Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 29 April 2012

ပန်းအလှူအစွမ်း အံ့မခန်း(ရုပ်ချောချင်ရင် ပန်းလှူပါ)

လောကမှာရှိတဲ့ လူသားတိုင်းလိုလို မိမိရရှိတဲ့ဘဝလေးမှာ မည်သူမဆို ရုပ်ချောချင်ကြတယ်။ ဥစ္စာပေါချင်ကြတယ်။ပညာတတ်ချင်ကြတယ်။ အမျိုးမြတ်ချင်ကြတယ်။သြဇာအာဏာ ကြီးမားချင်ကြတယ်။ ဒါပေမယ့် အကြောင်းမရှိဘဲ အကျိုးမဖြစ်ဆိုသလို ထိုထိုသောအကျိုးတရားများရဖို့ ပေးဆပ်မှု အကြောင်း တရားကတော့ မုချရှိရမည်ဖြစ်ပါတယ်။ ထိုအထဲမှ ဖြစ်လေရာဘဝတိုင်းမှာရုပ်ရည်ချောမောလှပဖို့ အကြောင်းလေးတစ်ခုကို ရေးသားလိုက်ပါတယ်။
၁။လှပသန့်ရှင်းသော ရုပ်အဆင်းအင်္ဂါရှိခြင်း။
၂။သင်းပျံ့မွှေးကြိုင် သော ကိုယ်ရနံ့ရှိခြင်း။
၃။နတ်လူတို့ချစ်ခင်မြတ်နိုးခြင်း။
၎။ကျော်စောသတင်းပျံ့နှံ့ခြင်း။
၅။ကိုယ်စိတ်ချမ်းသာရွှင်လန်းခြင်း။
(ဆောင်)။ ။လှပသန့်ရှင်း၊မွှေးပျံ့သင်း၊သတင်းကျော်စောပါ။
လူ နတ်ချစ်ခင်၊ကိုယ်စိတ်ရွှင်၊ငါးအင် ပန်းကျိုးမှာ။ ဆိုတဲ့ ပန်းအလှူကျိုး ၅-မျိုးရှိပါတယ်။ ပန်းလှူမယ်ဆိုရင် ထိုအကျိုးငါးမျိုးလုံးကို ရရှိခံစား စံစားရမှာဖြစ်ပြီး နောက်ဆုံးဘဝမှာ အို၊နာ၊သေကင်းတဲ့ နိဗ္ဗာန်သို့ရောက် ကြောင်း အထောက်အပံ့ကောင်းလဲ ဖြစ်တယ်ဆိုတဲ့အကြောင်းကို သိစေချင်ပါတယ်။
သံသရာဘေးကို ရှုလေ့ရှိကြတဲ့ စေတနာရှင်အပေါင်းတို့ ဒါနကောင်းမှု၏ အရင်းသည်လျှင် စင်စစ်အကျိုးကို ပေးတတ်ပါတယ်။ ယုံကြည်ခြင်းနှင့်တကွ သဒ္ဓါကောင်းသည်ကို အရင်ထား၍ စေတနာသုံးပါးနှင့်ကြိုးစား သော သူတို့၏ အလှူဟာအနည်းငယ်ပင်ဖြစ်သော်လည်း ကာလမခြား များစွာသော အကျိုးပေးတတ်ပါ တယ်။ အလှူဒါန ပြုလေ့ရှိကြတဲ့ စေတနာရှင်များဟာ စုတေသောအခါ နောက်ဘဝတွေ နတ်ရွာသုဂတိသို့ လာရကြောင်း ကောင်းသော ဥပနိဿယဖြစ်ပါတယ်။
မြတ်စွာဘုရားကလည်း “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ”ရယ်လို့ ဟောတော်မူခဲ့လေတယ်။ချစ်သားတို့ စေတနာဟာ “ကံ”ပါပဲတဲ့။ တစ်ချို့ကပြောကြပါတယ်။ စေတနာကောင်းမှ ကံကောင်းတယ်။စေတနာပေါက်မှ ကံထောက်တယ်လို့ ပြောကြတယ်။ စေတနာထက်သန်က နိဗ္ဗာန်၏ အဆောက်အဦးဟူ၍လည်း အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။
စေတနာကို ယုံကြည်ပြီး ဘုရားသွားခြင်း၊ ကျောင်းတက်ခြင်း၊ အလှူပေးခြင်း ၊ဆွမ်းရေချမ်းကပ်ခြင်း၊ ပန်းတစ်ပွင့် သစ်သီးတစ်လုံး၊ ဆီမီးတစ်ခွက်၊ ဖယောင်းတစ်တိုင်၊ ဝေမြိုင်ဖြိုးမောက် ပေါက်ပေါက်ဆန်ပန်း ပူဇော်မည်ဆိုပါကလည်း ရနိုင်သည်သာဖြစ်ပါတယ်။
ပန်းအလှူကို လှူဖူးတဲ့အတွက်ကြောင့် သုံးမျိုးသော လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ရခဲ့တဲ့ သာဓကတွေရှိပါတယ်။
သာဓက ပြရရင်တော့ မြတ်စွာဘုရား သာသနာမှာ စိတ္တာထေရီမဆိုတာ ရှိခဲ့ဖူးပါတယ်။ အဲဒီစိတ္တာထေရီမ၏ အလောင်းအလျာဟာ(၉၁)ကမ္ဘာထက်က စန္ဒဘာဂမြစ်နားမှာ ကိန္တွရီမဖြစ်ဖူးပါတယ်။ တစ်နေ့သောအခါ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တစ်ပါး သစ်ပင်ရင်းမှာ သီတင်းသုံးတော်မူနေသည်ကို အလွန်ကြည်ညိုပြီး ပန်းတို့ကို လှူဒါန်းကာ လက်အုပ်ချီပြီး ရိုသေစွာ ရှိခိုးပါတယ်။
ထိုကိန္တွရီမသည် ပန်းဒါနကို လှူပြီး၍ ကိန္တွရီဘဝမှ စုတေသွားတဲ့အခါမှာ တာဝတိံသာနတ်ပြည်မှာ သိကြားမင်း မိဖုရားဖြစ်ပြီး နှစ်သက်သော စည်းစိမ်ဖြင့် (၃၄)ကြိမ်၊ နောက်တစ်ခါ စကြာဝတေးမင်း မိဖုရား ဖြစ်ပြီး စည်းစိမ်ခံစားရသည်က(၁၀)ကြိမ် ဖြစ်ရပါတယ်။
ဤကဲ့သို့ နှစ်သက်စွာ ခံစား စံစားပြီး ဂေါတမမြတ်စွာဘုရားလက်ထက်တော်မှာ ရာဇဂြိုလ်ပြည်၌ သုံးဆောင် ၍ မကုန်နိုင်သော ဘောဂဥစ္စာ ရတနာတို့နှင့် များစွာတင့်တယ်သော သူကြွယ်သမီးဖြစ်ရပါတယ်။အရွယ်သို့ ရောက်တဲ့အခါမှာ မြတ်စွာဘုရားကို မြင်လျှင် အလွန်ပင်ကြည်ညိုခြင်းဖြစ်ပြီးသကာလ မဟာပဇာပတိ     ဂေါတမီအထံမှာ ဘိက္ခုနီမပြုလုပ်ပြီးနောက် ဂိဇ္ဈကုဋ်တောင်ပေါ်သို့တက်ပြီး ရဟန်းတရားကို အားထုတ် တော်မူတဲ့အခါမှာ ရဟန္တာထေရီမ ဖြစ်သွားခဲ့ပါတယ်လို့ ထေရီအပါဒါန်ကျမ်းမှာ ဆိုပါတယ်။
ထိုစိတ္တာထေရီမ၏ အကြောင်းအရာကို နှလုံးသွင်းပြီး ကောင်းမြတ်ခြင်းကို အလိုရှိကြတဲ့ စေတနာရှင် အပေါင်းတို့မှာ ပန်းဒါနကြောင့် မြင့်မြတ်သော ချမ်းသာကို ရခဲ့ဖူးတဲ့  စိတ္တထေရီမ၏ အကျိုးများပုံကို အတုယူပြီး ဗုဒ္ဓ၏ ကိုယ်စား ဓာတ်တော်မွေတော်စေတီ ပုထိုးတော်တို့အား သဒ္ဓါပွားသည်နှင့် လျော်စွာ ပန်းမွေ့ယာ၊ပန်းတံခွန်၊ ပန်းထီး အသီးသီးသော ပန်းအလှူဒါနကို လှူဒါန်းပူဇော်လိုက်မည်ဆိုလျှင်(ရူပ ဒါန) အဆင်းကိုပေးလှူခြင်းမည်ပါတယ်။ ဂန္ဓာရုံဟုဆိုအပ်သော အခိုးအထုံ အမွှေးနံ့သာရည် နံ့သာပြောင်းတို့ဖြင့် သွေးလိမ်းကျံ၍ မွမ်းမံခြယ်လှယ် တင့်တယ်စေခြင်းဟု ဆိုအပ်သောကြောင့် ဂန္ဓဒါနကို ပူဇော်သည်လည်း မည်ပါတယ်။
ထိုရူပ(အဆင်းအလှူ)၊ ဂန္ဓ(အမွှေးနံ့သာအလှူ)၏ အကျိုးဆက်ကြောင့် ဘဝအဆက်ဆက် နှစ်သက်စဖွယ် နုနယ်ချောမော အံ့သြမခန်း ချီးမွမ်းမကုန် ပြည့်စုံအနံ့ သင်းပျံ့သည့်အားလျော်စွာ နောက်ဆုံး အေးငြိမ်းတဲံ သန္တသုခ နိဗ္ဗာန်ရွှေပြည်မြတ်သို့ လာရောက်နိုင်တယ်ဆိုတဲ့အကြောင်း အသိပေးရေးသားလိုက်ရပါသည်။
စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

ရင်ထဲကပန်း

ချစ်သောကိုယ်က…
သမုဒယပွား ယုယထားသည့်
အများအမြင် သည်ဥယျာဉ်မှာ
ရှင်သန်အောင်ပျိုး မိုးရွာနေပူ
မငြူမစူ တာဝန်ယူ
ကြည်ဖြူစွာဖြင့် စိုက်ပါ၏။
ချစ်ရသူက
ရနံ့မွှေးမွှေး တေးလေးကိုဆို
ခွင့်ရေးပိုကာ ရေသာခိုလျက်
မောင့်ကိုတစ်ပွင့် သူကမ်းလင့်မယ်
ချင့်တွက်ခါသာ စေတနာမဲ့
သူပြုခဲ့သည် ကဲ့ရဲ့ပြစ်တင်
အများမြင်က သင်ဟာတွန့်တို
ချိုသာစကား အပြောများနဲ့
လှည့်စားရက်တယ် ထင်မိသည်။
♥ ♥ ♥
အားလုံကိုခင်မင်လေးစားလျက်

WiFi Hack နည်း မြန်မာလို စာအုပ်

Back Track 5 ဆော့ဝဲလ် ကို အသုံးပြုပြီး WiFi Password Hack နည်းလေးကို အသေးစိတ် ရှင်းပြထားတဲ့ မြန်မာလို ရေးထားတဲ့ စာအုပ်လေးပါ... Facebook က သူငယ်ချင်းတစ်ယောက်ဆီကနေ အားလုံးအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်...။
အားလုံးပျော်ရွှင်ကြပါစေဗျားးး...:)

စိတ်ချမ်းသာစေမဲ့ စကားများ

Nick Vujicic/ Nicholas James Vujicic(4 Dec 1982- Present ) ဟာ စိတ်အားမြှင့်တင်ရေး စကားပြောကျွမ်းကျင်သူတစ်ဦးဖြစ်ပါတယ်။ သူဟာ မွေးကတည်းက ခြေလက် နှစ်စုံ ပါမလာခဲ့ပါဘူး။ သူ့အသက် ၁၇ နှစ်မှာ Life Without Limbs ဆိုတဲ့ အသင်းကို တည်ထောင်ပြီး မိန့်ခွန်းပြောဆိုခြင်းနဲ့ ကိုယ်အင်္ဂါမသန်စွမ်းသူတွေကို ထောက်ပံ့ကူညီရင်း ဇနီးဖြစ်သူ Patricia Maier နဲ့အတူ ဘ၀၇ဲ့ အဓိပ္ပာယ်ကို ရှာဖွေလျက်ရှိပါတယ်။ သူ့ရဲ့စကားတွေထဲမှ ကောင်းနိုးရာရာတွေကို ရွေးချယ်ဘာသာပြန်လိုက်ပါတယ်။

၁၊ မျက်ရည်ကျတဲ့အချိန်မှာ ဆုံးဖြတ်ချက်မချပါနဲ့...အဲဒီအချိန်မှာ အဆိုးမြင်စကားပြောဆိုခြင်း နည်းနိုင်သမျှနည်းပါစေ။

၂။အခက်အခဲ ကိစ္စတစ်ခုကို အမြဲ တွေးတော ပူပန်မနေပါနဲ့...ခံစားချက်တိုင်းကို သင့် ဆီမှာ သောင်တင်မနေပါစေနဲ့...သင့်မှာ တိုင်ပင်စရာ သူငယ်ချင်းတွေ မိဘတွေရှိသေးတာကို သတိရပါ။

၃။ မှားမှာကို မကြောက်ပါနဲ့...တကယ်လို့ မှားခဲ့ရင်တောင် ဦးနှောက်ခြောက်မခံပါနဲ့၊ လူ့ဘ၀ဆိုတာ အမှားအမှန်ဒွန်တွဲနေတတ်ပါတယ်။ ဘယ်လို အခြေအနေပဲဖြစ်ဖြစ်...နောက်ဆုံးပြန်စဉ်းစားကြည့်လိုက်တဲ့အခါ...ပြီးခဲ့တဲ့ အမှားတွေဟာ သိပ်တော့အရေးမကြီးလှတာကို ခံစားရပါလိမ့်မယ်။

၎။ အဆိုးမြင်ခြင်းဟာ လူတွေမှာ ရှိတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုအဆိုးမြင်တဲ့အရာ တွေဟာ ဘ၀ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်း တွေဆိုတာ နားလည်ဖို့လိုပါတယ်။ တကယ်တော့.. စိတ်ခံစားချက်ကို ဦးစားမပေးပဲ မျှတအောင် အကောင်းမြင်စိတ်လေးနဲ့ အစားထိုးပေးဖို့လိုပါတယ်။

၅။ တကယ်လို့ တစ်ယောက်ယောက်က သင့်ကို အဆက်အသွယ်လုပ်သည်ဖြစ်စေ...မလုပ်သည်ဖြစ်စေ .. စကားပြောပြော မပြောပြော ... ဒါဟာသာမန်ပါပဲ။ ရေးကြီးခွင်ကျယ် အကျယ်ချဲ့နေစရာ မလိုပါဘူး။ တွေးပြီး ၀မ်းနည်းမနေသင့်ပါဘူး။

၆။ တကယ်လို့ သင် တစ်ခုခုကို နားမလည်ရင်... မေးမြန်းပြောဆိုပါ၊ နားလည်ပြီဆိုရင်တော့ ရင်ထဲမှာပဲ သိမ်းထားပါ...သိလိုက်ရတဲ့ အတွက် ၀မ်းသာပါ။

၇။ ဦးနှောက်ခြောက်စရာ ကိစ္စတွေ အားလုံးက မိမိဘာသာရှာတာတွေ များပါတယ်။ ဒါကြောင့် ကိုယ့်ဘာသာ ဖြေ၇ှင်းဖို့  ကြိုးစားပါ...သူငယ်ချင်းတွေကို ငိုယို စိတ်ပူပန်စေမဲ့ အစား ... သူတို့တွေနဲ့ အတူတူ ပျော်ပျော်နေပါ။

၈။ ပြောပြီးသား ကတိတည်ပါစေ။ စကားကို လွယ်လွယ်ပြောဆိုခြင်းက သင့်အပေါ်မှာ မိတ်ဆွေတွေ ယုံကြည်မှု နည်းပါးစေပါတယ်။

၉။ ဘယ်လိုအပြောင်းအလဲ အတားအဆီးရှိပါစေ... မူလသင်လုပ်နေကျ နေ့စဉ်ဘ၀ကို မဆုံးရှုံးပါစေနဲ့.. အချိန်မှန်စား... အချိန်မှန်အိပ်စက်ပါ။

၁၀။ ကိစ္စတစ်ခု လုပ်တဲ့အခါ မကြောက်မရွံ့ လုပ်ဆောင်ပါ။ ထိခိုက် နာကျင်မှာ မကြောက်ပါနဲ့။ မှားယွင်းပြောဆိုမိမှာကိုလဲ မကြောက်ပါနဲ့။ ပြီးခဲ့တဲ့ အရာတွေကိုလဲ ပြန်စဉ်းစား ပူပန်မနေပါနဲ့။ မရောက်သေးတဲ့ အနာဂတ်ကိုလဲ တွေးပူမနေပါနဲ့။

၁၁။ မှားသည်ဖြစ်စေ ... မှန်သည်ဖြစ်စေ၊ လမ်းကြောင်းဦးတည်ရာရှိပါစေ...ယုံကြည်မှုနဲ့ရှေ့တိုးဆောင်ရွက်ပါ။ လက်ရှိဘ၀ကို အမြဲသုံးသပ်ကြည့်ပြီး ရှင်သန်နေထိုင်ပါ။ ဘယ်လိုလူတွေနဲ့ တွေ့တွေ့ မုန်းတီးစရာ မလိုပါဘူး...အမှားအမှန်လူ့လောကမှာ အမှားကနေ သင်ခန်းစာယူပြီး အမှန်ကို ရှေ့တိုး ဆောင်ရွက်ပါ။

၁၂။ သင့်ကိုယ်သင် ညံ့ဖျင်းတယ်လို့ ထင်တာဟာ လိမ်လည်မှု တစ်ခုပါပဲ။ သင်ဟာ ဘာမှတန်ဖိုးမရှိဘူးလို့ ထင်ခြင်းကလဲ မှားယွင်းတဲ့ အတွေးတစ်ခုဖြစ်ပါတယ်။

၁၃။ ဘယ်အရာကိုမှ မကြောက်ပါနဲ့။ လောကမှာ ကြောက်စရာကောင်းတာတွေက များပါတယ်။ သင်ကြောက်နေလို့လဲ ကုန်ဆုံးမှာ မဟုတ်ပါဘူး။ အခက်အခဲ ကြုံလာရင် ဖြေရှင်းပါ...ဖြေရှင်းလို့မရနိုင်ရင်...စွန့်လွှတ်ရုံပါပဲ။ တွေးတော ကြောက်ရွံ့မနေပါနဲ့။

၁၄။ ဘယ်လောက် အားကိုးရတဲ့သူဖြစ်ပါစေ၊ စကားအားလုံးကို အကျိုးမရှိပဲ ထုတ်ဖော်မပြောဆိုသင့်ပါဘူး။

၁၅။ ဘာပြောရမှန်းမသိတဲ့အခါမှာလဲ ဘာမှ မပြောပါနဲ့...ဆိတ်ဆိတ်နေပါ။ပြောရင်းနဲ့ အမှားပါတတ်လို့ပါ။

၁၆။ရလဒ် အတွက် ပူပန်မနေပါနဲ့... အကောင်းဆုံးလုပ်ဆောင်ပါ။ ရလဒ်က အလိုလိုလိုက်ပါလာပါလိမ့်မယ်။

၁၇။နောင်တ မရပါစေနဲ့... နောင်တရခြင်းက အမှားလုပ်လိုက်တာထက် ပိုပြီးကြောက်စရာကောင်းပါတယ်။သင့်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလဲ ပျက်ပြားစေပါတယ်။ မှားပြီးရင်းမှားတာတွေ ကြုံတွေ့ရတတ်ပါတယ်။

၁၈။ဘာကိစ္စပဲ ကြုံကြုံ...ကိုယ့်ကိုယ်ကို ဒါဖြစ်သင့်ပါတယ်လေ လို့ပြောပါ... ငါ့ကျမှ ဘာလို့ ဒုက္ခရောက်ရတာလဲလို့ မညည်းတွားပါနဲ့။ အခုသင်ခံစားနေရတဲ့အချိန်မှာ ကမ္ဘာကြီးရဲ့ တခြားနေရာမှာ အခက်အခဲဒုက္ခ ခံစားညည်းတွားနေတဲ့ သူတွေ အများကြီးပါပဲ။

၁၉။ဘ၀မှာ ခါးသီးခြင်းနှင့် ပိုမိုကောင်းမွန်တဲ့ အရာတွေကို  ရွေးချယ်ရမယ်ဆိုရင်... ခါးသီးခြင်းကို မေ့ပစ်ပြီး ပိုကောင်းတာရွေးပါ။

၂၀။ကိုယ်လက်အင်္ဂါချို့တဲ့နေပါစေ...မျှော်လင့်ချက်ဖြင့် အသက်ရှင်နေထိုင်ပါ။


၂၁။တကယ်လို့ ကျွန်တော်ကျရှုံးရင် ထပ်ကြိုးစားမယ်....တစ်ကြိမ်ပြီး တစ်ကြိမ်ပေါ့... တကယ်လို့ သင်ကျဆုံးခဲ့ရင်ရော ထပ်ကြိုးစားမှာလား...လူ့စိတ်ဝိဥာဉ်ဟာကျွန်တော်တို့ထင်ထားတာထက် ပိုမိုပြီး အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ သင်ဘယ်လိုနိဂုံးချုပ်ချင်လဲဆိုတာပေါ်မှာပဲ မူတည်ပါတယ်။ သင်ခွန်အားအပြည့်နဲ့ အဆုံးသတ်မှာလား။



စာချစ်သူများကို ကျေးဇူးတင်ပါသည်။
source: from google
(ဇေယျာ) 26/Oct/2011, Wednesday,8:05 am





♥ပြန်ခဲ့ပါတော့ချစ်တဲ့သူရယ်♥

လွမ်းနေတာကို..
လွမ်းစာဖွဲ့လို့..
လွမ်းကဗျာရေးလည်း..
လွမ်းဝေဒနာက..
လွမ်းပြေမသွားဘူး..
လွမ်းနေတာပဲချစ်သူရယ်..

လွမ်းဗိမ္ဘာန်တစ်ခုမှာ..
အလွမ်းတွေစုနေတာ..
အသချေ အနန္တနဲ့.. 
ရင်နှင့်မမျှတော့ဘူး..
နွမ်းနေတဲ့ပန်းတွေတောင်..
ရေစင်ပက်ဖျန်းပေးရင်..
ကန္တာနွေဦးမှာ
ပွင့်ဝေဦးမယ်ချစ်သူရယ်...။

 "မျှော်နေမယ်"
"ပြန်လာနော်..'နဲ့
"ပြန်ခဲ့မယ်.."
"ကြိုနေနော်.".တဲ့..
တာဝန်နဲ့မောလို့..
ပြန်ချိန်စောသူအတွက်..
အလွမ်းမြေမှာပန်းသပြေနဲ့..
ကျွန်မမျော်နေတယ်..
ပြန်ခဲ့ပါတော့ချစ်တဲ့သူရယ်...

အမေ့မျက်ရည်များ

အမေ  ကျွန်တော်မသိတသိ စိတ်ကလေးနဲ့ မှတ်မိသေးတယ်အမေ ။
၇ လ ။ ၈လ  သား အမေ့ ၀မ်းထဲမှာပေါ့ နွေရာသီ ပူကလဲပူပါဘိသနဲ့ ။
အမေ သခွားသီးသုတ်နဲ့  ထမင်းစားတဲ့နေ့ ပေါ့ ။သခွားသီးသုတ်ထဲမှာ ။
ရှောက်ရည်တွေ  ငရုပ်သီးစိမ်း  တွေနဲ့  အမေ ထမင်း စားကောင်းခဲ့တဲ့နေ့ ပေါ့ ။
အမေ့ ညီမကပြောတယ် ။
++  မမ  ခံတွင်းပျက်နေမှန်းသိလို့ ညီမလေးလုပ်ကြွေးတာများများစား ++
++ အမလေးများများစားလို့  မဖြစ်ပါဘူးအေ ငါဗိုက်ထဲက ငါ့သားလေး ပူစပ်ပူလောင်ဖြစ်သွားပါဦးမယ် ++
++ နဲနဲ ပဲစားမယ် ++
အမေကြိုက်ပေမဲ့    ကျွန်တော့်ကို ငဲ့ပြီးအမေနဲနဲပဲစားခဲ့တာ    ကျွန်တော်သိနေပါတယ်အမေ ။
အဲဒီညက    အမေဗိုက်ထဲမှာကျွန်တော်နေရတာ     ကျဉ်းကြပ်တာကြောင့် တခြားရက်တွေထက် ။
ကျွန်တော့ကိုယ်ကို ပိုပြီးအလှည့်အပြောင်းလုပ်မိတယ်အမေ ။ ဒါကိုစိုးရိမ်တဲ့အမေက မျက်ရည်လေးစမ်းစမ်းနဲ့  ။
ဗိုက်ကလေးကိုပွတ်ပြီးပြောရှာတယ် ။
++ သားလေး ဗိုက်တာလို့ လား ငရုပ်သီးစိမ်းကြောင့်လား ။ အမေနဲနဲပဲစားတာပါသားရယ် ++
++ အမေနောက်ဆိုမစားတော့ပါဘူးနော် ++
တကယ်ဆို ၉ လ လွယ် ၁၀ လ ဖွား   ကျွန်တော်မွေးခါနီးအလှည့်အပြောင်းလုပ်တာကို    အမေစိုးရိမ်ပိုပြီးငိုခဲ့တာပါ ။
ကျွန်တော့်ကိုမွေးတဲ့အချိန်    အမေ့မှာနာကျင်တဲ့ဝေဒနာတွေခံစားရင်နဲ့  မျက်ရည်ကြားကအံကြိတ်ပြီး ။
ကျွန်တော့်ကို လူ့ လောကထဲခေါ်ခဲ့တာမှတ်မိနေပါတယ်အမေ ။ ကျေးဇူးတင်ပါတယ်အမေ ။
ကျွန်တော်အပြင်ကို ရောက်လာပြန်တော့လည်း ကျွန်တော့်နဖူး နဲ့ ပါးပြင်တွေကို အမေအပြုံးမျက်နှာနဲ့ နမ်းနေခဲ့ပေမဲ့ ။
အမေ့မျက်မျက်ဝန်းမှာ မျက်ရည်တွေရှိနေတာကို သတိထားမိခဲ့ပါတယ်အမေ ။
တနှစ်သားအရွယ်မှာ ကျွန်တော်နေမကောင်းဖြစ်တော့လည်း    အမေဆေးခန်းပေါင်းစုံလိုက်ပြပြီး   မျက်ရည်စိုငိုခဲ့တာလဲအမေပါပဲ။
နေမကောင်းတဲ့ ၂ရက် ၃ရက်မှာ အမေမအိပ်ပဲ စိုးရိမ်တဲ့မျက်နှာနဲ့  ကျွန်တော့်ကိုပဲအရိပ်လိုကြည့်နေခဲ့တာသတိယနေပါတယ်အမေ။
ကျွန်တော် မူလတန်းစ တက်တဲ့နေ့  ကျောင်းဝတ်စုံလေးနဲ့ လွယ်အိပ်ကလေး လွယ်ထားတဲ့ကျွန်တော်ကိုအမေကပြောခဲ့တယ်။
++ သားလေးစာကျိုးစားသင်နော်  ပညာတတ်ကြီးဖြစ်အောင်လုပ်နော်  ++
အဲဒီအချိန်မှာပဲ အမေ ၀မ်းသာလွန်းလို့ မျက်ရည်ကျခဲ့ပြန်တယ် ။
ပညာသင်နေဆဲကာလမှာကျွန်တော် ပညာသင်ဆုတွေရလို့  ရတဲ့ဆုတွေကို အမေ့လက်ထဲထည့်ပေးပြန်တော့လည်း ။
အမေပျော်လို့ မျက်ရည်ကျခဲ့ပြန်တယ်။
မှတ်မှတ်ရရ ကျွန်တော် ဘွဲ့ ယူတဲ့နေ့ မှာဓါတ်ပုံရိုက်ကြတော့ အမေကျွန်တော့်မျက်နှာကြည့်ပြီး ပြောပြန်ပါတယ် ။
++ သြော်ငါ့သားလေး ပညာတတ်ကြီးတစ်ယောက်ဖြစ်သွားပြီ အမေ၀မ်းသာလိုက်တာသားရယ် ++
ဒီစကားလုံးတွေကို   လ ည်း အမေ  မျက်ရည်ကြားကပဲပြောခဲ့တာပါအမေ ။
ကျွန်တော်မှတ်မှတ် ရရ နေ့ ကလေးကတော့  နိုင်ငံခြားမှာအလုပ်သွားလုပ်မလို့  အမေ့ ကိုနှုတ်ဆက်တဲ့ နေ့ လေးပါပဲ ။
အမေကမလွှတ်ချင်ပေမဲ့   သားဆန္ဒကိုလိုက်လျောပြီးအမေ    ခွင့်ပြုခဲ့တာသားသိပါတယ်အမေ ။
အမေမျက်ရည်ကြားက စိုးရိမ်စိတ်တွေနဲ့  သားကိုဆုံးမစကားတွေပြောခဲ့သေးတယ်လေ ။
++ သားလေးအလုပ်ကိုလည်းကျိုးစားလုပ်   အစားအသောက်ကိုလည်းဆင်ခြင်နော်   ကျမ္မာရေးကိုလည်းဂရုစိုက်++
++ ရတဲ့ပိုက်ဆံကို သားလေးလိုတာသုံး  ပိုတာမှအမေ့ ကိုပို့ နော် ++
အမေရဲ့ စေတနာစကားတွေနဲ့ မျက်ရည်တွေကို ကြည့်ပြီး သားလည်းငိုကြွေးခဲ့ရပါတယ်အမေ ။
သားပို့ ပေးတဲ့ပိုက်ဆံတွေနဲ့  အမေကောင်းမှုကုသိုလ်တွေလုပ်ပေးခဲ့သလို အိမ်ကိုဆွမ်းခံကြွတဲ့ ဦးဇင်းကိုလည်း။
အမေဆွမ်းလောင်းရင်းပြောခဲ့သေးတယ်မဟုတ်လား ။
++ တစ်ခါမှမခွဲဘူးတော့သားလေးကိုလွမ်းလိုက်တာဦးဇင်းရယ်  ++
++ အမြဲသွားနေတာမှမဟုတ်ပဲဒကာမကြီးရယ် ခဏပဲဟာ အချိန်တန်ရင်ပြန်လာမှာပေါ့ ၂နှစ် ၃နှစ် ဆိုတာခဏလေးပါ ++
++ ဒီလောက်လည်း ပူဆွေးသောကရောက်မနေပါနဲ့  ဒကာမကြီးရယ် ++
ဦးဇင်းရဲ့ အားပေးစကားတွေကိုလည်း အမေ မျက်ရည်ကြားကပဲနားတောင်ခဲ့တာမဟုတ်လားအမေ ။
ကျွန်တော်စိတ်မကောင်းအဖြစ်ဆုံးကတော့ ကျွန်တော်မင်္ဂလာဆောင်တဲ့နေ့ ပဲအမေ ။ ကျွန်တော့်မင်္ဂလာဆောင်မှာ ။
အမေဟန်ဆောင်အပြုံးတွေနဲ့   ပရိတ်သတ်ကိုလိုက်ပြီးနှုတ်ဆက်နေပေမဲ့    အမေ့ရင်ထဲက ၀မ်းနည်းနေတဲ့ခံစားချက်ကို ။
အမေ့မျက်နှာမှာကျွန်တော်တွေ့ နေရပါတယ်အမေ ။
မင်္ဂလာပွဲပြီးလို့  ကျွန်တော်နဲ့ ကောင်မလေး   အမေ့ကိုကန်တော့ကြတော့   အမေမငိုမိအောင်ဟန်ဆောင်ထိမ်းထားပြီး။
ဆုတွေပေးခဲ့တာသားသိပါတယ်အမေ ။ ငယ်ငယ်ကတည်းကရင်အုပ်မကွာပြုစုလာခဲ့တဲ့သားကို ခုချိန်ကျမှ ။
ဘယ်ကပေါ်လာမှန်းမသိတဲ့    မိန်းကလေးတစ်ယောကရဲ့ လက်ထဲသားကိုထည့်ပေးလိုက်ရမှာ    အမေ ဘယ်လောက်နှမျောတသ။
ဝမ်းနည်းနေမလဲဆိုတာ သားရိပ်မိနေပါတယ်အမေ ။    အမေကအိမ်ပေါက်ဝကသားကိုလက်ပြ သားကလည်း လမ်းမပေါ်ကအမေ့ ကိုလက်ပြ။
အဲဒီတော့မှအမေ့ မျက်ရည်တွေစီးကျလာပြီး နှမျော တသ ၀မ်းနည်းတဲ့အရိပ်တွေကို အမေ့ မျက်ရည်ကြားမှာ သားတွေ့ လိုက်ရပါတယ်။
ကောင်မလေးအိမ်ကိုလိုက်သွားတဲ့ လမ်းတလျှောက်မှာတော့  အမေ့ ရဲ့ မျက်ရည်တွေပြည့်လျှံနေတဲ့ မျက်နှာကိုပဲမြင်ယောင်နေမိတယ်။
သားလည်းအဲဒီနေ့ ကတော်တော် လေးစိတ်မကောင်းဖြစ်ခဲ့ရပါတယ် ။
သီတင်းကျွတ်လပြည့်နေ့  ကျွန်တော်တို့ မိသားစု အမေ့ကိုလာကန်တော့ကြတဲ့အခါကျွန်တော့်သား ၂ နှစ်သားလေးကို ။
အမေ့ပေါင်ပေါ်ထိုင်ခိုင်းပြီး  အမေမေးခဲ့တယ်လေ ။
++  မြေးလေး  ဖွားဖွားကိုချစ်လား ++ 
++ ချစ်တယ်ဖွားဖွား  ++
++ ဖေဖေ  မေမေ နဲ့  ဖွားဖွား  ဘယ်သူ့ ကိုပိုချစ်လဲ ++
++ ဖွားဖွား ကိုပိုချစ်တယ်  ++
စကားတတ်လွန်းတဲ့ ကျွန်တော့်သားလေးကြောင့်  အမေပျော်နေတာကို ကျွန်တော် မြင်ရပေမဲ့  အမေမြေးလေးကိုနမ်းရှုံ့ ရင်းနဲ့ ။
အမေမျက်ရည်လည်နေတာကို သားသတိထားမိခဲ့ပါတယ်အမေ ရယ် ။
သြော်သားလည်းအရွယ်ရောက်  လူလားမြောက်လို့  လူကြီးတစ်ယောက်ဖြစ်ခဲ့ပေမဲ့  ကွယ်လွန်သွားရှာပြီဖြစ်တဲ့ အမေ့ရဲ့ မျက်ရည်များ။


ဝမ်းသာလို့ ကျတဲ့  မျက်ရည် 
ဝမ်းနည်းလို့ ကျတဲ့  မျက်ရည်
ပျော်လို့ ကျတဲ့  မျက်ရည်
စိတ်မကောင်းဖြစ်လို့ ကျတဲ့  မျက်ရည်
စိုးရိမ်လို့ ကျတဲ့  မျက်ရည်
နှမျောတသလို့ ကျတဲ့   မျက်ရည် 
ပီတိဖြစ်လို့ ကျတဲ့  မျက်ရည်
ကြည်နှုးလို့   ကျတဲ့မျက်ရည်


ခံစားမှုအမျိုးမျိုး နဲ့ ပုံဖေါ်ပြီး ကျခဲ့တဲ့ အမေ့ မျက်ရည်များကိုတော့  သားအမြဲမှတ်မိနေသလို  သားတစ်သက် ။
ဘယ်တော့မှလည်း မေ့နိုင်စွမ်းရှိတော့  မှာ မဟုတ်ပါဘူးအမေရယ်  ။။။။။။



မှတ်ချက် ။။ ။။။   အမေကိုချစ်မြတ်နိုးကြသော သူငယ်ချင်းများအားလုံးအတွက်
                     သတိတရ  ရည်ညွှန်းရေးဖွဲ့ ပါသည် ။။။။။။
  



                                                                                                သူငယ်ချင်းအားလုံးကို
                                                                                                ချစ်ခင်လေးစားလျှက်

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့