Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 24 April 2012

♥♥♥ . နှလုံးသားရဲ့စကားသံ . ♥♥♥

နှလုံးသားရဲ့စကားသံ


ငါနင့်ကို …. မချစ်ပါဘူး
နင့်ရဲ့ ပုံရိပ်တွေတော့ အမြဲမြင်ယောင်နေတယ်…



ငါနင့်ကို ….မချစ်ပါဘူး
နင့်ရဲ့စကားသံတွေကို အချိန်တိုင်းကြားယောင်နေတယ်…..


ငါနင့်ကို ….မချစ်ပါဘူး
နင်နဲ့ဝေးသွားခဲ့ရင်ဆို တဲ့အတွေးက ငါ့ကိုအမြဲနှိပ်စက်နေတယ်….

ငါနင့်ကို ….မချစ်ပါဘူး
ငါ့နှလုံးခုန်သံတိုင်းမှာ…. နင့်နာမည်ကိုခေါ်ခေါ်နေတယ်....



ငါနင့်ကို ….မချစ်ပါဘူး
နင်နဲ့ပတ်သက် လာရင် အရာအားလုံးကိုစွန့်လွတ်ပစ်ဖို့ ဆုံးဖြတ်ထားတယ်…


ငါနင့်ကို ….မချစ်ပါဘူး
နင်ငါ့ဆီပြန်လာမယ်လို့ ပြောတဲ့နေ့ကို တိတ်တိတ်လေးရေတွက်နေတယ်…


ငါနင့်ကို ….မချစ်ပါဘူး
နင့်ရဲ့အချစ်ကိုတော့ အကြွင်းမဲ့ ယုံကြည်ထားတယ်….


ငါဟာရူးမိုက်တာ မဟုတ်ပါဘူး
နင့်တစ်ယောက်ကိုဘဲ ငါ့နှလုံးသားကို ပုံအပ်ခဲ့တာပါ…


ငါ တစ်ကယ်ကို မချစ်ချင်တာပါ…
အချစ်စ ပြီးရင်အမုန်းနဲ့အဆုံးသတ်မှာကြောက်လို့…
ငါနင့်အပေါ်မြတ်နိုးတာ...မြတ်နိုးခြင်းနဲ့စပြီး …
ပေးဆပ်ခြင်းနဲ့အဆုံးသတ်ချင်တာပါ.....


နင့်ကို သတိရတဲ့ အခါ အထီးကျန်ဆန်မှုကို ခံစားရတယ် ...
လွမ်းဆွတ်တဲ့အခါ...စိတ်ထဲမှာ နာကျင်ကြေကွဲမှုကို ခံစားရတယ်....
တမ်းတခြင်းတွေနဲ့ နင့် ကို မျှော်နေရတဲ့ ညတွေဟာ
ခါတိုင်းထက် အေးစက်စက်နိုင်လှတယ်...


အထီးကျန်ဆန်နေသူရဲ့ မျက်နှာဟာ ပြုံးရယ်နေပေမဲ့...
ရင်ထဲမှာတော့ မျက်ရည်ကျနေတယ်လေ...


ဘယ်တုန်းကမှ…မထွက်ခဲ့တဲ့…. ငါ့နှလုံးသားရဲ့စကားသံကို..
ငါမချစ်ချင်တဲ့ ငါ့ချစ်သူလေး နှလုံးသားနဲ့ ဖတ်ရူ့နိုင်ပါစေ



ကဗျာချစ်သူသူများ သို့
အမှားပါရင်ခွင့်လွတ်ပေးပါ လို့
လေးစားစွာဖြင့်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့