Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 28 November 2012

အဆင်မြင့် ၇ည်းစား စကားး

(1)
ကောင်လေး။ ။ကျွန်တော် လမ်းမေးလို့ရမလား?…
ကောင်မလေး။ ။ဘယ်သွားမလို့လဲ…။
ကောင်လေး။ ။မင်းရဲ့ ရင်ထဲကို…။

(2)
ကောင်လေး။ ။နင် ဒီနေ့ ခြေထောက်တွေ အရမ်းညောင်းနေမှာပဲနော်…။
ကောင်မလေး။ ။ဘာဖြစ်လို့ ညောင်းရမှာလဲ…။
ကောင်လေး။ ။နင် ငါ့ရဲ့ အတွေးထဲမှာ တချိန်လုံး ပတ်ပြေးနေလို့ပေါ့။

(3)
ကောင်လေးက ကောင်မလေးရဲ့ အင်္ကျီအနောက်က တံဆိပ်ကို လှန်ကြည့်တော့…
ကောင်မလေး။ ။နင် ဘာလုပ်တာလဲ…။
ကောင်လေး။ ။နင်က Made in Heaven များဖြစ်မလားလို့…။

(4)
ကောင်လေး။ ။ငါ့ကို ပိုက်ဆံ ၅၀၀၀၀ လောက် ချေးပါလား…။
ကောင်မလေး။ ။ဘာလုပ်မလို့တုန်း…။
ကောင်လေး။ ။ငါ ဒီနေ့ ကမ္ဘာ မှာ အလှဆုံး ကောင်မလေးကို တွေ့ပြီလို့ အမေ့ကို ဖုန်းဆက်ပြောမလို့…။

(5)
ကောင်လေး။ ။ဒီနေ့ မိုးသည်းလိုက်တာ…။
ကောင်မလေး။ ။ဟုတ်တယ်နော်…။
ကောင်လေး။ ။မိုးနတ်မင်းကြီး နင့်ကို မြင်ပီး သွားရေကျတာ ဖြစ်လိမ့်မယ်…။

ကောင်လေး။ ။ငါ့ကို ယုံကြည့်ပေးပါ…နင့်ကို ကမ္ဘာပေါ်မှာ ဒုတိယ ကံအကောင်းဆုံးလူ ဖြစ်အောင် ငါထားပါ့မယ်…။
ကောင်မလေး။ ။ဘာလို့ ပထမ ကံအကောင်းဆုံး လူမဖြစ်ရတာလဲ…။
ကောင်လေး။ ။ငါ့နားမှာ နင်ရှိမှတော့…ငါဟာ ကမ္ဘာ့ ကံအကောင်းဆုံးလူ ဖြစ်နေလို့ပေါ့။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့