Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Thursday, 29 November 2012
မတင်နီလာအေး အမှု စွဲချက်တင်တော့မည်
ကိုယ်ထိလက်ရောက် ကျူးလွန်ခံရမှုများအတွက် အမှုဖွင့်တိုင်းတန်းထားသော မတင်နီလာအေး၏ အမှုကို မန္တလေး မဟာအောင်မြေ မြို့နယ်တရာရုံးက စွပ်စွဲခံရသူအား ရက်ပိုင်းအတွင်း စွဲချက်တင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အသက် ၁၄ နှစ်အရွယ်ရှိ အိမ်အကူ အလုပ်သမ မတင်နီလာအေးက အိမ်ရှင် ဒေါ်ခင်နီလာဝင်း (ခ) ဒေါ်နီနီကို ညစ်ညမ်းစွာ ဆဲဆိုမှု၊ နာကျင်စေမှုတို့ဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄/၃၂၃ တို့ဖြင့် အမှုဖွင့်တိုင်ကြားထားမှုကို ဒီဇင်ဘာ ၅ ရက်နေ့တွင် စွဲချက်တင်တော့မည်ဖြစ်ကြောင်း မတင်နီလာအေး၏ ရှေ့နေ ဦးဇော်ဟိန်းအောင်က ပြောသည်။
“စွဲထားတဲ့ ၂ မှုထဲက ဒီတမှုကို တရားရုံးက အရင်စွဲချက်တင်မှာ ကျန်တဲ့ တမှုကတော့ စစ်ဆေးဆဲကာလမို့လို့၊ တရားရုံးက ဘယ်လိုပုံစံနဲ့ စွဲချက်တင်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပဲ။ အမှုကတော့ ဆေးစာအရရော၊ ဒဏ်ရာအရရော မြောက်ပြီးသားပဲလေ” ဟု ရှေ့နေ ဦးဇော်ဟိန်းအောင်က ဧရာဝတီသို့ ပြောသည်။
အမှုဖွင့်ထားသော ၂ မှုအနက် အခြားတမှုမှာ စွပ်စွဲခံရသူများကို စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။ ထိုအမှုမှာ မတင်နီလာအေး ဒဏ်ရာရရှိစဉ်က ဆေးစစ်ချက် ဓာတ်မှန်များကို အမှုဖွင့်ခံထားရသူ ဒေါ်ခင်နီလာဝင်းမှ တရားမဝင် သိမ်းယူသွားခဲ့သဖြင့် မိမိပိုင်ပစ္စည်းမဟုတ်ဘဲ မတရားသောနည်း၊ မရိုးမဖြောင့်သောနည်းဖြင့် ရယူမှု ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့် တိုင်တန်းထားခြင်း ဖြစ်သည်။
စွပ်စွဲခံထားရသူ ဒေါ်ခင်နီလာဝင်းက တရားရုံးတွင် ၎င်းအား စွဲဆိုထားချက်များနှင့် ပတ်သက်၍ ငြင်းဆိုခဲ့ကြောင်း သိရသည်။
မတင်နီလာအေးက “တရားရုံးမှာ သူ (ဒေါ်ခင်နီလာဝင်း) က မလုပ်ဘူးလို့ လိမ်ပြောတယ်၊ လုပ်ပြီးတော့ ဝန်မခံရဲဘူး။ သူကသမီးကို တကယ်လုပ်ခဲ့တာ။ မီးကြွေအိုး တိုက်တာ မပြန့်လို့ဆိုပြီး မီးကြွေအိုးနဲ့ သမီးကို ကပ်တယ်။ အဝတ်လျှော်တာ မပြောင်လို့ ဆိုပြီးတော့မှ လက်ကို သံဘရပ်နဲ့ တိုက်တယ်။ အုတ်နံရံနဲ့လည်း ခေါင်းကိုတိုက်တာ ခေါင်းတောင်ပေါက်တယ်။ သမီး ပါးကိုလည်း သူစီးတဲ့ ဒေါက်ဖိနပ်နဲ့ ရိုက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယခုနှစ် ဇူလိုင်လ ၅ ရက်နေ့ နံနက်က မတင်နီလာအေးကို အိမ်ရှင် ဒေါ်ခင်နီလာဝင်းက ဒေါက်ဖိနပ်ဖြင့် ရိုက်ခြင်း၊ ကုလားထိုင်ဖြင့် ရိုက်ခြင်း၊ ပါးရိုက်ခြင်း၊ မီးပူဖြင့်ကပ်ခြင်း တို့ကြောင့် ဦးခေါင်း ပေါက်ပြဲဒဏ်ရာ၊ ဘယ်ဘက်လက် အရိုးကျိုးဒဏ်ရာ၊ နှုတ်ခမ်း ပေါက်ပြဲ ဒဏ်ရာနှင့် ခန္ဓာကိုယ်အနှံ့ အပူလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း မျက်မြင်များကလည်း ထွက်ဆိုထားသည်။
အမှုဖြစ်စဉ်နှင့် ပတ်သက်၍ အမှုဖွင့် တိုင်တန်းခံထားရသူ ဒေါ်ခင်နီလာဝင်းကို ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေဆိုခြင်း မရှိပေ။
တရားရုံး၌ အမှုရင်ဆိုင်ရာတွင် စွပ်စွဲခံရသူဘက်မှ ငွေကြေးအသုံးပြုပြီး သက်သေများကို ချည်းကပ်မှုများ ရှိနေကြောင်း ကြားသိရသဖြင့် တရားလိုအတွက် စိုးရိမ်စိတ်မကင်းဖြစ်မိကြောင်း အခင်းဖြစ်ပွားစဉ်က မတင်နီလာအေးကို ကယ်တင်ခဲ့သည့် မစိုးရိမ်တိုက်မှ ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။
သို့သော်လည်း အမှုဖွင့်ဆိုထားသော ၂ မှုလုံးတွင် တရားလိုဘက်မှ အထောက်ထား ခိုင်လုံမှုများရှိသဖြင့် တရားဘက်မှ အမှုမှလွတ်ကင်းရန် ကြိုးစား၍ မဖြစ်နိုင်တော့ကြောင်း၊ အကယ်၍ တရားရုံး၏ ဆုံးဖြတ်ချက် မျှတမှုမရှိပါက တိုင်းအဆင့်သို့ တက်ရန်ပင် စီစဉ်ထားပြီးဖြစ်ကြောင်း မတင်နီလာအေး၏ ရှေ့နေ ဦးအောင်ဇော်ဟိန်းက ပြောသည်။
ယခုအခါ တရားလို မတင်နီလာအေးမှာ ညီမ၊ မောင်ဖြစ်သူတို့နှင့်အတူ ဆရာတော် ဦးဝီရသူ၏ အကူအညီဖြင့် မန္တလေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးသင် အခမဲ့ ပညာရေးကျောင်းတွင် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
၂၀၁၂ ခုနှစ် မတ်လအတွင်းကလည်း ပဲခူးမြို့တွင် အသက် ၁၅ နှစ်အရွယ် အိမ်အကူအမျိုးသမီးငယ် မအေးယုအောင်ကို အိမ်ရှင် ပဲခူးမြို့ ဒုတိယ တရားသူကြီး၏ ဇနီးက မီးပူ၊ ပုလင်းနှင့် ဓားတို့ဖြင့် ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်မှု ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာသို့ အမှုဖွင့် တရားစွဲဆိုထားခဲ့သည်။ သို့သော်လည်း တရားခံဖြစ်သူမှာ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်သည်။
ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် (CRC) ကို ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ အတည်ပြုခဲ့ပြီး မြန်မာနိုင်ငံသည် CRC တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ၁၉၉၁ ခုနှစ်က လက်မှတ် ရေးထိုးခဲ့သည်။ မြန်မာနိုင်ငံ၏ ကလေးသူငယ်ဆိုင်ရာ ဥပဒေကို ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။ သို့သော်လည်း ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်မှု မရှိသေးပေ။
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
November
(1044)
- လက်ပံတောင်းတောင် အကြမ်းဖက်မှုကို မြန်မာသံဃာတော်မျာ...
- သံဃာတော်များကို စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့တရားဝင်ေ...
- ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ တွင် နိုဝင်ဘာလ ၃၀ ...
- မိုးထိမိုးမိ ရွှေလုပ်သားများ အဖွဲ့ခေါင်းဆောင်များ က...
- မိုဘိုင်းဖုန်းများ အင်တာနက်သုံးစွဲမှုကို Time Based...
- လက်ပန်းတောင်း ကြေးနီစီမံကိန်း ဆက်လုပ်ရေး အခြေအနေ ဖ...
- သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှုကို မန္တလေး သံဃာတော်မျ...
- လာဘ်စားမှုများကို ပြည်ထဲရေးဌာန ကိုင်တွယ်အရေးယူမည်
- အမျိုးသားဒီမိုကရေစီအဖွဲချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည...
- လက်ပန်တာင်းတောင်ကိစ္စ သမ္မတကြီး တာဝန်မယူ ပါက နှုတ်ထွက...
- ၀န်ကြီးချုပ် ဦးသာအေး ၏ နေ့ဆွမ်းဆပ်ကပ် လှူဒါန်းမှု အ...
- လက်ပန်းတောင်း အကြမ်းဖက်မှု ဒေါ်အောင်ဆန်းစုကြည် ရှုတ်ချ
- ရဲသုံးဦး လူသတ်မှုကျူးလွန်
- ရှေ့ကသွားနောက်ကလိုက် အနာဂတ်ကို ကိုက်ခဲနေတဲ့ ယမကာ ယ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- မုံရွာကြေးနီစီမံကိန်း သုံးသပ်ချက် တရုတ်သံရုံး ထ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- တကယ်မွှေးမှာလား ကံ့ကော်မြေ
- သပိတ် စခန်းတွေကို အင်အားသုံး ဖြိုဖျက်ဖို့  နေပြည်ေ...
- နျူပစ္စည်းတွေကိစ္စ သမ္မတ ဦးသိန်းစိန်ကို ကန်အထက် လွှတ်ေ...
- နိုဝင်ဘာ ၃၀ ရက်နေ့ထုတ် Premier Eleven Sports Journ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- “ ဤ ”ကို “ကျွဲ” ဖတ်ရန်အတွက် အုပ်စုဖွဲ့ ညီညွတ်ကြလေေ...
- “ ဤ ”ကို “ကျွဲ” ဖတ်ရန်အတွက် အုပ်စုဖွဲ့ ညီညွတ်ကြလေေ...
- အစိုးရက ဘာကြောင့် ဒီလို ဖြိုခွင်းတာလဲ
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- နိုဝင်ဘာလ (၂၉) ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁...
- ဒီဇင်ဘာလ (၂) ရက်နေ့ ထုတ် EURO SPORTS JOURNAL VOL 4...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- သတင်းထုတ်ပြန်ချက် ၁၁-၂၀၁၂ အား ပယ်ဖျက်လိုက်ပါကြောင်း
- သံဃာတော် များမှာ ဖော့စဖိတ် ပါသော မီးခိုးဗုံး အမျို...
- ယခင်အစိုးရနှင့် စီမံကိန်းအား ကာကွယ်၍ သတင်းထုတ်ပြန်...
- သပိတ်အင်အား ၈၀ ကျော် ဒဏ်ရာရ၊ သံဃာ အပါး ၃ဝ ဆေးရုံတင...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- DVB 29.11.2012 - 4pm News
- ၁- မင်္ဂလသုတ်-
- ပိဋကတ် ၃ပုံ မြန်မာပြန် စာအုပ် Download(33.5MB)
- မြန်မာ့ပညာရေး မြှင့်တင်ရန် အမေရိကန် တက္ကသိုလ်များ က...
- စစ်တပ်လွှဲပြောင်း သံမဏိစက်ရုံ နှစ်ရုံအတွက် ငွေဘီလီယ...
- လက်ပံတောင်း အကြပ်အတည်း ညှိနှိုင်းအဖြေရှာရန် ဒေါ်အောင...
- ဖြိုခွင်းခံရလည်း လက်ပံတောင်းအရေး မပြီးဟုဆို
- လက်ပံတောင်းအရေး ပြေလည်ရန် ကြိုးစားမည်ဟု ဒေါ်အောင်ဆန...
- ဦးခင်ညွန့်နဲ့ ခဏတဖြုတ် ဆုံတွေ့ခြင်း
- အလုပ်သမား အထောက်အထားများ အလုပ်ရှင်သိမ်းဆည်းပါက တို...
- မတင်နီလာအေး အမှု စွဲချက်တင်တော့မည်
- တော်ဝင် သစ်စက်အရေး ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက်ချပြီ
- လက်ပံတောင်းအရေး ထိပ်တိုက်တွေ့မှာ စိုးရိမ်နေ
- ပျက်စီးနေသော တရားစီရင်ရေးနှင့် ချည့်နဲ့နေသော မဏ္ဍိုင...
- လက်ပံတောင်း အင်အားသုံး ဖြိုခွင်းမှုကို ဒီလိုမြင်ကြတယ်
- တန်ဆောင်တိုင် စာအုပ်ဈေးရောင်း ပွဲတော် ကျင်းပလျက်ရှိ
- အကျဉ်းဦးစီး ဌာန၏ မိသားစု ဘုံကထိန်တွင် သိန်း ၁၇၀ ကေ...
- ဒီဇင်ဘာလ အတွင်း တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်ရန်...
- တန်ဆောင်တိုင် မသိုးသင်္ကန်း ရက်လုပ် လှူဒါန်းခဲ့
- ၁၈ ကြိမ်မြောက် ကိုယ်ကာယ ကြံ့ခိုင်မှု ပြိုင်ပွဲ ပြုလ...
- ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဒီရေတော ထိန်...
- လာမည့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လတွင် ငမိုးရိပ် ဒုတိ...
- ၂၀၁၃ နှစ်ဆန်းပိုင်းတွင် ၅၀၀ ကေဗွီဓာတ်အား လိုင်း၏ အ...
- ရန်ကုန်အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ကွန်ဒို တိုက်ခန...
- Anti-Copper Mine Demonstration Update
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လက်ပံတောင်းတောင်သပိတ်စခန်းဖြိုခွဲ ၊ သံဃာတော် အပါး(...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- ဆန္ဒပြသူများအပေါ် အစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံကို ဝေဖန်
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- ကြေနီစီမံကိန်းရပ်တန့်ရေးသပိတ်စခန်း ဖြိုခွင်းမှု အသံ...
- ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုင်ကုမ္ပဏီနှင့် တွေ...
- သပိတ်စခန်းများကို အကြမ်းဖက် နှိမ်နင်းမှုကြောင့် သံဃ...
- လုံခြုံရေးများ ပိတ်ဆို့ထားသဖြင့် ဒဏ်ရာရှိသူများကို...
- လက်ပံတောင်းတောင် စီမံကိန်းရှိ သပိတ်စခန်းများအား (ဓ...
- မြန်မာပြည်က စပစ်ဖိုင်းယားတွေကို တူးတော့မယ်
- လက်ပံတောင်း တောင် သပိတ် လူစုခွဲ
- အစိုးရလုံခြုံရေးတပ်တွေ မီးလောင်ဗုံးသုံးပြီး သပိတ်ခွဲ
- လက်ပံတောင်းအရေးပေါ်သတင်း
- တိုက်ပွဲများ ဆက်လက်မဖြစ်ပွားရန် အစိုးရအဖွဲ့မှ ကတိတ...
- ကြာသပတေးနေ့ တီဗွီသတင်းများ
- လက်ပန်းတောင်းတောင် သပိတ်စခန်း လုံထိန်းရဲတွေ စီးနင်...
- ဓာတ်ပုံလေးတွေကို Effect တွေ နောက်ခံသီချင်းတွေနဲ့ D...
- မိုင် ၂၄၀ ကျော် ခရီးရှည် မသန်စွမ်း ၀ှီးချဲစွမ်းရည်...
- ညောင်နှစ်ပင်မှ သင်္ကန်းကျွန်း အထိ ရေပို့ပိုက်မကြီး သ...
- 2012- Korea- Myanmar Medical Tourism Forum ပထမဆုံး...
- ၁၃ ကြိမ်မြောက် ဂရိတ်ဝေါ ASIA အမျိုးသား တံခွန်စိုက်...
- ICT ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဖိုရမ် ကျင်းပခဲ့
- မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စီးပွားရေး ကုန်သွယ်မှုမျ...
- မကြာမီ လပိုင်း အတွင်း GSM တန်ဖိုးနည်း ဖုန်းများ ထပ...
- ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ မိုဘိုင်းဖုန်း၊ အင်တာနက...
- ယာဉ်အမျိုးအစား အလိုက် ကုန်တန်ချိန် တင်ဆောင်မှု တိုး...
- မန္တလေးတက္ကသိုလ်ဆရာများအဖွဲ့ ခေါင်းဆောင်များ နယ်ပြော...
- တိုက်ပွဲဝင် သပိတ်စခန်းများ အရေး ဗကသများ အဖွဲ့ချုပ်...
- လက်ပံတောင်းတောင်အရေး ဦးဆောင်သူများအား ပုဒ်မ-၅၀၅/ခ ...
- နမ့်စန်မြို့နယ် NLD အဖွဲ့ဝင်တစ်ဦးအား အမှတ်(၅၁၆)တပ်...
- » ပျောက်သွားတဲ့ နိုင်ငံသား စီစစ်ရေး ကတ်ပြား ကျပ် (...
- လက်ပံတောင်းတောင် နောက်ဆုံး မျှော်လင့်ချက် အတွက် သွ...
- စစ်တွေကို ထွက်ပြေး လာတဲ့ မွတ်ဆလင်တွေ နေရပ် ပြန်ပို...
- ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် အငြိမ်းစားပုဂ္ဂို...
- နိုဝင်ဘာလ (၂၉) ရက်နေ့ ထုတ် The Hot News (Vol-3,No-...
- သပိတ် စခန်းတွေ ဖယ်ဖို့ ကြေညာချက်ထုတ် ထားပေမယ့် ဆက်...
-
▼
November
(1044)
No comments:
Post a Comment