Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 22 February 2013

@@@ရှိနေပေးပါ မောင်@@@


ကြားဖူးပါတယ်
မုသားမပါရင် လင်္ကာမချောဘူးတဲ့
လူတွေပြောတဲ့ စကားလုံးတိုင်းဟာလည်း
မမှန်နိုင်ဘူးတဲ့ ဟုတ်မှာပါ
ချစ်သူ ဒါပေမဲ့လေ
ငါ့တွက်တော့ နင်ဟာအမြဲတမ်းထာဝရ
ယုံကြည်နေရမဲ့ သူတယောက်အဖြစ်ရှိနေပေးပါ
ငါ့လိုပဲပေါ့ ချစ်တက်တဲ့သူတိုင်းဟာ
သူတို့ချစ်သူတွေကို အမြဲတမ်းယုံကြည်နေကြမှာပါ
တကယ်လို့ပေါ့
စကားလုံးတွေဟာ မုသားတွေမှန်းသိပါတယ်
ဒါပေမဲ့ ချစ်နေပါတယ်
လိမ်ညာနေမှန်းသိတယ် ဒါပေမဲ့ချစ်နေကြပါတယ်
အဲဒါဟာ သူတို့ဟာအချစ်ကိုမျက်ကန်းတွေလို
ကိုးကွယ် ယုံကြည်နေလို့မဟုတ်ပါဘူး
သူတို့ရဲ့ချစ်သူတွေကို အမြဲတမ်းယုံကြည်စွာ
ချစ်နေတက်ကြလို့ပါ ချစ်သူ
အခြားလူတွေဟာ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်ပါ
ချစ်သူ ငါ့တွက်တော့နင့်ဟာ
ငါ့ထာဝရ အမြဲတမ်းယုံကြည်ရပြီး
နေ့သစ်တွေကိုရှေ့ဆက်ဖို့
သစ္စာတရား မေတ္တာတရား
နားလည်မှုတွေနဲ့တူ ငါ့ကိုအမြဲတမ်း
လမ်းပြပေးတဲ့ ငါရဲ့ယုံကြည်ရသော
ချစ်သူအဖြစ် အမြဲတမ်းရှိနေပေးပါမောင်

ကျေးဇူးတင်ပါတယ်မောင်
ချစ်တဲ့သူတိုင်းပျော်ရွှင်ပါစေလို့

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့