Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 20 February 2013

မြေဧကပေါင်း၂၃၅၀၀ ကျော် လယ်ယာမြေ သိမ်းယူမှုကြီး (ရုပ်/သံ)

ပဲခူးတိုင်း အတွင်း စက်မှုဇုံ စီမံကိန်းး ၊ ဟံသာဝတီ လေယာဉ်ကွင်း စီမံကိန်းနဲ့ တက္ကသိုလ်ပိုင်မြေ ဆိုပြီး လယ်သမားပိုင် လယ်ယာမြေတွေကို နစ်နာကြေး တစ်စုံတရာမပေးပဲ မတရား သိမ်းယူခဲ့တာနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေအနေနဲ့ လာမယ့် မက်လ ၁ ရက်နေ့မှာ လာရောက် ညှိနိုင်း ဖြေရှင်းပေးဖို့ လယ်သမားတွေက တောင်းဆို လိုက်ပါတယ်။

လယ်သမားအရေး ကူညီဆောင်ရွက် ပေးနေတဲ့ ကိုလေးနိုင်ဦးနဲ့ လယ်သိမ်ခံ လယ်သမားတွေ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တွေ့ဆုံစဉ်မှာ အခုလိုပြောဆို သွားတာပါ။ လာမယ့် မက်လ ၁ ရက်နေ့ဟာ လယ်သမားတွေနဲ့ ကျူးကျော် နေထိုင်သူတွေကို ဒီမြေနေရာကနေ ဖယ်ရှားပေးဖို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းက နှင်စာထုတ် နောက်ဆုံးသက်မှတ် ထားတဲ့နေ့ဖြစ်သလို အဲဒီနေ့မှာ မဖယ်သေးဘူးဆိုရင် တရားစွဲ ဆိုသွားမယ်လို့ ဆိုထားပါတယ်။

လယ်သမားတွေက သူတို့ရဲ့ နစ်နာချက်တွေအပေါ်မှာ လယ်ယာမြေ အစားထိုးပေး တာမျိုး ဒါမှမဟုတ် နစ်နာကြေး အဖြစ် ဆောင်ရွက်ပေး တာမျိုး ဖြစ်စေချင်နေကြတာပါ။ပဲခူးတိုင်းအတွင်း စက်မှုဇုန်စီမံကိန်း ၊ ဟံသာဝတီ လေယာဉ်ကွင်း စီမံကိန်းနဲ့ တက္ကသိုလ်မြေ ဆိုပြီး ရပ်ကွက်ကြီး ၅ ၊ ရပ်ကွက်ကြီး ၈ ၊ ရပ်ကွက်ကြီး ၉ နဲ့ ဘုရားသုံးစူ ၊ စာကလေးကွင်း ၊ နွားတဲကုန်း ၊ လာဂမို့ အပါအဝင် ကျေးရွာ အတော်များများက မြေဧကပေါင်း၂၃၅၀၀ ကျော် သိမ်းယူထား တယ်လို့ သိရပါတယ်။




No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့