပါတော့သည်။
ဦးမင်းဝေ၏ သူငယ်ချင်းများကလည်း ခင်ဗျားသမီးလေး နိုက်ကလပ်တစ်ခုတွင် ယောက်ျားလေးများနှင့် တွဲကနေသည်ကို မြင်လာခဲ့သည်ဟု ပြောသဖြင့် သမီးလေးကို ဆုံးမပြောဆိုသောအခါ မိခင်ဖြစ်သူက သမီးရှေ့မှကာဆီးဟန့်တားနေသောကြောင့် ဦးမင်းဝေမှာလည်း ဇနီးကိုချစ် သည့်စိတ်ဖြင့် အတိုက်ခံမပြောခဲ့တော့ပေ။
××××× ××××× ××××× ××××× ×××××
အခန်း ( နှစ် )
" ၀တီ နင် ဝေဦး ကို ဘာလို့ ရှောင်နေရတာလဲ.... "
နံဘေးမှာထိုင်နေသော သီတာလွင်၏အမေးကြောင့် အအေးငုံ့သောက်နေသော ရွှေဝတီတစ်ယောက် မော်ကြည့်လိုက်ပြီး
" အေးဟာ အခုငါ့စိတ်တွေကို ညို့ယူဖမ်းစား ထားနိုင်တဲ့သူတစ်ယောက်ကို တွေ့ထားတယ်ဟ... "
" ဟင့်... နင်ကတော့လုပ်ပြန်ပြီ ဝေဦးကဘာဖြစ်လို့လဲဟ နင့်အပေါ်သစ္စာမရှိလို့လား "
" မဟုတ်ပါဘူး ဝေဦး ကို ငါတွဲသာ တွဲတာ ငါ့ရင်ကို အခုပြောခဲ့တဲ့လူလောက် မခုန်စေဘူးဟာ.."
" ဟာ.. ဝေဦးသာ ဒီစကား ကြားရင်တော့ တော်တော်ခံစားရမှာ နင်ကလဲ ဘယ်လို ဖြစ်တာလဲဟ တွဲလာတာလည်း တစ်နှစ်လောက် ရှိပြီပဲဟာ "
" ကျွတ်... မိသီတာရယ် တစ်နှစ်လောက်တွဲလာတာနဲ့ တစ်သက်လုံး ချစ်သွားရမှာလားဟ... သွားစမ်းပါ... ခေါက်ထားလိုက်စမ်းပါ... ဒီအကြောင်းမပြောနဲတော့ အခုငါ့ရင်ကို လှုပ်ခတ်ရင်ခုန်စေတတ်တဲ့ သူလေးအကြောင်းကိုပဲ ငါတွေးနေချင်တယ်... "
မျက်နှာချင်းဆိုင်တွင် အအေးထိုင်သောက်နေသော ရီရီလွင်က
" ပြောပါဦး နင့်ရင်ကို ခုန်စေတဲ့ သူလေးက ဘယ်သူလဲ ဆိုတာ... "
" အေးပေါ့... ပြောပြမှာပေါ့.. အဲဒါကို ပြောပြချင်လွန်းလို့ နင်တို့ကို ငါဒီနေရာ ကိုခေါ်လာပြီး တကာခံတာပေါ့ဟ... "
" ဒါဆိုရင်လဲ နင်တကာခံရကျိုးနပ်အောင် ငါတို့စိတ်ညစ်ခံပြီး နားထောင်ပေးပါ့မယ် "
ရွှေဝတီသည် မျက်စောင်း တစ်ချက်ထိုးလိုက်ကာ အအေးတစ်ငုံကို စုပ်ယူသောက်လိုက်ပြီးနောက်
" ငါ့စိတ်ကို ညို့ယူဖမ်းစားတတ်တဲ့ သူဆိုတာက ငါ့ထက် အသက်ဆယ်နှစ်လောက်ကြီးတယ်ဟ... ဆံပင်ကတိုတိုလေး မျက်နှာလေးက ရှင်းသန့်နေတာပဲ ရီလိုက်ရင်လည်း သွားတက်လေးနဲ့ အသားက လတ်လတ် အရပ်မြင့်မြင့်နဲ့ တည်တည်တံ့တံ့ တစ်ဖက်သားအပေါ် နားလည်ကြင်နာတတ်တဲ့၊ သဘောကောင်းတဲ့၊ လူကြီးလူကောင်းပုံလဲ ဆန်တယ်ဟ "
"အဲဒီလူနာမည်က ဘယ်လိုခေါ်လဲ.."
" နာမည်က မိုးထက်မြင့် တဲ့နာမည်နဲ့ လူတော်တော်လိုက်တယ်ဟာ... ဒါပေမယ့် ငါနဲ့ စကားတောင် မပြောဖူးသေးဘူး... "
" ဗုဒ္ဓေါ... ဘုရားရေ.... စကားတောင် မပြောဘူးသေးပဲနဲ့ နင်ကလဲ အဖြစ်သည်းနေလိုက်တာ... အခုပဲ သူ့ကို ပရိုပို့စ် လုပ်ထားသလိုပဲ ဖြစ်နေလိုက်တာ "
သီတာ၏ အံ့သြဝေဖန်စကားမဆုံးခင် ရီလွင်ကပါ
" သီတာပြောတာ ဟုတ်ပါရဲ့ စကားလေးတစ်ခွန်းတောင် ပြောခဲ့ဖူးတဲ့ သူတစ်ယောက် မဟုတ်ပဲနဲ့ နင့်ရင်ကို ဒီလောက်ထိ ဖမ်းစားသွားတယ်ဆိုတာ ဟုတ်ပါ့မလားဟ "
" အာ... နင်တို့မမြင်ဖူးသေးလို့ပါနော်... မြင်ဖူးသွားရင် ငါပြောတာတွေလိုတောင် လိုနေသေးတာပဲလို့ ပြောလိမ့်ဦးမှာ ဟိုသီချင်းမကြားဖူးဘူးလား မြင်မြင်ချင်းပဲ ချစ်မိတယ် ဆိုတာလေ့.... အဲဒီ သီချင်းလေးက ငါသူ့အပေါ်မြင်မြင်ချင်း ဖြစ်လာတဲ့ အချစ်စိတ်ကို ရေးဖွဲ့ထားသလားတောင် ထင်ရတယ်ဟာ.... ငါသူ့အပေါ်ဘယ်လောက်ထိ ရင်ခုန်သလဲဆိုရင် သူသုံးထားတဲ့ ရေမွှေးယနံ့လေးကအစ ရင်ခုန်ပါသတဲ့ ရှင့်... "
" ဒါနဲ့နေစမ်းပါဦး သူကဘယ်ကလဲ... ဘယ်မှာနေတာလဲ.... "
" ငါ့အဖေသူငယ်ချင်းရဲ့သားဟ... တစ်နေ့က အဖေနဲ့ အမေသူတို့အိမ်သွားလည်ကြတာ ငါလည်း တစ်ယောက်တည်း အိမ်မှာကျန်နေခဲ့ရမှာပျင်းနေလို့ လိုက်သွားတာ သူနဲ့ဆုံတွေ့တော့တာပဲ...အမယ်သူကငါ့ကို အဖေကမိတ်ဆက်ပေးလို့ တစ်ချက်ပဲပြုံးပြပြီးတဲ့နောက် လုံးဝကိုမကြည့်တော့ဘူးဗျာ... ဂရုကိုမစိုက်တော့ပဲ အဖေမေတို့နဲ့ပဲ လုပ်ငန်း အကြောင်းတွေ ပြောနေတော့တာ... ငါ့မှာတော့ သူ့ကိုတိတ်တိတ်လေး ခိုးကြည့်ပြီး ရင်ခုန်နေလိုက်ရတာ.... "
" အော်.. ဝေဦးတော့ သွားပြီ.. အသည်းကွဲတော့မှာပဲ.. နင်မရူးစမ်းပါနဲ့ ၀တီရာ နင် ဝေဦးအပေါ် မရက်စက်သင့်ဘူးဟာ.."
" တော်စမ်းပါ သီတာ... ဒီအကြောင်းမပြောနဲ့တော့ ငါမကြားချင်ဘူး နင်ဆက်ပြောနေမယ်ဆိုရင် နင်နဲ့ငါလည်း သူငယ်ချင်း အဖြစ်က ပြတ်စဲသွားလိမ့်မယ် ငါသူနဲ့သာ နီးစပ်ခွင့်ရမယ်ဆိုရင် ဘာမဆိုရင်ဆိုင်ဖို့ အသင့်ပါ... အော်...ငါအရေးကြီးတာတစ်ခု ပြောဖို့မေ့နေတယ် ဒီနေ့ကစပြီး နင်တို့ ငါ့ကို နိုက်ကလပ်တက်ဖို့... မွေးနေ့ပါတီတက်ဖို့... ကုန်ကုန်ပြောမယ်ကွာ ဘယ်ပါတီပွဲမဆို ငါ့ကိုလာမခေါ်နဲတော့.. သူက အဲလို မိန်းကလေးမျိုးကို မကြိုက်ဘူးလို့ သိရတယ်ဟ... ဒါကြောင့် ငါဒီနေ့ကစပြီး သူမကြိုက်တာတွေ အကုန် ပြင်တော့မှာ"
" ဘုရားရေ... ကျားသားမိုးကြိုး... ငါဒီနေ့တော့ နင့်ဆီက စကားအထူးဆန်းတွေပဲ ကြားနေရတော့ပါလား..နင်ဝတီမှ ဟုတ်ရဲ့လားဟယ်.. ငါဖြင့်တစ်ကယ်ကို မယုံနိုင်တော့ဘူးဟာ..."
သီတာစကားဆုံးတာနဲ့ ရီလွင်ကလည်း
" ဟုတ်ပါရဲ့ အနောက်ရပ်ကနေထွက်မယ်ဆိုတဲ့ စကား ကြားလိုက်ရသလိုပဲ တော်တော်အံ့သြနေတယ်... အရင်ကဆို ပါတီတက်ဖို့ဆိုရင် ထိပ်ဆုံးကနေ တက်တက်ကြွကြွနဲ့ ဖြစ်နေတတ်တဲ့သူက အခုဒီစကား ပြောနေတယ်ဆိုတော့ တော်တော်တော့ ထူးဆန်းနေပြီဟာ.... "
ရွှေဝတီတစ်ယောက် ပြုံးလဲ့လဲ့ဖြင့်
" ဟုတ်တယ် နောက်ဆို နင်တို့ ဒီထက်ထူးဆန်းတာတွေ ကြုံရတွေ့ရဦးမယ် သိလား... "
××××× ××××× ××××× ××××× ×××××
အခန်း ( သုံး )
မိုးထက်မြင့်သည် မနေ့က အမှတ်မထင် ဆုံတွေ့ခဲ့ရသည့်၊ ရွှေဝတီ ဟု့ခေါ်သည့် မျက်ဝန်းနက်နက်နှင့် ကောင်မလေးအကြောင်းကို မစဉ်းစားမိပဲနှင့် မနက်အိပ်ယာမှ နိုးသည်နှင့် အတွေးထဲဝင်ရောက်လာခဲ့ပါတော့သည်။ ကျောလယ်လောက် ဖြန့်ချထားသောဆံပင်၊ ရဲဝံ့လှသည့်အကြည့်စူးစူးတို့ ကြည့်တတ်သော တောက်ပရွှန်းလဲ့လှသည့် မျက်ဝန်းနက်နက်လေး၊ မိမိကို မိတ်ဆက်ပေးစဉ်အခါက ပြုံးလိုက်စဉ်ထင်သွားသည့် ပါးချိုင့်ခွက်လေးနှင့် ၀တ်ပုံစားပုံ ခေတ်ဆန် ပွင့်လင်းလွန်းလှသည့် အမူရာဟန်ပန်လေးများ တစ်ခုချင်းစီ အာရုံထဲမှာ ထင်ဟပ် လာခဲ့ပါသည်။
ကျောင်းတက်နေစဉ်နှင့် ကျောင်းပြီးသွား၍ လုပ်ငန်းခွင်ဝင်သည်အထိ မိန်းကလေးများကို စိတ်ဝင်စားမှု့ မရှိပဲ ကင်းကင်းရှင်းရှင်းနေခဲ့သော မိုးထက်မြင့်တစ်ယောက် ဒီမိန်းကလေးနှင့် ကျမှမည်သို့ဖြစ်ပြီး စိတ်ဝင်စားနေမိကို မပြောတတ်ခဲ့ပေ။ ဖေဖေနှင့် မေမေတို့ ပြောစကားအရ နိုက်ကလပ်တက် ယောက်ျားလေးများနှင့် လက်ပွန်းတတီး နေတတ်သည်ဟု့ ကြားသိခဲ့ရသော်လည်း စိတ်ဝင်စားမှု့ကတော့ဖြင့် လျော့မသွားခဲ့ပါ။ ဖေဖေသူငယ်ချင်း ဦးမင်းဝေတို့နှင့် စကားပြောနေစဉ် မသိမသာလေး ခိုးကြည့်မိချိန်၊ သူမမျက်ဝန်း နက်နက်လေးများနှင့် ဆုံလိုက်ရတဲ့တစ်ခဏ၊ တစ်ခါမှမခံစားဖူးသည့် ခံစားမှု့ အသစ်တစ်ခု ရင်မှာဖြစ်တည်လာခဲ့ပါသည်။ သူမကို နောက်တစ်ခါ ပြန်လည်ဆုံတွေချင်သည့် စိတ်ကတားမရ ဆီးမရ ဖြစ်နေခဲ့ပါသည်။
မနေ့က သူမတို့လာစဉ် စက်ရုံမြေပုံတစ်ခု ကျန်နေခဲ့ပါသည်။ နောက်လမ်းကြုံမှ ၀င်ယူပါမည်ဟု့ ဦးမင်းဝေ တစ်ယောက် သူ့အိမ်ရောက်မှ သတိရ၍ဖုန်းဆက် ပြောခဲ့ပြီး ဖြစ်သော်လည်း၊ အကြောင်းရှာ၍ သွားပေးခဲ့မိပါသည်။ မိုးထက်မြင့် အဖေက သားကလည်း လမ်းကြုံဝင်ယူပါ့မယ်လို့ ကိုမင်းဝေ ပြောထားသားပဲ ဘာလို့ သွားပေချင်နေရတာလဲ၊ ဧကန္တ ငါ့သား မရိုးဘူး ထင်တယ်နော်ဟု စနောက်သည်ကို သူ့တစ်ယောက် ထူပူ ရှိန်းဖိန်း ခဲ့ရပါသေးသည်။ ရွှေဝတီတို့ အိမ်သို့ ရောက်သောအခါတွင်လည်း အအေးကမ်းပေးသော သူမလက်နှင့် မတော်တဆ ထိတွေမိသည့် အဖြစ်ကလေးကိုပင် ဆယ်ကျော်သက်တစ်ယောက်လို ရင်ခုန်လှုပ်ရှားခဲ့မိပါသေးသည်။
အိမ်ပြန်လမ်းတစ်လျှောက် ကားမောင်းလာရင်းဖြင့် သူမကိုအချိန်တိုတိုလေးအတွင်းမှာ ဘ၀လက်တွဲဖေါ်အဖြစ် ရင်ခုန်စွာချစ်မြတ်နိုးနေမိသည်မှာ သေချာနေပြီဖြစ်ကြောင်း တွေးတောမိသည်နှင့်အတူ၊ သူမတွင်ရော့ ဘ၀လက်တွဲဖေါ်အဖြစ် ရည်ရွယ်ထားသည့် ချစ်သူများ ရှိနေခဲ့ပြီလားဟု့ တွေးတောပူပန်စိတ်က တားဆီးမရဖြစ်လာမိပြန်သည်။ ကိုယ်တိုင်ဖွင်ဟပြောဖို့ကလည်း မ၀ံ့ရဲသည်မို့ အဖေမေတို့ကို ဖွင်ဟပြောပြီး တောင်းရမ်းလက်ထပ်ယူရန် အကြံဖြစ်ပေါ်လာသဖြင့်၊ အချိန်မဆိုင်းပဲ ညဖက်ထမင်းစားသောက်ပြီး အဖေနှင့် အမေတို့ နှင့်အတူ တီဗွီဇတ်လမ်းကြည့်နေရင်း ပြောသင့် မပြောသင့် ချီတုံချတုံ ဖြစ်နေတုန်း၊ သား၏အရိပ်ကဲကို အမြဲခတ်နေသည့် မေမေက သားလေး ဘာပြောစရာ ရှိလဲ ဟု့ မေးလိုက်သည်နှင့် အတော်ဖြစ်သွား သဖြင့်
"ဟုတ်ကဲ့မေမေ နဲ့ဖေဖေကို သားတစ်ခု ခွင့်တောင်းစရာလေး ရှိနေလို့ပါ"
ခွင့်မတောင်းစဖူး အထူးဆန်းဖြစ်နေသည့် ဖေဖေက ကြည့်လက်စ တီဗွီဇတ်လမ်းကို ပိတ်လိုက်ပြီး ပြုံးစစဖြင့်
" ဟင့်...သားက ခွင့်တောင်းစကားတွေနဲ့ ပလ္လင်ခံနေတယ်ဆိုတော့ အဟဲ ဖေဖေရိပ်မိတယ်နော်... သားဘာပြောမလဲဆိုတာ"
"ဟာ... ဖေဖေကလဲ သားကအစထဲက ပြောဖို့တော်တော်သတ္တိမွေးနေရတာ ဖေဖေအဲလိုနောက်လိုက်တော့ သားမပြောထွက်တော့ဘူး ဖေဖေရာ"
" ဟုတ်သားပဲ ဖေကြီးကလဲ..... ဖေကြီးနှောက်နေတာနဲ့ သားက မပြောထွက်တော့ဘူး.. ကဲ.. သားလေးကရော့ ဘာပြောမှာမို့ အဲလောက် ရှက်နေရတာလဲ... ဒီမိသားစုသုံးယောက်ပဲ ရှိနေတာကို ပွင့်ပွင့်လင်းလင်းပြောပေါ့ သားလေးရ..."
ထိုကခါ ဖေဖေကဆက်၍
" သေချာနေပါပြီကွာ မင်းသား မိန်းမတောင်းခိုင်းနေတာ အဲဒီစကားပဲ ပြောမလို့ မဟုတ်လား သားလေးရ...."
မေမေက အံ့သြဟန်ဖြင့်
" ဟင့်.. ဟုတ်လား သား ဖေဖေပြောတာဟုတ်လား "
" ဟုတ်တယ်မေမေ ဖေဖေပြောသလိုပဲ......"
ယခင်ကတော့ စပ်ပေးသလောက် ခေါင်းခါနေသော သားတော်မောင်တစ်ယောက်၊ အသက်ကလည်း သုံးဆယ်ကျော်လာပြီး ဖြစ်သဖြင့်၊ အချိန်ရှိသရွေ့ သားအိမ်ထောင်ရေးအတွက် စဉ်းစားရွေးချယ်ပေးနေသော ဒေါ်သန္တာတစ်ယောက် အခုမှ သူမဖြစ်စေချင်သည့် ဆန္ဒပြည့်ဝသောကြောင့် အံ့သြပြီးရင်း အံ့သြ ၀မ်းသာစွာဖြင့်
" ပြောစမ်းပါဦးသား လေးရ... သားမေတ္တာ မျှနေသူက ဘယ်သူများလဲ.."
" ဖေဖေ့ သူငယ်ချင်း ဦးမင်းဝေရဲ့ သမီးလေးပါ မေမေ..."
ထိုအခါ မေမေက
" အင်း.... မိဘမျိုးရိုးက ပြောစရာတော့ မရှိပါဘူးလေ့... ဒါပေမယ့် ဒီကလေးမလေးက နဲနဲတော့ ရှုပ်တယ်လို့ မေမေတို့ ကြားနေရတယ်သားလေးရဲ့... "
စဉ်းစားတွေးတောရင်း ငြိမ်သက်နေသော ဖေဖေက သက်ပြင်းတစ်ချက် ချလျက်
" အေးလေ့ သားသဘောကျရင်တော့ ဖေဖေတို့ ငြင်းစရာတော့ မရှိပါဘူး.... ဒါပေမယ့် တစ်ခုတော့ သားသိအောင် ဖေဖေပြောချင်တယ်...
" ဟုတ် ပြောပါဖေဖေ .. သားနားထောင်နေပါတယ်...."
" အိမ်ထောင်မှု့၊ ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး၊ ဤသုံးချက်မပိုင်ရင် နောင်ပြင်ရန် ခက်လတ္တံ ဆိုတဲ့ ရှေးစကားလည်း သားကြားဖူးမှာပါ...သားလည်းဘွဲရပြီး အောင်မြင်နေတဲ့လုပ်ငန်း ရှင်တစ်ယောက် ဖြစ်နေပြီပဲ သားကိုယ်လျှောက်မယ့်လမ်းကို ရွေးချယ်တတ်မှာပါ... ဖေဖေဆိုလိုချင်တာက သား ဒီကလေးမလေးကို တစ်ကယ်လက်ထပ်မယ်ဆိုရင် သူအရင်ကပြု့ခဲ့တဲ့ အပြု့မှုတွေ၊ လုပ်ခဲ့တဲ့အပြစ်တွေ တစ်ကယ်ခွင့်လွတ် နားလည်ပေးနိုင်ရဲ့လားဆိုတာကို... သေချာစဉ်းစားစေချင်တယ်။ ချစ်တာကိုတော့ ဖေဖေအပြစ်မပြောပါဘူး... အချစ်မှာ မျက်စိမရှိဘူးဆိုတဲ့ သဘောကိုလည်း ဖေဖေ နားလည်ပါတယ်... ဒါကြောင့်လည်း သားအမေကို ဖေဖေလက်ထပ်ခဲ့တာပေါ့လေ့.....
" အမယ် ရှင့်စကားက ဘာလဲ... ကျမကပဲ ရုပ်ဆိုးနေသလို ဖြစ်နေပြန်ပြီ.. ရှင်နော် သားရှေ့မှာမို့လို့ ဟွန်း... "
" နောက်တာပါ မိန်းမရာ ငါ့မိန်းမက လှပါတယ်......"
ထိုအခါတွင်မှ ပြုံးယောင်သန်းသွားသည့် အမေ့မျက်နာကို ကြည့်ရင်း၊ မိုးထက်မြင့်တယောက် အဖေနှင့် အမေတို့၏ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာရှိလှသည့် ချစ်မေတ္တာကို လေးစားအားကျကာ၊ ဖေဖေဆက်ပြောလာမည့် စကားကို အာရုံစိုက် နားထောင်နေမိပါသည်။
" ဖေဖေ ပြောချင်တာက သားလေးကို ဘာလို့အဲတာတွေ သေချာစဉ်းစားခိုင်းရသလဲ ဆိုရင်၊ နောင်ပြင်ရန်ခက်တဲ့ အထဲမှာပါတဲ့ အိမ်ထောင်မှု့ ပြု့တာကို အချိန်တိုတိုလေးနဲ့ မစဉ်းစား မဆုံးဖြတ်စေချင်ဘူး.... ကိုယ်ကလွယ်လွယ်ပြု့လိုက်ပြီးမှ နောင်အခါ ကိုယ်ခွင့်မလွတ်နိုင်တဲ့ အပြစ်တွေမြင်လာ၊ သိလာမယ်ဆိုရင် နှစ်ယောက်စလုံးစိတ်ညစ်ရ၊ စိတ်ဆင်းရဲရသလို ဖေဖေမေမေတို့လည်း စိတ်ညစ်ရမယ်သား...၊ နောက်ဆုံး ကုန်ကုန်ပြောရရင် စိတ်သဘောထားခြင်း မတိုက်ဆိုင်လို့ အိမ်ထောင်ရေး ပြိုကွဲ ပျက်စီးပါပြီတဲ့..... ယောက်ျားလေးဖက်က မတောင်းတာလှပေမယ့် မိန်းကလေးဖက်က ဘယ်တော့မှ ပြန်ပြင်လို့မရတဲ့ အမည်းစက်ပဲ သားလေးရ......။ အိမ်ထောင်ပျက်သွားတဲ့ မိန်းကလေးဆိုရင် ဘယ်သူကမှ တန်ဖိုးမထားတော့ဘူးသားရေ... ဖေဖေတို့မှာ သားယောက်ျားလေးတစ်ယောက်တည်း မွေးထားပေမယ့်၊ သမီး ရှင်ဖက်ကို ဖေဖေတို့ ကိုယ်ချင်းစာပါတယ်... အဲဒီတော့ သားလေး ဆန္ဒရှိရင် ဖေဖေတို့ စေစပ်ကြောင်းလမ်းပေးထားမယ်... လက်မထပ်ခင် အချိန်တွင်းမှာ သားက ဒီကလေးမလေးအကြောင်းကို သေချာလေ့လာကြည့်ပြီး... ခွင့်လွတ်နိုင်ပြီးဆိုတာ သေချာမှ လက်ထပ်ဖို့အရေး ဖေဖေတို့ ဆက်ဆွေးနွေး ကြတာပေါ့ ... အဲလောက်ဆို သားလည်း ကျေနပ်မယ်ထင်ပါတယ်... "
ဖေဖေပြောစကားကို ငြိမ်ပြီးနားထောင်နေသော မေမေကလည်း
" ဟုတ်တယ်သားလေးရေ.. သားဖေဖေ ပြောတာ မှန်တယ်... အရင်စေ့စပ်ထားရင် နောင်သဘောထားခြင်း မတိုက်ဆိုင်လို့ ဖျက်သိမ်းရင်လည်း၊ လက်ထပ်ထားတာနဲ့ စာရင်တော့ မဆိုးဘူးပေါ့၊ အဲဒီအချိန်တွင်းမှာ မေမေလည်း လေ့လာ အကဲ့ခတ်ပေးမယ်လေ့ နော်..သားလေး....."
ဖြစ်နိုင်မယ်ဆိုရင် တစ်ခါတည်းလက်ထပ်ပေးဖို့ ပူဆာလိုက်ချင်ပေမယ့် အရင်ကစပ်ပေးသမျှငြင်းဆန်လာခဲ့ပြီး အခုဒီမိန်းကလေးနဲကျမှ ဘယ်လိုဖြစ်သွားတာလဲဟု ထင်မှာစိုးသဖြင့် မိုးထက်မြင့်တစ်ယောက် မိမိဆန္ဒချိုးနိုမ်ကာ
" ဟုတ်ကဲ့ ဖေဖေနဲ့ မေမေ အဲလောက်ဆို သားလည်း စိတ်အေးရပါပြီ၊ ဖေဖေ တို့ ဆန္ဒအတိုင်း သား တစ်လတန်သည် နှစ်လတန်သည် စောင့်ပေးပါ့မယ်.... မရှက်တန်း ၀န်ခံရရင်တော့ သားကတော့ ဘယ်အရာကိုပဲ ဖြစ်ဖြစ် ခွင့်လွတ်နားလည်ပေးပြီး ချစ်နေမိပါပြီ....."
" အဟား.... ဖအေတူသားလေးပဲ သန္တာရေ......."
" ပြောပါရှင့် ပြောပါ... ဒီကဖြင့် ရှင့်ကိုမချစ်ပဲနဲ့ လက်ထပ်ခဲ့တာကိုး........."
" အဟားဟား .... နောက်တာပါ မိန်းမရေ.... မင်းချစ်တာ ငါသိပါတယ်ကွာ...."
အဖေနှင့် အမေတို့၏ ပျော်ရွှင် မှု့နှင့်အတူ မိုးထက်မြင့်၏ ရင်ထဲတွင်လည်း ကြည်နူးမှု့ပီတိ အပြည့်ဖြင့်.....။
××××× ××××× ××××× ××××× ×××××
အခန်း (လေး )
စေ့စပ်ကြောင်းလမ်းမှု့မှာ သတို့သမီးဖက်ကလည်း မငြင်းဆန်ပဲ လက်ခံခဲ့သဖြင့်အောင်မြင်ခဲ့ပါသည်။ မိုးထက်မြင့်၏ ဆန္ဒအတိုင်း မင်္ဂလာလက်ထပ်ပွဲကို လာမည့်လတွင်ပင် လုပ်ရန်ဆုံးဖြတ်ခဲ့ပါသည်။ အခုချိန်တွင် သူတို့လူငယ်ချင်းကလည်း အတော်ပင် ရင်းနှီးနေကြပြီ ဖြစ်ပါသည်။ လက်ထပ်ပွဲ ပြုလုပ်ရန် ရက်ကနီးနေပြီ ဖြစ်သည့်အတွက် ဆီဒိုးနားဟိုတယ်တွင် မင်္ဂလာခန်းမ ဌားရမ်းခြင်း၊ ဖိတ်စာရိုက်ရန် စီစဉ်ရခြင်း၊ လက်ထပ်လက်စွပ် ပန်းတိမ်အပ်ရခြင်း၊ သူတို့ မင်္ဂလာဆောင်ပြီးလျှင် အတူလွတ်လပ်စွာနေနိုင်ရန်အတွက် ဘောက်ထော်ဖက်တွင် အိမ်လေး တစ်လုံးကို သတိုးသားဖက်မှ ၀ယ်ပေးခြင်း၊ သတိုးသမီးဖက်မှလည်း အိမ်အတွက်လိုအပ်သော ပရိဘောဂ၊ လက်ဝတ်ရတနာများ စီစဉ်ပေးခြင်းဖြင့် မအားလပ် နိုင်ခဲ့ပေ။
သမီးရွှေဝတီနှင့် သားမိုးထက်မြင့်တို့မှာလည်း လာမည့်မင်္ဂလာပွဲအတွက် ရင်ခုန်ကြည်နူးမှု့ အပြည့်ဖြင့် ပီတိဝေဖြာနေခဲ့ ပါတော့သည်။ ထိုကဲ့သို့ အနာဂတ်အရေး ကြိုတင်တွေးပြီး ပျော်ရွှင်နေတုန်း စိတ်အနှောက်ယှက်ဖြစ်စရာတစ်ခု ရွှေဝတီ တွင် ကြုံလာခဲ့ရပေတော့သည်။ ထိုအဖြစ်ပျက်မှာ တခြားမဟုတ်ပေ သူနှင့် ချစ်ကြိုက်ခဲ့ဖူးသည့်ဝေဦးထံမှ ထိုနေ့ ညရှစ်နာရီ အရင်ဆုံနေကျ ကေတီဗွီ ဆိုင်သို့ အရောက်လာရန်နှင့် မလာဖြစ်ပါက သူမဘ၀ နောင်အနာဂတ်မှာ နောင်တရစရာတွေ ကြုံတွေ့နိုင်သည်မို့ ဖြစ်အောင်လာခဲ့ပါရန် ဖုန်းဆက်လာခဲ့ပါသည်။
××××× ××××× ××××× ××××× ×××××
အခန်း ( ငါး )
ညရှစ်နာရီထိုးရန် ဆယ်မီနှစ်လောက် လိုတာနှင့် ရွှေဝတီ တစ်ယောက် ဂျင်းပင်အရှည်နှင့် ဂျင်းဂျာကင်တစ်တည် ကောက်စွပ်လိုက်ပြီး မိမိတစ်ယောက်တည်း ဝေဦး ချိန်းသည့်ကေတီဗွီ ဆိုင်သို့ရောက်လာခဲ့ပါသည်။ အခန်းတွင်းဝင်လိုက်တာနဲ့ ဆူညံသော ဆောင်းဘောက်သံနဲ့အတူ အရက်နံ့ကမွှန်ထူနေပါတော့သည်။ ဝေဦးတစ်ယောက် အရက်မူးနေသည့် အာလေးလျှာလေး အသံဖြင့်
" အော်... အချစ်ဟောင်းကြီး... လာခဲ့သေးတယ်နော်.. ဟားဟား ဒီလိုဆိုတော့လဲ ကိုဦးကို ချစ်သေးတယ်ပေါ့လေ့...ဟုတ်လား..."
" ဒီမှာဝေဦး.....ငါလာတာ နင်နဲ့ ရှည်ရှည်ဝေးဝေးတွေ ဘာမှမပြောချင်ဘူး လိုရင်းကိုပဲ ပြောမယ် အခုဘာကိစ္စနဲ့ ငါ့ကိုဒီခေါ်ရတာလဲ..."
" သြော်...သြော်... လေသံတွေက တော်တော်ပြောင်းလဲနေပြီပဲ...အေးပေါ့လေ့.... တစ်ဦးတည်းသောသူဌေးသားရဲ့ တရားဝင်ဇနီးမယား ဖြစ်တော့မှာဆိုတော့ ဒီလိုလေသံပြောင်းလဲသွားတာ မဆန်းပါဘူး.... ရပါတယ် ငါကလဲ ဒီလို လေသံပြောင်းလဲသွားတာပဲ ကြိုက်တယ် မဟုတ်ရင် အရောင်းဝယ်လုပ်ရတာ အရင်တွယ်ခဲ့ဖူးတဲ့ သံယောဇဉ်တွေနဲ့ မျက်နှာတွေထောက်နေရဦးမယ်..."
ရွှေဝတီတစ်ယောက် အရောင်းဝယ်ဆိုသည့် စကားကြားလိုက်ရ၍ အံ့သြလှစွာဖြင့်
" ဟင့်.... အရောင်းဝယ်... နင်နဲ့ငါကြားမှာ ဘာအရောင်းဝယ်လုပ်ရမှာလဲ..... နင်နော်အရေမရ အဖတ်မရစကားတွေ မူးမူးနဲ့ ပြောမနေနဲ့ ဒီလိုဆို ငါပြန်တော့မယ်...."
" ဟဟ.... ဆန္ဒတွေမစောပါနဲ့ ဒေါ်ရွှေဝတီရယ်.... အရင်ကဆို ညဆယ့်တစ်နာရီလောက်ထိ ဒီအခန်းထဲမှာ နင်နဲ့ငါ ပျော်နေကြပဲလေ့ အခုတော့... ပြန်တော့မယ်တဲ့လား အစောကြီး ရှိပါသေးတယ်... ထိုင်ပါဦး အေးဆေးပေါ့...."
ရွှေဝတီတစ်ယောက် မရှည်သောစိတ်ကို ထိန်းချုပ်ပြီး ထိုင်နေကျ နှစ်ယောက်ထိုင် ဆိုဖါခုံရှည် လေးပေါ်မှာ အသာထိုင်လိုက်ကာ....
" ကဲ... လိုရင်းကို ပြောဖို့ ငါတောင်းပန်ပါတယ် ဝေဦးရာ...."
" အိုးကေ... ငါမပြောခင်နင့်ရှေ့ကစားပွဲပေါ်မှာ တင်ထားတဲ့ လက်ပတော့ထဲက ဗီဒီယိုဖွိုင်လေးကို အရင်ဖွင့်ကြည်.လိုက်ပါဦး..... ပြီးမှလိုရင်းကို ဆွေးနွေးကြတာပေါ့...."
မိမိရှေ့ကျောက်စားပွဲပုလေးပေါ်မှာ တင်ထားသည့် လက်တော့ပ်ကို ဖွင့်ကြည့်လိုက်သည့်အခါ စကရင်ပေါ်မှာ မြင်လိုက်ရတဲ့ မြင်ကွင်းက ရွှေဝတီတစ်ယောက် မယုံကြည်နိုင်လောက်အောင် အံ့သြခြင်း၊ ရှက်ရွံ့ခြင်း၊ ဒေါသထွက်ခြင်းတို့ တစ်ပြိုင်နက်တည်း စု့ပြုံခံစားလိုက်ရပြီး၊ ရှေ့မှာရပ်နေသော ဝေဦးမျက်နှာဆီသို. လက်ပတော့ဖြင့်
" ဟင့်... အယုတ်တမာကောင် နင့်မှာ နှမခြင်း ကိုယ်ခြင်းစာစိတ်မရှိဘူးလား ခွေးတိရိဆ္တန်ကောင်ရဲ့ "
ဟု့ပြောပြီး ပစ်ပေါက်လိုက်ကာ ရှိုက်ကြီးတငင် ငိုကြွေးပါတော့သည်။ မှားပြီအဖေနဲ့အမေရယ် သမီးမှားပါပြီ... ဖေဖေနဲ့မေမေ စကားကို နားမထောင်ပဲ တင်ရာစိုင်းခဲ့မိတဲ့ အဖြစ်၊ အခုသမီးကောင်းကောင်းကြီး ခံစားနေရပါပြီ အဖေရယ်... အဖေပြောခဲ့တဲ့ သမီးနောင်ရေး အခက်တွေ့မယ်ဆို... အခု သမီးဒုက္ခကောင်းကောင်းရောက်ပါပြီ... ကိုကိုသာ သိရင်တော့ သမီးဘ၀ မြောင်းထဲရောက်ပါပြီ... ဒီထက်ဆိုးတာက ကိုကိုမုန်းသွားမှာ အကြောက်ဆုံးပါ... နီးရဖို့ လက်တစ်ကမ်းလိုတဲ့ အချိန်ရောက်မှ သမီးမစဉ်းစား မဆင်ချင်မိတဲ့၊ အနောက်တိုင်းယဉ်ကျေးမှု့ကို အဟုတ်ထင်ပြီးတော့ အတု့ယူမှားခဲ့မိတဲ့ ဖြစ်တွေက သမီးတို့နှစ်ယောက်ကို ဝေးရအောင် ဖန်တီးလာတော့မယ် ဖေဖေရယ်... သမီးတို့ မြန်မာယောက်ျားလေးတွေဟာ သူတို့ကိုယ် သူတို့ တစ်ခြားမိန်းကလေးတွေနဲ့ ဘယ်လောက်ပဲ ရှုပ်ရှုပ် သူတို့ယူမယ့် မိန်းကလေးကို အပျိုစင်လေးပဲ ဖြစ်စေချင်ကြတာ သမီးသိလိုက်ရပါပြီ ဖေဖေရယ်...ဟု ရွှေဝတီတစ်ယောက်စိတ်ထဲတွင် သူမ၏ အဖေကိုတိုင်တည်ပြီး ငိုနေပါတော့သည်။
"ငိုပါ... အားရအောင်ငိုပါ... အခုနင်ခံစားခဲ့ရသလို ငါလဲနင်ရက်စက်ခဲ့တဲ့ အချိန်တုန်းက ခံစားခဲ့ရပြီးပြီ... ကဲ.. အခုနင်နဲ့ငါဆွေးနွေးကြရအောင် တစ်ကယ်လို့သာ ငါဟာ ဒီ ဗီဒီယိုဖွိုင်ကို အခုနင်ယူမယ့် နင့်ခင်ပွန်းလောင်းဆီ ပို့လိုက်မယ်ဆိုရင် နင်ဘယ်လိုဖြစ်သွားမလဲဆိုတာ သိတယ်နော်... အဲဒီတော့ နင်နဲ့ငါ အပေးယူတစ်ခုလုပ်ကြမယ်.... "
ဝေဦးစကားမဆုံးခင် ရွှေဝတီတစ်ယောက် တုန်လှုပ်ခြောက်ခြားလှစွာဖြင့်
" နင်...နင်..ဘာလိုလဲ.. ငါဘာလုပ်ပေးရမလဲ မြန်မြန်ပြော..."
" သိန်းတစ်ရာပေးပါ.... ငါအခုငွေအရမ်းလိုနေတယ်... အရင်မိန်းကလေးနှစ်ယောက်ဆီကလဲ ငါအခုလိုမျိုး ငွေညစ်ပြီးပြီ.. အခုနင့်အလှည့်ပေါ့....."
" ထွီ....ယုတ်မှာပက်စက်လိုက်တဲ့ အကြံပါလား...ယောက်ျားဖြစ်ပြီးတော့ နင်တော်တော်အောက်တန်းကျပါလား...ပိုင်းလုံးကောင်ရဲ့ ငါ့တစ်ယောက်ထဲကိုတောင် မဟုတ်ဘူး တစ်ခြားမိန်းကလေးတွေပါ နင်က ရှုပ်လိုက်သေးတယ် နင့်ကိုငါတော်တော်ရွံသွားပြီ သိလား.... နင်နဲ့ပတ်သက်ခဲ့ဖူးတဲ့ ငါ့ကိုယ်ငါတောင် တော်တော်ရွံသွားပြီ... ဇကောလောက်မှဇောက်မနက်တဲ့ အကြံသမား၊ အခွင့်ရေးသမား၊ လူယုတ်မာကောင်ရဲ့......"
" ပြောပါ... နင်အားရအောင်ပြောပါ... နင်ပြောတာတွေက ငါ့အဖို့ ပန်းနဲ့ ပေါက်တာလောက်ပဲ ခံစားရပါတယ်..အခုငါ အရမ်းလိုနေတာကငွေပဲဟ... နင်ပေးမလား မပေးဘူးလား ဒါပဲငါသိချင်တယ်..."
" နင့်လိုလူကိုငါလွယ်လွယ်နဲ့ မပေးနိုင်ဘူး ကတိတခုတောင်းရမယ်... ဒီသိန်းတစ်ရာနဲ့ နင်ရပ်မလား နောက်မတောင်းတော့ပါဘူးလို. နင်ကတိပေးနိုင်မလား..."
" အဟဲ...ဒါကတော့ဟာ... နင့်လိုသူဌေးသမီးတစ်ယောက်ကို လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ သူတစ်ယောက်အနေနဲ့ ဒီသိန်းတစ်ရာလောက်နဲ့တော့ မကျေနပ်နိုင်ဘူး... နောက် ငါလိုအပ်လာတဲ့အခါ ငါထပ်တောင်းသင့်ရင် တောင်းရမှာပေါ့..... ဒါမှမဟုတ်ရင် နင်ငါ့ကို လက်ထပ်လိုက်လေ့...."
" ဟားဟား လို့ရီလိုက်ချင်တော့တယ်...ဝေဦးရယ်.. နင့်လိုလူယုတ်မာတစ်ယောက်ကို လက်ထပ်မဲ့အစား ငါအသေခံလိုက်မယ် နားလည်လား... နင့်ပါးစပ်မို့ ဒီစကားပြောထွက်တယ်...."
" နင်တော်တော်ရက်စက်တယ် ၀တီရယ်... ငါတွေ့ဖူးသမျှ မိန်းကလေးတွေထဲမှာ နင့်တစ်ယောက် စွဲမက်စရာအကောင်းဆုံးပါပဲ... နင့်ကိုငါ တကယ် ချစ်တာပါ.. ငါနင့်ကို မခွဲနိုင်ပါဘူး...."
ပြောပြောဆိုဆိုဖြင့် ဝေဦးသည် ရွှေဝတီအနားသို့ တိုးကပ်လာပြီး ဖက်လိုက်ရာ ကျားနာမလေးအသွင်သို့ ကူးပြောင်းနေပြီ ဖြစ်သော ရွှေဝတီတစ်ယောက် အားကုန်ဆောင့်တွန်းလိုက်သဖြင့် အမူးလွန်နေပြီဖြစ်သည့် ဝေဦးတစ်ယောက် သူ့ကိုယ်သူ မထိန်းနိုင်တော့ပဲ နောက်ပြန်လှန်ကျသွားပြီး သူ့အနောက်တွင်ရှိသော ကျောက်စားပွဲစွန်းနှင့် နောက်စေ့ ခွပ်ခနဲမြည်အောင် ဆောင့်လိုက်ပါတော့သည်။
ရုတ်တရက်မို့ ရွှေဝတီတစ်ယောက် မျက်စိရှေ့မှာ မမျှော်လင့်ပဲ ဖြစ်သွားသော အဖြစ်ပျက်ကို အတန်ကြာကြောင်ငေးကြည်. နေမိပါတော့သည်။ နောက်စေ့ဆောင့်မိသော ဒဏ်ရာမှသွေးများ တစ်ဖြည်းဖြည်း အိုင်ထွန်းလာပြီ သွေးအိုင်ထဲမှာ မလှုပ်မယှက် ငြိမ်သက်သွားသော ဝေဦးကို ကြည့်ရင်း တုန်လှုပ်ခြောက်ခြားမှု့နှင့်အတူ စိုးရိမ်ထိတ်လန့်လာကာ အသံကုန် အော်လိုက်ပါတော့သည်။ ဆူညံစွာဖွင့်ထားသော ဆောင်ဘောက်အသံ နှင့် အသံလုံခန်းဖြစ်နေသည်မို့ အပြင်မှလူများ မကြားနိုင်သည်ကို သတိရကာ အခန်းတံခါး ဆွဲဖွင့်လိုက်ပြီး အပြင်မှ လူများကို ဟစ်အော် အကူညီတောင်းမိပါတော့သည်။
××××× ××××× ×××× ×××× ××××
အခန်း ( ခြောက် )
( ဇတ်သိမ်းပိုင်း )
ထိုနေ့သည် ရွှေဝတီကို အမိန့်ချမှတ်မည့် ရက်ဖြစ်သည်မို့၊ အသက်ငယ်ငယ်ချောချော ကောင်မလေးတစ်ယောက်၏ လူသတ်မှု့ကို စိတ်ဝင်တစား လာရောက်နားထောင်သူတွေဖြင့် တရားရုံးထဲတွင် ပြည့်လျှံနေပါတော့သည်။ တရားခံဝက်ခြံလေးထဲမှာတော့ ညိုးငယ်လှစွာဖြင့် ရပ်နေသည့် ချစ်သူရွှေဝတီကို ကြည့်ရင် မိုးထက်မြင့်၏ ရင်ထဲတွင် သနားဂရုဏာစိတ်များ တစိမ့်စိမ့်ယိုစီး နေမိပါတော့သည်။ အရင်ကဖြစ်ခဲ့သမျှ အရာအားလုံးကိုခွင့်လွှတ်နားလည်စွာဖြင့် သူမအပေါ် တစ်သက်တွင် တစ်ခါမှမဖြစ်ပေါ်ခဲ့ဖူးသည့်အချစ်များစွာဖြင့် ချစ်မြတ်နိုးမိခဲ့ပါသည်။
တရားသူကြီးမင်းသည် နောက်မှီမြင့်မြင့် ကုလားထိုင်ကြီးပေါ်တွင် ထိုင်ကာ သစ်သားတူလေးဖြင့် ထုလိုက်ရာ တီးတိုးပြောဆိုနေကြသည့် ပုရိတ်သတ်များသည် မီးကို ရေနှင့်ဖြန်းလိုက်သကဲ့သို့ တိတ်ဆိတ် ငြိမ်သက်သွားပါတော့သည်။ ၀က်ခြံလေးထဲတွင်ရှိနေသော တရာခံကို တစ်ချက်မျက်လွှာပင့်ကြည့်လိုက်ပြီး တရားလိုနှင့် တရားခံ ရှေ့နေများ၏ လျှောက်လှဲချက်များကို ခြုံငုံသုံးသပ်ပြောဆိုသွားကာ နောက်ဆုံး အမိန့်ချမှတ်ပါတော့သည်.......
" အမိန့် "
"တရာခံ ဒေါ်ရွှေဝတီသည် ယောက်ျားတစ်ဦး၏ အလိုမတူပဲ အနိုင်ထက်ပြု့မူ ခြင်းအပေါ် ခုခံကာကွယ်ခြင်း၊ ကြိုတင်ကြံစည်မှု့မရှိပဲ သေဆုံးသူအပေါ် သေစေရန်မရည်ရွယ်ပဲ မတော်တဆဖြစ်သွားခြင်း၊ ယခင်ပြစ်မှု.ကင်းရှင်းခြင်း အစရှိသည်တို့ကြောင့် အလုပ်နှင့် ထောင်ဒဏ် သုံးနှစ်ကျခံစေရမည်၊ ချုပ်ရက်များကို ထုတ်နှုတ်ခံစားခွင့် ရှိသည်"
အမိန့်ချမှတ်သံ အဆုံးတွင် ရွှေဝတီတစ်ယောက် မျက်ရည်ပေါက်ပေါက် ကျလာပါတော့သည်။ စီးကျလာသည့် မျက်ရည်များကို လက်ထိပ်ခတ်ထားသည့်လက်အစုံဖြင့် ပွတ်သပ်ပြစ်လိုက်ပါသည်။ ၀မ်းနည်းလှစွာ ငိုကြွေးနေသည့်မေမေ၊ သမီးလေး၏အဖြစ်ကို စိတ်ထိခိုက်လှစွာဖြင့် မေးကြောကြီးများ ထောင်နေအောင် အံကြိတ်ပြီး စိတ်တင်းနေရသော ဖေဖေ တို့အဖြစ်ကို မြင်ရသောအခါ စိတ်တို့က ထိန်းမရအောင်ဝမ်းနည်း ပူဆွေးမိပြန်သည်။ ကိုကိုရဲ့မေမေကလည်း
" သမီးလေး ဖြစ်ပြီး ခဲ့တာတွေကို တွေးပြီး စိတ်မကောင်းမဖြစ်ပါနဲနော်...သမီးလေး လွတ်မြှောက်လာတဲ့တနေ့ကျရင် သမီးလေးတို့မင်္ဂလာပွဲကို ပြန်လည်ကျင်းပပေးမယ်နော်.."
" ညီမလေး ၀တီ.....ညီမလေး အရင်က ဖြစ်ခဲ့တာတွေ ကိုကိုအားလုံးသိပြီးပါပြီ။ အားလုံးကိုခွင့်လွတ်နားလည်ပေးလို့လည်း ကိုကိုညီမလေးကို လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တာပေါ့....။ ဒါပေမယ့်..အခုတော့စိတ်မကောင်းဖြစ်ရမယ့်ဟာတွေ ဘာမှမတွေးနဲ့တော့နော် သုံးနှစ်ဆိုတဲ့အချိန်ဟာ ဘာမှမကြာပါဘူး။ ကိုကိုသစ္စာရှိရှိနဲညီမလေးကိုစောင့်နေမှာပါ... ညီမလေးထောင်ကလွတ်လာတာနဲ့ ညီမလေးရဲ့ဘ၀အနာဂတ် စိတ်ညစ်စရာတွေလုံးဝမရှိတော့ပဲနဲ့ ပျော်ရွှင်စရာတွေပဲ ကြုံတွေရတော့မှာပါ... ကိုကိုတစ်သက်လုံး ညီမလေးအပေါ် ခွင့်လွတ်နားလည် ကြင်နာစွာနဲ့ချစ်သွားဖို့ ကိုကိုရဲ့ ဟောဒီရင်ခွင်ဦးကနေစောင်ကြိုနေမယ်နော်....။
သဘောထားကြီးလွန်းလှတဲ့ ကိုကိုရဲ့ အချစ်ကို ရွှေဝတီ တကယ်ပင်လေးစားမိခဲ့ပါသည်။ ကိုကိုဒီအကြောင်းတွေ သိပြီးပြီဆိုတာကို ရွှေဝတီတစ်ယောက် အစကကြိုသိခဲ့ရင် ဒီလိုအဖြစ်ဆိုးထိရောက်ခဲ့မှာ မဟုတ်ဟု့ ရွှေဝတီတစ်ယောက် တွေးမိကာ ၀မ်းနည်းစွားဖြင့် ငိုကြွေးမိပါသည်။ ဒါပေမယ့်လည်း နောင်တွင်မိမိလိုအဖြစ်ဆိုးတွေကို တခြားမိန်းကလေးတွေ မကြုံတွေ့စေရန်အတွက် ဒီလူယုတ်မာ၏ ဘ၀နှင့် မိမိအချိန်သုံးနှစ်ကို လဲလိုက်ရသည့် အဖြစ်ကိုမူ ရွှေဝတီကျေနပ်မိပါသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် မိမိပြု့ခဲ့သည့်အဖြစ်တွေ အားလုံးခွင့်လွှတ်နားလည်ပေးပြီး မိမိအပေါ် ချစ်ခင်မြတ်နိုးလှစွာဖြင့် စောင့်ကြိုနေမည့်ကိုကိုရင်ခွင်ထဲမှာ အမြန်ဆုံးခိုလှုံခွင့် ရနိုင်ပါစေလို့ရွှေဝတီတစ်ယောက် ဆု့တောင်းရင်းဖြင့်........။
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Wednesday, 7 November 2012
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
November
(1044)
- လက်ပံတောင်းတောင် အကြမ်းဖက်မှုကို မြန်မာသံဃာတော်မျာ...
- သံဃာတော်များကို စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့တရားဝင်ေ...
- ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ တွင် နိုဝင်ဘာလ ၃၀ ...
- မိုးထိမိုးမိ ရွှေလုပ်သားများ အဖွဲ့ခေါင်းဆောင်များ က...
- မိုဘိုင်းဖုန်းများ အင်တာနက်သုံးစွဲမှုကို Time Based...
- လက်ပန်းတောင်း ကြေးနီစီမံကိန်း ဆက်လုပ်ရေး အခြေအနေ ဖ...
- သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှုကို မန္တလေး သံဃာတော်မျ...
- လာဘ်စားမှုများကို ပြည်ထဲရေးဌာန ကိုင်တွယ်အရေးယူမည်
- အမျိုးသားဒီမိုကရေစီအဖွဲချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည...
- လက်ပန်တာင်းတောင်ကိစ္စ သမ္မတကြီး တာဝန်မယူ ပါက နှုတ်ထွက...
- ၀န်ကြီးချုပ် ဦးသာအေး ၏ နေ့ဆွမ်းဆပ်ကပ် လှူဒါန်းမှု အ...
- လက်ပန်းတောင်း အကြမ်းဖက်မှု ဒေါ်အောင်ဆန်းစုကြည် ရှုတ်ချ
- ရဲသုံးဦး လူသတ်မှုကျူးလွန်
- ရှေ့ကသွားနောက်ကလိုက် အနာဂတ်ကို ကိုက်ခဲနေတဲ့ ယမကာ ယ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- မုံရွာကြေးနီစီမံကိန်း သုံးသပ်ချက် တရုတ်သံရုံး ထ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- တကယ်မွှေးမှာလား ကံ့ကော်မြေ
- သပိတ် စခန်းတွေကို အင်အားသုံး ဖြိုဖျက်ဖို့  နေပြည်ေ...
- နျူပစ္စည်းတွေကိစ္စ သမ္မတ ဦးသိန်းစိန်ကို ကန်အထက် လွှတ်ေ...
- နိုဝင်ဘာ ၃၀ ရက်နေ့ထုတ် Premier Eleven Sports Journ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- “ ဤ ”ကို “ကျွဲ” ဖတ်ရန်အတွက် အုပ်စုဖွဲ့ ညီညွတ်ကြလေေ...
- “ ဤ ”ကို “ကျွဲ” ဖတ်ရန်အတွက် အုပ်စုဖွဲ့ ညီညွတ်ကြလေေ...
- အစိုးရက ဘာကြောင့် ဒီလို ဖြိုခွင်းတာလဲ
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- နိုဝင်ဘာလ (၂၉) ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁...
- ဒီဇင်ဘာလ (၂) ရက်နေ့ ထုတ် EURO SPORTS JOURNAL VOL 4...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- သတင်းထုတ်ပြန်ချက် ၁၁-၂၀၁၂ အား ပယ်ဖျက်လိုက်ပါကြောင်း
- သံဃာတော် များမှာ ဖော့စဖိတ် ပါသော မီးခိုးဗုံး အမျို...
- ယခင်အစိုးရနှင့် စီမံကိန်းအား ကာကွယ်၍ သတင်းထုတ်ပြန်...
- သပိတ်အင်အား ၈၀ ကျော် ဒဏ်ရာရ၊ သံဃာ အပါး ၃ဝ ဆေးရုံတင...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- DVB 29.11.2012 - 4pm News
- ၁- မင်္ဂလသုတ်-
- ပိဋကတ် ၃ပုံ မြန်မာပြန် စာအုပ် Download(33.5MB)
- မြန်မာ့ပညာရေး မြှင့်တင်ရန် အမေရိကန် တက္ကသိုလ်များ က...
- စစ်တပ်လွှဲပြောင်း သံမဏိစက်ရုံ နှစ်ရုံအတွက် ငွေဘီလီယ...
- လက်ပံတောင်း အကြပ်အတည်း ညှိနှိုင်းအဖြေရှာရန် ဒေါ်အောင...
- ဖြိုခွင်းခံရလည်း လက်ပံတောင်းအရေး မပြီးဟုဆို
- လက်ပံတောင်းအရေး ပြေလည်ရန် ကြိုးစားမည်ဟု ဒေါ်အောင်ဆန...
- ဦးခင်ညွန့်နဲ့ ခဏတဖြုတ် ဆုံတွေ့ခြင်း
- အလုပ်သမား အထောက်အထားများ အလုပ်ရှင်သိမ်းဆည်းပါက တို...
- မတင်နီလာအေး အမှု စွဲချက်တင်တော့မည်
- တော်ဝင် သစ်စက်အရေး ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက်ချပြီ
- လက်ပံတောင်းအရေး ထိပ်တိုက်တွေ့မှာ စိုးရိမ်နေ
- ပျက်စီးနေသော တရားစီရင်ရေးနှင့် ချည့်နဲ့နေသော မဏ္ဍိုင...
- လက်ပံတောင်း အင်အားသုံး ဖြိုခွင်းမှုကို ဒီလိုမြင်ကြတယ်
- တန်ဆောင်တိုင် စာအုပ်ဈေးရောင်း ပွဲတော် ကျင်းပလျက်ရှိ
- အကျဉ်းဦးစီး ဌာန၏ မိသားစု ဘုံကထိန်တွင် သိန်း ၁၇၀ ကေ...
- ဒီဇင်ဘာလ အတွင်း တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်ရန်...
- တန်ဆောင်တိုင် မသိုးသင်္ကန်း ရက်လုပ် လှူဒါန်းခဲ့
- ၁၈ ကြိမ်မြောက် ကိုယ်ကာယ ကြံ့ခိုင်မှု ပြိုင်ပွဲ ပြုလ...
- ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဒီရေတော ထိန်...
- လာမည့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လတွင် ငမိုးရိပ် ဒုတိ...
- ၂၀၁၃ နှစ်ဆန်းပိုင်းတွင် ၅၀၀ ကေဗွီဓာတ်အား လိုင်း၏ အ...
- ရန်ကုန်အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ကွန်ဒို တိုက်ခန...
- Anti-Copper Mine Demonstration Update
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လက်ပံတောင်းတောင်သပိတ်စခန်းဖြိုခွဲ ၊ သံဃာတော် အပါး(...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- ဆန္ဒပြသူများအပေါ် အစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံကို ဝေဖန်
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- ကြေနီစီမံကိန်းရပ်တန့်ရေးသပိတ်စခန်း ဖြိုခွင်းမှု အသံ...
- ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုင်ကုမ္ပဏီနှင့် တွေ...
- သပိတ်စခန်းများကို အကြမ်းဖက် နှိမ်နင်းမှုကြောင့် သံဃ...
- လုံခြုံရေးများ ပိတ်ဆို့ထားသဖြင့် ဒဏ်ရာရှိသူများကို...
- လက်ပံတောင်းတောင် စီမံကိန်းရှိ သပိတ်စခန်းများအား (ဓ...
- မြန်မာပြည်က စပစ်ဖိုင်းယားတွေကို တူးတော့မယ်
- လက်ပံတောင်း တောင် သပိတ် လူစုခွဲ
- အစိုးရလုံခြုံရေးတပ်တွေ မီးလောင်ဗုံးသုံးပြီး သပိတ်ခွဲ
- လက်ပံတောင်းအရေးပေါ်သတင်း
- တိုက်ပွဲများ ဆက်လက်မဖြစ်ပွားရန် အစိုးရအဖွဲ့မှ ကတိတ...
- ကြာသပတေးနေ့ တီဗွီသတင်းများ
- လက်ပန်းတောင်းတောင် သပိတ်စခန်း လုံထိန်းရဲတွေ စီးနင်...
- ဓာတ်ပုံလေးတွေကို Effect တွေ နောက်ခံသီချင်းတွေနဲ့ D...
- မိုင် ၂၄၀ ကျော် ခရီးရှည် မသန်စွမ်း ၀ှီးချဲစွမ်းရည်...
- ညောင်နှစ်ပင်မှ သင်္ကန်းကျွန်း အထိ ရေပို့ပိုက်မကြီး သ...
- 2012- Korea- Myanmar Medical Tourism Forum ပထမဆုံး...
- ၁၃ ကြိမ်မြောက် ဂရိတ်ဝေါ ASIA အမျိုးသား တံခွန်စိုက်...
- ICT ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဖိုရမ် ကျင်းပခဲ့
- မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စီးပွားရေး ကုန်သွယ်မှုမျ...
- မကြာမီ လပိုင်း အတွင်း GSM တန်ဖိုးနည်း ဖုန်းများ ထပ...
- ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ မိုဘိုင်းဖုန်း၊ အင်တာနက...
- ယာဉ်အမျိုးအစား အလိုက် ကုန်တန်ချိန် တင်ဆောင်မှု တိုး...
- မန္တလေးတက္ကသိုလ်ဆရာများအဖွဲ့ ခေါင်းဆောင်များ နယ်ပြော...
- တိုက်ပွဲဝင် သပိတ်စခန်းများ အရေး ဗကသများ အဖွဲ့ချုပ်...
- လက်ပံတောင်းတောင်အရေး ဦးဆောင်သူများအား ပုဒ်မ-၅၀၅/ခ ...
- နမ့်စန်မြို့နယ် NLD အဖွဲ့ဝင်တစ်ဦးအား အမှတ်(၅၁၆)တပ်...
- » ပျောက်သွားတဲ့ နိုင်ငံသား စီစစ်ရေး ကတ်ပြား ကျပ် (...
- လက်ပံတောင်းတောင် နောက်ဆုံး မျှော်လင့်ချက် အတွက် သွ...
- စစ်တွေကို ထွက်ပြေး လာတဲ့ မွတ်ဆလင်တွေ နေရပ် ပြန်ပို...
- ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် အငြိမ်းစားပုဂ္ဂို...
- နိုဝင်ဘာလ (၂၉) ရက်နေ့ ထုတ် The Hot News (Vol-3,No-...
- သပိတ် စခန်းတွေ ဖယ်ဖို့ ကြေညာချက်ထုတ် ထားပေမယ့် ဆက်...
- အီဂျစ် နိုင်ငံသား ထောင်သောင်းချီ စုဝေး
- လစ်ဗျားသံရုံးတိုက်ခိုက်မှု သတင်းအမှားပေး
- ဆီးရီးယား အစိုးရ လေကြောင်း ထိုးစစ်ကြောင့် အများအပြ...
- လက်ပန်းတောင်း သပိတ်စခန်းတွေဖျက်ဖို့ အမိန့်ထုတ်
- ဌာနေပြန် ရွှေတွင်းအလုပ်သမားတွေ အခက်တွေ့နေ
- လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ယနေ့ည ...
- ကြေးနီတောင်စီမံကိန်း ဖျက်သိမ်းပေးရေး သပိတ်ကော်မတီ ...
- ပုသိမ်လေတပ်စခန်း အတွင်း ဝါယာရှော့ခ်ကြောင့် မီးလောင...
- မြေကျင်းထဲတွင် အမျိုးသား ၃ ဦး သေဆုံး
- ရဲတပ်ဖွဲ့ ဝင်တဦး၏ (၁၄) နှစ်အရွယ် သမီးကို ရဲတပ်ဖွဲ ...
- အဆင်မြင့် ၇ည်းစား စကားး
- ဆရာမ ရိုက်မှုကြောင့် မူလတန်း ကျောင်းသား တစ်ဦး ဆေးရံ...
- လက်ပံတောင်းတောင်အရေးနှင့် အချုပ်ကျနေသူများအတွက် ဒု...
- အာဏာပိုင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဒေသအကျ...
- ဒေါ်စုနှင့် ဦးသိန်းစိန် ‘ကမ္ဘာဆန်ဆန် တွေးခေါ်သူ’ သတ်မ...
- ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ မိုဘိုင်းဖုန်း၊ အင်တာနက...
- ရန်ကုန်-မန္တလေးကားလမ်းမပေါ် ယာဉ်တိမ်းမှောက် တရုတ်အမျ...
- ဇွဲကပင်ဆောင် စာစစ်ဌာနတွင် မီးလောင်
- ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြခေါင်းဆောင်အချို့က...
- တေးသံရှင် Dဖြိုး စိတ်ကြွဆေးပြား တွေ့ရှိမှုဖြင့် အဖ...
- ကျိုက်ထီးရိုးဆံတော်ရှင်မှာ ချွေသည့်ဆု
- အစ္စလာမ်ညီအကိုတော်ရုံး ဆန္ဒပြသူတွေဝင်စီး
- မုံရွာဆန္ဒပြသံဃာများ ဆားလင်းကြီးသပိတ်စခန်းများနှင့်...
- မိုးထိမိုးမိရွှေလုပ်သားများ အစိုးရနှင့် ညှိနှိုင်း
- ပြည်တွင်းထိပ်တန်း ကုမ္ပဏီကြီးများက စက်သုံးဆီများ တရ...
- ညောင်ဦးမြို့ တုရွင်းတောင်အနီး မီးရထားနှင့်ကား တိုက...
- မုံရွာမြို့ ချင်းတွင်းမြစ်ကမ်းဘေးတွင် သံဃာတော်များ...
- ပြုပြင် ပြောင်းလဲမှုတွေကို စောင့်ကြည့် ရမယ်လို့ ဒေါ်...
-
▼
November
(1044)
No comments:
Post a Comment