Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 23 February 2013

အဝေးကိုထွက်မသွားပါနဲ့လို့ 



  
ချစ်သူ

အဝေးကိုထွက်မသွားပါနဲ့လို့ 

ငါတောင်းပန်ချင်ပေမဲ့နင့်ဘဝတက်လှမ်းရောက်အောင်

ကြိုးစားနေတဲ့အချိန်မှာငါဘေးကနေပဲအားပေးချင်တယ်

နင့်အတွက်အနှောက်အယှက်မဖြစ်စေချင်ဘူး

ချစ်သူရယ်

နင်စိတ်ညစ်စရာရှိရင်ငါ့မျှဝေခံစားပေးမယ်

ပျော်စရာဆိုရင်တော့နင်တယောက်ထဲပဲ

ပျော်လိုက်ပါချစ်သူရယ်

ဘာလို့ လဲဆိုတော့ငါ့အတွက်ကတော့

နင်ရှိရင်ဘာမှမလိုဘူး

ချစ်သူရယ်

နင့် ဘေးနားမှာနေပြီးအမြဲတမ်းအားပေးချင်ပေမဲ့

ငါ့ကနင့်အနီးမှာမနေပေးနိုင်တာခွင့်လွှတ်ပါ

ချစ်သူ

ငါအနားမှာအမြဲမရှိပေမဲ့ငါ့ရဲ့စိတ်ကတော့

နင့်ဆီအမြဲရောက်နေတယ်ဆိုတာသိထားပေးပါ

ချစ်သူရယ်

တနေ့ နေ့ မှာတော့နင့်အနားမှာနေပြီး

ပျော်စရာစိတ်ညစ်စရာတွေကိုမျှဝေခံစားပေးနိုင်မဲ့

နေ့လေးတွေအမြန်ရောက်ပါစေလို့ ငါဆုတောင်းနေတယ်

ဘာတွေဖြစ်ဖြစ်စိတ်ဓတ်မကျဘဲကြုံလာမယ်

သဘာဝတရားကိုဇွဲရှိရှိနဲ့ဖြစ်ချင်တဲ့ရည်မှန်းချက်ကို

ရောက်အောင်ကြိုးစားပါ

ချစ်သူတယောက်အစစအရာရာအဆင်ပြေပါစေ

လို့ ဆုတောင်းပေးပါတယ်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့