Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 26 February 2013

မြန်မာ သတင်းအချက် အလက်နှင့် နည်းပညာ တက္ကသိုလ်ကို အိန္ဒိယနိုင်ငံဧ။် အကူအညီဖြင့် ဆောက်လုပ် သွားမည်


မြန်မာသတင်း အချက်အလက်နဲ့ နည်းပညာ တက္ကသိုလ် တစ်ခုကို မန္တလေးမြို့မှာ ဖွင့်လှစ် နိုင်ရေး အတွက် အိန္ဒိယ သမ္မတ နိုင်ငံမှ အကူအညီပေး သွားမှာ
ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောက်လုပ်ရာမှာ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင် ဆောက်လုပ်ဖို့ လျာထား ထားတာ ဖြစ်ပြီး မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနက မြေနေရာနဲ့ အဆောက်အဦးကို တာဝန်ယူရတာ ဖြစ်ပါတယ်။

ဒီလို ဆောင်ရွက် ရာမှာ အိန္ဒိယနိုင်ငံမှ ဆရာများ အပြင် အဆိုပါ တက္ကသိုလ်မှာ သင်ကြားမယ့် ဘာသာရပ် ကိစ္စများ တက္ကသိုလ် အတွက် လိုအပ်တဲ့ ဓာတ်ခွဲခန်းသုံး ပစ္စည်းများ၊ သင်ထောက်ကူများ၊ ကျွမ်းကျင် ပညာရှင်များ၊ အခြား Infrastructure များ စတာတွေ ကိုတော့ အိန္ဒိယ သမ္မတနိုင်ငံရဲ့ အထောက်အပံ့ဖြင့် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

ဒါ့အပြင် မြန်မာ သတင်း အချက်အလက်နှင့် နည်းပညာ တက္ကသိုလ်မှာ ဘွဲ့ကြိုနဲ့ ဘွဲ့လွန် ဆိုင်ရာ သင်တန်းများ ဖွင့်လှစ် သင်ကြား သွားမယ့် အပြင် တက္ကသိုလ်ရဲ့ အဓိက လုပ်ဆောင်ချက် များကို အကောင်အထည် ဖော်နိုင်ဖို့ အတွက် Research Centre For e-commerce and e-Governance ဆက်သွယ်ရေး ဌာန အင်္ဂလိပ်နှင့် Soft Skills Centre for network Management အပြင် တခြားဌာန တွေပါ ထည့်သွင်း ဖွဲ့စည်း သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့