Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 26 February 2013

အဆင့်မြင့် ပညာရေး ကဏ္ဍအတွက် မြန်မာ-အမေရိကန် ဆွေးနွေးခဲ့


ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ရန်ကုန် တက္ကသိုလ်ထဲရှိ ၀ိဇ္ဇာခန်းမ အတွင်းရှိ အစည်းအဝေး ခန်းမမှာ ပြည်တွင်းရဲ့ တက္ကသိုလ် ပညာရေး အတွက် ဆွေးနွေးပွဲ
တစ်ခုပြုလုပ် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပြုလုပ်ရာမှာ အမေရိကန်မှ Institute of International Education နဲ့ ပြည်တွင်းရဲ့ အဆင့်မြင့် ပညာရေး ကဏ္ဍများကိုပါ တာဝန်ရှိ သူတွေက ဆွေးနွေး ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ဆွေးနွေးခဲ့ရာ မှာလည်း အဆင့်မြင့် ပညာရေး ကဏ္ဍကို ပိုမိုပြီး နည်းပညာပိုင်း ဆိုင်ရာ အဆင့်မြှင့်ရေးနဲ့ အမေရိကန် နိုင်ငံမှာ ပြည်တွင်းမှ ဘာသာရပ် အလိုက် ပညာတော်သင် သွားရောက်ခွင့် ရရှိဖို့ ပိုင်းဆိုင်ရာ တွေကို အခြေခံ ထားပြီး ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ အာဆီယံ ပညာရေး ကိုလည်း လုပ်ဆောင် လျက်ရှိပြီး ကိုရီးယား၊ ဂျပန် အစရှိတဲ့ နိုင်ငံများမှ တက္ကသိုလ် တွေနဲ့လည်း MoU ထိုးပြီး အဆင့်မြင့် ပညာရေး ကဏ္ဍကို တိုးမြှင့် လုပ်ဆောင် လျက်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့