ပြည်တွင်းရှိ ဒီရေတောများ ပြုန်းတီး လာတဲ့ အတွက် ပညာရှင် တွေဟာ ပြည်ပ အဖွဲ့အစည်းများနဲ့ ပူးပေါင်းကာ ဒီရေတော ထိန်းသိမ်းမှုများ လုပ်ဆောင်မှာ
ဖြစ်တယ်လို့ သစ်တော သံယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ထိန်းသိမ်းရေ အသင်း ဖရီဒါမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြ ချက်အရ သိရပါတယ်။ အဲ့ဒီလို ပူးပေါင်း လုပ်ဆောင်ရာမှာ ဂျပန်နိုင်ငံ၊ ဂျာမနီ နိုင်ငံတို့နဲ့ ပူးပေါင်း လုပ်ဆောင်မှာ ဖြစ်ပါတယ်။
အခုလို ဒီရေတော ထိန်းသိမ်းမှု လုပ်ငန်း အတွက် ဆောင်ရွက်မှုကို ဒီရေတော တက္ကသိုလ်ရှိရာ နေရာများ ဖြစ်တဲ့ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေနဲ့ မြိတ်စတဲ့ ဒေသတွေမှာ ဆောင်ရွက်မှာဖြစ်ပါတယ်။ အဲ့ဒီလို ဆောင်ရွက်မှုအတွက် ဂျပန်နိုင်ငံရှိ ဒီရေတောတက်္ကသိုလ်နဲ့ ပူးပေါင်းလုပ်ဆောင်မှာဖြစ် တယ်လို့ သိရပါတယ်။ ပြည်တွင်းမှာ ဒီရေတော ပျက်စီးမှုတွေကြောင့် ကမ်းရိုးတန်း ဒေသတွေမှာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အများဆုံး ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရေတောများ ပျက်စီးမှု ကြောင့် မုန်တိုင်း ဖြစ်ပေါ်ခြင်း၊ မိုးကြီး ရေကြီးပြီး ပင်လယ်ရေများ မြင့်တက်ခြင်း စတာတွေ ဖြစ်ပေါ် ရတတ်ပါတယ်။
အဲ့ဒါကြောင့် ကမ်းရိုးတန်း ဒေသ တွေမှာ ဒီရေတော သစ်ပင်များ ပိုမိုစိုက်ဖို့ လိုအပ်တယ်လို့ FREDA မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ပြည်တွင်းမှာ လက်ရှိ ဒီရေတော သစ်ပင် ကတော့ ဧက ငါးထောင်ကျော် စိုက်ပျိုး ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

No comments:
Post a Comment