Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 26 February 2013

ဓမ္မစေတီလမ်း၊ ပြည်လမ်းမှ ဗားကရာလမ်း အပိုင်းကို တစ်လမ်းမောင်း အဖြစ် ပြောင်းလဲ သတ်မှတ်


ရန်ကုန်တိုင်း ဒေသကြီး စမ်းချောင်း မြို့နယ်ရှိ ဓမ္မစေတီလမ်း၊ ပြည်လမ်းမှ ဗားကရာလမ်း အပိုင်းကို ပြည်လမ်း ဘက်မှ ဗားကရာ လမ်းဘက်ကို တစ်လမ်းမောင်း
အဖြစ် ပြောင်းလဲ သတ်မှတ် လိုက်ပြီ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီရဲ့ အသိပေး ကြေညာချက် အရ သိရပါတယ်။ အဆိုပါ ဓမ္မစေတီလမ်း ပြည်လမ်းမှ ဗားကရာ လမ်းအပိုင်းကို တစ်လမ်းမောင်း အဖြစ် ပြောင်းလဲမှုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ကတည်းက စတင် ပြောင်းလဲ လိုက်တာ ဖြစ်ပြီး အဲဒီလို ပြောင်းလဲရ တာဟာ တော်လှန်ရေး ပန်းခြံထောင့်မှာ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပွား တာကြောင့် ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ လမ်းနှင့် တံတား ဌာနမှ တာဝန်ရှိသူရဲ့ ပြောကြား ချက်အရ သိရပါတယ်။

ယခုလို တစ်လမ်းမောင်း ပြောင်းလဲ သတ်မှတ် လိုက်တာကြောင့် ဦးဝိစာရ လမ်းမီးပွိုင့်မှ ပြည်လမ်းကို သွားမယ့် ကားများ အနေနဲ့ ဗားကရာ လမ်းဘက်မှ ပြန်ကွေ့ပြီး သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဓမ္မစေတီလမ်း ပြည်လမ်း ၊ဗားကရာလမ်းပိုင်းကို တစ်လမ်းမောင်း အဖြစ် ပြောင်းလဲ သတ်မှတ် လိုက်တဲ့ အတွက် ယာဉ်ကြော ပိတ်ဆို့မှုများ ယခင်ကလို ဖြစ်ပွားခြင်း မရှိတော့ဘူးလို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့