အန္တရာယ်များသော အင်္ဂလိပ်စကား (၁)
စာတွေ (words) ဟာ အသံတွေ (sounds) နဲ့ ဆက်စပ်နေပါတယ်။ အင်္ဂလိပ်စာမှာ စာနဲ့အသံ ဆက်စပ်မှုကို မှန်ကန်အောင်မသုံးတတ်ရင် ဒုက္ခတွေ့တတ်ပါတယ်။ အင်္ဂလိပ်စာမှာ taboo လို့ခေါ်တဲ့ ရှောင်ရန်ကိစ္စတွေ အများကြီးရှိတယ်။ ဆောင်ရန်တွေပဲသင်ပြီး ရှောင်ရန်တွေမသင်ရင် ကြာတော့ မရှောင်တော့ဘူးပေါ့။ ဒါက လည်း ဝေါဟာရအသစ်တွေ ထပ်ထပ်တိုးလာပြီး အသစ်တွေသုံးရင်းနဲ့ အဟောင်းတွေကိုမေ့တာလည်း ဖြစ်နိုင်တယ်။ အဟောင်းတွေမေ့တော့ သုံးရမှန်းမသိ၊ မသုံးရမှန်းမသိ သုံးမိလိုက်တော့ ဒုက္ခရောက်ကုန်ရော။ အဲဒီလို မသုံးရတဲ့နေရာမှာ သုံးရင် အန္တရာယ်ရှိပြီပေါ့။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း အမေရိကန်မှာ လူမှုရေးပြောင်းလဲမှုတွေ အများကြီးဖြစ်ခဲ့တယ်။ “ရှောင်ရန်” ဆိုတဲ့စကားတွေကို မသိတော့ဘူး။ ဒီတော့ မသုံးရမယ့်နေရာတွေမှာသုံး၊ သုံးရမယ့်နေရာတွေမှာ မသုံးမိဘဲ ဒုက္ခတွေ့ကြရတယ်။
အမေရိကန်တွေ ဘာကို ရှောင်ကြသလဲ
အမေရိကန်တွေ ဆရာဝန်အခန်းကလွဲပြီး မပြောတဲ့စာလုံးတွေရှိတယ်။ အဲဒီစာလုံးတွေကတော့
- ကိုယ်ခန္ဓာရဲ့ လိင်ဆိုင်ရာ အစိတ်အပိုင်းတွေ
- လိင်မှုဆိုင်ရာ လုပ်ဆောင်မှုတွေ
- ရေချိုးခန်းထဲက အလုပ်တွေ
- မစင်ကိစ္စတွေ
- အော့အံတာနဲ့ နှပ်ညှစ် နှပ်ကလော်တဲ့အကြောင်းတွေ
- ကင်ဆာ၊ သေခြင်း၊ အသုဘကိစ္စတွေနဲ့ ပတ်သက်တဲ့စာလုံးတွေကို ရှောင်ရန်အနေနဲ့ သတ်မှတ်ထား ကြတယ်။
အမေရိကန်တွေက ဘာသာရေးအကြောင်းတွေ၊ နိုင်ငံရေးအကြောင်းတွေနဲ့ လူမျိုးရေးကိစ္စတွေကိုလည်း ပြောဖို့ ရှောင်လေ့ရှိကြတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အယူအဆ သဘောတရားမတူဘဲ ငြင်းခုန်ရမှာစိုးရိမ်ကြလို့ပဲ။
Meledicta (bad word) အပိုင်းမှာ ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ ရိန်းဟိုး အာမင်က ရှောင်ရန်စာလုံး သုံးမျိုးကို ခွဲခြားပြထားတယ်။
၁။ မဖွယ်မရာစာလုံးများ (obscenities)
၂။ စော်ကားမော်ကား ကြမ်းတမ်းစွာပြောဆိုတဲ့ စာလုံးများ (blasphemies)
၃။ မတော်မတရား စွပ်စွဲပြောဆိုတဲ့စာလုံးများ (slurs) ဆိုပြီးဖြစ်တယ်။
မဖွယ်မရာစာလုံးတွေဆိုတာက
အောက်တန်းကျပြီး ရိုင်းပျတဲ့စာလုံး အသုံးအနှုန်းတွေပါ။ ဥပမာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ၊ လိင်ဆက်ဆံမှု ဆိုင်ရာတွေ၊ မစင်နဲ့ပတ်သက်တဲ့ စကားလုံးတွေဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်က အဲဒီစကား လုံးတွေကို လွတ်လပ်စွာသုံးခဲ့ကြတယ်။ ရိုင်းတယ်လို့လည်း မသတ်မှတ်ကြဘူး။ ဥပမာ “co*k, fu*k, s***” ဆိုတဲ့ စကားလုံးတွေပဲဖြစ်ပါတယ်။
စော်ကားတဲ့စကားလုံးတွေဆိုတာက
ဘာသာရေးဆိုင်ရာနဲ့ပတ်သက်တဲ့ စကားလုံးတွေဖြစ်ပါတယ်။ ဥပမာ “God damn it” “Go to Hell” “Jesus Christ” ဆိုတဲ့စကားတွေကိုထည့်သုံးတာ ရိုင်းတယ်လို့ ယူဆကြပါတယ်။
မတော်မတရားစာလုံးတွေဆိုတာက
လူမျိုးရေးနဲ့ပတ်သက်တဲ့ စကားလုံးတွေဖြစ်ပါတယ်။ အဲဒီစာလုံးတွေ သုံးရင် အန္တရာယ်ရှိတတ်ပါတယ်။ ဥပမာ “k***, wop, nigger” ဆိုတဲ့ စကားလုံးတွေဖြစ်တယ်။ မသုံးမိအောင် ရှောင်သင့်ပါတယ်။
အမေရိကန်မှာ ဘာကြောင့် ရှောင်သင့်တာတွေ ရှောင်ရမှာလဲ
အမေရိကန်သမိုင်းမှာ ဘယ်စာလုံးတွေကို ရှောင်သင့်တယ်လို့ ကြေညာတဲ့ အဖွဲ့အစည်းတစ်ခုရှိတယ်။ အဲဒီအဖွဲ့ က ခွင့်ပြုလိုက်ရင်တော့ သုံးဖို့သေချာသလောက်ဖြစ်သွားပြီ။
အင်္ဂလိပ်စကားပြောအဖွဲ့ကို အမေရိကန်မှာ ၁၆၀၀ ပြည့်နှစ်လောက်ကတည်းက စတင်ထူထောင်ခဲ့တယ်။ အင်္ဂလန်ကနေ အမေရိကကိုရောက်လာသူတွေဟာ သူတို့စိတ်ကြိုက်ဘာသာရေး၊ စိတ်ကြိုက်ပုံစံတွေနဲ့ နေထိုင် ကြတယ်။ ပြူရီတန်တွေ၊ ခွဲထွက်ရေးဝါဒီတွေနဲ့ အခြား ရှေးရိုးခရစ်ယန်တွေက လိင်ကိစ္စတွေနဲ့ ပတ်သက်ရင် တင်းကျပ်ကြတယ်။ လိင်ကိစ္စဆိုတာ သူတို့အတွက် ကလေးမွေးတဲ့ကိစ္စတစ်ရပ်အနေနဲ့ပဲ သဘောထားကြ တယ်။ လိင်ကိစ္စကို အခြားသူတို့နားလည်ထားတာက အပြစ် (ဘုရားသခင်ကို ဆန့်ကျင်တဲ့အပြစ်) ဖြစ်တယ်။ ခရစ်ယန်ဘုရားကျောင်းတွေက လိင်ကိစ္စဆိုတာ ဖုံးကွယ်ထားရမယ်၊ နားနဲ့လည်း နားမထောင်ရ၊ မျက်စိနဲ့လည်း မကြည့်ရဆိုပြီး တားမြစ်ထားကြတယ်။ အဲဒီ စာလုံးမျိုးတွေကို လူကြားသူကြားမှာသုံးရင် အပြစ်ရှိတာကြောင့် ရှောင်ရန်စာရင်းဝင်ဖြစ်သွားတယ်။
နောက် နှစ်ပေါင်း ၄၀၀ လောက်အကြာ ခုခေတ်မှာ အမေရိကန်တွေကို ရှေးရိုးစဉ်လာတွေ လွှမ်းမိုးနေတာ ကျန် သေးတယ်။ ယေဘုယျပြောရရင် အမေရိကန်တွေဟာ စည်းစနစ်တင်းကျပ်လွန်းတဲ့ ပြူရီတန်တွေလို့ပြောရမယ်။ ဒါကြောင့် သူတို့ ၀တ်လစ်စလစ်ဆိုတာတွေ၊ လိင်ကိစ္စတွေ၊ ရေချိုးခန်းအကြောင်းတွေ သိပ်မပြောတတ်ကြဘူး။ အဲဒီ စကားလုံးတွေကို သုံးဖို့လည်း စိတ်မသက်မသာဖြစ်ကြတယ်လို့ဆိုတယ်။
သမ္မာကျမ်းဆိုတာ ခရစ်ယန်တွေအတွက် မြင့်မြတ်တဲ့စာအုပ်ပါ။ အချို့အစိတ်အပိုင်းတွေဟာ ဂျူးလူမျိုး တွေရဲ့ကျမ်းမှာ အခြေခံလာတယ်။ ဂျူးတွေက ဘုရားသခင်ရဲ့ အမည်နာမတော်ကိုခေါ်တာ တားမြစ်ထားတယ်။ ဘုရားသခင်ရဲ့ နာမတော်ကို ခေါ်လိုက်တာဟာ “အလကားကောင်” “တန်ဖိုးမဲ့တဲ့ကောင်” ဆိုတဲ့သဘောသက် ရောက်နေတတ်တယ်။ ဘုရားသခင်ရဲ့အမည်ကိုခေါ်တယ်ဆိုတာ နာမတော်နဲ့ကျိန်ဆဲတဲ့သဘော၊ စော်ကား ပြောဆိုတဲ့သဘောဖြစ်တာကြောင့် ရှောင်သင့်တယ်။
အမေရိကမှာက လူမျိုးရေးပဋိပက္ခတွေဟာ ရာဇ၀င်နဲ့ချီပြီးရှိခဲ့တယ်။ ၁၆၁၉ ခုနှစ်ကနေ ၁၈၆၃ ခုနှစ်အထိ လူဖြူမြေပိုင်ရှင်တွေဟာ (အထူးသဖြင့် တောင်ပိုင်းပြည်နယ်တွေမှာ) အာဖရိကတိုက်သားတွေကို ကျွန်တွေ အဖြစ်ခေါ်ပြီးခိုင်းကြတယ်။ အမေရိကန်ပြည်တွင်းစစ်ဖြစ်တော့ ကျွန်တွေဟာ တောင်ပိုင်းကနေ မြောက်ပိုင်းကို ထွက်ပြေးလာကြတယ်။ စစ်ပွဲအပြီး နှစ်ပေါင်း ၁၀၀ လောက်မှာ အာဖရိကတိုက်က လူမည်းတွေဟာ လူ့အခွင့် အရေးတွေကို အပြည့်အ၀ရရှိလာခဲ့ကြတယ်။ ပြည်နယ်တိုင်းမှာ မဲပေးခွင့်တွေကိုပါ ရရှိလာခဲ့ကြတယ်။
တစ်ချိန်တည်းမှာပဲ အမေရိကန်မူရင်းဌာနေတိုင်းရင်းသား (အင်ဒီးယန်းလူနီများ) ကလည်း အမေရိကန်တို့နဲ့ တိုက်ပွဲပေါင်းများစွာ ဆင်နွဲခဲ့ကြတယ်။ လူနီတွေဟာ ရောဂါဘယကြောင့်၊ ငတ်မွတ်တာကြောင့်၊ စစ်ပွဲကြောင့် သေဆုံးကုန်ပြီးတော့ အမျိုးပျောက်သလောက်ဖြစ်ကုန်တယ်။
လူဖြူနဲ့ လူမည်းတွေကြား၊ လူဖြူနဲ့ လူနီတွေကြားမှာ ဆက်ဆံရေးဟာ လူမျိုးရေးပဋိပက္ခအသွင်ဆောင်ခဲ့တယ်။ ခုထက်ထိ ဒဏ်ရာတွေကမကျက်သေးဘူး။ တစ်ဦးနဲ့တစ်ဦး မုန်းတီးမှုတွေ၊ ရန်စောင်မှုတွေ၊ မနှစ်မြို့မှုတွေ ရှိနေ ကြသေးတယ်။ တစ်အုပ်စုက တစ်အုပ်စုကို နှိမ်ပြီး အရိုင်းအစိုင်းတွေ၊ ယုတ်ညံ့သူတွေအဖြစ် နှိမ်ခေါ်တတ်ကြ တယ်။ အဲဒီလိုခေါ်ဝေါ်သုံးစွဲမှုတွေကို ရှောင်ရန်စာရင်းထဲထည့်ထားတယ်။ တစ်ဦးနဲ့တစ်ဦး နှိမ်ပြီးမခေါ်မိအောင်၊ စိတ်အနာတရ မဖြစ်မိစေအောင် သတိထားပြီး သုံးစွဲကြရတယ်။ ဥပမာ “nigger” ဆိုတဲ့စကားလုံးဟာ အလွန် ရိုင်းစိုင်းတဲ့စကားလုံးအဖြစ် လူမည်းတွေက သတ်မှတ်ထားကြတယ်။ လူဖြူတွေကြားထဲမှာ သုံးနေတဲ့ အမေရိကန် အင်္ဂလိပ်စာမှာ အဲဒီလို ရှောင်ရန်စကားလုံးတွေ အများကြီးရှိနေတယ်။
အမေရိကန်ပြည်ထောင်စုမှာ လူမျိုးစုပေါင်းများစွာ လာရောက်နေထိုင်ကြတယ်။ တစ်အုပ်စုနဲ့ တစ်အုပ်စု၊ မျိုးနွယ်တစ်စုနဲ့တစ်စုလည်း သိချင်မှသိတယ်။ ဘာသာစကားတွေခြားနားနေတာကြောင့် မသိကြတာများတယ်။ မျိုးနွယ်စုတစ်စုရဲ့အမည်၊ လူမျိုးတစ်ရဲ့အမည်ကိုတပ်ခေါ်တာဟာ ရိုင်းစိုင်းတဲ့သဘောသက်ရောက်တယ်။ ဥပမာ “ဟေ့ တရုတ်” ဆိုတဲ့အခေါ်အဝေါ်မျိုးကို ရှောင်ရမယ်။
လူမျိုးအုပ်စုတစ်စုနဲ့တစ်စုမှာ အာဏာရှိပုံချင်း၊ အခွင့်အရေးရပုံချင်း မတူညီတာတွေလည်း ရှိနိုင်တယ်။ ဥပမာ အမျိုးသမီးတွေ၊ ယောက်ျား မိန်းမ လိင်တူဆက်ဆံသူတွေ၊ မိန်းမလျှာ၊ ယောက်ျားရှာတွေ၊ မသန်စွမ်းသူတွေ၊ ကိုယ်ခန္ဓာအချိုးအစား အချိုးမကျသူတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ၀လွန်းသူ၊ ပုလွန်းသူ၊ ဆင်းရဲ လွန်းသူတွေဟာ ခွဲခြားဆက်ဆံခြင်းခံရတာတွေရှိတယ်။ သူတို့ကို နှိမ်ပြီးခေါ်တဲ့ အသုံးမျိုးတွေကို မသုံးမိအောင် ဂရုစိုက်သင့်တယ်။ သူတို့အားနည်းချက်ကို ထုတ်ဖော်ပြီးခေါ်တာဟာ စော်ကားတာပဲဖြစ်တယ်။
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Friday, 23 March 2012
အန္တရာယ်များသော အင်္ဂလိပ်စကား (၁)
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
March
(408)
- ကြွေလွင့်သွားသော စံပယ်ဖြူတစ်ပွင့်.....
- တွေးခြိမ်ခြင့်စရာ (မိမိကိုယ်မိမိ အရေးကြီးသူဟု ထင်...
- သင့်ကြောင့် မိသားစုဘ၀ မပြိုကွဲပါစေနှင့် ...
- မှတ်သားစရာ စာစုလေးတွေ -
- လူမိုက်တို့ သွားရာလမ်း
- ***ခွက်ပဲ့လေး-တစ်လုံး***
- နွေ ရောက်တိုင်း ငုဝါပန်းလေးတွေကတော့ ပွင့်နေဦးမှာပါပဲ
- gtalk မှာ ခြေဆော့ရင်တော့ သေလောက်အောင် ရင်ကွဲရမယ်.....
- သတ္တုဓါတ်များအကြောင်းသိကောင်းစရာ
- တရုတ်ပြည်ရဲ.လိပ်ပြာလေးစုံတွဲအကြောင်.
- နှုတ်ဆက်ခဲ့ပါတယ် ချစ်သူ
- ဆွဲဆောင်မူအရှိဆုံးအမျိုးသမီး10ဦးရွေးချယ်
- ကမ္ဘာ့အကြီးဆုံး လိပ်ပြာကြီးတစ်ကောင်
- ငရဲပန်းတို့ရဲ့ အလယ်မှာ
- ...... ကြိုနေမဲ့  မင်း (သို့ ) ဖယောင်းတိုင်နဲ့  တူ...
- မဖြစ်သင့်သောအရာ...............
- သူယောင်မယ်သီး
- နုလုံးအိမ်ထဲက ချစ်တဲ့အလုပ်ရှင် - (ဟာသ)
- အချစ်ဆိုသည်မှာ
- မိန်းခလေးတွေ အတုယူကြပါ
- ပိတောက်နံ့လေး မွှေးနေတယ်......
- ပိတောက်ပင် အောက်က
- လူဖြစ် ကျိုးနပ်ဖို့သောတာပန်...ပန်းတိုင်း....သို့
-းးးးးးးးးးးးးးးးးးး ပိတောက်နဲ့ အတူးးးးးးးးးးးးးးး...
- ဖူးစားရှင်ရှာ နည်းလေး
- ဂုဏ်တော်ပွားနည်း
- ဖိုးသူတော် ပြောသော ပုံပြင်
- ရီဝေေ၀အကြည့်နဲ့ ကြည့်တတ်သူလေး
- ဒဏ်ခတ်ထားတဲ့နှလုံးသား>>>>
- ***ဟားဗတ်တက္ကသိုလ်စာကြည့်တိုက်မှအဆိုအမိန့်များ****
- အချစ်တခုတည်းနဲ. ဘဝမပြည်.စုံနိုင်ပါ
- သူငယ်ချင်း
- ..... အတိတ်က ငါ့ အရိပ့် လေးမင်း.....
- အချစ်ဆိုတာကို ဘယ်ကနေ ဘယ်လို
- ဖုန်မှုန့်နှင့်တူသော ငါ့အချစ်တွေကို......
- (အို ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စဉ်အပေါင်းသူငယ်ချင်းတို့)
- မြန်မာ့တိုင်းရင်းသားတွေပါ......................
- သင်ပျင်းတဲ့အခါလုပ်စရာ
- Ccleaner business edition v.3.17.1688 (Latest Vers...
- ****တခဏတာဘ၀အမောပြေပါစေသူငယ်ချင်းတို့အတွက်*****
- Samsung Galaxy Ace Official Gingerbread 2.3 နှင့်အ...
- Youtube မှ MP 4 Mp3 .FLV . အဖြစ် download လုပ်ရန်..
- ကာတွန်းဟာသပုံလေးများ
- ဟာသများ
- ...........ဒဏ်ရာ...........
- အဆိပ်သင့်ပန်းတစ်ပွင့်ရဲ့ခံစားချက်
- ကိုယ်လိုချင်တာပါ
- မင်းရက်စက်စွာ ကိုကို နှလုံးသားကို နာကျင်နေစေပေမဲ့....
- gtalk နည်ပညာ
- မိုးလေ၀သ ခန့် မှန်းချက်
- သိပ့်ချစ်မိသူရဲ့  နှလုံးသားမှာလေ........
- ချစ်တယ်
- အကယ်၍ သင်ဟာ
- စကားပြောကောင်းသူတစ်ယောက်ဖြစ်ဖို့
- လည်လွန်းတဲ့ဘီး
- ♀ ♥ ♂ “အချစ်နှင့်ကခုန်ခြင်း” ♀ ♥ ♂
- လိုအပ်နေတာ - ဒါပဲ
- အသက်ပေးရသည့် စကားများ(၁)
- ရယ်မောခြင်းသည် အသက်ရှည်၏
- ကိုယ့်ဖတ်ကကြည့်ရင် လက်ဖမိုးဆိုပေမဲ့ သူ့ ဖတ်ကကြည့်ရ...
- မိုးစက်ခြေရာ.....
- ♦♦♦♦ ငါ....ဘာလဲ ♦♦♦♦
- အိပ်မက်ခရီး...။
- လိုက်နာသင့်သော ….ကွာ၊ ပါ၊ ချာ
- အကြံပိုင်တဲ့ဆာဒါ....(ဟာသ)
- မော်ဒယ်များ
- Actress Fashion World (2) မြန်မာဝတ်စုံ
- စကားဆုံးအောင်ပြောခွင့်ပေးပါ
- ပိတောက် နဲ့ ငုဝါ
- ဒုက္ခအမှတ် ၃၈
- ..... အတိတ်က ငါ့ အရိပ့် လေးမင်း.....
- နွေ ရောက်တိုင်း ငုဝါပန်းလေးတွေကတော့ ပွင့်နေဦးမှာပါပဲ
- သွားစမ်းပါ မုန်းစရာကြီး
- ရွှေရည်လူးတဲ့နွေတန်ခူး
- ပကာသနမဲ့တဲ့ ကြယ်
- အမေ
- ယုံကြည်ပေးဖို့ လိုအပ်တယ်
- ဟာသများ
- တဝဖတ်/ တဝကြည့် ဟာသများ
- ...........ပေးဆပ်ခြင်း.........
- ချစ်သူ
- တုန့် ပြန်မူ့ ကိုမျှော်လင့်သူ..အမေ.....
- ချစ်သူတို့ အတွက် အချစ်ဗေဒင်
- အဖြူရောင်
- လောကမှာဘာကြောင့်နူတာလည်း (ကျေးဇူးသိကာဆပ်ကြပါ)
- သင်္ကြန်မှာ သင် ကျန် မနေအောင်
- ပိတောက်ပင် အောက်က အလွမ်း
- လောကမှာသင့်ကိုအချစ်ဆုံးသူက ဘယ်သူလဲ
- အချစ်နဲ့ပတ်သက်လာရင်.....သင်က သစ်ပင်လား? သစ်ရွက်လား...
- ၇ည်း စား စာ အသစ် လေး ................မမတို့အတွက် ...
- Laptop များနှင့် Battery Life
- သတိဆိုတဲ့ နေအိမ်
- Windows 7 မှာအသံမလာဘူးဆိုရင်
- သက်ရောက်မှုတစ်ခု၏ အက်ကြောင်းကြား၌...။
- ကိုယ်တစ်ကယ် မြတ်မြတ်နိုးနိုးချစ်တဲ့သူကို အကြာကြီး ...
- အချစ်ဆိုတာ............
- သယ်လာတယ်နော် ဟာသလေးတွေ ( ၃ )
- ရောက်တတ်ရောက်ရာ ထူးဆန်းထွေလာ
- သတင်းများ
- ယောက်ျား၊မိန်းမ။အချစ်
-
▼
March
(408)
No comments:
Post a Comment