Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 26 February 2013

ဘက်စုံ လွှမ်းခြုံသော ပညာရေး ကဏ္ဍ အတွက် ဆွေးနွေးခဲ့


ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြည်လမ်းရှိ ပညာရေး သုတေသန ဦးစီးဌာနမှာ ဘက်စုံလွှမ်း ခြုံသော ပညာရေး ကဏ္ဍ လေ့လာ သုံးသပ်ရေး လုပ်ငန်းနဲ့ လုပ်ငန်း
အကောင်အထည် ဖော်ဆောင်ဖို့ အတွက် ဆွေးနွေးပွဲကို ပြုလုပ် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဆွေးနွေးပွဲကို ပညာရေး ၀န်ကြီးဌာနမှ တာဝန်ရှိ သူများနဲ့ NGO အဖွဲ့အစည်းများနဲ့ US AID မှ ကိုယ်စားလှယ် အပြင် သြစတြေးလျ သံရုံး ကိုယ်စားလှယ် အစရှိတဲ့ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ပြုလုပ်မယ့် ဘက်စုံ လွှမ်းခြုံနိုင်တဲ့ ပညာရေး ကဏ္ဍ လေ့လာ သုံးသပ်ရေးကို ၂၀၁၂ ခုနှစ်က စတင်ပြုလုပ် ခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်အထိ စီမံကိန်း အနေနဲ့ လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပြုလုပ်ရတဲ့ ရည်ရွယ်ချက် အနေနဲ့ ကတော့ ပြည်တွင်းရဲ့ ပညာရေး စနစ် အားသာချက်၊ အားနဲချက် များပေါ် အခြေခံပြီး ပြောင်းလဲ ရမယ့် လုပ်ငန်း နယ်ပယ် တွေကို ဖော်ထုတ်ဖို့နဲ့ အခုလို သိရှိရတဲ့ အပေါ်မှာ ဖွံ့ဖြိုး တိုးတက်ရေးကို အဓိကထား ဆောင်ရွက် သွားနိုင်ဖို့ ဖြစ်တယ်လို့ သိရှိရပါတယ်။ အခုလို ပြုလုပ် ထားတဲ့ CESR Comprehensive Education Sector Review အတွက် ပြည်တွင်း၊ ပြည်ပမှ အဖွဲ့အစည်း တွေရဲ့ နည်းပညာနဲ့ ဘတ်ချက် အစရှိတာတွေကို ပံ့ပိုး ကူညီထားတာ ဖြစ်တယ် လို့လည်း သိရှိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့