မသိစိတ်
အသက်ရှုတာပြင်း
ငါ့ရင်ဘတ်
နှလုံးခုန်တာမြန်လို့ 
စိတ်နဲ့ ငါ.....ငါနဲ့ စိတ်
တိုက်ပွဲဝင်
အိမ်မက်ထဲတောင်
စိတ်စေရာသွားးးးးးး...........။
စိန်ပြေးတမ်းလည်းလိုက်တယ်
ဘီလူးမျက်နှာကို
မင်းသားယောင်လည်းဆောင်တယ်
တစ်ခါတစ်ခါဟန်ဆောင်ပြီး
ကျော့ကွင်းလည်းထောင်တယ်........ ။
အသက်ရှုတာပြင်း
ငါ့ရင်ဘတ်
နှလုံးခုန်တာမြန်လို့ 
စိတ်နဲ့ ငါ.....ငါနဲ့ စိတ်
တိုက်ပွဲဝင်
အိမ်မက်ထဲတောင်
စိတ်စေရာသွားးးးးးး...........။
စိန်ပြေးတမ်းလည်းလိုက်တယ်
ဘီလူးမျက်နှာကို
မင်းသားယောင်လည်းဆောင်တယ်
တစ်ခါတစ်ခါဟန်ဆောင်ပြီး
ကျော့ကွင်းလည်းထောင်တယ်........ ။
ဝုန်းးးးးးးးးးးး
ဆို
ကုတင်ပေါ်ကပြုတ်ကျမှ
အိမ်မက်နဲ့ငါနပန်းလုံးနေတာ
တော်တော်မောသွားတယ်
စိတ်ကိုစိတ်နဲ့သတ်တာသေတယ်
လူကိုငွေနဲ့ သတ်တော့သေတယ်။
ဟားးးးးးးးးးးးးးးး
ပင်ပမ်းလိုက်တာ
အိမ်မက်ထဲသူလာပေးတဲ့ ပန်းသီး
မယူထားမိဘူး
အာဒံနဲ့ ဧ၀ချစ်တာ
သက်ရောက်မှု့တိုင်းတန်ပြန်သက်ရောက်တာ
သေချာတာတစ်ခု
ငါနှစ်သက်တာ
မျက်လုံးတစ်ဖက်ပျက်ရင်
မျက်လုံးတစ်ဖက်အစားလိုချင်တာ
တောက်
ငါ
ကြေတဲ့စိတ်အတွက်
သေတဲ့စိတ်အတွက်
အိမ်မက်ထဲအလျှော်အစားမတောင်းခင်.............။
ငါ
လန့်
နိုးတယ်
No comments:
Post a Comment